Ansar ul Hujjah- aj

Ansar ul Hujjah- aj Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ansar ul Hujjah- aj, Myitkyina.

اللَّهُمَّ اجْعَلْنِي مِنْ أَنْصَارِهِ وَأَعْوَانه ​
​"အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်‌တော်မျိုးတို့အား
အေမာမာမ်မဟ်ဒီ(အဂျ)၏ နောက်လိုက်များ၊ အေမာမ့်ဘက်မှရပ်တည်ကူညီသူများထဲတွင် ပါဝင်နိူင်ခွင့်‌ ‌‌ပေးတော်မူပါ။"

ရွဟ်ဘရ် ရှဟီးဒ် စိုင်ယဒ် အလီခါမေနာအီ قدس‌الله نفسه الزکیه  နှင့်မိသားစုဝင်များအားဒဖ်နာပြုပြီး၃ရက်မြောက်နေ့ ကုရ်အာန်ဖတ်ရွ...
12/07/2026

ရွဟ်ဘရ် ရှဟီးဒ် စိုင်ယဒ် အလီခါမေနာအီ قدس‌الله نفسه الزکیه နှင့်မိသားစုဝင်များအားဒဖ်နာပြုပြီး၃ရက်မြောက်နေ့ ကုရ်အာန်ဖတ်ရွတ်ခြင်း။

လေးပါးမြောက်ခေါင်းဆောင် အေမာမ်စဂျာဒ်(အလိုင်ဟစ္စလာမ်)၏ ရှဟာဒသ်နေ့မဂျလစ်အဇာကျင်းပခြင်းအမှတ်တရ။
10/07/2026

လေးပါးမြောက်ခေါင်းဆောင် အေမာမ်စဂျာဒ်(အလိုင်ဟစ္စလာမ်)၏ ရှဟာဒသ်နေ့မဂျလစ်အဇာကျင်းပခြင်းအမှတ်တရ။

ရဟ်ဘရ် ရှဟီးဒ် စိုင်ယဒ် အလီခါမေနာအီ قدس‌الله نفسه الزکیهနှင့်ရှဟီဒီများအတွက် ကုရ်အာန်ဖတ်ရွတ်ခြင်းနှင့် အောက်မေ့ဖွယ်အခမ်း...
10/07/2026

ရဟ်ဘရ် ရှဟီးဒ် စိုင်ယဒ် အလီခါမေနာအီ قدس‌الله نفسه الزکیهနှင့်ရှဟီဒီများအတွက် ကုရ်အာန်ဖတ်ရွတ်ခြင်းနှင့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပခြင်းအမှတ်တရ။
အိုအရှင်သခင်၊ ရွဟ်ဘရ်၏ရူဟ်ဝိညာဉ် တော်အား မြင့်မားသောအရိုက်အရာနေရာမှာထားရှိပေးတော်မူပါ။


🤍ရှဟီးဒ် အာယာသုလ္လာဟ် ဆိုင်ယဒ် အလီ ခါမနာအီ ရွဟဘရ် 🤍အားနောက်ဆုံးနှုတ်ဆက်ခြင်း - မတရားမှုများကို မိမိ၏ ဘဝတစ်ခုလုံးဖြင့် ရင...
03/07/2026

🤍ရှဟီးဒ် အာယာသုလ္လာဟ် ဆိုင်ယဒ် အလီ ခါမနာအီ ရွဟဘရ် 🤍အားနောက်ဆုံးနှုတ်ဆက်ခြင်း -
မတရားမှုများကို မိမိ၏ ဘဝတစ်ခုလုံးဖြင့် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ပြီး၊ အသက်ရှင်သန်သည့် နောက်ဆုံးအချိန်ထိ ခိုင်မာစွာ ရပ်တည်သွားခဲ့သော
​အာဇာနည် အာယာသုလ္လာဟ် ဆိုင်ယဒ် အလီ ခါမေနီသည် အမှန်တရားလမ်းစဉ်တွင် ၄င်း၏ ဂျဒ် ဘိုးဘေးတော် အေမာမ်ဟူစိန်း(အလိုင်ဟစ္စလာမ်)လမ်းစဉ်ကို အတုယူလျက် ထိုလမ်းစဉ်ကိုပင် ရွေးချယ်ခဲ့လေသည်။

အေမာမ်ဟူစိန်(အလိုင်ဟစ္စလာမ်)သည်မတရားပြုသူအား မိန့်ကြားခဲ့‌သည် ::
"​ ကျွန်ုပ်တို့သည် နဗီတမန်တော်မြတ်၏ မျိုးဆက်နှင့် ရေဆာလသ် ၏ ရတနာသိုက် ဖြစ်ကြသည်။ ... ထိုသူ့မှာကား အကျင့်ပျက်သူ၊ အရက်သေစာသောက်စားသူ၊ အပြစ်မဲ့သူကို သတ်ဖြတ်သူ၊ လူသိရှင်ကြား အကျင့်ပျက်ခြစားသူ ဖြစ်သည်။ ကျွန်ပ်ကဲ့သို့သော သူသည် ထိုကဲ့သို့သောသူနှင့် ဘိုင်အသ် (သစ္စာခံ) မပြုနိုင်ပေ။"

_ဤ နောက်ဆုံးနှုတ်ဆက်ခြင်းသည် ခေါင်းဆောင်တစ်ဦး၏ ရုပ်ကလာပ်အား ပို့ဆောင်ခြင်းသက်သက်မဟုတ်ပါ။

_ဤသည်မှာခေါင်းဆောင်၏ ရည်မှန်းချက်ပန်းတိုင်များအား အီရန်ပြည်သူတို့နှင့် ထိုခေါင်းဆောင်၏နောက်လိုက်များက သစ္စာအသစ်ပြုခြင်းနှင့် အမှန်တရားလမ်းစဉ်အပေါ် သစ္စာရှိကြောင်း ကြွေးကြော်‌ခြင်းပင်ဖြစ်သည်။

_ ဤသည်မှာ အေမာမ်ဟူစိန် (အလိုင်ဟစ္စလာမ်) ၏ လမ်းစဉ်သည် ကယာမသ်နေ့အထိ အသက်ဝင်လျက်၊ တည်မြဲခိုင်မာနေမည်ဖြစ်ကြောင်း ရှင်းလင်းသော သတင်းစကားပေးနေခြင်း ဖြစ်သည်။

ယနေ့အထိရရှိထားတဲ့သတင်းအရ "အာဇာနည်ခေါင်းဆောင်ကြီး" (امام شهید) ၏(تشییع جنازه) ဈာပနနှင့် ပို့ဆောင်သည့် အခမ်းအနားတွင် ပါဝင်တက်ရောက်မည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ အကြီးအကဲများနှင့် ပတ်သက်၍ အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
​နိုင်ငံတကာမှ တရားဝင် ကိုယ်စားလှယ်အဖွဲ့ (၅၀) ခန့် လာရောက်ရန် အတည်ပြုထားပြီး၊ တက်ရောက်မည့်သူများ၊ ရောက်ရှိ‌နေကြသူများအား အောက်ပါအတိုင်း ခွဲခြားဖော်ပြထားသည် -
​၁။ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများ
​သမ္မတများ - တာ့ခ်မင်နစ္စတန် (အမျိုးသားခေါင်းဆောင်နှင့် ပြည်သူ့ကောင်စီဥက္ကဋ္ဌ)၊ တာဂျစ်ကစ္စတန်၊ အီရတ်၊ ဂျော်ဂျီယာနိုင်ငံတို့၏ သမ္မတများ၊ အီရတ်နိုင်ငံ (ကုဒ်ဒစ်စတန်ဒေသ) ၏ ဥက္ကဋ္ဌ။
​ဝန်ကြီးချုပ်များ - ပါကစ္စတန်၊ အာမေးနီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတို့၏ ဝန်ကြီးချုပ်များ။
​၂။ အခြားသော အဆင့်မြင့် တာဝန်ရှိသူများ
​ရုရှား - လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ (မက်ဗီဒက်ဗ်)။
​ပါကစ္စတန် - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်။
​တရုတ် - ပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ။
​၃။ လွှတ်တော်ဥက္ကဋ္ဌများ
​အီရတ်၊ ပါကစ္စတန် (အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်)၊ အိုမန်၊ ကာတာ၊ ဘီလာရုစ်၊ အဇာဘိုင်ဂျန်၊ ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အီဂျစ်နိုင်ငံတို့မှ လွှတ်တော်ဥက္ကဋ္ဌများ
​၄။ နိုင်ငံခြားရေးဝန်ကြီးများနှင့် အခြားအဆင့်များ
​နိုင်ငံခြားရေးဝန်ကြီးများ - အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ဂါနာ၊ နီကာရာဂွါနှင့် ကွန်ဂိုနိုင်ငံတို့မှ ဝန်ကြီးများ။
​တူရကီ - ဒုတိယသမ္မတ။
​အခြားနိုင်ငံများ - ဆားဘီးယား၊ တူနီးရှား၊ လက်ဘနွန်၊ နမီးဘီးယား၊ မလေးရှား၊ ကျူးဘား၊ သီရိလင်္ကာ၊ မြန်မာ၊ အိန္ဒိယ၊ ဂမ်ဘီယာနှင့် ထိုင်းနိုင်ငံတို့မှ အဆင့်အမျိုးမျိုးရှိ ကိုယ်စားလှယ်များ။
​၅။ နိုင်ငံတကာ အဖွဲ့အစည်းများ
​ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အတွင်းရေးမှူးချုပ်၊ ECO ၏ အတွင်းရေးမှူးချုပ်နှင့် ECO ယဉ်ကျေးမှုဌာန ဥက္ကဋ္ဌ

​ဤတက်ရောက်မှုများသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအား အထီးကျန်ဖြစ်စေရန် ကြိုးပမ်းချက်များ ပျက်ပြားသွား‌ေစခြင်းနှင့် အပြည်ပြည်ဆိုင်ရာတွင် အီရန်၏ ဂုဏ်သိက္ခာကို ပြသနေခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကော်မတီ၏ အတွင်းရေးမှူး အာကာ ဝါဟိဒ် ဂျလာဇာဒေး (Vahid Jalalzadeh) က ပြောကြားခဲ့ပါတယ်။

Ya Sahebaz Zamaan!😭

اَلسَّلامُ عَلَیْکَ یا اَبا عَبْدِ اللهِ وَعَلَى الْاَرْواحِ الَّتى حَلَّتْ بِفِنائِکَ ، عَلَیْکَ مِنّى سَلامُ اللهِ اَب...
17/06/2026

اَلسَّلامُ عَلَیْکَ یا اَبا عَبْدِ اللهِ وَعَلَى الْاَرْواحِ الَّتى حَلَّتْ بِفِنائِکَ ، عَلَیْکَ مِنّى سَلامُ اللهِ اَبَداً ما بَقیتُ وَبَقِىَ اللَّیْلُ وَ النَّهارُ...

​မော်ဟရမ် ၂ ရက် ညအဇာဒါရီ
17/6/2026 -Wed
ဘာနီရှင်: ဟူမေရားဘာဂျီမိသားစု
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့။

တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ မြေးတော် ဟဇရတ် အိမာမ် ဟိုစိန် (Imam Hussain) နှင့် မိသားစုဝင်များ၊ နောက်လိုက်များ ကျဆုံးရှဟီး...
16/06/2026

တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ မြေးတော် ဟဇရတ် အိမာမ် ဟိုစိန် (Imam Hussain) နှင့် မိသားစုဝင်များ၊ နောက်လိုက်များ ကျဆုံးရှဟီးဒ်ဖြစ်ခဲ့ရသော_

ထိုပုဂ္ဂိုလ်တို့၏ စွန့်လွှတ်အနစ်နာခံမှုနှင့် တရားမျှတမှုအတွက် ရပ်တည်ခဲ့သည့် စိတ်ဓာတ်ကို အောက်မေ့သတိရစေသော_

အလွန်ဝမ်းနည်းဖွယ်ကောင်းသော၊ သမိုင်းဝင်အဖြစ်အပျက်တစ်ခုကို အမှတ်ရစေသော_
မော်ဟရာမ်လ (Muharram) ကျရောက်လာသည့်အတွက် _

သက်ရှိခေါင်း ဆောင် အေမာမ်မဟ်ဒီ(အဂျ) နှင့်တစ်ကွ တမန်တော်မြတ်ကြီး(ဆွ)နှင့် မြင့်မြတ်သော ထိုတမန်တော်၏ အနွယ်တော်ဝင်တို့အား အချစ်ထားသူအပေါင်းအား ဝမ်းနည်းကြောင်း ပြောကြားအပ်ပါသည်။

اَلسَّلامُ عَلَیْکَ یا اَبا عَبْدِ اللهِ وَعَلَى الْاَرْواحِ الَّتى حَلَّتْ بِفِنائِکَ ، عَلَیْکَ مِنّى سَلامُ اللهِ اَبَداً ما بَقیتُ وَبَقِىَ اللَّیْلُ وَ النَّهارُ

Ansaarul Hujjat Aj

06/06/2026

အန်ဆွာရုလ် ဟုဂျ်ဂျဟ်(အဂျ) ကျောင်း၏
2025-2026 ပညာသင်နှစ် ကျောင်းဆင်းပွဲနှင့်
ဆုပေးပွဲ အခမ်းအနား
6/6/2026 စနေနေ့
မြစ်ကြီးနားမြို့။

04/06/2026

الْحَمْدُ لِلَّهِ الَّذِي جَعَلَ كَمَالَ دِينِهِ وَ تَمَامَ نِعْمَتِهِ بِوِلاَيَةِ أَمِيرِ الْمُؤْمِنِينَ عَلِيِّ بْنِ أَبِي طَالِبٍ عَلَيْهِ السَّلاَمُ‏

"သက်ဝင်ယုံကြည်သူတို့၏ ခေါင်းဆောင်၊ အဘူသွာလိဗ်၏ သားတော် အေမာမ်အလီ (အစ)) ၏ ဝေလာယသ် (ခေါင်းဆောင်မှု/လမ်းညွှန်မှု) အားဖြင့် မိမိ၏ သာသနာတော်ကို ပြီးပြည့်စုံစေခဲ့ပြီး၊ ကောင်းချီးမင်္ဂလာအပေါင်းကို အဆုံးအစွန်ထိ ပြည့်စုံစေခဲ့သော အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုပါ၏။"

​အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာများ ပြည့်စုံသွားသည့်နေ့နှင့် သာသနာတော် ပြီးပြည့်စုံသွားသည့် နှစ်ပတ်လည်နေ့ဖြစ်သော... ကြီးမြတ်လှသည့် ဝေလာယသ် နှင့် အေမာမသ်နေ့ Ghadir အီးဒ်ပွဲတော်အခါသမယအတွက် အားလုံးကို Mubarak ပြောကြားအပ်ပါသည်။

ယနေ့၏ကြီးကျယ်မြင့်မြတ်မှုအား အကြောင်းခံ၍ အမီးရုလ်မိုအ်မေနီးန် အေမာမ်အလီ(အစ) ၏ သန့်စင်မွန်မြတ်လှသော လမ်းစဉ်၊ ကျင့်ဝတ်များမှတစ်ဆင့် အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည့် အခွင့်အလမ်းကို ကျွနုပ်တို့အားလုံးအတွက် ပေးသနားတော်မူပါရန် အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးတွင် ဆုမွန်ကောင်းတောင်းခံအပ်ပါသည်။"
✨Eid Mubarak ✨

အီးဒ်ဒေဂဒီရ် အခမ်းအနားအမှတ်တရ
မြစ်ကြီးနားမြို့။

ခင်မင်ရင်းနှီးရပါသော အဲဟ်လေတစနွန် မိသားစုဝင်တို့၏ မရ်ဟွမ်အတွက် ကုရ်အာန်၊ ဒိုအာဖတ်ရွတ်ခြင်းအမှတ်တရ။မရ်ဟွမ်မိုဟာမဒ်ယူစူဖ် ...
03/06/2026

ခင်မင်ရင်းနှီးရပါသော အဲဟ်လေတစနွန် မိသားစုဝင်တို့၏ မရ်ဟွမ်အတွက် ကုရ်အာန်၊ ဒိုအာဖတ်ရွတ်ခြင်းအမှတ်တရ။
မရ်ဟွမ်မိုဟာမဒ်ယူစူဖ် နှင့် တစ်ကွ ကွယ်လွန်လေပြီးသော မရ်ဟူမ်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်သက်ရောက်ပါစေ။ အာမီးန်။

ခင်မင်ရင်းနှီးရပါသောအဲဟ်လေတစနွန် မိသားစုဝင်တို့၏‌နေအိမ်။ မြစ်ကြီးနားမြို့။

إِلَهِي مَاذَا وَجَدَ مَنْ فَقَدَكَ، وَمَا الَّذِي فَقَدَ مَنْ وووَجَدَك..."အို... ကျွန်ုပ်၏အရှင်၊ အရှင်မြတ်ကို ဆုံးရှုံ...
27/05/2026

إِلَهِي مَاذَا وَجَدَ مَنْ فَقَدَكَ، وَمَا الَّذِي فَقَدَ مَنْ وووَجَدَك...

"အို... ကျွန်ုပ်၏အရှင်၊ အရှင်မြတ်ကို ဆုံးရှုံးလိုက်ရသူသည် (လောကတွင်) ဘာကိုများ ရရှိနိုင်ပါဦးမည်နည်း။ ထို့အတူ အရှင်မြတ်ကို ရှာဖွေတွေ့ရှိထားသူသည်ကော (လောကတွင်) ဘာကိုများ ဆုံးရှုံးနိုင်ပါဦးမည်နည်း။"

​أَنْتَ الَّذِي أَزَلْتَ الأَغْيَارَ عَنْ قُلُوبِ أَحِبَّائِكَ حَتَّى لَمْ يُحِبُّوا سِوَاكَ

"အရှင်မြတ်သည် မိမိချစ်မြတ်နိုးသော သူတော်စင်တို့၏ နှလုံးသားများထဲမှ အခြားသောအရာ (အနှောင်အဖွဲ့) အားလုံးကို ဖယ်ရှားပေးတော်မူသော အရှင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသူတို့သည် အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မချစ်မြတ်နိုးကြတော့ပါ။"

ဒိုအာအရ်ဖွဟ်

Myitkyina, Kachin State.

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Ansar ul Hujjah- aj posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share