12/04/2026
၂၂၇ သွယ် ရဟန်း ဝိနည်းတော် အကျဉ်း
(Credit with Thanks 🙏🙏🙏)
“၂၂၇ သွယ် ဝိနည်းတော်အကျဉ်း"
{ပါရာဇိက ၄ ပါး }
၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။
{သံဃဒိသိသ် ၁၃ ပါး }
၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။
{ အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) }
၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ
{ နိသဂ္ဂိပါစိတ် ၃၀ ပါး }
၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ မနေရ။
၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဌာန်တင်ရမည်။
၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။
၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
၂၆ ။ သင်္ကန်းတောင်းခွင်းရှိသော်လည်း နှစ်ထည်ထက်ပိုမတောင်းရ။
၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက်သင်္ကန်းဖိုး မစီရင်ရ။
၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
၃၁ ။ အမည်း ၊ အနက် သိုးမွေးကို အခင်းမပြုရ။
၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။
၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။
၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။
၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် လွန်၍မယူရ။
၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမဖွတ်ခိုင်းရ။
၃၇ ။ ရွှေ ၊ ငွေတို့ကို မကိုင်ခံရ။
၃၈ ။ အရောင်းအဝယ် မပြုရ။
၃၉ ။ အလဲ အလှယ် မပြုရ။
၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်မတောင်းရ။
၄၂ ။ ထောပတ်၊ဆီ၊ပျား၊တင်လဲတို့ကို (၇)ရက်ထက်ပိုမထားရ။
၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက်ပိုမဆောင်ရ
၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
၄၅ ။ ချည်ကိုတောင်း၍ မယက်ခိုင်းရ။
၄၆ ။အမျိုးတော်ခြင်းဖိတ်ခြင်းမရှိဘဲရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။
၄၈ ။ သမ္မုတိမရဘဲ တိစီသရိတ်သင်္ကန်းနှင့်(၆) ညဉ့်အကင်းရ။
၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။
{ သုဒ္ဓပါစိတ် (၉၂)ပါး}
၅၀ ။ မုသားမပြောရ။
၅၁ ။ မဆဲရ။
၅၂ ။ ကုန်းမတိုက်ရ။
၅၃ ။ လူ ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။
၅၄ ။ တစ်ကျောင်းတည်း၌လူ ၊ သာမဏေနှင့် (၃)ညဉ့်ထက် မအိပ်ရ။
၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။
၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။
၅၇ ။ မိမိရသော စျာန်၊မဂ်၊ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊သာမဏေအား မပြောရ။
၅၉ ။ မြေကိုမတူးရ။
၆၀ ။ သစ်ပင်မခုတ်ရ။
၆၁ ။ ရဟန်းတပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
၆၂ ။ သမ္မုတိရသောရဟန်းကို မရှုပ်ချအပ်။
၆၃ ။ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။
၆၄ ။ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။
၆၅ ။ သံဃိကကျောင်း၌ အိပ်နေသောရဟန်းကို နှိုး၍ မအိပ်ရ။
၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂဒေ မလိမ်းကျံရ။
၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊မြက်ပေါ်သို့ မသွန်ရ။
၇၀ ။ သမ္မုတိမရဘဲနှင့်ရဟန်းမအား မဆုံးမရ။
၇၁ ။ သမ္မုတိရသော်လည်းနေဝင်လျှင် မဆုံးမရ။
၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။
၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
၇၉ ။ အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။
၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။
၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ထမင်းစားဖိတ်လျှင် မစားရ။
၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
၈၃ ။ လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။
၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။
၈၆ ။ နေလွဲသောအခါ ညစာမစားရ။
၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
၈၉ ။ အကပ်မခံဘဲ ဘာကိုမျှမစားရ။
၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။
၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
၉၇ ။ အင်္ဂါ(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။
၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။
၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။
၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
၁၀၂ ။ ရေထဲမှာ မကစားရ။
၁၀၃ ။ သိက္ခာကြီး၊ဝါတော်ကြီးကို မရိုမသေမနေရ။
၁၀၄ ။ ရဟန်းချင်း မလှန့် မခြောက်ရ။
၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
၁၀၈ ။ ဝိကပ္ပနပြုသည့် သင်္ကန်းကို ဝိကပ္ပနမပြန်ဘဲ မသုံးရ။
၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ ၊ မကျီစားရ။
၁၁၀ ။ ပိုး၊တိရစ္ဆာန်တို့ကို မသတ်ရ။
၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။
၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
၁၁၅ ။ ခိုးသား၊ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၇ ။ မိစ္ဆာဒိဌိဝါဒများကို မယူရ။၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၂၀ ။ ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။
၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။
၁၂၅ ။ လူ ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။
၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။
၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှမကဲ့ရဲ့ရ။
၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
၁၃၂ ။ မင်း၊မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
၁၃၃ ။ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။
{ပါဋိဒေသနီ(၄)ပါး }
၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
၁၄၅ ။ ဘေးရန်ရှိသည်ကိုမပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။
{သေခိယ (၇၅)ပါး}
၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။
၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။
၁၄၈ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
၁၄၉ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
၁၅၀ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာ သွားရမည်။
၁၅၁ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာနေရမည်။
၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။
၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာမသွားရ။
၁၅၆ ။ ရွာထဲမှာကျယ်ကျယ်ရယ်၍ မသွားရ။
၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
၁၅၈ ။ ရွာထဲမှာကျယ်ကျယ် စကားပြော၍ မသွားရ။
၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မသွားရ။
၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မနေရ။
၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။
၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍မသွားရ။
၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍မနေရ။
၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။
၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည် ။
၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
၁၇၆ ။ ဆွမ်းကိုရိုသေစွာ စားရမည်။
၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
၁၇၈ ။ ဆွမ်းကို အစဉ်လိုက်စားရမည်။
၁၇၉ ။ ဆွမ်း၏လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။
၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။
၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍မစားရ။
၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။
၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍မစားရ။
၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။
၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။
၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။
၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်းမပြုရ။
၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
၁၉၇ ။ လက်ကိုလျှက်၍ဆွမ်းမစားရ။
၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာမသွန်ရ။
၂၀၂ ။ ထီး လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၃ ။ တုတ်လက်၌ရှိသောသူကို တရားမဟောရ။
၂၀၄ ။ ဓား လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၅ ။ လေး လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။
၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။
၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
၂၁၃ ။ ခေါင်းမြီးခြံုထားသူကို တရားမဟောရ။
၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကိုတရားမဟောရ။
၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။
၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊တံတွေး မစွန့်ရ။
၂၂၀။ ရေထဲမှာ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊နာဖျားချိန်၌ ကျင်ကြီး၊ကျင်ငယ်၊တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)
{အဓိကရဏ သမထ(၇) ပါး}
၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း ၊ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ပြုအပ်သောယေဘုယျဝိနည်း။
၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။
03/02/2026
ID Card နိုင်ငံသားစိစစ်ရေးကဒ်ပြား
Credit 🙏🙏🙏
နိုင်ငံသားစိစစ်ရေးကဒ် ရှေ့နံပါတ်က...
၁/ ဖြစ်လျှင် ကချင်ပြည်နယ်
၂/ဖြစ်လျှင် ကယားပြည်နယ်
၃/ဖြစ်လျှင် ကရင်ပြည်နယ်
၄/ဖြစ်လျှင် ချင်းပြည်နယ်
၅/ဖြစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီး
၆/ဖြစ်လျှင် တနင်္သာရီတိုင်းဒေသကြီး
၇/ဖြစ်လျှင် ပဲခူးတိုင်းဒေသကြီး
၈/ဖြစ်လျှင် မကွေးတိုင်းဒေသကြီး
၉/ဖြစ်လျှင် မန္တလေးတိုင်းဒေသကြီး
၁၀/ဖြစ်လျှင် မွန်ပြည်နယ်
၁၁/ဖြစ်လျှင် ရခိုင်ပြည်နယ်
၁၂/ဖြစ်လျှင် ရန်ကုန်တိုင်းဒေသကြီး
၁၃/ဖြစ်လျှင် ရှမ်းပြည်နယ်
၁၄/ဖြစ်လျှင် ဧရာဝတီတိုင်းဒေသကြီး
(၁) ကချင်ပြည်နယ် (မြိုတော် – မြစ်ကြီးနားမြို)
ကချင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြိုနယ် (၁၈)မြိုနယ် ရှိပါသည်။
မြစ်ကြီးနားခရိုင်
၁။ မြစ်ကြီးနားမြိုနယ် – ၁/မကန(နိုင်)
၂။ ဝိုင်းမော်မြိုနယ် – ၁/ဝမန(နိုင်)
၃။ ချီဖွေမြိုနယ် – ၁/ခဖန(နိုင်)
၄။ ဆော့လော်မြိုနယ် – ၁/ဆလန(နိုင်)
၅။ တနိုင်းမြိုနယ် – ၁/တနန(နိုင်)
၆။ အင်ဂျန်းယန်မြိုနယ် – ၁/အဂယ(နိုင်)
မိုးညှင်းခရိုင်
၇။ မိုးညှင်းမြိုနယ် – ၁/မညန(နိုင်)
၈။ မိုးကောင်းမြိုနယ် – ၁/မကန(နိုင်)
၉။ ဖားကန့်မြိုနယ် – ၁/ကမန(နိုင်)
ဗန်းမော်ခရိုင်
၁၀။ ဗန်းမော်မြိုနယ် – ၁/ဗမန(နိုင်)
၁၁။ ရွှေကူမြိုနယ် – ၁/ရကန(နိုင်)
၁၂။ မံစီမြိုနယ် – ၁/မစန(နိုင်)
၁၃။ မိုးမောက်မြိုနယ် – ၁/မမန(နိုင်)
ပူတာအိုခရိုင်
၁၄။ ပူတာအိုမြိုနယ် – ၁/ပတအ(နိုင်)
၁၅။ ဆွမ်ပရာဘွမ်မြိုနယ် – ၁/ဆပဘ(နိုင်)
၁၆။ မချမ်းဘောမြိုနယ် – ၁/မခဘ(နိုင်)
၁၇။ ခေါင်းလန်းဖူးမြိုနယ် – ၁/ခဘဒ(နိုင်)
၁၈။ နောင်မွန်းမြိုနယ် – ၁/နမန(နိုင်)
(၂) ကယားပြည်နယ် (မြိုတော် – လွိင်ကော်မြို)
ကယားပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြိုနယ် (၇)မြိုနယ် ရှိပါသည်။
လွိင်ကော်ခရိုင်
၁။ လွိင်ကော်မြိုနယ် – ၂/လကန(နိုင်)
၂။ ဒီးမော့ဆိုမြိုနယ် – ၂/ဒမဆ(နိုင်)
၃။ ဖရူဆိုမြိုနယ် – ၂/ဖရဆ(နိုင်)
၄။ ရှားတောမြိုနယ် – ၂/ရတန(နိုင်)
ဘော်လခဲခရိုင်
၅။ ဘော်လခဲမြိုနယ် – ၂/ဘလခ(နိုင်)
၆။ မယ်စဲ့မြိုနယ် – ၂/မစန(နိုင်)
၇။ ဖာဆောင်းမြိုနယ် – ၂/ဖဆန(နိုင်)
(၃) ကရင်ပြည်နယ် (မြိုတော် – ဘားအံမြို)
ကရင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြိုနယ် (၇)မြိုနယ် ရှိပါသည်။
ဘားအံခရိုင်
၁။ ဘားအံမြိုနယ် – ၃/ဘအန(နိုင်)
၂။ လှိင်းဘွဲမြိုနယ် – ၃/လဘန(နိုင်)
၃။ သံတောင်ကြီးမြိုနယ် – ၃/သတန(နိုင်)
ကော့ကရိတ်ခရိုင်
၄။ ကော့ကရိတ်မြိုနယ် – ၃/ကကရ(နိုင်)
၅။ ကြာအင်းဆိပ်ကြီးမြိုနယ် – ၃/ကဆက(နိုင်)
မြဝတီခရိုင်
၆။ မြဝတီမြိုနယ် – ၃/မဝတ(နိုင်)
ဖာပွန်ခရိုင်
၇။ ဖာပွန်မြိုနယ် – ၃/ဖပန(နိုင်)
(၄) ချင်းပြည်နယ် (မြိုတော် – ဟားခါးမြို)
ချင်းပြည်နယ်တွင် ခရိုင်(၃)ခရိုင်၊ မြိုနယ် (၉)မြိုနယ် ရှိပါသည်။
ဟားခါးခရိုင်
၁။ ဟားခါးမြိုနယ် – ၄/ဟခန(နိုင်)
၂။ ထန်တလန်မြိုနယ် – ၄/ထတလ(နိုင်)
မင်းတပ်ခရိုင်
၃။ မင်းတပ်မြိုနယ် – ၄/မတန(နိုင်)
၄။ ပလက်ဝမြိုနယ် – ၄/ပလဝ(နိုင်)
၅။ မတူပီမြိုနယ် – ၄/မတပ(နိုင်)
၆။ ကန်ပက်လက်မြိုနယ် – ၄/ကပလ(နိုင်)
ဖလမ်းခရိုင်
၇။ ဖလမ်းမြိုနယ် – ၄/ဖလန(နိုင်)
၈။ တီးတိန်မြိုနယ် – ၄/တတန(နိုင်)
၉။ တွန်းဇံမြိုနယ် – ၄/တဇန(နိုင်)
(၅) စစ်ကိုင်းတိုင်းဒေသကြီး (မြိုတော် – မုံရွာမြို)
စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်(၉)ခရိုင်၊ မြိုနယ် (၃၇)မြိုနယ် ရှိပါသည်။
မုံရွာခရိုင်
၁။ မုံရွာမြိုနယ် – ၅/မရန(နိုင်)
၂။ အရာတော်မြိုနယ် – ၅/အရတ(နိုင်)
၃။ ချောင်းဦးမြိုနယ် – ၅/ခဥတ(နိုင်)
၄။ ဘုတလင်မြိုနယ် – ၅/ဘတလ(နိုင်)
စစ်ကိုင်းခရိုင်
၅။ စစ်ကိုင်းမြိုနယ် – ၅/စကန(နိုင်)
၆။ မြောင်မြိုနယ် – ၅/မမန(နိုင်)
၇။ မြင်းမူမြိုနယ် – ၅/မမတ(နိုင်)
ကလေးခရိုင်
၈။ ကလေးမြိုနယ် – ၅/ကလထ(နိုင်)
၉။ ကလေးဝမြိုနယ် – ၅/ကလဝ(နိုင်)
၁၀။ မင်းကင်းမြိုနယ် – ၅/မကန(နိုင်)
ကသာခရိုင်
၁၁။ ကသာမြိုနယ် – ၅/ကသန(နိုင်)
၁၂။ အင်းတော်မြိုနယ် – ၅/အတန(နိုင်)
၁၃။ ဗန်းမောက်မြိုနယ် – ၅/ဗမန(နိုင်)
၁၄။ ကောလင်းမြိုနယ် – ၅/ကလတ(နိုင်)
၁၅။ ပင်လည်ဘူးမြိုနယ် – ၅/ပလဘ(နိုင်)
၁၆။ ဝန်းသိုမြိုနယ် – ၅/ဝသန(နိုင်)
၁၇။ ထီးချိုင့်မြိုနယ် – ၅/ထခန(နိုင်)
ခန္တီးခရိုင်
၁၈။ ခန္တီးမြိုနယ် – ၅/ခတန(နိုင်)
၁၉။ ဟုမ္မလင်းမြိုနယ် – ၅/ဟမလ(နိုင်)
၂၀။ လေရှီးမြိုနယ် – ၅/လရန(နိုင်)
၂၁။ နန်းယွန်းမြိုနယ် – ၅/နယန(နိုင်)
၂၂။ လဟယ်မြိုနယ် – ၅/လဟန(နိုင်)
မော်လိုက်ခရိုင်
၂၃။ မော်လိုက်မြိုနယ် – ၅/မလန(နိုင်)
၂၄။ ဖောင်းပြင်မြိုနယ် – ၅/ဖပန(နိုင်)
ယင်းမာပင်ခရိုင်
၂၅။ ယင်းမာပင်မြိုနယ် – ၅/ယမပ(နိုင်)
၂၆။ ဆားလင်းကြီးမြိုနယ် – ၅/ဆလက(နိုင်)
၂၇။ ပုလဲမြိုနယ် – ၅/ပလန(နိုင်)
၂၈။ ကနီမြိုနယ် – ၅/ကနန(နိုင်)
ရွှေဘိုခရိုင်
၂၉။ ရွှေဘိုမြိုနယ် – ၅/ရဘန(နိုင်)
၃၀။ ဒီပဲယင်းမြိုနယ် – ၅/ဒပယ(နိုင်)
၃၁။ ကန့်ဘလူမြိုနယ် – ၅/ကဘလ(နိုင်)
၃၂။ ခင်ဦးမြိုနယ် – ၅/ခဥန(နိုင်)
၃၃။ ကျွန်းလှမြိုနယ် – ၅/ကလန(နိုင်)
၃၄။ တန့်ဆည်မြိုနယ် – ၅/တဆန(နိုင်)
၃၅။ ရေဦးမြိုနယ် – ၅/ရဥန(နိုင်)
၃၆။ ဝက်လက်မြိုနယ် – ၅/ဝလန(နိုင်)
တမူးခရိုင်
၃၇။ တမူးမြိုနယ် – ၅/တမန(နိုင်)
(၆) တနင်္သာရီတိုင်းဒေသကြီး (မြိုတော် – ထားဝယ်မြို)
တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင်(၃)ခရိုင်၊ မြိုနယ် (၁၀)မြိုနယ် ရှိပါသည်။
ထားဝယ်ခရိုင်
၁။ ထားဝယ်မြိုနယ် – ၆/ထဝန(နိုင်)
၂။ လောင်းလုံးမြိုနယ် – ၆/လလန(နိုင်)
၃။ သရက်ချောင်းမြိုနယ် – ၆/သရခ(နိုင်)
၄။ ရေဖြူမြိုနယ် – ၆/ရဖန(နိုင်)
မြိတ်ခရိုင်
၅။ မြိတ်မြိုနယ် – ၆/မမန(နိုင်)
၆။ တနင်္သာရီမြိုနယ် – ၆/တသရ(နိုင်)
၇။ ကျွန်းစုမြိုနယ် – ၆/ကစန(နိုင်)
၈။ ပုလောမြိုနယ် – ၆/ပလန(နိုင်)
ကော့သောင်းခရိုင်
၉။ ကော့သောင်းမြိုနယ် – ၆/ကသန(နိုင်)
၁၀။ ဘုတ်ပြင်းမြိုနယ် – ၆/ဘပန(နိုင်)
(၇) ပဲခူးတိုင်းဒေသကြီး (မြိုတော် – ပဲခူးမြို)
ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြိုနယ် (၂၈)မြိုနယ် ရှိပါသည်။
ပဲခူးခရိုင်
၁။ ပဲခူးမြိုနယ် – ၇/ပခန(နိုင်)
၂။ ဒိုက်ဦးမြိုနယ် – ၇/ဒဥန(နိုင်)
၃။ ကျောက်တံခါးမြိုနယ် – ၇/ကတခ(နိုင်)
၄။ ကဝမြိုနယ် – ၇/ကဝန(နိုင်)
၅။ ညောင်လေးပင်မြိုနယ် – ၇/ညလပ(နိုင်)
၆။ ရွှေကျင်မြိုနယ် – ၇/ရကန(နိုင်)
၇။ သနပ်ပင်မြိုနယ် – ၇/သနပ(နိုင်)
၈။ ဝေါမြိုနယ် – ၇/ဝမန(နိုင်)
ပြည်ခရိုင်
၉။ ပြည်မြိုနယ် – ၇/ပမန(နိုင်)
၁၀။ ပန်းတောင်းမြိုနယ် – ၇/ပတန(နိုင်)
၁၁။ သဲကုန်းမြိုနယ် – ၇/သကန(နိုင်)
၁၂။ ပေါက်ခေါင်းမြိုနယ် – ၇/ပခတ(နိုင်)
၁၃။ ပေါင်းတည်မြိုနယ် – ၇/ပတတ(နိုင်)
၁၄။ ရွှေတောင်မြိုနယ် – ၇/ရတန(နိုင်)
သာယာဝတီခရိုင်
၁၅။ သာယာဝတီမြိုနယ် – ၇/သဝတ(နိုင်)
၁၆။ မိုးညိုမြိုနယ် – ၇/မညန(နိုင်)
၁၇။ အုတ်ဖိုမြိုနယ် – ၇/အဖန(နိုင်)
၁၈။ လက်ပံတန်းမြိုနယ် – ၇/လပတ(နိုင်)
၁၉။ မင်းလှမြိုနယ် – ၇/မလန(နိုင်)
၂၀။ နတ်တလင်းမြိုနယ် – ၇/နတလ(နိုင်)
၂၁။ ဇီးကုန်းမြိုနယ် – ၇/ဇကန(နိုင်)
၂၂။ ကြိုပင်ကောက်မြိုနယ် – ၇/ကပက(နိုင်)
တောင်ငူခရိုင်
၂၃။ တောင်ငူမြိုနယ် – ၇/တငန(နိုင်)
၂၄။ ထန်းတပင်မြိုနယ် – ၇/ထတပ(နိုင်)
၂၅။ ဖြူးမြိုနယ် – ၇/ဖမန(နိုင်)
၂၆။ အုတ်တွင်းမြိုနယ် – ၇/အတန(နိုင်)
၂၇။ ရေတာရှည်မြိုနယ် – ၇/ရတရ(နိုင်)
၂၈။ ကျောက်ကြီးမြိုနယ် – ၇/ကကန(နိုင်)
(၈) မကွေးတိုင်းဒေသကြီး (မြိုတော် – မကွေးမြို)
မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခရိုင်၊ မြိုနယ် (၂၅)မြိုနယ် ရှိပါသည်။
မကွေးခရိုင်
၁။ မကွေးမြိုနယ် – ၈/မကန(နိုင်)
၂။ နတ်မောက်မြိုနယ် – ၈/နမန(နိုင်)
၃။ မြိုသစ်မြိုနယ် – ၈/မသန(နိုင်)
၄။ တောင်တွင်းကြီးမြိုနယ် – ၈/တတက(နိုင်)
၅။ ရေနံချောင်းမြိုနယ် – ၈/ရနခ(နိုင်)
၆။ ချောက်မြိုနယ် – ၈/ခမန(နိုင်)
မင်းဘူးခရိုင်
၇။ မင်းဘူး(စကု)မြိုနယ် – ၈/မဘန(နိုင်)
၈။ ပွင့်ဖြူမြိုနယ် – ၈/ပဖန(နိုင်)
၉။ ငဖဲမြိုနယ် – ၈/ငဖန(နိုင်)
၁၀။ စလင်းမြိုနယ် – ၈/စလန(နိုင်)
၁၁။ စေတုတ္တရာမြိုနယ် – ၈/စတရ(နိုင်)
ဂန့်ဂေါခရိုင်
၁၂။ ဂန့်ဂေါမြိုနယ် – ၈/ဂဂန(နိုင်)
၁၃။ ထီးလင်းမြိုနယ် – ၈/ထလန(နိုင်)
၁၄။ ဆောမြိုနယ် – ၈/ဆမန(နိုင်)
သရက်ခရိုင်
၁၅။ သရက်မြိုနယ် – ၈/သရန(နိုင်)
၁၆။ ဆင်ပေါင်ဝဲမြိုနယ် – ၈/ဆပဝ(နိုင်)
၁၇။ မင်းတုန်းမြိုနယ် – ၈/မတန(နိုင်)
၁၈။ အောင်လံမြိုနယ် – ၈/အလန(နိုင်)/မထန(နိုင်)
၁၉။ မင်းလှမြိုနယ် – ၈/မလန(နိုင်)
၂၀။ ကံမမြိုနယ် – ၈/ကမန(နိုင်)
ပခုက္ကူခရိုင်
၂၁။ ပခုက္ကူမြိုနယ် – ၈/ပခက(နိုင်)
၂၂။ ဆိပ်ဖြူမြိုနယ် – ၈/ဆဖန(နိုင်)
၂၃။ ပေါက်မြိုနယ် – ၈/ပမန(နိုင်)
၂၄။ မြိုင်မြိုနယ် – ၈/မမန(နိုင်)
၂၅။ ရေစကြိုမြိုနယ် – ၈/ရစက(နိုင်)
(၉) မန္တလေးတိုင်းဒေသကြီး (မြိုတော် – မန္တလေးမြို)
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခရိုင်၊ မြိုနယ် (၂၈)မြိုနယ် ရှိပါသည်။
မန္တလေးခရိုင်
၁။ အောင်မြေသာဇံမြိုနယ် – ၉/အမဇ(နိုင်)
၂။ ချမ်းအေးသာဇံမြိုနယ် – ၉/ခအဇ(နိုင်)
၃။ ချမ်းမြသာစည်မြိုနယ် – ၉/ခမစ(နိုင်)
၄။ မဟာအောင်မြေမြိုနယ် – ၉/မဟမ(နိုင်)
၅။ ပြည်ကြီးတံခွန်မြိုနယ် – ၉/ပကခ(နိုင်)
၆။ ပုသိမ်ကြီးမြိုနယ် – ၉/ပသက(နိုင်)
၇။ အမရပူရမြိုနယ် – ၉/အမရ(နိုင်)
ကျောက်ဆည်ခရိုင်
၈။ ကျောက်ဆည်မြိုနယ် – ၉/ကဆန(နိုင်)
၉။ မြစ်သားမြိုနယ် – ၉/မသန(နိုင်)
၁၀။ စဉ့်ကိုင်မြိုနယ် – ၉/စကတ(နိုင်)
၁၁။ တံတားဦးမြိုနယ် – ၉/တတဥ(နိုင်)
မိတ္ထီလာခရိုင်
၁၂။ မိတ္ထီလာမြိုနယ် – ၉/မထလ(နိုင်)
၁၃။ မလှိင်မြိုနယ် – ၉/မလန(နိုင်)
၁၄။ သာစည်မြိုနယ် – ၉/သစန(နိုင်)
၁၅။ ဝမ်းတွင်းမြိုနယ် – ၉/ဝတန(နိုင်)
မြင်းခြံခရိုင်
၁၆။ မြင်းခြံမြိုနယ် – ၉/မခန(နိုင်)
၁၇။ နွားထိုးကြီးမြိုနယ် – ၉/နထက(နိုင်)
၁၈။ ငါန်းဇွန်မြိုနယ် – ၉/ငဇန(နိုင်)
၁၉။ တောင်သာမြိုနယ် – ၉/တသန(နိုင်)
ညောင်ဦးခရိုင်
၂၀။ ညောင်ဦးမြိုနယ် – ၉/ညဥန(နိုင်)
၂၁။ ကျောက်ပန်းတောင်းမြိုနယ် – ၉/ကပတ(နိုင်)
ပြင်ဦးလွင်ခရိုင်
၂၂။ ပြင်ဦးလွင်မြိုနယ် – ၉/မမန(နိုင်)/ပဥလ(နိုင်)
၂၃။ မိုးကုတ်မြိုနယ် – ၉/မကန(နိုင်)
၂၄။ စဉ့်ကူးမြိုနယ် – ၉/စကန(နိုင်)
၂၅။ သပိတ်ကျင်းမြိုနယ် – ၉/သပက(နိုင်)
၂၆။ မတ္တရာမြိုနယ် – ၉/မတရ(နိုင်)
ရမည်းသင်းခရိုင်
၂၇။ ရမည်းသင်းမြိုနယ် – ၉/ရမသ(နိုင်)
၂၈။ ပျော်ဘွယ်မြိုနယ် – ၉/ပဘန(နိုင်)
(၁၀) မွန်ပြည်နယ် (မြိုတော် – မော်လမြိုင်မြို)
မွန်ပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြိုနယ် (၁၀)မြိုနယ် ရှိပါသည်။
မော်လမြိုင်ခရိုင်
၁။ မော်လမြိုင်မြိုနယ် – ၁၀/မလမ(နိုင်)
၂။ ရေးမြိုနယ် – ၁၀/ရမန(နိုင်)
၃။ ချောင်းဆုံမြိုနယ် – ၁၀/ခဆန(နိုင်)
၄။ ကျိုက်မရောမြိုနယ် – ၁၀/ကမရ(နိုင်)
၅။ မုဒုံမြိုနယ် – ၁၀/မဒန(နိုင်)
၆။ သံဖြူဇရပ်မြိုနယ် – ၁၀/သဖရ(နိုင်)
သထုံခရိုင်
၇။ သထုံမြိုနယ် – ၁၀/သထန(နိုင်)
၈။ ဘီးလင်းမြိုနယ် – ၁၀/ဘလန(နိုင်)
၉။ ကျိုက်ထိုမြိုနယ် – ၁၀/ကထန(နိုင်)
၁၀။ ပေါင်မြိုနယ် – ၁၀/ပမန(နိုင်)
(၁၁) ရခိုင်ပြည်နယ် (မြိုတော် – စစ်တွေမြို)
ရခိုင်ပြည်နယ်တွင် ခရိုင်(၅)ခရိုင်၊ မြိုနယ် (၁၇)မြိုနယ် ရှိပါသည်။
စစ်တွေခရိုင်
၁။ စစ်တွေမြိုနယ် – ၁၁/စတန(နိုင်)
၂။ ပေါက်တောမြိုနယ် – ၁၁/ပတန(နိုင်)
၃။ ပုဏ္ဏားကျွန်းမြိုနယ် – ၁၁/ပဏတ(နိုင်)
၄။ ရသေ့တောင်မြိုနယ် – ၁၁/ရသတ(နိုင်)
ကျောက်ဖြူခရိုင်
၅။ ကျောက်ဖြူမြိုနယ် – ၁၁/ကဖန(နိုင်)
၆။ ရမ်းဗြဲမြိုနယ် – ၁၁/ရဗန(နိုင်)
၇။ အမ်းမြိုနယ် – ၁၁/အမန(နိုင်)
၈။ မာန်အောင်မြိုနယ် – ၁၁/မအန(နိုင်)
မြောက်ဦးခရိုင်
၉။ မြောက်ဦးမြိုနယ် – ၁၁/မဥန(နိုင်)
၁၀။ မြေပုံမြိုနယ် – ၁၁/မပတ(နိုင်)
၁၁။ မင်းပြားမြိုနယ် – ၁၁/မပန(နိုင်)
၁၂။ ကျောက်တော်မြိုနယ် – ၁၁/ကတန(နိုင်)
သံတွဲခရိုင်
၁၃။ သံတွဲမြိုနယ် – ၁၁/သတန(နိုင်)
၁၄။ တောင်ကုတ်မြိုနယ် – ၁၁/တကန(နိုင်)
၁၅။ ဂွမြိုနယ် – ၁၁/ဂမန(နိုင်)
မောင်တောခရိုင်
၁၆။ မောင်တောမြိုနယ် – ၁၁/မတန(နိုင်)
၁၇။ ဘူးသီးတောင်မြိုနယ် – ၁၁/ဘသတ(နိုင်)
(၁၂) ရန်ကုန်တိုင်းဒေသကြီး (မြိုတော် – ရန်ကုန်မြို)
ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြိုနယ် (၄၅)မြိုနယ် ရှိပါသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်
၁။ တာမွေမြိုနယ် – ၁၂/တမန(နိုင်)
၂။ တောင်ဥက္ကလာပမြိုနယ် – ၁၂/ဥကတ(နိုင်)
၃။ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ် – ၁၂/ဒဂဆ(နိုင်)
၄။ ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ် – ၁၂/ဒဂတ(နိုင်)
၅။ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ် – ၁၂/ဒဂမ(နိုင်)
၆။ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ် – ၁၂/ဒဂရ(နိုင်)
၇။ ဒေါပုံမြိုနယ် – ၁၂/ဒပန(နိုင်)
၈။ ပုဇွန်တောင်မြိုနယ် – ၁၂/ပဇတ(နိုင်)
၉။ ဗိုလ်တထောင်မြိုနယ် – ၁၂/ဗတထ(နိုင်)
၁၀။ မြောက်ဥက္ကလာပမြိုနယ် – ၁၂/ဥကမ(နိုင်)
၁၁။ ရန်ကင်းမြိုနယ် – ၁၂/ရကန(နိုင်)
၁၂။ သင်္ဃန်းကျွန်းမြိုနယ် – ၁၂/သဃက(နိုင်)
၁၃။ သာကေတမြိုနယ် – ၁၂/သကတ(နိုင်)
၁၄။ မင်္ဂလာတောင်ညွန့်မြိုနယ် – ၁၂/မဂတ(နိုင်)
ရန်ကုန်မြောက်ပိုင်းခရိုင်
၁၅။ တိုက်ကြီးမြိုနယ် – ၁၂/တကန(နိုင်)
၁၆။ ထန်းတပင်မြိုနယ် – ၁၂/ထတပ(နိုင်)
၁၇။ မင်္ဂလာဒုံမြိုနယ် – ၁၂/မဂဒ(နိုင်)
၁၈။ မှော်ဘီမြိုနယ် – ၁၂/မဘန(နိုင်)
၁၉။ ရွှေပြည်သာမြိုနယ် – ၁၂/ရပသ(နိုင်)
၂၀။ လှည်းကူးမြိုနယ် – ၁၂/လကန(နိုင်)
၂၁။ လှိင်သာယာမြိုနယ် – ၁၂/လသယ(နိုင်)
၂၂။ အင်းစိန်မြိုနယ် – ၁၂/အစန(နိုင်)
ရန်ကုန်တောင်ပိုင်းခရိုင်
၂၃။ ကျောက်တန်းမြိုနယ် – ၁၂/ကတန(နိုင်)
၂၄။ ကွမ်းခြံကုန်းမြိုနယ် – ၁၂/ကခက(နိုင်)
၂၅။ ကိုကိုးကျွန်းမြိုနယ် – ၁၂/ကကက(နိုင်)
၂၆။ ကော့မှူးမြိုနယ် – ၁၂/ကမန(နိုင်)
၂၇။ ခရမ်းမြိုနယ် – ၁၂/ခရန(နိုင်)
၂၈။ ဆိပ်ကြီးခနောင်တိုမြိုနယ် – ၁၂/ဆကခ(နိုင်)
၂၉။ တွံတေးမြိုနယ် – ၁၂/တတန(နိုင်)
၃၀။ ဒလမြိုနယ် – ၁၂/ဒလန(နိုင်)
၃၁။ သန်လျင်မြိုနယ် – ၁၂/သလန(နိုင်)
၃၂။ သုံးခွမြိုနယ် – ၁၂/သခန(နိုင်)
ရန်ကုန်အနောက်ပိုင်းခရိုင်
၃၃။ ကမာရွတ်မြိုနယ် – ၁၂/ကမရ(နိုင်)
၃၄။ ကျောက်တံတားမြိုနယ် – ၁၂/ကတတ(နိုင်)
၃၅။ ကြည့်မြင်တိုင်မြိုနယ် – ၁၂/ကမတ(နိုင်)
၃၆။ စမ်းချောင်းမြိုနယ် – ၁၂/စခန(နိုင်)
၃၇။ ဆိပ်ကမ်းမြိုနယ် – ၁၂/ဆကန(နိုင်) # # #
( ဆိပ်ကမ်း မြိုနယ် ဖျက်သိမ်းပြီး ၂၀၂၀ ပြည့်နှစ်)
၃၈။ ဒဂုံမြိုနယ် – ၁၂/ဒဂန(နိုင်)
၃၉။ ဗဟန်းမြိုနယ် – ၁၂/ဗဟန(နိုင်)
၄၀။ မရမ်းကုန်းမြိုနယ် – ၁၂/မရက(နိုင်)
၄၁။ လမ်းမတော်မြိုနယ် – ၁၂/လမတ(နိုင်)
၄၂။ လသာမြိုနယ် – ၁၂/လသန(နိုင်)
၄၃။ လှိင်မြိုနယ် – ၁၂/လမန(နိုင်)
၄၄။ အလုံမြိုနယ် – ၁၂/အလန(နိုင်)
၄၅။ ပန်းဘဲတန်းမြိုနယ် – ၁၂/ပဘတ(နိုင်)
(၁၃) ရှမ်းပြည်နယ် (မြိုတော် – တောင်ကြီးမြို)
ရှမ်းပြည်နယ်တွင် ခရိုင်(၁၃)ခရိုင်၊ မြိုနယ် (၅၀)မြိုနယ် ရှိပါသည်။
တောင်ကြီးခရိုင်
၁။ တောင်ကြီးမြိုနယ် – ၁၃/တကန(နိုင်)
၂။ ဆီဆိုင်မြိုနယ် – ၁၃/ဆဆန(နိုင်)
၃။ ကလောမြိုနယ် – ၁၃/ကလန(နိုင်)
၄။ ရပ်စောက်မြိုနယ် – ၁၃/ရစန(နိုင်)
၅။ ညောင်ရွှေမြိုနယ် – ၁၃/ညရန(နိုင်)
၆။ ပင်းတယမြိုနယ် – ၁၃/ပတယ(နိုင်)
၇။ ပင်လောင်းမြိုနယ် – ၁၃/ပလန(နိုင်)
၈။ ရွာငံမြိုနယ် – ၁၃/ရငန(နိုင်)
၉။ ဖယ်ခုံမြိုနယ် – ၁၃/ဖခန(နိုင်)
၁၀။ ဟိုပုံးမြိုနယ် – ၁၃/ဟပန(နိုင်)
ကျိုင်းတုံခရိုင်
၁၁။ ကျိုင်းတုံမြိုနယ် – ၁၃/ကတန(နိုင်)
၁၂။ မိုင်းခတ်မြိုနယ် – ၁၃/မခန(နိုင်)
၁၃။ မိုင်းယန်းမြိုနယ် – ၁၃/မယန(နိုင်)
၁၄။ မိုင်းပျဉ်းမြိုနယ် – ၁၃/မပတ(နိုင်)
တာချီလိတ်ခရိုင်
၁၅။ တာချီလိတ်မြိုနယ် – ၁၃/တခလ(နိုင်)
၁၆။ မိုင်းဖြတ်မြိုနယ် – ၁၃/မဖန(နိုင်)
၁၇။ မိုင်းယောင်းမြိုနယ် – ၁၃/မယတ(နိုင်)
မက်မန်းခရိုင်
၁၈။ မက်မန်းမြိုနယ် – ၁၃/ပယန(နိုင်)
မိုးမိတ်ခရိုင်
၁၉။ မိုးမိတ်မြိုနယ် – ၁၃/မမတ(နိုင်)
၂၀။ မဘိမ်းမြိုနယ် – ၁၃/မဘန(နိုင်)
မိုင်းဆတ်ခရိုင်
၂၁။ မိုင်းဆတ်မြိုနယ် – ၁၃/မဆန(နိုင်)
၂၂။ မိုင်းတုံမြိုနယ် – ၁၃/မတန(နိုင်)
မူဆယ်ခရိုင်
၂၃။ မူဆယ်မြိုနယ် – ၁၃/မဆတ(နိုင်)
၂၄။ ကွတ်ခိုင်မြိုနယ် – ၁၃/ကခန(နိုင်)
၂၅။ နမ့်ခမ်းမြိုနယ် – ၁၃/နခန(နိုင်)
လင်းခေးခရိုင်
၂၆။ လင်းခေးမြိုနယ် – ၁၃/လခတ(နိုင်)
၂၇။ မိုးနဲမြိုနယ် – ၁၃/မနန(နိုင်)
၂၈။ မိုင်းပန်မြိုနယ် – ၁၃/မပန(နိုင်)
၂၉။ မောက်မယ်မြိုနယ် – ၁၃/မမန(နိုင်)
လွိင်လင်ခရိုင်
၃၀။ လွိင်လင်မြိုနယ် – ၁၃/လလန(နိုင်)
၃၁။ ကွန်ဟိန်းမြိုနယ် – ၁၃/ကဟန(နိုင်)
၃၂။ လဲချားမြိုနယ် – ၁၃/လခန(နိုင်)
၃၃။ မိုင်းကိုင်မြိုနယ် – ၁၃/မကန(နိုင်)
၃၄။ မိုင်းရှူးမြိုနယ် – ၁၃/မရန(နိုင်)
၃၅။ ကျေးသီးမြိုနယ် – ၁၃/ကသန(နိုင်)
၃၆။ နမ့်စန်မြိုနယ် – ၁၃/နစန(နိုင်)
လားရှိးခရိုင်
၃၇။ လားရှိးမြိုနယ် – ၁၃/လရန(နိုင်)
၃၈။ သိန္နီမြိုနယ် – ၁၃/သနန(နိုင်)
၃၉။ ကွမ်းလုံမြိုနယ် – ၁၃/ကလန(နိုင်)
၄၀။ မိုင်းရယ်မြိုနယ် – ၁၃/မရတ(နိုင်)
၄၁။ တန့်ယန်းမြိုနယ် – ၁၃/တယန(နိုင်)
ကျောက်မဲခရိုင်
၄၂။ ကျောက်မဲမြိုနယ် – ၁၃/ကမန(နိုင်)
၄၃။ သီပေါမြိုနယ် – ၁၃/သပန(နိုင်)
၄၄။ မန်တုံမြိုနယ် – ၁၃/မတတ(နိုင်)
၄၅။ နမ့်ဆန်မြိုနယ် – ၁၃/နဆန(နိုင်)
၄၆။ နမ္မတူမြိုနယ် – ၁၃/နမတ(နိုင်)
၄၇။ နောင်ချိုမြိုနယ် – ၁၃/နခတ(နိုင်)
လောက်ကိုင်ခရိုင်
၄၈။ လောက်ကိုင်မြိုနယ် – ၁၃/လကန(နိုင်)
၄၉။ ကုန်းကြမ်းမြိုနယ် – ၁၃/ကကန(နိုင်)
ဟိုပန်ခရိုင်
၅၀။ ဟိုပန်မြိုနယ် – ၁၃/ဟပန(နိုင်)
(၁၄) ဧရာဝတီတိုင်းဒေသကြီး (မြိုတော် – ပုသိမ်မြို)
ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင်(၆)ခရိုင်၊ မြိုနယ် (၂၆)မြိုနယ် ရှိပါသည်။
ပုသိမ်ခရိုင်
၁။ ပုသိမ်မြိုနယ် – ၁၄/ပသန(နိုင်)
၂။ ကန်ကြီးထောင့်မြိုနယ် – ၁၄/ကကထ(နိုင်)
၃။ ကျုံပျော်မြိုနယ် – ၁၄/ကပန(နိုင်)
၄။ ငပုတောမြိုနယ် – ၁၄/ငပတ(နိုင်)
၅။ သာပေါင်းမြိုနယ် – ၁၄/သပန(နိုင်)
၆။ ကျောင်းကုန်းမြိုနယ် – ၁၄/ကကန(နိုင်)
၇။ ရေကြည်မြိုနယ် – ၁၄/ရကန(နိုင်)
မအူပင်ခရိုင်
၈။ မအူပင်မြိုနယ် – ၁၄/မအပ(နိုင်)
၉။ ဓနုဖြူမြိုနယ် – ၁၄/ဓနဖ(နိုင်)
၁၀။ ပန်းတနော်မြိုနယ် – ၁၄/ပတန(နိုင်)
၁၁။ ညောင်တုန်းမြိုနယ် – ၁၄/ညတန(နိုင်)
ဟင်္သာတခရိုင်
၁၂။ ဟင်္သာတမြိုနယ် – ၁၄/ဟသတ(နိုင်)
၁၃။ ဇလွန်မြိုနယ် – ၁၄/ဇလန(နိုင်)
၁၄။ ကြံခင်းမြိုနယ် – ၁၄/ကခန(နိုင်)
၁၅။ မြန်အောင်မြိုနယ် – ၁၄/မအန(နိုင်)
၁၆။ အင်္ဂပူမြိုနယ် – ၁၄/အဂပ(နိုင်)
၁၇။ လေးမျက်နှာမြိုနယ် – ၁၄/လမန(နိုင်)
မြောင်းမြခရိုင်
၁၈။ မြောင်းမြမြိုနယ် – ၁၄/မမန(နိုင်)
၁၉။ ဝါးခယ်မမြိုနယ် – ၁၄/ဝခမ(နိုင်)
၂၀။ အိမ်မဲမြိုနယ် – ၁၄/အမန(နိုင်)
ဖျာပုံခရိုင်
၂၁။ ဖျာပုံမြိုနယ် – ၁၄/ဖပန(နိုင်)
၂၂။ ဘိုကလေးမြိုနယ် – ၁၄/ဘကလ(နိုင်)
၂၃။ ဒေးဒရဲမြိုနယ် – ၁၄/ဒဒရ(နိုင်)
၂၄။ ကျိုက်လတ်မြိုနယ် – ၁၄/ကလန(နိုင်)
လပွတ္တာခရိုင်
၂၅။ လပွတ္တာမြိုနယ် – ၁၄/လပတ(နိုင်)
၂၆။ မော်လမြိုင်ကျွန်းမြိုနယ် – ၁၄/မမက(နိုင်)
(၉) နေပြည်တော်
နေပြည်တော်တွင် ခရိုင်(၂)ခရိုင်၊ မြိုနယ် (၈)မြိုနယ် ရှိပါသည်။
ဒက္ခိဏခရိုင်
၁။ ဒက္ခိဏသီရိမြိုနယ် – ၉/ဒခသ(နိုင်)
၂။ လယ်ဝေးမြိုနယ် – ၉/လဝန(နိုင်)
၃။ ပျဉ်းမနားမြိုနယ် – ၉/ပမန(နိုင်)
၄။ ဇမ္ဗူသီရိမြိုနယ် – ၉/ဇဗသ(နိုင်)
ဥတ္တရခရိုင်
၅။ ဥတ္တရသီရိမြိုနယ် – ၉/ဥတသ(နိုင်)
၆။ ပုဗ္ဗသီရိမြိုနယ် – ၉/ပဗသ(နိုင်)
၇။ တပ်ကုန်းမြိုနယ် – ၉/တကန(နိုင်)
၈။ ဇေယျာသီရိမြိုနယ် – ၉/ဇယသ(နိုင်)
လိုအပ်မှု၊ မှားယွင်းမှု၊ ပြောင်းလဲမှုများရှိပါက ဖြည့်စွက်ပေးပါ။
လေးစားစွာဖြင့်..........
ပြန်လည်ကူးယူဝေမျှပါသည်။
28/10/2024
နှစ်သက်လျှင် ပုံကိုနှိပ်၍ Like 👍 ပေးပါခင်ဗျား🙏🙏🙏
29/04/2024
#သစ်ပင်စိုက် ကြပါ ဆိုလို့.....
အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်၊ ပရောဂျက်တွေရှာနဲ့ အတော် ဟော့ဖြစ်နေတဲ့ ကိစ္စပါ။ သစ်ပင်စိုက်ကြမယ်တဲ့...။
တချို့လဲ ကျွန်းစိုက်ကြတာပေါ့၊ တချို့က တခြားသစ်မာပင်ပေါ့၊ တချို့ကြတော့လဲ အပင်ဖြစ်ရင်ပြီးရော (ဘာပင်ဖြစ်ဖြစ် အောက်စီဂျင်ရရင် ပြီးတာဘဲဆိုတော့) စိုက်ကြပါတယ်။ ဒါလည်းကောင်းတဲ့ အချက်ပါဘဲ။ ဒီထက်လေးလေးနက်နက် ပြောရရင် အဲဒီလိုလုပ်တာဟာ မမှန်သေးဘူးဗျ။
ကျနော့်ဆရာ ဆရာသိန်းအောင် သင်ကြားပေးနေကြ အချက်လေး ဒီမှာပြောပြချင်လာတာပါဘဲ။ အပင်စိုက်ကြတယ်ဆိုတော့ ကြုံတဲ့အပင်စိုက်ရင် ဘာဖြစ်လာမလဲ..... ။ ဒီအချက်က စပြောကြတာပေါ့။ ဥပမာ ရန်ကုန်မြို့ တနေရာမှာ ကျွန်းပင်တွေ စိုက်ကြပြီဆိုပါတော့။ (၁) ကျွန်းပင်တွေ တကယ်ဖြစ်ထွန်းရဲ့လား.....။ ထင်သလောက်မဖြစ်ထွန်းဘူးနော်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အများဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတွေက ရိုးမတွေကဘဲ..အထူးသဖြင့် ပဲခူးရိုးမပေါ့။ ဘာဖြစ်လို့လဲ သူ့ပေါက်ရောက်ရာဒေသ သူ့ဖြစ်ထွန်းမှုဆိုတာကို လေ့လာသင့်တယ်။ ပြီးတေ့ာ စိုက်တော့ စိုက်ပါရဲ့ စိုက်ပြီး လှည့်မကြည့်တော့ဘူး။ သင်းသပ်မဲ့လူမရှိ သေချာစောင့်ကြည့်မဲ့လူ မရှိမှတော့ စိုက်လဲ အလကားဘဲ ဖြစ်မှာပါ။
ဟုတ်ပြီ ကျွန်းအကြောင်း မပြောဘူး ထင်းရှူးပင်တွေအကြောင်းပြောရအောင်။ ကလောတို့ အောင်ပန်းတို့ ဘက်တွေမှာ ထင်ရှုးပင်တွေ စိုက်ကြတယ်။ တခုသတိမထားမိတာက ထင်းရှုးမျိုးရင်းတွေမဟုတ်ဘဲ အနောက်တိုင်းမျိုးတွေ ဖြစ်နေခဲ့တာဘဲ။ အဲဒီတော့ မေးစရာရှိလာပြီ။ ထင်းရှုးပင်ဖြစ်ရင် ပြီးရောပေါ့ကွာ၊ ဘာတွေ လိုနေသေးလို့လဲ ဆိုတာမျိုးပေါ့။
တကယ်အရေးအကြီးဆုံး အချက်ကို ဒီမှာပြောပါမယ်။ ကျနော်တို့တွေက နေရာဒေသတစ်ခုမှာ ကြုံအရာအပင်စိုက်လိုက်ရင် အဲဒီဒေသရဲ့ ဂေဟစနစ်တခုလုံး (eco system) ပြောင်းသွားနိုင်တာဘဲ၊ အဲဒီလို ပြောင်းသွားတာရဲ့ အကျိုးဆက်ကတော့ မကောင်းလှပါဘူး။ ဥပမာ အပင်မစိုက်ခင် အဲဒီဒေသမှာ ဘယ်လိုကျေးငှက်တွေ နေထိုင်ကျက်စားကြသလဲ၊ ဘယ်လို အင်းဆက်ပိုးတွေရှိတတ်ကြသလဲ၊ ဘယ်လိုတွားသွား၊ အသားစား၊ စသည်ဖြင့်နေထိုင်တတ်ကျလဲ အရင်လေ့လာပြီးမှ စိုက်သင့်ပါတယ်။ ဒီငှက်တွေဟာ ဟာဘယ်အပင်နဲ့ ဘယ်အသီးတွေကို စားသုံးပြီးရှင်သန်ကြသလဲ။ ဘယ်လိုအပင်မျိုးမှာ အသိုက်ဆောက်ကြသလဲ၊ ဒီမျောက်တွေဟာ ဘာအရွက်စားတာလဲ။ ဒီအသားစားအကောင်တွေကရော ဘာအသားစားပြီးရှင်သန်ကြတာလဲ လေ့လာပြီးမှ လိုအပ်တဲ့ အပင်ကို အဓိကထား စိုက်ရပါတယ်။ အဲဒီလို ဂေဟာစနစ်တခုသာ ပြောင်းသွားလိုက်ပြီဆိုရင် အဲဒီမှာ ရှင်သန်နေကြတဲ့ သက်ရှိမျိုးစိပ်တွေ အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် မျိုးတုန်းသွားနိုင်ပါတယ်။
မျိုးတုန်းရင် ဘာဖြစ်သွားလဲ မေးလာမှာပေါ့။ အစာကွင်းဆက်ပြတ်ပြီဆိုတာနဲ့ ဥပမာ အင်းဆက်စားပင်တွေ မရှိရင်၊ အင်းဆက်မျိးတုန်းမယ်။ သူတို့မရှိရင် ဝတ်မှုန်ကူးပေးမဲ့ အကောင်မရှိတော့ဘူး။ အင်းဆက်မရှိရင် သူတို့ကိုစားပြီးရှင်သန်ရတဲ့ ငှက်လို(အခြားမျိုးစိတ်) တခု မျိုးတုန်းသွားနိုင်တယ်။ အဲဒီလို မျိုးတုန်းရင် ဂေဟစနစ်ပျက်ပြီဘဲ။ သူတို့မရှိတာနဲ့ အခြားအင်းစက်မျိုးစိပ်အသစ်ဖြစ် လူတွေ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် အန္တရာယ် ရှိလာပြီပေါ့။ အနီးဆုံး ဥပမာပေးရရင် တရုတ်ပြည်မှာ မြွေအရမ်စားလို့ မြွေမျိုးတုန်းတယ်။ မြွေမျိုးတုန်းတော့ လယ်ထဲမှာ ကြွက်တွေ ပိုပေါလာတယ်။ ကြွက်တွေက အပင်တွေကိုဖျက်ရုံမကလို့ ရောဂါပိုးပါသယ်လာတယ်။ နောက်ဆုံးမြွေတွေ လယ်ထဲ ပြန်လွှတ်ရတယ်။
နောက်ဥပမာတခုက မော်စီတုံးလက်ထက် အစားအသောက်ရှားတော့ လယ်ထဲက စပါးစားတဲ့ စာကလေးတွေကို ရှင်းခိုင်းတယ်။ စပါးချွေတာရာရောက်တာပေါ့။ ပြသနာက စာကလေးတွေလဲ မရှိတော့ရော စပါးခင်း ပိုးကျပြီး အကုန်ရှုံးပါလေရော။ စာကလေးတွေက စပါးဘဲစားတယ်ထင်နေတာ လယ်ထဲက အင်းဆက်ကိုပါ စားသွားတာ။ နောက်မှ အဲဒီလို အဖြစ်ကိုသိတော့ စာကလေးပြန်မွေးရတယ်။
နောက်ဥပမာပေးရရင် သဘာဝတောရိုင်းတွေရဲ့ ဂေဟစနစ်တိုင်းဟာ ကွင်းဆက်တွေချည်းဘဲ။ ဆင်တွေမရှိရင် တောပြုန်းနိုင်သလို၊ ကျားတွေမရှိရင်လဲ တောပျက်နိုင်တယ်။
ပြန်ပြီးချုပ်ရရင် တွေ့ကရာအပင်စိုက်တာထက် ဘာအပင်စိုက်သင့်တယ်ကို လေ့လာ(research)ပြီးမှ စိုက်သင့်ပါတယ်။ ထပ်ပြီးမေးလာမှာပေါ့ အပင်စိုက်ဖို့ကွာ အဲဒီလောက် အချိန်ကုန်စရာလား၊ ပညာရှင်တွေလိုလားပေါ့။ အဲလောက်ထိ တာမသွားလဲ ရပါတယ်။ ဥပမာ အဲဒီအပင်စိုက်မဲ့ ပတ်ဝန်းကျင်က အသက် ၆၀၊ ၇၀ ကျော်တွေကို သူတို့ငယ်ငယ်တုန်းက ဘာပင်တွေ တွေ့လဲ၊ ဘာငှက်တွေ တွေ့လဲ အဲဒီလိုမေးမြန်ပြီး စိုက်ရင်ကို၊ အမှားမများတဲ့ ဂေဟစနစ်တခုကို ပြန်လည် အစားထိုးရာကြတာပေါ့....။
စာများရင် မဖတ်ချင်ကြမှာဆိုးလို့ မေးစရာရှိရင်သာ လာမေးကြပါ၊ မိမိအတွေးရှည်သလောက် တွေးတောကြပါလို့ဘဲ ပြောပါရစေ။
Phot credit fb
Credit-မောင်သာယာ (မြန်အောင်)
05/11/2023
#သွေးလှူ
Credit Dr. Tint Swe 🙏
Blood donation မြတ်သောနီသောသွေး
ဒီနှစ်သင်္ကြန်မှာ ကုသိုလ်ပြုကြတာတွေထဲမှာ သွေးလှူကြတာလည်းတွေ့တယ်။ လှူတယ်တန်းတယ်ဆိုတာ ကိုယ်ပိုင်တာ တခုခုကို စေတနာနဲ့ အခမဲ့အပြီးအပိုင် ပေးအပ်လိုက်တာမျိုးဖြစ်ပါတယ်။ မျှော်ကိုးချက်ဘာမှမထားကြဘူး။ အလှူထဲမှာ ကိုယ့်သွေးသားကိုလှူတာက ပိုကြီးမြတ်တယ်လို့လဲယူဆကြတယ်။ စေတနာပေါက်လို့ သွေးလှူရမဲ့ နေရာကိုလာလှူပြီး ပီတိနဲ့ ကုသိုလ်ယူပြီးပြန်မယ်။ တချို့နေရာတွေမှာ ကြက်ဥနဲ့ အားဆေးပေးတာကို လက်ခံယူခဲ့ရတတ်တယ်။ သွေးရောင်းသူတွေလဲရှိတယ်။ ဒီလိုရောင်းသူတွေကိုလဲ ကျေးဇူးတင်ရမှာပဲ။ သွေးလှူသင်းတွေကတော့ သွေးရောင်းဝယ်ရေးစနစ် ပပျောက်ရေး။ စေတနာသက်သက်ဖြင့်လှူဒါန်းသည့်သွေးလှူရှင်များအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရေးဆိုပြီးဆောင်ပုဒ်ရှိကြပါတယ်။ ကောင်းပါတယ်။ တခုခုအကြောင်းပြုပြီး၊ အုပ်စုလိုက် သွေးလှူကြတာလဲ ရှိတယ်။ မွေးနေ့၊ နှစ်ပတ်လည်နေ့ စတာမျိုး။ အလှူရှင်နဲ့ ဝိုင်းဝန်းကူညီသူတွေကြောင့် လူနာတွေ အသက်ဆက်နိုင်ကြတယ်။
လူကို ပဌမဆုံး သွေးသွင်းပြီး ဆေးကုသတာဟာ ၁၅-၆-၁၆၆၇ မှာ ဖြစ်တယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) လက်ထက်မှာ သိုးရဲ့သွေးနဲ့ ၁၅ နှစ်သားလေးကို သွင်းခဲ့တာပါ။ ကလေး အသက်ရှင်ပါတယ်။ သွင်းပေးတဲ့ သွေးကလည်း နည်းနည်းလေးသာ ဖြစ်တယ်။ လူ့သွေးကို လူသွင်းလို့ ပဌမဆုံးအောင်မြင်ခဲ့တာကတော့ ၁၈၁၈ တုံးက ဗြိတိန်မှာဖြစ်တယ်။
သွေးလှူမဲ့သူတွေကို ဘယ်လိုဆန်ခါတင်မလဲ။ လှူပါမယ်ဆိုတဲ့ သဘောတူညီမှုကနေစတယ်။ ငယ်ရွယ်သူတွေကို သူတို့မိဘကနေ ကိုယ်စားပေးလို့ မရဘူး။ တချို့နိုင်ငံတွေမှာ သွေးလှူသူနာမည်ကို မယူဘူး။ သွေးတခါ လှူမရသူဟာ တသက်လုံး မလှူရတော့တာ ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ်ဝန်ဆောင်နေသူတွေ သွေးလှူရင် အန္တရာယ်ရှိတယ်လို့ သက်သေ မပြနိုင်ပါ။ ဒါပေမဲ့ နောက်မှာလာလှူပါလို့ မေတ္တာရပ်ခံပါမယ်။
ပဌမဆုံးအဆင့်ကတော့ သွေးလှူရှင်ကို Blood Type သွေးအုပ်စုနဲ့ စစ်တာလုပ်ရတယ်။ ABO နဲ့ Rh (D) တွေကို စစ်တယ်။ (အို) သွေးကို ဝေဿန္တရာသွေးလို့ခေါ်ကြတယ်။ တကယ်တော့ သွေးနီဥအတွက်သာမှန်တယ်။ (ပလာစမာ) သွေးရည်လှူတာကြတော့ AB ကသာ ဝေဿန္တရာဖြစ်ပြန်တယ်။
သွေးဖေါက်မယူခင် စစ်ဆေးမေးမြန်တာလေး လုပ်ရတယ်။ အရင်ခေတ်ကတော့ ခပ်လွယ်လွယ်ပါ။ နောက်ဆုံး ဘယ်တုံးက သွေးလှူခဲ့ဘူးတယ်မေးမယ်။ အမြင်အရ ဖြူဖတ်ဖြူရော်ဖြစ်နေမနေကြည့်မယ်။ သွေးခုန်နှုန်း၊ သွေးဖိအား၊ ကိုယ်ပူချိန် လောက်သာ စစ်တယ်။ ဖြစ်နိုင်တဲ့နေရာတွေမှာ Hematocrit or Hemoglobin (ဟီမိုဂလိုဘင်) စစ်မယ်။ သွေးလှူမဲ့သူမှာ လှူလိုက်ရင် ဘာမှမဖြစ်စေဘို့သာဖြစ်တယ်။ ခုခေတ်မှာတော့ ငှက်ဖျား၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ အသဲရောင်ရောဂါ (ဘီ) နဲ့ (စီ)၊ သွေးကတဆင့် ကူးစက်နိုင်တာတွေ ပါနေ-မနေစစ်တယ်။ ဒါကြတော့ သွေးသွင်းခံမဲ့သူအတွက် ကူးစက်ရောဂါ မဝင်စေဘို့ဖြစ်တယ်။ လိုအပ်ရင် ရှားပါးတဲ့ (အင်တီဘော်ဒီ) ဆိုတာလဲ စစ်မယ်။ Chagas disease နဲ့ West Nile Virus တွေလဲစစ်တယ်။ သိုလှောင်ထားတုံးက ဝင်လာနိုင်တဲ့ (ဗက်တီးရီးယား) သွေးမှုံထဲမှာ ပါ-မပါစစ်ရသေးတယ်။ နောက်ဆုံးမှာတော့ Cross-match သွေးလက်ခံသူရဲ့ သွေးနဲ့ တိုက်ရိုက်-စစ်ဆေးတာလဲ လုပ်ပါမယ်။
HIV antibody test ဆိုတာ လက်ငင်း ပိုးဝင်ထားသူကို စစ်ရင် တွေ့မှာမဟုတ်ဘူး။ ဒါ့ကြောင့် p24 antigen ဒါမှမဟုတ် HIV Nucleic acid test စစ်နည်းကို သုံးရတယ်။ များသောအားဖြင့် လှူမဲ့သွေးမှာ လိင်ကတဆင့်ကူးစက်ရောဂါ ပါ-မပါလဲ စစ်ပါတယ်။ သိထားဘို့က သွေးလှူဘဏ်ကနေ စစ်တာဟာ ရောဂါရှာတာမျိုး မဟုတ်ဘူး။ တကယ်ရောဂါမရှိဘဲနဲ့ မှားပြီး အပေါင်းပြတာမျိုး ရှိတတ်တယ်။ မှားပြီး အနုတ်ပြတာကတော့ ရှားတယ်။
ကိုယ်ခံအားနည်းနေသူတွေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း လှူတာတွေဆိုရင် Cytomegalovirus (CMV) ကိုပါ စစ်ဆေးရမယ်။ Neonatal transfusion မွေးကင်းစကလေးတွေကို သွေးသွင်းတဲ့အခါ ပိုပြီးဂရုစိုက်ရတယ်။ Cytomegalovirus ဗိုင်းရပ်စ် ကိုပါ စစ်ရတယ်။ WHO ကနေ သတ်မှတ်အကြံပြုချက်တွေ ထုတ်တားပေမဲ့ နေရာတိုင်းမှာ လိုက်နာနိုင်ကြတာတော့ မဟုတ်ဘူး။ ဓါတ်ခွဲခန်းမပြည့်စုံတာ၊ ကျွမ်းကျင်သူနည်းတာ၊ သုံးတဲ့ဓါတ်ပစ္စည်း မလုံလောက်တာတွေရှိရင် မတတ်နိုင်ဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ သွေးစစ်နည်း ၄ မျိုးလုပ်ဘို့ လမ်းညွှန်ထားတယ်။ ဒါပေမဲ့ WHO ရဲ့ ၂ဝဝ၆ ဆန်းစစ်မှုအရ နိုင်ငံပေါင်း ၁၂၄ ထဲမှာ ၅၆ နိုင်ငံက ဒီအခြေခံမူကို မလိုက်နာကြဘူး။
၁။ Hepatitis B Surface Antigen
၂။ Antibody to Hepatitis C
၃။ Antibody to HIV, usually subtypes 1 and 2
၄။ Serologic test for Syphilis
လှူတဲ့သူရဲ့ သွေးလွှတ်ကြောထဲကနေ သွေးကိုထုတ်နေရင်း လူနာရဲ့ သွေးပြန်ကြောထဲကို တိုက်ရိုက်သွင်းပေးနည်းလဲ ရှိတယ်။ အခုခေတ်မှာ သိပ်မသုံးတော့ပါ။ သွေးလှူပြီးတာနဲ့ လှူတဲ့သူကို ၁ဝ-၁၅ မိနစ်ကြာနားနေစေရတယ်။ နားနေတုံးမှာ ဖျော်ရည်စတာမျိုး သောက်စေသင့်တယ်။ သွေးဖါက်ယူထားတဲ့နေရာကို အသေအခြာ ကြာကြာ ဖိထားရမယ်။ သွေးရည်ကြည်ဟာ လှူပြီးနောက် ၂-၃ ရက်ဆိုရင် ပြန်ပြည့်လာမယ်။ သွေးနီဥကို ရိုးတွင်းခြင်ဆီကနေ ထုတ်ပေးနေတာ ကြာလို့ ၃၆ ရက်အထိ အချိန်ယူတယ်။ လေ့လာမှု တခုအရ နဂိုအနေအထားပြန်ရောက်ဘို့ ၂ဝ-၅၉ ရက်ကြာတယ်။
သွေးတခါလှူပြီးရင် နောက်တခါ ဘယ်တော့ ထပ်လှူနိုင်သလဲဆိုတာ မတူဘူး။ မြန်မာပြည်မှာက ၄ လ (ရက် ၁၂ဝ) သတ်မှတ်တယ်။ အမေရိကားမှာတော့ ဥပဒေနဲ့ပြဌာန်းထားတာက Whole blood donation သွေးရိုးရိုးလှူရင် ၅၆ ရက် ဖြစ်တယ်။ Plasmapheresis သွေးရည်ကြည်သာလှူသူနဲ့ Plateletpheresis သွေးမှုံသာ လှူသူတွေက စောပြီး လှူနိုင်တယ်။ နိုင်ငံအလိုက် မတူကြဘူး။ Plateletpheresis donation သွေးမှုံလှူတာအတွက် တခါနဲ့နောက်တခါ ၃ ရက်သာ ခြားရင်ရတယ်။ အမေရိကားမှာ Plasmapheresis donors တွေဟာ ၂ ပါတ် တခါလှူနိုင်တယ်။ တနှစ်မှာ ၈၃ လီတာနဲ့ ညီမျှတယ်။ ဂျပန်မှာလဲ ၂ ပါတ်တခါပေမဲ့ တနှစ်မှာ ၁၆ လီတာသာ လှူနိုင်တယ်။ ဟောင်ကောင်မှာ သွေးနီဥဆိုရင် အမျိုးသားတွေက ၃ လတခါ၊ အမျိုးသမီးဆိုရင် ၄ လ တခါ။ ၁၆-၁၇ နှစ်သားတွေက ၆ လ တခါ။ ကနေဒါနဲ့ အမေရိကားမှာ ၅၆ ရက်တခါလို့ သတ်မှတ်ထားတယ်။
Platelets သွေးမှုံ သပ်သပ်ယူချင်ရင် အလှူရှင် ၃-၁ဝ ယောက်ဆီကနေ ယူရတယ်။ သွေးနီဥတွေ သပ်သပ်လိုချင်ရင် Apheresis နည်းနဲ့ လုပ်ရတယ်။ သွေးဖြူဥ လိုချင်လဲ အဲလိုဘဲ။
သွေးထုတ်ယူပုံမှာ ဆရာဝန်-ဆရာမကနေ လက်နဲ့ထုတ်တာ များတယ်။ စက်နဲ့လဲ ရှိသေးတယ်။ Automated equipment စက်က သွေးထဲက လိုချင်တာကိုသာ သန့်သန့်ခွဲခြားပေးမယ်။ အရေးပေါ်မဟုတ်ဘဲ သွေးလှူရင် Centrifuge ဗဟိုခွါအားစက် ဒါမှမဟုတ် Filter စစ်တဲ့စက်မှာ သွေးထဲက မတူတာတွေကို ခွဲထုတ်ပြီး လိုတာကိုသာ အသေအခြာ သိမ်းဆည်းထားပြီး၊ ကျန်တာကို လှူတဲ့သူထဲ ပြန်သွင်းပေးတယ်။ ဒီနည်းကို Apheresis ခေါ်တယ်။ အများအားဖြင့် Plasma သွေးရည်ကြည်နဲ့ Platelets သွေးမှုံကို ခွဲတာမျိုးမှာ သုံးတယ်။ Red blood cells သွေးနီဥ၊ Plasma (ပလာစမာ) သွေးရည်ကြည်၊ Platelets သွေးမှုံ၊ Albumin protein (အယ်လ်ဗျူမင်-ပရိုတင်း)၊ Clotting factor concentrates သွေးခဲစေတဲ့ဓါတ်၊ Cryoprecipitate (ခရိုင်ယို-ပရစီပီတိတ်)၊ Fibrinogen concentrate (ဖိုင်ဘရင်နိုဂျင်-ကွန်ဆန်ထရိတ်)၊ Antibodies (အင်တီဘော်ဒီ) တွေလဲ ခွဲထုတ်နိုင်တယ်။
Bloodmobile ဆိုတာ ကားနဲ့လှည့်ပြီး သွေးလှူတာကို လက်ခံပေးတာကို ခေါ်တယ်။ ခက်တာက Blood bank သွေးလှူဘဏ်ထဲမှာ သွေးကို ကြာကြာထားမရဘူး။ ပိုပြီးကြာကြာထားနိုင်အောင် Glycerol နဲ့ ရောရင် ရတော့ရတယ် ကုန်ကျစရိတ် များတယ်။ Plasma ကိုတော့ တနှစ်အထိ သိမ်းထားနိုင်တယ်။ သွေးမှုံတွေကိုတော့ အကြာဆုံး ၇ ရက်ဘဲ။ Red blood cells သွေးနီဥကို ၃၅-၄၂ ရက် ထားသိုနိုင်တယ်။
အများဆုံးက Cubital vein ဆိုတဲ့ လက်ဖျံက သွေးပြန်ကြောကနေ သွေးဖေါက်ယူတယ်။ သွေးဖေါက်အပ်ဟာ ပုံမှန်ထက် ကြီးရတယ်။ 16 to 17 gauge ကိုသုံးတယ်။ ဖေါက်မဲ့နေရာရဲ့ အထက်နားမှာ ကြိုးစတခုခုနဲ့ စီးပေးထားမယ်။ Flexible plastic bag ပလပ်စတစ် အိတ်ပျော့ထဲမှာ Anticoagulants ဆိုတဲ့ သွေးမခဲဆေးရောရတယ်။ Sodium citrate, Phosphate, Dextrose တွေကို သုံးတယ်။ တခါတလေ Adenine လဲ ထည့်တယ်။
သွေးတခါလှူရင် အများအားဖြင့် 450-500 ml ကို ဖေါက်ယူတယ်။ သမိုင်းကြောင်းအရ အိန္ဒိယမှာ 250-350 ml နဲ့ တရုပ်ပြည်မှာ 200 ml ကိုသာ ဖေါက်ယူခဲ့တယ်။ နောက်ပိုင်းမှာတော့ 300-400 ml ယူတာ ဖြစ်လာတယ်။
သွေးလှူရင် ကျန်းမာရေးအရ ဘာဖြစ်နိုင်သလဲ၊ မတူကြဘူး။ ပဌမအကြိမ်လှူသူ၊ လူငယ်လေးတွေ၊ အမျိုးသမီးတွေဆိုရင် သွေးလှူပြီး တခုခုဖြစ်တတ်ကြတာ ၂% လောက်သာရှိပါတယ်။ ဆိုးတာတော့ မဖြစ်ကြပါ။ မူးတာ-မိုက်တာနဲ့ စိုးရိမ်စိတ်သာ ရှိတယ်။ တချို့ သွေးလှူသူတွေကို လူနာအတွက် မလိုတာကို သူ့ပြန်သွင်းပေးတဲ့အခါ သွေးဖေါက်တုံးက သွေးမခဲအောင် ထည့်ပေးထားတဲ့ Sodium citrate ဆေးကြောင့် ဒီဆေးနဲ့ ကိုယ်ထဲက (ကယ်လ်စီယန်) ပေါင်းစပ်ရာကနေ Hypocalcemia (ကယ်လ်စီယန်) နည်းတဲ့အခြေအနေကို ရစေတတ်တယ်။ ပါးစပ် နှုတ်ခမ်းကျင်တာ၊ တက်တာ၊ သွေးတိုးတာမျိုးတွေ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် (ကယ်လ်စီယန်) ပြန်ဖြည့်ပေးသင့်တယ်။
သွေးသွင်းပေးရတဲ့ လူနာတွေမှာလဲ သတိထားစရာတွေ ရှိတယ်။ ဖြစ်နိုင်တာတွေကို အုပ်စုခွဲရင် ၂ မျိုးရှိတယ်။
၁။ Immunologic ရောဂါပြီးစနစ်နဲ့ ဆိုင်တာတွေ -
Acute hemolytic reactions သွေးပျက်စီးတာမျိုး၊ သွေးနီဥ သွင်းရာကနေ 0.016% ဖြစ်တယ်။ 0.003% သေဆုံးတယ်။ သွေးနီဥတွေကို ကိုယ့်ဆီက (အင်တီဘော်ဒီ) တွေကနေ ဖျက်ဆီးပြစ်လို့ဖြစ်ရတယ်။ သွေးအုပ်စုခွဲတာနဲ့ တိုက်ရိုက် စစ်တာမှာ လိုသွားလို့ဖြစ်တယ်။ ကိုယ်ပူ၊ ချမ်း၊ ရင်ပတ်နာ၊ နောက်ကျောနာ၊ သွေးယို၊ နှလုံးခုန်မြန်၊ သွေးဖိအား ကျတာတွေ ဖြစ်မယ်။ သိသိချင်း သွေးသွင်းတာကို ရပ်ရမယ်။ ဖြစ်နေတာကို ကုသပေးရမယ်။ သွေးသွင်းနေတုံးမှာ မဖြစ်ဘဲ နောက်မှဖြစ်လာတာက ပိုအဖြစ်များတယ်။ 0.025% လောက်နီးနီးရှိတယ်။ ဖြစ်တာတွေက သိပ်မဆိုးဘူး။ Febrile nonhemolytic reactions ဆိုတာက ၇% ဖြစ်နိုင်တယ်။ ဖျားတာ မကြာပါ။ Allergic reactions လဲဖြစ်နိုင်တယ်။ အင်ပြင်ထွက်မယ်၊ ယားမယ်၊ (ရှော့ခ်) ရမယ်။ Post-transfusion purpura ဆိုတာ ဖြစ်တာနည်းတယ်။ IV Immunoglobulin နဲ့ ကုရတယ်။ Transfusion-associated acute lung injury (TRALI) ဆိုတာလဲ plasma components သွင်းရင် ၂ဝဝဝ မှာ တယောက်ရှိတယ်။ ရုတ်တရက် အသက်ရှူကျပ်လာမယ်၊ ဖျားမယ်၊ အဆုပ်ရောင်လာမယ်၊ သွေးဖိအားကျမယ်။
၂။ ကူးစက်ရောဂါတွေနဲ့ဆိုင်တာတွေ -
Blood products သွေးထဲမှာ (ဗက်တီးရီးယား) ပါနေရင် တခါတလေ သေဆုံးတဲ့အထိဖြစ်စေနိုင်တယ်။ သွေးနီဥသွင်းရင် ၅ သိန်းမှာ တယောက်။ HIV testing ကြောင့် ဖြစ်တာ အတော် နည်းလာနေပြီဖြစ်တယ်။ ဒါပေမဲ့ Window period ခေါ်တဲ့ ပိုးက သွေးထဲ ရှိနေပြီး (အင်တီဘော်ဒီ) မထွက်လာသေးချိန်မျိုးမှာ စစ်ရင် ကူးစက်နိုင်တယ်။ ဒီသွေးမျိုးကို HIV Seropositive blood ခေါ်တယ်။ Nucleic acid test for the HIV-1 RNA စစ်နည်းကြောင့် အဲလိုဖြစ်တာ နည်းလာစေတယ်။ ယူနစ် ၃ သန်းမှာ တယောက်သာ ရှိတော့တယ်။ Hepatitis C ကူးစက်တာကတော့ ယူနစ် ၁-၂ သန်းမှာ တယောက်ရှိတယ်။ တခြားကူးစက်ရောဂါတွေကတော့ Hepatitis B ဘီပိုး၊ Syphilis (ဆစ်ဖလစ်)၊ Chagas disease, Cytomegalovirus infections နဲ့ HTLV တွေ ဖြစ်တယ်။
တခြားသတိထားစရောတွေလဲ ရှိပါသေးတယ်။ သွေးလိုသလောက် ထပ်သွင်းမပေးလို့ ဖြစ်တာမျိုး။ သိုလှောင်ထားရလို့ သွေးစွမ်းအား နည်းသွာတာကို သွင်းမိရင်လဲ ဖြစ်နိုင်တယ်။ သွေးထုထည် လိုတာထက်များသွားခြင်းဆိုတာ လူနာမှာ ကျောက်ကပ်၊ နှလုံးသိပ်မကောင်းနေလို့ ဖြစ်တယ်။ ကိုယ်ပူချိန်ကျခြင်း၊ သွေးတွေကို အေးခဲခန်းမှာထားရလို့ အေးလွန်းတာကို များများသွင်းရာကနေဖြစ်မယ်။ သွေးနီဥတွေသွင်းတာကနေ သွေးယိုထွက်နေသူမှာ သွေးပိုယိုစေတာလဲ ဖြစ်တတ်တယ်။ Metabolic alkalosis ဆိုတာ သွေးထဲက (ဆစ်ထရိတ်) ဓါတ်တွေ နည်းစေတာကြောင့် ဖြစ်စေတယ်။ (ကယ်လ်စီယန်) နည်းတာလဲ ဖြစ်စေတယ်။
နှစ်စဉ် ဇွန်လ ၁၄ ရက်ကို World Blood Donor Day လို့ သတ်မှတ်ထားတယ်။ (အေ-ဘီ-အို) သွေးအုပ်စုခွဲတဲ့စနစ်ကို စတွေ့ခွဲတဲ့ ပညာရှင် Karl Landsteiner ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် WHO ခန့်မှန်းချက်အရ ကမ္ဘာတလွှား တနှစ်မှာ သွေးယူနစ်ပေါင်း ၈၁ သန်း သုံးစွဲတယ်။ မြတ်သောဒါန ပြုကြပါခင်ဗျား။
America's Blood Centers ရဲ့သတ်မှတ်ချက်များ -
• သွေးလှူနိုင်တဲ့အသက် အငယ်ဆုံး ၁၇ နှစ် (တချို့ပြည်နယ်တွေမှာ ၁၆ နှစ်) ရှိရမယ်။ သွေးလှူရှင်ရဲ့ အကြီးဆုံးအသက် သတ်မှတ်ချက် မထားပါ။ သွေးလှူဘဏ်ကနေ သားဖွါးမီးယပ်မေးခွန်းတွေလဲ မမေးပါ။
• သွေးလှူဘို့ သွေးထုတ်ယူချိန် ၁ဝ မိနစ်သာကြာမယ်။ စာရင်းမှတ်ပုံတင်တာ၊ သွေးထုတ်တာ၊ သွေးအလှူရှင်ကို တခုခု ကျွေးမွေးတာ အပါအဝင် သွေးလှူဖြစ်စဉ်တခုလုံး တနာရီလောက်ကြာတယ်။ Apheresis (Platelet) collections သွေးမှုံလှူတာမျိုးဆိုရင် ၂ နာရီအထိကြာနိုင်တယ်။
• Whole blood သွေးရိုးရိုးရော Platelet သွေးမှုံလှူတာပါ လှူသူဆီကနေ သွေး (1 pint = 568 millilitres = 1 pound) ထုတ်ယူတယ်။ ၅ဝဝ စီစီ လို့ မှတ်သားနိုင်တယ်။ တချို့နိုင်ငံတွေမှာ ၄ဝဝ စီစီသာ ထုတ်တယ်။
• ယောက်ျားတွေမှာ ပျမ်းမျှ သွေးထုထည် 12 pints နဲ့ မိန်းမတွေမှာ 10 pints ရှိကြတယ်။
• သွေးတခါနဲ့တခါ လှူတာ ရက်ပေါင်း ၅၆ ရက်ခြားသင့်တယ်။ အမှန်က ပြန်ပြည့်ဘို့ ၂ ပတ်ကျော်သာ ကြာတယ်။
• Platelets ဆိုရင် တပတ်မှာ ၂ ကြိမ်အထိ၊ တနှစ်မှာ ၂၄ ခါအထိ လှူနိုင်တယ်။ လှူပြီးတဲ့နောက် နာရီ နည်းနည်းနေရင် ပြန်ပြည့်လာတယ်။
• သွေးထဲက Plasma အရည်ပိုင်းက ပြန်ပြည့်ဘို့ ၂-၃ ရက် အချိန်ယူတယ်။
• FDA-sponsored research protocol ခေါ်တဲ့ အမေရိကန် အစိုးရကနေ တရားဝင် သတ်မှတ်ချက်နည်း အတိုင်း လိုက်နာပြီးလှူတဲ့သွေးကို သွင်းယူတာဟာ စိတ်ချရတယ်။ Nucleic acid Amplification Testing (NAT) လို့ ခေါ်တယ်။ လှူတဲ့သွေးတိုင်းကို HIV နဲ့ Hepatitis C အပါအဝင် စမ်းသပ်နည်းပေါင်း ၁၃ ခုလုပ်တယ်။ အဲဒီအထဲက ၁၁ နည်းဟာ ကူးစက်ရောဂါတွေကို စစ်တယ်။ တခုက သွေးအုပ်စုခွဲတာနဲ့ တခုက တူ-မတူ စစ်တာ ဖြစ်တယ်။
• Universal blood type ဝေဿန္တရာသွေးဆိုတာ Type O negative ကိုခေါ်တယ်။ လူဦးရေရဲ့ ၈% ရှိတယ်။
• Universal recipient စူဇကာသွေးဆိုတာ AB positive ဖြစ်တယ်။ ၂့၅% ရှိတယ်။
• Red blood cells လှူထားတဲ့ သွေးနီဥတွေကို စနစ်တကျထားရင် ၄၂ ရက်အထိ သိမ်းထားနိုင်တယ်။
• Plasma သွေးရည်ကြည်ဆိုရင် ၁၂ လအထိ ထားနိုင်တယ်။
• Platelets သွေးမှုံဆိုရင် ၅ ရက် ထားနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၆
၁၄-၄-၂ဝ၁၈