Sarah English

Sarah English Hi! I’m Teacher Sarah, a certified English tutor focusing on speaking skills. I also create English tips online!

I teach 1-on-1 and group classes, hold TESOL/TEFL certificates, and am pursuing a Bachelor in Health Science and the Cambridge TKT.

08/29/2026

Sarah ရှေ့လ July လတည်းကစပြီးငါးပါးသီလ နေ့တိုင်းလုံဖြစ်အောင်ကြိုးစားနေတယ်လို့ပြောတာ မှတ်မိကြလားမသိဘူး။ အခု နှလပြည့်တော့မယ် ဟဲဟဲ။ အဲ့ဒါလာကြွားတာ။ အဲါနှလမှာမှ လက်ကယောင်ပြီးခြင်တခါဘတ်ခနဲ -တ်မိလိုက်တာတ၊ခါ၊ သူငယ်ချင်းအိမ်မှာညသွားအိပ်တော့ ဂျပိုးကိုက်ခံရလို့ သတ်မိလိုက်တာတခါကလွဲရင် ကျန်တဲ့ရက်တွေတောက်လျှောက်လုံခဲ့တယ်။ မုသာဝါဒက တရက်တော့မလုံခဲ့ဘူး။ သူငယ်ချင်းရီးစားရသွားတာကို ကိုယ်လည်းအားကျမခံရှိတယ်ဆိုပြီး လိမ်လိုက်မိပါတယ်။ နောက်တော့လိမ်မိတာကို ပြန်ဝန်ခံလိုက်ပေမဲ့ ကျိုးသွားတယ်ပဲယူဆလိုက်ပါတယ်။

နောက်တခုကဆံပင်ညှပ်ဆိုင်က အမကြီးကဆံပင်ကိုယ့်ဟာကိုယ် တိ ထားတာလားမေးတာကို ပါးစပ်ကအလွယ်ပဲ မတိထားတယ်ဖြေလိုက်မိပါတယ်။ သီလစောင့်ထားတယ်ဆိုတဲ့သတိရှိမနေတော့ ဘတ်ခနဲပြီးပြီရောဖြေလိုက်ရင် မုသားကပါပါနေတယ်။

အမေကလက်မလျှော့လိုက်နဲ့ တရက်မအောင်မြင်လည်းနောက်နေ့ ဆက်စောင့်လို့ပြောလို့ စောင့်လာတာဒီလောက်ကြာသွားပြီ။ အပေါ်ကပြောခဲ့တာတွေကလွဲရင် စောင့်တာကြာလာတော့ သီလကျိုးတာသိပ်မရှိတော့ဘူး။ လောလောဆယ်အထိပေါ့နော်။ မကျိုးအောင်လည်းအမြဲစစ်တယ်။ စိတ်ကဘယ်လောက်စွဲလဲဆိုရင် အိပ်မက်ထဲမှာတောင်စစ်နေတုန်း။ ဒီနေ့လည်းအိပ်မက်မက်တာ အိပ်မက်ထဲမှာလက်ကအကျင့်ပါပြီး ခြင်ရိုက်လိုက်မိတယ်တဲ့။ အဲ့မှာ ငါသီလတပါးကျိုးသွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေတာ။ နိုးလာမှ တော်သေးတယ် အိပ်မက်မို့။

ထူးထူးခြားခြား သီလမြဲနေအောင်စပြီးထိန်းတဲ့အချိန်ကနေလေ ဖျားတာ နာတာဆိုတာ။ အရေပြားရေယုန်တွေကော အစုံပဲ။ တခါမှတလလောက်ကြာအောင်နေမကောင်းမဖြစ်ဖူးဘူး။ ဒါပေမဲ့ ဪ ငါအရင်ကသူများအသက်ကို ဒုကွခပေးခဲ့တာတွေ အခုချိန်မှာကောင်းတာတွေလုပ်နေလို့ စောစောကြိုပြီးပေါ့ပေါ့လျော့လျော့ ခံရတာပါလားလို့တွေးလိုက်တယ်။

အခုတော့ကျန်းမာနေပါပြီ။ ဘာလို့စောင့်ဖြစ်တာလဲဆိုရင် ပထမရည်ရွယ်ချက်က Sarah တရားအားမထုတ်နိုင်ရင်‌ေတာင် ရုတ်တရတ်ဖြစ်ဖြစ် -သသွားခဲ့မယ်ဆိုရင် ဘယ့်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူးဆိုတဲ့ စိတ်နဲ့လိပ်ပြာလုံလုံ 6သပြီး အပယ်ပိတ်ချင်လို့ပါ။

နောက်တခုကတော့ သတ္တဝါတွေက ကိုယ့်အသက်၊ ကိုယ့်ပစ္စည်းကိုအရမ်းတန်ဖိုးထားတာ ကိုယ်အပါအဝင်။ ကိုယ်ချစ်တဲ့သူကို ဆုံးရူံးရမှာကြောက်တယ်၊ ကိုယ်ပိုင်ဆိုင်တာတွေနဲ့ခွဲရမှာကြောက်တယ်။ ရီစရာဖြစ်နေပေမဲ့ အင်းဆက်တွေခြင်တွေလည်း သူတို့ဘဝသူတို့ရှိမယ်ထင်တာပဲ။ တယောက်ယောက်ရဲ့ပစ္စည်းကိုသူများမသိအောင်သုံးမယ်ဆိုရင်လည်း အဲ့နေရာမှာ ကိုယ့်ပစ္စည်းကိုသူများက ကိုယ်မသိအောင်သုံးနေမယ်ဆိုရင် ကိုယ်ကြိုက်ပါ့မလား။ အဲ့လိုတွေ တွေးကြည့်ပြီး ပိုပြီးမကျိုးအောင်ထိန်းဖြစ်ပါတယ်။

သူတော်ကောင်းတွေလို တအားအဆင့်မြင့်တဲ့စိတ်တွေမထားနိုင်သေးပေမဲ့လည်း ဘာလုပ်လုပ်ငါးပါးသီလနဲ့ယှဉ်ပြီး ထိန်းဖြစ်နေပါတယ်။ ကြာလေကြာလေ ဒီထက်ပိုပြီးသီလစင်ကြယ်အောင်စောင့်သွားမှာပါ။ လောလောဆယ်ကတော့ ကိုယ့်ဟာကိုယ်လည်းအားမရသေးပါဘူး။

စိတ်ကနည်းနည်းလည်းအစွဲကြီးသွားလားမသိဘူး။ ဟိုတနေ့ကသန်ချဆေးသောက်တာတောင် သီလကျိုးသွားလားပြန်စစ်နေလို့ 🥲

Sarah 🍀
Aug 29, 2026

08/27/2026

စကားပြောတော့မယ်ဆို မဖြေခင်မှာအကြာကြီးစဉ်းစားနေတတ်လား? အခု Sarah ပြောမဲ့ဟာက English စာရတာမရတာနဲ့မဆိုင်ပါဘူး။ အရင်ဆုံး personality နဲ့ပြောကြည့်ရအောင်။ တချို့ကအပြင်မှာလည်းစကားနည်းတယ်။ တယောက်တည်းနေတာများတယ်။ ဒီလိုလူမျိုးဆိုရင် Speaking လေ့ကျင့်တဲ့ဟာ ကိုယ့်ဟာကိုယ်ထွင်ပြီးဖြေတတ်ဖို့ခက်ပါတယ်။ Perfectionist တွေနဲ့ အတွေးများတဲ့သူတွေလည်း ပြောစရာရှိတာမပြောပဲပြည့်စုံအောင်စဉ်းစားနေတာနဲ့တင် ပြောတဲ့ဆီကိုမရောက်တော့ပါဘူး။

အာလာပသလာပပြောနေကြသူ၊ စကားများတဲ့သူ၊ အတွေးမများပဲ ပါးစပ်ပဲအလုပ်လုပ်တဲ့သူ ဒီလိုလူတွေကြတော့ Speaking လေ့ကျင့်ရင်အဖြေကို make up လုပ်ဖို့ဆိုတာလွယ်ပါတယ်။

ပြီးရင်နောက်ထပ်လွယ်လွယ်ကူကူ ပြောမထွက်ရတဲ့အကြောင်းအရင်းက examiner ဖြစ်စေ၊ Speaking partner ကဖြစ်စေတခုခုမေးလိုက်ရင် ကိုယ့်နဲ့သက်ဆိုင်တဲ့အဖြေကိုပဲတန်းစဉ်းစားမိကြပါတယ်။ အဲ့တော့ကိုယ်ပြောချင်တဲ့ဟာက ကိုယ်မသုံးတတ်တဲ့စာလုံးတွေသုံးရမယ် ကိုယ့်မှာမရှိသေးတဲ့ resources တွေ pattern တွေသုံးပြီးပြောရမဲ့ဟာဆိုရင် အဲ့မှာတင်တွေးနေရတာနဲ့တစ်နေပါပြီ။

အဲ့အစားအဖြေကို common ဖြစ်တဲ့ဟာကိုရွေးပြီး ကိုယ်သိပြီးသားရပြီးသား knowledge တွေနဲ့လှည့်ပတ်ဖြေပေးရမှာပါ။ ဥပမာတဖက်ကမေးခွန်းက ပြတိုက်သွားခဲ့တဲ့အတွေ့အကြုံပဲထားပါတော့။ ပြတိုက်ကိုတကယ်တမ်း အပြင်မှာမသွားဖူးဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အဲ့တော့ နိုး လို့ဖြေမဲ့ နိုး ဖြေရင်တောင် ဘာကြောင့်မသွားဖူးရတယ် တခေါက်တော့သွားချင်တယ် စသဖြင့်ကျယ်ကျယ်ပြန့်ပြန့်ဖြေပေးရမှာပါ။

Test မှာဆိုရင်တော့ နိုး မဖြေပဲ relevant ဖြစ်တာဖြေမှပိုအဆင်ပြေပါတယ်။ အခုက Speaking လေ့ကျင့်ရင်းပြောမထွက်တဲ့သူတွေအတွက်ပြောပြတာပါ။ Introvert အလေ့အကျင့်ကြောင့်စကားနည်းရတာဆိုရင်တော့ လေ့ကျင့်ပြီးပြုပြင်လို့ရပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြေတာကို ဦးနှောက်မှာအကျင့်လုပ်ပေးလို့ရပါတယ်။

Sarah 🍀
Aug 27, 2026

08/26/2026

ဘယ်အချိန်ကြမှ fluent ဖြစ်မှာလဲ? ဒါကတယောက်နဲ့တယောက်မတူပါဘူး။ တချို့လူတွေကြတော့ communication လုပ်တဲ့အခါ တဖက်လူနားလည်အောင်ဆိုတဲ့စိတ်ပဲရှိတယ် ကြောက်စိတ်မရှိဘူး။ ကြောက်စိတ်မရှိတော့ သူတို့အတွက်က တပန်းသာတယ်။ ပြောရဲဆိုရဲကရှိပြီးသားဆိုတော့ စနစ်ကျအောင်လေ့ကျင့်ဖို့ပဲလိုတယ်။

တချို့ကြတော့ ဘာသာစကားကို communication tool တခုလိုမမြင်ပဲ စကားပြောမမှန်သေးပဲပြောရတာ ရှက်စရာ ကြောက်စရာလိုမြင်ကြတယ်။ အဲ့ဒါမျိုးဆိုရင်တော့ ကြောက်တဲ့စိတ်ကိုဖျောက်ပြီး ပြောရဲဆိုရဲရှိအောင်အရင်လုပ်ရမှာဆိုတော့ သူတို့ကပိုကြာတတ်တယ်။ ခန့်မှန်းချေတနှစ်လောက်မှ ပုံမှန် level လောက်ပဲပြောနိုင်ဦးမယ်။ ဘာလို့ဆို စကားပြောရတာကိုကြောက်စရာလို့မြင်နေတော့ ရှောင်နေမိမှာပဲ။ ရှောင်နေလေ ကြာလေ ဝေးလေပဲ။

ပြီးရင်နောက်တခုက ထိတွေ့မှု exposure နဲ့လည်းဆိုင်တယ်။ တချို့ယောကျာ်းလေးအများစုဆိုရင် သင်တန်းတတ်တာ၊ Speaking လေ့ကျင့်တာမလုပ်ဖူးဘူး။ ဒါပေမဲ့ထမင်းစားရေသောက်သေချာပြောနိုင်တာ စာရေးနိုင်တာတွေ့ဖူးတယ်။ သူတို့ပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့ သူတို့က English ဇာတ်ကားတွေအရမ်းကြည့်တယ်၊ ဂိမ်းတွေဆော့တယ်။ သူတို့ဆော့တဲ့ဂိမ်းမှာဆိုလည်း နိုင်ငံတကာက player တွေနဲ့ txt ဖြစ်စေ voice ဖြစ်စေ communicate လုပ်ကြတယ်။ ပြီးရင်ဂိမ်းမှာလည်း genshin တို့ တခြားအဲ့လိုဆင်တူတွေပေါ့နော် အဲ့ဂိမ်းတွေကလည်း storyline နဲ့လာတာ။

Storyline ဖတ်ရတယ်။ နားထောင်ရတယ်။ Sarah ကတော့ Genshin ပဲဆော့ဖူးလို့ အဲ့ဒါနဲ့ပဲဥပမာပြတာပါ။ ပြောချင်တဲ့ point ကတော့ သူတို့က exposure များနေတော့ Speaking လေ့ကျင့်မယ်ဆို တအားမကြာပါဘူး။ နေ့တိုင်းလည်းထိတွေ့မှုရှိနေတဲ့အတွက်ကြောင့်ပါ။ တချို့ဆို listening အရမ်းကောင်းတယ်။

အဲ့တော့ ငါဘယ်တော့ fluent ဖြစ်မလဲ၊ proficient ဖြစ်မလဲသိချင်ရင် ကိုယ်ဘာတွေလုပ်လဲ၊ ဘာစကားတွေပြောနေလဲ၊ ဘာတွေသိလဲ ဘာတွေစိတ်ဝင်စားလဲနဲ့ခန့်မှန်းကြည့်လို့ရပါတယ်။

Sarah 🍀
Aug 26, 2026

08/25/2026

Sarah အနေနဲ့ အဖော်မရှိပဲ Speaking လေ့ကျင့်ရမယ်ဆိုရင် ဒီလိုတွေလေ့ကျင့်ဖြစ်မှာပါ။ အကယ်၍ထားပါတော့ သိပ်မပြောနိုင်သေး confidence မရှိသေးဘူးဆိုရင်တော့

1) တနေ့ topic တပုဒ်လွယ်တာလေးတွေရွေးပြီး record လုပ်ထားပြီးလေ့ကျင့်မယ်။ နောက်ပိုင်းကြာလာရင်လည်း record လေးတွေပြန်ယှဉ်ပြီး တိုးတက်မှုကိုယှဉ်ကြည့်လို့ရတယ်။

2) လူနဲ့ပြောချင်ရင်တော့ episoden website သုံးပြီးပြောကြည့်မယ်။ အဲ့ website က Sarah တခါ recommend ပေးဖူးတယ်။ English Learners တွေသုံးတာဆိုတော့ စကားပြောအရမ်းကောင်းတဲ့သူတွေနဲ့ တွေ့ခဲတယ်။သူမသာကိုယ်မသာဆိုတော့ တအားလည်း confidence ရှိစရာမလိုဘူး။ တခါတလေတော့ English teacher တွေတွေ့တတ်တယ်။ Sarah တွေ့ဖူးတာကိုပြောပြတာ။ သူများတော့မသိဘူး။

3) Sarah အလုပ်မအားလို့အတန်းတွေနားထားတဲ့အခါတွေ၊ English လိုသိပ်မပြောဖြစ်တဲ့အခါတွေဆို Gemini တို့ chat gpt တို့နဲ့ပြောလိုက်တယ်။ သူတို့နဲ့ပြောတာလည်း effective ဖြစ်ပါတယ်တော်တော်လေး။

4) နည်းနည်းခက်တာလေးလုပ်ချင်ရင် describe the picture ကိုမှ နည်းနည်းခက်တဲ့ပုံလေးတွေ try ပြီးပြောကြည့်လို့ရတယ်။ Story telling topic တွေလေ့ကျင့်လို့ရတယ်။

5) ဒီထက်နည်းနည်းခက်ချင်သေးရင် Yt podcasts တွေ video တွေကြည့်ပြီး retell the story လုပ်လို့ရတယ်။

အခုပြောခဲ့သမျှ practice တွေက Sarah လုပ်ခဲ့တဲ့ဟာတွေနဲ့ လက်ရှိလုပ်နေတဲ့ဟာတွေပါ။ လက်ရှိကတော့ တခါတလေမှ Gemini, chat gpt နဲ့စကားပြောတာပဲရှိတယ်။ ပေါက်ကရလေးဆယ်အကုန်ပြောတယ်။

ပြီးတော့ လက်ရှိမှာ Sarah ဘန်ကောက်ရောက်နေတာပေါ့နော်။ ဒီကလူတွေက English လိုပြောလို့မရဘူး။ သူတို့နားမလည်တော့ language ကို grading လုပ်ပြီးပြောရတာ။ တအားကိုနိမ့်ချပြီးပြောရတော့ ကိုယ့်လက်ရှိ skill လည်းကျတယ်။ စင်ကာပူမှာနေတဲ့သူတွေဆိုသိမှာပါ။ တလုံးတည်းတိုပြတ်ပြတ်ပြောတဲ့ပတ်ဝန်းကျင်၊ broken ပြောမှနားလည်တဲ့ပတ်ဝန်းကျင်မှာနေတော့ ကိုယ်ပါအကျင့်ဖြစ်ကုန်ကော။

အဲ့ဒါအတွက်တော့အိမ်မှာတယောက်တည်းရှိတဲ့အခါ ai တွေနဲ့ပြောလို့ရပါတယ်။ အနည်းဆုံးတော့ drop သွားတဲ့ဟာတွေ cover ပြန်ဖြစ်တာပေါ့။

Sarah 🍀
Aug 26, 2026

08/25/2026

Sarah သာ English စာကိုအစကနေပြန်လေ့လာရမယ်ဆိုရင် အရင်ကလုပ်ခဲ့တဲ့လမ်းကြောင်းထက်စာရင် အချိန်တွေအများကြီးသက်သာခဲ့မယ်ထင်တယ်။

Step 1 အနေနဲ့ အကုန်လုံးနဲ့အများကြီးကို ဟိုဟာဒီဟာစသဖြင့် အရင်လိုစုပုံမလုပ်ပဲ basic ကိုအရင်သေချာလုပ်ဖြစ်မှာပါ။ Common vocab တွေ၊ Basic Grammar, Everyday expressions စသဖြင့်ပေါ့။ စာလုံးတွေကိုလည်း တရက်အလုံး 50 လောက်ကျက်တာမဟုတ်ပဲ အသုံးလိုမဲ့ 5 လုံးလောက်စီပဲလုပ်မှာပါ။ မမှတ်မိရင်တရက် 5 လုံးတောင်များနေသလိုပဲ။

Step 2 ကတော့ နားရည်ဝနေအောင် listening ကိုနေ့တိုင်းလိုလိုနားထောင်ဖြစ်မှာပါ။ နားထောင်တဲ့အခါလည်း စာလုပ်တဲ့ရည်ရွယ်ချက်အနေနဲ့မဟုတ်ပဲ ကိုယ်သဘောကျတာလေးတွေကိုနားထောင်ဖြစ်မှာပါ။ ဘာလို့လဲဆိုရင် text book English နဲ့ real life English နဲ့ကတော်တော်လေးကွာခြားတတ်လို့။ နားထောင်ရင်းနဲ့ သူတို့ဘယ်လိုအသံထွက်လဲ၊ ဘယ်လိုအသုံးအနူန်းတွေသုံးလဲစတာတွေပါသတိထားပြီး နားထောင်ဖြစ်ပါမယ်။

Step 3 အနေနဲ့က day 1 စာစလုပ်တည်းက Speaking ကျိန်းသေစပြောကြည့်ပါမယ်။ Grammar မှန်တဲ့အထိ စာလုံးအလုံအလောက်ရှိတဲ့ထိစောင့်မှာမဟုတ်ပါဘူး။ ရသလောက် သိသလောက် ရှိသလောက်နဲ့ရအောင်ပြောကြည့်မှာပါ။ နို့မို့ဆို စာနဲ့ အပြောကွဲသွားတော့ သပ်သပ်စီပြန်လုပ်ရတာအချိန်ပိုကုန်တယ်။ အစဆိုတော့ simple question လေးတွေ၊ daily expressions လေးတွေနဲ့ ကိုယ်တနေ့တာလုပ်သလောက်လေးတွေပြောကြည့်မယ်။ နေ့တိုင်း တစ်မိနစ်စာပြောပြီး record လုပ်ထားမယ်။

Step 4 အနေနဲ့ အကုန်လုံးကို detail translate လုပ်တာကိုရပ်လိုက်ပြီး အဲ့အစား chunks လေးတွေနဲ့လုပ်ပါတယ်။ အတွဲလိုက်လေးတွေလေ့လာတာမျိုးပေါ့နော်။ ဥပမာ decision ဆို တလုံးတည်းကျက်တာမဟုတ်ပဲ make a decision ဆုံးဖြတ်ချက်ချတယ်၊ interested ဆိုရင်လည်းအဲ့တလုံးတည်းမဟုတ်ပဲ I'm interested in....ဒီလိုမျိုးပါ။ အဲ့လိုလေ့လာတာက Speaking ကိုပိုမြန်မြန် improve ဖြစ်စေပြီး သဘာဝလည်းကျစေပါတယ်။

နောက်ဆုံး Step 5 မှာ Sarah သိထားသမျှတွေ သင်ထားသမျှတွေကို ပြန်သုံးတာလုပ်မှာပါ။ ဘယ်လောက်များများထပ်ထည့်နိုင်လဲ လေ့လာနိုင်လဲဆိုတာမျိုးမဟုတ်ပဲ သိပြီးသားကိုဘယ်လောက်သေချာကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်လဲဆိုတဲ့ဘက်ကိုပဲ ဦးစားပေးမှာပါ။ များများသင်ပြီး မသုံးနိုင်ပဲမေ့သွားလည်းအလကားပဲလေ။

စာလုံး 5000 လောက်သိပြီး တလုံးမှပါးစပ်ကပြောဖို့ confidence မရှိတာထက်စာရင် အသုံးဝင်တဲ့ 500 လောက်သိပြီး ယုံကြည်မှုရှိရှိပြောနိုင်တာကပိုကောင်းတယ်မလား။

အဲ့တော့ အတိုချုပ်ပြောရရင် Sarah ရဲ့ road map က

Learn - Listen - Speak - Make mistakes - Corrected - Repeat ပါ ✅

Not 🚫 🚫 🚫

Memorize - Memorize - Memorize - Forget မဟုတ်ပါ 😅

Sarah 🍀
Aug 25, 2026

08/24/2026

Edit ; လူပြည့်ပါပြီရှင်

Speaking Training Class (3) ယောက်တန်းက slot တစ်နေရာစာလွတ်ပါမယ်ရှင်။ တယောက် cancel ဖြစ်သွားလို့ပါ။

Sat, Sun - 7:00/8:00PM ✅✅✅

Speaking Class မို့ communicate လုပ်နိုင်မှအဆင်ပြေပါမယ်ရှင့်။ တအား fluent ဖြစ်စရာမလိုပါဘူးရှင်။ စကားပြောရမှာမို့ နည်းနည်းပါးပါးပြောနိုင်ရင်ရပါတယ်။

တပတ် (၂) ရက်၊ တရက် (၁)နာရီ၊ တလ (၄) ပတ်ပါ။

slot နေရာကတော့ fees လေးလက်ခံပြီးမှ confirm ဖြစ်ပါမယ်ရှင်

08/22/2026

English စာလုပ်နေပေမဲ့လည်း မတိုးတက်စေပဲနောက်ပြန်ဆွဲထားတဲ့အကျင့်တွေနဲ့ အတွေးအခေါ်တွေ။ Sarah ကတော့ video ထဲမှာ sharing လုပိပေးထားတဲ့အချက်တွေအကုန်ရှိခဲ့ပါတယ်။ တယောက်နဲ့တယောက်တူချင်မှတူပေမဲ့ အများစုကတော့ဒီတိုင်းပဲလို့ထင်ပါတယ်။

Sarah 🍀
Aug 22, 2026

08/19/2026

ငယ်ငယ်ကဆို တခုခုမှာခံလာလိုက်ရရင်တနုံ့နုံဖြစ်ရလွန်းလို့ စွာတဲ့သူတွေနဲ့ မခံတတ်တဲ့သူတွေကိုအရမ်းအားကျတာ။ အားကျတော့ ဘာကိစ္စဖြစ်ဖြစ်သူများ လုံးကြီးတင်တာမခံရအောင်နေခဲ့တယ်။ အခုအရွယ်ရောက်လာတော့ ဘဝကိုမြင်တဲ့ရှုထောင့်ကပြောင်းသွားတယ်။ လူတိုင်း ကိစ္စတိုင်းကို သူတို့လုပ်သလို ပြန်တုံ့ပြန်စရာမလိုဘူး။ လျစ်လှူရှူပြီးကိုယ့်လမ်းကိုယ်လျောက်လည်းအဆင်ပြေတယ်ဆိုတာပဲ။ မေတ္တာတရားရှိတဲ့သူတွေ၊ သည်းခံတတ်တဲ့သူတွေ၊ ဂရုဏာတရားရှိတဲ့သူတွေကို အရမ်းသဘောကျတယ်။ လေးလည်းလေးစားတယ်။ တချိနိကြရင်လည်းအဲ့လိုဖြစ်ချင်တယ်။

Sarah 🍀
Aug 19, 2026

08/18/2026

သူများတွေက ကျမ Speaking ပြောတာပဲမြင်တာ။ ကျမတလွဲတွေ လုပ်ခဲ့တာဘယ်သူမှမသိဘူး။ အသံထွက်အမှားကြီးတွေလည်း လူရှေ့သူရှေ့ထွက်လို့ထွက်၊ စာလုံးတွေလည်း ဘာသာပြန်မှား။ အိုး အများကြီးပဲ။ ရှက်စရာကောင်းတာတွေရော။ တခါတလေပြောသာပြောလိုက်တာ ဘာတွေပြောမိမှန်းမသိဘူး။ ခုထိလည်းတခါတလေအူကြောင်ကြောင်ဖြစ်တယ်။ အရင်လိုတော့မဆိုးတော့ဘူးပေါ့လေ 🥹

ပြောချင်တာက အမှားတွေရှိမှပြည့်စုံတာပါလို့။ ရှက်စရာကောင်းလည်းခဏပဲ။ အဲ့ကနေသင်ယူပြီးတော့မှ တဖြည်းဖြည်းတိုးတက်သွားပေါ့နော်။

08/18/2026

1 to 1 Class လေးတွေကလေ ဒီလတော့အကုန်အချိန်တွေကြပ်နေလို့ လောလောဆယ်လက်မခံသေးပါဘူးနော်။ 9 weeks study plan လေးအတွက်တော့ (၃) ယောက်လက်ခံပါမယ်ရှင့်။

Self intensive Study Plan မို့လို့စာလုပ်တာတော့ ကိုယ်တိုင်လုပ်ရမှာပါ။ လုပ်ဖို့အတွက်ကို တပတ်စာစီ ၉ ပတ် ပြင်ဆင်ပေးထားပြီး လုပ်ထားတာတွေကို Sarah စာပြန်စစ်ပေးမှာပါ။ Detail ကတော့ pin post လေးမှာသေချာရေးပေးထားပါတယ်ရှင်။ သေချာဖတ်ပြီးမှ join ပါ။ တော်ကြာကိုယ်လိုချင်တဲ့ပုံနဲ့မကိုက်မှာစိုးလို့။ pin post link လေးလည်း comment လေးမှာချပေးထားပါမယ်။

Sarah 🍀
Aug 18, 2026

Address

Union City, CA
94587

Alerts

Be the first to know and let us send you an email when Sarah English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sarah English:

Shortcuts

Share