Paragu Education

Paragu Education Empowering youth and adults through online English courses.

04/12/2026

နှစ်သစ်မှာ အားလုံးပဲ ကျန်းမာ၊ ချမ်းသာကြပါစေ။

04/07/2026

Let's Learn English 🤗

04/03/2026

Why? 🤔

03/28/2026
"သွဥ်ထူႏငီꩻဝင်ꩻ" ကိုစခဲ့တုန်းက 2020 COVID တုန်းကဗျ။ ကျောင်းတွေလည်းပိတ်ထားရတော့ တစ်နေ့တစ်နေ့ လိုင်းပဲသုံးဖြစ်နေခဲ့တယ်။ သူ...
03/27/2026

"သွဥ်ထူႏငီꩻဝင်ꩻ" ကိုစခဲ့တုန်းက 2020 COVID တုန်းကဗျ။ ကျောင်းတွေလည်းပိတ်ထားရတော့ တစ်နေ့တစ်နေ့ လိုင်းပဲသုံးဖြစ်နေခဲ့တယ်။ သူများတင်တဲ့ content တွေကိုကြည့်ရင်းနဲ့...တစ်နေ့တော့...."ကိုယ်ကော page တစ်ခုထောင်ပြီး ဘာလုပ်လို့ရမလဲ။ ကိုယ့်မှာဘာအရည်အချင်းရှိလဲ။ ဘာအားသာချက်ရှိလဲ။" ဆိုပြီး ကိုယ့်ကိုယ်ကိုမေးမိတယ်ဗျ။ 🤔

အဲ့လိုနဲ့ပဲ English ဘာသာစကားနဲ့ ရှိသလောက်၊ သိသလောက် အတွေ့အကြုံဗဟုသုတတွေကို ပအိုဝ်းလိုမျှဝေမယ်ဆိုပြီး "သွဥ်ထူႏငီꩻဝင်ꩻ" ကိုစဖြစ်သွားတယ်။ အားပေးကြတဲ့ပရိတ်သတ်တွေရဲ့တောင်းဆိုမှုကြောင့် English သင်တန်းတစ်ချို့လည်းဖွင့်ပေးနိုင်ခဲ့တယ်။ ထင်ထားတာထက် တင်တဲ့ content တွေ၊ ဖွင့်တဲ့သင်တန်းတွေကို တက်ရောက်အားပေးကြတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျ။ 🙏

အခု "သွဥ်ထူႏငီꩻဝင်ꩻ" ဆိုတဲ့အမှတ်တံဆိပ်က တစ်ခြားတိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားတွေအတွက် ခေါ်ရခက်တာရယ်၊ ရှေ့ဆက်တင်မယ့် content နဲ့ ဖွင့်မယ့်သင်တန်းတွေကို ပိုပြီးကျယ်ပြန့်စေချင်တာရယ်ကြောင့် "Paragu Education - ပါရဂူပညာရေး" ဆိုတဲ့ အမှတ်တံဆိပ်အသစ်ကိုပြောင်းလဲလိုက်ပါပီဗျ။ 🤗

အမှတ်တံဆိပ်ပြောင်းလဲလိုက်တယ်ဆိုပေမယ့် "လူငယ်တွေကို လုပ်ငန်းခွင်နဲ့ ပညာရေးမှာ အခွင့်အရေးတွေလက်လှမ်းမီနိုင်အောင် English သင်တန်းတွေ၊ အတွေ့အကြုံ၊ ဗဟုသုတမျှဝေတာတွေကနေတစ်ဆင့် ကူညီအားပေးမယ်" ဆိုတဲ့ ရည်ရွယ်ချက်ကတော့မပြောင်းလဲပါဘူးဗျ။ 🤗

🔶 ပါရဂူ (Paragu) ရဲ့အဓိပ္ပာယ်
******************************
အဘိဓာန်တွေမှာတော့ "ပါရဂူ" ဆိုတဲ့စကားလုံးဟာ ပါဠိဘာသာမှဆင်းသက်လာတာဖြစ်ပြီး "ဘာသာရပ်တစ်ခုခု၊ နယ်ပယ်တစ်ခုခုမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်သူ၊ တစ်ဖက်ကမ်းသို့ကူးခတ်နိုင်သူ" လို့အဓိပ္ပာယ်ရပါတယ်ဗျ။

လေးစားကြည်ညိုရတဲ့ဆရာတော်တစ်ပါးရဲ့ရှင်းပြချက်အရ "ပါရဂူ" ဟာ "တစ်ပါးသူကို ပိုကောင်းတဲ့၊ အလားအလာပိုရှိတဲ့တစ်ဖက်ကမ်းကိုရောက်အောင် ကူညီပံ့ပိုးပေးသူ" လို့လည်းအဓိပ္ပာယ်ရပါတယ်။ ဒီအဓိပ္ပာယ်ကြောင့်ပဲ "ပါရဂူ (Paragu)" ဆိုတဲ့နာမည်သစ်ကို ပေးဖြစ်တာပါဗျ။

အမှတ်တံဆိပ် (Logo) နဲ့ အရောင်ရဲ့အဓိပ္ပာယ်
******************************************
🔶 စိန်ပွင့်ပုံ (Diamond)- ခိုင်မာမှု၊ တည်ကြည်မှု

🌿 သပြေခက်အဝိုင်း (Laurel wreath) - အောင်မြင်မှု၊ ထူးချွန်မှု၊ ဂုဏ်သိက္ခာ

🔰 ဒိုင်းပုံ (Shield) - လုံခြုံပြီး အရည်အသွေးမြင့်တဲ့သင်ယူမှုရပ်ဝန်း

🅿️ အက္ခရာ "P"- နာမည်ကိုယ်စားပြု အစစကားလုံး

🛤️ လမ်း (Path) - ပညာသင်ယူခြင်းခရီးစဥ်

🚩 အလံငယ် (Flag) - အောင်မြင်မှုပန်းတိုင်

🟢 အစိမ်းရင့်ရောင် (Dark Green) - ပညာဗဟုသုတ တိုးပွားလာမှု၊ လေးနက်တည်ငြိမ်ပြီး ယုံကြည်အားကိုးထိုက်မှု

⚪ အဖြူရောင် (White) - သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးသားခြင်းနှင့် အသစ်တဖန်စတင်ခြင်း

"ပါရဂူ" ရဲ့ TikTok နဲ့ YouTube Channel
*************************************
TikTok: www.tiktok.com/

YouTube: https://youtube.com/

🙏 အခုချိန်ထိအားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျ။ 🙏

#ပါရဂူပညာရေး

#

ဒီည စ တော့တာမို့ ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗သင်တန်းအကြောင်းအသေးစိတ်သိနိုင...
03/07/2024

ဒီည စ တော့တာမို့
ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်
အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗

သင်တန်းအကြောင်းအသေးစိတ်သိနိုင်ရန် 👇
https://tinyurl.com/34pey3b4

အတန်းထဲမှာဆုံကြဖို့မျှော်လင့်ပါတယ် 🤗

(၄) နေရာသာကျန်တော့တာမို့ ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗သင်တန်းအကြောင်းအသေးစိ...
03/04/2024

(၄) နေရာသာကျန်တော့တာမို့
ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်
အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗

သင်တန်းအကြောင်းအသေးစိတ်သိနိုင်ရန် 👇
https://tinyurl.com/34pey3b4

အတန်းထဲမှာဆုံကြဖို့မျှော်လင့်ပါတယ် 🤗

🚨TTC က ဒီည စ တော့မယ်နော်။ နောက်မကျခင်လေးအမြန်စာရင်းသွင်းဖို့အကြံပြုပါတယ်။သင်တန်းအကြောင်းအသေးစိတ်နိုင်ရန်👇https://rb.gy/6...
03/03/2024

🚨TTC က ဒီည စ တော့မယ်နော်။

နောက်မကျခင်လေး
အမြန်စာရင်းသွင်းဖို့အကြံပြုပါတယ်။

သင်တန်းအကြောင်းအသေးစိတ်နိုင်ရန်👇
https://rb.gy/6g81sr

Hope to see you tonight 🤗

03/01/2024

Join our ThinkTalk Corner (TTC)!

For more information about the program,
please click on the link below! 👇
https://rb.gy/6g81sr

Hope to see you soon! 🤗

ပေါ့ပေါ့ပါးပါးနဲ့ စကားပြောလေ့ကျင့်ကြမယ်။ 🤗နောက်မကျခင်လေးအမြန်စာရင်းသွင်းဖို့အကြံပြုပါတယ်နော်။ သင်တန်းအကြောင်းအသေးစိတ်နို...
02/29/2024

ပေါ့ပေါ့ပါးပါးနဲ့ စကားပြောလေ့ကျင့်ကြမယ်။ 🤗

နောက်မကျခင်လေး
အမြန်စာရင်းသွင်းဖို့အကြံပြုပါတယ်နော်။

သင်တန်းအကြောင်းအသေးစိတ်နိုင်ရန်👇
https://rb.gy/6g81sr

Hope to see you 🤗

အခွင့်အလမ်းကောင်းတွေအတွက်English စွမ်းရည်တွေကိုမြှင့်တင်ကြရအောင်!ဒီအခြေခံ English (4) Skills အတန်းမှာတော့...✅ နေ့စဥ်ပြော...
02/23/2024

အခွင့်အလမ်းကောင်းတွေအတွက်
English စွမ်းရည်တွေကိုမြှင့်တင်ကြရအောင်!

ဒီအခြေခံ English (4) Skills အတန်းမှာတော့...

✅ နေ့စဥ်ပြောဆိုနေတဲ့အကြောင်းအရာတွေကိုအခြေခံထားပြီး English (4) Skills အပြင် အခြေခံ Grammar နဲ့ Vocabulary တွေကိုလည်း မျှမျှတတ သင်ယူလေ့ကျင့်သွားကြရပါမယ်။

✅ Native Speaker တွေရဲ့ Conversation တွေကို လေ့ကျင့်ခန်းတွေနဲ့တကွနားထောင်ပြုလုပ်ပြီး
နှစ်ယောက်တစ်တွဲပုံစံ၊ အဖွဲ့လိုက်ပုံစံတွေနဲ့လည်း
ပြောဆိုလေ့ကျင့်ကြရမှာဖြစ်လို့ မိမိရဲ့အသံထွက်နဲ့ လေယူလေသိမ်းတွေကိုလည်း လက်တွေ့ကျကျလေ့ကျင့်မြှင့်တင်ကြရပါမယ်။

✅ Facebook group ထဲမှာ ဗီဒီယိုတွေကိုကြည့်ပြီး တစ်ယောက်တည်းသင်ယူရမှာမျိုးမဟုတ်ဘဲ Zoom ကိုသုံးပြီး Face to Face သင်ယူလေ့ကျင့်သွားကြရပါမယ်။

✅ သင်ခန်းစာတစ်ခုပြီးတိုင်း ၎င်းနဲ့ဆက်စပ်တဲ့
အရေး၊ အဖတ်၊ ပြောဆိုမှုအိမ်စာတွေကို
အတန်းမရှိတဲ့ရက်တွေမှာပြုလုပ်ကြရပါမယ်။
ဆရာ/မဖက်မှ အိမ်စာများကိုစစ်ဆေးပေးပြီး
အားသာချက်၊ လိုအပ်ချက်များအပေါ်
အပြုသဘောဆောင်ဆောင် မှတ်ချက်ပေး၊
ပြင်ပေးသွားမို့ မိမိလိုအပ်ချက်တွေကနေလည်း
သင်ယူခွင့်ရပါမယ်။

✳️ သင်တန်းအချက်အလက်များ
*******************************
အချိန် − မြန်မာစံတော်ချိန် ည (၈း၀၀ − ၉း၃၀)
ရက် − အဂ်ါ၊ ကြာသပတေး၊ စနေ
သင်တန်းကာလ − (၅) ပတ်
သင်တန်းစမည့်ရက် − မတ်လ ၇ ရက်နေ့၊ ၂၀၂၄
သင်တန်းကြေး − မြန်မာငွေ (၄၅၀၀၀) ကျပ်

😍 အရင်ဦးဆုံးသင်တန်းအပ်သည့် သင်တန်းသူ/သားသစ် (၅) ဦးအတွက် သင်တန်းကြေး (၄၀၀၀၀) ကျပ်သာကျသင့်ပါတယ်နော်။

🤩 စိတ်ဝင်စားလို့သင်တန်းတက်ရောက်ချင်တယ်ဆိုရင်တော့

- အမည်
- ဖုန်းနံပါတ်
- Facebook အကောင့်
− Elementary တို့ကို

သင်တန်းရဲ့ Page Messenger မှရေးပို့ပြီး
သင်တန်းအပ်နိုင်ပါတယ်။

🤗 အခြားမေးခွန်းများရှိရင်လည်း
လွတ်လပ်စွာဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ 🙏

👩‍🏫 သင်ကြားပေးမည့်သူ
***********************
နန်းခင်ထွေးနိုင်
**************
အမေရိကန်အစိုးရအဖွဲ့ရုံးမှပံ့ပိုးစီစဥ်ပေးခဲ့သော YSEALI Academic Fellowship, Fall of 2023 တွင် ပညာတော်သင်တစ်ယောက်အနေဖြင့် အမေရိကန်နိုင်ငံရှိ Portland State University ၌ တက်ရောက်ပါဝင်ခဲ့သည်။ Thabyay Education Foundation မှဦးစီးဖွင့်လှစ်သည့် Community Leadership and Research Institute (CLRI) မှ Research Diploma in Community Leadership ကိုရရှိထားသည်။ နောင်တောင်းဗုဒ္ဓကောလိပ်မှ Diploma in Social Development ကိုလည်းရရှိထားသည်။ လူငယ်များကို English၊ Social Sciences၊ Sustainable Development ဘာသာရပ်များသင်ကြားပေးခြင်း အတွေ့အကြုံ (၃) နှစ်ရှိထားသည်။

Address

San Francisco, CA

Website

Alerts

Be the first to know and let us send you an email when Paragu Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Paragu Education:

Shortcuts

Share