Khin Swe Oo

Khin Swe Oo Teacher

16/01/2024

၂ဝ၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ရွှေကြိုမယ်များအဖြစ် ရွေးချယ်ခံရသည့် ဂုဏ်မြင့်အောင် စာသင် စာကျက်ဝိုင်း တွင် ပညာသင်ကြား
နေကြသည့် မ Moe Phoo Phoo Khin နှင့် မ Moe Pyae Pyae Khin တို့အား ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

"ရုပ်ရှင်သည် ပြည်သူ့အတွက်" ဆိုသည့်အတိုင်း ပြည်သူချစ်သော ပြည်သူ့အတွက် သရုပ်ဆောင်ကောင်းလေတွေ ဖြစ်ကြပါစေ။

Photo - Cele Gabar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး 10th ASEAN Quiz

Bo Bo Flim Production Mahar Mobile HEY Play

#လူရည်ချွန် GMA Study Club

.



ဂုဏ်မြင့်အောင် စာသင် စာကျက်ဝိုင်း

 #လမ်းလျှောက်ပါ 🌹🌹🌹🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ 🌾အသက်【၄၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ... 🌀သဘာဝကြီးက လူတွေကိုမွေ...
09/12/2023

#လမ်းလျှောက်ပါ 🌹🌹🌹

🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ

🌾အသက်【၄၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ...

🌀သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။ အဖော် ပါလာပါတယ်။

🌀အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀နှလုံးခုန်ခြင်းဟာ သူဟာသူ ခုန်နေတာ
ဖြစ်ပေမဲ့ ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

🌀လူတစ်ယောက်ဟာ တစ်နေ့ကို နှလုံးခုန်တဲ့ အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

🌀အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။

🌀အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့် နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။

🌀နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး
တစ်ကိုယ်လုံးကို ကောင်းစွာရောက်ဖို့ ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာ သွေးတွေ ပြည့်နေဖို့
လိုပါတယ်။

🌀နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါ‌လေရော။

🌀အဲဒီအခါကျတော့ သွေးလှည့်ပတ်မှု
မကောင်းတော့ဘူး။

🌀သွေးလည်ပတ်မှု မကောင်းတော့
သွေးထဲက ကော်လက်စထရောတွေ၊
ကယ်စီယမ်တွေနဲ့ အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

🌀 နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀ခြေသလုံး၂ခုက ကြွက်သားတွေ ညှစ်ပေးမှ သွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

🌀နှလုံးအိမ်မှာ သွေးတွေ ပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုး ဝင်ရောက်သွားပါတယ်။

🌀 ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်
ရေက ကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။
ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

🌀ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့ ရေပိုက်ထဲက အနည်တွေ ပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။ သွေးကြောကလည်း အဲဒီ သဘောအတိုင်းပါပဲ။

🌀နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံး ကြွက်သားတွေညှစ်မှ ရတာပါ။

🌀ခြေသလုံး ကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှ ရတာပါ။
အပြေးလေ့ကျင့်မှရတာပါ။

🌀ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

🌀ယခုအခါမှာ လူတွေဟာလမ်းတောင်
မလျှောက်ကြဘဲ ဇိမ်ခံပစ္စည်းအမျိုးမျိုး နဲ့သာ အချိန်ကုန်နေကြပါတယ်။

🌀ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့ သေနေကြတာ အများကြီးပါပဲ။

🌀ခြေသလုံး၂ခုကို လှုပ်ရှားပြီး ကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

🌀လမ်းလျှောက်တဲ့လူတွေဟာ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။

crd မူရင်းလူ D.k

Khin Swe Oo

Address

Naypyidaw
15014

Telephone

+959451235921

Website

Alerts

Be the first to know and let us send you an email when Khin Swe Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Khin Swe Oo:

Shortcuts

Share