BabyBurma Kids TV

BabyBurma Kids TV Myanmar Children Educational Videos

09/18/2026

မေမေ့နောက် တစ်ကောက်ကောက်လိုက်တတ်တဲ့
သမီးလေးက တစ်နေ့ကျရင် . . .
"မေမေ မလိုက်နဲ့ "
" သမီးဘာသာ လုပ်မယ် "
ဆိုပြီးပြောလာမဲ့ တစ်နေ့ကျရင် . . .
မေမေ ဝမ်းသာရမလား
ဝမ်းနည်းရမလား​တောင်
မေမေ ဝေခွဲရမှာမဟုတ်ပါဘူး..
ဘာလို့လဲဆိုတော့...
အရင်က မေမေ့နောက်လို်က်တတ်တဲ့
ကလေးလေးက တဖြေးဖြေး ကြီးလာပြီဆိုတာ
မေမေသိလာရလို့ပါ...

09/16/2026

အချိန်တွေဘယ်လောက်ပဲ ကုန်လွန်သွားပါစေ..
သားလေး ဘယ်လောက်ပဲကြီးပြင်းပြီး
အရွယ်ရောက်လာပါစေ...
မေမေ့မျက်လုံးထဲမှာတော့လေ..
သားလေးဟာ အမြဲတမ်း ရင်ခွင်ပိုက်
အရွယ်လေးအတိုင်းပါပဲ..
မေမေ့ရဲ့ တစ်သက်တာ
အလှဆုံးနေ့ရက်လေးတွေက..
သားလေးနဲ့ဖြတ်သန်းရတဲ့
အချိန်လေးတွေပါပဲကွယ်...

09/14/2026

တစ်နေ့မှာ သမီးလေးကို...
နောက်ဆုံးအကြိမ်
ပေွ့ချီမိတဲ့ နေ့ဆိုတာရှိလာလိမ့်မယ်..
"မေမေ သိပ်မှ၊အိပ်မယ်" လို့ဂျီကျတဲ့
နောက်ဆုံးအကြိမ် ညလေးလဲရောက်လာလိမ့်မယ်..
အဲ့ဒီ "နောက်ဆုံးအကြိမ် "တွေက..
ဘယ်နေ့မှန်း မေမေ ကြိုမသိနိုင်လို့..
အခုချိန်မှာတော့ ..သမီးလေးကိုပဲ
တယုတယ ပွေ့ဖက်ထားချင်တယ် . . .

09/13/2026

ဘယ်သူလဲ ? 🥰ကလေးသီချင်း
မြန်မာ Children learing songs

Like and Follow for more songs 🥰❤

09/11/2026

ကလေး တိတ်တိတ်လေး ထိုင်ပြီး ဖုန်းကြည့်နေရင် မိဘတွေ စိတ်အေးရတယ်ဆိုပေမဲ့… အဲဒီတိတ်ဆိတ်မှုနောက်က အန္တရာယ်တွေကို သတိပြုမိကြရဲ့လား ❓

​ကလေးတွေကို ဖုန်းအချိန်အကြာကြီး ကြည့်ခွင့်ပေးလိုက်ရင် ဖြစ်လာနိုင်တဲ့ ထိခိုက်မှု (၄) ချက် 📱👇

​၁။ မျက်လုံး ပင်ပန်းခြင်း 👁️

ကလေးတွေရဲ့ မျက်လုံးက ဖွံ့ဖြိုးဆဲဖြစ်လို့ အချိန်အကြာကြီး ဖုန်းကြည့်ပါက မျက်စိညောင်းခြင်း၊ မျက်လုံးခြောက်ခြင်းနှင့် အမြင်အာရုံ ထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

​၂။ အိပ်ချိန်နှင့် စိတ်ခံစားချက် ပျက်ယွင်းခြင်း 😴

အိပ်ခါနီး ဖုန်းကြည့်တဲ့ အလေ့အကျင့်က ကလေးရဲ့ အိပ်စက်ခြင်းကို ထိခိုက်စေပြီး အိပ်ရေးမဝတာကြောင့် စိတ်မရှည်ခြင်း၊ စိတ်တိုလွယ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

​၃။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း 🏃‍♂️

ကလေးတစ်ယောက်အတွက် ပြေးလွှားကစားခြင်းက ခန္ဓာကိုယ် ကြီးထွားဖို့ အရေးကြီးပါတယ်။ ဖုန်းက အဲဒီကစားချိန်တွေကို အစားထိုးသွားတဲ့အတွက် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

​၄။ လူမှုဆက်ဆံရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းလာခြင်း 🧠

ဖုန်းနဲ့ပဲ အမြဲပျော်နေတတ်တဲ့ ကလေးဟာ မိသားစု၊ အပေါင်းအသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းလာပြီး စိတ်ခံစားချက် ထိန်းချုပ်ရခက်ခဲ လာတတ်ပါတယ်။

​"ဖုန်းဆိုတာ လုံးဝမကောင်းတာ မဟုတ်ပါဘူး ❌"

ဒါပေမဲ့ ကလေးအတွက် သင့်တော်တဲ့ အချိန်အတိုင်းအတာနဲ့ နည်းလမ်းမှန်မှန် အသုံးပြုတတ်အောင် သင်ပေးဖို့က မိဘတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်

09/07/2026

သမီးလေးအတွက် မေမေပေးချင်တဲ့
လက်ဆောင် ၃ ခု❤...
ပထမလက်ဆောင်❤

သမီးရဲ့တန်ဖိုးကို ဘယ်တော့မှမမေ့ဘဲ
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်
ဒုတိယလက်ဆောင်❤

သမီးအိမ်မက်တွေကို မကြောက်မရွံ လိုက်နိုင်ဖို့ သတ္တိနဲ့ခွန်အားရှိရမယ်
တတိယလက်ဆောင်❤

ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ်
"မေမေက သမီးကို အရမ်းချစ်တယ်"
ဆိုတာသမီးရင်ထဲ အမြဲရှိနေဖို့ပါပဲ
သမီးရယ်

09/04/2026

ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ
တန်ဖိုးကြီးတဲ့ ရတနာတွေရှိပါစေ...
မေမေ့အတွက်တော့ ဒီလက်မောင်းသေးသေးလေးရဲ့ ဖက်တွယ်မှုလောက်
မြတ်နိုးစရာကောင်းတာ ဘာမှမရှိပါဘူး။ ❤️✨

09/01/2026

တစ်ချို့နေ့တွေမှာ..မေမေ ပင်ပန်းလွန်းလို့
စိတ်မရှည်​ဖြစ်မိပြီး
သားလေးကိုဆူမိတဲ့အခါ..
အဲ့ဒီညတွေ
သားလေးအိပ်ပျော်သွားတဲ့အချိန်
မျက်ရည်စလေးတွေ ခမ်းနေတဲ့
သားရဲ့ ပါးပြင်လေးကို
မေမေ နမ်းရင်း တိတ်တိတ်လေးငိုရပါတယ်
"မေမေ့ကို ခွင့်လွှတ်ပါ သားလေးရယ်"
လို့ ကြိတ်ပြီး​တောင်းပန်ရင်းပေါ့..
မေမေ ဆူပူကြိမ်းမောင်းလိုက်တာတောင်မှ
နောက်တစ်နေ့မနက်
သားလေးနိုးလာတဲ့အခါ
"မေမေ" ဆိုပြီး
ပြုံးပြုံးလေး ပြေးဖက်တတ်တဲ့
သားလေးရဲ့ မေတ္တာတွေရှေ့မှာ
မေမေဟာ အမြဲတမ်း အရှူံးသမားပါပဲ

08/30/2026

အများဆုံး တွေ့ရတတ်တဲ့ အမှားတစ်ခုကတော့ ကလေးတွေကို ခိုင်းတာတစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ ပြောနေတာပါပဲ။
"သွားတိုက်တော့လေ။"
"လာပါတော့ဆို။"
"ပြောတာ ငါးခါရှိပြီနော်။"
"ဆယ်ခါရှိပြီ။"
"အကြိမ် နှစ်ဆယ်တောင် ရှိနေပြီ။"

အချိန်တစ်ခုရောက်လာတဲ့အခါ ကလေးတွေဟာ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုကို နားလည်သွားကြပါတယ်-
အဲဒါကတော့ "ရှေ့ကပြောခဲ့တဲ့ (၁၉) ခါက အလကားပဲ" ဆိုတာပါပဲ။

ဒီလိုလုပ်မယ့်အစား...
တစ်ခါပဲ ပြောပါ။
ဒုတိယတစ်ကြိမ်မှာ သတိပေးပါ။
ပြီးရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့ လက်တွေ့ ဆက်လုပ်ပါ။

သူတို့နဲ့အတူ ရေချိုးခန်းဆီ လိုက်သွားပေးပါ။
သူတို့နားမှာပဲ အတူနေပေးပါ။
လိုအပ်ရင် သူတို့ ထွက်မသွားအောင် ရေချိုးခန်းတံခါးကို ပိတ်ထားပါ။
ကစားစရာ မပေးပါနဲ့။
iPad မပေးပါနဲ့။
အာရုံလွှဲစရာ ဘာမှ မရှိပါစေနဲ့။

သူတို့က တခြားအကြောင်းတွေ စပြောလာခဲ့ရင်-
"အရင်ဆုံး သွားတိုက်ကြမယ်နော်၊ ပြီးမှ သား/သမီး ပြောတာကို သေချာနားထောင်ပေးမယ်။"

သူတို့ကို အတင်းအကျပ် သွားတိုက်ခိုင်းစရာ မလိုပါဘူး။
သွားတိုက်တာကလွဲပြီး တခြား ဘာမှလုပ်စရာမရှိတဲ့ အခြေအနေမျိုး ဖန်တီးပေးလိုက်ရုံပါပဲ။
ဒီလို ပတ်ဝန်းကျင်အခြေအနေကပဲ သူတို့အတွက် စည်းကမ်းတစ်ခု ဖြစ်သွားပါလိမ့်မယ်။

အော်ဟစ်နေစရာ မလိုပါဘူး။
အကြိမ်နှစ်ဆယ်လောက် ထပ်ခါတလဲလဲ ပြောနေစရာလည်း မလိုပါဘူး။
တည်တည်ငြိမ်ငြိမ်နဲ့ တစ်သမတ်တည်း လုပ်ဆောင်ပြဖို့ပဲ လိုပါတယ်။ 💛

08/29/2026

တစ်ခါတစ်လေ
မေမေက သမီးကို
ဆူမိတယ် အော်မိတယ်
ဒါပေမဲ့ သမီးလေး
မသိတာတစ်ခုရှိတယ်
သမီးကိုဆူပြ​ီးတဲ့ညတွေမှာ
မေမေက သမီးလေးအိပ်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး
တိတ်တိတ်လေး စိတ်မကောင်း
ဖြစ်နေတတ်တယ်
တကယ်တော့
သမီးကိုနာကျင်စေချင်လို့
မေမေဆူတာမဟုတ်ပါဘူးနော်
သမီးဘဝမှာ
မေမေမရှိတော့တဲ့တစ်နေ့
သမီးတစ်ယောက်ထဲရင်ဆိုင်နိုင်အောင်
အခုကတည်းက
မေမေသင်ပေးနေမိတာပါ
မေ့မေ့ကိုနားလည်ပေးပါနော်
သမီးလေး

Address

Philadelphia, PA

Website

Alerts

Be the first to know and let us send you an email when BabyBurma Kids TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share