
ယနေ့ကျရောက်သော တပေါင်းလပြည့်နေ့ အခါသမယ မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နှင့် ကုသိုလ်ကောင်းမှုများပွားများနိုင်ကြပါစေကြောင်း FME-Myanmar Language School မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ....
To Create a learning environment for Myanmar Language and Culture.
Operating as usual
ယနေ့ကျရောက်သော တပေါင်းလပြည့်နေ့ အခါသမယ မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နှင့် ကုသိုလ်ကောင်းမှုများပွားများနိုင်ကြပါစေကြောင်း FME-Myanmar Language School မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ....
🌿 GCE O Level Burmese (မိခင်ဘာသာစကားသင်တန်း)
၂၀၂၅ ခုနှစ်GCE O-Level ဖြေဆိုကြရမည့် စင်္ကာပူ နိုင်ငံရှိ မြန်မာကလေးငယ်အများအတွက် အထူးအစီအစဉ်တစ်ရပ်၊ မြန်မာဘာသာစကား (Burmese) ကို မိခင်ဘာသာစကား (MTL-Mother Tongue Language) အဖြစ်ယူထားသော စင်္ကာပူနိုင်ငံရှိ ကျောင်းသားကျောင်းသူများ အားထားရမည့် သင်တန်းတစ်ခုလည်းဖြစ်ပါတယ်။
🚩FME ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု ဖွင့်လှစ်ထားသော သင်တန်းကျောင်းဖြစ်၍ တရားဝင် အသိအမှတ်ပြု မိခင်ဘာသာစကား သင်ယူကြောင်း၊ အောင်မြင်ကြောင်း မှတ်တမ်းလွှာများ ထုတ်ပေးနိုင်သည့် သင်တန်းလည်းဖြစ်ပါတယ်။
👫သင်တန်းတက်ရောက်လိုသူ ကျောင်းသားများအနေနဲ့ FME-Myanmar Language School မှာဖွင့်လှစ်သင်ကြားပေးနေတဲ့ မြန်မာစာ မြန်မာစကား သင်တန်း M4 အဆင့် ပြီးမြောက်ရန်လိုအပ်ပါတယ်။ ဒါမှမဟုတ် FME က ပြုလုပ်တဲ့ GCE O level Entrance Exam စာမေးပွဲ ကိုဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲ အောင်မြင်မှသာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်…
🎯 GCE O-Level Burmese 3249 Course
သင်တန်းကာလ - (၃) လ
🗓️ သင်တန်းစမည့်နေ့ : ၁ ဖေဖေါ်ဝါရီလ ၂၀၂၅
🚩 သင်တန်းကြေး : SG$ 200
သင်တန်းကြေးကို နှစ်ကြိမ် ခွဲသွင်းနိုင်ပါသည်။
( * ရရှိသော သင်တန်းကြေးများကို CDM support team-NUG/MOE မှတစ်ဆင့် မြေပြင်အရောက်ပေးပို့လှူဒါန်းသွားမှာဖြစ်ပါသည်။)
စိတ်ဝင်စားလို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ FME-Myanmar Language School Chat box မှ စုံစမ်းမေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
O-Level
🌟Happy New Year🌟
🌼၂၀၂၄ နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၂၅ နှစ်သစ် ကို ကူးပြောင်းလာခဲ့ပြန်ပါပြီ...
🌼နှစ်သစ်မှာ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း ၊ ငြိမ်းချမ်းခြင်းတွေနဲ့အတူ အေးချမ်းသာယာတဲ့ ရွှေရောင် နေ့သစ်တွေကို အတူပိုင်ဆိုင်ကြပါစေလို့ Freedom Myanmar Education မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်...
🌟Happy New Year to you all🎉🎉🎉🎉🎉
ခရစ်ယာန်ဘာသာဝင် ညီအစ်ကိုမောင်နှမတို့ရဲ့ အထွတ်အမြတ်ထားရာဖြစ်တဲ့ ခရစ်စမတ်အခါသမယလေး ရောက်ရှိလို့ လာပါပြီ။
မြန်မာပြည်တစ်ဝှမ်းလုံးမှာ ရှိနေကြတဲ့ ညီအစ်ကိုမောင်နှမအားလုံး ခရစ်စမတ်နေ့လေးကို လုံခြုံဘေးကင်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
🌟မြန်မာဘာသာစကား (M1 Level)🌟
🍁US & Canada အတွက်
🍁Basic Level (အခြေခံအဆင့်) သင်တန်းပြီး မြောက်ထားသော သင်တန်းသားများ နှင့် မြန်မာစကားလုံး များကိုလည်း အသံ ထွက်ဖတ်တတ်၊ ရေးတတ်၊ စာလုံးပေါင်းတတ်ပြီး ရေတွက်ပုံ စနစ်အကြောင်း စသည်ဖြင့် အခြေခံ အဆင့်တတ်မြောက်ပြီးသူများအနေနဲ့ M1 Level သင်တန်းကို ဆက်လက် တက် ရောက်နိုင်ပါတယ် …
🍁M1-Level (ပထမအဆင့်) - မြန်မာဘာသာစကား ပထမအဆင့်ကို တက်ရောက်ပြီးသူကျောင်းသားလူငယ် များ အနေဖြင့် နေ့စဉ် ကြုံတွေ့နေရသောအကြောင်းကိစ္စများကို မြန်မာသာသာစကားနှင့် ရှင်းလင်းပြော ကြား တတ်လာမှာဖြစ်ပါတယ်။ အမေး အဖြေများ၊ အခြေခံအကြောင်းကိစ္စများ စသည့် လွယ်ကူရိုးရှင်း သည့် အကြောင်းအရာများကို ရေးနိုင်၊ဖတ်နိုင်လာမှာ ဖြစ် ပါတယ်။
🍁ဘယ်သူတွေက သင်ပေးမှာလဲ
***************************
သင်ကြားရေးတွင်ကျွမ်းကျင်သော ဝါရင့် မြန်မာစာ ဆရာ ဆရာမ များက နည်းစနစ်တကျ သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါတယ် …
🍁ဘယ်လိုသင်ကြားပေးမှာလဲ
*************************
မြန်မာစာ မြန်မာစကားကို သတ်မှတ်အဆင့်အလိုက်ကျွမ်းကျင်တတ်မြောက်အောင် နည်းစနစ်တကျ သင်ကြား ပေးသွားမှာပါ …
သင်တန်းသားရဲ့ လိုအပ်ချက်ပေါ်မူတည်၍ - English ဘာသာ စကားဖြင့်ပါ သင်ကြားပို့ချ ပေးသွား မှာဖြစ်ပါတယ်...
🍁ဒီသင်တန်းက ဘာတွေပြန်ရမလဲ
*****************************
မိမိတို့မြန်မာနိုင်ငံရဲ့ ဘာသာစာပေ ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်သလို နွေဦးတော်လှန် ရေးမှာ အဓိကကျတဲ့ CDM Support ကဏ္ဍမှာ ပါဝင်ပံ့ပိုး ခွင့်ရရှိမှာဖြစ်ပါတယ် …
🎯 သင်တန်းစမည့်နေ့ : ၄ ရက် ၊ ဇန်နဝါရီ ၂၀၂၅
⏰ သင်တန်းချိန် : စနေ ၊ တနင်္ဂနွေ Pacific Time-3:30 PM to 5:00 PM
Central Time-5:30PM to 7:00 PM
Eastern Time-6:30PM to8:00 PM
🔹 သင်တန်းကာလ : ၃ လ
🔸 သင်တန်းကြေး : USD 150
(ရရှိသော သင်တန်းကြေးများကို CDM support -NUG/MOE မှတစ်ဆင့် ပေးပို့လှူဒါန်းပေးသွားပါမည်။)
စိတ်ဝင်စားလို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ FME-Myanmar Language School Chat box မှ စုံစမ်းမေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
🌟
စိတ်ဝင်စားဖွယ် ကျီးမနိုးပွဲ(သို့) သူခိုးကြီးည
မြန်မာတို့ရဲ့ ဆယ့်နှစ်ရာသီပြက္ခဒိန်ရဲ့ ရှစ်လမြောက် လဖြစ်တဲ့ တန်ဆောင်မုန်းလဟာ တန်ဖိုးထားဖွယ် ရိုးရာဓလေ့များနဲ့ ပြည့်နှက်နေတဲ့ အခါသာမယ ဖြစ်ပါတယ်။ လှူဒါန်းဖွယ် ပဒေသာပင် ၊ ကထိန်သင်္ကန်းတို့ကို ပြင်ဆင်လှူဒါန်းကြတဲ့အပြင် တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပမြဲဖြစ်တဲ့ ဆီမီးထွန်းကြတဲ့ဓလေ့၊ကြာသင်္ကန်း (မသိုးသင်္ကန်း) ကပ်လှူတဲ့ဓလေ့၊ ပံ့သကူလှူဒါန်းတဲ့ဓလြေ တွေကို ဆင်ယင်ကျင်းပတတ်ကြပါတယ်။ ဆေးပေါင်းခတဲ့ညဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ည ပြီးမြောက်တဲ့အခါတန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ရဲ့ ဇာတ်လိုက် ကျီးမနိုးပွဲကို ဆက်လက် ဆင်နွှဲကြပါတယ်။
ကျီးမနိုးပွဲညကို သူခိုးကြီးညလို့လည်း ထပ်မံခေါ်ဝေါ်ကြပါတယ်။ ကျီးမနိုးပွဲဟာ တိမ်ကောပျောက်ကွယ်တော့မယ့် ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။ ရှေးယခင်တုန်းက မြန်မာအမျိုးသားများဟာ ဆေးမှင်ထိုးကြတဲ့ ဓလေ့ရှိခဲ့ပါတယ်။ ထိုးကြတဲ့အခါမှာလည်း ကျရောက်တဲ့ စန်း၊ နက္ခတ်တို့နဲ့ ယှဉ်ကိုက်လို့ အစွမ်းထက်အောင် ထိုးကြတာ ဖြစ်ပါတယ်။ ဆေးမှင်တွေရဲ့ အစွမ်းသတ္တိ၊ ထိုးခံကြသူများရဲ့ ဗျတ္တိတို့ကို သူခိုးကြီးညမှာ စမ်းသပ်ကြတယ်လို့လည်း ရှေးလူကြီးတွေက ဆိုကြပါတယ်။
မိမိတို့ ထိုးထားတဲ့ ဆေးစွမ်းမစွမ်းကို စမ်းသပ်လိုတဲ့သဘောနဲ့ လပြည့်ကျော်တစ်ရက်ညမှာ ရွာထဲ နယ်ထဲမှာ ရှိကြတဲ့ အိမ်တွေဆီက ပစ္စည်းတစ်ခုခုကို အိမ်ရှင်တွေ၊ ရွာသားတွေ မသိအောင် ဝှက်ယူကြပြီး ရွာလယ် တစ်နေရာရာမှာ ဝှက်ယူလာတဲ့ ပစ္စည်းတွေကို ထားတတ်ပါတယ်။ သူခိုးကြီးညလို့ ဆိုပေမယ့်လည်း ပစ္စည်းများကို အမှန်တကယ် ခိုးဝှက်လိုတဲ့ဆန္ဒ၊ ပျက်စီးစေလိုတဲ့ ဆန္ဒမပါဘဲ ဆေးအစွမ်းကို စမ်းသပ်တဲ့သဘော၊ ရပ်ရွာ လူထုအချင်းချင်း စနောက်လိုတဲ့သဘောနဲ့ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။
မနက်မိုးသောက်တဲ့အခါ မပျက်မစီးရှိနေကြတဲ့ ပစ္စည်းတွေကို ပိုင်ရှင်တွေက ပြန်လာရွေးကြရပြီး ပစ္စည်းရွေးဓလေ့လေးတွေတော့ ရပ်ရွာအလိုက် အမျိုးမျိုး ရှိတတ်ပါတယ်။ ဝှက်ယူရင်း မိသွားခဲ့တဲ့ သူတွေကိုတော့ နောက်တစ်နေ့မှာ ကတုံးပြောင်ပြောင် ရိတ်လို့ ပဥ္ဇင်းဝတ်ပေးတာ၊ ရွာလယ်မဏ္ဍပ်မှာ ကြိုးချည်ထားစေတာ စသဖြင့် အပြစ်ပေးတဲ့သဘော ပြုလုပ်တတ်ကြပါတယ်။
မြန်မာတို့ရဲ့ ကျီးမနိုးပွဲညဟာ ရပ်ရွာလူထုရဲ့ နွေးထွေးတဲ့ ဆက်ဆံရေး၊ ယုံကြည်မှု တို့ကို တည်ဆောက်ပြီး ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းလာပေးတဲ့ ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့
**********************************
🙏ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ စားနေကျ မယ်ဇလီဖူးသုပ်လေးတွေ၊ မယ်ဇလီဟင်းခါးလေးတွေနဲ့အတူ မိသားစုစုံညီပျော်ခဲ့ရတဲ့အချိန်တွေကပြန်လည်တမ်းတ လွမ်းမောစရာပါ🪔
🪔ဆောင်းလေရဲ့ အေးမြတဲ့ အငွေ့အသက်နဲ့အတူ လတန်ဆောင်မုန်း လပြည့် နေ့ မှာ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာရွှင်လန်းကာ လုံခြုံအေးချမ်းကြပါစေလို့ FME- Myanmar Language School က ဆုတောင်းပေးလိုက်ပါတယ်။🪔
🙏နောင်လာမယ့်တန်ဆောင်တိုင် အခါသမယတွေမှာလည်း ဒီနှစ်ထက် ပိုမို သာယာငြိမ်းချမ်းတဲ့ ပွဲတော်ညတွေကို ပိုင်ဆိုင်ကြပါစေလို့လည်း ထပ်မံ ဆုတောင်းပေးလိုက်ပါတယ်။🪔
· ·
🌱မြန်မာစာ မြန်မာစကား(အခြေခံသင်တန်း)🌱
🚩 အမေရိကန် နှင့် ကနေဒါနိုင်ငံများတွင် နေထိုင်သော
မြန်မာကလေးငယ်များအတွက် အထူးအစီအစဉ်လေး
တစ်ခု ဖြစ်ပါတယ်။
🚩ဒီသင်တန်းဟာ မိခင်ဘာသာစကားဖြစ်တဲ့ "မြန်မာစာ မြန်မာစကား" ကို လက်ဆင့်ကမ်းအမွေ အဖြစ် သင်ကြားပေးနိုင်မယ့်အခွင့်အရေးအပြင် တော်လှန်ရေးအတွက်ပါ အထောက်အပံ့ဖြစ်စေတာမို့ လက်မလွတ်သင့်တဲ့ သင်တန်းလေးလည်းဖြစ်ပါတယ်။
🚩ဒီသင်တန်းမှာ မြန်မာဘာသာစကားကို အတန်းအဆင့်ဆင့်နဲ့ ခွဲခြားသင်ကြားပေးမှာဖြစ်ပါတယ်။ အပြောအကြား၊ အရေးအဖတ်ကို ဦးစားပေးသင်ကြားပေးမှာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို မိတ်ဆက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🌿 ဘယ်သူတွေက သင်ပေးမှာလဲ
***************************
သင်ကြားရေးတွင်ကျွမ်းကျင်သော ဝါရင့် မြန်မာစာ ဆရာဆရာမ များက နည်းစနစ်တကျ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
🌿 ဘယ်လိုသင်ကြားပေးမှာလဲ
*************************
မြန်မာစာ မြန်မာစကားကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်အောင် နည်းစနစ်တကျသင်ကြားပေးသွားမှာပါ …
သင်တန်းသားရဲ့ လိုအပ်ချက်ပေါ်မူတည်၍ - English ဘာသာ စကားဖြင့်ပါ သင်ကြားပို့ချ ပေးသွား မှာဖြစ်ပါတယ်။
🌿 ဒီသင်တန်းက ဘာတွေပြန်ရမလဲ
*****************************
မိမိနိုင်ငံရဲ့ ဘာသာစာပေ ယဉ်ကျေးမှု့အမွေကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်သလို နွေဦးတော် လှန်ရေးမှာ အဓိကကျတဲ့ CDM Support ကဏ္ဍမှာ ပါဝင်ပံ့ပိုး ခွင့်ရရှိမှာဖြစ်ပါတယ်။
🎯 သင်တန်းစမည့်နေ့ : ၂၃ ရက် ၊ နိုဝင်ဘာလ၂၀၂၄
⏰ သင်တန်းချိန် : စနေ ၊ တနင်္ဂနွေ
👉 Pacific Time -5:00 PM to 6:30 PM
Central Time - 7:00 PM to 8:30 PM
Eastern Time -8:00 PM to 9:30 PM
🔹 သင်တန်းကာလ : ၃ လ
🔸 သင်တန်းကြေး : USD 150
(ရရှိသော သင်တန်းကြေးများကို CDM support -NUG/MOE မှတစ်ဆင့် ပေးပို့လှူဒါန်းပေးသွားပါမည်။)
စိတ်ဝင်စားလို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ FME-Myanmar Language School Chat box မှ စုံစမ်းမေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
ဒီနေ့ ကျရောက်တဲ့ ဒီပါဝလီ ပွဲတော်ကို ဟိန္ဒူဘာသာဝင် ညီအစ်ကို မောင်နှမတွေအားလုံး နွေးထွေးလုံခြုံစွာ ဆင်နွှဲနိုင်ကြပါစေလို့ FME မိသားစုက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🪔🪔🪔
🏮အောက်တိုဘာ ၂၄ မှတ်တမ်း 🏮
🪔ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ချိန်ခါရောက်ခဲ့ပြန်ပါပြီ ...FME ရဲ့ အစဉ်အလာမပျက် ဆက်လက်ချီတက်နေဆဲ CDM support ခရီးစဉ်လေးကလည်းမရပ်မနား ရွေ့လျားနေမြဲပါ ....
🪔အရင်လက ပြေးကူခဲ့တဲ့ ရေဘေးအလှူပြီးတဲ့အခါ ဒီလအောက်တိုဘာ ၂၀၂၄ မှာတော့ မပြီးမပြတ်သေးတဲ့ မီးဘေးသင့်ဒေသတွေဘက်ကူဖို့ အလှည်ရောက်ခဲ့ပြန်ပါတယ် ...
ဒီလမှာတော့ စစ်ကိုင်းတိုင်းမီဘေးသင့် ဒေသရှိ ပညာရေး CDM များအတွက် ငွေကျပ် သိန်းငါးဆယ် (၅,၀၀၀,၀၀၀ ကျပ်တိတိ) ကို မြေပြင်အရောက် NUG -MOE မှ တာဝန်ရှိသူများရဲ့ အကူအညီနဲ့ ပေးပို့ကူညီနိုင်ခဲ့ပါတယ်။
FME ရဲ့ အလှူဟာ မပြောပလောက်ဘူးဆိုပေမယ့် မိမိတို့ လုပ်နိုင်တဲ့အတိုင်းအတာတစ်ခုကို တစ်စိုက်မတ်မတ်မပျက်မကွက် နိုင်တဲ့ဘက်က တာဝန်ယူ ပါဝင်နေကြခြင်းသာဖြစ်ပါတယ်။
🪔နောက်လတွေမှာလည်း အစဉ်အလာမပြတ် ရှေ့ဆက်နိုင်ဖို့ FME မှာ သင်တန်းတွေ တက်ရောက်ရင်းပါဝင်အားဖြည့်ပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ် ..
🪔ယခုလို လစဉ်မပျက်မကွက် CDM ရဲဘော်ရဲဘက်များကိုဂုဏ်ပြုထောက်ပံ့ နိုင်နေတဲ့အတွက် Freedom Myanmar Education မှာ သင်တန်းတက်ဖို့ ရွေးချယ်ပေးခဲ့ကြတဲ့ ကျောင်းသားမိဘများ၊ သင်တန်းသူ သင်တန်းသားများ၊ ဆရာဆရာမများ နဲ့ FME အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
🌻မြန်မာဘာသာစကားသင်တန်း (M.3 Level)
🌻(M.2 Level) သင်တန်းပြီးမြောက်ထားသော သင်တန်းသားများ နှင့် နေ့စဉ်သုံးဝေါဟာရများဖြင့် ရိုးရှင်းသော ဝါကျ များကို ရေးနိုင်၊ ဖတ်နိုင်အဆင့်တတ်မြောက်ပြီးသူများအနေနဲ့ M3 Level သင်တန်းကို ဆက်လက် တက်ရောက်နိုင် ပါတယ်။
🎯သင်တန်းသားအသစ်များအနေဖြင့်လည်း တက်ရောက်ရမယ့် Level ကို Placement Test ဖြေဆိုကာ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။
🌿M3-Level - မြန်မာဘာသာစကား M3 အဆင့် သင်တန်းမှာ သရုပ်ဖော်ပြောကြားခြင်း ၊ သရုပ်ဖော်ရေးသားခြင်းဆိုင်ရာများကို ဦးစားပေး သင်ကြားပေး သွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ ကလေးရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်လေးတွေ၊ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာလေးတွေကို ဘယ်လိုပုံဖော်ပြောဆိုရမလဲ ဆိုတာ အဓိကထား သင်ကြားပေးမှာဖြစ်ပါတယ်။
🌿ကလေးတွေဟာ ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ ဖွင့်ပြောဖို့ တစ်ခါတလေမှာ ခက်ခဲတတ်ကြပါတယ်။ ကလေးတွေမှာလည်း လူကြီးတွေလို ခံစားချက်တွေ၊ ဝေဒနာတွေ မျိုးစုံရှိကြပါတယ်။ ဒါပေမဲ့လူကြီးတွေလိုမဟုတ်ဘဲ သူတို့ရဲ့ ခံစားချက်လေးတွေ၊ ဝေဒနာလေးတွေကို ဖော်ပြဖို့ ခက်ခဲတတ်ကြပါတယ်။ ဒီ M 3 အတန်းမှာတော့ ကလေးလေး တွေရဲ့ ခံစားချက်ဝေဒနာလေးတွေ ဖော်ပြဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။
🌿ဒီအတန်းဟာ မြန်မာဘာသာစကားသင်တန်းဖြစ်တဲ့အလျောက် ကိုယ့်ခံစားချက်တွေ၊ ခံစားမှု တွေ၊ ဖြစ်စဉ်တွေကို အစီစဉ်တကျ ပြောတတ်အောင်၊ စိတ်ဝင်စားဖွယ်ပြောတတ်၊ ရေးတတ်အောင် ပုံပြင်လေးတွေ၊ ကဗျာလေးတွေ နဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။
🌿ကလေးတွေဟာ အကြောင်းအရာတစ်ခုကို အစီစဉ်တကျ ပြောတတ်လာမှ သူတို့ခံစားချက်တွေ၊ ခံစားမှုဝေဒနာတွေကို ဘယ်လိုထုတ်ဖော်ပြောဆိုရမယ်ဆိုတာ သင်ကြားပေးမှာပါ။ ပုံပြင်တွေ၊ ကဗျာတွေသင်ကြားရာမှာလည်း ဗုဒ္ဓဝင် ပုံပြင်တွေ၊ မြန်မာ့ရိုးရာပုံပြင်တွေကို ကလေးများ နားလည်လွယ်အောင် ပြန်လည်ရေးသားပြီး သင်ကြား ပေးသွားမှာဖြစ်ပါတယ်။
🌿ဒါကြောင့် ဒီသင်တန်းကနေ ကလေးလေးတွေကို အကြောင်းအရာတစ်ခု၊ ဖြစ်ရပ်တစ်ခုကို အစီစဉ်တကျ ပြောတတ်အောင်၊ မြန်မာ့ယဉ်ကျေးမှုရိုးရာတွေကိုလည်း တီးမိခေါက်မိအောင်၊ ကိုယ့်ခံစားချက်တွေကိုလည်း ဖော်ပြနိုင် အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🌻ဘယ်သူတွေက သင်ပေးမှာလဲ
***************************
သင်ကြားရေးတွင်ကျွမ်းကျင်သော ဝါရင့် မြန်မာစာ ဆရာ ဆရာမ များမှ နည်းစနစ်တကျ သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါတယ်။
🌻ဘယ်လိုသင်ကြားပေးမှာလဲ
*************************
မြန်မာစာ မြန်မာစကားကို သတ်မှတ်အဆင့်အလိုက်ကျွမ်းကျင်တတ်မြောက်အောင် Online မှ Zoom Live ဖြင့် နည်းစနစ်တကျ သင်ကြား ပေးသွားမှာပါ။
သင်တန်းသားရဲ့ လိုအပ်ချက်ပေါ်မူတည်၍ - English ဘာသာ စကားဖြင့်ပါ သင်ကြားပို့ချ ပေးသွား မှာဖြစ်ပါတယ်။
🌻ဒီသင်တန်းက ဘာတွေပြန်ရမလဲ
*****************************
မိမိတို့ ကလေးများကို မြန်မာဘာသာစာပေ ယဉ်ကျေးမှု့အမွေကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်သလို နွေဦးတော်လှန်ရေးမှာ အဓိကကျတဲ့ CDM Support ကက္ဍမှာ ပါဝင်ပံ့ပိုး ခွင့်ရရှိမှာဖြစ်ပါတယ် …
🗓️သင်တန်းစမည့်နေ့ :၂ ရက် နိုဝင်ဘာလ၂၀၂၄
🕑 သင်တန်းချိန် : စနေနေ့ နှင့် တနင်္ဂနွေနေ့
နေ့လည် (၃ )နာရီ မှ (၄) နာရီခွဲအထိ (SGT)
👉သင်တန်းကာလ : ၃ လ
သင်တန်းကြေး : SG$ 180
သင်တန်းကြေးကို နှစ်ကြိမ် ခွဲသွင်းနိုင်ပါသည်။
(* သင်တန်းကြေးအပြင် CDM Support အတွက် သီးခြားထပ်မံ လှူဒါန်းလိုပါက လည်း CB မှ ဆက်သွယ် ပေးပို့နိုင်ပါသည်။
* ရရှိသော သင်တန်းကြေးများကို CDM support team-NUG/MOE သို့ပေးပို့လှူဒါန်းပေးသွားပါမည်။)
စိတ်ဝင်စားလို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ FME-Myanmar Language School Chat box မှ စုံစမ်းမေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
🪔🪔ဝါလကင်းလွတ်သီတင်းကျွတ်🪔🪔
🏮မြန်မာတို့ရဲ့ သီတင်းဝါလကျွတ်တဲ့ အခါသမယကို ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ သီတင်းကျွတ်အကြောင်း ပြောကြတော့မယ်ဆိုရင် ဆီမီး မြိုင်မြိုင် ထွန်းကြတာတွေ၊ ကန်တော့ပန်းဆင်ကြတာတွေ အစရှိတဲ့ အရာတွေနဲ့ ဖော်ညွှန်း ဖော်ပြကြပါတယ်။ ဒါတွေအပြင်သီတင်းကျွတ်အခါသမယမှာ ပြုလုပ်တတ်ကြတဲ့ မြန်မာတို့ရဲ့ ချစ်စဖွယ် ဓလေ့လေးတစ်ခုလည်း ရှိနေပါသေးတယ်။
🏮သီတင်းကျွတ် အခါသမယဟာ ကွဲကွာနေကြတဲ့သူတွေ ဆုံစည်းတဲ့ ကာလဖြစ်သလို ခရီးလွန်ငှက်တွေ အိမ်ပြန်ကြတဲ့ ရာသီလည်း ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာ ခရစ္စမတ်ဆိုအလုပ် တွေကျောင်းတွေရက်ရှည်ပိတ်ကြသလိုပဲ မြန်မာနိုင်ငံမှာလဲ သီတင်ကျွတ်ရောက်ရင် အလုပ်တွေ ကျောင်းတွေပိတ်ကြပြီး မြန်မာပြည်သားတွေဟာ ဘယ်လောက်ပဲ အိမ်နဲ့အဝေး ရောက်နေပါစေ သီတင်းကျွတ်အချိန်အခါ ရောက်ပြီဆိုတာနဲ့ ကိုယ့်ရပ် ကိုယ့်ဌာနေ ကိုယ့်ဒေသကို မရောက်ရောက်အောင် ပြန်တတ်ကြပါတယ်။ အိမ်နဲ့ဝေးနေတဲ့ ကျောင်းသားတွေဟာ အထုပ်တွေ သိမ်းလို့ မိဘရင်ခွင် ပြန်တဲ့ရာသီ၊ အလုပ်ပိနေတတ်ကြတဲ့ အိမ်ဝေးသူတွေဟာ အလုပ်တွေ ပစ်ချလို့ ဇာတိမြေ ပြန်တဲ့ရာသီပဲ ဖြစ်ပါတယ်။
🏮သီတင်းကျွတ်အချိန်အခါဆိုတာ ဇာတိမြေမှာ မိဘမောင်ဘွား၊ ဆွေမျိုးညာတိ ၊ သူငယ်ချင်းအဖော်အပေါင်းတွေနဲ့ တစ်ပျော်တစ်ပါး စည်ကားနေတတ်တဲ့ ကာလပဲဖြစ်ပါတယ်။ အထီးမကျန်တော့တဲ့ အဘိုးအဘွားတွေရဲ့ အိမ်တွေ၊ လူပြန်စည်နေတဲ့ အမေနဲ့အဖေတို့ရဲ့ အိမ်ဂေဟာတွေ၊ ဆူညံနေတတ်တဲ့ နားခိုရာအိမ်တွေရဲ့ နွေးထွေးတဲ့ မြင်ကွင်း၊ ကြည်နူးစရာအငွေ့အသက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
🏮ဝေးကွာနေကြတဲ့ မိသားစုတွေဟာ ဆုံစည်းကြရင်း၊ မတွေ့ဖြစ်ကြတဲ့ ဆွေမျိုးတွေဟာ စုရုံးကြရင်း၊ မပြောဖြစ်တာကြတဲ့ သူငယ်ချင်းတွေဟာ တွတ်ထိုးကြရင်း သီတင်းကျွတ် အချိန်အခါကို တပျော်တပါး ဆင်နွှဲကြတာ ဖြစ်ပါတယ်။ လူစုံတက်စုံ ဆီမီးမြိုင်မြိုင်ထွန်းလို့၊ ပွဲစျေး အတူလျှောက်လို့၊ လူကြီးသူမတွေကို ကန်တော့ပန်းဆင်လို့ ပျော်ရွှင်ကြတဲ့ ကာလဟာ သီတင်းကျွတ်ကာလပဲ ဖြစ်ပါတယ်။
🏮ဒီလို အိမ်ပြန်နေကျ သီတင်းကျွတ်၊ ပြန်ဆုံနေကျ သီတင်းကျွတ်မှာ အိမ်ရဲ့အဝေးမှာ ရောက်နေသူတွေအားလုံး မကြာခင် ပြန်ဆုံစည်းကြစေဖို့အတွက် FME မိသားစုက လှိုက်လှိုက်လှဲလှဲဆုတောင်းပေးလိုက်ပါတယ်။
🙏စက်တင်ဘာ ၂၀၂၄ ရေဘေးအလှူ🙏
💪 ပြီးခဲ့တဲ့ စက်တင်ဘာ မှာ "ဘူးလေးရာဖရုံဆင့်" ဆိုသလို ဒုက္ခမျိုးစုံကြုံနေရတဲ့တိုင်းပြည်ဟာ ရေဘေးဒဏ်ပါခံခဲ့ရပြန်တယ်။
💪 အရေးကြုံရင် နိုင်သမျှပါဝင်ကူညီကြမယ်ဆိုတဲ့စိတ်နဲ့ FME team တစ်ခုလုံး ရေဘေးသင့် CDM ဆရာ ဆရာမ များနှင့်ပညာရေးဝန်ထမ်းများအတွက် အချိန်မီကူညီနိုင်ဖို့ မနားမနေတတ်စွမ်းသမျှ ကြိုးစားအလုပ်လုပ်ခဲ့ကြပါတယ် ...
ဒါကြောင့် စက်တင်ဘာလမှာ ရေဘေးသင့်ပညာရေး CDM များအတွက် ⭐ တစ်ရာငါးဆယ့်ခြောက်သိန်း ကျပ် ⭐ ၁၅,၆၀၀,၀၀၀/- ကျပ်တိတိ ကို NUG -MOE မှ ဆရာ ဆရာမများ အကူအညီဖြင့် မြေပြင်အရောက်ပေးပို့ကူညီခွင့်ရခဲ့ပါပြီ ...
💪နောက်လတွေမှာလည်း အစဉ်အလာမပြတ် ရှေ့ဆက်နိုင်ဖို့ FME မှာ သင်တန်းတွေ တက်ရောက်ရင်းပါဝင်အားဖြည့်ပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ် ..
💪ယခုလို လစဉ်မပျက်မကွက် CDM ရဲဘော်ရဲဘက်များကိုဂုဏ်ပြုထောက်ပံ့ နိုင်နေတဲ့အတွက် Freedom Myanmar Education မှာ သင်တန်းတက်ဖို့ ရွေးချယ်ပေးခဲ့ကြတဲ့ ကျောင်းသားမိဘများ၊ သင်တန်းသူ သင်တန်းသားများ၊ ဆရာဆရာမများ နဲ့ FME အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
🙏 အောက်တိုဘာ ၅ရက် ၂၀၂၄ ရက် ယနေ့ကျရောက်သော ကမ္ဘာ့ဆရာများ နေ့တွင် အမှန်တရားအတွက် စွန့်လွှတ်ပေးဆပ် ပါဝင်တိုက်ပွဲဝင် နေကြသော CDM ဆရာဆရာမအပေါင်းတို့အား လေးစားစွာ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။
🌿 မိခင်ဘာသာစကားသင်တန်း
၂၀၂၅ ခုနှစ်GCE O-Level ဖြေဆိုကြရမည့် စင်္ကာပူ နိုင်ငံရှိ မြန်မာကလေးငယ်အများအတွက် အထူးအစီအစဉ်တစ်ရပ်၊ မြန်မာဘာသာစကား (Burmese) ကို မိခင်ဘာသာစကား (MTL-Mother Tongue Language) အဖြစ်ယူထားသော စင်္ကာပူနိုင်ငံရှိ ကျောင်းသားကျောင်းသူများ အားထားရမည့် သင်တန်းတစ်ခုလည်းဖြစ်ပါတယ်။
🚩FME ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု ဖွင့်လှစ်ထားသော သင်တန်းကျောင်းဖြစ်၍ တရားဝင် အသိအမှတ်ပြု မိခင်ဘာသာစကား သင်ယူကြောင်း၊ အောင်မြင်ကြောင်း မှတ်တမ်းလွှာများ ထုတ်ပေးနိုင်သည့် သင်တန်းလည်းဖြစ်ပါတယ်။
👫သင်တန်းတက်ရောက်လိုသူ ကျောင်းသားများအနေနဲ့ FME-Myanmar Language School မှာဖွင့်လှစ်သင်ကြားပေးနေတဲ့ မြန်မာစာ မြန်မာစကား သင်တန်း M4 အဆင့် ပြီးမြောက်ရန်လိုအပ်ပါတယ်။ ဒါမှမဟုတ် FME က ပြုလုပ်တဲ့ အတန်းခွဲစာမေးပွဲ ကိုဖြေဆိုရမှာဖြစ်ပြီး M4 အဆင့် ပြည့်မီမှသာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
👉 သင်တန်းအမျိုးအစားကို အောက်ပါအတိုင်း (၃) မျိုးခွဲခြားထားပါတယ်
🎯 (၁) GCE O-Level Burmese 3249 Course
သင်တန်းကာလ - (၃) လ
🗓️ သင်တန်းစမည့်နေ့ : ၁၅ နိုဝင်ဘာလ ၂၀၂၃
🚩 သင်တန်းကြေး : SG$ 200
သင်တန်းကြေးကို နှစ်ကြိမ် ခွဲသွင်းနိုင်ပါသည်။
--------------------------------------------------------
🎯 (၂) GCE O-Level Burmese 3249 (Advanced Course)
သင်တန်းကာလ - (၃) လ
သင်တန်းကြေး - SGD 200
🗓️ ဒီသင်တန်းကိုတော့ GCE O-Level Burmese 3249 Course ပြီးမှသာ တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်...
🌿Course Outline
ရေမြေရပ်ခြားရှိ မြန်မာ့ရင်သွေးငယ်များ မိခင်မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားထောင်တတ်အောင် အထူးပြုစုထားသော သင်ခန်းစာများ၊ သင်ထောက်ကူများ၊ ခေတ်မီ သင်ကြားနည်းစနစ်များဖြင့် GCEO စာမေးပွဲ မေးခွန်းပုံစံအတိုင်း စာရေးသားခြင်း၊ နားလည်မှုစစ်ဆေးခြင်း၊ ဘာသာပြန်ခြင်း အပိုင်း (၃) ပိုင်းနဲ့ သင်ကြားပေးမှာဖြစ်ပါ တယ်။
🌿Course Outcomes
- မြန်မာဘာသာစကားကို ရင်းနှီးကျွမ်းဝင်လာမည်
- မြန်မာစာ စကားပြေ၊ စာစီစာကုံး၊ ပေးစာပြန်စာ
များကို စနစ်တကျ ရေးဖွဲ့နိုင်မည်
- GCE (O) Burmese ဘာသာရပ်ကို အလွယ်တကူ
ဖြေဆိုနိုင်မည်
- တန်ဖိုးထားစရာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့
ကို သိရှိနားလည် အသုံးချနိုင်မည်
- နားလည်မှုစစ်ဆေးခြင်းအပိုင်းမှာ ကျောင်းသားတွေကို မေးခွန်းဟောင်းတွေလေ့ကျင့်စေပြီး မေးခွန်းဟောင်းမှာမပါဘူးတဲ့ ကျော်ကြားတဲ့စာရေးဆရာတွေရဲ့ စာတွေကိုလည်း သင်ကြားပေးမှာပါ။
- ပုံပြင်များ၊ ရာဇဝင်ကြောင်းများကိုလည်း
သင်ခန်းစာများအနေဖြင့် သင်ကြားပေးမှာပါ။
************************************************
🎯 (၃) GCE O-Level Burmese 3249
Exam Preparation Course
သင်တန်းကာလ - (၂) လ
သင်တန်းကြေး - SGD 200
ဒီသင်တန်းကိုတော့ GCE O-Level Burmese 3249 (Advanced Course) ပြီးမှသာ တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်...
🌿ဒီသင်တန်းမှာတော့ မေးခွန်းဟောင်းတွေကို ဦးစားပေးသင်ကြားပေးမှာပါ။ အပိုင်း (၃) ပိုင်းလုံးက မေးခွန်းဟောင်း တွေကို များများလေ့ကျင့်ပေးမှာဖြစ်ပါတယ်။ အတန်းနောက်ဆုံးမှာ ကျောင်းကကျင်းပတဲ့ အစမ်း စာမေးပွဲဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒီအစမ်းစာမေးပွဲကိုတော့ GCEO မေးခွန်းပုံစံနဲ့ ဖြေဆိုရမှာပါ။
( * ရရှိသော သင်တန်းကြေးများကို CDM support team-NUG/MOE မှတဆင့် မြေပြင်အရောက်ပေးပို့လှူဒါန်းသွားမှာဖြစ်ပါသည်။)
စိတ်ဝင်စားလို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ FME-Myanmar Language School Chat box မှ စုံစမ်းမေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
O-Level
🎯သင်တန်းဝင်ခွင့်ဖြေဆိုရန် အသိပေးခြင်း 🎯
🚩 မြန်မာစာ အရေးအဖတ်ဦးစားပေး သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသော ကျောင်းသားကျောင်းသူ များ အတွက် သင်တန်းဝင်ခွင့် ဖြေဆိုရမည့်အချိန် ကို အောက်ပါအတိုင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။
👉 ပထမ အကြိမ်
နေ့ရက် - ၅ရက် အောက်တိုဘာ ၂၀၂၄ (စနေနေ့)
အချိန် - ညနေ ၄:၃၀ နာရီ မှ ၅:၃၀ အထိ (SGT)
👉 ဒုတိယအကြိမ်
နေ့ရက် - ၈ အောက်တိုဘာ ၂၀၂၄ (အင်္ဂါနေ့)
အချိန် - ညနေ ၆:၃၀ နာရီ မှ ည ၇:၃၀ အထိ (SGT)
မိမိ ကြိုက်နှစ်သက်ရာ အချိန် ကို page messenger တွင် စာရင်းပေးသွင်းကာ ဖြေဆိုနိုင်ပါသည်။
🍀 မြန်မာစာအရေးအဖတ် ဦးစားပေးသင်တန်း
(Basic + M1Level)
🍀 အိမ်မှာ မြန်မာလို ပြောနေကျပေမယ့် မြန်မာလို မရေးတတ်၊ မဖတ်တတ်လို့ အရေးအဖတ်သီးသန့်သင်ယူချင်တဲ့ကလေးများအတွက် အထူးသင်တန်း -
❓ ဘာတွေ သင်ပေးမှာလဲ။
ပုံမှန်အတန်းများထက် အရေးအဖတ်ကို ဦးစားပေးပြီး က၊ ခ အခြေခံကစလို့ သရတွေ၊ ဗျည်းတွဲတွေ၊ အသတ်တွေကို စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။
❓သင်တန်းတက်ဖို့ဘာလိုအပ်လဲ
အရေးအဖတ်ဦးစားပေးအတန်း ဖြစ်တာမို့ မြန်မာလို အခြေခံ ပြောတတ်ဖို့တော့ လိုပါတယ်။
ဒါကြောင့်မို့ ပေါ့ပေါ့ပါးပါး နှုတ်ဖြေ ဝင်ခွင့်စာမေးပွဲလေးတော့ ဖြေဖို့ လိုပါတယ်။
အရေးအဖတ်အခြေခံကနေ စသင်ပေးသွားမှာ ဖြစ်ပါတယ်။
❓အခြားဘာတွေ သင်ဦးမလဲ။
အပြော၊ အကြား သင်ခန်းစာတွေ၊ မြန်မာ့ ရေမြေ ယဥ်ကျေးမှုတွေကိုလည်း အရေးအဖတ်သင်ကြားရင်း ကျွဲကူးရေပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
❓ဘယ်သူတွေက သင်ပေးမှာလဲ
သင်ကြားရေးတွင်ကျွမ်းကျင်သော ဝါရင့် မြန်မာစာ ဆရာ ဆရာမ များမှ နည်းစနစ်တကျ သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါတယ်။
❓ဘယ်လို သင်ကြားပေးမှာလဲ
မြန်မာစာ မြန်မာစကားကို သတ်မှတ်အဆင့်အလိုက်ကျွမ်းကျင်တတ်မြောက်အောင် Online မှ Zoom Live ဖြင့် နည်းစနစ်တကျ သင်ကြား ပေးသွားမှာပါ။
သင်တန်းသားရဲ့ လိုအပ်ချက်ပေါ်မူတည်၍ - English ဘာသာ စကားဖြင့်ပါ သင်ကြားပို့ချ ပေးသွား မှာဖြစ်ပါတယ်။
❓ဒီသင်တန်းက ဘာတွေပြန်ရမလဲ
မိမိတို့ ကလေးများကို မြန်မာဘာသာစာပေ ယဉ်ကျေးမှု့အမွေကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်သလို နွေဦးတော်လှန်ရေးမှာ အဓိကကျတဲ့ CDM Support ကဏ္ဍမှာ ပါဝင်ပံ့ပိုး ခွင့်ရရှိမှာဖြစ်ပါတယ် ။
🗓️သင်တန်းစမည့်နေ့ : (၁၂)ရက်၊ အောက်တိုဘာလ၊ ၂၀၂၄ (စနေနေ့)
🕑သင်တန်းချိန် : စနေ ၊တနင်္ဂနွေ
မြန်မာ စံတော်ချိန် ညနေ (၃)နာရီခွဲ မှ ညနေ (၅) နာရီအထိ
စင်္ကာပူနိုင်ငံအချိန် ညနေ(၅)နာရီ မှ ညနေ (၆)နာရီခွဲ အထိ
👉သင်တန်းကာလ : ၃ လ
သင်တန်းကြေး : SG$ 150
သင်တန်းကြေးကို နှစ်ကြိမ် ခွဲသွင်းနိုင်ပါသည်။
* ရရှိသော သင်တန်းကြေးများကို CDM support team-NUG/MOE သို့ပေးပို့လှူဒါန်းသွားပါမည်။
စိတ်ဝင်စားလို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ FME-Myanmar Language School Chat box မှ စုံစမ်းမေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
🚩US & Canada မှာ နေထိုင်သောကလေးများအတွက် "မြန်မာစာ မြန်မာစကား" အခြေခံသင်တန်း
👉အသက် (၉) နှစ်နှင့်အထက် သင်တန်းသူသင်တန်းသားသီးသန့်
🚩မြန်မာစာ မြန်မာစကား အခြေခံအတန်း တက်ရောက်ရန် စိတ်ဝင်တစား အပ်နှံပေးကြတဲ့ မေမေ ဖေဖေတို့ကို အထူးကျေးဇူးတင်ရှိပါတယ်။🤗🤗
🚩၉နှစ်အောက် တန်းခွဲအတွက် သတ်မှတ်လူဦးရေပြည့်သွားပြီ ဖြစ်လို့ ထပ်မံ အပ်နှံချင်တဲ့ ဖေဖေ မေမေတို့ နောင်လာမယ့်တန်းခွဲတွေအတွက် စာရင်းကြိုပေးထားလို့ ရပါပြီ။🤗🤗
🚨🚨(၉)နှစ်နှင့် အထက် တန်းခွဲ အတွက် (၃) နေရာစာ ကျန်သေးတာကြောင့် အမြန်ဆုံး ဆက်သွယ်စာရင်းပေးလို့ရပါပြီ။🚨🚨
သင်တန်းအသေးစိတ်ကို အောက်ပါလင့်မှတစ်ဆင့်လေ့လာနိုင်ပါသည်။ 👇👇👇👇👇
https://m.facebook.com/story.php?story_fbid=496309549695466&id=100079492759632&mibextid=Nif5oz