07/04/2024
အားလုံးပဲ မင်္ဂလာပါ။
ဒီလို မနှုတ်ဆက်ရတာတောင် ကြာနေပါပြီ။ နောက်မှ Vlogလေးလုပ်ပြီး ဒီလို နှုတ်ဆက်ချင်ပါတယ်😊
ခိုင်အွန်လိုင်းပေါ်ကပျောက်နေတာ အပြင်မှာ အလုပ်ရှုပ်နေလို့ဖြစ်ပါတယ်။ အခုက life update လေးလာတင်တာပါရှင့်။
၃လစာ Englishစာ သင်တန်းနဲ့ UX UI သင်တနိးကို Batch 1 စတင်ဖွင့်လှစ်ခဲ့တာ မေလကပဲ သင်တန်းတွေ ပြီးသွားပါပြီ။ 🎉အပတ်စဉ် zoomနဲ့ video recording လုပ်ပြီးသင်ခဲ့တာကို အဲ့ဒီ့က သင်ခန်းစာလေးတွေကိုလည်း ပြန်ပြီး channelမှာ တင်မို့ စဉ်းစားနေပါတယ်။ 💭💭
မေလမှာပဲ ကျောင်းပြီးခဲ့ပြီး UX/UI lead designer အနေနဲ့ပဲ Texasက start up လုပ်ငန်းမှာ ဆက်လုပ်နေပါတယ်။ UX UI နဲ့ ပတ်သက်တဲ့ ဗီဒီယိုလုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။
ဒီဂျူလိုင်လမှာတော့ ဂျပန်မှာ ရှိနေမှာပါ 🇯🇵 ဂျပန်နိုင်ငံကတော့ ခိုင့်ရဲ့ သူငယ်ချငိး မိတ်ဆွေ ဆွေမျိုး အများကြီးနေတဲ့ နေရာမို့လို့ ဒုတိယအိမ်ပါပဲ။ ဂျပန်က မိတ်ဆွေ မောင်နှမများလည်း တွေ့ရင်း cultural exchange နဲ့ net working လုပ်ရင်း ဆုံသွားဖို့ အစီအစဉ်လေး လုပ်ထားပါတယ် ☺️🤗