One Japan All-in-One for Japan Study

  • Home
  • One Japan All-in-One for Japan Study

One Japan  All-in-One for Japan Study Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from One Japan All-in-One for Japan Study, Educational consultant, Thingangyun Township,, .

06/03/2026

📢 ဂျပန်နိုင်ငံသို့ ကျောင်းဖြင့်သွားရောက်မည့်သူများအတွက် SIM Card ပြုလုပ်ရာတွင် လိုအပ်နိုင်သောအချက်များ

ဂျပန်ရောက်ပြီးနောက် ဖုန်းအသုံးပြုနိုင်ရန် SIM Card ပြုလုပ်ခြင်း လိုအပ်နိုင်ပါသည်။ ထို့ကြောင့် အောက်ပါအချက်များကို ကြိုတင်သိရှိထားရန် အကြံပြုပါသည်။

▪ SIM Free Phone
ဂျပန် SIM Card အသုံးပြုနိုင်ရန် ဖုန်းမှာ SIM Lock မရှိသော Phone ဖြစ်ရန် လိုအပ်ပါသည်။

▪ Passport
SIM Card Contract ပြုလုပ်ရာတွင် အတည်ပြုစာရွက်စာတမ်းအဖြစ် အသုံးပြုနိုင်ပါသည်။

▪ 在留カード (Residence Card)
ဂျပန်နိုင်ငံရောက်ပြီးနောက် ရရှိမည့် Residence Card ကို Contract ပြုလုပ်ရာတွင် လိုအပ်နိုင်ပါသည်။

▪ Bank Account / Credit Card
လစဉ်ကြေးပေးချေရန်အတွက် Bank Account သို့မဟုတ် Credit Card လိုအပ်နိုင်ပါသည်။

※ SIM Card Plan များ Contract စည်းကမ်းများနှင့် လိုအပ်သောစာရွက်စာတမ်းများသည် Company တစ်ခုချင်းအလိုက် မတူညီနိုင်ပါသည်။
ထို့ကြောင့် Contract ပြုလုပ်မည့် Company ၏ စည်းကမ်းများကို ကြိုတင်စစ်ဆေးရန် အကြံပြုပါသည်။

ဂျပန်ရောက်ခါစ အစုံအလင်မရှိသေး၍ မြန်မာနိုင်ငံမှာတင် လုပ်သွားချင်သူများရှိပါကလည်း ကြိုတင်လုပ်သွားနိုင်ပါတယ်

လိုင်းဆွဲအားကောင်းပြီး စျေးသက်သာတာမျိုးတွေကိုကြိုတင်လုပ်သွားနိုင်ပါတယ်

✈️ ဂျပန်နိုင်ငံသို့ ပညာသင်သွားရောက်မည့်သူများ အားလုံးပဲအဆင်ပြေကြပါစေ

📢 2026 October Intake ကျောင်းလျှောက်မည့် ကျောင်းသားများသတိထားရန်🔥2026 April Intake အတွက် COE Result များအရCOE အောင်သူမျာ...
03/03/2026

📢 2026 October Intake ကျောင်းလျှောက်မည့် ကျောင်းသားများသတိထားရန်

🔥2026 April Intake အတွက် COE Result များအရ
COE အောင်သူများရှိသလို REJECT ထိသူများလည်း အရမ်းများကြတာတွေ့ရပါတယ်

လက်ရှိအခြေအနေများအရ
Immigration ဘက်မှ Financial Documents (Bank Statement, Balance Certificate စသည်) များကို
ယခင်ထက် ပိုမိုတင်းကြပ်စွာ စစ်ဆေးလျက်ရှိတာကို မြင်ရပါတယ်

REJECT ထိသူများတွင်လည်း Financial Documents နဲ့ထိကြတာတွေများပါတယ်
နယ်နဲ့မြို့ပေါ်မူတည်ပြီး REJECT CODE ချင်းမတူပေမယ့် တော်တော်များများက ဘဏ်နဲ့ပါ

ထို့ကြောင့် လာမည့် Intake များအတွက်
✅ Financial Background ကို စနစ်တကျ ပြင်ဆင်ထားရန်
✅ Income နှင့် Show Money ကို သေချာချိန်ညှိပြီး ပြင်ဆင်ထားရန်
✅ Bank Transaction များကို စနစ်တကျထားရှိရန် လိုအပ်ပါသည်။

🚨အထူးအရေးကြီးဆုံးကတော့ ဘဏ်စာရွက်စာတမ်းများကို မူရင်းအခြေအနေဖြင့်
တိကျမှန်ကန်စွာ ပြင်ဆင်လျှောက်ထားကြရန် အထူးအကြံပြုလိုပါတယ် ❗❗❗

💼 ကျွန်တော်တို့အနေနဲ့လည်း
✔ Financial Risk များကို သေချာစစ်ဆေးပြီး ပြင်ဆင်ပေးခြင်း
✔ Document Checking စနစ်တကျလုပ်ဆောင်ခြင်း
✔ Immigration မှ စစ်ဆေးနေသည့်ပုံစံများအပေါ် အခြေခံသည့် နည်းစနစ်များဖြင့် ပြင်ဆင်ပေးဖို့ကို ပိုမိုအားစိုက်ပြီး

ကျောင်းသားများ၏ COE Approval Rate မြင့်မားစေရန် အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်

ယနေ့ခေတ်တွင် COE လျှောက်ထားခြင်းသည်
“စာရွက်စာတမ်းတင်ရုံ” မဟုတ်တော့ဘဲ
“Strategy + Preparation” လိုအပ်သော လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်လာနေပါပြီ

📌 လာမည့် Intake များအတွက် လျှောက်ထားလိုသူများ
ကြိုတင်၍ Financial Documents နှင့်ပတ်သက်သည်များကို ဆွေးနွေးနိုင်ပါသည်။

ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ရန် ကျွနု်ပ်တို့သည် ပွင့်လင်းမြင်သာခြင်း၊
ကျွမ်းကျင်သောအတွေ့အကြုံများဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။


📄 COE စာရွက်စာတမ်းတွေအခက်အခဲဖြစ်နေလား?👉 အဲ့ဒါဆို ONEJAPAN နဲ့ လက်တွဲလိုက်ပါ 💼✨• ONEJAPAN တွင် ကျောင်းလျှောက်လိုသူများအတွ...
14/02/2026

📄 COE စာရွက်စာတမ်းတွေအခက်အခဲဖြစ်နေလား?

👉 အဲ့ဒါဆို ONEJAPAN နဲ့ လက်တွဲလိုက်ပါ 💼✨

• ONEJAPAN တွင် ကျောင်းလျှောက်လိုသူများအတွက်ပဲဖြစ်ဖြစ်
• COE စာရွက်စာတမ်းများကို အပြတ်အပ်လိုသူများအတွက်ပဲဖြစ်ဖြစ်
• သက်သာသောဝန်ဆောင်ခများဖြင့် ယုံကြည်စိတ်ချစွာ All-In-One ဝန်ဆောင်ပေးနေပါတယ်နော်...

📌 အထူးသင့်တော်သူများကတော့
✔COE အောင်ချက်ကောင်းတဲ့ ကျောင်းများကို လျှောက်ထားချင်သူများ
✔ယုံကြည်စိတ်ချစွာ လျှောက်ထားချင်သူများ
✔ စာရွက်စာတမ်းပြင်ဆင်ရာတွင် အခက်အခဲရှိသော လျှောက်ထားသူများ
✔ အကြောင်းအမျိုးမျိုးကြောင့် COE စာရွက်စာတမ်းပြင်ဆင်ရန်လိုအပ်သော Agent များ

ယုံကြည်စိတ်ချစွာ လုပ်ငန်းအပ်နှံနိုင်ပါတယ်...

🚀 မြန်ဆန် • မှန်ကန် • သက်သာသော ONEJAPAN
✔ မြန်ဆန်သော Process
✔ သက်သာသောဝန်ဆောင်ခများနဲ့
✔ ယုံကြည်စိတ်ချစွာ လက်တွဲလုပ်ကိုင်နိုင်ပါတယ်

🏆 ဘာကြောင့် ONEJAPAN ကိုရွေးသင့်လဲ?
✨ ၁၅ နှစ်ကျော် အတွေ့အကြုံရှိသော တာဝန်ခံများမှ
✨ စေ့စပ်သေချာစွာ စစ်ဆေးပြင်ဆင်ပေးခြင်း
✨ COE အတွက် စိတ်အေးအေးနဲ့ အပ်နှံနိုင်ခြင်း
✨ All-In-One Services အပ်နိုင်ခြင်း

📩 အသေးစိတ်ဆက်သွယ်ရန်
👉 PAGE MESSENGER
📲 Viber – 09 4500 96342

📢 2026 October Intake အတွက် ကျောင်းလျှောက်လက်ခံနေပါပြီ✔️ Tokyo မြို့တွင်းရှိ ဂျပန်ဘာသာကျောင်းများ✔️ COE အောင်ချက်ကောင်းသ...
04/02/2026

📢 2026 October Intake အတွက် ကျောင်းလျှောက်လက်ခံနေပါပြီ

✔️ Tokyo မြို့တွင်းရှိ ဂျပန်ဘာသာကျောင်းများ
✔️ COE အောင်ချက်ကောင်းသော Class-1 ကျောင်းများ
✔️ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွားချင်သူများ

🇲🇲 နယ်ဘက်တွေမသွားချင်ဘူး Tokyo ကိုရွေးချယ်ချင်သူများအတွက်
COE အောင်ချက်ကောင်းတဲ့ကျောင်းအပြင် စာရွက်စာတမ်းများကို
သေချာဂရုတစိုက်ပြင်ဆင်ပေးတာကြောင့် စိတ်ချလျှောက်ထားနိုင်ပါတယ်

📄 လျှောက်လွှာဖောင်များ လက်ခံနေပါပြီ

📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့ Viber ကို ဆက်သွယ်နိုင်ပါတယ်။

ONEJAPAN ALL-IN-ONE FOR JAPAN STUDY
PH: 09 4500 96342
VIBER: 09 4500 96342

🇯🇵 ဂျပန်ကို အမြန်ဆုံး ဘာဗီဇာနဲ့ သွားရမလဲ စဉ်းစားနေသူများအတွက်...ဂျပန်စာသင်ပြီး ဂျပန်သွားဖို့ စဉ်းစားနေတာလား❓ဒါမှမဟုတ် ဂျ...
23/10/2025

🇯🇵 ဂျပန်ကို အမြန်ဆုံး ဘာဗီဇာနဲ့ သွားရမလဲ စဉ်းစားနေသူများအတွက်...

ဂျပန်စာသင်ပြီး ဂျပန်သွားဖို့ စဉ်းစားနေတာလား❓
ဒါမှမဟုတ် ဂျပန်စာသင်နေပြီး ဂျပန်သွားဖို့ စီစဉ်နေသူလား❓
အဲ့တာဆိုရင် အရင်ဆုံးစဉ်းစားရမှာက 👉
ဘာဗီဇာနဲ့ သွားမလဲ ဆိုတာပဲ ဖြစ်ပါတယ် ✈️
---

🎓 လက်ရှိအချိန်မှာ အမြန်ဆုံး သွားလို့ရတဲ့ ဗီဇာကတော့ “ကျောင်းဗီဇာ” ဖြစ်ပါတယ်!
ကျောင်းနဲ့သွားတဲ့ အားသာချက်လေးတွေကို ပြောပြပါမယ်
👇👇

🥇 (၁) သွားမယ့်နေ့ကို အတိအကျသိနိုင်ခြင်း!

ကျောင်း COE တင်နိုင်တဲ့ INTAKE (၄) ခု ရှိပါတယ် –
📅 APRIL / JULY / OCTOBER / JANUARY
COE RESULT ထွက်ပြီးတာနဲ့ ဗီဇာအောင်ပြီး လေယာဉ်လက်မှတ်စီစဉ်လို့ရပါပြီ 🛫
(ပတ်စ်ပို့ PV / PE ကိုင်ထားရင် ပိုလွယ်!)
---

🥈 (၂) အလုပ်ဗီဇာလို အချိန်စောင့်စရာ မလိုပါ!

OWIC စောင့်၊ COE စောင့်၊ Cancel ဖြစ်သွားတာမျိုး စိတ်ပူစရာ မလိုပါဘူး 💪
အင်တာဗျူးအောင်တာနဲ့ ကျိန်းသေသွားနိုင်ပါတယ် ✅
(ကျောင်းဘက်က Cancel လုပ်တာမျိုး မရှိပါ — ကျောင်းသားဘက်ကသာ လုပ်တာမျိုး ရှိတာပါ)
---

🥉 (၃) ဘွဲ့မရှိသူတွေအတွက်လည်း အခွင့်အလမ်းကောင်း!

ဆယ်တန်း / ပထမနှစ်အထိပဲ အောင်ထားသူတွေအတွက်
LS (၂နှစ်) + Senmon (၂နှစ်) တက်ပြီးတာနဲ့ 👉 Work Visa ပြောင်းလို့ရပါတယ် 🎯
မြန်မာမှာ ဘွဲ့ရဖို့ ၄ နှစ်အချိန်ပေးပြီး Work Visa လျှောက်တာထက် အချိန်တိုပြီး လက်တွေ့ထိရောက်မှု ပိုရှိပါတယ်!
---

💼 (၄) ငွေကုန်ကျစရိတ်လည်း သက်သာ!

ကျောင်းဗီဇာနဲ့ သွားရင် တိုကျိူမြို့ပေါ်ကျောင်းတွေတောင် သက်သက်သာသာနဲ့ လျှောက်နိုင်ပါတယ်)
---

📘 ကျောင်း COE ကတော့ အထိအခိုက်လွယ်တယ်ဆိုပေမယ့် စာရွက်စာတမ်းပိုင်း ဘဏ်ပိုင်း လုပ်ငန်းပိုင်းကို သေချာပြင်ပြီး ကျောင်းလည်းကောင်းတယ်ဆိုရင် အောင်ချက်ကောင်းပါတယ် ကျွန်တော်တို့တင်တဲ့ကျောင်းသားတွေဆိုရင်သေချာပြင်ဆင်ပြီးတင်ပေးနေတာကြောင့် အားလုံးအောင်ကြပါတယ်...💯
---

📢 ဂျပန်သွားဖို့အမြန်ဆုံး လမ်းကြောင်းကို စတင်စဉ်းစားနေသူများအတွက်
ကျောင်းဗီဇာက သင့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတလိမ့်မယ်🇯🇵💫
---




#ကျောင်းဗီဇာနဲ့ဂျပန်သွားမယ်

15/10/2025

အင်တာဗျူးတစ်ခါမှမဗျူးခဲ့ဘဲနဲ့ 🙂
2026-Apr INTAKE မှ အင်တာဗျူးမယ်ဆိုပြီးကျောင်းက ပြောလာတော့လည်း

ကိုယ့်ကျောင်းသားများကို သေချာလေး Interview Training လုပ်ပေးလိုက်တာ ဗျူးပြီးတာနဲ့ချက်ချင်း အောင်တယ်တဲ့

ကိုယ်ကတော့ဝမ်းသာလို့ သူတို့ကစောင့်ရအုံးမယ်
ထင်ထားတာလားမသိ..ကြောင်တောင်တောင်လေးတွေဖြစ်လို့🥰🥰






フォロワーの皆様へお知らせဒီ Page လေးကို အရင်က ONE Japanese Language Private Class အနေနဲ့ 2018 ခုနှစ် 4 လပိုင်းလောက်မှာစဖွင့်ခဲ့ပြီး ...
12/10/2025

フォロワーの皆様へお知らせ

ဒီ Page လေးကို အရင်က ONE Japanese Language Private Class အနေနဲ့ 2018 ခုနှစ် 4 လပိုင်းလောက်မှာစဖွင့်ခဲ့ပြီး ဂျပန်စာလေ့လာနေသူများအတွက် ဂျပန်စာနဲ့ပတ်သက်တာလေးတွေကို တက်နိုင်သမျ ဝေမျှပေးခဲ့သလို

"Private Class ပုံစံ" ကျောင်းသားနည်းနည်းနဲ့ အတန်းတွေကိုလည်း သင်ကြားခဲ့ပါတယ် သင်တန်းတွင် Course ပြတ်ဖို့နဲ့ သင်တန်းအမြန်ပြီးဖို့ကို ဦးစားပေးသင်တာမျိုးမဟုတ်ဘဲ တက်မြောက်မူကိုဦးစားပေးပြီး စေတနာထားသင်ကြားခဲ့ပါတယ် တက်‌ခဲ့ဖူးတဲ့ ကျောင်းသူ/သားများ အသိဆုံးဖြစ်ပါလိမ့်မယ်....

ကြားရက်မှာ အချိန်ပေးပြီးမတက်‌ရောက်နိုင်တဲ့သူများ/ရုံးဝန်ထမ်းများကိုဦးစားပေးသင်ကြားခဲ့သလို သင်တန်းကြေးကိုလည်း အစကတည်းကအပြတ်ပေးသွင်းရတာမျိုးမဟုတ်ဘဲ လချင်းပေးပုံစံနဲ့ Private Class လေးတွေ သင်ဖြစ်ခဲ့ပါတယ်...

အဲ့နောက် ၂၀၂၀ ခုနှစ် ၃လပိုင်းလောက်မှာ ကိုဗစ်စလာတာကြောင့် သင်တန်းခဏပိတ်ရင်းနဲ့ အပြီးပိတ်လိုက်ရတဲ့အခြေအနေထိဖြစ်သွားခဲ့ပါတယ်...

အခုက Page လေးကို ONEJAPAN ALL-in-One for Japan Study အမည်သို့ ပြောင်းလဲလိုက်ကြောင်း Follower များအားလုံးကို လေးစားစွာအသိပေးအပ်ပါတယ်...

Page တွင် အရင်လိုပဲ ဂျပန်စာနဲ့ထိတွေ့နေတဲ့သူများအားလုံးအတွက် အကျိုးရှိစေမယ့်အရာများကို Sharing လုပ်ပေးသွားမှာဖြစ်သလို...

အဓိကကတော့ Language School နဲ့သွားမယ့်ကျောင်းသား/သူများအတွက် အဓိကထားပြီး Supporting လုပ်ပေးသွားမှာဖြစ်ပါတယ်... ထို့အပြင် Language School တွေနဲ့ချိတ်ဆက်ပို့ပေးနေပြီး အကြောင်းအမျိုးမျိုးကြောင့်စာရွက်စာတမ်းပိုင်း အပြတ်အပ်ချင်သူများကိုလည်း စိတ်တိုင်းကျ အမြန်ဆုံးပုံစံနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်...

အဲ့ဒါကြောင့် COE အောက်ချက်ကောင်းတဲ့ ကျောင်းများကိုလျှောက်ချင်သူများနှင့် ကျောင်းစာရွက်စာတမ်းများကို အပြတ်အပ်ချင်သူများ ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်..

"ONEJAPAN ၏ အမြင့်ဆုံး တန်ဖိုးသည် ယုံကြည်စိတ်ချရမှုဖြစ်သည်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ယုံကြည်စွာဆက်ဆံနိုင်ပါတယ်.....

29/06/2025

ဝင်ခွင့်အင်တာဗျူးဖြေစရာမလို

COE အောင်ချက် 100%

TOKYO ကျောင်းကို လျှောက်ချင်သူများအတွက်

APRIL INTAKE အတွက် ‌ဖောင်လက်ခံနေပါပြီ...

16/06/2025

ကျောင်းနဲ့လည်းသွားချင်တယ်

နယ်ကျောင်းမဟုတ်ဘဲ တိုကျိုမှာတက်ချင်တယ်

ကျောင်းလခတွေက ၄၀၀ကျော် ၅၀၀တွေဖြစ်လို့
မတက်နိုင်ဘူးဆိုရင်

တိုကျိုမှာ ၃၀၀ကျော်ကျော်လေးနဲ့

COE အောင်ချက် 90% အကျော်ရှိတဲ့

ကျောင်းကို လျှောက်နိုင်ပါတယ်

04/06/2023

(Japanese version is below)
⚠️ဂျပန်နိုင်ငံသို့သွားရောက်ရန် ဗီဇာလာ‌ရောက်လျှောက်ထားသူများအားလုံးသို့ သတိပေးနှိုးဆော်ချက်

လတ်တလောတွင် ဂျပန်နိုင်ငံသို့သွားရောက်ရန် ဗီဇာလာရောက်လျှောက်ထားသူများအကြား လိုအပ်သော စာရွက်စာတမ်း မပြည့်စုံသည့်ကိစ္စရပ်များ များပြားလာလျက်ရှိပြီး အထူးသဖြင့် ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးလျက်ရှိသော ဂျပန်နိုင်ငံတွင် ကာလရှည်နေထိုင်ခွင့်ကတ် (COE) များ မှန်ကန်မှုမရှိကြောင်းကို ဗီဇာလျှောက်ထားချိန်တွင် စစ်ဆေးတွေ့ရှိရသည့်သာဓကများ အများအပြား ပေါ်ပေါက်လျက်ရှိပါသည်။

ဂျပန်သံရုံးအနေဖြင့် ပညာသင်ယူရန်စသည်တို့အတွက် ဂျပန်နိုင်ငံသို့သွားရောက်ရန်ဆန္ဒရှိသူများ၏ ကိစ္စရပ်များကို ဆက်လက်၍ ဂရုတစိုက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။ သို့ရာတွင် မမှန်ကန်သောနည်းလမ်းများကို အသုံးပြုလျက်ရှိသည့် မသမာသော ဘာသာစကားသင်တန်းကျောင်းများနှင့် ပွဲစားများစသည်တို့ အမှန်တကယ်ရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရပါသည်။ သံရုံးအနေဖြင့် စစ်မှန်သော စာရွက်စာတမ်းများကို အသုံးပြုထားခြင်းမရှိသူများအား ဗီဇာထုတ်ပေး၍ မရနိုင်ပါ။

သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသူများသည် ခရီးစဥ်စီစဥ်သည့်အခါနှင့် ဗီဇာလျှောက်ထားသည့်အခါများတွင် အထက်တွင်ဖော်ပြထားသည့် မသမာသူများကြောင့် နစ်နာဆုံးရှုံးမှုများမရှိစေရေး အထူးသတိပြုပေးပါရန် ဂျပန်သံရုံးအနေဖြင့် တိုက်တွန်းလိုပါသည်။အထူးသဖြင့် အောက်ပါအချက်အလက်များကို သေချာစွာ စစ်ဆေးပါ။

☑️မြန်မာနိုင်ငံဘက်ရှိ ဘာသာစကားသင်တန်းကျောင်းများတွင် တက်ရောက်ရန်စဥ်းစားသည့်အခါ ယုံကြည်ရလောက်သည့် ကျောင်းဟုတ်မဟုတ်ကို သေချာစွာ စုံစမ်းလေ့လာပြီးမှ ကျောင်းအပ်ရန်။

☑️COE စသည်တို့လျှောက်ထားရန်အတွက် လိုအပ်သောစာရွက်စာတမ်းများကို ပွဲစားများထံတွင် အပ်နှံခြင်း မပြုဘဲ မိမိကိုယ်တိုင် ပြင်ဆင်ဆောင်ရွက်ရန်၊ သို့မဟုတ် မိမိကိုယ်တိုင် သေချာစွာ စစ်ဆေးအတည်ပြုရန်။

☑️ဗီဇာလျှောက်ထားခြင်းကို ကိုယ်စားလှယ်ဖြင့်အပ်နှံသည့်အခါ မိမိအမည်ပါရှိသော COE မူရင်းကို မဖြစ်မနေ သေချာစွာ စစ်ဆေးအတည်ပြုရန်။

ဗီဇာလျှောက်ထားခြင်းဆောင်ရွက်ရာတွင် မသမာသော ဘာသာစကားသင်တန်းကျောင်းများနှင့် ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်ဟု စိုးရိမ်ပူပန်မှုရှိပါက ဘာသာစကားသင်တန်းကျောင်းနှင့် ပွဲစားများ၏ သတင်းအချက်အလက်များနှင့်အတူ သံရုံးသို့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
ထို့အပြင် အမှန်တကယ် နစ်နာဆုံးရှုံးမှူများ ကြုံတွေ့ခဲ့ရသူများအနေဖြင့်လည်း ၎င်းသတင်းအချက်အလက်များကို သံရုံးသို့ မျှဝေပေးစေလိုပါသည်။ အများသူငှာအတွက် ပိုမိုအကျိုးရှိစေမည့် သတိပေးနှိုးဆော်ချက်အသစ်များ စသည်တို့ ထုတ်ပြန်ရာတွင် သံရုံးအနေဖြင့် စဉ်းစားသုံးသပ်နိုင်မည် ဖြစ်ပါသည်။

⚠️日本への査証を申請される皆様への注意喚起

最近、日本への査証を申請される方の中で、必要書類に不備があるケースが増えており、特に、日本の出入国在留管理局が発行することになっている在留資格証明書(COE)が真正ではないことが申請段階で判明する例が複数発生しています。

当館としては、就学等のために日本への渡航を希望される方の手続に引き続き丁寧に対応していく考えですが、残念ながら、不正な手段を用いる悪徳な語学学校やブローカー等の業者が存在するのも事実で、真正な書類をご用意いただけない方に査証を発給することはできません。

ついては、日本への渡航を希望される皆様におかれては、渡航計画を立てる際や査証申請を行う際に、上記のような悪徳な業者による被害に遭わないように十分に注意願います。特に、以下の点をご確認下さい。

☑️ミャンマーの日本語学校入学を検討する際は、信頼できる学校かを十分に下調べをした上で入学手続きをする。

☑️COEなどの申請のために必要な書類はブローカー任せにせず、自分で用意する、または自分で確認をする。

☑️代理者に査証申請を依頼する際は、必ず自分名義のCOE原本を確認する。

査証申請の手続に当たって、悪徳な語学学校やブローカーから被害に遭っているかもしれないなどのご不安がある方は、語学学校やブローカーの情報と共に当館に御相談ください。また、実際に被害に遭ってしまった方は、当館に情報提供いただけると幸いです。更なる注意喚起等の対策の参考にさせていただきます。

Address

Thingangyun Township,

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959450096342

Website

Alerts

Be the first to know and let us send you an email when One Japan All-in-One for Japan Study posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to One Japan All-in-One for Japan Study:

Shortcuts

  • Want your school to be the top-listed School/college?

Share