APP Computer Center

  • Home
  • APP Computer Center

APP Computer Center လုပ်ငန်းခွင် လက်တွေ့ဦးစားပေး အိုင? ကွန်ပျူတာလဲပြင်၊ ဘာသာစကားတွေလဲသင် ယူနိုင်သော တစ်ခုတည်းသော နည်းပညာကျောင်း

✍️2026 အတွက် ရင်ထဲကို ထိမိပြီး အကြိုက်ဆုံးစာသားကို မွေး‌နေ့အလှူအနေနဲ့ မူရင်းမှတဆင့် ကိုးကားပြီး sharing လုပ်ပေးပါတယ်✍️အဲ...
26/03/2026

✍️2026 အတွက် ရင်ထဲကို ထိမိပြီး အကြိုက်ဆုံးစာသားကို မွေး‌နေ့အလှူအနေနဲ့ မူရင်းမှတဆင့် ကိုးကားပြီး sharing လုပ်ပေးပါတယ်
✍️အဲဒါ ဘာလဲဆိုရင်တော့ "ကိုယ်သိတဲ့သူတယောက်ဆီမှာ ကိုယ်မသိနိုင်တဲ့ တိုက်ပွဲပေါင်းများစွာ ဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရတယ်ဆိုတာပါပဲ
ဒါကို ကိုယ်က သိရှိပြီး သူတို့ကို မေတ္တာအပြည့် စေတနာအပြည့်နဲ့ ဆက်ဆံပါ တဲ့
✍️အမှန်ပါပဲ အခုခေတ်မှာ ကိုယ်သိတဲ့ ကိုယ့်ရဲ့အမေ, အဖေ, ကိုယ့်ရဲ့ချစ်သူရည်းစား, ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာ ကိုယ်မသိနိုင်တဲ့ ဒုက္ခတွေ ပြဿနာတွေ အများကြီးရှိတယ်
✍️ လူတိုင်းက အရင်ကထက် အခက်ခဲတွေအများကြီး ပိုရင်ဆိုင်ရတယ်, အဲဒီအခက်ခဲတွေသည်လဲ မိမိကိုယ်တိုင်တောင် တချို့အရာတွေ ကိုယ်ချင်းစာပေးလို့မရတာတွေရှိတယ်
✍️ ဒါပေမယ့် သေချာတာ အရေးကြီးတာကတော့ သူတို့မှာလဲ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါလားဆ်ုတဲ့
Self-Awareness သိစိတ်လေးနဲ့ ရင်ဆိုင်ဖြတ်သန်းပြီးတော့မှ ကိုယ့်မှာရှိနေသော Ego ဆိုတဲ့ မာနတွေ အတ္တတွေကို ခဝါချသင့်တယ်
✍️ မြန်မာ့လူမှုအသိုင်းဝိုင်းမှာ Ego ဆိုတဲ့ သိုးမွေးအထူကြီးတွေ ဝတ်ထားပြီး ရှင်သန်‌နေ မယ်ဆိုရင် ပိုပြီးတော့ ပူလောင်မယ်, ပိုပြီးတော့မှ ပြဿနာတွေ များမယ်
✍️ ဒါ့ကြောင့် ကိုယ့်လူမှုပတ်ဝန်းကျင်, မိသားစုအသိုင်းဝိုင်းမှာလဲ ကိုယ့်ရာသီဥတုနဲ့ မကိုက်ညီသော Ego ဆိုတဲ့ သိုးမွေးအင်္ကျီအထူကြီးကို ချွတ်ထားပြီး တယောက်နဲ့တယောက် မေတ္တာစေတနာအပြည့်နဲ့ ပြောဆို ဆက်ဆံကြရမယ်
✍️ဒီလိုပြောဆိုဆက်ဆံဖို့အတွက်လဲ အားလုံးကို ဖိတ်ခေါ်ချင်သလို ပိုကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုကိုလဲ မိမိအပါအဝင် အားလုံး အတူတူသွားနိုင်ကြပါစေ

#မူရင်းပိုင်ရှင်ကို လေးစားဂါရဝပြုပါတယ်

လက်ရှိထုတ်ပြန်ထားတဲ့ စာအရမိမိအသုံးပြုနေတဲ့ ဖုန်းဟန်းဆက်ကို C.E.I.R စနစ်ထဲမှာ မှန်ကန်စွာ မှတ်ပုံတင်ပြီးသားလား (Correct / ...
05/03/2026

လက်ရှိထုတ်ပြန်ထားတဲ့ စာအရ
မိမိအသုံးပြုနေတဲ့ ဖုန်းဟန်းဆက်ကို C.E.I.R စနစ်ထဲမှာ မှန်ကန်စွာ မှတ်ပုံတင်ပြီးသားလား (Correct / Paid / Allowed ဖြစ်နေပြီလား) ဆိုတာ စစ်ဆေးဖို့ လိုအပ်ပါတယ်။

March 31 နောက်ပိုင်းမှာ ဖုန်းဟန်းဆက်ကို ဆက်လက်အသုံးပြုနိုင်ဖို့ဆိုရင် Status သုံးခုလုံး စိမ်းရောင် (Correct / Paid / Allowed) ဖြစ်နေရပါမယ်။



စစ်ဆေးနည်း
1. ဖုန်းခေါ်တဲ့နေရာမှာ * #06 # ကို ရိုက်ထည့်ပါ။
2. ပေါ်လာတဲ့ IMEI နံပါတ် ကို ကူးယူပါ။
3. တရားဝင် Website ထဲမှာ IMEI ထည့်ပြီး စစ်ဆေးပါ။

🛎️ (Website Link ကို comment မှာ ထည့်ပေးထားပါတယ်)



စစ်ကြည့်လို့
- Correct / Paid / Allowed သုံးခုလုံး စိမ်းရောင်ဖြစ်နေပါက မြန်မာနိုင်ငံရှိ SIM Card များနဲ့ ဆက်လက်အသုံးပြုနိုင်ပါတယ်။
- IMEI က ခွင့်ပြုစာရင်းထဲမှာ မပါဘူးဆိုရင် –
ဘယ် SIM ထည့်ထားပါစေ လိုင်းတက်မှာ မဟုတ်ပါဘူး။



သတိပြုရန်
- ဒီစစ်ဆေးမှုဟာ ဟန်းဆက် (IMEI) ကို စစ်တာဖြစ်ပြီး
SIM Card Register နဲ့ မသက်ဆိုင်ပါဘူး။
- လက်ရှိမှာ အကုန်စိမ်းနေပါက အဆင်ပြေတယ်လို့ ယူဆနိုင်ပါတယ်။
သို့သော် နောက်ထပ် သေချာအတည်ပြုချက်များ ထွက်လာပါက ထပ်မံအသိပေးပါမည်။

🛎️ (Website Link ကို comment မှာ ထည့်ပေးထားပါတယ်)
မူရင်းရေးသားသူ ပိုင်ရှင်ကို လေးစားဂါရဝပြုရင်း
Credit ပေးပါတယ် ✍️🙏

Address

259,လှိုင်ရတနာလမ်း,၁၃ရပ်ကွက်,လှိုင်သာယာ,ရန်ကုန်.

Telephone

+959451169177

Website

Alerts

Be the first to know and let us send you an email when APP Computer Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to APP Computer Center:

Shortcuts

  • Want your school to be the top-listed School/college?

Share