Now or Never

Now or Never

Share

“Success is not the destination; it is the journey. Dream big, work hard, and make it happen! 💪✨”

Operating as usual

06/13/2024

❤️ "If you are not happy, make other people happy."
သင်မ​ပျော်ရင် တခြားသူ​​တွေကို ​ပျော်​အောင်လုပ်​ပေးလိုက်ပါ။

❤️ "မလွယ်တာ​​တွေ့ရင် ပိုခက်တဲ့ တခြားဘဝ​တွေကို ငဲ့ကြည့်ပါဦး"

❤️ Do what is right, not what is easy.
လွယ်တာကို မလုပ်နဲ့၊ မှန်တာကို လုပ်

ဒါ​တွေက​တော့ ဒီကာလအတွင်း ကျ​နော့်ရဲ့ စိတ်အဆင်မ​ပြေမှု​တွေကို ကိုင်တွယ်တဲ့ နည်းတချို့​၊ ကိုယ့်ကိုယ်ကိုယ် ပြန်သတိ​ပေးဖြစ်တဲ့ အ​တွေးတချို့ပေါ့။ စာဖတ်သူ​တွေကိုလည်း အဲဒီလို စိတ်မျိုးနဲ့ပဲ ဒီအ​ခြေအ​နေကို ဖြတ်သန်းကြ​စေချင်တယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်။ ရှင်သန်​အောင် ​နေမယ်။ စာနာစိတ် ထားမယ်။ ကိုယ့်မှာရှိတာ​တွေကို မျှ​ဝေမယ်။ ​နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိ​စေမယ်။

အခုလည်း ကရင်နီက O-1 ​ဆေးရုံအတွက် လိုအပ်တဲ့ ​ဆေးနဲ့ ​ဆေးပစ္စည်း​​တွေ ဝယ်ယူဖို့မှာ ဝိုင်းဝန်းကူညီကြရ​အောင်​နော်။

"ပ​ရောဂျက် ဇီဝက" တဲ့။ နာမည်နဲ့လိုက်​အောင်ပဲ ​မြေပြင်မှာ ပြည်သူ​ပေါင်းများစွာ အားထား​နေရတဲ့ ​ဆေးရုံက​လေး ဖြစ်ပါတယ်။ ဒါ​ကြောင့် တတ်စွမ်းသမျှ ပါဝင်​စေချင်ပါတယ်။

ထုံးစံအတိုင်း၊ ဆရာဖြိုးပို့စ်က​နေ ​တွေ့လို့​နော် ဆိုတာ​လေးလည်း ​ပြောခဲ့​ပေးပါဦး။ ကျ​​နော်လည်း ဝမ်းသာရတာ​ပေါ့။ ​မွေး​နေ့လက်​ဆောင်အဖြစ် မှတ်ယူလိုက်ပါ့မယ်။ ​ကျေးဇူးတင်ပါတယ်ခင်ဗျ။

၁၂.၆.၂၀၂၄

(အ​သေးစိတ်ကို ကွန်မန့်​မှာ ကြည့်​ပေး​ပါ)

#လွှမ်းခြုံကုသဖေးကူကြ
#ပရောဂျက်ဇီဝက

06/10/2024

မင်းကင်းမြို့မှ မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ ၂၈ ဦးအထိတိုးလာ
--------------
ယမန်နေ့က မင်းကင်းမြို့နယ်၊ မတောရွာမှ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် သေဆုံးသူအရေအတွက်သည် ၂၈ ဦးအထိ တိုးလာသည်။

ကနဦးသတင်းများအရ ၇ ဦးထက်မနည်း သေဆုံးကြောင်း ကယ်ဆယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခဲ့ပြီး ယနေ့နောက်ဆုံးရရှိသည့် စာရင်းများအရ သေဆုံးစာရင်း တိုးလာခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် ကလေးငယ် ၆ ဦးလည်း ပါဝင်ပြီး နောက်ထပ်ဒဏ်ရာရသူ ၅၄ ဦးထက်မနည်း ရှိခဲ့သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/52949/

ပုံစာ - မင်းကင်းမြို့နယ်၊ မတောရွာလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ - SRF)

#မင်းကင်း

06/10/2024

စစ်တွေ၊ ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို စစ်ကောင်စီနှင့်လက်အောက်ခံများက သတ်ဖြတ်မှု TNLA နှင့် MNDAA က အပြင်းအထန် ကန့်ကွက်ရှုတ်ချ

■ မြန်မာပြည်သူများကို အကာအကွယ်ပေးရန်နှင့် စစ်တပ်၏ စစ်ရာဇဝတ်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို တောင်းဆို

ရန်ကုန်၊ ဇွန် ၇

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၇၆ ဦးကို စစ်ကောင်စီနှင့်လက်အောက်ခံများက သတ်ဖြတ်မှု TNLAနှင့် MNDAA က အ ပြင်း အထန် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် တရားဝင် ထုတ်ပြန် ကြေ ညာ သည်။

မေလ ၂၉ ရက်နေ့ စစ်ကောင်စီတပ်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တချို့ ၊ စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်စလင် တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၁၇၀ ကျော်ရှိ စစ်ကြောင်းက စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာကို ၀ိုင်းရံပိတ်ဆို့ပြီး ကျေးရွာ ပြည်သူလူထုကို ဖမ်းဆီး ချုပ်နှောင်ထိန်းသိမ်း ခဲ့ကြောင်း၊ ယင်းနောက် ပြည်သူများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးတချို့ကို မုဒိမ်းကျင့်ခြင်း အပါအဝင် ပြည်သူ ၇၆ ဦးကို ရက် ရက်စက်စက်သတ်ဖြတ်ခြင်း၊ အလောင်းများ ဖျောက်ဖျက်ခြင်း၊ ကျေးရွာ ပြည်သူလူထု၏ ရွေငွေပစ္စည်းများကို လုယက်ခြင်း ၊ နေအိမ်များကို မီးရှို့ခြင်း ကဲ့သို့သော စစ်ရာဇဝတ်မှုကြီးများကို လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြကြောင်း၊ အဆိုပါ ကျူးလွန်မှုအပေါ် TNLA နှင့်MNDAA တို့က အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ၊ ထိုသို့သော ကျူးလွန်မှုမျိုးကို ရခိုင်ပြည်တွင်သာမက မြန်မာ တစ်နိုင်ငံလုံး အနှံ့ နောက်ထပ် မလုပ်ရန်၊ အမြန်ဆုံး ချက်ချင်း ရပ်တန့်ရန်၊ မြန်မာစစ်ကောင်စီကို သတိပေး ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၂ ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီသည် မြန်မာပြည် တစ်နံတစ်လျားတွင် စစ်ရှုံးနေသည့်အပြင် ဘက်ပေါင်းစုံတွင်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ဆက်တိုက် ကြုံလာရသဖြင့် အပြစ်မဲ့ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ပိုမို တိုက်ခိုက်လာကြောင်း၊ ထို့ကြောင့် မြန်မာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ရန်မှ ကင်းဝေးကြစေရန်အတွက် လေကြောင်းရန်နှင့် စစ်ရေး သတိရှိကြပါရန် တိုက်တွန်းလိုကြောင်း ညီနောင်မဟာမိတ် ၂ ဖွဲ့က သတိပေး တိုက်တွန်းသည်။

စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ကျူးလွန်သည့်လုပ်ရပ်များကို လက်ရဲဇက်ရဲ မကျူးလွန်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချခြင်း၊ ကျူးလွန်နေသည့် ဖြစ်ရပ်များကို ရယူတင်ပြခြင်းများ လုပ်ဆောင်ပေးကြရန် TNLA နှင့် MNDAA က တောင်းဆိုသည်။

စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေသည့် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကို အမြန်ဆုံး အရေးယူပေးရန်၊ မြန်မာပြည်သူများကို အကာအကွယ်ပေးရန်လည်း TNLA နှင့် MNDAA က ကုလ သမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းတောင်းဆိုသည်။

06/05/2024

AA 😍😘

စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန်ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ ညှဉ်းပန်း သတ်ဖြတ်ပြီး အမျိုးသမီးတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေမည်ဟု AA က ကြေညာ

ရန်ကုန်၊ ဇွန် ၃

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန် ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေတုန့်ပြန်မည်ဟု AA က ကြေညာလိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်များက ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူများကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်နှောင်ကာ နေပူလှန်း ခြင်း၊ အစာရေစာမကျွေးဘဲထားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများပြုလုပ်ပြီးနောက် အရပ်သားပြည်သူ ၅၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဇွန် ၂ ရက်နေ့ ထုတ် ပြန်သည်။

စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ တခြားသော တပ်ရင်းတချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တပ်ဖွဲ့ဝင်တချို့နှင့် စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်စလင်တပ်ဖွဲ့ဝင်များပါဝင်သည့် အင်အား ၁၇၀ ကျော်ရှိ စစ်ကြောင်း တစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာအား ဝိုင်းရံပိတ်ဆို့ဖြတ်ထောက်ပြီး ရွာအတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီး တစ်ယောက်မကျန် တစ်ရွာလုံးရှိ ပြည်သူများအားလုံးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဗျိုင်းဖြူရွာသူ၊ ရွာသားများကို လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာ မပေးဘဲထားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို တစ်ခုပြီးတစ်ခု ရက်စက်စွာပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးထားခံရသူများအနက် အရပ်သားပြည်သူ ၅၀ ကျော်ကို သတ်ဖြတ်ခြင်း၊ အမျိုး သမီးတချို့ကို မုဒိမ်းကျင့် အလောင်းဖျောက်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြကြောင်း၊ အဆိုပါ အတင်းအဓမ္မပြုကျင့်သတ်ဖြတ်ကာအလောင်းဖျောက်ဖျက်ခဲ့သည့် လုပ်ရပ်ကို စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက ကျူး လွန် ခဲ့ခြင်းဖြစ်ကြောင်း AA က ကြေညာသည်။

ထို့ပြင် လူဦးရေထောင်ချီခန့်ကို စစ်ကောင်စီက ဓားစားခံအဖြစ် ဖမ်းဆီးထားခြင်း၊ ဒေသခံများပိုင်ဆိုသည့် ရွှေ၊ ငွေ၊ ဖုန်း ၊ ဆိုင်ကယ်များကို အတင်းအဓမ္မလု ယူခြင်း၊ လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ရက်စက်ယုတ်မာသော စစ်ရာဇဝတ်မှုအကြီးစားတစ်ခုကို ထပ်မံကျူးလွန်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဤကဲ့သို့စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို ပြင်းထန်စွာ ရှုတ်ချချပြီး ၎င်းလုပ်ရပ်များကို ချက်ချင်း ရပ်တန့်ကရပ်ရန်နှင့် နောက်ထပ်အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးကြောင်း AA သတိပေးထားသည်။

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေး စေခိုင်းသူများနှင့် ညွန်ကြားချက်အား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သော သူများအားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဖြစ် ကြောင်း ၊ ပေါက်တောမြို့နယ်တွင် ယင်းကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်ထားသူများကို လက်စားချေခဲ့ပြီးဖြစ်ကြောင်း AA က ကြေညာထားသည်။

Photos from Khit Thit Media's post 06/05/2024

လူ့အမည်ခံတိရိစ္ဆာန်မိတ္ဆာဒိဌိတွေ 🖕🖕🖕

06/02/2024

05/28/2024

“Bloom where you are planted.” 🌸

05/25/2024



05/24/2024
05/22/2024

Want your school to be the top-listed School/college in Washington D.C.?

Click here to claim your Sponsored Listing.

Videos (show all)

Come & join me friends#Amazing#amazingvideo#FreeFire
#raptor#fighter
#beautifulchallenge #beautychallenge #beautiful #beauty #beautifuldestinations
#beautiful #beauty #beautychallenge
#Amazing #incredible #amazingvideo
#amazingvideo #Amazing
#typhoon#fighter#war
#f18#fighter
#Amazing#amazingvideo#Bomberos#fighter#warzone#war#Warning#Warriors
#amazingvideo#amazingview#amazingfacts

Location

Category

Address

Washington D.C., DC
Other Tutors/Teachers in Washington D.C. (show all)
Andy Bittner - Cathedral Docent Andy Bittner - Cathedral Docent
Washington D.C.

"There are many who practically live on Facebook and who might find living in the Cathedral with Andy a lovely place to be."-Lynn Ashe, Bedford, PA

Mac Ruth GMU Mac Ruth GMU
Washington D.C.

Mac Ruth Adjunct Instructor FAVS 333, George Mason University, College of Visual and Performing Arts

Antonio De La Cruz Antonio De La Cruz
Washington D.C.

Especialista en economía y petróleo🛢 Analista de tendencias 📰 Presidente de Inter American T

Mastering Political Russian Mastering Political Russian
Washington D.C.

Build your confidence by practicing with native speaking coach. I am here to assure your success and put you at ease when you take the exam, travel to Russia, talk with Russians online, or on the phone.

Masculinism Masculinism
Michigan Avenue NE
Washington D.C., 20017

For years we have sat back and let feminism reign. Here you can talk about life as a man, gym tips, food, travel advise, relationships and even financial stability. Mental health matters too. Be a man!

Hire for Online Class Hire for Online Class
United State
Washington D.C., 35004

"Learn more skills, and be more competitive"

The Perfect Score Tutoring The Perfect Score Tutoring
Washington D.C.

Our mission is to inspire lifelong learners who are fearless and confident in their science, technology, engineering, and math abilities. As independent academic thinkers you are able to approach new STEM questions with curiosity and perseverance.

Teach Me Tutors, LLC Teach Me Tutors, LLC
Washington D.C.

Being a step ahead is what Teach Me Tutors is all about. We seek to bridge the opportunity gap with

American University Quantitative Support Lab American University Quantitative Support Lab
Washington D.C.

The Quantitative Academic Support program provides drop-in and one-on-one tutoring to American University students in Mathematics, Statistics, Computer Science, and Physics. All tutoring is free! Check our website for a full schedule of our programs.

Dr. Juli and Friends Dr. Juli and Friends
4404 Puppet Place
Washington D.C.

A place for laughter, excitement and truth. Parties, Sunday School, History, Hilarious Fun!

Acad Helpers - Nightowlers' Academic Services Acad Helpers - Nightowlers' Academic Services
Washington D.C.

Quality and Budget-Friendly Academic Services produced by Nightowlers