Thu Shawm

Call Directions Website Contact the school

Thu Shawm (っ◔◡◔)っ ♥ Mom of Kendrick @ကောင်းကင် ♥

𝙀𝙣𝙟𝙤𝙮𝙞𝙣𝙜 𝙈𝙤𝙩𝙝𝙚𝙧𝙝𝙤𝙤𝙙

09/20/2026

ကိုရဲလင်းLiveဖြုတ်ချခံရလို့ပါ

09/20/2026

သုရွှမ်းကတော့ ဘေးကနေအဲ့လိုလိုက်ပြောနေလိုက်ရမှ😄 #ကောင်းကင်

09/19/2026

သုရွှမ်းလို brown lipsလေးတွေအတွက် Link ထဲကနေ ဝင်ဝယ်လို့ရပြီနော်

ခေါင်းအုံးပေါ်အမြဲလာလာအိပ်လို့ Toddler Pillowလေးဝယ်ပေးလိုက်တယ် အဲ့နောက်ပိုင်း လည်ပင်းပေါ်ပဲလာလာအိပ်တော့တယ် 👀ကောင်းကင်မေမ...
09/19/2026

ခေါင်းအုံးပေါ်အမြဲလာလာအိပ်လို့ Toddler Pillowလေးဝယ်ပေးလိုက်တယ် အဲ့နောက်ပိုင်း
လည်ပင်းပေါ်ပဲလာလာအိပ်တော့တယ် 👀
ကောင်းကင်မေမေမှ ကောင်းကင်ရဲ့ခေါင်းအုံးအဖြစ်သို့ရောက်ရှိ😄
#ကောင်းကင် #ကောင်းကင်မေမေ

အသက် ၄၀ နားရောက်ခါနီးမှ ကျောင်းပြန်တက်ရတာကလဲခံစားချက်တစ်မျိုးပါ ဆယ်ကျော်သက်မှာတုန်းကလိုဗျာမများတော့ဘဲ အာရုံစူးစိုက်မှုပိ...
09/19/2026

အသက် ၄၀ နားရောက်ခါနီးမှ ကျောင်းပြန်တက်ရတာကလဲ
ခံစားချက်တစ်မျိုးပါ ဆယ်ကျော်သက်မှာတုန်းကလို
ဗျာမများတော့ဘဲ အာရုံစူးစိုက်မှုပိုကောင်းပြီး
စိတ်ကိုကြည်လင်စေသလိုခံစားရပါတယ်။

အမေရိကရောက်နေတဲ့ မြန်မာများ
အသက်ကြီးသွားလည်းကျောင်းပြန်တက်လို့ရပါတယ်ခင်ဗျ။

Green Card Holders | US Citizens တွေအတွက်ကတော့
Financial aid လျှောက်ပြီး ကျောင်းလခမကုန်ဘဲ
တက်လို့ရပါတယ်။ Financial Aid မပြုတ်အောင်
Full Credit နဲ့ GPA တော့ထိမ်းရပါတယ်။ Part timeပဲတက်ရင်လည်း Partial Financial Aidနဲ့ coverဖြစ်ပါတယ်။

ကျွန်တော် ကျောင်းပြန်တက်ရတဲ့ရည်ရွယ်ချက်ကတော့ အရမ်းရိုးရှင်းပါတယ် ကျွန်တော်ကိုယ်တိုင် ကျွန်တော်ဝါသနာပါတဲ့ပညာရပ်တွေကိုလေ့လာစည်းပူးဖို့ရယ်၊
ကောင်းကင်ကြီး ကြီးလာတဲ့အချိန် ဖေဖေဘယ်ကျောင်းကနေပြီးခဲ့တာလဲလို့မေးလာရင် ပြန်ပြောလို့ရအောင်ရယ်၊ အမေ့ကိုပေးထားတဲ့ကတိဖြစ်တဲ့ US ကဘွဲ့တစ်ခုရအောင်ယူပေးပါ့မယ်ဆိုတာရယ်ကြောင့်ပါ။

ဒီလောက်ပါပဲဗျာ….

09/15/2026

More clap 👏 ောင်းကင်
#ကောင်းကင်

09/11/2026

Professional Job

ကျွန်တော်က ကျွန်တော့်အလုပ်ကို ကျွန်တော်ချစ်တယ်
ကျွန်တော့်အလုပ်ကို ကျွန်တော်လေးစားတယ်
တန်ဖိုးထားတယ် ကျွန်တော်ချစ်တဲ့ကျွန်တော့်အလုပ်က
မြန်မာပြည်မှာတုန်းကလဲ အများကြီးအဆင်ပြေသလို
အခု အမေရိကရောက်တဲ့အထိလဲ ရတဲ့အချိန်လုပြီးကြိုးစားနေရတဲ့အချိန်မှာတောင် အများကြီး
အထောက်ကူဖြစ်စေတယ်။

ပြီးခဲ့တဲ့ Sunday မှာသုရွှမ်းအလုပ်ပြီးမဲ့အချိန်က
ညနေ 3:00pm နာရီ ကျွန်တော်က အလုပ်ကို
3:40 pm အရောက်သွားရမှာ သုရွှမ်း
ရထားစီးအိမ်ပြန်လာရင် မိနစ် ၄၀ လောက်ကြာမှာမို့
ကျွန်တော် Plan လိုက်တာ
ကျွန်တော်က အိမ်ကနေသုရွှမ်းစီကိုသွားပြီး
ကောင်းကင်လေး သွားပေးမယ်ပေါ့ ပြီးရင်
ကျွန်တော်တစ်ယောက်တည်း အလုပ်ကို
မြန်မြန်ဒိုးမယ်ပေါ့ ။

ဒါပေမဲ့ သုရွှမ်းက 3:00pm နာရီမှာ Clock out
လုပ်မရဘူးဆိုတော့ ကောင်းကင်လေးကိုလဲ
ပစ်ထားခဲ့လို့ကမရဘူး။ အဲ့ဒါနဲ့ ကျွန်တော့်အလုပ်ကို
အကြိုးကြောင်း စာပို့ပြီးတော့ပြောတာပေါ့။
Studio ကို ကောင်းကင်လေးခေါ်လာမှရတော့မယ်လို့
ငါ့မိန်းမ သူ့အလုပ်ကနေအခုသိမ်းလာနေပြီလို့
သူလာခေါ်လိမ့်မယ်လို့ ဒီတစ်ခေါက်တော့
ခေါ်ခဲ့လိုက်ပါတဲ့ နောက်တစ်ခေါက်တော့မရဘူးပေါ့
Studio ကကျွန်တော့်ကို ပြန်ပြောတယ်။

ကျွန်တော်လဲကောင်းကင်ကြီးနဲ့ Studio ရောက်သွားပြီး
အကသင်တဲ့အချိန် ကောင်းကင်ကြီး Stroller ပေါ်မှာ
ငြိမ်ပါ့မလားပေါ့ Stroller ထဲမှာ ခုနက သုရွှမ်းစီ
သွားတာ ပြန်တာရောဆို တစ်နာရီကျော်နေပြီမို့
ကောင်းကင်ကြီး မနေမှာကလဲစိုး ၊ ဖြစ်ချင်တော့
Studio ထဲလဲရောက်သွားရော ကောင်းကင်ကြီးက
မဂျီတဲ့အပြင် ကိုယ်သင်ပေးနေတဲ့ ကလေးတွေကို
မြင်လဲမြင်လိုက်ရော အံ့ဩပြီး အဖေကိုကြည့်တဲ့
အကြည့်တွေက သူ့မှာပျော်ပြီးစိတ်လှုပ်ရှားနေရှာတာ။

ကျောင်းသားလေးတွေကလဲ ကောင်းကင်ကြီးကို
ဝိုင်းပြီး ကြည့်ကျ ချစ်ကျနဲ့ အက သင်ပေးတဲ့အချိန်မှာလဲ
ကောင်းကင်လေးက ငြိမ်ပြီး ကြည့်နေပေးရှာတယ်။
မိနစ် ၂၀လောက်နေတော့ သူ့အမေရောက်လာပြီး ကောင်းကင်လေးကိုခေါ်အပြင်ကနေ
ကျွန်တော်အတန်းပြီးတဲ့အချိန်ထိ
သားမိနှစ်ယောက်ထိုင်စောင့်ကျတာပေါ့။
အဲ့လိုနဲ့ အတန်းလဲပြီးရော Studio က Manager က
အချိန်တိုးပေးချင်တဲ့အကြောင်းပြောပြီး ကလေးနဲ့မိန်းမခေါ် အိမ်ပြန်ခဲ့ပါတယ်။

လင်မယားနှစ်ယောက်ပြာယာတွေတော့ခတ်ကုန်တာပေါ့
အလုပ်ချိန်က သူပြန် ကိုယ်သွား တစ်နာရီလောက်ပဲရပြီးကလေးတစ်ယောက်နဲ့ဆိုတော့ အမေရိကမှာက အချိန်ပဲဗျ။
အချိန်က မသိရင် အမေရိကမှာ ပိုမြန်သလားလို့ခံစားရတယ်။

ဖြစ်ချင်တော့ဒီနေ့ Studio က အတန်းချိန်ထပ်တိုးပေးချင်လို့လှမ်းပြောတယ် ပွင့်ပွင့်လင်းလင်း ပြောရရင်
အလုပ်လုပ်ရတာ တစ်အားကြိုက်တဲ့ ကျွန်တော်နဲ့
အလုပ်ကြိုးစားပြီး ကိုယ်လိုချင်တဲ့ ဘဝ ကိုထုစစ်လို့ရတဲ့
အမေရိက ကတော်တော် အံဝင်ခွင်ကျဖြစ်နေပါတယ်။
ခုနကကျွန်တော်ပြောခဲ့သလို အချိန်ဗျ။ အချိန်ကမရှိနေတာ
အလုပ်နဲ့ ကလေးထိမ်းရ ၊ မီးဖိုချောင် ၊ အဝတ်လျှော် ၊ ကျောင်းချိန်ကလဲ မပေးလို့မရ ပေးရအုန်းမယ် ။

အလုပ်ကရှိနေပေမဲ့ အချိန်ကမရနေတဲ့ ကျွန်တော့်အတွက်
တော့ Studio ကိုလှမ်းငြင်းလိုက်ရတော့တာပေါ့။
ငြင်းတာကို ငါမရဘူးလို့ တစ်လုံးတည်းမငြင်းခဲ့ဘူး။

ငါ့မိန်းမ အလုပ်ပြီးမဲ့ အချိန်နဲ့ တိုက်နေတယ်လို့
ငါ့သားလေးကိုတစ်ယောက်တည်းပစ်ထားလို့မရဘူးလေလို့ အဲ့အတွက်ငါတို့လင်မယား Schedule ကိုပြန်ချိန်ပြီး
ပြန်ပြောပေးမယ်လို့ ကျွန်တော့်အရှိတရားကိုပြောပြလိုက်ပါတယ်။

သိပ်မကြာဘူး စာပြန်ဝင်လာတယ် Studio က
မင်းသားလေးကိုStudio ခေါ်လာပြီး မင်းမိန်းအလုပ်ပြီးရင်
လာခေါ်ခိုင်းမယ်ဆိုရင်ရော အခု အတန်းချိန်ကို သင်ပေးလို့ရမလားပေါ့ သိပ်ရတာပေါ့လို့ 😁 ကျွန်တော်စာချက်ခြင်း
ပြန်လိုက်ပါတယ်။အဲ့တော့ အလုပ်ချိန်လဲ ပိုရသွားတယ်
ကလေးအတွက်လဲ အဆင်ပြေသွားတာပေါ့ဗျာ။

ဘယ်ပညာရပ်မဆို အကောင်းဆုံးကြိုးစားပြီး
အမြဲသင်ယူလေ့လာနေတဲ့သူတွေအတွက်
ကိုယ်လိုချင်တဲ့အချိန် ကိုလုပ်လို့ရသလို။
ကိုယ့်ဖက်မှာအချိန်ညှိမရဖြစ်နေရင်တောင်
သူတို့ဖက်ကအချိန်ကိုလာညှိပါလိမ့်မယ်။

ပညာ ဆိုတာ အရာရာပါပဲ …

Video ကတော့ Studio မှာကျွန်တော်သင်ပေးနေတဲ့
ကလေးလေးတွေရဲ့ Community ပွဲမှာ ကခဲ့တဲ့
အက Video လေးပါ။


09/10/2026

baby boy Kendrick ^•^ so cute | sleeping with his fav paw patrol toy ❤️ ောင်းကင် #ကောင်းကင်

09/10/2026

ဖေဖေ့နောက်လိုက်ပြီး “GO” “GO” နဲ့ ဘယ်တွေ goနေလဲတော့မသိဘူး တစ်အိမ်လုံးမှာ ကောင်းကင်ကို ကြောက်နေရတာ🥲 #ကောင်းကင်

Address

New York, NY

Alerts

Be the first to know and let us send you an email when Thu Shawm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thu Shawm:

Shortcuts

Sponsored

Share