19/08/2026
ဒီခေတ်မှာ English ကို အလွတ်ကျက်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ Native speakers တွေ လက်တွေ့မှာ နေ့တိုင်းသုံးတဲ့ Expressions နဲ့ Idioms တွေကို နားလည်ပြီး အသုံးချတတ်မှသာ စကားပြောပုံက ပိုသဘာဝကျ လာပါလိမ့်မယ်။
ဒီနေ့မှာတော့ နေ့စဉ်ဘဝမှာ အများဆုံးတွေ့ရတဲ့ Everyday Idioms တွေကို ရိုးရှင်းတဲ့ အဓိပ္ပာယ်၊ လက်တွေ့ Example Sentences တွေအပြင် မြန်မာလို ရှင်းလင်းချက်တွေနဲ့ပါ ဖော်ပြပေးထား ပါတယ်။
ဒီနေ့ကစပြီး တစ်နေ့ တစ်ခု လေ့လာလိုက်ပါ။ အချိန်မကုန်ဘဲ English Skill ကို တဖြည်းဖြည်း တိုးတက် လာပါလိမ့်မယ်။
Idiom (1)
"Cost an arm and a leg" ဆိုတာ
❌ လက်နဲ့ ခြေထောက်ကို ဖြတ်ပေးရတာ မဟုတ်ပါဘူးနော်။
✅ Native speakers တွေက
"Very expensive." ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးကြတာပါ။
Example:
That car costs an arm and a leg.
(အဲဒီကားက အရမ်းဈေးကြီးတယ်)