The Mo School by Brooklyn Cyber

The Mo School by Brooklyn Cyber Cybersecurity Training Initiative based in Brooklyn

07/11/2026

ISC2 Certified in Cybersecurity Lecture 2

07/04/2026

🇺🇸 The Mo School Introduction and ISC2 Certified in Cybersecurity Domain 1: Security Principles Lecture

🇺🇸 We often ask which cybersecurity certification is worth pursuing next, but we spend far less time asking what these c...
07/04/2026

🇺🇸 We often ask which cybersecurity certification is worth pursuing next, but we spend far less time asking what these certifications collectively reveal about the profession itself.

🦅 My latest article reflects on what CASP+, CISSP, CISM, CISA, and ISO/IEC 27001 taught me about governance, institutions, and cybersecurity.

Read here: https://medium.com//beyond-the-certifications-what-casp-cissp-cism-cisa-and-iso-iec-27001-reveal-about-c5110d169111

For Truth and Justice,
Ye Yint Myint Mo

The cybersecurity profession has developed an unusual relationship with credentials. Few fields rely as heavily on professional…

🇺🇸 Brooklyn Cyber မှာ Cybersecurity Career Roadmap တွေကို စတင်မျှဝေပေးခဲ့တဲ့နောက် မြန်မာလူငယ်တချို့ဟာ အဲ့ဒီလမ်းကြောင်းအတ...
07/02/2026

🇺🇸 Brooklyn Cyber မှာ Cybersecurity Career Roadmap တွေကို စတင်မျှဝေပေးခဲ့တဲ့နောက် မြန်မာလူငယ်တချို့ဟာ အဲ့ဒီလမ်းကြောင်းအတိုင်း Professional IT Career တွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ စနစ်တကျပဲ CompTIA Certification တွေ ရယူခဲ့ကြတယ်။ WGU ကနေ BS နဲ့ MS in Information Technology ကို ပြီးမြောက်ခဲ့ကြတယ်။ နောက်ဆုံး Graduate Study ကို ဆက်လက်ရွေးချယ်ပြီး Ivy League အပါအဝင် ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်တဲ့အထိ လျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။

🦅 ဒီလမ်းကြောင်းရဲ့ အစက ကျနော် ကိုယ်တိုင် လျှောက်ခဲ့တဲ့ Career Path ပါ။ အသက် ၁၇ နှစ်အရွယ်နဲ့ အမေရိကန်နိုင်ငံကို ရောက်လာချိန်မှာ Information Technology လမ်းကြောင်းကို ကျနော် ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီနောက် အလုပ်ချိန်ပြင်ပ အချိန်တိုင်းကို သင်ယူမှုအတွက် ရင်းနှီးမြှုပ်နှံတယ်။ Certification တစ်ခုချင်းစီအတွက် စနစ်တကျ ပြင်ဆင်တယ်။ အဲ့ဒီစည်းကမ်းနဲ့ တည်ဆောက်ခဲ့တဲ့ အခြေခံက WGU ရဲ့ BS နဲ့ MS in Information Technology၊ New York က Professional IT Career၊ Brooklyn Cyber နဲ့ USIRD ကို တည်ထောင်ခြင်း၊ Cornell University မှာ Public Administration နဲ့ Syracuse University College of Law မှာ ဥပဒေပညာကို ဆက်လက်သင်ယူခြင်းအထိ အဆင့်တစ်ခုချင်းစီကို ဖွင့်ပေးခဲ့ပါတယ်။

အခု The Mo School က အဲ့ဒီအတွေ့အကြုံကို အခြေခံပြီး ပထမဆုံး Academic Pathway အဖြစ် Cybersecurity ကို ရွေးချယ်ထားပါတယ်။ CompTIA A+၊ Network+ နဲ့ Security+ Program တွေ၊ Certified Instructor တွေ ဦးဆောင်တဲ့ Live Classes၊ မြန်မာဘာသာ Asynchronous Learning Library၊ Career Guidance နဲ့ Certification Preparation ကို တစ်ခုတည်းသော သင်ယူမှုစနစ်အောက်မှာ စုစည်းထားပါတယ်။

Technical Role ကို ရည်မှန်းထားသူတွေအတွက်သာ မဟုတ်ဘဲ IT Background မလိုအပ်တဲ့ Governance, Risk and Compliance (GRC) Cybersecurity လမ်းကြောင်းကို ရွေးချယ်ချင်သူတွေအတွက်လည်း ISO/IEC 27001 Lead Auditor Program ကို ထည့်သွင်းထားပါတယ်။ ဒီ Program ကို ကျနော် ကိုယ်တိုင် သင်ကြားပေးသွားမှာဖြစ်ပြီး Information Security Governance၊ Risk Management နဲ့ Compliance ကို အခြေခံတဲ့ Career Path တစ်ခုကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Security Analyst၊ GRC Analyst၊ IT Auditor၊ Compliance Analyst နဲ့ Information Security Management နယ်ပယ်တွေအထိ ဆက်လက်လျှောက်လှမ်းနိုင်တဲ့ အခြေခံကိုလည်း တည်ဆောက်ပေးမှာဖြစ်ပါတယ်။

ဒီပညာရေးစနစ်ကို ရေးဆွဲတဲ့အချိန်တိုင်း ကျနော် စဉ်းစားခဲ့တာ နေ့ဘက်မှာ အလုပ်လုပ်ပြီး ညဘက်မှာ ကိုယ့်အနာဂတ်အတွက် ဆက်လက်ရင်းနှီးမြှုပ်နှံနေတဲ့ မြန်မာလူငယ်တွေကိုပါ။ Minimum-wage အလုပ်ကနေ Professional Career တစ်ခုကို တည်ဆောက်ချင်သူတွေ၊ Traditional Four-Year University ကို ချက်ချင်းတက်ဖို့ အခြေအနေမပေးသေးသူတွေ၊ ပညာရေးလမ်းကြောင်း ပြတ်တောက်ခဲ့ပြီး အခြေခံကနေ ပြန်လည်စတင်ဖို့ ဆုံးဖြတ်ထားသူတွေအတွက် Freshman Year Program ကိုလည်း စီစဉ်ထားပါတယ်။

Freshman Year Program မှာ General Education နဲ့ Foundational Courses တွေကို The Mo School မှာ သင်ယူပြီး Study.com Transfer Credit စာမေးပွဲတွေကို ဖြေဆိုနိုင်ပါတယ်။ အဲ့ဒီ Transfer Credits တွေကို Western Governors University နဲ့ University of the People တို့ဆီ ဆက်လက်လွှဲပြောင်းနိုင်တဲ့ လမ်းကြောင်းကိုလည်း အဆင့်လိုက် ရေးဆွဲထားပါတယ်။

Information Technology နယ်ပယ်ကို ဆက်လက်အထူးပြုချင်သူတွေအတွက် Bachelor of Science in IT Pathway ကိုလည်း တည်ဆောက်ထားပါတယ်။

နောက်တစ်ဆင့်မှာ IDP ကျောင်းသားတွေနဲ့ CDM မိသားစုဝင်တွေအတွက် Scholarship Program တွေကို စတင်အကောင်အထည်ဖော်သွားပါမယ်။ ပညာရေးပြတ်တောက်ခဲ့ရတဲ့ မျိုးဆက်နဲ့ အသစ်စတင်ချင်တဲ့ မျိုးဆက်ကို တစ်ခုတည်းသော ပညာရေးလမ်းကြောင်းအောက်မှာ ပြန်လည်ချိတ်ဆက်နိုင်ဖို့က The Mo School ရဲ့ ရေရှည်ဦးတည်ချက် ဖြစ်ပါတယ်။

The Mo School ရဲ့ ပထမဆုံး Public Lecture အဖြစ် ISC² Certified in Cybersecurity Foundation Program ကို July 4, 2026 (Saturday) မှာ ကျင်းပပါမယ်။

📍 New York – 11:00 AM
📍 Myanmar – 9:30 PM

Registration ပြုလုပ်ထားသူတွေအတွက် Canvas Learning Platform ပေါ်မှာ မြန်မာဘာသာနဲ့ ပြင်ဆင်ထားတဲ့ သင်ခန်းစာတွေ၊ Quiz တွေနဲ့ လေ့လာရေးအရင်းအမြစ်တွေကို Lecture မတိုင်ခင် အသုံးပြုနိုင်ပါတယ်။

အသေးစိတ်နဲ့ Registration ကို theMoSchool.org မှာ ပြုလုပ်နိုင်ပါတယ်။

🇺🇸 အမှန်တရားနှင့် တရားမျှတမှုကို အခြေခံ၍
🦅 ရဲရင့်မြင့်မိုရ် | CISSP, CISA, CISM, CASP

🇺🇸 ယခုအချိန် အဆင့်သစ်တစ်ခုအနေနဲ့ Brooklyn Cyber Corporation က တည်ဆောက်လာခဲ့တဲ့ Cybersecurity ပညာရေးလမ်းကြောင်းကို Myanma...
06/25/2026

🇺🇸 ယခုအချိန် အဆင့်သစ်တစ်ခုအနေနဲ့ Brooklyn Cyber Corporation က တည်ဆောက်လာခဲ့တဲ့ Cybersecurity ပညာရေးလမ်းကြောင်းကို Myanmar Center အောက်ရှိ The Mo School မှာ ဆက်လက်အကောင်အထည်ဖော်ပြီး မြန်မာ Diaspora အတွက် ပိုမိုကျယ်ပြန့်တဲ့ ပညာရေးစနစ်တစ်ခုအဖြစ် စတင်မိတ်ဆက်လိုက်ပါတယ်။

🦅 ဒီစီမံကိန်းရဲ့ အခြေခံမူဟာ ကျနော် ကိုယ်တိုင် လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းကို ဗဟိုပြုထားပါတယ်။ ကျနော် အမေရိကန်နိုင်ငံကို အသက် ၁၇ နှစ်မှာ ရောက်လာခဲ့ချိန် နိုင်ငံအသစ်တစ်ခုမှာ ကိုယ်ဘယ်လိုရပ်တည်မလဲဆိုတာ ကိုယ်တိုင်ရှာဖွေခဲ့ရပါတယ်။ နှစ်နှစ်အကြာမှာတော့ လမ်းကြောင်းများစွာအနက် Cybersecurity ကို ရွေးချယ်ခဲ့ပြီး အဲ့ဒီဆုံးဖြတ်ချက်က နောက်နှစ်တွေမှာ ကျနော့်ဘဝရဲ့ ဦးတည်ချက်ကို ပုံဖော်ပေးခဲ့ပါတယ်။

ကနဦး အနေနဲ့ Computer Systems၊ Networking နဲ့ Cybersecurity ကို အခြေခံကနေ စတင်လေ့လာခဲ့ပါတယ်။ Certification တွေကို တစ်ခုပြီးတစ်ခု ဖြေခဲ့ရင်း အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဆက်တိုက် လျှောက်ခဲ့ရပါတယ်။ မနက်စောစောထပြီး စာကျက်ရတဲ့နေ့တွေ ရှိခဲ့သလို ညဉ့်နက်တဲ့အထိ Practice Test တွေ ကျင့်ဖြေရတဲ့ ညတွေလည်း မရေတွက်နိုင်ခဲ့ပါဘူး။ အချိန်ကြာလာတဲ့အခါ အဲ့ဒီကြိုးစားမှုတွေကပဲ နောက်ဆုံးမှာတော့ New York မြို့မှာ IT Manager အဖြစ် ရပ်တည်နိုင်တဲ့အထိ ကျနော့်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

အဲ့ဒီနှစ်တွေကို ပြန်ကြည့်လိုက်တိုင်း IT လမ်းကြောင်းက ကျနော့်အတွက် နည်းပညာကို သင်ယူခဲ့တဲ့ ခရီးတစ်ခုထက် ပိုခဲ့တာကို သတိထားမိပါတယ်။ စနစ်တကျ စဉ်းစားတတ်တဲ့ အလေ့အကျင့်၊ ပြဿနာကို အစိတ်အပိုင်းခွဲပြီး ဖြေရှင်းတတ်တဲ့ နည်းလမ်း၊ ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေကလည်း အဲ့ဒီနှစ်တွေမှာပဲ ကျနော့်ရဲ့ အလုပ်လုပ်ပုံနဲ့ ဆုံးဖြတ်ချက်ချတဲ့ နည်းလမ်းကို ပုံဖော်လာခဲ့ပါတယ်။

ဒီအတွေ့အကြုံတွေကြောင့်ပဲ ၂၀၂၁ ခုနှစ်မှာ Brooklyn Cyber Corporation ကို စတင်တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မြန်မာလို ဖတ်ရှုနိုင်တဲ့ Cybersecurity နဲ့ IT Career လမ်းညွှန်တွေ များများစားစား မရှိသေးတာကြောင့် ကျနော် လျှောက်ခဲ့တဲ့ Cybersecurity လမ်းကြောင်းကို စနစ်တကျ စုစည်းပြီး နောက်လာမယ့် မြန်မာလူငယ်တွေအတွက် ပိုပြီး ရှင်းလင်းတဲ့ ပညာရေးလမ်းကြောင်းတစ်ခုအဖြစ် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Cybersecurity Certification လမ်းကြောင်းတွေနဲ့ Career Roadmap တွေကို Brooklyn Cyber ကနေ ဆက်တိုက် မျှဝေရင်း အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီလမ်းကြောင်းကို လိုက်ပြီး IT Career ကို စတင်နိုင်ခဲ့တဲ့ မြန်မာလူငယ်တွေ တဖြည်းဖြည်း တိုးလာပါတယ်။ ဒီရလဒ်တွေကြောင့် ပညာရေးလမ်းကြောင်းတစ်ခုကို စနစ်တကျ တည်ဆောက်ပေးနိုင်ရင် လူတစ်ယောက်ရဲ့ Career ကို အမှန်တကယ် ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုပြီး ခိုင်မာလာစေခဲ့ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံရောက် မြန်မာ Community ရဲ့ Immigration လိုအပ်ချက်တွေက ကျွန်တော့်ကို ပိုပြီး ကျယ်ပြန့်တဲ့ တာဝန်တစ်ခုဆီ ဦးတည်စေခဲ့ပါတယ်။ အဲ့ဒီအတွက် USIRD Inc. ကို တည်ထောင်ပြီး Immigration၊ Resettlement၊ Legal Support နဲ့ Community Service နယ်ပယ်တွေမှာ အဖွဲ့အစည်းတစ်ခုအနေနဲ့ Community ကို ဆက်လက်တာဝန်ယူခဲ့ပါတယ်။

USIRD ကို တည်ဆောက်ရင်း ကျနော် ပိုပြီး နားလည်သဘောပေါက်လာခဲ့တာကတော့ Institution Building ရဲ့ တန်ဖိုးပါ။ အဖွဲ့အစည်းတစ်ခုကို စနစ်တကျ တည်ဆောက်လိုက်တဲ့အခါ ကိုယ်တိုင်ပါဝင်မနေတဲ့ အချိန်တွေမှာတောင် အဲ့ဒီအဖွဲ့အစည်းက လူတွေအတွက် ဆက်ပြီး အလုပ်လုပ်နေတတ်ပါတယ်။ အဲ့ဒီအမြင်က နောက်ပိုင်း ကျနော့်ရဲ့ ပညာရေးအပေါ် ရှိတဲ့ ခံယူချက်ကိုလည်း ပိုပြီး ခိုင်မြဲလာစေခဲ့ပါတယ်။

လက်ရှိ Cornell University မှာ Public Administration နဲ့ Policy ကို ဆက်လက်လေ့လာရင်း အဲ့ဒီခံယူချက်က ပိုပြီး ရှင်းလင်းလာခဲ့ပါတယ်။ Diaspora တစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် Institution Building နဲ့ ပညာရေးစနစ်ကို စနစ်တကျ တည်ဆောက်နိုင်ဖို့က အခြေခံအရေးပါမှု ရှိပါတယ်။

အဲ့ဒီခံယူချက်ကိုပဲ စနစ်တကျ အကောင်အထည်ဖော်ဖို့ The Mo School ကို စတင်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

The Mo School ရဲ့ ပထမဆုံးပညာရေးလမ်းကြောင်းအဖြစ် Cybersecurity ကို ရွေးချယ်ထားပါတယ်။ အဲ့ဒီရွေးချယ်မှုက ကျနော့်ကိုယ်ပိုင် Professional Journey ရဲ့ သဘာဝကျတဲ့ အဆက်ဖြစ်ပါတယ်။ Brooklyn Cyber ရဲ့ အစလည်း Cybersecurity ဖြစ်ခဲ့သလို The Mo School ရဲ့ ပထမဆုံးအုတ်မြစ်လည်း Cybersecurity ကနေ စတင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအုတ်မြစ်ပေါ်မှာ မြန်မာ Diaspora အတွက် ပိုပြီး ကျယ်ပြန့်တဲ့ ပညာရေးစနစ်တစ်ခုကို တဖြည်းဖြည်း တည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ်။

Brooklyn Cyber ကနေ စခဲ့တဲ့ မျိုးစေ့ကို The Mo School အနေနဲ့ ပိုမိုကြီးထွားတဲ့ သစ်ပင်တစ်ပင်အဖြစ် ဆက်လက်စိုက်ပျိုးသွားပါမယ်။

The Mo School ရဲ့ ပထမဆုံးအစီအစဉ်အနေနဲ့ ISC² Certified in Cybersecurity Foundation Program ကို အခမဲ့ Public Lecture အဖြစ် စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပါဝင်လိုသူတွေအနေနဲ့ theMoSchool.org မှာ Registration ပြုလုပ်နိုင်ပါတယ်။ လာမယ့် July လ ပထမအပတ် စနေနေ့၊ July 4, 2026 (Fourth of July)၊ New York အချိန် မနက် 11:00 နာရီ / မြန်မာစံတော်ချိန် ည 9:30 နာရီမှာ ISC² Certified in Cybersecurity ရဲ့ Domain (၅) ခုလုံးကို မိတ်ဆက်ပေးမယ့် Foundation Lecture ကို ပဏာမ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Lecture မတိုင်ခင် Registration ပြုလုပ်ထားသူတွေအတွက် Canvas Learning Platform ပေါ်မှာ မြန်မာဘာသာနဲ့ ပြင်ဆင်ထားတဲ့ သင်ခန်းစာတွေ၊ Quiz တွေနဲ့ လေ့လာရေးအရင်းအမြစ်တွေကို အခမဲ့ ကြိုတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

🇺🇸 အမှန်တရားနှင့် တရားမျှတမှုကို အခြေခံ၍
🦅 ရဲရင့်မြင့်မိုရ် | CISSP, CISA, CISM, CASP

12/22/2023

Certified in Cybersecurity တက်ခဲ့တဲ့ ကျောင်းသားများအတွက် Revision Session လုပ်ဖို့အချိန်ရောက်ပြီ။ Sunday December 24, 2023 ရဲ့ မနက် ၇:၀၀ နာရီ New York အချိန်၊ မြန်မာနိုင်ငံမှာဆို ညနေ ၆:၃၀ ပေါ့၊ Zoom မှာ တွေ့ကြမယ်။ တရက် ၂ နာရီလောက်ကို စာနွေးလို့ မပြီးမချင်း ၃ ရက်လောက် စာလုပ်ပြီး Completion Certificate စာမေးပွဲကို ပြီးရင် ဖြေရမယ်။ Like, Comment, Share လုပ်ပြီး၊ page ကို စာပို့ပေးထားပါ။ အားလုံးပဲ ကြောက်ဖို့ကောင်းတဲ့အထိ ကြိုးစားကြရအောင်။

🌊💫 မိုးသောက်ကြယ်

🚀 Cybersecurity လောကထဲ စဝင်ချင်သူတွေအတွက် Certified in Cybersecurity Free 3-Day Online Bootcamp🛡️ သင်ပေးမယ့်အကြောင်းအရာတ...
11/19/2023

🚀 Cybersecurity လောကထဲ စဝင်ချင်သူတွေအတွက် Certified in Cybersecurity Free 3-Day Online Bootcamp

🛡️ သင်ပေးမယ့်အကြောင်းအရာတွေကတော့
✅ Security Principles
✅ Business Continuity (BC), Disaster Recovery (DR) & Incident Response Concepts
✅ Access Controls Concepts
✅ Network Security
✅ Security Operations
တို့ ဖြစ်ပါတယ်။

📍 Zoom ပေါ်မှာ November ၂၂၊ ၂၃၊ ၂၄ စုစုပေါင်း ၃ ရက်ကို မြန်မာနိုင်ငံအချိန် ညနေ ၈ နာရီကနေ ၁၀ နာရီ အထိ သင်ပေးသွားမှာဖြစ်ပြီး Course Completion Certificate ပါ ထုတ်ပေးသွားပါမယ်။ Zoom ID 930 6978 8736၊ Password 768 020 ဖြစ်ပါတယ်။

💡ဘာကြောင့်တက်သင့်လဲ။
✅ CISSP သာမက CompTIA ရဲ့ A+၊ Network+၊ Security+၊ CySA+ Cybersecurity Analyst၊ CASP+ Advanced Security Practitioner နဲ့ AWS Cloud Certifications တွေရရှိထားတဲ့ Instructor ဆရာတွေဆီက တိုက်ရိုက်လေ့လာခွင့်ရှိမယ်။
✅ Live Discussion တွေနဲ့ ယနေ့ခေတ် Cybersecurity Issue များကို ဆွေးနွေးကြမယ်။
✅ Labs နဲ့ Practical Application များကိုပါ လေ့လာကြပါမယ်။

❤️ တက်ချင်တယ်ဆိုရင် Like and Share လုပ်ပြီး Comment မှာ Register လုပ်ပေးပါ။

🛡️📕 CompTIA IT Fundamentals ဖတ်စာအုပ်💻 ကျနော်တို့ Brooklyn Cyber Corporation ဟာ Cybersecurity Analyst ဖြစ်ဖို့ လမ်းကြောင...
06/07/2023

🛡️📕 CompTIA IT Fundamentals ဖတ်စာအုပ်
💻 ကျနော်တို့ Brooklyn Cyber Corporation ဟာ Cybersecurity Analyst ဖြစ်ဖို့ လမ်းကြောင်းပေါ်ရောက် ကျောင်းသားတွေတွန်းတင်ပေးဖို့အတွက် ၂၀၂၁ မှာ Network+ နဲ့ Security+ ကို စသင်ခဲ့ပြီး ၂၀၂၂ မှာတော့ ပညာဒါနအပြင် Paid Class တွေပါ ဖွင့်ခဲ့ပါတယ်။ အခုအချိန်မှာ ကျနော်တို့လမ်းကြောင်းအရ အတန်းမတက်နိုင်မဲ့ ကျောင်းသားတွေအတွက် နောက်မကျရအောင် CompTIA Course တွေကို မြန်မာလို ဖတ်စာအုပ်တွေ၊ Video Course တွေ ထုတ်နေပါပြီ။

💻 ပထမဆုံး ကြေငြာချင်တဲ့ စာအုပ်ကတော့ IT Fundamentals စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ကွန်ပြူတာအခြေခံမရှိသူတစ်ယောက်အနေနဲ့စပြီး Hardware၊ Software၊ Networking၊ Cybersecurity တွေ လေ့လာလို့ရမှာဖြစ်ပါတယ်။ စာအကြောင်းအရာတွေအပြင်၊ မှတ်မိအောင် Review Question & Answer တွေပါ ထည့်ပေးထားပါတယ်။

💻 ITF နဲ့ အခြေခံတည်ဆောက်ပြီးရင် နောက် Core Skill တွေ ဖြစ်တဲ့ A+၊ Network+၊ Security+ လေ့လာပြီး Cybersecurity Analyst တစ်ယောက်ဖြစ်ဖို့လမ်းကြောင်းကို လျှောက်လို့ရပါပြီ။

✅ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကို Post အနေနဲ့ရော၊ Video အနေနဲ့ရော အချိန်ကိုက်ပြီး Free တင်၊ သင်ပေးသွားပါမယ်။

✅ သေချာ ဆက်တိုက် အနီးကပ်လေ့လာချင်တယ်ဆိုရင်တော့ ဖတ်စာအုပ် eBook ကို Module အလိုက်၊ စာဖတ်၊ စာဖြေ၊ အောင်ရင် နောက် Chapter unlock သွားဆိုတဲ့ စနစ်တစ်ခုဖန်တီးပေးထားပါတယ်။ ဒီ eBook Access အတွက်က ရန်ပုံငွေရှာဖို့ $၁၀၀ သတ်မှတ်ထားပါတယ်။ အောက်က Link ကနေ ငွေလွဲလို့ရပါတယ်။ ပြီးရင် Page Messenger ကို eMail Address ရယ်၊ Receipt ရယ်တွဲပြီး စာပို့ပါ။

✅ eBook ရောင်းတယ်ဆိုတာ ရန်ပုံငွေရှာရန်အတွက်ပဲ ဖြစ်တာကြောင့် $၁၀၀ မတတ်နိုင်မယ့် ကျောင်းသားတွေက ဒီတိုင်း Page မှာ တင်မယ့် Post တစ်ခုချင်း၊ Video တစ်ခုချင်း လိုက်ကြည့်လို့ရပါတယ်။ စာတတ်သွားမှာပါပဲ။ ကျေနပ်တယ်၊ ထောက်ပံ့ချင်တယ်ဆိုမှ eBook ဝယ်ဖို့အားပေးပါတယ်။

✅ အခုအတွက် eBook ရဲ့ First Module, First Chapter ဖြစ်တဲ့ Motherboard, Memory and Processors ခေါင်းစဉ်ကို အမြည်းတင်ပေးထားပါတယ်။

❤️ အားလုံးပဲကြိုးစားကြရအောင်။

🌊မုန်တိုင်းဆန်၍
💫မိုးသောက်ကြယ်

Payment Link
https://www.paypal.com/donate/?business=NUGJNQA7DTKKJ

business=NUGJNQA7DTKKCyberseucitu

06/05/2023

💻🛡️ IT လောကထဲမရှိဖူးတဲ့ အပြင်လူတစ်ယောက်အနေနဲ့ Cybersecurity Analyst ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ

Address

2807 Jackson Avenue
Queens, NY
11101

Alerts

Be the first to know and let us send you an email when The Mo School by Brooklyn Cyber posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share