New World Navigation

New World Navigation

Share

📰 Crypto Academy 📍

Crypto လေ့လာဖို့ 👇
https://linktr.ee/zweyeyintt

26/06/2025

🚀 ကမ္ဘာ့အကြီးဆုံး Crypto Exchange တစ်ခုဖြစ်တဲ့ Binance ရဲ့အကြောင်းကို NWN နဲ့အတူ Exchange Tour လေး လုပ်ကြည့်လိုက်ကြရအောင်။

📌 Binance ဟာဆိုရင် ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange တစ်ခုဖြစ်ပြီး 🌍 နိုင်ငံပေါင်း ၁၈၀ ကျော်နဲ့ သုံးစွဲသူပေါင်း ၂၇၀ သန်းကျော်ကို ဝန်ဆောင်မှုပေးနေပါတယ်။

📌 Binance မှာ ဘာတွေရရှိနိုင်လဲ?

✔️ Spot, Margin, Futures, Options Trading အစရှိတဲ့ Trading အမျိုးမျိုးလုပ်လို့ရပါတယ်။

✔️ P2P Marketplace – Peer-to-peer လူအချင်းချင်း အချိန်နဲ့တပြေးညီ နိုင်ငံအနှံ့ ငွေကြေးလဲလှယ်လို့ရပါတယ်။

✔️ Bitcoin, Ethereum အပါအဝင် Coin အမျိုးအစား ၄၈၀ ကျော် ရှိတယ်။

✔️ Credit/Debit Card, Bank Transfer, Apple/Google Pay စတာတွေကို အသုံးပြုပြီး ကိုယ် ဝယ်ချင်တဲ့ Coin ကို အလွယ်တကူဝယ်ယူလို့ရတယ်။

📌💰 လူတိုင်းစိတ်ဝင်တစား အမေးများကြတဲ့ Passive Income ဘယ်လို ရှာရမလဲဆိုရင်တော့ -

✨ Binance Earn – Staking, Dual-Invest, Yield Farming နဲ့ Passive Income ရှာလို့ရပါတယ်။

✨ Launchpad – အသစ်ထွက် Token တွေကို အရင်ဝယ်ခွင့်ရှိတယ်။ (အရင်ဝယ်ခွင့်ရှိတဲ့အတွက်ကြောင့် Coin ဈေးအရမ်းမများခင် ကိုယ်က အရင်ဦးအောင်ဝယ်ထားလို့ရတယ်။)

✨ NFT Marketplace – Rare NFT တွေ ဝယ်ရောင်းလုပ်လို့ရတယ်။

🔒 Exchange တွေရဲ့ အသက်လို့တောင်ဆိုနိုင်တဲ့ လုံခြုံရေးကိုလည်း Binance က အထူးအလေးထား ဆောင်ရွက်ပေးတယ်။

✅ 2FA (Two-Factor Auth) – Account ကို ပိုလုံခြုံစေမယ်။

✅ SAFU Fund – ငွေတွေကို အရန်ထားပေးထားတယ်။

✅ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေနဲ့ အညီ Exchange ကို လည်ပတ်တယ်။

🌐 Web3 နဲ့ Cryptocurrency နယ်ပယ်ထဲကို ဝင်ရောက်ချင်တယ်ဆိုရင်တော့ လုံခြုံစိတ်ချရမှု အပြည့်အဝပေးနိုင်တဲ့ Binance Exchange နဲ့ စတင်လိုက်ဖို့အတွက် အကြံပေးချင်ပါတယ်။

👉 Binance အကောင့်ဖွင့်ပြီး KYC အောင်သွားတာနဲ့ 4USDT ရရှိနိုင်မယ့် အခွင့်အရေးကလည်း အခုအချိန်မှာ ရှိနေသေးတာမို့လို့ လက်လွှတ်မခံပဲ အမိအရဖမ်းဆုပ်ထားသင့်ပါတယ်။ 🚀

Binance ရဲ့ အကြောင်းလေးကို ဖတ်ပြီးသွားလို့ Binance Exchange ကို အသုံးပြုပြီး Cryptocurrency Trading and Investment လုပ်ချင်တယ်ဆိုရင်တော့ NWN ရဲ့ Batch 21 အတန်းလေးကို လာရောက် အပ်နှံလို့ရပါတယ်ရှင့်။

အခုမှ အစပျိုးဝင်ရောက်မယ့်သူဖြစ်ဖြစ်၊ ကျွမ်းကျင်သူဖြစ်ဖြစ် Binance ဟာ သင့်အတွက် အကောင်းဆုံး Gateway တစ်ခုပါပဲ။

ဆက်သွယ်စုံစမ်းမေးမြန်းရန်
Telegram - https://t.me/nwn_trading

New World Navigation
Trading and Investment

25/06/2025

🚘 ချမ်းသာချင်ရင် ဘဏ်ထဲမှာ ပိုက်ဆံအားလုံး မထားပါနှင့် 🚘

မိတ်ဆွေ ဘဏ်အကောင့်ထဲမှာ သိန်း ၅၀၀ ရှိနေတယ်လို့ စိတ်ကူးကြည့်ပါ။ ကိုယ့်ပိုက်ဆံတွေ လုံခြုံမှုရှိတယ်လို့ ခံစားရနိုင်ပေမယ့် ကြီးမားတဲ့ အမြတ်အစွန်းရရှိနိုင်မယ့် အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးနေပါတယ်။ ဖြစ်နိုင်ခြေတွေကို ဆန်းစစ်ကြည့်ရအောင် ....

---

၁။ တိုးနှုန်းမြင့် fixed စုငွေအကောင့် (အတိုး ၁၀%):
- နှစ်စဉ် အတိုးနှုန်း ၁၀% ဖြင့် သင့်ငွေ တစ်နှစ်ကို သိန်း ၆၀ သာ ရနိုင်တယ်။
- ဒီလောက်ငွေကြေးဟာ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှု (တစ်နှစ်ကို ပျမ်းမျှ ၆၅% inflation) နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ ပမာဏပါ။
- ငွေရှိပြီး ဘာမှ မလုပ်တတ်တဲ့အခါ ငွေကို လုံခြုံစွာထားပြီး အမြတ်အစွန်းရရှိနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။

၂။ စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံခြင်း (S&P 500):
- S&P 500 ဟာ သမိုင်းတလျှောက် ပျမ်းမျှ ၁၀% အမြတ်အစွန်း ပေးခဲ့ပါတယ်။
- သင့်ငွေ သိန်း ၅၀၀ ကို S&P 500 မှာ ရင်းနှီးမြုပ်နှံပါက တစ်နှစ်အတွင်း သိန်း ၆၀ အထိ ရနိုင်ပါတယ်။
- သတိပြုရန်ရမှာက စတော့ဈေးကွက်ဟာ ဈေးတက်/ကျ risk အန္တရာယ်ရှိပြီး၊ အတိတ်က ရလဒ်များသည် အနာဂတ်အာမခံချက်မဟုတ်ပါ။
- ဒါကြောင့် ရင်းနှီးမြုပ်နှံမှုများကို စတော့ မျိုးစုံမှာ ဖြန့်ကျက် ဝယ်ယူတတ်ခြင်း (diversification) သည်လည်း အလွန်အရေးကြီးပါတယ်။

၃။ Bitcoin & Crypto ရင်းနှီးမြုပ်နှံမှု (နှစ်စဉ် ပျမ်းမျှ ၁၀၀%+ အမြတ်အစွန်း)
Bitcoin ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ပျမ်းမျှ တစ်နှစ်ကို ၁၀၀% ကျော် အမြတ်အစွန်းပေးခဲ့ပါတယ် (ဈေးအတက်အကျများသော်လည်း ရေရှည်တွင် စံချိန်တင် အောင်မြင်မှုရှိခဲ့သည်)။

ဥပမာအားဖြင့် ....
- ၂၀၁၃ ခုနှစ်မှာ Bitcoin တစ်ခုလျှင် ဒေါ်လာ ၁၀၀ သာရှိခဲ့ပြီး ၂၀၂၁ မှာ ဒေါ်လာ ၆၀,၀၀၀ အထိ ဈေးတက်ခဲ့ပါတယ်။

- ၂၀၂၀ မှာ ဒေါ်လာ ၁၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သူများအတွက် ၂၀၂၄ မှာ ဒေါ်လာ ၇၀,၀၀၀ နဲ့ အမြတ်ထုတ်နိုင်တဲ့ အထိ တိုးတက်ခဲ့ပါတယ်။

Crypto ရင်းနှီးမြုပ်နှံမှုရဲ့ အကျိုးကျေးဇူးများ
✅ အမြတ်အစွန်းမြင့်မားခြင်း – Bitcoin, Ethereum နဲ့ အခြား Crypto တွေဟာ ရေရှည်မှာ စံချိန်တင် အမြတ်ပေးနိုင်ပါတယ်။
✅ ငွေကြေးဖောင်းပွမှုကို ကာကွယ်နိုင်ခြင်း – Bitcoin ကို "ဒီဂျစ်တယ်ရွှေ" (Digital Gold) လို့ယခုအခါ တင်စားခေါ်လာကြပြီး ငွေကြေးတန်ဖိုးကျဆင်းမှုကို ဟန်ချက်ညီစေနိုင်ပါတယ်။
✅ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု – ဘဏ်စနစ်နဲ့ မသက်ဆိုင်ဘဲ နိုင်ငံတကာမှာ လွယ်ကူစွာ ရောင်းဝယ်နိုင်ပါတယ်။

Cryptocurrencty ဟာ အခြားတဖက်မှာလည်း ရင်းနှီးမြှုပ်နှံမှု risk အန္တရာယ်များစွာရှိပါတယ်

⚠️ ဈေးကွက်အလွန်အမင်းအတက်/အကျရှိခြင်း – Bitcoin ဟာ တစ်ခါတလေ ၅၀% အထိ ကျဆင်းသွားနိုင်ပါတယ်။
⚠️ စည်းမျဉ်းများပုံသေ မရှိသေးခြင်း – အစိုးရများရဲ့ စည်းမျဉ်းပြုပြင်မှုတွေ လိုအပ်ပါတယ်။
⚠️ အနာဂတ်အာမခံချက်မရှိခြင်း – နည်းပညာအသစ်တွေနဲ့ ပြိုင်ဆိုင်မှုများပါ။

---

ဒါဆိုရင် Crypto အရင်းအနှီးလုပ်တဲ့အခါ ဘယ်လိုစတင်ရမလဲ?
- ဆုံးရှုံးခံနိုင်သောပမာဏ အသေးစားမှ စတင်ပါ – Crypto ကို သင့်ရဲ့ စုဆောင်းငွေရဲ့ ၅-၁၀% လောက်နဲ့ စမ်းသပ်ရင်းနှီးပါ။
- DCA (Dollar-Cost Averaging) – Bitcoin ကို အချိန်ကြာရှည် တဖြည်းဖြည်းဝယ်ယူပါ (ဥပမာ – တစ်လကို $၁၀၀ စီ)။
- risk အန္တရာယ်ကို ကောင်းစွာစီမံပါ – သင့်ရဲ့ Portfolio ကို Bitcoin, Ethereum, Stablecoins (USDT, USDC) နဲ့ အခြားရင်းနှီးမြုပ်နှံမှုများဖြင့် မျှတစေပါ။

📌အရေးကြီးသော အကြံပြုချက်

- Bitcoin နဲ့ Crypto ကို အရှုံးမခံနိုင်တဲ့ငွေနဲ့ မရင်းနှီးပါနဲ့။
- crypto အကောင့် securityအတွက် (2FA, Hardware Wallet) ကို သေချာထည့်ပါ။
- ဈေးကွက်ကို အနည်းဆုံး ၄-၅ နှစ် ရှုမြင်ပြီး ရင်းနှီးမြုပ်နှံပါ။

---

Bank Savings, Stock and Crypto (၃) ခုတို့ရဲ့ ကြီးမားတဲ့ ကွာခြားချက် ⁉️

- သာမန်အကောင့်မှ တစ်နှစ် သိန်း ၆၀ (inflation ဖြင့် ကိုယ်ပြန်ဆုံးရှုံး)
- စတော့ဈေးကွက်မှ သိန်း ၆၀ (inflation မရှိသဖြင့် အသားတင် အမြတ်ရရှိ - အမြတ်နှုန်းနည်း)
- Crypto မှ နှစ်စဉ်ပျမ်းမျှ ၁၀၀% ရရှိ (ဈေးကွက်သဘောတရား သေချာနားလည်ဖို့ လေ့လာရန်လိုအပ်)

---

အဓိက သိထားရမယ့်အချက်များ:
- ပြည်တွင်း အတိုးနှုန်းနဲ့ ဘဏ် အကောင့်ထဲမှာ ငွေတွေကို တတ်နိုင်လျှင် saving မလုပ်ပါနှင့်။
- ပိုမိုကောင်းမွန်တဲ့ အမြတ်အစွန်းရရှိနိုင်ဖို့အတွက် Stock, Crypto အကြောင်း စူးစမ်း‌လေ့လာ ပါ။
- ရေရှည် inflation ဒဏ်ကာကွယ်ပြီး တိုးတက်မှုရရှိရန်အတွက် စတော့ဈေးကွက်ရင်းနှီးမြုပ်နှံမှုများကို ဦးစားပေးစဉ်းစားပါ။
- သင့်ရဲ့ ဆုံးရှုံးနိုင်ခြေ risk အန္တရာယ်ခံနိုင်ရည်နှင့် ငွေကြေးလွတ်‌မြောက်မှု ပန်းတိုင်သို့ ရောက်ရှိရန်အတွက် ကိုယ်နဲ့ကိုက်ညီမယ့် ရင်းနှီးမြုပ်နှံမှုအစီအစဉ်တစ်ခု ရေးဆွဲဖို့ ငွေကြေးအကြံပေးပညာရှင်နှင့် အနည်းဆုံး တစ်ခါတော့ တိုင်ပင်ကြည့်ပါ။

⚠️ သတိပေးချက်

ရင်းနှီးမြုပ်နှံမှုတွင် မျှော်လင့်မထားနိုင်သော risk အန္တရာယ်ရှိပါသည်။ အတိတ်ရလဒ်များသည် အနာဂတ်ရလဒ်များဖြစ်လာမည်ဟု မည်သူမှ အာမမခံနိုင်ပါ။ (ငါ့စီလာရင်း ၁၅% ပေးမည်ဟု မည်သူမှ အာမခံ၍မရပါ) မည်သည့်ရင်းနှီးမြုပ်နှံမှုဆုံးဖြတ်ချက်မဆို မချမှတ်မီ Do Your Own Research ကိုယ်ပိုင် စဉ်းစားချင့်ချိန်ပြီးမှ လုပ်ဆောင်ပါ။

Cryptocurrency နဲ့ ပက်သက်ပြီး အခြေခံမှ စတင်လေ့လာလိုပါက New World Navigation သင်တန်းကျောင်းတွင် စနစ်တကျ လေ့လာနိုင်မည် ဖြစ်ပါသည်။

သင်တန်းကျောင်းအတွက် telegram - https://t.me/nwn_trading တွင် အသေးစိတ် စုံစမ်းနိုင်ပါသည်။



New World Navigation
Trading and Investment

25/06/2025

Real-Time ဖြစ်တဲ့ Crypto ဈေးနှုန်းတွေကို ဘယ်လို Track လုပ်ရမလဲ❓

Cryptocurrency စျေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနည်း အကြောင်း ဒီ ဆောင်းပါးမှာပြောပြမယ်
Cryptocurrency စျေးကွက်သည် အလွန်လျင်မြန်စွာ ပြောင်းလဲနိုင်ပါသည်။ သင်သည် အတွေ့အကြုံရှိသော professional Trader ဖြစ်စေ၊ စတင်လေ့လာနေသူ beginner ဖြစ်စေ၊ cryptocurrency စျေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံခြင်းသည် အကူအညီဖြစ်ရုံသာမက crypto မှာ အကျိုးအမြတ် ရှာဖွေလိုသူတို့အတွက် မရှိမဖြစ် အရေးကြီးပါသည်။

ဒါဆိုရင် ဒီဆောင်းပါးကို ဆက်ဖတ်ကြပါစို့ .....

အချိန်နှင့်တစ်ပြေးညီ ခြေရာခံခြင်း၏ အရေးပါမှု
Cryptocurrency များသည် စျေးနှုန်းအပြောင်းအလဲမြန်သည်ဟု ကျော်ကြားပါသည်။ စျေးကွက်စိတ်ဝင်စားမှု၊ သတင်းများ၊ ကြီးမားသော ရင်းနှီးမြှုပ်နှံသူများ၏ Crypto wallet activity လှုပ်ရှားမှုများ သို့မဟုတ် မျှော်လင့်မထားသော အဖြစ်အပျက်များကြောင့် တစ်မိနစ်အတွင်း စျေးနှုန်းမြင့်တက်ခြင်း သို့မဟုတ် ကျဆင်းခြင်း ဖြစ်နိုင်ပါသည်။ အချိန်နှင့်တစ်ပြေးညီ အချက်အလက်များကို မခြေရာခံပါက အရေးကြီးသော အခွင့်အလမ်းများကို လွဲချော်နိုင်ပါသည်။

ဈေးကွက်ကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်ပါက ...

🔸 စျေးကွက်ပြောင်းလဲမှုများကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခြင်း

🔸 ပိုမိုကောင်းမွန်သော ဝယ်ယူမှုနှင့် ရောင်းချမှုအချိန်များ set up သတ်မှတ်နိုင်ခြင်း

🔸 အန္တရာယ် risk များကို ပိုမိုထိရောက်စွာ စီမံနိုင်ခြင်း

🔸 အချက်အလက်များကို အခြေခံ၍ ဆုံးဖြတ်ချက်ချနိုင်ခြင်း (စိတ်လိုက်မာန်ပါ trade ခြင်း FOMO မှ ရှောင်ရှားနိုင်ခြင်း)

အကျဥ်းချုပ် ဆိုရလျှင် ဒါတွေနားလည်လာခြင်းကြောင့် သင့်အား စျေးကွက်အခြေအနေများကို ကြိုတင် ပြင်ဆင် ထိန်းချုပ်နိုင်စေပါသည်။

အသုံးပြုနိုင်သော ကိရိယာများ -

🔍 Binance Coin Price Directory

(https://www.binance.com/en/markets)

အခုပြထားတဲ့ website ကို အသုံးပြုပြီး ဈေးကွက် ပြောင်းလဲမှူများကို လေ့လာပါ။ အားသာချက်များ အနေဖြင့် -

✅ အချိန်နှင့်တစ်ပြေးညီ စျေးနှုန်းများ

✅ TradingView ဖြင့် ပြုလုပ်ထားသော ဂရပ်များ တိုက်ရိုက်ကြည့်နိုင်ခြင်း

✅ 24 နာရီ / 7 ရက် / 30 ရက် စျေးနှုန်းမှတ်တမ်း

✅ အချိန်နှင့်တစ်ပြေးညီ ရောင်းအား၊ ဝယ်အားနှင့် စျေးကွက်တန်ဖိုး

သင့်အနေဖြင့် Spot စျေးနှုန်းများ၊ ဂရပ်များနှင့် မှတ်တမ်းများကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်ပါသည်။

📱 Binance App & Widgets
Binance mobile app ဖြင့် စျေးနှုန်းများကို ခြေရာခံနိုင်ပါသည်။ စျေးနှုန်းသတိပေးချက်များ setting သတ်မှတ်ခြင်း၊ အကြိုက်ဆုံး token များကို Favorite ထားပြီး လိုက်လံကြည့်ရှုခြင်းနှင့် စောင့်ကြည့်စာရင်း watch lists များ ပြုလုပ်နိုင်ပါသည်။ Widgets များဖြင့် သင့်ဖုန်း၏ home screen မှ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

🖥️ TradingView နှင့် ချိတ်ဆက်အသုံးပြုခြင်း
TA (နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်) ကို အသုံးပြုပြီး ဈေးကွက်မှာ အကျိုးအမြတ်ရှာသော trader များအတွက်၊ Binance ၏ TradingView ဂရပ်များသည် MACD, RSI, Bollinger Bands စသည့် ညွှန်ကိန်းများကို အချိန်နှင့်တစ်ပြေးညီ ပြသပေးနိုင်ပါသည်။

---

ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ပါ ✅

Cryptocurrency စျေးကွက်သည် ဘယ်တော့မှ အနားယူခြင်းမရှိပါ။ 24 နာရီ 7 ရက်ပတ်လုံး ဈေးကွက်သည် လည်ပတ်လျက် ရှိနေသည်။ အချိန်နှင့်တစ်ပြေးညီ စျေးနှုန်းခြေရာခံခြင်းဖြင့် သင့်အနေဖြင့် မှန်ကန်သော trading position များ entry exit လုပ်ရန် အခွင့်အလမ်းများကို လွဲချော်ခြင်းမှ ကာကွယ်နိုင်ပါသည်။ Swing trading, scalping သို့မဟုတ် ရေရှည်ကိုင်ဆောင်ထားသူ HODLER ဖြစ်စေ အောက်ပါ အချက်အလက်များနှင့်အညီ ဆုံးဖြတ်ချက်ချမှတ်နိုင်မည်

🚀 စျေးနှုန်းမြင့်တက်မှုမတိုင်မီ ဝင်ရောက်နိုင်ခြင်း

🛑 စျေးနှုန်းကျဆင်းမှုမတိုင်မီ ထွက်ခွာနိုင်ခြင်း

🧠 စိတ်ဖိစီးမှုများမှ ကင်းဝေးစေခြင်း

---

📲 ဒါဆိုရင် Binance Markets page - https://www.binance.com/en/markets သို့သွား၍ အချိန်နှင့်တစ်ပြေးညီ စျေးနှုန်းများကို ခြေရာခံပါ။

Binance Account ဖွင့်ရန် ရာသက်ပန် 20% discount link
👇🏻

https://www.binance.com/join?ref=ZGPLLYEV

25/06/2025

Binance Exchange ဟာ ကမ္ဘာ့နံပတ် (၁) နေရာမှာ ရပ်တည်နေတာ ဘာကြောင့်လဲ❓

Crypto Exchange တစ်ခုရဲ့ ယုံကြည်စိတ်ချရမှုဟာ ရေရှည်စဥ်းစားတဲ့နေရာမှာ ဘာကြောင့် အရေးကြီးသလဲ❓

Binance Account ဖွင့်ရန် ရာသက်ပန် 20% discount link 👇🏻
https://www.binance.com/join?ref=ZGPLLYEV

New World Navigation
Trading and Investment

25/06/2025

NWN ရဲ့ Traders တွေအတွက် Gorbagana ဆိုတဲ့ Solana-based memecoin လေးအကြောင်း ပြောပြပေးချင်ပါတယ်။ 🚀

သူက စစချင်းမှာဆိုရင်တော့ နောက်ပြောင်ပြီး ဖန်တီးခံခဲ့ရတာဖြစ်ပေမယ့် အခုအချိန်မှာတော့ တကယ်ကို ရေပန်းစားလာပြီး Market Cap ဒေါ်လာ ၆၀ သန်းထိ ရောက်နေပြီပဲ ဖြစ်ပါတယ်။ 🤯

Gorbagana ကို ဘယ်လိုပုံစံမျိုးနဲ့ ဖန်တီးခဲ့တာလဲဆိုရင်တော့ - Solana ရဲ့ brand နဲ့ meme coin ခေတ်စားတာကို အရင်းခံပြီး ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

Gorbagana ရဲ့ မြန်မြန်ဆန်ဆန် တက်လာတာကိုကြည့်မယ်ဆိုရင် DeFi (Decentralized Finance) လောကရဲ့ အရမ်းခန့်မှန်းရခက်တဲ့ လှိုင်းလုံးကြီးကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

သူ့မှာက ရယ်စရာကောင်းတဲ့ မူလဇစ်မြစ်လည်းရှိနေပါသေးတယ်။

ဒီ coin ရဲ့ အောင်မြင်မှုက Dogecoin နဲ့ Shiba Inu တို့လို တခြား meme coin တွေနဲ့ ဆင်တူပါတယ်။

ဘာကြောင့်လည်းဆိုရင်တော့ သူတို့လည်း နောက်ပြောင်ရာကနေပဲ ကြီးမားတဲ့ တန်ဖိုးတွေ ဖြစ်လာတာမို့လို့ပဲ ဖြစ်ပါတယ်။ 🐕

ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒီလို project တွေမှာ စျေးနှုန်းအတက်အကျ အရမ်းမြန်တာ (volatility) နဲ့ လိမ်လည်မှုတွေ ရှိနိုင်တာကို သတိပေးထားပါတယ်။ 🚨

စောစောစီးစီး ရင်းနှီးမြှုပ်နှံတဲ့သူတချို့က အမြတ်ရကြပေမဲ့ hype တွေ ကျသွားရင်တော့ တချို့ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အကြီးအကျယ် ရှုံးသွားနိုင်ပါတယ်။

Gorbagana ရဲ့ တိုးတက်မှုက DeFi ရဲ့ ခန့်မှန်းလို့မရတဲ့ သဘောကို မီးမောင်းထိုးပြသနေပြီး အခုလို အချိန်ခဏလေးအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာကိုကြည့်မယ်ဆိုရင်လည်း crypto စျေးကွက်ဟာ အန္တရာယ်များလေ အကျိုးအမြတ်များလေဆိုတဲ့ သဘောကို ပေါ်လွင်စေပါတယ်။

Community ကနေ ဦးဆောင်တဲ့ tokens တွေက မမျှော်လင့်ဘဲ တက်လာနိုင်ပေမဲ့ ရေရှည်ရင်းနှီးမြှုပ်နှံသူတွေကတော့ အဲ့လိုမျိုး Coinတွေကို သတိထားသင့်ပါတယ်နော်။ 🤔



New World Navigation
Trading and Investment

25/06/2025

🇨🇳 တရုတ်ချစ်ပ် (chips) ထုတ်လုပ်ရေးကုမ္ပဏီ Nano Labs Ltd. ဟာဆိုရင်တော့ BNB Treasury တည်ဆောက်ဖို့အတွက် အတိုးမဲ့ အာမခံချက်မရှိတဲ့ ငွေချေးစာချုပ် (Zero-Coupon Convertible Notes) တွေကနေ ဒေါ်လာ သန်း ၅၀၀ ရှာဖွေဖို့ စီစဉ်နေပါတယ်။ 💸

ဒီစာချုပ်တွေအရကတော့ ချေးယူထားတဲ့ ငွေကြေးတွေကို ရက်ပေါင်း ၃၆၀ အတွင်း ပြန်ဆပ်ရမှာဖြစ်ပြီး တစ်စောင်ကို ၂၀ ဒေါ်လာနဲ့ Class A ရှယ်ယာတွေအဖြစ် ပြောင်းလဲလို့ရမှာလည်းပဲ ဖြစ်ပါတယ်။

တကယ်လို့ ဝယ်လိုအားများလာခဲ့မယ်ဆိုရင်တော့ ဒေါ်လာ ၁ ဘီလီယံအထိ နှစ်ဆ တိုးမြှင့်ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။ 📈

Nano Labs ရဲ့ ရည်ရွယ်ချက်ဟာဆိုရင်တော့ စျေးကွက်တန်ဖိုး (Market Cap) ဒေါ်လာ ၉၃ ဘီလီယံရှိပြီး Binance ရဲ့ မူရင်း တိုကင်ဖြစ်တဲ့ BNB တွေကို အများကြီး စုဆောင်းထားဖို့ပဲ ဖြစ်ပါတယ်။ 💰

ဒီသတင်းနဲ့အတူ U.S Pre-Market Trading မှာဆိုရင် Nano Labs ရဲ့ ရှယ်ယာတွေဟာ ၂၀၀% နီးပါး မြင့်တက်ခဲ့ပြီး ကုမ္ပဏီရဲ့တန်ဖိုး (Valuation) ဟာဆိုရင်လည်း ဒေါ်လာ ၁၈၁ သန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။ ✨

Canaan ရဲ့ အမှုဆောင်ဟောင်းတွေ တည်ထောင်ခဲ့တဲ့ Nano Labs ဟာဆိုရင်တော့ ၂၀၂၂ ခုနှစ်မှာ အများပိုင် ကုမ္ပဏီအဖြစ် စတင်ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။

Crypto ကို ကိုင်ဆောင်တဲ့ ကုမ္ပဏီအများစုက Bitcoin ကိုသာ နှစ်သက်ကြပေမယ့် SharpLink နဲ့ DeFi Development Corp. တို့လို ကုမ္ပဏီအနည်းငယ်ကတော့ Ether နဲ့ Solana ကိုပါ ထည့်သွင်းထားကြပါတယ်။ 💼

BNB ကတော့ Corporate Treasury အနေနဲ့ ထည့်သွင်းခံရတာမျိုး ရှားပါတယ်။

ဒါပေမယ့်လည်း Nano Labs ကတော့ ဒီအပတ်မှာဆိုရင် BNB ကို ရင်းနှီးမြှုပ်နှံတဲ့ ဒုတိယမြောက် ကုမ္ပဏီဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ပထမတစ်ခုကဘာလဲဆိုရင်တော့ Coral Capital ရဲ့ အမှုဆောင်ဟောင်းတွေ တနင်္လာနေ့တုန်းက ကြေညာခဲ့တဲ့ Build & Build Corporation ရဲ့ ဒေါ်လာ သန်း ၁၀၀ တန် BNB စီမံကိန်း (BNB Initiative) ပဲ ဖြစ်ပါတယ်။ 🚀



New World Navigation
Trading and Investment

25/06/2025

🔥 Coral Capital ရဲ့ အမှုဆောင်ဟောင်းတွေဟာဆိုရင်တော့ Build & Build Corporation ဆိုတဲ့ Crypto Treasury ကုမ္ပဏီအသစ်တစ်ခုကို စတင်လိုက်ပြီပဲ ဖြစ်ပါတယ်။

အခု Build & Build Corporation ဆိုတဲ့ ကုမ္ပဏီအသစ်ကို Patrick Horsman, Joshua Kruger နဲ့ Johnathan Pasch တို့က ဦးဆောင်သွားမှာပဲ ဖြစ်ပါတယ်။ 🚀

သူတို့ရဲ့ ရည်မှန်းချက်ဟာဆိုရင်တော့ $100 Million ရှာဖွေပြီး Binance ရဲ့ Exchange Token (BNB) ကို ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

📈 သူတို့ဟာဆိုရင် BNB ကို ဒီလအတွင်း စတင်ဝယ်ယူဖို့ ပြင်ဆင်နေပြီး၊ နောက်ပိုင်းမှာဆိုရင်လည်း Nasdaq-Listed ကုမ္ပဏီတစ်ခုကို Reverse Buyback (ပြန်လည်ဝယ်ယူမှု) လုပ်ပြီး Public Company အဖြစ် အသွင်ပြောင်းဖို့ စီစဉ်ထားပါသေးတယ်။

💡Binance ရဲ့ CEO ဟောင်း Changpeng Zhao (CZ) ကတော့ ဒီအစီအစဉ်ကို "BNB အတွက် Microstrategy" လို့ သုံးနှုန်းခဲ့ပေမယ့် Binance က တိုက်ရိုက်ပါဝင်ပတ်သတ်တာမဟုတ်ကြောင်းကိုတော့ ရှင်းပြခဲ့ပါတယ်။

BNB က လက်ရှိမှာဆိုရင် စျေးကွက်တန်ဖိုးအရ ငါးခုမြောက် အကြီးဆုံး Cryptocurrency ဖြစ်နေပြီး ၅% နီးပါး မြင့်တက်နေတဲ့အတွက်ကြောင့် $630 ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။📈

📊 Build & Build Corporation ဟာဆိုရင်တော့ Bitcoin (BTC), Ethereum (ETH), Solana (SOL) တို့လို အကြီးစား Digital Assets တွေကို Leveraged Exposure ပေးတဲ့ Crypto Treasury ကုမ္ပဏီတွေရဲ့ Trend အသစ်ထဲ ဝင်လာတာလည်းပဲ ဖြစ်ပါတယ်။

🚀📈

New World Navigation
Trading and Investment

24/06/2025

🇺🇸🇮🇷 အမေရိကန်က အီရန်ကို လေတပ်တိုက်ခိုက်ခဲ့မှုကြောင့် Bitcoin ဈေးနှုန်းဟာ $100,000 အောက်ကို ခဏတာ ကျဆင်းသွားခဲ့ပါတယ်။ 😱

ဒီအခြေအနေကြောင့်ပဲ Crypto Market တစ်ခုလုံးမှာဆိုရင် Leverage Trading တွေ အများအပြားဟာ (Liquidation) ပြန်ရုပ်သိမ်းခံရပြီး $420 မီလီယံ ကျော် ဆုံးရှုံးသွားခဲ့ပါတယ်။

အများစုအနေနဲ့ကတော့ Long Position (ဈေးတက်မယ်လို့ ယူဆပြီး ဝယ်ထားတာ) တွေဖြစ်နေခဲ့ပါတယ်။

အဲ့ဒါကိုကြည့်မယ်ဆိုရင်လည်း Traders တွေဟာ စွန့်စားမှုတွေကို ရှောင်နေကြတယ်ဆိုတာ သိသာနေပါတယ်။

📉 Bitcoin ရဲ့ Estimated Leverage Ratio (ELR) ကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပြီး၊ လူတွေ အကာအကွယ်ယူနေကြတယ်ဆိုတာ ထင်ရှားနေပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာဆိုရင် Bitcoin ကို Hedge Asset (အန္တရာယ်ကာကွယ်ရေး အရင်းအနှီး) အဖြစ် ယုံကြည်ထားပေမယ့်၊ လောလောဆယ်မှာတော့ Traders တွေက ဈေးကျမယ်လို့ မျှော်လင့်နေကြပါတယ်။

Options Market မှာဆိုရင်လည်း $95,000 အထိ ကျနိုင်တယ်ဆိုပြီး Bets တွေ ရှိနေသလို၊ Polymarket ဟာလည်း ဇူလိုင်လမှာ All-Time High နိုင်မယ်ဆိုတဲ့ အခွင့်အလမ်းကို 70% ကနေ 10% အထိ လျှော့ချလိုက်ပါတယ်။

🚀 ဒါပေမယ့် BitMEX တည်ထောင်သူ Arthur Hayes လို လူတွေကတော့ Bitcoin ရဲ့ ရေရှည်အားသာချက်ကို ယုံကြည်နေဆဲဖြစ်ပြီး ဒီနှစ်အတွင်း $250,000 အထိ တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

⚡️ ဒါပေမယ့်လည်း အရှေ့အလယ်ပိုင်း တင်းမာမှု အထူးသဖြင့် ရေနံကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ Strait of Hormuz ပိတ်သွားနိုင်ခြေက Bitcoin ရဲ့ ခံနိုင်ရည်ကို ပြင်းပြင်းထန်ထန် စမ်းသပ်နေပါတယ်။

လက်ရှိကျဆင်းမှုက နိုင်ငံရေးပဋိပက္ခတွေအတွက် ယာယီတုံ့ပြန်မှုတစ်ခုသာ ဖြစ်နိုင်ပေမယ့်၊ ပဋိပက္ခကြာရှည်လာခဲ့မယ်ဆိုရင်တော့ Crypto Market ကို ထပ်ပြီးဖိအားပေးလာနိုင်ပါတယ်။

ဒီတော့ HODL လုပ်မလား? ဒါမှမဟုတ် ရှောင်နေဦးမလား? ဆိုတာကတော့ စဉ်းစားစရာအခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ 😏📊



New World Navigation
Trading and Investment

24/06/2025

ကမ္ဘာလုံးဆိုင်ရာ Crypto ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (Investment Funds) တွေဟာဆိုရင်တော့ ပြီးခဲ့တဲ့အပတ်မှာတင်ပဲ $1.2 ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့ပါတယ်။

CoinShares ရဲ့ အဆိုအရ အဲ့ဒါဟာ 10 ပတ်ဆက်တိုက် အပိုငွေဝင်နေတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

🌍 ဒါကိုကြည့်မယ်ဆိုရင် ကမ္ဘာတစ်ဝှမ်း နိုင်ငံရေး/စစ်ရေး မတည်ငြိမ်မှုတွေကြားမှာတောင်မှ Crypto ရင်းနှီးမြှုပ်နှံမှုတွေဟာ ဆက်ပြီး ခိုင်မာနေဆဲဆိုတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ဘာကြောင့် အခုလို Inflows တွေရရှိခဲ့တာလဲဆိုရင်တော့ -

🔹 Bitcoin Funds တွေက $1.1B ဆွဲဆောင်နိုင်ခဲ့ပြီး

🔹 Ethereum Funds တွေကနေလည်း $124M ရရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

📈 ဈေးကွက်တုန်လှုပ်မှုတွေ၊ ကမ္ဘာ့ပဋိပက္ခတွေကြားမှာတောင် Institutional Investors (အဖွဲ့အစည်းကြီးတွေ) က Crypto ကိုယုံကြည်နေဆဲဆိုတာကိုလည်း ဒါကိုကြည့်ရင် တွေ့မြင်နိုင်ပါတယ်။ 🏦

ပြောရမယ်ဆိုရင် အဲ့ဒါဟာ 10ပတ်ဆက်တိုက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြသနေတာလည်းပဲ ဖြစ်ပါတယ်။

💡 CoinShares ရဲ့ အဓိက မှတ်ချက်အနေနဲ့ကတော့ -

1️⃣ "စစ်ရေး/နိုင်ငံရေး အရှုပ်တော်ပုံတွေကြားမှာတောင် Crypto က ရင်းနှီးမြှုပ်နှံသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဆဲ" ဆိုတဲ့ အချက်နဲ့ ✨

2️⃣ 🚀 Bitcoin & Ethereum က ဒီဂျစ်တယ်ရင်းနှီးမြှုပ်နှံမှုရဲ့ ဗဟိုချက်ဖြစ်နေဆဲဆိုတဲ့အချက်ရယ်ပဲ ဖြစ်ပါတယ်။

Macroeconomic/Geopolitical စိုးရိမ်မှုတွေရှိနေပေမယ့် Crypto ရန်ပုံငွေ (Funds) တွေထဲကို Inflows တွေ ဆက်ဝင်နေတာက Digital Assets တွေကို "အကာအကွယ် (Hedge) + အခွင့်အလမ်း" အဖြစ် မြင်လာကြတဲ့ အချက်ကိုလည်း သိသာစေခဲ့ပါတယ်။

📌 အတိုချုပ်အနေနဲ့ဆိုရင်တော့ BTC နဲ့ ETH အပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုက မပျောက်သေးပဲ ဘယ်လို စိန်ခေါ်မှုတွေကြားမှာမဆို ဒီဂျစ်တယ်ငွေကြေးတွေဟာ အားကိုးရာဖြစ်နေဆဲဆိုတာပဲ ဖြစ်ပါတယ်။ 🌟



New World Navigation
Trading and Investment

24/06/2025

Ethereum ရဲ့ Co-founder နဲ့ Consensys ရဲ့ CEO ဖြစ်တဲ့ Joe Lubin ဟာဆိုရင်တော့ SharpLink မှာ ဒေါ်လာ ၄၂၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ SharpLink ဟာ Ethereum Foundation ပြီးရင် ဒုတိယအကြီးဆုံး Ether ကိုင်ဆောင်ထားတဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ 💰

သူ့ကို “ETH ရဲ့ Mr. Saylor” လို့ ခေါ်ကြပေမယ့် Lubin ရဲ့ ဗျူဟာကတော့ Michael Saylor ရဲ့ Bitcoin ကိုင်ဆောင်ပုံနဲ့ မတူပါဘူး။

သူက ကိုင်ထားတာထက် အာမခံထားပြီး အကျိုးအမြတ်ရှာတဲ့ staking လုပ်တာကို ပိုအာရုံစိုက်ပြီး အဓိကလုပ်ဆောင်ပါတယ်။

SharpLink က သူ့ရဲ့ ဒေါ်လာ ၄၆၃ သန်းတန်ဖိုးရှိတဲ့ Ether ရဲ့ ၉၅% ကျော်ကို staking လုပ်ထားပြီး တစ်နှစ်ကို staking reward အနေနဲ့ ဒေါ်လာ ၁၄ သန်းလောက် ရရှိနေတာလည်းပဲ ဖြစ်ပါတယ်။ 🤑

Lubin ဟာဆိုရင် SharpLink ရဲ့ ရှယ်ယာ (SBET) ကို token အဖြစ်ပြောင်းလဲပြီး MetaMask ကို အသုံးပြုကာ Ethereum ကို ပိုပြီး integration ပေါင်းစပ်ဖို့အတွက်လည်း စီစဉ်နေပါသေးတယ်။

ဒီအစီအစဉ်ဟာဆိုရင် Wall Street ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နေပြီး Bitcoin နဲ့ Solana ထက် နောက်ကျကျန်နေတဲ့ ETH ရဲ့ စွမ်းဆောင်ရည်ကို ပြန်လည် မြှင့်တင်ဖို့ ရည်ရွယ်နေတာလည်းပဲ ဖြစ်ပါတယ်။ 🚀

အဲ့လိုမျိုး သတင်းထွက်ရှိပြီးနောက်မှာပဲ SBET ရှယ်ယာဟာ ၂,၇၀၀% အထိ တက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ရောင်းထုတ်ဖို့အတွက် သတိပေးချက်တွေထွက်လာတာကြောင့် ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

ဒီလိုမျိုး အခက်အခဲတွေ ရှိနေပေမယ့်လည်း Lubin ကတော့ Ethereum ပေါ်မှာ စီးပွားရေးလုံခြုံမှုကို တည်ဆောက်ဖို့နဲ့ ရိုးရာဘဏ္ဍာရေး (Traditional Finance) ကို ပြောင်းလဲပစ်ဖို့ ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ 💪

သူ့ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာကိုလည်း သူကလက်မခံခဲ့ပဲ “ကျွန်တော်က Ethereum ရဲ့ Joe Lubin ဖြစ်လာလိမ့်မယ်” ဆိုပြီးတော့တောင် သူကပြောကြားခဲ့ပါသေးတယ်။ 😎



New World Navigation
Trading and Investment

24/06/2025

Texas ပြည်နယ်ဟာဆိုရင်တော့ 🇺🇸 အမေရိကန်ပြည်ထောင်စုမှာဆိုရင် Arizona, New Hampshire တို့နဲ့အပြိုင် Treasury Fund အဖြစ် cryptocurrency ကို လက်ခံလိုက်တဲ့ တတိယမြောက်ပြည်နယ်တစ်ခု ဖြစ်လာပြီပဲ ဖြစ်ပါတယ်။ 🥳

ဘယ်လိုမျိုးလဲဆိုရင်တော့ Texas ပြည်နယ်ဟာ SB21 ဥပဒေကို လက်မှတ်ထိုးအတည်ပြုလိုက်ပြီး Texas Strategic Bitcoin Reserve ကိုလည်း တရားဝင်ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီ ဥပဒေက ဘာတွေထူးခြားသွားမှာလဲဆိုရင်တော့ - 🤔

👉 Texas က အစိုးရဘဏ္ဍာငွေနဲ့ တိုက်ရိုက် Bitcoin ဝယ်မယ်။ 📈

👉 တခြားပြည်နယ်တွေနဲ့ မတူတာကတော့ တက္ကဆက်က ပြည်သူ့ရန်ပုံငွေတွေကို Bitcoin မှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ပုံမှန်ဘတ်ဂျက်နဲ့ ခွဲထားမှာပါ။ အဲ့လိုလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ဟာဆိုရင်တော့ House Bill 4488 ကနေ ဥပဒေအရ အကာအကွယ်ပေးထားလို့ပဲ ဖြစ်ပါတယ်။ 🛡🔒

👉 Bitcoin ကို ငွေကြေးဖောင်းပွမှုကာကွယ်ဖို့နဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုတိုးတက်ဖို့အတွက် အသုံးပြုမယ်။ 💪

👉 Texas Comptroller က ဒီဘဏ္ဍာငွေကို စီမံပြီး Crypto အကြံပေးအဖွဲ့နဲ့အတူ (၂) နှစ်တစ်ခါ အများပြည်သူသိအောင် အစီရင်ခံစာတွေ ထုတ်ပြန်ပေးပါလိမ့်မယ်။ 📝📊

အဲ့ဒါတွေကတော့ Texas က cryptocurrency ကို Treasury Fund အဖြစ်အသုံးပြုတဲ့အချိန်မှာ အခြားသူတွေနဲ့မတူ ကွဲပြားသွားတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

အဲ့ဒါအပြင် Texas ဟာ တခြားပြည်နယ်တွေထက် Bitcoin ကို အရမ်းယုံကြည်ပါတယ်။

အခု အစီအစဥ်ဟာဆိုရင် Bitcoin Mining မှာ ဦးဆောင်နေတဲ့ Texas က အခုဆို အစိုးရအဆင့် Bitcoin ရင်းနှီးမြှုပ်နှံမှုကိုပါ လုပ်ဆောင်လိုက်တာလည်းပဲ ဖြစ်ပါတယ်။ ⛏️💻

Governor Greg Abbott ရဲ့ Crypto အားပေးတဲ့ မူဝါဒကြောင့်လည်း Texas က US မှာဆိုရင် Crypto ဦးဆောင်ပြည်နယ် အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ 🏆

အခုလိုမျိုး Texas ရဲ့ခြေလှမ်းတွေဟာဆိုရင် Crypto အနာဂတ်အတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ 🚀

🌕

New World Navigation
Trading and Investment

23/06/2025

ပြီးခဲ့တဲ့ စနေနေ့ညမှာဆိုရင်တော့ 🇺🇸 အမေရိကန်စစ်တပ်ဟာ အီရန် 🇮🇷ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပါတယ်။

အဲ့လိုလုပ်ပြီးနောက်မှာဆိုရင်ပဲ Crypto ဈေးကွက်တွေဟာ 🔻 ထိုးကျသွားခဲ့ပါတယ်။ 📉

၁ ဘီလီယံဒေါ်လာကျော်ဖိုး Liquidation တွေလည်း ဖြစ်ပေါ်ခဲ့ပြီး အများစုကတော့ Long Position တွေကနေပဲ ဖြစ်ပါတယ်။

Bitcoin အနေနဲ့ကလည်း ၄၅ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁၀၀,၀၀၀ အောက်ကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ 😱

အထူးသဖြင့် Small caps နဲ့ AI tokens ဟာ ပိုပြီး အထိနာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာတင်ပဲ ၁၇ -၂၀% လောက်ကို ထိုးကျသွားခဲ့တာပဲ ဖြစ်ပါတယ်။ 💔

GMCI30 index ဟာဆိုရင်လည်း ၁၀% နီးပါးလောက် ကျဆင်းသွားခဲ့ပါတယ်။

Bitcoin ETF ဝင်ရောက်မှု (inflows) တွေဟာဆိုရင်လည်း ၉ ရက်ဆက်တိုက် မြင့်တက်နေခဲ့ပေမယ့် သောကြာနေ့က ဝင်ရောက်မှု နည်းတာနဲ့ တနင်္ဂနွေနေ့က ဈေးကျတာတွေကြောင့် ဒီ trend ကို ပျက်သွားစေနိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ 📉

အီရန်ပါလီမန်ကလည်း ရေနံကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ Hormuz ရေလက်ကြားကို ပိတ်ပစ်ဖို့ တိုက်တွန်းခဲ့တာကြောင့် ကမ္ဘာ့ရေနံဈေးတွေ မြင့်တက်လာမှာအပေါ် စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ ⛽️

သမ္မတ Trump က အီရန်မှာ အစိုးရပြောင်းလဲရေးကို ထောက်ခံတယ်လို့ အရိပ်အမြွက်ပြောခဲ့တာကြောင့်လည်း တင်းမာမှုတွေ ပိုပြီး မြင့်တက်လာခဲ့ပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် Geopolitics ပထဝီနိုင်ငံရေးဟာ crypto ဈေးကွက်ကို ဘယ်လောက်ထိ သက်ရောက်နေလဲဆိုတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ Cryptocurrency ဈေးကွက်ရဲ့ ပုံမှန်သဘောတရားက Volatile ဖြစ်တယ်ဆိုပေမယ့် အခုဖြစ်နေတဲ့ Geopolitical risk တွေကြောင့် ဈေးကွက်က ပိုပြီး volatile ဖြစ်နေတာပဲ ဖြစ်ပါတယ်။

Geopolitics ကြောင့် စီးပွားရေးနဲ့ ဈေးကွက်တွေက ဘယ်လောက်ထိ မတည်မငြိမ်ဖြစ်နိုင်လဲဆိုတာ မြင်သာစေပါတယ်။ 🌍

သတိထားဖို့လိုအပ်တဲ့ ဈေးကွက်ဖြစ်နေတာကြောင့် သတင်းတွေကို သေချာစောင့်ကြည့်ပြီး ကိုယ့် Portfolio ကို Risk Management လုပ်ဖို့ အကြံပြုလိုပါတယ်။ 💬



New World Navigation
Trading and Investment

Want your school to be the top-listed School/college in Ho Chi Minh City?

Click here to claim your Sponsored Listing.

Location

Telephone

Address


Ho Chi Minh City