22/09/2026
👍👍👍👍
Thank you for arranging this amazing award ceremony ! Congratulations to all the students , parents and teachers !
ကျေးဇူးတင်လွှာ
============
SUPER GENIUS International Mathematics & Sciences Centre ၏ တတိယအကြိမ်မြောက် ဆုပေးပွဲကို ငွေဆောင်ကမ်းခြေ၊ ယမုံနာဦးဟိုတယ်တွင် (20.9.2026)နေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ ဆုပေးပွဲကို ကြွရောက် ချီးမြှင့်ပေးကြသော သက်ဆိုင်ရာမိတ်ဖက်ကျောင်းများမှ ကျောင်းတည်ထောင်သူများ၊ ကျောင်အုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများကို ကျေးဇူးတင်အပ်ပါတယ်။
Congratulations Speech Video Clips များ ပို့ပေးကြပါသော KEO ၏ တာဝန်ရှိသူ Miss Irene Man နဲ့ NOVA ၏ တာဝန်ရှိသူ Mr. Ivan Lam တို့အား ကျေးဇူးအထူးတင်အပ်ပါတယ်။
Country Organizer အနေနဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲဖြစ်တာကြောင့် လိုအပ်ချက်၊ အားနည်းချက်၊ ပျက်ကွက်မှု၊ လစ်ဟင်းမှုများ ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျ။
အခမ်းအနားတစ်ခုလုံး အောင်အောင်မြင်မြင် ပြီးမြောက်ဖို့ ဝိုင်းဝန်းကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်အပ်ပါတယ်။ အထူးသဖြင့် နေ့မအား ညမအားကြိုးစားပေးကြသော SUPER GENIUS Team မှ ဆရာ ဆရာမများ၊ ထပ်မံအားဖြည့်ကူညီပေးခဲ့ကြသော FOR STARS English Language Centre မှ Founder Tr ဒေါ်ခင်နီလာဝင်း နှင့် ဆရာ ဆရာမများ၊ အခမ်းအနားအပြင်အဆင်ကို မေတ္တာဖြင့်ကူညီပေးပါသော တိုက်ကြီးမြို့မှ ကိုသိန်းထွန်းပန်းအလှဆင်အဖွဲ့၊ အစစအရာရာ လိုလေသေးမရှိအောင် စီစဥ်ပေးပါသော ယမုံနာဦးဟိုတယ်မှ မန်နေဂျာနှင့် ဝန်ထမ်းများ၊ ပုသိမ်မြို့ EMPIRE Photo မှဝန်ထမ်းများ၊ ဆုပေးပွဲအတွက် အကြံကောင်း ဉာဏ်ကောင်းများပေးပြီး အစစအရာရာကူညီပေးပါသော ပုသိမ်မြို့ Stars of the Future Olympiad Centre မှ Tr Htut နဲ့ Tr Wah တို့ကို ကျေးဇူးအထူးတင်အပ်ပါတယ်ခင်ဗျာ။
" The Average to the Genius " ဆိုတဲ့ SUPER GENIUS ရဲ့ ဆောင်ပုဒ်အတိုင်း မြန်မာကျောင်းသား ကျောင်းသူများအတွက် အမှန်တကယ်အကျိုးရှိစေမယ့် နိုင်ငံတကာ ပြိုင်ပွဲများကို အောင်မြင်စွာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။
သတင်းကောင်းတစ်ခုအနေဖြင့် ၂၀၂၇ ဆုပေးပွဲကို ပုဂံမြို့တွင် ကျင်းပဖို့ရည်ရွယ်ထားပါတယ်။ SUPER GENIUS မှ ကျင်းပသော နိုင်ငံတကာပြိုင်ပွဲများကို ကြိုးစားဖြေဆို၊ ဆုတွေပိုင်ဆိုင်ပြီး ၊ ဆုပေးပွဲမှာ ပြန်ဆုံကြပါစို့။