01/05/2023
【👉“No Pain, No Gain” 👈】
ဒီစကားလေးကိုတော့ အားလုံးနီးပါး ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အခုနောက်ပိုင်း “ငါမလုပ်နိုင်တော့ဘူး၊ ဆက်မလျှောက်နိုင်တော့ဘူး၊ သည်းမခံနိုင်တော့ဘူး” ဆိုတဲ့ စကားကို လွယ်လွယ် ပြောလာကြ ပါတယ်။ ပြောရရင် ရည်မှန်းချက်ဆီ လျှောက်လှမ်းရာလမ်းမှာ စိတ်ရှည်စွာနဲ့ ဇောက်ချမလုပ်နိုင်ကြဘူးပေါ့။ အိပ်မက်တိုင်းမှာ ထိုက်သင့်တဲ့ ပေးဆပ်မှုတန်ဖိုး လိုအပ်တယ်ဆိုတာကိုတော့ အားလုံး သိကြပြီးသား ဖြစ်မှာပါ။
ဒါကြောင့် ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်တဲ့အခါ ဒါမှမဟုတ် အလုပ်တစ်ခုခု လုပ်ကြလို့ အရမ်း ခက်ခဲလာတဲ့ အခါ လွယ်လွယ် လက်မလျှော့လိုက်ပါနဲ့။ အဲဒီခက်ခဲမှုတွေ… စိန်ခေါ်မှုတွေ… ပင်ပန်းမှုတွေ… ခါးသီးမှုတွေကို ကျော်ဖြတ်ပြီးမှပဲ ကောင်းမွန်တဲ့ ရလဒ်တစ်ခု အရယူနိုင်မှာ ဖြစ်ပါတယ်။ ဆိုတော့ တကယ် ဖြစ်ချင်ရင် တကယ်လုပ်ရမယ်… တကယ်ဖြတ်ကျော်ရမယ်… ဒီလိုအနာခံမှ တစ်ချိန်ကျရင် အသာစံရနိုင်မှာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့လို စိတ်အပြောင်းအလဲမြန်တဲ့ လူငယ်လေးတွေအနေနဲ့ “No Pain, No Gain” ဆိုတဲ့ ဒီစကားကို လက်ကိုင် ကြိုးစားကြစေချင်ပါတယ်…
SHOES