AnalyticHub

AnalyticHub Beyond Numbers, Building Future

25/08/2026

Data Analyst Skill တွေလေ့လာပြီးပြီဆိုရင် ကိုယ့်ကိုယ်ကို Job Market ထဲမှာ ဘယ်လိုပြမလဲဆိုတာလည်း သိထားဖို့လိုပါတယ်ဗျ။

မနေ့က Zero to Hero Batch 2 ရဲ့ နောက်ဆုံးနေ့မှာ Career Profile Preparation အတွက် 4 Pillars ကို လက်တွေ့အသုံးချလို့ရအောင် ရှင်းပြဖြစ်ပါတယ်ဗျ။

Data Analyst အလုပ်လျှောက်တဲ့အခါ Skill သိထားရုံနဲ့ မပြီးပါဘူး။ ကိုယ့် Skill နဲ့ Project တွေကို Recruiter တွေမြင်နိုင်အောင် ပြထားဖို့လည်း လိုပါတယ်။

• Resume
1–2 pages လောက်နဲ့ Job တစ်ခုချင်းစီအတွက် ATS-friendly ဖြစ်အောင် Customize လုပ်ထားဖို့လိုပါတယ်။

• GitHub
Resume မှာ အကျဉ်းချုပ်ပဲပြထားတဲ့ Project ရဲ့ Detail, README, Analysis Process, Source Code နဲ့ Source Files တွေကို အသေးစိတ်ပြနိုင်တဲ့နေရာပါ။

• Portfolio
GitHub ကို ပြန်ကူးတင်တာမဟုတ်ဘဲ Strong Projects တွေကို Recruiter တွေမြန်မြန်နားလည်နိုင်အောင် Summarize လုပ်ပြီး Collection အနေနဲ့ ပြထားတဲ့နေရာပါ။

• LinkedIn
Professional Networking နဲ့ Recruiter Visibility အတွက် အသုံးချလို့ရပါတယ်။ Headline, Featured, Experience နဲ့ ကိုယ်လေ့လာထားတာတွေကို Active ဖြစ်အောင် Update လုပ်ထားဖို့လည်း အရေးကြီးပါတယ်။

ဒီအပိုင်းမှာ ရှင်းပြရုံနဲ့ မပြီးဘဲ GitHub Project Template, Resume Sample, LinkedIn Tips, Portfolio Structure နဲ့ Project ကို GitHub မှာ Detail ထားပြီး Portfolio မှာ ဘယ်လို Summarize လုပ်မလဲ ဆိုတာတွေအထိ Reference Materials တွေ ထားပေးဖြစ်ပါတယ်။

Zero to Hero က Tools တွေသင်ပြီး ပြီးသွားတဲ့ Course မဟုတ်ဘဲ

Skill → Project → GitHub → Portfolio → Resume → LinkedIn → Job Application

ဆိုတဲ့ လမ်းကြောင်းကို တစ်ဆက်တည်း နားလည်သွားအောင် တည်ဆောက်ထားတာပါဗျ။

Batch 2 တစ်လျှောက်မှာ အတန်းကို သေချာလိုက်လုပ်ပေးကြတဲ့ သင်တန်းသားတွေအားလုံးကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။

Recording နဲ့ လိုက်လုပ်ရင်း သင်ခန်းစာတစ်ခုချင်းစီ မရှင်းတာရှိတိုင်း ပြန်မေးပြီး သေချာနားလည်အောင် ဆက်လုပ်ပေးတဲ့သူတွေလည်း ရှိပါတယ်။

သင်တန်းပျက်ရမယ့်အခြေအနေရှိတဲ့အချိန်မှာတောင် ခရီးသွားရက်ကို ရွှေ့ပြီး အတန်းဆက်တက်ပေးတဲ့သူတွေရှိသလို၊ အတန်းပျက်ခဲ့ရင်လည်း စာတွေကို ကိုယ်တိုင်ပြန်လိုက်လုပ်ပြီး အတန်းမှန်မှန်ပြန်တက်ပေးတဲ့သူတွေလည်း ရှိပါတယ်။

ဒီလို ကိုယ့်ဘက်ကလည်း ဇွဲရှိရှိနဲ့ လိုက်လုပ်ပေးကြတာကို ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်ဗျ။

Batch 3 မှာလည်း ကျွန်တော်ရော သင်တန်းသားတွေရော ဇွဲရှိရှိနဲ့ တူတူကြိုးစားရင်း ပြန်တွေ့ကြပါမယ်။

24/08/2026

🎓 University Student တစ်ယောက်အနေနဲ့ Data Analyst Experience လိုချင်တယ်ဆိုရင် ဘာလုပ်မလဲ?

ကျွန်တော်သာ အခု University Student တစ်ယောက်ဖြစ်ပြီး Data Analyst Experience လိုချင်တယ်ဆိုရင် Analyst Job တစ်ခုရတဲ့အထိ ထိုင်စောင့်နေမှာ မဟုတ်ပါဘူးဗျ။

ဒီအကြောင်းကတော့ ကျွန်တော့် Python Portfolio Project Recording Class က သင်တန်းသားတစ်ယောက်က Foreign Job တွေအတွက် Experience ဘယ်လိုစယူသင့်လဲ ဆိုပြီး မေးလာတာကြောင့်ပါ။ အခုလို Experience စုချင်နေတဲ့ University Students တွေအတွက်လည်း အသုံးဝင်မယ်ထင်လို့ Sharing လုပ်ပေးတာပါဗျ။

1️⃣ Data-related Role တွေကိုလည်း ရှာမယ်

Data Analyst တစ်ခုတည်းကို မစောင့်ဘဲ—

Data Research

Data Operations

Data Input

Reporting / BI Support

လို Data နဲ့ဆက်စပ်တဲ့ Role တွေ ကိုလည်း ရှာမယ်ဗျ။

ဥပမာ Linkers လို Platform တွေမှာ Data-related Position ရှိရင် ဦးစားပေးကြည့်မယ်။

ဒါပေမယ့် Data Input လို Role ကို Data Analyst Experience လို့တော့ တိုက်ရိုက်မသတ်မှတ်သင့်ပါဘူး။ Data-related working environment နဲ့ practical experience ရဖို့အတွက်လို့ပဲ သတ်မှတ်တာ ပိုမှန်ပါတယ်။

2️⃣ Forage Job Simulation တွေ လုပ်မယ်

Actual Internship မဟုတ်ပေမယ့် Business Problem တွေကို ဖြေရှင်းပြီး SQL, Excel, Python, Visualization စတဲ့ Skills တွေကို Practical လုပ်နိုင်ပါတယ်။

3️⃣ Analyst Internship တွေကို ဆက် Apply မယ်

Data Analyst Intern / Data Science Intern / BI & Reporting Intern / Junior Data Analyst

လို Role တွေကို ဆက် Apply လုပ်မယ်။ မရသေးရင်တောင် Assessment နဲ့ Interview Experience ရလာနိုင်ပါတယ်ဗျ။

4️⃣ Portfolio Projects ကို Parallel လုပ်မယ်

အလုပ်ရမှ Portfolio လုပ်မယ်ဆိုပြီး မစောင့်ဘဲ—

Business Problem → Data → Analysis → Finding → Dashboard → Recommendation

ဆိုတဲ့ Flow နဲ့ Project တွေ ဆက်လုပ်မယ်။

အထူးသဖြင့် Python လေ့လာနေတဲ့သူတွေအတွက် Python Portfolio Project တစ်ခုကို ကိုယ်တိုင်လုပ်ပြီး Portfolio အဖြစ်ပြနိုင်တာ Experience စုနေတဲ့အချိန်မှာ အသုံးဝင်ပါတယ်ဗျ။ ဒီလို Project Experience တည်ဆောက်ချင်တဲ့ University Students တွေအတွက် ကျွန်တော့် Python Portfolio Project Recording Class လည်း ရှိပါတယ်။

ပြီးတော့ Data Analyst ဖြစ်ဖို့လိုအပ်တဲ့ Skills တွေကို အစကနေ စနစ်တကျလေ့လာချင်ပြီး Live Class မတက်နိုင်တဲ့သူတွေအတွက် Data Analyst Zero to Hero ကို Zoom Recording Class နဲ့လည်း လေ့လာနိုင်ပါတယ်။

အဓိကကတော့ Experience လိုချင်တယ်ဆိုရင် Data Analyst Job Title တစ်ခုတည်းကိုပဲ စောင့်နေဖို့ မလိုပါဘူးဗျ။

Data-related Role + Forage + Portfolio + Internship Applications

ဒီ ၄ ခုကို Parallel လုပ်သွားတာ ပို Practical ဖြစ်ပါတယ်။

23/08/2026

2026 မှာ Data Analyst Job တွေမှာ Excel ကို ဘာတွေအဓိက တောင်းတတ်လဲ?

2026 Job Description တွေကို လေ့လာထားတဲ့ data တွေမှာ Excel က အခုထိ Data/Analytics roles တွေမှာ မကြာခဏတွေ့ရတဲ့ skill တစ်ခုဖြစ်နေပါတယ်။

ဒါပေမယ့် Excel သိတယ်ဆိုတာ Basic Formula တွေသိရုံနဲ့ မပြီးပါဘူး။

Role အလိုက် ဒီလို Skills တွေကို တွေ့ရတတ်ပါတယ်—

🔹 Advanced Excel Functions
🔹 Pivot Table / Pivot Chart
🔹 Power Query
🔹 Power Pivot & Data Modeling
🔹 Data Cleaning & Analysis
🔹 Dashboard & Visualization
🔹 VBA / Macro
🔹 Statistical Analysis / Regression
🔹 Forecasting

အထူးသဖြင့် Data Analyst အလုပ်အတွက် Excel ကို Data ကို Clean → Transform → Analyze → Visualize လုပ်နိုင်တဲ့အထိ အသုံးချတတ်ဖို့က ပိုအရေးကြီးပါတယ်ဗျ။

ဒါကြောင့် Self-study လုပ်နေတယ်ဆိုရင် “Excel မှာ ဘာ Function တွေသိလဲ?” ထက်
“Real Data တစ်ခုရလာရင် Excel နဲ့ ဘာလုပ်နိုင်လဲ?” ဆိုတာကို စဉ်းစားပြီး လေ့လာကြည့်ပါ။

AnalyticHub ရဲ့ Data Analysis in Excel Recording Class မှာလည်း Data Analysis အတွက်လိုအပ်တဲ့ Excel Skills တွေကို Practical အနေနဲ့ လေ့လာနိုင်ပါတယ်။

Excel တစ်ခုတည်းမဟုတ်ဘဲ Excel + Statistics + SQL + Power BI + Databricks အထိ Data Analyst အဖြစ် Full Path လေ့လာချင်ရင်တော့ Data Analyst Zero to Hero Recording Class မှာ လေ့လာနိုင်ပါတယ်ဗျ။

Live Class တက်ဖို့အချိန်မရတဲ့သူတွေအတွက် Zoom Recording နဲ့ Self-study လုပ်လို့ရပါတယ်။

ကိုယ့်ရဲ့ Career Goal နဲ့ကိုက်တဲ့ Learning Path ကိုရွေးပြီး စနစ်တကျ လေ့လာတာပိုကောင်းပါတယ်။ ခုနေ့ တော့ဒီလောက်ပါပဲဗျ။

22/08/2026

Data analyst zero to hero live class အတွက် စာရင်းပေးထားတဲ့အထဲက တစ်ယောက် cancel သွားလို့ သင်တန်းသားတစ်ယောက် ထပ်အပ်လို့ရပါဦးမယ်ဗျ။

Live class မတက်ဖြစ်ဘဲ zoom recording ပြန်ကြည့်မယ့်သူတွေအတွက်တော့ အပ်လို့ရပါသေးတယ်။

21/08/2026

“ဆရာ၊ Company တွေမှာ AI ကြောင့် လူတွေ Layoff ဖြစ်နေတယ်။ Data Analyst တွေလည်း AI နဲ့ Replace ဖြစ်သွားမှာလား? ဒါဆို Data Analytics ကို ဆက်လေ့လာသင့်သေးလား?”

ဒီမေးခွန်းက အခုနောက်ပိုင်း Student တွေဆီက အမေးများတဲ့ FAQ တစ်ခုပါ။

ကျွန်တော်လည်း 2022 က ChatGPT ကို စသုံးခဲ့တဲ့အချိန်မှာ ဒီလိုပဲ စိုးရိမ်ခဲ့ဖူးပါတယ်။ Prompt ပေးလိုက်တာနဲ့ Code ရလာတာကို သဘောကျသလို “တစ်နေ့နေ့မှာ AI က ငါ့အလုပ်ကို အစားထိုးသွားမလား?” ဆိုပြီးလည်း တွေးခဲ့ဖူးပါတယ်။

ဒါပေမယ့် AI ကို ဆက်အသုံးပြုလာပြီး AI Agent တွေအထိ အသုံးပြုလာတဲ့အခါမှာတော့ အမြင်တစ်ခု ပြောင်းလာပါတယ်။

အခု SQL ကို AI ရေးပေးနိုင်ပါတယ်။ DAX ကိုလည်း ရေးပေးနိုင်ပါတယ်။ Databricks Genie လို AI Agent တွေက Data ကို Query လုပ်ပေးနိုင်သလို VS Code ထဲမှာလည်း AI ကို Code ရေးခိုင်းနိုင်ပါတယ်။

ဒါဆို Data Analyst တွေ မလိုတော့ဘူးလား?

ကျွန်တော့်အမြင်ကတော့ မဟုတ်ပါဘူး။ Data Analyst ရဲ့အလုပ်က ပျောက်သွားတာထက် အလုပ်လုပ်ပုံက ပြောင်းလာတာလို့ ပိုမြင်ပါတယ်။

အရင်က SQL ကို ကိုယ်တိုင်ရေးနိုင်ဖို့ အရေးကြီးခဲ့ရင် အခု AI ရေးပေးတဲ့ SQL မှန်မမှန် စစ်နိုင်ဖို့ က ပိုအရေးကြီးလာပါတယ်။

AI က Outlier ရှာပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ် Rule ကို သုံးသင့်လဲ ဆိုတာကို ကိုယ်က သိရပါမယ်။

AI က Pareto Analysis လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Revenue နဲ့လုပ်မလား၊ Profit နဲ့လုပ်မလား၊ Downtime နဲ့လုပ်မလားဆိုတာ Business Context အပေါ်မူတည်ပြီး ကိုယ်က ဆုံးဖြတ်ရပါမယ်။

AI က Result ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် “ဒီ Data ကို ယုံလို့ရလား?” ဆိုတာကိုတော့ Analyst က ပြန်စစ်ရပါမယ်။

မနေ့က Student တစ်ယောက် Outlier ရှာတဲ့အခါ AI က IQR ကို 3 × IQR နဲ့တွက်ထားတာတွေ့ရပါတယ်။ 3 × IQR ကို သုံးတဲ့ Context တွေရှိလို့ AI က အမြဲမှားတယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် Analyst အနေနဲ့ “ဘာကြောင့် 3 ကို သုံးတာလဲ?” ဆိုတာကို နားလည်ထားဖို့လိုပါတယ်။

တကယ်တော့ Technology ပြောင်းလဲလာတာက အခုမှ မဟုတ်ပါဘူး။

Paper ခေတ်ကနေ Computer ခေတ်ပြောင်းလာတဲ့အခါ Computer ကို သင်ယူပြီး Adapt လုပ်ခဲ့ကြသလို၊ အခု AI ခေတ်မှာလည်း AI ကို သင်ယူပြီး ကိုယ့်အလုပ်ထဲမှာ Adapt လုပ်ဖို့လိုလာတာပါ။

ဒါကြောင့် AI ခေတ်မှာ Data Analytics ကို လေ့လာဖို့ မလိုတော့ဘူးလို့ ကျွန်တော် မမြင်ပါဘူး။

Foundation ကို ပိုခိုင်အောင် လေ့လာဖို့လိုလာတာပါ။

SQL Syntax တစ်ခုတည်းမဟုတ်ဘဲ Data Structure၊ Statistics၊ Business Logic၊ Data Validation၊ Problem Solving နဲ့ Communication တွေကို နားလည်ဖို့ ပိုအရေးကြီးလာပါတယ်။

ကျွန်တော့်ရဲ့ Data Analyst Zero to Hero မှာလည်း Tool တွေကိုပဲ သင်ပေးတာမဟုတ်ဘဲ Data ကို ဘယ်လိုစဉ်းစားမလဲ၊ Result ကို ဘယ်လို Validate လုပ်မလဲ၊ Business Rule နဲ့ ကိုက်ညီမကိုက်ညီ ဘယ်လို Challenge လုပ်မလဲ ဆိုတာတွေကို ပိုအရေးထားပါတယ်။

AI ကို မကြောက်ပါနဲ့။

AI က SQL ရေးပေးနိုင်ပါတယ်။
ဒါပေမယ့် ဘာ SQL ရေးရမလဲဆိုတာကို သိဖို့လိုပါတယ်။

AI က Analysis လုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် Analysis မှန်မမှန်ကို Challenge လုပ်နိုင်ဖို့လိုပါတယ်။

ကျွန်တော့်အမြင်မှာ AI ခေတ်ရဲ့ Data Analyst ဆိုတာ AI နဲ့ ပြိုင်ရမယ့်သူမဟုတ်ဘဲ AI ကို အသုံးချပြီး ပိုကောင်းတဲ့ Analyst ဖြစ်လာရမယ့်သူ ဖြစ်ပါတယ်။

20/08/2026

ဒီမနက် Data Analyst Zero to Hero – Recording Class က Student တစ်ယောက်နဲ့ DAX အကြောင်း ပြန်ရှင်းဖြစ်တာလေး ရှိပါတယ်။

Active Reseller / Inactive Reseller ကိုတွက်တဲ့ Measure တစ်ခုမှာ Result က Expected Answer နဲ့ မတူလာလို့ မေးလာတာပါ။

အစမှာကြည့်ရင် DAX Formula တစ်ခုကို ပြင်လိုက်ရုံနဲ့ ပြီးသွားမယ့်ပုံစံပါ။ ဒါပေမယ့် သေချာပြန်ကြည့်တော့ Formula ထက် Business Logic ကို ဘယ်လိုသတ်မှတ်ထားလဲ ဆိုတာက ပိုအရေးကြီးနေတာ တွေ့ရပါတယ်။

Inactive Reseller ဆိုတာ Last 3 Months Cutoff Date မတိုင်ခင်ကတည်းက မဝယ်တော့တဲ့ Purchase Reseller တွေကို ဆိုလိုတာလား?

ဒါဆို "End Date" ကို ဘယ်လိုစစ်ရမလဲ?

Reseller Table ထဲမှာ မဝယ်ဖူးတဲ့သူတွေလည်း ပါနေရင် သူတို့ကိုပါ Count ထဲ ထည့်မိမှာလား?

Active Reseller ဆိုရင် အဲဒီ Logic ရဲ့ ပြောင်းပြန်ကို ဘယ်လိုစဉ်းစားရမလဲ?

ပြီးတော့ Sales Table ကနေ Reseller Table ထဲက Column တစ်ခုကို ပြန်စစ်ချင်တဲ့အခါ "RELATED()" ကို ဘာကြောင့် သုံးလို့ရတာလဲ?

ဒီလိုနဲ့ Formula တစ်ကြောင်းကိုပဲ ပြင်တာမဟုတ်ဘဲ Business Logic → Table → Relationship → Filter → Result ဆိုပြီး တစ်ဆင့်ချင်း ပြန်စဉ်းစားကြည့်ဖြစ်ပါတယ်။

Result မတူရင်လည်း Formula ကိုပဲ အပြစ်တင်တာထက် Table View ထဲမှာ ပြန်ကြည့်ပြီး ဘယ် Data တွေပါလာလဲ၊ ဘယ် Filter ကျန်နေလဲဆိုတာ ပြန်စစ်ကြည့်လို့ရပါတယ်။

ဒီလို Question တွေကို ကျွန်တော်က သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ Student တွေ မေးလာတဲ့ Question တွေက တစ်ခါတလေ ကိုယ်တိုင်လည်း ပြန်စဉ်းစားရတဲ့ Question တွေ ဖြစ်နေလို့ပါ။

ကိုယ်သိတဲ့အရာဆိုရင် ပြန်ရှင်းပေးပါတယ်။ ကိုယ်မသိသေးတဲ့အရာဆိုရင်လည်း “ဒီဟာတော့ ကျွန်တော်လည်း မသိသေးဘူး” လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီ Question က Career အတွက် အရေးကြီးတယ်၊ Student တွေအတွက်လည်း အရေးကြီးတယ်ဆိုရင်တော့ ကိုယ်တိုင် ပြန်လေ့လာပါတယ်။

အဲဒါကြောင့် Student တွေက မေးလာတဲ့ Question တွေက ကျွန်တော့်အတွက်လည်း တစ်ခုခု ပြန်လေ့လာဖြစ်စေပါတယ်။

တကယ်တော့ ကျွန်တော်လည်း Power BI နဲ့ DAX ကို အကုန်သိပြီးသားလူ မဟုတ်ပါဘူး။ အခုထိလည်း တစ်ခါတလေ ရှုပ်ပါတယ်၊ Formula တွေကို ပြန်စဉ်းစားရပါတယ်၊ Result မထွက်ရင် ဘာကြောင့်လဲဆိုတာ ပြန်ရှာရပါတယ်။

သင်ပေးနေရင်းနဲ့ ကိုယ်တိုင်လည်း ဆက်လေ့လာနေရပါတယ်။ အဲဒါကြောင့်ပဲ Teaching လုပ်ရတာကို ကျွန်တော် သဘောကျတာပါ။

Recording Class ဆိုတာလည်း Recording ပေးပြီး ကိုယ့်ဘာသာကိုယ် ကြည့်ရုံပဲ မဟုတ်ပါဘူး။ မရှင်းတာရှိရင် မေးလို့ရပါတယ်။ Result မတူရင် အတူပြန်ကြည့်လို့ရပါတယ်။ လိုအပ်ရင် အဲဒီ Question ကနေ တခြား Concept တွေကိုပါ ဆက်ရှင်းပေးလို့ရပါတယ်။

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ ဒီနေ့ပြန်ရှင်းဖြစ်တဲ့ DAX Concept လေးတွေက Data Analytics လေ့လာနေတဲ့သူတွေအတွက်လည်း တစ်ခုခု အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

19/08/2026

Data Analyst Career ကို စမယ်ဆိုရင် “အလုပ်ရလွယ်တယ်၊ Salary ကောင်းတယ်” ဆိုတာတစ်ခုတည်းနဲ့ မစသင့်ဘူးလို့ ကျွန်တော် ပိုပိုပြီး မြင်လာပါတယ်။

First Job ရဖို့ Referral၊ Network၊ Portfolio တွေက အခွင့်အရေးပိုရစေနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ရသွားပြီးနောက်ပိုင်းကတော့ မလွယ်တော့ပါဘူး။

Data Cleaning တွေ လုပ်ရတယ်။
Messy Data တွေကို စဉ်းစားပြီး ဖြေရှင်းရတယ်။
Repetitive Work တွေလည်း ရှိတယ်။
Stakeholder တွေနဲ့ အလုပ်လုပ်ရတယ်။
Business Problem ကို နားလည်ပြီး စဉ်းစားရတယ်။
တစ်ခါတလေ ကိုယ်ထင်ထားတာနဲ့ မတူတဲ့ Requirement တွေကို ပြန်မေးပြီး Clarify လုပ်ရတယ်။

Promotion ရဖို့၊ Company ပြောင်းဖို့၊ ပို Challenging ဖြစ်တဲ့ Company တွေနဲ့ Senior Role တွေကို တက်ဖို့ဆိုရင် Tool တွေသိရုံနဲ့ မလုံလောက်တော့ပါဘူး။

Business Understanding၊ Problem Solving၊ Communication၊ Stakeholder Management နဲ့ ကိုယ်လုပ်ခဲ့တဲ့အလုပ်က Business အပေါ် ဘာ Impact ရှိခဲ့လဲဆိုတာတွေ လိုလာပါတယ်။

ဒါကြောင့် ကျွန်တော့်သင်တန်းမှာ Project တွေကို အရမ်း Perfect ဖြစ်အောင်ပဲ မလုပ်ပေးချင်ပါဘူး။

Messy Data တွေ၊ မရှင်းတဲ့ Business Problem တွေ၊ Data တွေတစ်ခုနဲ့တစ်ခု မကိုက်ညီတာတွေ၊ ကိုယ်တိုင်စဉ်းစားပြီး ဆုံးဖြတ်ရတဲ့အခြေအနေတွေကိုပါ သင်တန်းသားတွေကို ရင်ဆိုင်စေချင်ပါတယ်။

ဒါတွေက Real Company မှာလည်း ကြုံရနိုင်တဲ့အရာတွေဖြစ်လို့ပါ။

ကျွန်တော့် School Teacher တစ်ယောက်က ပြောဖူးတဲ့ စကားတစ်ခွန်းကိုလည်း အခုထိ မှတ်မိနေပါတယ်။

Teacher ဆိုတာ စာသင်ပေးရုံနဲ့ မပြီးဘူး။ Student တွေ Exam Hall ထဲဝင်တဲ့အခါ ဘယ်လောက်ခက်တဲ့ Question ပဲလာလာ ယုံကြည်မှုရှိရှိ ဖြေနိုင်အောင် ပြင်ဆင်ပေးရမယ်တဲ့။

အဲ့ဒီ Mindset ကို ကျွန်တော်လည်း Class ထဲမှာ အမြဲယူထားပါတယ်။

မနေ့ကလည်း ကျွန်တော့်အတွက် တော်တော်ပျော်ရတဲ့အချိန်တစ်ခုရှိခဲ့ပါတယ်။

သူတို့ရဲ့ Last Project မှာ ကျွန်တော်က ကိုယ်တိုင်ဝင်ပြီး Project ကို ဖြေရှင်းပေးတာမဟုတ်ဘဲ Supervision ပဲလုပ်ပေးခဲ့ပါတယ်။

ဒါပေမယ့် သူတို့ကိုယ်တိုင် Data ကို Validate လုပ်တတ်လာတယ်။

Business Rules နဲ့ Data ကို ပြန်စစ်တတ်လာတယ်။

Statistics Excel Course မှာ သင်ခဲ့တဲ့ IQR ကို အသုံးပြုပြီး Production Batch Duration မှာ မဖြစ်သင့်တဲ့ Value တွေကို ရှာဖွေနိုင်လာတယ်။

အဲ့ဒီနောက် “ဒီ Data က ဘာကြောင့် ဒီလိုဖြစ်နေတာလဲ” ဆိုပြီး Root Cause ကိုပါ ပြန်စဉ်းစားနိုင်လာတယ်။

အရေးကြီးဆုံးကတော့ Analysis မလုပ်ခင် Data တစ်ခုနဲ့တစ်ခု Consistent ဖြစ်မဖြစ် ကို စစ်တတ်လာတာပါ။

ဒါက ကျွန်တော်အတွက် Dashboard တစ်ခုလှလှလုပ်နိုင်တာထက် ပိုပြီး ဝမ်းသာစရာကောင်းပါတယ်။

ဘာလို့လဲဆိုတော့ Real Company မှာ Data Analyst တစ်ယောက်လုပ်ရင်လည်း “ဒီ Data ကို ယုံလို့ရလား?” ဆိုတာကို အရင်မေးရပါတယ်။

ကျွန်တော့်အတွက် သင်တန်းရဲ့ရည်ရွယ်ချက်က Student တွေကို ကျွန်တော်မရှိရင် ဘာမှမလုပ်တတ်အောင် သင်ပေးထားတာမဟုတ်ပါဘူး။

ကျွန်တော်မပါဘဲ ကိုယ်တိုင်စဉ်းစားနိုင်၊ Data ကို Challenge လုပ်နိုင်၊ Problem ကို ရှာနိုင်ပြီး မသေချာတဲ့အရာကို မယုံဘဲ ပြန်စစ်နိုင်အောင် ပြင်ဆင်ပေးချင်တာပါ။

တကယ်တော့ ကျွန်တော့်အတွက် နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုလည်း ရှိပါတယ်။

Student တွေကို Data Analyst ဖြစ်အောင် သင်ပေးနိုင်တာတင် မလုံလောက်ပါဘူး။ တကယ် Career ထဲဝင်သွားတဲ့အခါ ဒီအလုပ်ရဲ့ Nature ကို လက်ခံနိုင်မလား ဆိုတာကိုလည်း သိစေချင်ပါတယ်။

ကိုယ်တိုင် Consulting နဲ့ အလုပ်လုပ်ရင်း တွေ့ရတာက Technical Skill ကောင်းလာပေမယ့် Analyst Career ကို မကြိုက်တော့လို့ ထွက်သွားတဲ့သူတွေ ရှိသလို၊ မကြိုက်ပေမယ့် ဘယ်လိုပြောင်းရမလဲမသိလို့ ဒီ Career ထဲမှာပဲ ရပ်နေတဲ့သူတွေလည်း ရှိပါတယ်။

အထူးသဖြင့် Stakeholder တွေနဲ့ အလုပ်လုပ်ရတာ၊ Business ကို စဉ်းစားရတာ၊ Ambiguous Requirement တွေကို ဖြေရှင်းရတာတွေကို မကြိုက်ဘူးဆိုရင် Technical Skill ကောင်းနေရုံနဲ့ ရေရှည်မှာ ခက်နိုင်ပါတယ်။

ဒါကြောင့် Student တွေကို လွယ်တဲ့ Project တွေပဲပေးပြီး “Data Analyst ဖြစ်ရတာ ဒီလိုလွယ်တယ်” ဆိုတဲ့ Impression မပေးချင်ပါဘူး။

တကယ်ကြုံရနိုင်တဲ့ Challenge တွေကို အရင်ရင်ဆိုင်စေပြီး “ဒီ Career က ငါနဲ့ တကယ်ကိုက်ရဲ့လား” ဆိုတာ ကိုယ်တိုင်သိလာစေချင်ပါတယ်။

Time က Free မဟုတ်ပါဘူး။

ကိုယ်နဲ့မကိုက်တဲ့ Career ထဲကို ဝင်ပြီး နှစ်တွေကြာလာမှ “ငါ ဒီ Career ကို မကြိုက်ဘူး” ဒါမှမဟုတ် “ဒီ Level ထက်ပိုပြီး မတက်ချင်တော့ဘူး” ဆိုတာ သိလာရင် အချိန်၊ ငွေ၊ Energy တွေ ပိုကုန်နိုင်ပါတယ်။

အဲ့ဒါကြောင့် ကျွန်တော့်အတွက် Student တစ်ယောက် Course ပြီးသွားတာထက် ကိုယ်ရွေးလိုက်တဲ့ Career က ကိုယ်နဲ့တကယ်ကိုက်မကိုက်ကို စောစောသိသွားတာက ပိုတန်ဖိုးရှိတယ် လို့ မြင်ပါတယ်။

ဒါပေမယ့် ကျွန်တော့် Teaching ကလည်း Perfect ဖြစ်နေပြီလို့တော့ မပြောနိုင်ပါဘူး။

Batch တစ်ခုချင်းစီသင်ပြီးတိုင်း ဘာတွေကောင်းခဲ့လဲ၊ ဘာတွေက မကောင်းသေးလဲ၊ Student တွေ ဘယ်နေရာမှာ ခက်သွားလဲဆိုတာတွေကို ပြန်ကြည့်ဖြစ်ပါတယ်။

Batch 3 မှာလည်း Batch 2 ထက် ပိုကောင်းအောင် ပြင်ဆင်ရမယ့်အရာတွေ အများကြီးရှိပါသေးတယ်။

ကျွန်တော့်အတွက် Teaching ဆိုတာ Student တွေကိုပဲ သင်ပေးနေရတာမဟုတ်ဘဲ Student တွေဆီကနေ ပြန်သင်ယူပြီး ကိုယ့် Teaching ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် Improve လုပ်သွားရတဲ့အရာ လို့ မြင်ပါတယ်။

သင်တန်းပြီးတဲ့နေ့မှာ Student တစ်ယောက်က “ကျွန်တော်သင်ပေးထားတာကို လုပ်တတ်တယ်” ဆိုတာထက်

“မသိတဲ့ Problem တစ်ခုလာရင်လည်း ကိုယ်တိုင်စဉ်းစားပြီး ဖြေရှင်းနိုင်တယ်”

ဆိုတဲ့အဆင့်ကို ရောက်လာတာက ကျွန်တော့်အတွက် ပိုပြီးတန်ဖိုးရှိပါတယ်။

18/08/2026

မနေ့က AnalyticHub ရဲ့ Zero to Hero Batch 2 မှာ Databricks Genie AI Agent ကို သင်ပေးရင်း သတိထားမိတာတစ်ခုရှိပါတယ်။

Genie ကို အသုံးပြုတဲ့အခါ Prompt ကို ဘယ်လိုရေးရမလဲဆိုတာထက် ကိုယ့် Data ကို ကိုယ်ဘယ်လောက်နားလည်ထားလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

အစပိုင်းမှာတော့ သင်တန်းသားတွေကို ကိုယ်လိုချင်တဲ့ Analysis ကို AI ကိုပြောပြီး Result ထွက်လာတာကို ကြည့်ခိုင်းလိုက်ရင် အဆင်ပြေမယ်လို့ ထင်ထားတယ်။

ဒါပေမယ့် တကယ်လုပ်ကြည့်တဲ့အခါ ကိုယ်လိုချင်တဲ့ Result နဲ့ Genie ထုတ်ပေးတဲ့ Result က မတူတာတွေ ရှိလာတယ်။

အဲဒီအချိန်မှာ ပြန်စဉ်းစားကြည့်ရင် Problem က Genie ကို Prompt မရေးတတ်တာတစ်ခုတည်း မဟုတ်ပါဘူး။

ကိုယ်တိုင်က Data ကို သေချာမစဉ်းစားထားတာလည်း ပါပါတယ်။

SQL ရေးတဲ့အခါလည်း Query ကို တန်းပြီးရေးတာမဟုတ်ဘူး။

ဘယ် Data ကိုယူမလဲ။

ဘယ် Table တွေလိုမလဲ။

ဘယ် Column တွေကို သုံးမလဲ။

ဘယ် Table တွေကို ဘယ် Column နဲ့ Join လို့ရမလဲ။

ပြီးတော့ Metric တစ်ခုကို ဘယ် Logic နဲ့တွက်မလဲ။

အဲဒါတွေကို အရင်စဉ်းစားပြီးမှ Query ရေးတာ။

Genie AI မှာလည်း အတူတူပဲ။

ဥပမာ “Downtime Reason တွေကို Pareto Analysis လုပ်ပေးပါ” လို့ပြောတာထက် “Downtime Table ထဲက Downtime Reason တွေကို Downtime Minutes အပေါ်အခြေခံပြီး Pareto Analysis လုပ်ပေးပါ” လို့ပြောတာက ပိုတိကျတယ်။

ဘာလို့လဲဆိုတော့ ကိုယ်က ဘယ် Data ကိုသုံးမယ်၊ ဘယ် Metric ကိုအခြေခံမယ် ဆိုတာကို သတ်မှတ်ပြီးပြောထားလို့ပါ။

ဒါကြောင့် AI ကိုအသုံးပြုတဲ့အခါ Prompt ကို အရင်မစဉ်းစားတော့ဘဲ Data ကို အရင်စဉ်းစားဖို့လိုပါတယ်။

ကိုယ့် Data မှာ ဘယ် Table တွေရှိလဲ။

Column တစ်ခုချင်းစီက ဘာကိုဆိုလိုလဲ။

ဘယ် Table တွေကို ဘယ်လို Join လို့ရလဲ။

Metric တွေကို ဘယ်လိုတွက်မလဲ။

Business Rule တွေက ဘာတွေလဲ။

အဲဒါတွေကို ကိုယ်တိုင်သိထားမှ AI ကိုလည်း ကိုယ်လိုချင်တဲ့ Result ရအောင် တိတိကျကျ ပြောနိုင်မယ်။

အဲဒါကြောင့် Genie AI ကို အသုံးပြုတာက Prompt ရေးတဲ့ Skill တစ်ခုတည်းလို့ မမြင်တော့ပါဘူး။

Data ကိုနားလည်တာ၊ Problem ကိုခွဲခြမ်းစိတ်ဖြာတာ၊ Logic ချတာပြီးမှ AI ကို အလုပ်လုပ်ခိုင်းတာ လို့ ပိုမြင်လာပါတယ်။

AI က Query ရေးပေးနိုင်တယ်။

ဒါပေမယ့် ဘယ် Data ကိုသုံးရမလဲ၊ ဘာကိုတွက်ရမလဲ၊ ဘယ် Logic နဲ့တွက်ရမလဲဆိုတာကိုတော့ ကိုယ်တိုင်သိထားဖို့လိုတယ်။

အဲဒါကြောင့် Data Analyst တစ်ယောက်အနေနဲ့ AI ကိုအသုံးချတဲ့အခါ Prompt မစခင် Data ကို အရင်နားလည်ဖို့လိုပါတယ်ဗျ။

မနေ့က Zero to Hero Batch 2 မှာ ဖြစ်ခဲ့တဲ့ Result တွေကနေ ဒီအချက်ကို ပိုပြီးသတိထားမိလာတာနဲ့ sharing လုပ်ပေးလိုက်တာပါ။ ခုနေ့တော့ ဒီလောက်ပါပဲဗျ။ Helpful ဖြစ်မယ်လို့မျှော်လင့်ပါတယ်။

17/08/2026

Data Analyst career တစ်ခု build လုပ်တဲ့အချိန်မှာ Consistency ရှိဖို့ အရေးကြီးတယ်လို့ အရင်က ကျွန်တော်လည်း ထင်ခဲ့တယ်။

Career transition လုပ်မယ်ဆိုလည်း consistency ရှိရမယ်။ Skill တစ်ခုလေ့လာမယ်ဆိုလည်း consistency ရှိရမယ်။ Preparation လုပ်မယ်ဆိုလည်း consistency ရှိရမယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ကို analysis လုပ်ရင်း၊ One-on-One သင်တန်းသားတွေကို သင်ပေးရင်း၊ Live နဲ့ Recording သင်တန်းသားတွေကို ကြည့်ရင်း၊ Project နဲ့ Career Consultation တွေ လုပ်ပေးရင်းနဲ့ နောက်ပိုင်းမှာ သတိထားမိလာတာတစ်ခုရှိတယ်။

Consistency ရှိဖို့ဆိုတာ Discipline တစ်ခုတည်းနဲ့ မလုံလောက်ဘူး။

တစ်ခါတလေ ကိုယ့်ကိုယ်ကို Overestimate လုပ်ထားတာနဲ့ Underestimate လုပ်ထားတာရဲ့ကြားမှာ Realistic ဖြစ်ဖို့လည်းလိုတယ်။

ကိုယ့်ကိုယ်ကို Overestimate လုပ်ထားတဲ့အခါ “ဒီလောက်တော့ လွယ်မှာပဲ” လို့ထင်ထားပေမယ့် တကယ် Project လုပ်ကြည့်တဲ့အခါ ကိုယ်ထင်ထားတာထက် ခက်နေတတ်တယ်။

Query တစ်ခုရေးတာ မရဘူး။ Data ကို ကိုယ်တိုင် Analyze လုပ်တဲ့အခါ မသိတာတွေ အများကြီးထွက်လာတယ်။

အဲဒီအချိန်မှာ “ငါမတတ်ဘူး” ဆိုပြီး စိတ်ဓာတ်ကျပြီး Quit လုပ်သွားနိုင်တယ်။

တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကို Underestimate လုပ်ထားတဲ့သူတွေရှိတယ်။

“ငါက မရသေးဘူး။ နောက်ထပ်လေ့လာပြီးမှ Project လုပ်မယ်။ နောက်ထပ် Preparation လုပ်ပြီးမှ Job Apply မယ်” ဆိုပြီး ကိုယ်လုပ်နိုင်တဲ့အရာတွေကိုတောင် နောက်ဆုတ်ထားတတ်တယ်။

အဲဒီလိုနဲ့ Preparation က အဆုံးမရှိတဲ့ Preparation ဖြစ်သွားတတ်တယ်။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ခုခုကို လေ့လာတဲ့အခါ မြန်မြန် Quit ဖြစ်တတ်တဲ့အချိန်တွေရှိခဲ့တယ်။

အဲဒါကြောင့် နောက်ထပ်တစ်ခုကိုလည်း သတိထားမိလာတယ်။

ကိုယ်လုပ်နေရတဲ့အရာနဲ့ ကိုယ့်ရဲ့တကယ့်ဘဝကြားမှာ Connection မရှိသေးရင် Consistency ထိန်းရတာ ပိုခက်တယ်။

ဥပမာ ကျောင်းတက်ဖို့ IELTS လိုလို့ English စာလေ့လာတယ်ဆိုပါစို့။

English ကို တကယ်စိတ်ဝင်စားလို့ လေ့လာတာမဟုတ်ဘဲ “ကျောင်းတက်ဖို့လိုလို့” လေ့လာနေရတာဆိုရင် Exam အတွက် အသုံးဝင်တဲ့ Advanced Vocabulary တွေ၊ ရိုးရိုးပြောလို့ရတဲ့အရာကို ပိုပြီး Advanced Structure နဲ့ ပြောတာတွေကို လေ့လာရတတ်တယ်။

Exam အတွက်တော့ အဲဒါတွေက အသုံးဝင်တယ်။

ဒါပေမယ့် Exam ပြီးသွားတဲ့နောက်မှာ ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ English ကို တကယ်အသုံးချရတဲ့အခွင့်အရေး မရှိသေးဘူးဆိုရင် လေ့လာနေရတာက Enjoy မဖြစ်တော့ဘူး။

ပြီးတော့ “ဒီလောက်တောင် လုပ်နေရတာ ဘာအတွက်လဲ” ဆိုတဲ့ Feeling ဝင်လာပြီး ရပ်ချင်လာနိုင်တယ်။

ဒါကြောင့် Consistency မရှိတာတိုင်းကို “ငါ Discipline မရှိလို့” လို့ပဲ မသတ်မှတ်တော့ဘူး။

တစ်ခါတလေ ကိုယ့်ကိုယ်ကို Overestimate လုပ်ထားတာလား။

Underestimate လုပ်ထားတာလား။

ဒါမှမဟုတ် ကိုယ်လေ့လာနေရတဲ့အရာနဲ့ ကိုယ့်ဘဝကြားမှာ Connection မရှိသေးတာလား။

ဆိုတာကို အရင်ပြန်ကြည့်ဖို့လိုတယ်။

အဲဒါကြောင့် ကျွန်တော်အတွက် အကောင်းဆုံးနည်းလမ်းက လေ့လာထားတာတွေကို Project အနေနဲ့ ပြန်စမ်းကြည့်တာဖြစ်လာတယ်။

Project လုပ်တဲ့အခါ မရဘူးဆိုရင် “ငါမတတ်ဘူး” လို့ မသတ်မှတ်ဘဲ “ဘယ်နေရာမှာ မရတာလဲ” ဆိုတာကို ပြန်ရှာတယ်။

SQL မရတာလား။

Data Cleaning မရတာလား။

Analysis မရတာလား။

Business Problem ကို နားမလည်တာလား။

Finding ကနေ Recommendation မဆက်နိုင်တာလား။

အဲဒီလိုနဲ့ Gap ကိုရှာပြီး တစ်ခုချင်းစီ ပြန်လေ့လာတယ်။

ဒါဆို Error က Failure မဟုတ်တော့ဘူး။

ကိုယ့်အတွက် Information ဖြစ်လာတယ်။

ကျွန်တော်တို့ Data တွေကို Analysis မလုပ်ခင်

တစ်ခါတလေ ကိုယ့်ကိုယ်ကို Analysis အရင်လုပ်ကြည့်ဖို့လိုပါတယ်။

16/08/2026

ကျွန်တော် Data Analysis စလုပ်ခါစတုန်းက SQL Query တစ်ခု Execute လို့ Error မတက်ဘူးဆိုရင် အဲဒီမှာပဲ ကျေနပ်ပြီး ရပ်လိုက်တတ်ပါတယ်။

“Query က Run လို့ရပြီဆို OK ပဲ” ဆိုပြီး ထွက်လာတဲ့ Data က ကိုယ်လိုချင်တဲ့ Business Result တကယ်ဟုတ်ရဲ့လားဆိုတာ မစစ်ဖြစ်ခဲ့တာများပါတယ်။

နောက်ပိုင်း Data Analysis လုပ်ရင်းနဲ့ နားလည်လာတာက Query Execute ဖြစ်တာနဲ့ Query မှန်တယ်လို့ မဆိုလိုပါဘူး။

Data က ဘာကြောင့် ဒီလိုထွက်လာတာလဲ၊ ကိုယ်မျှော်လင့်ထားတဲ့ Result နဲ့ ကိုက်ညီရဲ့လား၊ Edge Case တွေရှိလားဆိုတာပါ ပြန်စစ်ဖို့လိုပါတယ်။

တကယ်တော့ ဒီလိုမျိုးကို ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ သင်တန်းသားတွေကို သင်ရင်းနဲ့လည်း တွေ့ရပါတယ်။ Query Run လို့ရပြီဆို Result ကို သေချာမစစ်တော့တာမျိုး။

ဒါကြောင့် ဒီနေ့မနက် SQL လေ့လာရင်း NOT IN နဲ့ NULL ပတ်သက်တဲ့ Trap တစ်ခု ကို ပြန်စမ်းကြည့်ဖြစ်တာနဲ့ ဒီအကြောင်းကို sharing လုပ်ပေးချင်တာပါ။
ဥပမာ ဒီ Query ကိုကြည့်ပါ။

SELECT 2 NOT IN (1, NULL);

ဒီ Query ကိုကြည့်ပြီး Result ဘာထွက်မယ်လို့ထင်လဲ?

ဒီလို SQL ရဲ့ သေးသေးလေးထင်ရတဲ့ Logic တွေက Data Analyst Assessment တွေမှာလည်း အရေးကြီးသလို၊ Real Business Data ကို Analyze လုပ်တဲ့အခါမှာလည်း Result မှန်မမှန် စစ်တဲ့အလေ့အကျင့်က ပိုအရေးကြီးပါတယ်။

Query Run လို့ရပြီဆိုတာနဲ့ မရပ်လိုက်ပါနဲ့။ ဒီ Result က တကယ်မှန်ရဲ့လား? ဆိုတာကိုပါ ပြန်မေးကြည့်သင့်ပါတယ်။ ခုနေ့တော့ ဒီလောက်ပါပဲဗျ။ နောက်တစ်ပါတ် tutorial မှာပြန်တွေ့ပါမယ်။

Address

Đà Lạt

Alerts

Be the first to know and let us send you an email when AnalyticHub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share