Accurate Future Edutainment
  • Home
  • Accurate Future Edutainment
Accurate Future Edutainment To Educate, To Entertain, To get happy & value Life!
25/04/2023
၁။ ဝါကျတည်ဆောက်နည်း (၁၀၀ % အခမဲ့)၂။ အင်္ဂလိပ်ဘာသာစကားအခြေခံသင်တန်း (၁၀၀ % အခမဲ့)***English Sentence Structure (ဝါကျတည်ဆေ...
05/09/2022
၁။ ဝါကျတည်ဆောက်နည်း (၁၀၀ % အခမဲ့)
၂။ အင်္ဂလိပ်ဘာသာစကားအခြေခံသင်တန်း (၁၀၀ % အခမဲ့)
***
English Sentence Structure (ဝါကျတည်ဆောက်နည်း) (၁၀၀ % အခမဲ့)...................................................................................................................................
တက်ရောက်လိုသူများအတွက်-
ဒီသင်တန်းမှာတော့ ဘာသာစကားသင်တန်းကို အွန်လိုင်းပေါ်တွင် ခြောက်နှစ်ကျော် သင်ကြားရေးအတွေ့အကြုံရှိသော Sayar Yan Gyi Aung (YAMZO's CEO & Founder) မှ ကိုယ်ပိုင်အွန်လိုင်းသင်ရိုးဆွဲကာ ဦးဆောင်သင်ကြားပေးမှာဖြစ်ပါတယ်။
ဒီအတန်းမှာတော့ ဝါကျတည်ဆောက်နည်းမှာ အရေးကြီးဆုံးဖြစ်တဲ့ verb(ကြိယာ)တွေကို အရှင်းလင်းဆုံးပုံစံနဲ့ ခွဲခြမ်းစိတ်ဖြာပြီး သင်ပေးသွားပါမယ်။
အင်္ဂလိပ်ဝါကျတည်ဆောက်နည်းကို အခြေခံကနေ ကောင်းကောင်းသဘောပေါက်သွားစေမယ့်အတန်းဖြစ်လို့ အချိန်တစ်လတည်းနဲ့ တန်ဖိုးရှိစေမယ့် သင်တန်းဖြစ်ပါတယ်။
^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️
- တက်ရောက်သင်ယူသင့်သူများ***
1.၀ါကျတည်ဆောက်နည်းကို လေ့လာလိုသူများ၊
2.အင်္ဂလိပ်စာအခြေခံအားနည်းသူများ၊
3.အလုပ်တစ်ဖက်နဲ့ မအားလပ်သူများ၊
4.သင်တန်းဖွင့်သည့်နေရာနဲ့ဝေးလွန်းပြီး နယ်ဘက်တွင်ရှိနေသူများ၊
5.အပြင်သင်တန်းတက်ရောက်ရန် အခက်အခဲရှိသူများ၊
6.ကျောင်းတက်နေရသူများ၊
7.အွန်လိုင်းကို အကျိုးရှိရှိသုံးလိုသူများ တက်ရောက်သင့်ပါတယ်။
--------------------------------------------------------------------------
- သင်ကြားမည့်ပုံစံ***
သင်တန်းစတင်မည့်ရက် - 10-9-2022 (Sat)
သင်တန်းကာလ - တစ်လ (One Month)
သင်ကြားမည့်နေ့ရက် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ (တစ်ပတ်မှာ ရက်သင်ကြားပေးမှာဖြစ်ပါတယ်။)
သင်ကြားမည့်အချိန် - မနက် (၈:၀၀) နာရီ
သင်ခန်းစာလေ့လာရမည့်ပုံစံ - တစ်ရက်စာလေ့လာရမယ့် သင်ခန်းစာကို မနက် (၈:၀၀) နာရီမှာ Post တင်ပေးထားမှာဖြစ်ပြီး တင်ပေးထားသော သင်ခန်းစာကို (၂၄) နာရီအတွင်း မိမိအားတဲ့အချိန်လေ့လာနိုင်ပါတယ်။ တစ်နေ့ကို လေ့လာချိန်နဲ့ အိမ်စာလုပ်ချိန် ပေါင်းမှ #မိနစ် (၃၀) လောက်သာအချိန်ပေးရမှာဖြစ်လို့ သင်ယူရာမှာ ၀န်မပိစေပါဘူးနော်။
သင်ခန်းစာသင်ကြားမည့်နေရာ - Facebook တွင် Private Group ဖွဲ့ပြီး လေ့လာရမှာဖြစ်ပါတယ်။
အရည်အချင်းစစ်ဆေးမည့်ပုံစံ - သင်တန်းတစ်လပြီးဆုံးသွားသောအခါ အွန်လိုင်းအရည်အချင်းစစ်စာမေးပွဲကို အမှတ် (၁၀၀) ဖိုး ဖြေဆိုရမှာဖြစ်ပါတယ်။
(အထက်ပါကြောင်းအရာထပ်ပိုပြီး ထပ်မံသိလိုတာရှိရင် Comment ရေး၍ဖြစ်စေ၊ Page ကို စာပို့၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်။)
♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️
Basic English Grammar (အင်္ဂလိပ်ဘာသာစကားအခြေခံသင်တန်း) (၁၀၀ % အခမဲ့)
…………………………………………………………………………………….
တက်ရောက်လိုသူများအတွက်-
အင်္ဂလိပ်ဘာသာရဲ့ အခြေခံသဒ္ဒါ(Basic English Grammar)ပိုင်းကို အသားပေးသင်ကြားသွားမှာ ဖြစ်ပါတယ်။
ရှုပ်ထွေးလှတဲ့ Grammar ကို ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက်ချဉ်းကပ်ပြီး လေ့လာကြပါမယ်။
အခြေခံကို စနစ်တကျမသင်ယူဖူးသူများအတွက် အင်္ဂလိပ်ဝါကျများကို ကိုယ်တိုင်တည်ဆောက်နိုင်၊ ဘာသာပြန်နိုင်တဲ့ အရည်အချင်းကို ရရှိစေပါမယ်။
^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️
- တက်ရောက်သင်ယူသင့်သူများ***
အခြေခံတန်းကို စနစ်တကျနဲ့ ရိုးရှင်းလှတဲ့သင်ခန်းစာတွေကို ပို့ချပေးမှာဖြစ်လို့ သင်ယူဖူးသူများရော၊ လုံးဝမသင်ယူဖူးသူများပါ တက်ရောက်လေ့လာနိုင်ပါတယ်။
1.အလုပ်တစ်ဖက်နဲ့ မအားလပ်သူများ၊
2. အင်္ဂလိပ်စကားကိုအသုံးချရာမှာ အခြားသူပြောတာကို နားလည်ပြီး ကိုယ်တိုင် ပြန်မပြောတက်သူများ၊
3.သင်တန်းဖွင့်သည့်နေရာနဲ့ဝေးလွန်းပြီး နယ်ဘက်တွင်ရှိနေသူများ၊
4.အပြင်သင်တန်းတက်ရောက်ရန် အခက်အခဲရှိသူများ၊
5.ကျောင်းတက်နေရသူများ၊
6. အွန်လိုင်းကို အကျိုးရှိရှိသုံးလိုသူများ တက်ရောက်သင့်ပါတယ်။
--------------------------------------------------------------------------
သင်ကြားမည့်ပုံစံ***
သင်တန်းစတင်မည့်ရက် - 10-9-2022 (Sat)
သင်တန်းကာလ - တစ်လခွဲ (45 Days)
သင်ကြားမည့်နေ့ရက် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ (တစ်ပတ်မှာ ရက်သင်ကြားပေးမှာဖြစ်ပါတယ်။)
သင်ကြားမည့်အချိန် - နံနက် (၈:၀၀)
သင်ခန်းစာလေ့လာရမည့်ပုံစံ - တစ်ရက်စာလေ့လာရမယ့် သင်ခန်းစာကို မနက် (၈:၀၀) နာရီမှာ Post တင်ပေးထားမှာဖြစ်ပြီး တင်ပေးထားသော သင်ခန်းစာကို (၂၄) နာရီအတွင်း မိမိအားတဲ့အချိန်လေ့လာနိုင်ပါတယ်။ တစ်နေ့ကို လေ့လာချိန်နဲ့ အိမ်စာလုပ်ချိန် ပေါင်းမှ မိနစ် (၃၀) လောက်သာအချိန်ပေးရမှာဖြစ်လို့ သင်ယူရာမှာ ၀န်မပိစေပါဘူးနော်။
သင်ခန်းစာသင်ကြားမည့်နေရာ - Facebook တွင် Private Group ဖွဲ့ပြီး လေ့လာရမှာဖြစ်ပါတယ်။
အရည်အချင်းစစ်ဆေးမည့်ပုံစံ - သင်တန်းတစ်လခွဲ (၄၅ ရက်) ပြီးဆုံးသွားသောအခါ အွန်လိုင်းအရည်အချင်းစစ်စာမေးပွဲကို အမှတ် (၁၀၀) ဖိုး ဖြေဆိုရမှာဖြစ်ပါတယ်။
(အထက်ပါကြောင်းအရာထပ်ပိုပြီး ထပ်မံသိလိုတာရှိရင် Comment ရေး၍ဖြစ်စေ၊ Page ကို စာပို့၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်။)
^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️ ^_^ ❤️
သင်တန်းအပ်ရမည့်ပုံစံ -
(1) မူရင်း Post ကို Like & Share လုပ်ပါ။
(2) မိမိသူငယ်ချင်း (၂) ယောက်ကို Mention လုပ်ပါ။ (ပညာဒါန(အခမဲ့)သင်တန်းလေးဖြစ်လို့ ပညာပါရမီဖြည့်တဲ့အနေနဲ့ ဒီအချက်လေးကို လုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်။)
ဒီနှစ်ခုလုပ်ပြီးပါက အောက်ပါ Register Form Link ကို နှိပ်ပြီး လိုအပ်သည့်အချက်အလက်များ ဖြည့်ပေးပါနော်။
*************************************************************
https://docs.google.com/forms/d/e/1FAIpQLSdhC8kVGPOO08a5agPVlIG3KZbodQDIfaDNOcMLcy0nClh1Pg/viewform?usp=sf_link
#အချက်နှစ်ချက်လုပ်ဆောင်ပြီး Form ဖြည့်ပြီးပါက Page ကို ➡️Done ဆိုပြီး စာတိုလေးပို့ပေးပါနော်။
ဖော်ပြပါအချက်များနှင့် ပြည့်စုံသူများကို သင်တန်းသားအဖြစ်စာရင်းသွင်းပေးမှာဖြစ်ပါတယ်ရှင်။
🥳🥳🥳🥳🥳🥳🥳🥳🥳🥳🥳🥳🥳🥳🥳🥳
မှတ်ချက်။
အိမ်စာစစ်ပေးရမှာဖြစ်လို့ လူဦးရေအများကြီး လက်မခံပါဘူး။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
တကယ်အချိန်ပေးပြီး စာလုပ်နိုင်တဲ့သူမှသာ အပ်ပေးပါ။ (အိမ်စာလုပ်ရက် (၅) ရက်ထပ်ပိုပြီးပျက်ကွက်ပါက အမေးအမြန်းမရှိ ထုတ်ပယ်မှာဖြစ်ပါတယ်။)
တစ်ဦးကို အထက်ပါသင်တန်း (၂) ခုထဲက အတက်ချင်ဆုံး တစ်တန်းကိုသာ ရွေးချယ်ပြီး သင်တန်းအပ်ပေးပါ။ တစ်ဦးတည်းကို အတန်း (၂) တန်းပြိုင်တက်ခွင့် မပြုပါဘူးနော်။ (စာလိုက်လုပ်ရမှာ ဖြစ်တဲ့အတွက် သင်ခန်းစာတစ်ခုဆိုတစ်ခု သေချာရစေချင်လို့ပါ။)
လူဦးရေပြည့်သွားလို့ Form ပိတ်လိုက်ရင် တကယ်စာလုပ်မယ့်သူအတွက် နစ်နာမှာစိုးလို့ပါ။
ကျေးဇူးတင်ပါတယ်ရှင်။
-1 မှာ တက်ရောက်ဖို့ အခွင့်မသာသူတွေများခဲ့တာမို့ အခု Batch-2 လေးကိုလည်း ပညာဒါန ထပ်မံသင်ကြားပေးတာဖြစ်ပါတယ်။
^_^ ❤️ ^_^ ❤️ ^_^
ကိုယ္မွန္တယ္ထင္တာကို လုပ္ပါ။ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်ဆိုတာ ကျွန်မတို့ ဘာပဲလုပ်လုပ် ဝေဖန်မှာမို့လို့ပါ။ကျွန်မတို့လုပ...
31/10/2021
ကိုယ်မှန်တယ်ထင်တာကို လုပ်ပါ။
ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်ဆိုတာ ကျွန်မတို့ ဘာပဲလုပ်လုပ် ဝေဖန်မှာမို့လို့ပါ။
ကျွန်မတို့လုပ်ချင်တဲ့ တစ်ခုခုကို လုပ်ရင်လည်း ဝေဖန်ခံရ မယ်။
အဲ့ဒီတစ်ခုခုကို မလုပ်ရင်လည်း ဝေဖန်ခံရာမှာပဲ ဖြစ်ပါ တယ်။
-Rich Dad & Poor Dad
- Oo
သိခြင်း၊ မသိခြင်းရဲ့ခြားနားချက်🎶🎶🎶တချို့လူတွေက လိမ်နေတယ်။ 🙃လိမ်နေမှန်းသိလျက်နဲ့ မသိချင်ယောင်ဆောင်လိုက်ရ တယ်။တချို့လူတွေက...
30/10/2021
သိခြင်း၊ မသိခြင်းရဲ့ခြားနားချက်🎶🎶🎶
တချို့လူတွေက လိမ်နေတယ်။ 🙃
လိမ်နေမှန်းသိလျက်နဲ့
မသိချင်ယောင်ဆောင်လိုက်ရ တယ်။
တချို့လူတွေက အကျင့်ယုတ်ကြတယ်။ 😎
အကျင့်ယုတ်မှန်းသိလျက်နဲ့
မျက်နှာပျက်မရလို့ သည်းခံ ​နေလိုက်ရတယ်။
တချို့လူတွေက လေများတယ်။ 😉
လေများမှန်းသိလျက်နဲ့
မကောင်းတတ်လို့ မျက်စိတစ်ဖက် ပိတ်နေလိုက်ရတယ်။
တချို့လူတွေက သိပ်အပြောကောင်းတယ်။ 😊
မဟုတ်မှန်းသိလျက်နဲ့
နားထောင်ကောင်းကောင်း ကြိတ်ယုံလိုက်ရတယ်။
တချို့လူတွေက ဟန်ဆောင်ကောင်းတယ်။ 🤗
ဟန်ဆောင်နေမှန်းသိလျက်နဲ့
ကိုယ်ပါမသိချင်ယောင် ဟန်ဆောင်လိုက်ရတယ်။
လူ့လောကကြီးဟာ အရမ်းရှုပ်ထွေးပါတယ်။ 😍
သိနေပေမယ့်လည်း မသိချင်ယောင်ဆောင်လိုက်တာက ပိုကောင်းသလို မြင်နေပေမယ့်လည်း မမြင်ချင် ​ယောင်ဆောင်လိုက်ရတာက ပိုပြီး ငြိမ်းချမ်းပါတယ်။ 😇
အဖြေမထွက်တဲ့အရာတစ်ခုကို ထိုင်တွက်ချက်နေလည်း ဘာမှမထူးလာတာတွေ ရှိတတ်ပါတယ်။ 😶
ကိုယ်ပြုပြင်လို့မရမယ့်အတူတူ တစ်ခါတလေ မျက်နှာလေး လွှဲနေတာက ပိုပြီးကောင်းပါတယ်။😏
-ပျော်ရွှင်ခြင်းတံခါးပေါက်(မာရင်ရင်)
- Oo
ဝေဖန်နိုင်မှုတွေကို မျက်နှာချင်းဆိုင်ပြီးအပြုံးနဲ့ တုံ့ပြန်နိုင် ရင် ဒါဟာ ရင့်ကျက်လာတာပါပဲ။ မကောင်းတာကို မကောင်းဘူးလို့ြေ...
23/10/2021
ဝေဖန်နိုင်မှုတွေကို မျက်နှာချင်းဆိုင်ပြီးအပြုံးနဲ့ တုံ့ပြန်နိုင် ရင် ဒါဟာ ရင့်ကျက်လာတာပါပဲ။
မကောင်းတာကို မကောင်းဘူးလို့ပြောလာရင် လက်ခံနိုင် သလို ကောင်းနေပေမယ့် မကောင်းဘူး ပြောလာရင် လည်း ခပ်ပြုံးပြုံး တုံ့ပြန်နိုင်ရပါတယ်။
ဘယ်သူက ရိုးသားစွာပြောဆိုတာလဲဆိုတာ အသက်ရွယ် လိုက် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖန်တီးပေးထားပြီးသား ပါ။
မလိုသူတွေက ကိုယ့်ကိုမျက်စိဒေါက်ထောက် ကြည့်နိုင်ပေ မယ့် ကိုယ်ကတော့ ဒီ မလိုသူတွေကို အချိန်တွေပေးပြီး လိုက်လံခံစားကြေကွဲနေမယ်ဆိုရင်တော့ အရှုံးကြီးရှုံးပါ ပြီ။
ဝေဖန်ခံနိုင်ခြင်းဟာလည်း တိုးတက်ခြင်းတစ်မျိုးပါပဲ။
သူဝေဖန်လိုက်လို့ မကျေနပ်တဲ့စိတ်နဲ့ ပိုမိုကြိုးစား လုပ်ကိုင်ပြလိုက်ရင် ဝေဖန်သူတွေကို ပြန်လည်ဖြေရှင်း သက်သေပြနည်း တစ်မျိုးပါပဲ။
ဝေဖန်တာက သူ့အလုပ်၊ လက်ခံကျင့်သုံး ပြင်ဆင်ဖို့က
ကိုယ့်အလုပ်လို့ သတ်မှတ်နိုင်ရင် သူလည်း အဆင်ပြေ ကိုယ်လည်းတိုးတက်ရတာပေါ့။
-
ပျော်ရွှင်ခြင်းတံခါးပေါက် (မာရင်ရင်)
- Oo
ထင်ချင်သလိုထင် မြင်ချင်သလိုမြင် 🙃🙂သင်ဟာ လုပ်ရည်ကိုင်ရည်ရှိပြီး အောင်မြင်နေတဲ့သူ ဆိုရင်... အငြိုးကြီးပြီး တော်တော်မလွယ်တဲ...
21/10/2021
ထင်ချင်သလိုထင် မြင်ချင်သလိုမြင် 🙃🙂
သင်ဟာ လုပ်ရည်ကိုင်ရည်ရှိပြီး အောင်မြင်နေတဲ့သူ ဆိုရင်... အငြိုးကြီးပြီး တော်တော်မလွယ်တဲ့လူပါလို့ တချို့ လူတွေက ပြောပါ လိမ့်မယ်။ 😏
သင်ဟာ ကြိုးစားလိုစိတ်ရှိပြီး အသိစိတ်ဓာတ်နဲ့ လုပ်ကိုင် နေတဲ့သူမို့ အများက ချစ်ခင်ကြရင်... ကံလေးကောင်းလို့ ဒီလိုအခြေ အနေဖြစ်နေတာလို့ ပြောကြပါလိမ့်မယ်။ 😛
သင်ဟာ ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး အများအလယ်မှာ ထင်ပေါ်နေခဲ့ရင်... သိပ်ကို ဟန်ဆောင်ကောင်းပါတယ်လို့ ပြောကြပါလိမ့်မယ်။ 😉
လူ့ဘ၀သက်တမ်းတစ်လျှောက်မှာ လူတွေအများကြီး တွေ့ရပါမယ်။ 😎
တစ်ခါတလေမှာ ကိုယ်ဟာ ရေသန့်တစ်ခွက် ဖြစ်နေပေ မယ့် မလိုသူတွေရဲ့ ပညတ်ချက်တွေကြောင့် ဂတ်စ် အပြည့်နဲ့ ဖောင်းကားနေတဲ့ အချိုရည်တစ်ဘူးလို့ အထင် ခံရတတ်ပါတယ်။ 😁
ကိုယ်ကလည်း သူတို့ရဲ့ အတွေးတိမ်တိမ် အမြင်တိမ်တိမ် မှာ စီးမျောခံစားမိကောင်း ခံစားမိပါလိမ့်မယ်။ 🤨
ဘယ်သူတွေ ဘယ်လောက်ပဲ အတွေးတိမ်တိမ် ကိုယ့်ရဲ့ စိတ်သဘောထားကတော့ နက်နဲမှုရှိနေအောင် ကြိုးစားပြီး လူမှန်သူမှန် ဖြစ်နေခဲ့ရင် ဘယ်သောအခါမှ ကိုယ့်အပေါ် နားမလည်သူတွေ၊ တန်ဖိုးမသိသူတွေရဲ့ ဝေဖန်မှုကို အလေးထားမိတော့မှာ မဟုတ်ပါဘူး။ 🥰
- ပျော်ရွှင်ခြင်းတံခါးပေါက် (မာရင်ရင်)
- Oo
သီတင်းကျွတ်လပြည့်နေ့ သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆု...
20/10/2021
သီတင်းကျွတ်လပြည့်နေ့
သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။
တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။
မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။
မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။
အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။
18/01/2021
မဂၤလာပါခင္ဗ်ာ။
Basic Computer in Office အတန်းလေးကို အိမ်စာလေးတွေ စစ်ပေးပြီး သေချာပြန်ဖွင့်နိုင်ဖို့ အခက်အခဲလေး ရှိနေပါတယ်။
ဒါကြောင့် ပြန်ဖွင့်စေချင်တဲ့လေ့လာသူလေးတွေ အဆင်ပြေစေဖို့နဲ့ ကြိုတင်လေ့လာထားလို့ ရအောင် သင်ခန်းစာလင့်လေးတွေ စုတင်ပေးလိုက်ပါတယ်နော်။
အိမ်စာလေးတွေ မစစ်ပေးနိုင်သေးတာမို့ သီးသန့် သင်တန်း Group လေး မလုပ်ပေးနိုင်တာတောင်းပန်အပ်ပါတယ်။
အောက်ပါလင့်လေးတွေကို အစဉ်လိုက်နှိပ်ပြီး ဖြေးဖြေးချင်းလေ့လာနိုင်ပါတယ်နော်။
(Youtube Link လေးဖြစ်ပါတယ်၊ Robot ဟုတ်၊မဟုတ် Confirm လုပ်ခိုင်းတဲ့အဆင့်လေးရှိတတ်ပါတယ်။
အဲ့လိုပေါ်လာတဲ့အခါ သူရွေးခိုင်းတာလေးရွေးပြီး Confirm လုပ်ပေးလိုက်ပါနော်။)
Using of Basic Computer in Office (Lesson-1)
https://youtu.be/F5NRS87_5vc
Using of Basic Computer in Office (Lesson-2)
https://youtu.be/u8KZKd6Uws4
Using of Basic Computer in Office (Lesson-3)
https://youtu.be/Hplcbc4pfQ4
Using of Basic Computer in Office (Lesson-4)
https://youtu.be/oNYX2ggwzB4
Using of Basic Computer in Office (Lesson-5)
https://youtu.be/M9wG5bSl3dA
Using of Basic Computer in Office (Lesson-6)
https://youtu.be/2-qYPmBENG0
Using of Basic Computer in Office (Lesson-7)
https://youtu.be/lYepl1xtBmU
Using of Basic Computer in Office (Lesson-8)(Part-1)
https://youtu.be/Wr9pr0COBXw
Using of Basic Computer in Office (Lesson-8)(Part-2)
https://youtu.be/DZxUzg9UmpI
Using of Basic Computer in Office (Lesson-8)(Part-3)
https://youtu.be/6NSUhhjTPPI
Using of Basic Computer in Office (Lesson-9)
https://youtu.be/4DhzzQTo8_o
Using of Basic Computer in Office (Lesson-10)
https://youtu.be/KCDmPjC_j_0
Using of Basic Computer in Office (Lesson-11)
https://youtu.be/HReD-K6g4qs
Using of Basic Computer in Office (Lesson-12)(Part-1)
https://youtu.be/qf0CStunkzE
Using of Basic Computer in Office (Lesson-12)(Part-2)
https://youtu.be/4bVeuNgcNdo
Using of Basic Computer in Office (Lesson-13)
https://youtu.be/NzeSDrQIMTM
#လိုအပ်တဲ့သူငယ်ချင်းတွေကိုလည်း Mention ခေါ်၊ Share လုပ်ပေးရင်း ပညာပါရမီဖြည့်လို့ရပါတယ်နော်။😍
ချစ်ခင်လေးစားလျက်//
Accurate Future Edutainment (AFE Page)
မင်္ဂလာပါခင်ဗျာ။၁၆-၁၂-၂၀၂၀ ရက်နေ့မှာ စတင်ကာ Register Form စတင်လက်ခံခဲ့တာဖြစ်ပါတယ်။သင်တန်းအပ်လက်ခံနောက်ဆုံးရက်ကို ၁၀-၁၂-၂၀၂...
30/12/2020
မင်္ဂလာပါခင်ဗျာ။
၁၆-၁၂-၂၀၂၀ ရက်နေ့မှာ စတင်ကာ
Register Form စတင်လက်ခံခဲ့တာဖြစ်ပါတယ်။
သင်တန်းအပ်လက်ခံနောက်ဆုံးရက်ကို ၁၀-၁၂-၂၀၂၀ လို့ သတ်မှတ်ထားပေမဲ့ ယခုသင်တန်းသားဦးရေဟာ သတ်မှတ် ဦးရေ ရောက်ပြီဖြစ်တာကြောင့် သင်တန်းအပ် လက်ခံ ​နောက်ဆုံးရက်မတိုင်ခင် Register Form လက်ခံခြင်း ပိတ်ပါတော့မယ်။
မနက်ဖြန် နေ့လည် (၁၂း၀၀) ကို နောက်ဆုံးလက်ခံပေးပါ မယ်။
Form ဖြည့်သွင်းထားပြီး Page ကို
သင်တန်းတက်မယ့်အကောင့်နဲ့ ဆက်သွယ်လာခြင်း မရှိသူတွေလည်း များစွာရှိနေပါသေးတယ်။
မနက်ဖြန် နေ့လည် (၁၂း၀၀) မတိုင်ခင် ဆက်သွယ်လာသူ များကိုသာ လက်ခံပေးတော့မှာဖြစ်ပြီး အချိန်နောက်ကျ သူများနဲ့ ဆက်သွယ်လာခြင်းမရှိသော Register Form များကို Cancel လုပ်မှာဖြစ်ပါတယ်။
စိတ်ဝင်တစားနဲ့ သင်တန်းလေးကို Register Form ဖြည့်ပြီး ဆက်သွယ်လာပေးသူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
သင်တန်းကာလတစ်လျှောက် အတူလက်တွဲကြိုးစား သွားကြပါစို့နော်။
#မှတ်ချက်၊ သင်တန်းတက်ရောက်ရန် စာပို့ဆက်သွယ်ပြီးသူများ ထပ်မံဆက်သွယ်ရန် မလိုပါဘူးနော်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မင်္ဂလာပါရှင်။BEN (or) ESS သင်တန်းတက်ရောက်ရန်အတွက် Register Form ဖြည့်ထားသူများထဲတွင် Register Form လက်ခံရရှိကြောင်း ကျွန်...
25/12/2020
မင်္ဂလာပါရှင်။
BEN (or) ESS သင်တန်းတက်ရောက်ရန်အတွက်
Register Form ဖြည့်ထားသူများထဲတွင်
Register Form လက်ခံရရှိကြောင်း
ကျွန်မတို့ဘက်ကနေစာပြန်ပေးထားခြင်းမရှိပါက
Page ကို စာပို့ဆက်သွယ်ပေးပါဦးနော်။
Form လက်ခံခြင်းမကြာခင်ပိတ်တော့မှာ ဖြစ်တာကြောင့် စာပို့ဆက်သွယ်ပေးသူကိုသာ လက်ခံပေးတော့မှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
ချစ်ခင်လေးစားလျက်//
AFE (Accurate Future Edutainment)
  သင်တန်းလေးက သတ်မှတ်လူဦးရေပြည့်သွားပြီမို့ Register Form လက်ခံခြင်းပိတ်လိုက်ပါပြီခင်ဗျာ။ တက်ရောက်ရန် လာရောက်ဆက်သွယ်ပေး...
16/12/2020
သင်တန်းလေးက သတ်မှတ်လူဦးရေပြည့်သွားပြီမို့ Register Form လက်ခံခြင်းပိတ်လိုက်ပါပြီခင်ဗျာ။
တက်ရောက်ရန် လာရောက်ဆက်သွယ်ပေးသူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။
ဒီ Batch မှာ မတက်ရောက်လိုက်ရတဲ့သူများ နောက်လများမှာ အဆင်ပြေရင် ဆက်သွယ်နိုင်ပါတယ်နော်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Basic English Grammar
(၁၀၀ % အခမဲ့)
နှင့်
အင်္ဂလိပ်ဘာသာရဲ့ အခြေခံသဒ္ဒါ(Basic English Grammar)ပိုင်းကို အသားပေးသင်ကြားမှာ ဖြစ်ပါတယ်။
ကျောင်းတက်နေရသူများ၊
Facebook ကို အကျိုးရှိရှိသုံးလိုသူများ တက်ရောက်သင့်ပါတယ်။
သင်ကြားမည့်ပုံစံ***
သင်တန်းစတင်မည့်ရက် - 11-1-2021 (Mon)
သင်တန်းကာလ - နှစ်လ
သင်ကြားမည့်နေ့ရက် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (တစ်ပတ်မှာ ရက်သင်ကြားပေးမှာဖြစ်ပါတယ်။)
သင်ကြားမည့်အချိန် - ညနေ (၆:၀၀)
အရည်အချင်းစစ်ဆေးမည့်ပုံစံ - သင်တန်းနှစ်လပြီးဆုံးသွားသောအခါ အွန်လိုင်းအရည်အချင်းစစ်စာမေးပွဲကို အမှတ် (၁၀၀) ဖိုး ဖြေဆိုရမှာဖြစ်ပါတယ်။
ဒီသင်တန်းမှာတော့ ဘာသာစကားသင်တန်းကို အွန်လိုင်းပေါ်တွင် လေးနှစ်ကျော်သင်ကြားရေးအတွေ့အကြုံရှိသော Sayar U Yan Gyi Aung (YAMZO's CEO & Founder) မှ ကိုယ်ပိုင်အွန်လိုင်းသင်ရိုးဆွဲကာ ဦးဆောင်သင်ကြားပေးမှာဖြစ်ပါတယ်။
ကျောင်းတက်နေရသူများ၊
Facebook ကို အကျိုးရှိရှိသုံးလိုသူများ တက်ရောက်သင့်ပါတယ်။
သင်ကြားမည့်ပုံစံ***
သင်တန်းစတင်မည့်ရက် - 11-1-2021 (Mon)
သင်တန်းကာလ - တစ်လ
ဖော်ပြပါအချက်များနှင့် ပြည့်စုံသူများအား သင်တန်းသားအဖြစ်စာရင်းသွင်းပေးမှာဖြစ်ပါတယ်ရှင်။
မှတ်ချက်။
အိမ်စာစစ်ပေးရမှာဖြစ်လို့ လူဦးရေအများကြီး လက်မခံပါဘူးနော်။
#အချက်နှစ်ချက်လုပ်ဆောင်ပြီး Form ဖြည့်ပြီးပါက Page ကို စာလေးပို့ပေးပါနော်။ ကျေးဇူးတင်ပါတယ်ရှင်။
-1အတွက်သာ ပညာဒါန(Free) ဖြစ်ပါတယ်။ နောက် Batch တွေမှာ သင်တန်းကြေးနှစ်သောင်းကျပ်ဖြင့် သင်ကြားသွားမှာဖြစ်လို့ အခုအတန်း​လေးကိုလက်လွတ်မခံပဲ တက်ရောက်ရန် အကြံပြုပါတယ်ရှင်။
Address
Telephone
+959777701246
Website
Alerts
Be the first to know and let us send you an email when Accurate Future Edutainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The School
Send a message to Accurate Future Edutainment:
Shortcuts
  • Want your school to be the top-listed School/college?
Share