Paragu Education

Directions Contact the school

Paragu Education Empowering youth and adults through online English courses.

08/19/2026

"Learn English: How to Introduce Yourself" 🤗


07/23/2026

သွဥ်ထူႏရီးဗာႏ Speaking နဲ့ Grammar နဲ့ 🤔

04/12/2026

နှစ်သစ်မှာ အားလုံးပဲ ကျန်းမာ၊ ချမ်းသာကြပါစေ။

04/07/2026

Let's Learn English 🤗

04/03/2026

Why? 🤔

03/28/2026
"သွဥ်ထူႏငီꩻဝင်ꩻ" ကိုစခဲ့တုန်းက 2020 COVID တုန်းကဗျ။ ကျောင်းတွေလည်းပိတ်ထားရတော့ တစ်နေ့တစ်နေ့ လိုင်းပဲသုံးဖြစ်နေခဲ့တယ်။ သူ...
03/27/2026

"သွဥ်ထူႏငီꩻဝင်ꩻ" ကိုစခဲ့တုန်းက 2020 COVID တုန်းကဗျ။ ကျောင်းတွေလည်းပိတ်ထားရတော့ တစ်နေ့တစ်နေ့ လိုင်းပဲသုံးဖြစ်နေခဲ့တယ်။ သူများတင်တဲ့ content တွေကိုကြည့်ရင်းနဲ့...တစ်နေ့တော့...."ကိုယ်ကော page တစ်ခုထောင်ပြီး ဘာလုပ်လို့ရမလဲ။ ကိုယ့်မှာဘာအရည်အချင်းရှိလဲ။ ဘာအားသာချက်ရှိလဲ။" ဆိုပြီး ကိုယ့်ကိုယ်ကိုမေးမိတယ်ဗျ။ 🤔

အဲ့လိုနဲ့ပဲ English ဘာသာစကားနဲ့ ရှိသလောက်၊ သိသလောက် အတွေ့အကြုံဗဟုသုတတွေကို ပအိုဝ်းလိုမျှဝေမယ်ဆိုပြီး "သွဥ်ထူႏငီꩻဝင်ꩻ" ကိုစဖြစ်သွားတယ်။ အားပေးကြတဲ့ပရိတ်သတ်တွေရဲ့တောင်းဆိုမှုကြောင့် English သင်တန်းတစ်ချို့လည်းဖွင့်ပေးနိုင်ခဲ့တယ်။ ထင်ထားတာထက် တင်တဲ့ content တွေ၊ ဖွင့်တဲ့သင်တန်းတွေကို တက်ရောက်အားပေးကြတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျ။ 🙏

အခု "သွဥ်ထူႏငီꩻဝင်ꩻ" ဆိုတဲ့အမှတ်တံဆိပ်က တစ်ခြားတိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားတွေအတွက် ခေါ်ရခက်တာရယ်၊ ရှေ့ဆက်တင်မယ့် content နဲ့ ဖွင့်မယ့်သင်တန်းတွေကို ပိုပြီးကျယ်ပြန့်စေချင်တာရယ်ကြောင့် "Paragu Education - ပါရဂူပညာရေး" ဆိုတဲ့ အမှတ်တံဆိပ်အသစ်ကိုပြောင်းလဲလိုက်ပါပီဗျ။ 🤗

အမှတ်တံဆိပ်ပြောင်းလဲလိုက်တယ်ဆိုပေမယ့် "လူငယ်တွေကို လုပ်ငန်းခွင်နဲ့ ပညာရေးမှာ အခွင့်အရေးတွေလက်လှမ်းမီနိုင်အောင် English သင်တန်းတွေ၊ အတွေ့အကြုံ၊ ဗဟုသုတမျှဝေတာတွေကနေတစ်ဆင့် ကူညီအားပေးမယ်" ဆိုတဲ့ ရည်ရွယ်ချက်ကတော့မပြောင်းလဲပါဘူးဗျ။ 🤗

🔶 ပါရဂူ (Paragu) ရဲ့အဓိပ္ပာယ်
******************************
အဘိဓာန်တွေမှာတော့ "ပါရဂူ" ဆိုတဲ့စကားလုံးဟာ ပါဠိဘာသာမှဆင်းသက်လာတာဖြစ်ပြီး "ဘာသာရပ်တစ်ခုခု၊ နယ်ပယ်တစ်ခုခုမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်သူ၊ တစ်ဖက်ကမ်းသို့ကူးခတ်နိုင်သူ" လို့အဓိပ္ပာယ်ရပါတယ်ဗျ။

လေးစားကြည်ညိုရတဲ့ဆရာတော်တစ်ပါးရဲ့ရှင်းပြချက်အရ "ပါရဂူ" ဟာ "တစ်ပါးသူကို ပိုကောင်းတဲ့၊ အလားအလာပိုရှိတဲ့တစ်ဖက်ကမ်းကိုရောက်အောင် ကူညီပံ့ပိုးပေးသူ" လို့လည်းအဓိပ္ပာယ်ရပါတယ်။ ဒီအဓိပ္ပာယ်ကြောင့်ပဲ "ပါရဂူ (Paragu)" ဆိုတဲ့နာမည်သစ်ကို ပေးဖြစ်တာပါဗျ။

အမှတ်တံဆိပ် (Logo) နဲ့ အရောင်ရဲ့အဓိပ္ပာယ်
******************************************
🔶 စိန်ပွင့်ပုံ (Diamond)- ခိုင်မာမှု၊ တည်ကြည်မှု

🌿 သပြေခက်အဝိုင်း (Laurel wreath) - အောင်မြင်မှု၊ ထူးချွန်မှု၊ ဂုဏ်သိက္ခာ

🔰 ဒိုင်းပုံ (Shield) - လုံခြုံပြီး အရည်အသွေးမြင့်တဲ့သင်ယူမှုရပ်ဝန်း

🅿️ အက္ခရာ "P"- နာမည်ကိုယ်စားပြု အစစကားလုံး

🛤️ လမ်း (Path) - ပညာသင်ယူခြင်းခရီးစဥ်

🚩 အလံငယ် (Flag) - အောင်မြင်မှုပန်းတိုင်

🟢 အစိမ်းရင့်ရောင် (Dark Green) - ပညာဗဟုသုတ တိုးပွားလာမှု၊ လေးနက်တည်ငြိမ်ပြီး ယုံကြည်အားကိုးထိုက်မှု

⚪ အဖြူရောင် (White) - သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးသားခြင်းနှင့် အသစ်တဖန်စတင်ခြင်း

"ပါရဂူ" ရဲ့ TikTok နဲ့ YouTube Channel
*************************************
TikTok: www.tiktok.com/

YouTube: https://youtube.com/

🙏 အခုချိန်ထိအားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျ။ 🙏

#ပါရဂူပညာရေး

#

ဒီည စ တော့တာမို့ ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗သင်တန်းအကြောင်းအသေးစိတ်သိနိုင...
03/07/2024

ဒီည စ တော့တာမို့
ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်
အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗

သင်တန်းအကြောင်းအသေးစိတ်သိနိုင်ရန် 👇
https://tinyurl.com/34pey3b4

အတန်းထဲမှာဆုံကြဖို့မျှော်လင့်ပါတယ် 🤗

(၄) နေရာသာကျန်တော့တာမို့ ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗သင်တန်းအကြောင်းအသေးစိ...
03/04/2024

(၄) နေရာသာကျန်တော့တာမို့
ပါဝင်တက်ရောက်ဖို့စိတ်ဝင်စားရင်
အမြန်ဆုံးသင်တန်းအပ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗

သင်တန်းအကြောင်းအသေးစိတ်သိနိုင်ရန် 👇
https://tinyurl.com/34pey3b4

အတန်းထဲမှာဆုံကြဖို့မျှော်လင့်ပါတယ် 🤗

🚨TTC က ဒီည စ တော့မယ်နော်။ နောက်မကျခင်လေးအမြန်စာရင်းသွင်းဖို့အကြံပြုပါတယ်။သင်တန်းအကြောင်းအသေးစိတ်နိုင်ရန်👇https://rb.gy/6...
03/03/2024

🚨TTC က ဒီည စ တော့မယ်နော်။

နောက်မကျခင်လေး
အမြန်စာရင်းသွင်းဖို့အကြံပြုပါတယ်။

သင်တန်းအကြောင်းအသေးစိတ်နိုင်ရန်👇
https://rb.gy/6g81sr

Hope to see you tonight 🤗

Address

San Francisco, CA

Website

Alerts

Be the first to know and let us send you an email when Paragu Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Paragu Education:

Shortcuts

Share