EMC Engineering

  • Home
  • EMC Engineering

EMC Engineering engineering knowledge

 ်လုံးမအေးတော့ရင် .......ပုံမှန်သုံးနေတဲ့ AirCon ရုတ်တရက်မအေးတော့ရင် ဒါမှမဟုတ် ပုံမှန်ရှိ‌‌ေနရမယ့် temperature မှာရှိမနေ...
01/12/2023

်လုံးမအေးတော့ရင် .......

ပုံမှန်သုံးနေတဲ့ AirCon ရုတ်တရက်မအေးတော့ရင် ဒါမှမဟုတ် ပုံမှန်ရှိ‌‌ေနရမယ့် temperature မှာရှိမနေဘူး လို့ယူဆရရင် အ‌‌ေခြခံအားဖြင့် ဒီအချက်တွေကိုစတင် စစ်ဆေးအဖြေရှာမယ်.....................

1. Aircon Remote အားစစ်ဆေးရန်.....

Remote functions တွေမှားနှိပ်ထားမိတာ ကြောင့်
IN/Outdoor လည်နေရက်နဲ့ အဲကွန်းမအေးတော့တာ၊ အဲကွန်းဖွင့်ထားသော်လဲ power ရောက်နေရက်နဲ့ outdoor အလုပ်မလုပ်တော့တာ၊ Timer ၀င်နေတာ၊ cool mode တွင်မထားမိတာ၊ fan speed မြှင့်ရန်လို့အပ်နေတာ စသဖြင့် အဖြစ်များတပ်ကြပါတယ်။ ဒါကြောင့် Air Con တစ်လုံးမအေးတော့ရင် remote settings တွေက်ိုမှန်မမှန်အရင်ဆုံးစစ်ဆေးရမှာဖြစ်တယ်။

2. Filter/ Blower များကိုစစ်ဆေးရန်...........

ပထမအဆင့်အနေနဲ့ functions မှန်မမှန်ကိုစစ်ဆေးပြီးပြီ indoor, outdoor အလုပ်လုပ်နေပြီ အဲကွန်းဟာအေးမလာသေးဘူး ဆိုရင် filter, Blower တို့ကိုဖုန်မှုန့်နှင့်ဂျီးများ ပိတ်‌ေနခြင်းရှိမရှိ ထပ်မံစစ်ဆေးပြီး ဆေးကြောပေးရပါမယ်။ indoor fan ဖုန်မှုန့်နှင့်ဂျီးတို့အလွန်ကျွန် ပိတ်နေခြင်းကြောင့် fan high speed ဖြင့်မောင်းနေပါသေ‌ာ်လည်း လေထွက်မလာခြင်းမျိုးြဖစ်တပ်ပြီး အခြေနေတအားဆိုးပါက Blower မှာဂျမ်းဖြစ်၍ မလည်‌နိုင်တော့ပဲ ြဖစ်တပ်ပါတယ်။

3. သတ်မှတ်ထားသော Gas ပမာဏရှိမရှိစစ်ဆေး
ခြင်း.......

Remote, filters,Blower စသည်တို့ကိုစစ်ဆေးပီးပါကအသုံပြုနေသည့် Refrigerant အမျိုးအစားအလိုက် သတ်မှတ်ထားသောgas ပမာဏ ရှိမရှိpressure gauge ဖြင့်စစ်ဆေးခြင်း၊ name plate ပေါ်တွင်ဖော်ပြထားသော ampere အတိုင်းရှိမရှိ clamp meter ဖြင့်တိုင်းတာစစ်ဆေးခြင်း များကို အဆင့်ဆင့်ပြုလုပ်ရမှာဖြစ်တယ်။ အကယ်၍ Gas မှာ သတ်မှတ်ထားတဲ့ pressureထက် လျော့နေပါက gasဖြည့်ပီးချိန်တွင် leakage ဖြစ်နေသည့်နေရာ ရှိမရှိကိုရှာဖွေ ပြင်ဆင်ပေးရန်လိုအပ်ပါတယ်။

အထက်ပါအကြောင်းအရာတွေဟာ Aircon တစ်လုံးမအေးတော့ရင် အဖြစ်များတဲ့‌ေခြခံအကြောင်းရာတွေသာဖြစ်ပါတယ်။။
...................................................................................


Electrical Control Technology (ECT) Online Class( 50%OFF)Course #တက်ရောက်သင့်သောသူများ✅ စက်ရုံအလုပ်ရုံ များတွင် Motor Co...
19/08/2022

Electrical Control Technology (ECT) Online Class
( 50%OFF)

Course #တက်ရောက်သင့်သောသူများ

✅ စက်ရုံအလုပ်ရုံ များတွင် Motor Control ပိုင်းဖြင့်၀င်ရောက်လုပ်ကိုင်လိုသော TU ကျောင်းဆင်း Engineer များ

✅Control Pannel ဆင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင် လိုသူများ

#ဘာတွေသင်မှာလဲ
…………………………

✅Control Circuit များတွင် အသုံးပြုသော

1. Magnetic Conductor
2. Push bottom
3. Timer
4. Relay
5. Overload စသည့်ပစ္စည်းများ၏အလုပ်လုပ်ပုံ

✅3phase Induction Motor များအားထိန်းချုပ်မောင်းနှင်အလုပ်လုပ်ပုံ

✅3Phase Induction Motor အား Remote Control ဖြင့်မောင်းနှင်ပုံ

✅Sequential Circuit များအတွက် အခြေခံလိုအပ်သောပတ်လမ်းများတည်ဆောင်ပုံ

✅3Phase Motor တစ်လုံးအား Forward Reverse မောင်းနှင် အလုပ်လုပ် ပုံ

✅Motor များအား Jooging မောင်းနှင်ရန်ပတ်လမ်းအလုပ်လုပ်ပုံ

✅Relay ကိုအသုံးပြုပြီး Dol Starter Control Circuit တစ်ခု အလုပ်လုပ်ပုံ

✅Ondelay Timer ကိုအသုံးပြု၍ Sequential Circuit များအား ထိန်းချုပ်မောင်းနှင်ပုံ

✅3Phase Motor အား Star/ Delta ထိန်းချုပ်မောင်းနှင်ပုံ ပတ်လမ်း အလုပ်လုပ်ပုံများ

✅Off Delay Timer အားအသုံးပြု၍ Sequential Circuit တည် ဆောက်အလုပ်လုပ်ပုံများ

✅Float Switch ကိုအသုံးပြု၍ water pump မော်တာ ထိန်းသိမ်း မောင်းနှင်အလုပ်လုပ်ပုံများ

✅Photo- Sensor ကိုအသုံးပြု၍ lighting များ Auto On - Off ပြုလုပ်ပုံ

✅Star-Delta Reversing Control Circuit များအလုပ်လုပ်ပုံ

စသည့် သင်ခန်းစာများအပါ၀င် မိမိ ကိုတိုင် လုပ်ဆောင်ပြရမည့် project များ
( Control Circuit Diagram ဆွဲပြရမည်)

သင်ခန်းစာများကို မှာတင်ပေးသွားမှာဖြစ်ပြီး သင်ခန်းစာနှင့်ပတ်သက်၍နားမလည်သည်များကိုအချိန်မရွေး မေးမြန်းနိုင်မှဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက ကိုဖျက်သွားမှာမဟုပ်ပဲ Electrical Motor Control Hardware ပိုင်းနှင့်ပတ်သက်ရွေ့ အခက်ခဲတစုံတရာရှိပါလာပါက တွင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

✅​​​​ နောက်ဆုံးထား register လုပ်ရမည့်ရက်...

( 5,8,2022) monday

✅ဘယ်လို လုပ်ရမလဲ
……….………………………..
သင်တန်းတက်မည်ဆိုပါက
- 30000-50%=15000ks ကို

KBZ-12030125700135001 :MIN KHANT THU YEIN

KBZ pay account (09254563323)

ထဲသို့ထည့်ပေးရပါမယ်လွှဲထားတ့ပြေစာကို Pageရဲ့ messenger ကိုပို့ပေးရမှာဖြစ်ပါတယ်။

လုပ်ပြီးပါက မှတဆင့် Electrical Control သင်ခန်းစာများကို အခြေခံမှစတင်ပြီး မိမိ ကိုတိုင် လုပ်ငန်းခွင်၀င်ရောက်လုပ်ကိုင်နိုင်သည်ထိ သင်ပေးသွားမှာဖြစ်ပါတယ်။



engineering..............

 #မီးချောင်းလင်းရန်အလုပ်လုပ်ပုံ ( Fluorescent Tube)........................................................................
12/08/2022

#မီးချောင်းလင်းရန်အလုပ်လုပ်ပုံ ( Fluorescent Tube)..............................................................................

မီးချောင်းကိုအသုံးပြု​​ခြင်းသည်.......

1. Light Efficiency မှာ ရိုးရိုးမီးလုံးထက်သုံးဆရှိသည်။
2. မီးအလင်းရောင်စူးရှမှုမရှိ။

Tube: မီးချောင်းထဲတွင် Fluoresent Power သုပ်လိမ်းထားပြီး ထိတ်တဖက်စီ၌ Barium သုတ်ထားသော Heater Fliment တပ်ဆင်ထားသည်။ တဖန်ရိုးရိုးလေကိုထုတ်ထားပြီး Mercury Vapour နှင့် Argon gas ကိုထည့်ထားသည်။ Choice ချုပ်ကွိုင်သည် current ကိုlimit လုပ်ရန် series ဆက်ထားသည်။သံပြားလွှာများပေါ်တွင် Enamel wireဖြင့် အပတ်ပေါင်းများစွာရစ်ပတ်ထားသည်။ ၎င်း၏အလုပ်မှာ မီးပွင့်စဥ် Voltageကိုလျှတ်တပျက်မြှင့်ပေးခြင်းနှင့် မီးလင်းစဥ် currentကိုကန့်သတ်ထိန်းချုပ်ပေးသည်။

Startor/Conductor စတတ်တာနှင့်လျှပ်သိုသည်ပတ်လမ်းကို Auto, on/off ပြုလုပ်ပေးသည်။
Glass Bulb ထဲတွင်Argon gas ထည့်ထားသည်။
Electrode နှစ်ခုအနက်တစ်ခုသည် Bimetal ဖြစ်ပြီးတစ်ခုသည် အသေငုပ်ဖြစ်သည်။တခုနှင့်တခုမထိအောင်ထားသည်။ Current စီးဝင်လာချိန်တွင် Bimetal ပူလာပြီးပြန့်ကားလာကာ အနီးရှိကျန်ငုပ်နှင့်ထိမိမည်။ ထိုအခါ close circuit ဖြစ်သွားသည်။ Choke ၏ Inductance effect ကြောင့် tube ထဲရှိမီးစာမျှင်များကို ပူစေသည်။
Mercury Vapour သည်ပြန်ကားလာသည်။ ထိုအခါမီးစာမျှင်တခုနှင့် တခုကို mercury vapour ကဆက်ပေးလိုက်သလိုဖြစ်မည်။
Currentသည် tube အတွဂ်ဖြတ်စီးသဖြင့် fluorescent pounder မှအလင်းရောင်ထွက်လာသည်။ ထိုအခါ stator မှcurrent ကိုနှုပ်ယူလိုက်သလိုဖြစ်ပြီး အပူချိန်ပြန်ကျသွားသည်။ Bimetal သည်လဲ​ပြန်ကွာသွားသည်။

Tube များ၏ထိတ်နှစ်ဖက်သာ လင်းနေလျှင်
Startor ပြန်မကွာ၍ဖြစ်နိုင်သည်။ မှိတ်ချည် လင်းချည် ဖြစ်နေလျှင် Voltageမမှန်ခြင်းသက်တမ်းကြာခြင်း choke ညံ​့ခြင်းဖြစ်နိုင်သည်။
Startor၌ပါဝင်သော capacitor သည် Radio နှင့်
TV တိုအနှောင့်ယှက်ကင်းစေရန်ဖြစ်သည်။

မီးချောင်း၏သက်တမ်းသည် On/Off ပြုလုပ်ခြင်း အကြိမ်ရေပေါ်မူတည်သည်။ အဖွင့်ပိတ်များသောနေရာများတွင် မသုံးသင့်ပေ။

EMC engineering...... .....

 #သင့်လျော်သောဝါယာအရွယ်စားရွေးချယ်ခြင်း....................................................................................
31/07/2022

#သင့်လျော်သောဝါယာအရွယ်စားရွေးချယ်ခြင်း......................................................................................

ထမ်းဆောင်မည့် load အတွက်သင့်လျော်သော wire size ကိုရွေးချယ်ရမည်။
ကြောင့်ဖြစ်ပေါ်လာမည့် conductor အပူချိန်
များ၌ကျဆင်းနိုင်သော Voltage Drop.

Conductor ၌စီးလာသော current တိုးလာသောအခါအပူချိန်သည် ခွင့်ပြုနိုင်သည်ထက်လွန်ကဲလာလျှင် insulator များအရည်ပျော်ပျက်စီးလာပြီး short ဖြစ်စေကာမီးလောင်နိုင်သည်။

သည်သတ်မှတ်ချက်ထက်ပိုသော load တွင် Power အပြည့်မရခြင်းများဖြစ်တတ်သည်။ ထို့ကြောင့် load ပမာဏနှဂ့်လျော်ညီသော wire ဖြင့်သွယ်တန်းရပြီး အကွာအဝေးကိုတွက်ချက်ပြီးမှ wiring ပြုလုပ်ရမည်။

ြစ်ရခြင်းမှာ
Resistance,Inductance,Reactance ၃ ရပ်ပေါင်းခြင်းကြောင့်ဖြစ်သည်။

မှာသတ္တုအမျိုးအစားပေါ်မူတည်ပြီး အပူချိန်အနိမ့်မြင့်အလိုက် ပြောင်းလဲနိုင်သည်။ Area ငယ်လျှင် Resistance များပြီး Area ကြီးလျှင် Resistance နဲသည်။ R ပီးရှည်လျှင်လဲ Resistance များပြန်သည်။ ထိုအပြင်
အပူချိန်တိုးလျှင် R များပြီး ကျလျှင် Rနဲသည်။

Inductance ဆိုသည်မှာ ACစနစ်၌ wire တလျောက် 50Hz နှင့်ပြောင်းလဲနေသော Magnetic field ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်။ Flux များသည် wire ကိုဗဟိုပြု၍ စက်ဝိုင်းပုံဖြစ်နေသည်။ ထို flux များကြောင့်၎င်းတို့ကိုထုတ်လွှတ်ပေးနေသော conductorတွင်း၌ ၎င်း၊ အခြားသွယ်တန်းထားသော conductorတွင်း၌ ၎င်း currentစီးဆင်းခြင်းကို ဆန်ကြင်မှုပြုသည့်လျှပ်ညှို့တုံပြန်မှုကိုဖြစ်စေသည်။

တဖက်ထဲသိုရှေးရှုပြီး ဓာတ်အားအသီးသီးသယ်ဆောင်နေသော wire များကို ယှဥ်၍ သွယ်တန်းထားသော wire တစ်ချောင်းမှထုတ်လွှတ်နေသောဘflux တချို့သည် ၎င်းနှင့်အပြိုင်သွယ်တန်းထားသော အခြားwire မှထုတ်လွှတ်နေသော flux အချို့နှင့်တွေ့ဆုံမိပြီး ခြေသွားသည့်သဘောရှိ၍ သွယ်တန်းရာ၌ တချောင်းနှင့်တချောင်းနီးလေလေ fluxအချင်းချင်း များများခြေလေလေဖြစ်ပြီး ညှို့ဝင်တွန်းကန်မှုနဲလေလေဖြစ်သည်။ အပြန်အလှန်အားဖြင့် အချင်းချင်းဝေးခဲ့လျှင့် ရင်ဆိုင်တွေ့ကြမည်flux အင်အားနဲ့၍ ညှို့ဝင်တွန်းကန်မှုများမည်ဖြစ်သည်။

EMC engineering

..
15/07/2022

..

်ပတ်မှုထိန်းချုပ်နည်းများ..........(1)

လည်နှုန်းထိန်းချုပ်နည်းရွေးချယ်မှု

စက်မှုလုပ်ငန်းများတွင်ကုန်ထုပ်လုပ်မှုကိုစွမ်းဆောင်ပေးသောစက်များ၌ပါ၀င်သော‌ motor များသည် အများအားဖြင့် ရှဉ့် လှောင်အိမ် ညှို့ motor ကြီးများ (Squirrel-Cage induction motors) ကိုအသုံးပြုသည်။
Motor များ စက်များနှင့် လည်နှုန်းထိန်းကိရိယာများမှာတခုနှင့်တခု ဆက်နွယ်လျှက်ရှိသည်။ လည်နှုန်းထိန်းကိရိယာများကို အောက်ပါအချက်(၅)ချက်ပေါ်မူတည်၍ ရွေးချယ်ရမည်။

(၁) Supply အမျိုးအစား
Motor သည် AC Supply လား/ DC Supply လား၊ AC ဖြစ်ပါက Single Phase လား၊ Three Phase လား ၊ ကြိမ်နှုန်း (Frequency) သည် 50Hzလား60Hz လားရွေးချယ်ရမည်။

(၂) Motor အမျိုးအစား
Mechanical Load ပေါ်မူတည်၍ HP ကိုရွေးချယ်ရမည်။ ထို့နောက် ‌motor လည်နှုန်း (RPM), Torque,၀န်ပြည့်လျှပ်စီးနှုန်း(FLA), Service Factor နှုင့် အချိန် နှုန်း (Time Rating) စသည့်သင့်တော်သည်ကိုရွေးချယ်ရမည်။

(၃) ရိုတာလျှပ်စီး (Rotor Current)
Motor တစ်လုံးကိုစတင်မောင်းနှင်ပါက ဆွဲယူသော Stating Current သည် Running Current ထက် 5ဆ မှ 10ဆ ထိဆွဲလေ့ရှိသည်။အကယ်၍ 10ဆ ထိဆွဲက Line Voltage အားကျ၍ 4ဆ ထက်နဲကလည်ရန်အခက်ခဲရှိသည်။6ဆ ထိဆွဲယူက ၎င်းကို (600% of FLC) ဟုခေါ်သည်။

(၄) Motor လည်နှုန်း(Motor Speed)
Motor ၏ RPM သည် Pole စွန်းပေါ်၌ ၎င်း Supply ၏ Frequency ပေါ်တွင်လည်းမူတည်သည်။ Pole စွန်းနည်းကRPM များသည်။ Pole စွန်းများက RPM ကျသည်။ Frequency များကRPM တက်၍ Frequency နဲက RPM နဲသည်။ လိုအပ်သော Speed ရရှိရန် motor ၏Name plate တွင်သတ်မှတ်ထားသော Speed ကို ရွေးချယ်သုံးရမည်။

(၅) လိမ်အား (Torque)
Motorစတင်လည်ပတ်ရန်အတွက်လိုအပ်သောအား (Twisting Force) ဖြစ်သည်။ တိုင်းရာတွင်(pound-Feet) ယူနစ်ဖြင့်တိုင်းသည်။motor ပုံမှန်လည်ပတ်ချိန်ထိလိမ်အားလိုအပ်သည်။

 #လျှပ်စစ်ဗို့အားထုတ်လုပ်နည်း ၆ မျိုး.................. 1. အပူပေး၍ထုတ်လုပ်ခြင်း....         ​မျိုးမတူသောသတ္တုနှစ်မျိုးကိ...
12/07/2022

#လျှပ်စစ်ဗို့အားထုတ်လုပ်နည်း ၆ မျိုး..................



1. အပူပေး၍ထုတ်လုပ်ခြင်း....

​မျိုးမတူသောသတ္တုနှစ်မျိုးကို ထိပ်နှစ်ဖက်အတူပူးတွဲ၍ ယင်းနေရာကိုအပူပေးပါက လျှပ်စစ်များခွဲထွက်ကာ ဗို့အားတစ်ရပ်ထွက်လာမည်။ ဥပမာ။ ကြေးနီ(+) , ကွန်စတန်တင်(-)။ mVအနဲငယ်သာထွက်သဖြင့် အပူချိန်တိုင်းကိရိယာများတွင်သုံးသည်။


2. ပွတ်တိုက်မှုဖြင့် ထုတ်လုပ်ခြင်း.....

ရာဘာအမာချောင်းကို သက္ကလပ်စဖြင့်တဖက်သတ်ပွတ်တိုက်ပါက သက္ကလပ်မှ electron သည် ရာဘာချောင်းသို့ရောက်ရှိခြင်းဖြင့် လျှပ်စစ်များကိုခွဲထုတ်နိုင်ပြီး ဗို့အားထုတ်လုပ်နိုင်သည်။ဥပမာ။ လျှပ်စစ်ငြိမ် ဖုန်စစ်ကိရိယာ။

3. ဓာတုနည်းဖြင့်ထုတ်လုပ်ခြင်း.......

မျိုးမတူသောသောလျှပ်ကူးပစ္စည်း (2)မျိုး၊ ကြေးနီပြားနှင့် သွပ်ပြားကို လျှပ်စစ်စီးနိုင်သော လျှပ်လိုက်ရည် (ဆားပျော်ရည်) အတွင်းနှစ်ထားခြင်းဖြင့် လျှပ်စစ်များခွဲထုတ်နိုင်ပြီး ဗို့အားထုတ်လုပ်နိုင်သည်။



4. သံလိုက်သို့မဟုတ် ညှို့ယူခြင်းနည်းဖြင့်ထုတ်လုပ်ခြင်း......

အမြဲတမ်းသံလိုက်တစ်ခုကိုဝါယာခွေတွင်းရှေ့နောက်ရွေ့လျှားစေခြင်း (သို့) ဝါယာခွေကိုအမြဲတမ်းသံလိုက်အနီးတွင် ရှေ့နောက် ရွေ့လျှားစေခြင်းဖြင့် လျှပ်စစ်များခွဲထုတ်နိုင်ပြီး ဝါယာခွေမှ ဗို့အားထုတ်လုပ်နိုင်သည်။



5. အလင်းရောင်ဖြင့်ထုတ်လုပ်ခြင်း......

Semi Conductor များဖြစ်သည့် Selicon နှင့် Germanium တို့အပေါ်သို့အလင်းရောင်များကျရောက်ပါက လျှပ်စစ်များခွဲထွက်ပြီး ဗို့အားထုတ်လုပ်နိုင်သည်။ဥပမာ။ အလင်းပြင်းအားတိုင်းမီတာ,. ဂြိုလ်တုများအတွက်လိုအပ်သောဗို့အားထုတ်လုပ်ခြင်း။



6. Crystals တို့ကိုဖိနှိပ်ခြင်း၊ ဆွဲဆန့်ခြင်းဖြင့်ထုတ်လုပ်ခြင်း.......

Piego, Quarts စသည့် Crystal တို့၏မျက်နှာပြင်ပေါ်သို သက်ရောက်သောဖိအား (သို့) ဆွဲဆန့်အားတို့ကိုပြောင်းလဲပေးခြင်းဖြင့် လျှပ်စစ်များခွဲထုတ်နိုင်ပြီး ဗို့အားထုတ်လုပ်နိုင်သည်။ ဥပမာ။ ဓာတ်ငွေ့မီးချစ်၊ crystal microphone။........


Electrical Control Technology online class #50%off

5.8.2022 နေ့နောက်ဆုံး

EMC. engineering...................................

Safety In Electrical Installationလျှပ်စစ်ဓာတ်အားအသုံးပြုရာတွင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ချို့ယွင်းချ...
23/12/2020

Safety In Electrical Installation

လျှပ်စစ်ဓာတ်အားအသုံးပြုရာတွင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ချို့ယွင်းချက် တစုံတရာရှိပါက လူနှင့်လျှပ်စစ်ပစ္စည်းကိရိယာများကို ဘေးဥပါဒ်ပေးနိုင်သည်။

ဓာတ်လိုက်မှုသည် ခန္တာကိုယ်တွင်ဖြတ်၍စီးသောလျှပ်စီးကြောင်းပမာဏ အနဲအများပေါိ်မူတည်‌ေနသည်။ လူတွင်လျှပ်စီးကြောင်းဖြတ်သန်းစီးဆင်းမှုသည် အသားအရေအတွင်းမှဖြတ်၍ စီးဆင်းသည်ဖြစ်ရာ မာ၍ခြောက်သွေသောအသားအရေသည် ခုခံမှု အတော်အတန်မြင့်မားပြီး အသားအရေသည်စိုစွတ်နေပါက ခုခံမှုလျော့နည်းသည်။ စိုစွတ်မှုရှိနေချိန်တွင် လျှပ်စစ်လုပ်ငန်းများအားမလုပ်ကိုင်သင့်ပေ။
ခြောက်သွေနေစေကာမှု လျှပ်စီးကြောင်းဖြတ်၍စီးဆင်းချိန် 5 second ထက်ကြာလျှင် ခုခံမှုရုတ်တရက်ကျဆင်းသွားတပ်သည်။

ထို့ကြောင့်လျှပ်စစ်လုပ်ငန်းလုပ်က်ိုင်သူများသည် ရေအိုင်၊ စိုစွပ်သော‌အနေအထားတွင်လုပ်ကိုင်ရမည်ဆိုပါက ဓာတ်လိုက်မှုအန္တရာယ်ကျရောက်နိုင်‌ခြေများသောကြောင့် သတိကြီးစွာထားရမည်။ ခန္တာကိုယ်သည် ဓာတ်အားရှိသောကြိုးနှင့် ထိနေခဲ့လျှင် လျှပ်စီးပတ်လမ်းအစိတ်ပိုင်းထဲတွင်ပါ၀င်နေသည်ဖြစ်ရာ ဤအခြေနေမျိုးတွင် ကာကွယ်မှုမရှိပါက ၎င်းခန္တာကိုယ်အား ကိုင်တွင်ထိမိသူအား ဓာတ်လိုက်ခံရမည်မှာမလွဲပေ။ ကူညီသူများအနေဖြင့် ဒုတိယဓာတ်လိုက်ခံရသူမဖြစ်စေရန် သတိထားရမည်။ လျှပ်ကာပစ္စည်းတစ်မျိုး၏ အကူအညီကိုယူ၍ ဓာတ်လိုက်နေသောနေရမှ လွတ်ကင်းသွားအောင်ဆောင်ရွက်ပေးရမည်။

နေအိမ်များတွင်သုံးသော AC 230V သည် လူကိုသေဆုံးစေနိုင်ပြီး မီးဘေးအန္တရာယ်များလဲကျရောက်စေနိုင်သည်ဖြစ်ရာ စနစ်တကျအသုံးချတပ်ရန်လိုအပ်ပေသည်။ ထိုကြောင့် ( Fuse, Circuit Breaker,) စသည်တို့ကိုပါတွဲဖက်တပ်ဆင်အသုံးပြုသင့်သည်။ အသုံးပြုသောပစ္စည်းများသည် သတ္တုကိုယ်ထည်များဖြစ်ပါက မြေဓာတ်ကောင်းစွာချထားရမည်။အကယ်၍သင်သည် လျှပ်စစ်လုပ်ငန်း ပြုပြင်ထိန်းသိမ်းရန်လိုသည်ဆိုပါက မိန်းခလုပ်အားဦးစွာချထားရမည်။ ဝါယာ၊ ကိရိယာအစိတ်အပိုင်းများတွင် လျှပ်စီးကြောင်းရှိမရှိစစ်ဆေးရမည်။လျှပ်စစ်လုပ်ငန်းဆောင်ရွက်မည့်သူသည် Safety နှင့်ပတ်သက်၍ သိရှိထားရန်လိုအပ်သည်။
ထိုကြောင့် ခြံု၍တင်ပြရမည်ဆိုလျှင် လျှပ်စစ်သည် မျက်မြင်တွေ့ရှိနိုင်သောအရာမဟုတ်ပဲ ဓာတ်သဘောတရားအနေနှင့်သာရှိ၍ လူကိုသေစေနိုင်သော အန္တရာယ်ပေးနိုင်သည်ဖစ်ရာ သပ်မှတ်ထားသော လျှပ်စစ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို
လိုက်နာ၍ဆောင်ရွက်သင့်လှပေသည်။

  In Electrical Control Technology (ECT) Online Course (ပညာဒါန) #တက်ရောက်သင့်သောသူများ✅ COVID - 19 ကာလတွင် Stay Home ပြီ...
01/10/2020

In Electrical Control Technology (ECT) Online Course (ပညာဒါန)

#တက်ရောက်သင့်သောသူများ

✅ COVID - 19 ကာလတွင် Stay Home ပြီး Skill မြှင့်ချင်သော Engineer များ

✅ စက်ရုံအလုပ်ရုံ များတွင် Motor Control ပိုင်းဖြင့်၀င်ရောက်လုပ်ကိုင်လိုသော TU ကျောင်းဆင်း Engineer များ

✅Control Pannel ဆင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင် လိုသူများ



သင်ခန်းစာများကို မှာတင်ပေးသွားမှာဖြစ်ပြီး သင်ခန်းစာနှင့်ပတ်သက်၍နားမလည်သည်များကိုအချိန်မရွေး မေးမြန်းနိုင်မှဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက ကိုဖျက်သွားမှာမဟုပ်ပဲ Electrical Motor Control Hardware ပိုင်းနှင့်ပတ်သက်ရွေ့ အခက်ခဲတစုံတရာရှိပါလာပါက တွင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

✅စတင်သင်ကြားမည့်ရက်…


Sat ,Sun

✅ဘယ်လို လုပ်ရမလဲ
……….………………………..

သင်တန်းတက်မည်ဆိုပါက
- 10000Ks ကို

KBZ-99930725700135001
wave money account (09254563323)(password နှင့်မလွှဲပဲ account ထဲသို့ထည့်ပေးရပါမယ်)
လွှဲထားတ့ပြေစာကို Pageရဲ့ messenger ကိုပို့ပေးရမှာဖြစ်ပါတယ်။

လုပ်ပြီးပါက မှတဆင့် Electrical Control သင်ခန်းစာများကို အခြေခံမှစတင်ပြီး မိမိ ကိုတိုင် လုပ်ငန်းခွင်၀င်ရောက်လုပ်ကိုင်နိုင်သည်ထိ သင်ပေးသွားမှာဖြစ်ပါတယ်။




  In Electrical Control Technology (ECT) Online Course (ပညာဒါန) #တက်ရောက်သင့်သောသူများ✅ COVID - 19 ကာလတွင် Stay Home ပြီ...
28/09/2020

In Electrical Control Technology (ECT) Online Course (ပညာဒါန)

#တက်ရောက်သင့်သောသူများ

✅ COVID - 19 ကာလတွင် Stay Home ပြီး Skill မြှင့်ချင်သော Engineer များ

✅ စက်ရုံအလုပ်ရုံ များတွင် Motor Control ပိုင်းဖြင့်၀င်ရောက်လုပ်ကိုင်လိုသော TU ကျောင်းဆင်း Engineer များ

✅Control Pannel ဆင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင် လိုသူများ

#ဘာတွေသင်မှာလဲ
…………………………

✅Control Circuit များတွင် အသုံးပြုသော

1. Magnetic Conductor
2. Push bottom
3. Timer
4. Relay
5. Overload စသည့်ပစ္စည်းများ၏အလုပ်လုပ်ပုံ

✅3phase Induction Motor များအားထိန်းချုပ်မောင်းနှင်အလုပ်လုပ်ပုံ

✅3Phase Induction Motor အား Remote Control ဖြင့်မောင်းနှင်ပုံ

✅Sequential Circuit များအတွက် အခြေခံလိုအပ်သောပတ်လမ်းများတည်ဆောင်ပုံ

✅3Phase Motor တစ်လုံးအား Forward Reverse မောင်းနှင် အလုပ်လုပ် ပုံ

✅Motor များအား Jooging မောင်းနှင်ရန်ပတ်လမ်းအလုပ်လုပ်ပုံ

✅Relay ကိုအသုံးပြုပြီး Dol Starter Control Circuit တစ်ခု အလုပ်လုပ်ပုံ

✅Ondelay Timer ကိုအသုံးပြု၍ Sequential Circuit များအား ထိန်းချုပ်မောင်းနှင်ပုံ

✅3Phase Motor အား Star/ Delta ထိန်းချုပ်မောင်းနှင်ပုံ ပတ်လမ်း အလုပ်လုပ်ပုံများ

✅Off Delay Timer အားအသုံးပြု၍ Sequential Circuit တည် ဆောက်အလုပ်လုပ်ပုံများ

✅Float Switch ကိုအသုံးပြု၍ water pump မော်တာ ထိန်းသိမ်း မောင်းနှင်အလုပ်လုပ်ပုံများ

✅Photo- Sensor ကိုအသုံးပြု၍ lighting များ Auto On - Off ပြုလုပ်ပုံ

✅Star-Delta Reversing Control Circuit များအလုပ်လုပ်ပုံ

စသည့် သင်ခန်းစာများအပါ၀င် မိမိ ကိုတိုင် လုပ်ဆောင်ပြရမည့် project များ
( Control Circuit Diagram ဆွဲပြရမည်)

သင်ခန်းစာများကို မှာတင်ပေးသွားမှာဖြစ်ပြီး သင်ခန်းစာနှင့်ပတ်သက်၍နားမလည်သည်များကိုအချိန်မရွေး မေးမြန်းနိုင်မှဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက ကိုဖျက်သွားမှာမဟုပ်ပဲ Electrical Motor Control Hardware ပိုင်းနှင့်ပတ်သက်ရွေ့ အခက်ခဲတစုံတရာရှိပါလာပါက တွင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

✅စတင်သင်ကြားမည့်ရက်…


Sat ,Sun

✅ဘယ်လို လုပ်ရမလဲ
……….………………………..
သင်တန်းတက်မည်ဆိုပါက
- 10000Ks ကို

KBZ-99930725700135001
wave money account (09254563323)(password နှင့်မလွှဲပဲ account ထဲသို့ထည့်ပေးရပါမယ်)
လွှဲထားတ့ပြေစာကို Pageရဲ့ messenger ကိုပို့ပေးရမှာဖြစ်ပါတယ်။

လုပ်ပြီးပါက မှတဆင့် Electrical Control သင်ခန်းစာများကို အခြေခံမှစတင်ပြီး မိမိ ကိုတိုင် လုပ်ငန်းခွင်၀င်ရောက်လုပ်ကိုင်နိုင်သည်ထိ သင်ပေးသွားမှာဖြစ်ပါတယ်။



 စက်ရုံ အလုပ်ရုံများတွင် ကုန်ထုတ်လုပ်မှု လမ်းစဉ် ( Process Method ) ၌လျှပ်စစ်ထိန်းချုပ်ရေးပစ္စည်းများ Control Device မျာ...
02/09/2020



စက်ရုံ အလုပ်ရုံများတွင် ကုန်ထုတ်လုပ်မှု လမ်းစဉ် ( Process Method ) ၌လျှပ်စစ်ထိန်းချုပ်ရေးပစ္စည်းများ Control Device များကိုအစီစဉ် (Sequence) ကျကျသုံးစွဲမှုမှန်ကန်မှသာ အကျိုးဖြစ်ထွန်းမှုဖြစ်‌ပေလိမ့်မည်။လူသားတိုင်း အသက်ဆုံးရှုံးရမှုများ၊ စည်းစိမ်ဥစ္စာဆုံးရှုံးရမှုတို့မှာလဲ အမှန်တကယ်ကြံုတွေ့ရသည့် သာဓကများစွာရှိပါသည်။ စက်များကိုထိန်းချုပ်မှုနှင့်ပတ်သက်သော ကိစ္စအ၀၀အတွက်အမှန်တကယ်စေ့စပ်သေချာ အကျိုးဖြစ်ထွန်းမှုများနှင့်စဉ်းစားတွေးခေါ်တပ်စေရန်အတွက် control နှင့်ပတ်သက်သော အချက်အလက်မှန်သမျှကို အခြေခံမှစ၍ သိရှိရန်လိုအပ်လှပေသည်။

စက်များကိုထိန်းချုပ်မောင်းနှင်မှုတွင် အတွေ့ကြုံရှိမှသာ မှန်ကန်သော control circuit များကိုတည်ဆောက်နိုင်မည်ဖြစ်သည်။ အတွေကြုံရှိမှသာ စက်ကိရိယာများကို‌ပြင်ဆင်ချိန်၌ အချိန်တိုတောင်းစွာ အောင်မြင်စွာဆောင်ရွက်နိုင် မည်ဖြစ်သည်။
Control ဆိုသည်မှာ စက်တစ်ခု၏ဆောင်ရွက်ချက်များကို စိုးမိုး၊ချုပ်ကိုင်၊ကွပ်ကဲ ထားနိုင်ခြင်းကိုဆိုေပသည်။
Control တွင်
(1) Electrical
(2) Electronic ဟူ၍ နှစ်မျိုးရှိသည်။
ပထမနည်းကို အခြေခံကျကျ သိရှိပြီးမှသာဒုတိယ နည်းကိုလေ့လာရာ၌ လွယ်ကူစေမည် ဖြစ်သည်။နံပါတ် (1) နည်းတွင် Hard Ware Device များဖြစ်သော Control Component များ၏ အခြေခံလုပ်ဆောင်ချက်များကိုသိရှိမှသာလျှင် Control Circuit များတည်ဆောက်ရာတွင် နိုင်ငံတကာသတ်မှတ်စံနှုန်း များနှင့်ကိုညီနိုင်မည်။ ဤအခြေခံ သဘောတရားများကိုသိရှိနားလည်မှသာ software deviceနှင်ထိန်းသော စနစ်ကိုဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။

ယခုအခါ စက်ရုံအလုပ်ရုံများတွင်စက်များကို Control System ကိုအသုံးပြုလာပြီဖြစ်၍ စက်များကိုထိန်းသိမ်း မောင်းနှင်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်လိုသူများအတွက် အခြေခံ မှစ၍ သိသင့်သောအချက်များကိုစနစ်တကျသင်ကြားတပ်မြောက်လိုပါက........

Electrical Control Technology Online Class:: (fee:15000 Ks)

https://www.facebook.com/103170061447788/posts/590264212738368/

 #ယနေ့ည 8:00pm သင်တန်းစပါပြီခင်ဗျာ……
10/08/2020

#ယနေ့ည 8:00pm သင်တန်းစပါပြီခင်ဗျာ……

          (ပညာဒါန) #အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း   #တက်ရောက်သင့်သောသူများ- ိုင်းဖြင့်တက်ရောက်သင်ကြားနေသော...
01/08/2020

(ပညာဒါန)
#အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း

#တက်ရောက်သင့်သောသူများ-

ိုင်းဖြင့်တက်ရောက်သင်ကြားနေသောနည်းပညာကျောင်သားများ

ရာထူးဖြင့်လုပ်ငန်းခွင်သို့၀င်ရောက်လုပ်ကိုင်လိုသူများ

ပိုင်းဖြင့်ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လိုသူများ။

#ပါ၀င်မည့်သင်ခန်းစာများ
…………………………

✅လျှပ်စစ်နှင့်ပတ်သက်၍ အခြေခံသိထားရမည့်အချက်များ

1, Current
2. Voltage
3. Resistance
4. Power
5. Energy
6. Ohms Law

✅Meter များ

1️⃣ Digital Meter
2️⃣ Analog Meter
3️⃣Clamp Meter

✅ပတ်လမ်းသွယ်တန်းရာတွင် သိထားသင့်သောအချက်
များ

1️⃣ Wire ကြိုးဆိုဒ်များ
2️⃣ ကြိုးဆိုဒ်အလိုက်သယ်ဆောင်နိုင်သော လျှပ်စီး
ကြောင်းပမာဏ
3️⃣ ပတ်လမ်းတစ်ခုတည်ဆောက်ရာတွင် ပါ၀င်ရမည့်
အစိတ်ပိုင်းများ
4️⃣ အဆောက်အ ဦးတစ်ခုတွင် မီးသွယ်တန်း တပ်ဆင်ပုံ
အဆင့်ဆင့်

✅ပတ်လမ်းခွဲများတွင် lighting Point နှင့် Socket Outlet များကို Distribution Board မှ သွယ်တန်းနည်းများ

✅ပုံမှန်မဟုတ်သော လျှပ်စီးပတ်လမ်းများအတွက်ကာကွယ်ပေးနိုင်သောပစ္စည်းများအကြောင်း

1️⃣နန်းမျှင် ဒါဏ် ခံကြိုး
2️⃣ကျဉ်တောင့် ဒါဏ်ခံကြိုး
3️⃣ပတ်လမ်း ဖြတ်ကိရိယာများ

✅ပတ်လမ်းများ အတွက် ရွေးချယ်ရမည့်ကြိုးဆိုဒ်တွက်ချက်နည်းများ

✅စက်ရုံ အလုပ်ရုံများတွင် အများဆုံးအသုံးပြုသော Wire Installation Method များ

1️⃣ Trunking
2️⃣ Conduit
3️⃣ Tray
4️⃣ Bus - Bar System
5️⃣ Ladder

✅Final Circuit များအတွက် Inspection and Testing Method များ

✅Electrical Drawing (Point Plan) ပတ်သက်၍ သိထားသင့်သော အ‌ကြောင်းအရာများ

✅လျှပ်စစ် နှင့်ပတ်သက်သော Wiring Regulations များ

Facebook Private Group တွင်တင်ပေးသွားမည့် ပုံစံနမူနာအားကြည့်ရန်
👇👇👇👇👇👇👇👇👇👇👇

https://www.facebook.com/103170061447788/posts/136106421487485/

သင်ခန်းစာများကို မှာတင်ပေးသွားမှာဖြစ်ပြီး သင်ခန်းစာနှင့်ပတ်သက်၍နားမလည်သည်များကိုအချိန်မရွေး မေးမြန်းနိုင်မှာဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက ကိုဖျက်သွားမှာမဟုတ်ပဲ လျှပ်စစ်နှင့်ပတ်သက်ရွေ့ အခက်ခဲတစုံတရာရှိပါလာပါက တွင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

သင်ကြားမည့်ရက်……...

(10,10,2020) (8:00pm)


ဘယ်လို လုပ်ရမလဲ
……….………………………..
သင်တန်းတက် မည်ဆိုပါက
- 10000Ks ကို

KBZ-99930725700135001
wave money account - 09254563323
သို့လွှဲပေးရမှာဖြစ်ပြီး လွှဲထားတ့ဲပြေစာကို
Pageရဲ့ messenger ကိုပို့ပေးရမှာဖြစ်ပါတယ်။

လုပ်ပြီးပါက မှတဆင့်
လျှပ်စစ်ပညာရပ်များကို 10,8,2020 မှစတင်ပြီးလေ့လာနိုင်မှာဖြစ်ပါတယ်။

#9 #10 #2020
(Sunday)
တွင်နောက်ဆုံးထား၍ လုပ်ပေးရမည်။





Address


Telephone

+959254563323

Website

Alerts

Be the first to know and let us send you an email when EMC Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share