08/07/2023
"F1 Visa Interview Appointment ဘယ်လိုယူရမလဲ"
မနက်ဖြန် ၈ ရက်နေ့ နေ့လည် ၁ နာရီခွဲမှာ December နဲ့ January လအတွက် appointment date တွေပွင့်တော့မယ်ဆိုတာ သိပြီးသားဖြစ်မှာပါ
Page မှာ appointment ယူပေးလားဆိုပြီး လာမေးကြလို့ အစ်မတို့ဆီမှာတော့ ဒီလို service လေး မရှိသေးပါဘူးဆိုတာလေး ပြောရင်း ကိုယ်တိုင် appointment ဘယ်လိုယူရမလဲဆိုတာ ပြောပြပေးချင်ပါတယ်
Appointment ရယူဖို့ အသုံးမပြုရသေးတဲ့ DS-160 confirm number 10 လုံး အဆင်သင့်ရှိထားဖို့လိုမယ်နော် ...
https://evisaforms.state.gov/Instructions/SchedulingSystem.asp
📌 ဒီ link ထဲကိုဝင်ပြီး "Select a Country" နေရာမှာ "Burma"/ "City" ကိုတော့ "Rangoon" ရွေးပေးပြီး "Submit" နှိပ်ပေးပါ
📌 Schedule an appointment box မှာ မြင်ရတဲ့ စာလုံးလေးတွေ ရိုက်ထည့်ပြီး "Submit" နှိပ်ပါ
📌 Barcode Number မှာ DS-160 Confirmation number 10 လုံးထည့်ပြီး "Schedule Appointment" ကို နှိပ်ပါ
ဒါဆိုရင်တော့ လွတ်တဲ့အချိန်တွေ့တာနဲ့ information ဖြည့်ပြီး appointment ရယူနိုင်ပါပြီ
မနက်ဖြန်မှာ F1 Student တွေသာမက Visit Visa တွေအတွက်ပါ appointment ယူဖို့စောင့်နေကြမှာဖြစ်တာကြောင့် လက်မနှေးကြဖို့လည်း လိုအပ်ပါတယ်
ကျောင်းသားတွေကို တစ်ခု အကြံပေးချင်တာက Appointment Date တွေဟာ သံရုံးကပဲ ကြပ်မတ်တာဖြစ်ပါတယ်
ကြားမှာ cancel တဲ့သူရှိလို့ ထပ်ပွင့်ကောင်းပွင့်နိုင်ပေမဲ့ ဘယ်သူမှ အာမခံပြီး ရအောင်လုပ်ပေးလို့မရပါဘူး ... အကုန်လုံးက အချိန်ပေးပြီးပဲ လွတ်တဲ့အချိန်ကို စောင့်ယူရတာဖြစ်တာကြောင့် (ကိုယ်က စောင့်ယူဖို့အချိန်မပေးနိုင်တာကလွဲလို့) မလိုအပ်တဲ့နေရာတွေမှာ ငွေကုန်ကြေးကျမများစေချင်တာကြောင့် မျှဝေပေးလိုက်ရပါတယ်
▪️▪️▪️
USA အခြေစိုက် "Study in The USA" မှာဆိုရင် ...
📌 ကျောင်းသားလူငယ်တွေ သိလိုသမျှမေးခွန်းတွေကို ကူညီဖြေဆိုပြီး အကြံဉာဏ်တွေပေးသွားမယ့် "Face to Face Consulting Section"
📌 တစ်ဦးတစ်ယောက်ချင်းစီနဲ့ ကိုက်ညီမယ့် College/ University တွေကို ရွေးချယ်ပေးကာ i20 ရသည်အထိတာဝန်ယူပေးမယ့် "Application Service"
📌 F1 Visa အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စိစစ်ဖြည့်စွက်ကာ Interview အတွက် အမေးအဖြေတွေကို လေ့ကျင့်ပေးမယ့် "Visa Service"
📌 ဒါ့အပြင် ထပ်ဆောင်းအနေနဲ့ Notary ပြန်ဆိုတဲ့ဝန်ဆောင်မှုတွေကိုပါ တစ်နေရာတည်းမှာ ရရှိနိုင်မှာပဲဖြစ်ပါတယ်
စိတ်ပါဝင်စားလို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင် Page Messager မှာဖြစ်စေ ဖော်ပြပါ Telegram Number, Email Address တို့ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ရှင့် 🤗
📞 +1 (801) 638-4494 (Telegram)
📧 [email protected]
08/01/2023
Collaboration with LingoBridge
ကျောင်းလျှောက်ရာမှာလိုအပ်တဲ့ English Proficiency Test အတွက် Duolingo တန်းခွဲတွေတက်ရောက်ပြီး All in One Service အပြင် Promotion အစီအစဉ်တွေပါ ရယူနိုင်ပါပြီ 🎉
"၂ နှစ်ပြည့်အထိမ်းအမှတ် - 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 Study in The USA "
Duolingo တန်းခွဲတွေတက်ပြီး USA မှာ ကျောင်းတက်ကြမယ်❗
August 1st, 2021 မှ စတင်လျှောက်လှမ်းလာခဲ့တဲ့ LingoBridge ရဲ့ ခရီးစဉ်ဟာ ဒီနေ့မှာတော့ ၂ နှစ်ဆိုတဲ့ ကာလကို ပြည့်ခဲ့ပါပြီ 🎉
LingoBridge ရဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ USA မှာကျောင်းတက်ဖို့ Duolingo ပြင်ဆင်နေတဲ့ Learners တို့အတွက် Consulting, Application Service တွေကိုပါ All in One ဝန်ဆောင်မှုပေးနိုင်ဖို့ Study in the USA နဲ့ လက်တွဲလိုက်ပြီပဲဖြစ်ပါတယ်❗
All in One Service မှာ ဘာတွေပါဝင်မှာလဲ?
🇺🇸 Duolingo Preparation or Intensive Classes
🇺🇸 Consulting Service
🇺🇸 Application Service အပြင်
🇺🇸 Notary ပြန်တဲ့ ဝန်ဆောင်မှုတွေကိုပါ တစ်နေရာထဲမှာ ရယူနိုင်ပါပြီ
ဒါ့အပြင် Promotion အနေနဲ့ August လ တစ်လလုံးအတွက် All in One Service ရယူသူတိုင်းကို မိနစ် ၃၀ စာConsulting Service ကိုပါ အခမဲ့ ပေးသွားဦးမှာပဲဖြစ်ပါတယ်
LingoBridge ရဲ့ အရည်အချင်းပြည့်ဝတဲ့ Instructor တွေနဲ့အတူ လက်ရှိ USA မှာ Business Degress ကို တက်ရောက်နေပြီး LingoBridge ရဲ့ Former Instructor တစ်ယောက်လည်းဖြစ်တဲ့ consultant နဲ့အတူ ပူးပေါင်းကာ အကောင်းမွန်ဆုံးနဲ့ စိတ်အချရဆုံးဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်တာကြောင့် အသေးစိတ်အချက်အလက်အတွက် Page Messenger မှာ အခုပဲ လာရောက်စုံစမ်းလိုက်တော့နော် 🤗
◾◾◾
LingoBridge မှာဆိုရင် Online Class (Zoom)ဖြင့် Learners တို့အတွက် Flexibly and Effectively တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်
☎️ 09960622839
07/25/2023
USA မှာကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ရမလဲ❗
Admin တို့ကို Page မှာလာလာမေးကြတယ် ... US မှာ ကျောင်းတက်ဖို့ ဘာလိုလဲတဲ့
ဒီတော့ ကျောင်းသွားတက်ဖို့ဆိုရင် ကျောင်းလျှောက်ရမယ်ပေါ့လေ (Just Kidding 😶🌫️)
ဒီနေ့မှာတော့ US မှာကျောင်းတက်ချင်တယ် ဘယ်ကဘယ်လိုစ,လုပ်ရမှန်းမသိတဲ့သူတွေအတွက် General Information လေးတွေ ပြောပြချင်ပါတယ် ✌️
1. Passport
Passport ကို ဘာလို့ No 1 နေရာမှာထားပြောရလဲဆိုရင် အခုကာလမှာ Passport အသစ်လုပ်တာ, သက်တမ်းတိုးရတာ အရမ်းခက်ခဲသလို English Proficiency Test ဖြေတဲ့နေရာမှာဆိုလည်း Passport ရှိမှ ရမှာပါ ... ဒါ့အပြင် ကျောင်းလျှောက်ရာမှာလည်း Passport မပါရင် မရတာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါတယ်
▫️
2. College or University Choice
ကလေးတွေကို အကြံပေးချင်တာက ကိုယ်ဘာပြင်ရမလဲဆိုတာကို သေချာသိဖို့ ကျောင်းအရင်ရွေးစေချင်ပါတယ်
ကိုယ်က ဘယ် state ကိုသွားမှာလဲ ?
ဘယ်မေဂျာကို ယူမှာလဲ ?
University တန်းတက်မှာလား Community College တက်မှာလား ?
Budget ကရော ဘယ်လောက်တတ်နိုင်လဲ ?
စ,တဲ့ မေးခွန်းတွေကို ကိုယ့်ကိုကိုယ်ပြန်မေးပြီး အနည်းဆုံး ၃ ကျောင်းလောက် ယျာထားပြီး ကိုယ့်အတွက်အသင့်လျော်ဆုံးဖြစ်တဲ့ ကျောင်းကို ပြန်ရွေးချယ်ပါ
▫️
3. English Proficiency Test
ကဲ ... ကျောင်းလည်းရွေးပြီးပြီဆိုရင် အဲဒီကျောင်းက လက်ခံတဲ့ English Test Score ရအောင် အချိန်ယူပြင်ဆင်ပါ
(English Proficiency Test နဲ့ပတ်သက်ပြီး ဒီ post မှာ အသေးစိတ်ရှင်းပြပေးထားပါတယ်
https://m.facebook.com/story.php?story_fbid=127362023692544&id=114617058300374&mibextid=Nif5oz)
ဒီနေရာမှာ တစ်ခုထပ်တိုးပြောပြချင်တာက တချို့သောကျောင်းတွေက English Test မတောင်းပဲ Placement Test ဖြေခိုင်းတာမျိုးရှိပါတယ်
ဒါကို Test မဖြေရဘူး သက်သာမှာပဲဆိုပြီး ဝင်မတိုးခင် ကျောင်းရဲ့ Test policy ကို သေချာစစ်စေချင်ပါတယ်
တချို့သောကျောင်းတွေက i20 ထုတ်ပေးတယ် ကျောင်းဖွင့်ခါနီးမှ Placement Test ဖြေခိုင်းတာမျိုးဆို ကိစ္စမရှိပေမဲ့
တချို့ကျ Placement Test ဖြေပြီး ရလာတဲ့အမှတ်ကို ကြည့်ပြီးမှ i20 ထုတ်ပေးတဲ့အခါ သူတို့လိုချင်တဲ့ target မပြည့်မှီလို့ ESL ထည့်ပေးလိုက်ရင် Visa ဝင်တဲ့အခါ risk များနိုင်ပါတယ်
▫️
4. High School Certificate/ University Transcript (optional) - Notary
US မှာ ကျောင်းတက်မယ်ဆိုရင် ၁၀ တန်းအောင်လက်မှတ် + အမှတ်စာရင်းက မဖြစ်မနေလိုပါတယ်
ကျောင်းပေါ်မူတည်ပြီး ကိုယ်က မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်ဖူးရင် ဒါမှမဟုတ် တချို့သော ကျောင်းတွေက 12th Education မှ လက်ခံတာမလို့ University Transcript ပါ ပေါင်းပြပေးရတာမျိုးရှိတတ်ပါတယ်
▫️
5. Bank Statement
တစ်နှစ်တာ Tuition Fees + Living Costs + Additional Expenses တွေကို တွက်ချက်ပေးထားတဲ့ Total cost ကိုပြပေးရမှာဖြစ်ပါတယ်
Sponsor ပေးမယ့်သူရဲ့ နာမည်နဲ့ဖွင့်ထားတဲ့ Bank account ကို ပြပေးရမှာပါ
Bank Statement/ Bank Certification ဆိုပြီး ၂ မျိုးရှိတာမလို့ ကိုယ့်ကျောင်းက ဘာတောင်းတာလဲဆိုတာကို သေချာလေးစစ်ကြည့်ပေးနော်
▫️
6. Additional Requirements
> Sponsorship Obligation (ပုံမှန်အားဖြင့်တော့ ကျောင်းဘက်က ပို့ပေးတတ်ပါတယ် ... Sponsor ပေးမဲ့သူနဲ့ပတ်သက်တဲ့ info တွေဖြည့်ပြီး လက်မှတ်ထိုးပေးရပါတယ်)
> လုပ်ငန်းလိုင်စင်/ Tax
Community College တွေကတော့ တော်ရုံမတောင်းတတ်ကြပေမဲ့ University တွေမှာတော့ ထည့်လျှောက်ရလေ့ရှိပါတယ်
> Recommendation Letter, Personal Statement
ဒါတွေကတော့ ranking မြင့်တဲ့ University တွေကို လျှောက်တဲ့အခါမှာ တောင်းတတ်ကြပြီး ကိုယ်က Scholarship လျှောက်ဖို့ပါ ရည်ရွယ်ထားရင် သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်
ကဲ ... ဒီလောက်ဆို US မှာကျောင်းတက်ဖို့ ကြိုတင်ပြင်ဆင်ရမှာတွေ တော်တော်လေးပြည့်စုံလောက်ပြီလို့ထင်ပါတယ် ❣️
▪️▪️▪️
USA အခြေစိုက် "Study in The USA" မှာဆိုရင် ...
📌 ကျောင်းသားလူငယ်တွေ သိလိုသမျှမေးခွန်းတွေကို ကူညီဖြေဆိုပြီး အကြံဉာဏ်တွေပေးသွားမယ့် "Face to Face Consulting Section"
📌 တစ်ဦးတစ်ယောက်ချင်းစီနဲ့ ကိုက်ညီမယ့် College/ University တွေကို ရွေးချယ်ပေးကာ i20 ရသည်အထိတာဝန်ယူပေးမယ့် "Application Service"
📌 F1 Visa အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စိစစ်ဖြည့်စွက်ကာ Interview အတွက် အမေးအဖြေတွေကို လေ့ကျင့်ပေးမယ့် "Visa Service"
📌 ဒါ့အပြင် ထပ်ဆောင်းအနေနဲ့ Notary ပြန်ဆိုတဲ့ဝန်ဆောင်မှုတွေကိုပါ တစ်နေရာတည်းမှာ ရရှိနိုင်မှာပဲဖြစ်ပါတယ်
စိတ်ပါဝင်စားလို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင် Page Messager မှာဖြစ်စေ ဖော်ပြပါ Telegram Number, Email Address တို့ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ရှင့် 🤗
📞 +1 (801) 638-4494 (Telegram)
📧 [email protected]
07/04/2023
4th July!
US Independence Day 🎉
pic_crd
06/02/2023
"Fall Intake လား Spring Intake လား"
လတ်တလောမှာ Interview Appointment တွေက ထင်ထားတာထက်ကို ပိုကြပ်နေတဲ့အပြင် မနေ့ကဆိုလည်း November အတွက် Appointment တွေဖွင့်ပေးလိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ slot တွေပြည့်သွားခဲ့ပါတယ်❗
ဆိုတော့ ကျောင်းသားတွေအနေနဲ့ အထူးသဖြင့် အခုမှ ကျောင်းရှာ/ ကျောင်းလျှောက်မယ့်သူတွေကို အကြံပေးချင်တာကတော့ Spring, 2024 အတွက်သာ ကြိုပြင်စေချင်ပါတယ်
ဒါမှ i20, Acceptance Letter, DS-160 အဆင်သင့်ကိုင်ထားပြီး slot လွတ်တာနဲ့ တန်းယူလို့ရအောင်ပါ
တချို့ကျောင်းသားတွေမေးကြတာရှိပါတယ် ... "အစ်မရေ ကျောင်းက August မှ ဖွင့်မှာ စောင့်လို့ရဦးမလား" ... i20 ရပြီးသား document တွေ အကုန်ပြင်ဆင်ပြီးလို့ appointment ပဲ ထိုင်စောင့်နေရတဲ့သူတွေကတော့ ကိုယ့်ကျောင်းက semester defer လုပ်ဖို့ ဆက်သွယ်ရတာ မြန်တယ်ဆိုရင်တော့ နည်းနည်းစောင့်ကြည့်နိုင်ပါတယ် မဟုတ်ရင် ဟိုမမှီ ဒီမမှီဖြစ်ကုန်မှာဆိုးလို့ပါ
ဒါကြောင့် USA မှာ ကျောင်းတက်ချင်တဲ့ကျောင်းသားတွေအနေနဲ့ လိုအပ်တဲ့ document တွေ (အထူးသဖြင့် English Proficiency Test) တွေကို ကြိုတင်ပြင်ဆင်ပြီး ခပ်သွက်သွက်လေးလှုပ်ရှားထားကြဖို့ အကြံပေးလိုက်ရပါတယ် 💪
▪️▪️▪️
USA အခြေစိုက် "Study in The USA" မှာဆိုရင် ...
📌 ကျောင်းသားလူငယ်တွေ သိလိုသမျှမေးခွန်းတွေကို ကူညီဖြေဆိုပြီး အကြံဉာဏ်တွေပေးသွားမယ့် "Face to Face Consulting Section"
📌 တစ်ဦးတစ်ယောက်ချင်းစီနဲ့ ကိုက်ညီမယ့် College/ University တွေကို ရွေးချယ်ပေးကာ i20 ရသည်အထိတာဝန်ယူပေးမယ့် "Application Service"
📌 F1 Visa အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စိစစ်ဖြည့်စွက်ကာ Interview အတွက် အမေးအဖြေတွေကို လေ့ကျင့်ပေးမယ့် "Visa Service"
📌 ဒါ့အပြင် ထပ်ဆောင်းအနေနဲ့ Notary ပြန်ဆိုတဲ့ဝန်ဆောင်မှုတွေကိုပါ တစ်နေရာတည်းမှာ ရရှိနိုင်မှာပဲဖြစ်ပါတယ်
စိတ်ပါဝင်စားလို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင် Page Messager မှာဖြစ်စေ ဖော်ပြပါ Telegram Number, Email Address တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင့် 🤗
📞 +1 (801) 638-4494 (Telegram)
📧 [email protected]
05/29/2023
"USA မှာ ကျောင်းတက်ဖို့ English Test ကို ဘယ်လိုပြင်ဆင်ကြမလဲ"
USA မှာ ကျောင်းတက်မယ်ဆိုရင် College ပဲဖြစ်စေ University ပဲဖြစ်စေ ကိုယ်တွေလို International ကျောင်းသားတွေအနေနဲ့ English Proficiency Test ဆိုတာကို ပြပေးရပါတယ်
ဒီတော့ English Proficiency Test ဆိုတာ ဘာလဲ⁉️
ဘယ်လို Test အမျိုးအစားတွေရှိလဲ⁉️
အနည်းဆုံး score ဘယ်လောက်ရထားရမှာလဲ⁉️
ကဲ ... ဆက်ကြည့်လိုက်ရအောင်ပါ
📌 English Proficiency Test ဆိုတာ ဘာလဲ
English Proficiency Test ဆိုတာ ကိုယ့်ရဲ့ English Language level ကို ပြသပေးဖို့ အထောက်အထားတစ်ခုပါပဲ ... English လိုပဲ ဆက်သွယ်ပြောဆို သင်ကြားရမယ့် ကျောင်းသားတစ်ယောက်အနေနဲ့ English Language ကို အထိုက်အလျောက်တော့ ကျွမ်းကျင်ထားဖို့ လိုပါတယ်
English Language က မိခင်ဘာသာစကားမဟုတ်တဲ့ နိုင်ငံသားတွေအနေနဲ့ (ဥပမာ ကိုယ်တွေလိုမျိုး) ဒီ Test ကတော့ မဖြစ်မနေ ပြပေးရပါတယ်
📌 ဘယ်လို Test အမျိုးအစားတွေရှိလဲ
ကျောင်းသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ...
▫️Duolingo
▫️IELTS
▫️TOEFL
▫️PTE စတာတွေအပြင်
တချို့သော University တွေမှာ SAT, ACT တို့ကို optional အနေနဲ့ တောင်းတတ်ကြပါတယ်
📌 အနည်းဆုံး score ဘယ်လောက်ရထားရမှာလဲ
▫️Duolingo မှာတော့ College အတွက်ဆို 95 နဲ့ University ဆို 110 and above လောက်တော့ အနည်းဆုံး ရထားရပါမယ်
(Rating ကောင်းတဲ့ California State University လိုမျိုးဆို Duolingo 135 အထိတောင်းတတ်ပါတယ်)
Duolingo 75 လောက်ကစပြီး လက်ခံတဲ့ကျောင်းတွေရှိပေမဲ့ ကိုယ့်အတွက် ကျောင်းရှာရတာ အရမ်းအခက်တွေ့နိုင်ပါတယ်
▫️IELTS အတွက်ကတော့ College ဆိုရင် overall 5.5 ကတော့ အနည်းဆုံးရှိထားဖို့လိုအပ်ပြီး University ဆိုရင်တော့ 6.5 and above လောက် ရထားရပါမယ်
(ဒီနေရာမှာ သတိထားစရာတစ်ခုက IELTS Academic ဖြစ်ဖို့လိုပါတယ် IELTS General ကို တော်တော်များများက လက်မခံကြပါဘူး)
▫️TOEFL ကတော့ ကိုယ်တွေဆီကကျောင်းသားတွေ မဖြေဖြစ်ကြတာများပါတယ်
University အတွက်ဆို TOEFL iBT - 75/80 and above လောက်တော့ ပြင်ထားဖို့လိုပါတယ်
▫️PTE ကတော့ College တွေမှာ သိပ်မတောင်းတတ်ကြပါဘူး ... University အတွက်ဆို ပျမ်းမျှအနေနဲ့ over 55 လောက်တော့ ရထားဖို့လိုပါတယ်
ကဲ ... ဒီလောက်ဆို ကျောင်းလျှောက်ရာမှာ လိုအပ်တဲ့ English Proficiency Test ကိုပြင်ဆင်ဖို့ အကြံဉာဏ်တွေ ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် 🥰
▪️▪️▪️
USA အခြေစိုက် "Study in The USA" မှာဆိုရင် ...
📌 ကျောင်းသားလူငယ်တွေ သိလိုသမျှမေးခွန်းတွေကို ကူညီဖြေဆိုပြီး အကြံဉာဏ်တွေပေးသွားမယ့် "Face to Face Consulting Section"
📌 တစ်ဦးတစ်ယောက်ချင်းစီနဲ့ ကိုက်ညီမယ့် College/ University တွေကို ရွေးချယ်ပေးကာ i20 ရသည်အထိတာဝန်ယူပေးမယ့် "Application Service"
📌 F1 Visa အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စိစစ်ဖြည့်စွက်ကာ Interview အတွက် အမေးအဖြေတွေကို လေ့ကျင့်ပေးမယ့် "Visa Service"
📌 ဒါ့အပြင် ထပ်ဆောင်းအနေနဲ့ Notary ပြန်ဆိုတဲ့ဝန်ဆောင်မှုတွေကိုပါ တစ်နေရာတည်းမှာ ရရှိနိုင်မှာပဲဖြစ်ပါတယ်
စိတ်ပါဝင်စားလို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင် Page Messager မှာဖြစ်စေ ဖော်ပြပါ Telegram Number, Email Address တို့ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ရှင့် 🤗
📞 +1 (801) 638-4494 (Telegram)
📧 [email protected]
05/25/2023
"မြန်မာကျောင်းသားတွေ အများဆုံးရွေးချယ်လေ့ရှိတဲ့ Community College (Part 1)"
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
✨ Skyline Community College (California) ✨
California ပြည်နယ်မှာရှိတဲ့ Skyline Community College ကတော့ US မှာ ကျောင်းတက်ဖို့ပြင်ဆင်နေကြသူတွေအတွက် ရင်းနှီးပြီးသား နာမည်တစ်ခုပါပဲ
Interview Appointment ကြပ်တဲ့ ကိုယ်တွေနိုင်ငံအတွက်ကတော့ i20 မြန်မြန်ရတဲ့ Skyline လိုကျောင်းမျိုးက မျက်စိကျချင်စရာပါပဲ ... ကိုယ့်ဘက်က Document သာပြည့်စုံရင် Business Day 3-5 days အတွင်း i20 + Acceptance Letter ရနိုင်မှာပဲဖြစ်ပါတယ်
English Proficiency Test အနေနဲ့ကတော့
▫️TOEFL iBT 56
▫️IELTS 5.5
▫️Duolingo 85 ဒါတွေထဲက တစ်ခုရှိထားဖို့ လိုအပ်ပါတယ်
▫️Business
▫️Accounting
▫️Computer Science
▫️Engineering
▫️Hospitality and Tourism Management စ,တဲ့ လူငယ်တွေစိတ်ဝင်စားတဲ့ Degree Program တွေ စုံစုံလင်လင်ရှိတာဆိုတော့ မြန်မာကျောင်းသားတွေအတွက်ကတော့ အံကိုက်ပဲပေါ့
ကဲ ... ဒါဆို လာမယ့် Spring Semester အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ page messager မှာ အခုပဲ Hello လုပ်လိုက်နော် ✌️
▫️▫️▫️