08/24/2026
🎓 5 Things You Should Know About Student Life at Parami 🎓
Starting university is exciting, but it also comes with new experiences, challenges, and a lot of information to learn along the way. If you’re a new Parami student, here are 5 things you should know as you begin your journey:
1️⃣ Be ready for academic demands
You’ll encounter papers, assignments, reflections, and plenty of reading materials. Be prepared to engage deeply with ideas, manage your time, and develop academic writing skills.
2️⃣ Don’t be afraid to share your ideas
Parami classrooms are spaces for questions, discussions, and different perspectives. Share your thoughts, listen to others, and use conversations to develop your own arguments.
3️⃣ Learning happens beyond the classroom
Student clubs, projects, and experiential learning opportunities give you ways to explore your interests and apply what you learn. Take part in opportunities that help you connect your learning with the world around you.
4️⃣ You’ll learn with and from others
Your classmates bring different experiences, backgrounds, and perspectives from yours. Through conversations, discussions, and collaboration, you will learn from one another as well as you learn from your instructors.
5️⃣ Support is always available
Starting university comes with questions and challenges. The good news is you don’t have to figure everything out on your own. From academic advising, student services, technology support, wellbeing resources, to career development, different support resources are available to help you along the way.
Starting university is a learning experience in itself. Take your time, stay curious, connect with others, and make the most of your student life at Parami University.
—------------
[Burmese Text]
🎓 ပါရမီတက္ကသိုလ် ကျောင်းသားဘဝနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၅) ချက် 🎓
ပထမနှစ် ကျောင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်စတက်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းသလို အတွေ့အကြုံအသစ်တွေ၊ စိန်ခေါ်မှုတွေနဲ့ လေ့လာသင်ယူစရာအသစ်တွေလည်း အများကြီး ရှိလာမှာပါ။ ဒီနှစ်မှာ စတင်ပြီး ပါရမီတက္ကသိုလ်ကို တက်ရောက်ကြမယ့်သူတွေအတွက် ပါရမီ ကျောင်းသားဘဝကို စတင်ဖြတ်သန်းတဲ့အခါ သိထားသင့်တဲ့ အချက် (၅) ချက်ကို ဝေမျှပေးချင်ပါတယ်။
1️⃣ သင်ခန်းစာတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။
စာတမ်းဖတ်ရတာတွေ၊ အိမ်စာတွေ၊ ဖတ်ထားတဲ့စာတွေကို ကိုယ်တိုင် ပြန်လည်သုံးသပ်ရေးသားရတာတွေ အတွက် ဖတ်ရှုလေ့လာရတဲ့ စာတွေ အများကြီးရှိပါလိမ့်မယ်။ သင်ခန်းစာ အကြောင်းအရာတွေကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ဖို့၊ အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့နဲ့ ပညာရေးဆိုင်ရာ ရေးသားမှုစွမ်းရည်တွေ (academic writing) တိုးတက်လာဖို့ ကြိုတင်ပြင်ဆင်ထားပါ။
2️⃣ ကိုယ့်အတွေးအမြင်တွေကို မကြောက်မရွံ့ မျှဝေပါ။
ပါရမီ ရဲ့ စာသင်ခန်းတွေဟာ မေးခွန်းတွေမေးဖို့၊ ဆွေးနွေးဖို့နဲ့ အမြင်မတူတာတွေကို ဖလှယ်ဖို့ အခွင့်အရေးရှိတဲ့ နေရာတွေပါ။ ကိုယ့်အမြင်တွေကို ဝေဖန်ခံရမှာ မကြောက်ပါနဲ့၊ အားလုံးနဲ့ မျှဝေပါ၊ အခြားသူတွေရဲ့ အမြင်တွေကိုလည်း နားထောင်ပါ၊ ဆွေးနွေးမှုတွေကနေ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ အကြောင်းပြချက်တွေကို ပိုမိုတိုးတက်အောင် လေ့ကျင့်ပါ။
3️⃣ စာသင်ခန်းပြင်ပမှာလည်း သင်ယူမှုတွေ ရှိပါတယ်။
ကျောင်းသူကျောင်းသားအသင်းအဖွဲ့တွေ၊ ပရောဂျက်တွေနဲ့ လက်တွေ့အတွေ့အကြုံတွေက ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့အရာကို ရှာဖွေပြီး သင်ယူထားတာတွေကို လက်တွေ့အသုံးချနိုင်ဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကိုယ်သင်ယူထားတာတွေကို ကိုယ်နေထိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ ချိတ်ဆက်စဉ်းစားနိုင်စေမယ့် အခွင့်အရေးတွေ ရှိလာမှာမို့ လက်တွေ့ အပြည့်အဝ ပါဝင်အသုံးချပါ။
4️⃣ အခြားသူတွေနဲ့အတူ သင်ယူရင်း အခြားသူတွေဆီကလည်း သင်ယူပါ။
ကိုယ့်ရဲ့ အတန်းဖော်တွေဟာ မတူညီတဲ့ အတွေ့အကြုံတွေ၊ နောက်ခံအခြေအနေတွေနဲ့ အမြင်တွေကို ယူဆောင်လာကြမှာပါ။ အချင်းချင်း စကားပြောရင်း ဆွေးနွေရင်းကနေ ဆရာ၊ ဆရာမတွေဆီကသာမက အတန်းဖော်တွေဆီကပါ သင်ယူနိုင်မှာ ဖြစ်ပါတယ်။
5️⃣ လိုအပ်တဲ့ အထောက်အပံ့တွေ အမြဲရရှိနိုင်ပါတယ်။
တက္ကသိုလ်စတက်တဲ့အခါ မေးခွန်းတွေနဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် အရာအားလုံးကို ကိုယ်တစ်ယောက်တည်း ဖြေရှင်းဖို့ မလိုပါဘူး။ ပညာရေးဆိုင်ရာ အကြံဉာဏ်တွေ၊ ကျောင်းသားရေးရာဝန်ဆောင်မှု၊ နည်းပညာအထောက်အပံ့၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အကြံပေးချိတ်ဆက်ထောက်ပံ့ပေးမှုစတဲ့ အမျိုးမျိုးသော အထောက်အပံ့တွေကို ပါရမီတက္ကသိုလ်မှာ ရနိုင်ပါတယ်။
တက္ကသိုလ်တစ်ခုကို စတင်တက်ရောက်ရတာ သင်ယူမှုအတွေ့အကြုံတစ်ခုပဲမို့ အလျင်လိုစရာမလိုဘဲ ကိုယ့်အရှိန်နဲ့ကို လေ့လာသင်ယူရင်း ပါရမီကျောင်းသားဘဝကို အကောင်းဆုံး အသုံးချလိုက်ပါ။