OSS for US Dreamers

OSS for US Dreamers

Share

We are a group of Burmese currently pursuing a degree at the accredited universities in US.

We would like to assist yr dream of studying in the US to become a reality from our personal experience of finding universities until visa gets approved We are here with an affordable fee and an exceptional service to serve you to achieve your goal of further education like finding a suitable university, application procedures, accepting various universities, preparing a visa interview with a mock

03/24/2024

🇺🇸 Indianapolis ပြည်နယ် Terre Haute မြို့က ထိုင်းစားသောက်ဆိုင်မှာ Server position (စားပွဲထိုး) ခေါ်နေပါတယ် ။ အဲ့ဆိုင်မှာ မြန်မာတွေလည်း ရှိပါတယ် ။

🇺🇸 Cash job ပါ နေစားငြိမ်း

🇺🇸တရက် $100 ပေးမယ်လို့ ဆက်သွယ်လာပါတယ်

အလုပ်လိုနေတဲ့ ကိုယ့်မြန်မာကျောင်းသားတွေ အတွက် share ပေးလိုက်ပါတယ်

☎️ကိုယ်တိုင်ဖုန်းဆက်ကြည့်ပါနော် (812) 814-9299 🥰




03/23/2024

အမေရိကားရောက် မြန်မာကျောင်းသားများအတွက် Special Student Relief (SSR)

ဒီနေ့မှ US Department of Homeland Security ကနေ မြန်မာပြည်အတွက် TPS (Temporary Protected Status) နဲ့ SSR (Special student relief) အသသစ်ထပ်လျှောက်လို့ ရမယ်ဆိုလို့ ခု ဒီပို့စ်လေး တင်ပြီး ကျောင်းသားတွေ အထောက်အကူဖြစ်အောင် တင်ပေးလိုက်ပါတယ် ..

TPS ကတော့ ထွေထွေထူးထူး ပြောစရာမလိုပေမယ့် ကျောင်းသားတွေ အတွက် SSR က အထောက်အပံ့တခု ဖြစ်လို့ ခုလို မအားတဲ့ ကြားကနေ knowledge ရှဲပေးလိုက်တာပါ .

SSR (Special Student Relief) program က US မှာ F1 visa နဲ့ကျောင်းတတ်နေတဲ့ student တွေကို အမေရိကားမှာ Full time တရားဝင်အလုပ်လုပ် ခွင့်ပေးတဲ့အပြင် ပုံမှန် credit 12 unit ကို လျော့ပြီး ယူလို့ရတဲ့ ပရိုဂရမ်ဘဲဖြစ်ပါတယ်. ဘယ်လိုသူတွေ eligible ဖြစ်လဲဆိုတော့ 2024 March 21 ရက်နေ့ မတိုင်ခင် USA ကို F1 visa နဲ့ရောက်နေပြီးသားဖြစ်ရပါမယ် .

ဒီ program ကိုလျောက်တော့မယ်ဆိုရင် အဆင့်နှစ်ဆင့်ရှိပါတယ် ပထမအဆင့်က ကိုယ့်ကျောင်းကိုအရင်တင်ရမှာပါ ကျောင်းရဲ့ approved ရပြီးရင် နောက်တစ်ဆင့်က USCIS office ကိုပို့ပြီး လျောက်ရမှာဖြစ်ပါတယ် USCIS ကနေ approved ရပြီးရင်တော့ 5-10 ရက်အတွင်း မိမိနေတဲ့ အိမ်လိပ်စာကို EAD card ပို့ပေးမှာဖြစ်ပါတယ်

ဘယ်လိုလျောက်ရမလဲဆိုရင် ပထမဆုံး economic hardship လို့ခေါ်တဲ့ ကိုယ့်မိသားစုစီးပွါးရေး ဘာကြောင့် အခက်အခဲဖြစ်နေပါတယ် အဲ့အခက်အခဲကြောင့် ကိုယ်အမေရိကားမှာကျောင်းဆက်တတ်ဖို့ အဆင်မပြေဖြစ်နေပါတယ်ဆိုတဲ့ essay တစ်ပုဒ်ရေးပေးရမှာပါ ပြီးတော့ကိုယ်အဲ့ essay မှာရေးခဲ့တဲ့ အချက်အလက်အားလုံးရဲ့ evidence တွေကိုပါ ပူးတွဲတင်ပေးရမှာပါ
ကိုယ်ရေးခဲ့တဲ့ အကြောင်းအရာအကုန်လုံးကို at least one evidence တော့ရအောင်တင်ပေးရင်အကောင်းဆုံးပါ

အဲ့ဟာတွေရပြီဆိုရင် ကိုယ်တတ်နေတဲ့ ကျောင်းရဲ့ DSO နဲ့တွေ့ပြီး ကိုယ်ရေးခဲ့တာတွေရယ် evidence တွေရယ်ပြပြီး ကျောင်းရဲ့ approved အရင်ရယူရမှာပါ ကျောင်းက approved ဖြစါပြီးသွားရင် ကျောင်းက ဒီကျောင်းသားက SSR Program ကို eligible ဖြစ်ပါတယ်ဆိုပြီး mention ထားတဲ့ new I-20 ကို ထုတ်ပေးမှာပါ

ကျွန်တော့်ကျောင်းကတော့ New I-20 + letter from immigration advisor (DSO) ဆိုပြီး နှစ်ခုထုတ်ပေးပါတယ်

စာရွက်အချက်အလက် အားလုံးပြည့်စုံသွားပြီဆိုရင်တော့ ကာလာ passport photo နှစ်ခုနဲ့ i765 EAD category C3(iii) application fees $410 နဲ့အတူ USCIS ကိုလျောက်ရမှာပါ , ဘယ် USCIS office ကို တင်ရမလဲဆိုတာတော့ ကိုယ့်သက်ဆိုင်ရာကျောင်းက DSO ကိုမေးပါနော်

Estimate Processing time ကတော့ exactly one month ပါ
အားလုံးဘဲ Good Luck ပါ

အောက်က USCIS official page မှာလည်း ၀င်ဖတ်လို့ရပါတယ်
https://www.dhs.gov/news/2024/03/22/secretary-mayorkas-announces-extension-and-redesignation-burma-myanmar-temporary


Photos from OSS for US Dreamers's post 08/08/2023

ခုလေးတင် ဖွင့်ပေးလိုက်တဲ့ သံရုံး Appointments တွေ ယူပေးလိုက်ပါပြီ တချို့ Customer တွေရဲ့ info က DS160 က info နဲ့ match မဖြစ်လို့ မယူပေးလိုက်နိုင်တာ sorry ပါ

အားလုံး Good Luck ပါ

08/06/2023

လာမယ့် သြဂုတ်လ ၈ ရက် ေန့မှာ ဖွင့်ေပးမယ့် US visa appoinment များအတွက် OSS for US Dreamers မှတဆင့် appointment များ ရယူနိုင်ပါပြီ 🥰

အ ေသးစိတ် အချက်အလက်များအတွက် ေပ့ချ် မက်ဆင််ဂျာတဆင့် ဆက်သွယ် ေမးမြန်းနိုင်ပါပြီ 🤩

🇺🇸 Visa appointment service fees - 150,000 MMK

Kpay , Wave Pay , Zelle များဖြင့် လက်ခံေဆာင်ရွက် ေပးပါသည် 🙏






07/20/2023

ပီးခဲ့တဲ့ အင်္ဂါနေ့က တယောက်တော့ Student Visa approve သွားပါပြီ

သူကတော့ မာစတာ ကိုပါ စကောလား လေးပါ ရထားတော့ အောင်ဖို့ ရာခိုင်နှုန်းများတဲ့ သူပါ

မြန်မာပြည်မှာ computer နဲ့ကျောင်းပီးပီး ဒီမှာ Business Analytics ကို မာစတာ နဲ့ လာ join မှာပါ

အားလုံး ကံကောင်းကြပါစေ



02/23/2023

ကျွန်တော်တို့ဆီမှာ Service အပ်ထားတဲ့ Master ကျောင်းသားနဲ့ Highschool ကျောင်းသူလေးတို့ကတော့ June လ Appointment လေး ရသွားပါပြီ Student နဲ့ Visit Visa Serviceများကို စုံစမ်းဆောင်ရွက်ချင်ပါက ကျွန်တော်တို့ရဲ့ OSS for US Dreamers Page မှာ ဝန်ဆောင်မှုများ ပေးရန် အသင့်ရှိပါတယ် 🎉





02/16/2023

One of our clients just approved for US visit Visa
Congratulations 🎊🎈
Can’t wait to see you in US 🥰😍

ဒီနေ့ တယောက်တော့ US visit visa passed ဖြစ်သွားပါပြီ

Photos from OSS for US Dreamers's post 12/16/2022

ခုဆို ကျွန်တော်တို့ ဆီကနေ တဆင့် US visit visa တင်ကြတဲ့ clients တွေကို appointment ယူပေးတဲ့ ပုံလေး share ပေးတာပါ ။

ကျွန်တော်တို့ OSS for US Dreamers က Student visa အတွက်ရော visit visa အတွက်ပါ ၀န်ဆောင်မှုပေးလျှက်ရှိပါတယ်

ကျွန်တော်တို့ဆီမှာ visit visa service တင်ပေးမယ်ဆို ရင် ဘယ်လိုမျိုးတွေ လုပ်ပေး မှာလဲ ခနခန မေးကြပါတယ် ။

ကျွန်တော်တို့က ဘာတွေ လုပ်ပေးမှာလဲ

🚀 DS-160 တင်ပေးခြင်း ( DS-160 က ကိုယ့်ကို ဗီဇာပေး မပေး 70% လောက် ဆုံးဖြတ်တာမို့ သေချာ ဖြည့်ပေးဖို့ လိုပါတယ် )
🚀 Trip plan ဆွဲပေးခြင်း (Admin ကိုယ်တိုင် ပြည်နယ် ၇ ခုလောက် ရောက်ဖူးတာမို့ ပူစရာမလိုပါဘူး )
🚀 လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ လမ်းညွှန်ပေးခြင်း
🚀 အင်တာဗျူး appointment ယူပေးခြင်း
🚀 Flight ticker reservation ပြင်ဆင်ပေးခြင်း
🚀 အရေးကြီးဆုံးဖြစ်တဲ့ အင်တာဗျူးမှာ ဘယ်လိုမေးရင် ဘယ်လိုဖြေရမယ်ဆိုတာပါ လေ့ကျင့်ပေးပါမယ် ( Admin ကိုယ်တိုင် အမေရိကား ဉရောပ ဂျပန် အာရှဘက်အားလုံး ဗီဇာ ရခဲ့ဖူးသူမို့ သေချာ လေ့ကျင့်ပေးပါမယ်)

ဒီ့ထက် ပိုပြီး အသေးထပ်စိတ် သိချင်ရင်တော့ Page မက်ဆင်ဂျာကနေ တဆင့် ဆက်သွယ်ပေးပါနော် အားလုံးကို ကျေးဇူးတင်ပါတယ်

12/11/2022

ဗီဇာရဖို့ ပီဇာ ကပ်တဲ့ ကျနော်တို့ ကျောင်းသားထဲက တယောက် ဆန်ဖရန် ကို ရောက်ရှိလို့ လာပါပြီ

Student or Visit visa အတွက်ဆိုရင် OSS for US Dreamers ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ ။

12/01/2022

အားလုံးပဲ မင်္ဂလာပါ ....

December လ ၁၅ ရက်နေ့က စပြီး US visit visa တွေ စဖွင့်ပေးတော့မယ် ဆိုတော့ ကျွန်တော်တို့ OSS For US Dreamers Page ကနေ ပြီးတော့ USA Visit visa service ကို စပြီး ၀န်ဆောင်မှုပေးတော့ မှာ ဖြစ်ပါတယ် ။

ဗီဇာ လျှောက်တော့မယ်ဆိုရင် ၀န်ဆောင်မှုပေးတဲ့ သူကိုယ်တိုင်က USA ဗီဇာ ကိုရဖူးရဲ့လား သိချင်ကြမှာပေါ့ ။ ဘာလို့ဆိုတော့ အမေရိကန် ဗီဇာက ခက်တာကိုး လူတိုင်းမရနိုင်ကြဘူးလေ ။ ဒါပေမယ့် Admin ကိုယ်တိုင် 2020 new year တုန်းက အမေရိကားကို အလည်လာဖူးတာ ဆိုတော့ ဗီဇာကို ဘယ်လိုလျှောက်ရလဲ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာ ခရစေ့ တွင်းကျသိပါတယ် ။

ကျွန်တော်တို့ ဘာတွေလုပ်ပေးမှာလဲ ????

🇺🇸 DS-160 တင်ပေးခြင်း ( DS-160 က ကိုယ့်ကို ဗီဇာပေး မပေး 70% လောက် ဆုံးဖြတ်တာမို့ သေချာ ဖြည့်ပေးဖို့ လိုပါတယ် )

🇺🇸 Trip plan ဆွဲပေးခြင်း (Admin ကိုယ်တိုင် ပြည်နယ် ၇ ခုလောက် ရောက်ဖူးတာမို့ ပူစရာမလိုပါဘူး )

🇺🇸 လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ လမ်းညွှန်ပေးခြင်း

🇺🇸 အင်တာဗျူး appointment ယူပေးခြင်း

🇺🇸 Flight ticker reservation ပြင်ဆင်ပေးခြင်း

🇺🇸 အရေးကြီးဆုံးဖြစ်တဲ့ အင်တာဗျူးမှာ ဘယ်လိုမေးရင် ဘယ်လိုဖြေရမယ်ဆိုတာပါ လေ့ကျင့်ပေးပါမယ် ( Admin ကိုယ်တိုင် အမေရိကား ဉရောပ ဂျပန် အာရှဘက်အားလုံး ဗီဇာ ရခဲ့ဖူးသူမို့ သေချာ လေ့ကျင့်ပေးပါမယ်)

ဒီ့ထက် ပိုပြီး အသေးထပ်စိတ် သိချင်ရင်တော့ Page မက်ဆင်ဂျာကနေ တဆင့် ဆက်သွယ်ပေးပါနော် အားလုံးကို ကျေးဇူးတင်ပါတယ် .....

11/27/2022

အမေရိကားမှာ ကျောင်းတက်ဖို့ ကောလိပ်လျှောက်ရင် application process က လွယ်ပေမယ့် ယူနီတွေမှာ Bachelor Master လျှောက်ရင် ကျောင်းက ကိုယ့်ရဲ့ High school transcript or Uni transcript အမှတ်စာရင်း ကို တောင်းလေ့ ရှိပါတယ် ။

တောင်းတာတောင် ရိုးရိုးတောင်းတာ မဟုတ်ပဲ ကိုယ်တက်ခဲ့တဲ့ ကျောင်းကနေ တိုက်ရိုက် တောင်းလေ့ ရှိပါတယ် ။ ထုံးစံအတိုင်း မြန်မာပြည်က ကျောင်းတွေက အဲ့လို ကိုယ်တက်ချင်တဲ့ကျောင်းကို ပို့ပေးရိုး ထုံးစံ မရှိပါဘူး ။ အဲ့ခါကျ ခေါင်းစားသက်သာအောင် လုပ်လို့ရတဲ့ တခြားနည်းရှိပါတယ် ။

အဲ့ဒါကတော့ ကိုယ့်အမှတ်စာရင်းကို Evaluation လုပ်ပေးတဲ့ agency ကိုပို့ပီး evaluate လုပ် GPA တွက်ခိုင်းပြီး ကိုယ်တက်ချင်တဲ့ ကျောင်းကို ပို့ပေးခိုင်းတာ ဖြစ်ပါတယ် ။

Agency တွေ အများကြီး ရှိပေမယ့် NACES (the National Association of Credential Evaluation Services) အသိမှတ်ပြု Member ဖြစ်မှ ကိုယ့် transcript က official ဖြစ်ပါတယ် ။ ကျွန်တော်တုန်းက ဆိုရင်တော့ SDR Education Consultant နဲ့ လုပ်ခဲ့ပါတယ်။ သူ့မှာ အားသာချက်က ကိုယ့် docs တွေကို စာတိုက်ကနေ ပို့စရာ မလိုပဲ pdf တွေကို သူ့ online website မှာ upload လုပ်လိုက်ရုံပါပဲ ။ တခြား နာမည်ကြီးတဲ့ WES agency လည်းရှိပါတယ် ။ SDR နဲ့ကတော့ Service အပြည့်စုံကိုမှ $200 ၀န်းကျင်ပဲကျခဲ့ပါတယ်။ extra mail အနေနဲ့လိုချင်ရင်တော့ $10 ထပ်ပေးရပါတယ်။ လိုအပ်သလို Service များကို ထပ်ဆောင်းယူလို့ရပါတယ်။ အကျိူးကျေးဇူးကတော့ အချိန်ကုန် သက်သာပါတယ်။ 10 to 15 business day အတွင်း ကျောင်းကို ပို့ပေးပါတယ်။ ဒါ့အပြင် ကိုလုပ်ထားတဲ့ အမှတ်စာရင်းကလဲ နောက် ၅နှစ်အထိ record ရပါတယ်။ ကျောင်းထပ်လျှောက်လို့ လိုမယ်ဆိုရင်တော့ $10 ပေးလိုက်ယုံနဲ့ ထပ်ယူလို့ရပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ယောင်ဝါးမဖြစ်ပဲ ကျောင်းလျှောက်ရာမှာ အတော် အဆင်ပြေခဲ့ပါတယ်။

Knowledge sharing လုပ်ပေးတာပါ ။

11/20/2022

Congratulations . Thanks for using our service to continue your education journey in US . Can’t wait to pick you at SFO .

ဒီတယောက်ကို ကျောင်းလျှောက်ပေးတဲ့ process ကနေ visa ရတဲ့ အထိက ၃လ တောင် မကြာလိုက်ပါဘူး ။ ကျနော်တို့ ကိုယ်တိုင်က F1 နဲ့ ဖြတ်သန်း လာခဲ့သူတွေမို့ ဘယ်လို process run ရမလဲ application ဘယ်လိုတင်ရမလဲ I20 ကျတာနဲ့ SEVIS ကိုချက်ချင်းသွင်း ညတွင်းချင်း appointment ယူ interview ဖြေပုံဖြေနည်း လေ့ကျင့် ။ အင်တာဗျူးမှာ ဘယ်လိုဖြေရင် အောင်နိုင်တဲ့ ရာခိုင်နှုန်း များလဲဆိုတာ ကျနော်တို့ အသိဆုံးပါ ။

ကျနော်ကိုယ်တိုင် US ကို B1/B2 နဲ့ကော F1 နဲ့ကော လာဖူးတဲ့သူပါ ။

ခုဆို ဒီတယောက်ကို ရောက်တာနဲ့ လိုင်စင်ဖြေဖို့ မြန်မာပြည်တည်းက မထွက်ခင်တည်းက DMV စာအုပ်ပို့ပီး ကျက်ခိုင်းထားပါတယ် ။ ရောက်တာနဲ့ bank account ဖွင့် DMV သွား ရေးဖြေ အရင်ဖြေ ။

ကျနော်တို့က အေးဂျင့်လည်း မဟုတ်တော့ တက်နိုင်သလောက် ကူညီပေးပါတယ် ။

Messenger မှာ reply နောက်ကျရင် ခွင့်လွှတ်ပါ

Want your school to be the top-listed School/college in San Francisco?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Virginia Lane 1136
San Francisco, CA