06/21/2024
“ယနေ့ကမ္ဘာကြီးတွင် မြို့များသည် လျင်မြန်စွာ ကြီးထွားလာနေပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လျက်ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုမတိုင်မီက အခြားနိုင်ငံများထက် မြို့ပြနေထိုင်မှုနှုန်း နှေးကွေးခဲ့သော်လည်း လက်ရှိ ပဋိပက္ခများအတွင်း မြို့နှင့် အခြေချနေထိုင်မှု အများအပြား ပျက်စီးခဲ့ပြီး အခြေခံအဆောက်အအုံ မလုံလောက်သော ရန်ကုန်နှင့် မန္တလေးကဲ့သို့ လက်ရှိမြို့ကြီးများအတွက် ပို၍ဝန်ထုပ်ဝန်ပိုး ဖြစ်စေလျက်ရှိသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်မှုများအပြင် စီးပွားရေးနှင့် ရာသီဥတု အကျပ်အတည်းများသည် မြန်မာပြည်ရှိ တည်ဆောက်ထားသော ပတ်ဝန်းကျင်အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် အနာဂတ်မြို့ပြများအတွက် လက်ရှိအခြေအနေများကို နားလည်ရန်မှာ အရေးကြီးပါသည်။”
VSoA ၏ Urban Studies Room (မြို့ပြလေ့လာရေးရပ်ဝန်း) သည် တည်ဆောက်ထားသော ပတ်ဝန်းကျင်၊ ဗိသုကာပညာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားသော မြန်မာကျောင်းသားကျောင်းသူများနှင့် လူငယ်ပညာရှင်များမှ ရွယ်တူချင်း အပြန်အလှန်ပြောဆိုဆွေးနွေးကြခြင်းဖြင့် မြို့ပြဝါဒ အကြောင်း လေ့လာနိုင်မည့် နေရာတစ်ခုဖြစ်ပါတယ်။ ဤ Urban Studies Room ကို ပစ္စုပ္ပန်ဟု နာမည်ပေးထားပါတယ်။
ပစ္စုပ္ပန် မြို့ပြလေ့လာရေးရပ်ဝန်း တွင် ပါဝင်ခြင်းဖြင့် သင်သည် မြို့ပြဝါဒကို နိုင်ငံတကာ ခေတ်ရေစီးကြောင်းများမှတဆင့် လေ့လာနိုင်ရုံသာမက ဒေသန္တရအချက်အလက်များမှတဆင့်လည်း မြို့ပြအကြောင်းအရာများကို သိရှိနိုင်ရန်ရည်ရွယ်ပါတယ်။
မကြာမီတွင် ပစ္စုပ္ပန်မြို့ပြလေ့လာရေးရပ်ဝန်း၌ ပါဝင်မယ့် အစီအစဉ်များအား ကြေညာသွားရန်ရှိသောကြောင့် VSoA page တွင် စောင့်ကြည့်နိုင်ပါတယ်။
"In today's world, cities are growing rapidly and need to be prepared for the future. However, in Myanmar, the urbanization rate was slower than in other countries before the coup, although, many towns and settlements have been destroyed during the current conflicts, causing significant internal displacement and placing a burden on existing cities like Yangon and Mandalay, where infrastructure is already insufficient. Besides these displacements, the economic and climate crises are also a major threat to the built environments of Myanmar. Therefore, understanding the present conditions is crucial for the future."
Urban Studies Room by VSoA is a community where Myanmar students and young professionals interested in the built environment, architecture, and city development can learn about urbanism through peer-to-peer interactions. The study room is called PyitSuuPan, which means "Present."
By joining PyitSuuPan, we aim for you to not only study urbanism through international trends but also gain insights into the local context.
Sooner, we will share the activities of Urban Studies Room on the VSoA page. Follow us and stay tuned!