Yours Architectural Digest & Human Ecology

Yours Architectural Digest & Human Ecology

Share

Our aim is deeply rooted in promoting awareness of Humanitarian Architecture and human behavior.

Photos from Architect Sun Oo 's post 04/22/2025
04/07/2025

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အင်အားကြီး စစ်ကိုင်းငလျင်ပြီးတဲ့‌ေနာက်မှာ ကျမတို့ ဗိသုကာသူငယ်ချင်းတွေက
ဘယ်လိုမျိုး ကူညီပေးနိုင်မလဲစဉ်းစားရင်းနဲ့
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားရတဲ့
ဒေသတွေကို ပြန်လည်တည်ဆောက်ရာမှာ ဗိသုကာ (architects) နဲ့ မြို့ပြစီမံကိန်းပညာရှင်များ (urban planners and designers) တွေ ဘယ်လိုကူနိုင်မလဲ ဆိုတဲ့ မေးခွန်းပေါ်လာတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ကျမတို့ page မှာ Humanitarian Architecture အကြောင်းကိုလည်းဝေမျှပေးခဲ့ဖူးပါတယ်။ အခုငလျင်လို ထိခိုက်ပျက်ဆီးဆုံးရှုံးမှုများတဲ့ ဘေးတွေအတွက် အိမ်တွေကူဆောက်ပေးလိုက်ရုံ၊ ဒီဇိုင်းလှူဒါန်းပေးလိုက်တာမျိုးက တကယ်တော့ ရေရှည်အတွက် ထိရောက်တဲ့ ကူညီပေးမှုတွေမဟုတ်တာကို
ကျမတို့ ပိုသ‌ဘောပေါက်နားလည်လာပါတယ်။

🏘️ဗိသုကာတွေဟာ အရေးပေါ်လိုအပ်တဲ့နေရာတွေအတွက် ယာယီနေထိုင်ဖို့လိုအပ်တဲ့ refugee camp၊ temporary shelters စတာတွေကို လွယ်လွယ်ကူကူနဲ့ ကုန်ကျစားရိတ်သက်သာတဲ့ ဒီဇိုင်းတွေပြုလုပ်ပေးနိုင်သလို

📌 သဘာဝဘေးအန္တရာယ်ဖြစ်ပြီးပြီးချင်း
ပျက်ဆီးသွားတဲ့ နေအိမ်အဆောက်အဦးများကို တည်ဆောက်‌ေရးဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာများနှင့် အတူတကွ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး၊ ထိခိုက်သွားသော အိမ်ခြေအရေအတွက်၊ နေစရာလိုအပ်နေသော လူဦးရေအချိုးအစားများ၊ ပျက်ဆီးသွားသော အမွေအနှစ်လက်ရာများ သို့မဟုတ် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ သို့မဟုတ် အခြေခံအဆောက်အဦးများ သို့မဟုတ် အန္တရာယ်ရှိ‌နေသေးသော အများပိုင်နေရာများ စသည်ဖြင့် မှတ်တမ်းများ ကောက်ယူရာမှာ မြေပုံရေးဆွဲပေးနိုင်တဲ့သူတွေနဲ့အတူတကွ ဦးဆောင်ပါဝင်နိုင်ကြပါတယ်။

🏙️ဒါ့အပြင်မြို့ပြစီမံကိန်းပညာရှင်တွေနဲ့ ဗိသုကာပညာရှင်တွေ အတူတကွပူးပေါင်းပြီး ဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ဒေသတွေမှာ ဘယ်ဟာကို ဦးစားပေးပြီး ပြန်လည်ဖွံ့ဖြိုးရေးလုပ်ဖို့လိုမလည်းဆိုတာတွေကို ကူညီစဉ်းစား‌ပေးပြီး ထိရောက်တဲ့ စီမံကိန်းတွေဖြစ်ဖို့ရာ အကူညီပေးနိုင်ကြပါ‌ေသးတယ်။
လူပေါင်းများစွာရဲ့ အသက် အိုးအိမ် လူမှုစီးပွားဘဝတွေပါ ထိခိုက်ရတဲ့ သဘာဝဘေးအန္တရာယ်‌ေကြာင့်ပျက်ဆီး ဆုံးရှုံးတာ‌ေတွကို ပြန်လည်တည်‌ေဆာက်တဲ့အခါ နိုင်ငံတော်အဆင့် စီမံကိန်းတွေလိုအပ်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် ရန်ပုံငွေ အလေအလွင့်ဖြစ်တာအပြင် အကျိုးဆက်အနေနဲ့က စီးပွားရေးနာလန်ပြန်ထူဖို့ရာမှာပါ ခက်ခဲနိုင်လို့ပါ။

🎗️ငလျင်ဒဏ်ခံအဆောက်အဦးတစ်ခု၊မုန်တိုင်းဒဏ်ခံအိမ်တစ်လုံးဆိုပြီး ပြန်တည်ဆောက်လိုက်ရုံနဲ့ မပြီးပါဘူး။ဒါပေမဲ့ မြန်မာနိုင်ငံအနေအထားနဲ့မှာ ရပ်ရွာက ကိုယ်ထူကိုယ်ထ ပြန်လည်ရုန်းထရတဲ့အခါ ဗိသုကာနဲ့ မြို့ပြပညာရှင်တွေက ဝင်ရောက်ကူညီပေးနိုင်ပါတယ်။

ဥပမာ အလှူရှင်က ငလျင်ဒဏ်ခံလိုက်ရလို့ ပျက်ဆီးသွားတဲ့ ရပ်ကွက်၊ ကျေးရွာတစ်ခုမှာ တည်ဆောက်ရေး ရန်ပုံငွေပေးချင်တယ်ဆိုရင် ရပ်ရွာလူထုအတွက် လတ်တလောလိုအပ်ချက်ဖြစ်တဲ့ နေထိုင်စရာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ‌မိလ္လာနှင့် အမှိုက်ပစ်ရန်‌ေနရာသတ်မှတ်ခြင်း၊ ရေတွင်းပြန်တူးခြင်းတွေအပြင်၊ ရေရှည်အတွက်လိုအပ်မယ့် ပျက်ဆီးသွားတဲ့ ‌ကျောင်း၊ ဆေးရုံကဲ့သို့ အခြေခံအဆောက်အဦးလိုအပ်ချက်တွေအတွက် ရပ်ရွာလူထုရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဒီဇိုင်းပြုလုပ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်းစတာတွေမှာလည်းအလှူရှင်ရဲ့ရန်ပုံငွေတွေ ထိရောက်ဖို့အတွက် ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ ဘာသာရေးအရပြောမယ်ဆို အလှူပြီးမြောက်၊ ထိရောက်အောင် ကူညီပေးတဲ့အတွက် ကိုယ်လည်းထပ်တူ ကုသိုလ်ရဝာာမျိုးပေါ့။

👥🫂 ဗိသုကာတွေအနေနဲ့ ထိခိုက်ဆုံးရှုံးထားတဲ့
ရပ်ရွာလူထုနဲ့ပူးပေါင်းပြီး ပြန်လည်တည်ဆောက်ကြရာမှာ ရပ်ရွာနဲ့ ကိုက်ညီတဲ့ လူမှုရေး အလေ့အကျင့်တွေကိုထည့်သွင်းစဉ်းစားထားတဲ့ လူနေထိုင်မှုပုံစံရရှိအောင် အဆောက်အအုံနဲ့ public spaces တွေကို ဖန်တီးပေးဖို့လည်းလိုအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်တွေအတွက်လည်း ပြန်လည်ထူထောင်ရေးလုပ်စဉ်မှာ တတ်သိပညာရှင်များ လိုအပ်လျှင်အင်ဂျင်နီယာများနှင့်ပါတိုင်ပင်ကာ ကြိုတင်ထည့်စဉ်းစားထားဖို့လိုအပ်ပါတယ်။

ဒါ့အပြင် လူမှုရေးအရထိခိုက်မှုများ နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ဗိသုကာတွေနဲ့ အနုပညာရှင် (‌‌art therapist) များ၊ Psychiatristများ ပူးပေါင်းပြီး ပြန်လည်တည်ဆောက်ရေးလုပ်နေစဉ်မှာ trauma healing ကိုပါလက်တွဲလုပ်ဆောင်ကြရတာရှိပါတယ်။ ဒီအကြောင်းကို လေ့လာချင်ရင် ကျမတို့ page မှာ Healing Through Architecture ဆိုပြီး sharing လုပ်ဖူးတာကို ပြန်ရှာဖတ်လို့ရပါတယ်။

❓ ဗိသုကာတွေအနေနဲ့က အခြားနိုင်ငံ‌ေတွမှာ လုပ်ထားတဲ့ ဒီဇိုင်း‌ေတွကို လေ့လာပြီး ပြန်လည်တည်ဆောက်တာမျိုးထပ် လူထုအခြေပြု ဒီဇိုင်း (Participatory Design) အလေ့အကျင့်ကို အသုံးချသင့်ပါတယ်။ လူထုအခြေပြု ဒီဇိုင်းဆိုတာ မတူကွဲပြားတဲ့ ဒေသခံလူတိုင်း ဘာသာရေး၊ ကျား၊မ အသက်အရွယ်အမျိုးမျိုးစတဲ့ လူထုအဖွဲ့အစည်းတွေကိုပါ ဒီဇိုင်းစဉ်းစားတဲ့နေရာမှာ လက်တွဲပါဝင်စေတာဖြစ်ပါတယ်။

အပေါ်မှာပြောထားတာတွေအပြင် အဆောက်အဦးခိုင်ခံဖို့နဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ရာသီဥတုဆိုင်ရာတွေ၊ ယဉ်ကျေးမှုနဲ့ဗိသုကာဆိုင်ရာတန်ဖိုးတွေ၊ စီးပွားရေးဆိုင်ရာပြန်လည်နလန်ထူရေးတွေကိုလည်း ပြန်လည်ထူထောင်တည်ဆောက်ရင်း သက်ဆိုင်ရာ ပညာရှင်တွေနဲ့ပါ အတူတကွစဉ်းစားလုပ်ဆောင်ရတာ ဖြစ်လို့ ဗိသုကာတွေ အနေနဲ့ ဒေသအလိုက် လိုအပ်တဲ့အချက်အလက်ပေါ်မူတည်ပြီး အခြားပညာရှင်များနှင့်ပါ အတူတကွလက်တွဲလုပ်ဆောင်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။

📝 လတ်တလောမှာ ကျမနဲ့ ဗိသုကာသူငယ်ချင်းများမှ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ ဗိသုကာပညာရှင်များထံမှ အကြံဉာဏ်တောင်းခံပြီး လိုအပ်တဲ့အချက်အလက်တွေကိုစုဆောင်းလျှက်ရှိပါတယ်။ အချက်အလက်တွေစုဆောင်းပြီးရင်တော့ ဒီဇိုင်းလှူဒါန်းလိုတဲ့ ဗိသုကာတွေ၊ ပြန်လည်တည်ဆောက်ရေးမှာထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေပေးချင်တဲ့ အလှူရှင်တွေ၊ ပရိဟိတအဖွဲ့တွေနဲ့ NGO, CSO များ၊ ရပ်ရွာလူထုအ‌ေခြပြုအဖွဲ့များကိုပြန်လည်ဝေမျှပေးနိုင်ဖို့ရည်ရွယ်ထားပါတယ်။

# တကယ်လို့ ရပ်ရွာလူထုက ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ရေးလုပ်ဆောင်ဖို့ရာ
အပေါ်ကပြောပြခဲ့သလို အကြံဉာဏ်များလိုအပ်ရင်လည်း ကျမတို့ကို ဆက်သွယ်ပြီး အခမဲ့အကြံတောင်းခံနိုင်ပါတယ်။

# အချက်အလက်များစုဆောင်းရာမှာ ပါဝင်ကူညီလိုသူတွေကိုလည်း ကျမတို့ဖိတ်ခေါ်လိုပါတယ်။ ဒါမှမဟုတ် ကျမတို့ဆီ ပေးပို့လိုတဲ့ သတင်းအချက်အလက်တွေရှိရင်လည်း page messenger ကနေတဆင့် လာရောက်ပေးပို့ထားနိုင်ပါတယ်။

# ပရဟိတအဖွဲ့အစည်းတေ‌ွ၊ ကျောင်းဒကာ၊အိမ်ဒကာဖြစ်လိုတဲ့ အလှူရှင်တွေအနေနဲ့လည်း ဒီဇိုင်းဆွေးနွေးဖို့အပြင် ရပ်ရွာလူထုအမှန်တကယ်လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးအတွက် တည်ဆောက်ရေးဆိုင်ရာအကြံဉာဏ်များ၊ အသုံးဝင်ပြီး ထိရောက်သော ဗိသုကာဒီဇိုင်းများ လိုအပ်ပါက အချိန်မရွေးကျမတို့ထံ အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်။

# ပြည်တွင်း ပြည်ပက ဗိသုကာတွေအနေနဲ့လည်း ငလျင်ဒဏ်ခံ ပြည်သူ‌တွေအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူ‌ေထာင်‌ေရးနဲ့ ပတ်သက်ပြီး မိမိတို့အတွေ့အကြုံတွေကို ကျမတို့ဆီမှတဆင့်မဟုတ်ပဲ မိမိတို့ ရပ်ရွာအသိုင်းအဝန်းထဲမှာလည်း ကူညီဝေမျှပေးကြဖို့တိုက်တွန်းလိုပါတယ်။

06/21/2024

“ယနေ့ကမ္ဘာကြီးတွင် မြို့များသည် လျင်မြန်စွာ ကြီးထွားလာနေပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လျက်ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုမတိုင်မီက အခြားနိုင်ငံများထက် မြို့ပြနေထိုင်မှုနှုန်း နှေးကွေးခဲ့သော်လည်း လက်ရှိ ပဋိပက္ခများအတွင်း မြို့နှင့် အခြေချနေထိုင်မှု အများအပြား ပျက်စီးခဲ့ပြီး အခြေခံအဆောက်အအုံ မလုံလောက်သော ရန်ကုန်နှင့် မန္တလေးကဲ့သို့ လက်ရှိမြို့ကြီးများအတွက် ပို၍ဝန်ထုပ်ဝန်ပိုး ဖြစ်စေလျက်ရှိသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်မှုများအပြင် စီးပွားရေးနှင့် ရာသီဥတု အကျပ်အတည်းများသည် မြန်မာပြည်ရှိ တည်ဆောက်ထားသော ပတ်ဝန်းကျင်အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် အနာဂတ်မြို့ပြများအတွက် လက်ရှိအခြေအနေများကို နားလည်ရန်မှာ အရေးကြီးပါသည်။”

VSoA ၏ Urban Studies Room (မြို့ပြလေ့လာရေးရပ်ဝန်း) သည် တည်ဆောက်ထားသော ပတ်ဝန်းကျင်၊ ဗိသုကာပညာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားသော မြန်မာကျောင်းသားကျောင်းသူများနှင့် လူငယ်ပညာရှင်များမှ ရွယ်တူချင်း အပြန်အလှန်ပြောဆိုဆွေးနွေးကြခြင်းဖြင့် မြို့ပြဝါဒ အကြောင်း လေ့လာနိုင်မည့် နေရာတစ်ခုဖြစ်ပါတယ်။ ဤ Urban Studies Room ကို ပစ္စုပ္ပန်ဟု နာမည်ပေးထားပါတယ်။

ပစ္စုပ္ပန် မြို့ပြလေ့လာရေးရပ်ဝန်း တွင် ပါဝင်ခြင်းဖြင့် သင်သည် မြို့ပြဝါဒကို နိုင်ငံတကာ ခေတ်ရေစီးကြောင်းများမှတဆင့် လေ့လာနိုင်ရုံသာမက ဒေသန္တရအချက်အလက်များမှတဆင့်လည်း မြို့ပြအကြောင်းအရာများကို သိရှိနိုင်ရန်ရည်ရွယ်ပါတယ်။

မကြာမီတွင် ပစ္စုပ္ပန်မြို့ပြလေ့လာရေးရပ်ဝန်း၌ ပါဝင်မယ့် အစီအစဉ်များအား ကြေညာသွားရန်ရှိသောကြောင့် VSoA page တွင် စောင့်ကြည့်နိုင်ပါတယ်။

"In today's world, cities are growing rapidly and need to be prepared for the future. However, in Myanmar, the urbanization rate was slower than in other countries before the coup, although, many towns and settlements have been destroyed during the current conflicts, causing significant internal displacement and placing a burden on existing cities like Yangon and Mandalay, where infrastructure is already insufficient. Besides these displacements, the economic and climate crises are also a major threat to the built environments of Myanmar. Therefore, understanding the present conditions is crucial for the future."

Urban Studies Room by VSoA is a community where Myanmar students and young professionals interested in the built environment, architecture, and city development can learn about urbanism through peer-to-peer interactions. The study room is called PyitSuuPan, which means "Present."

By joining PyitSuuPan, we aim for you to not only study urbanism through international trends but also gain insights into the local context.

Sooner, we will share the activities of Urban Studies Room on the VSoA page. Follow us and stay tuned!

Photos from Yours Architectural Digest & Human Ecology's post 10/28/2023

ဗိသုကာပညာရပ်နဲ့ ပတ်သက်ရင် အထူးသဖြင့် ဗိသုကာ ဒဿနတွေကို မြန်မာဘာသာနဲ့ လေ့လာနိုင်တဲ့ စာအုပ်၊ စာပေတွေက ပြည်တွင်းမှာ အရမ်းရှားတယ်နော်။
ကြန်ဆိုတဲ့ e-magazine လေးထွက်လာတော့ နာမည်ကအစ မဂ္ဂဇင်းထဲပါတဲ့ အကြောင်းအရာတွေရောက စိတ်ဝင်စားဖို့ကောင်းတာနဲ့
ကျမ ဝယ်ဖတ်ဖြစ်ခဲ့ပါတယ်။
ဗိသုကာကိုလေ့လာနေကြတဲ့သူတွေထဲ
ဒီ e-magazine ထွက်တာ မသိသေးရင် မြည်းစမ်းကြည့်နိုင်ဖို့ရာ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

"ကြန်" ဆိုတာ
ကြန်အင်လက္ခာ (Form) ဆိုတဲ့ ကြန်
အသံထွက်အရ ကြံ (Thought) တဲ့

ဒီထဲပါတဲ့ တချို့ဆောင်းပါးတွေက အသစ်တော့မဟုတ်ဘူး အရင်က ပုံနှိပ်ဖူးတဲ့ ဗိသုကာ နဲ့ အနုပညာဆိုင်ရာ အကြောင်းအရာတွေကို ပြန်လည်ဖော်ပြထားတာလို့ထင်တယ်။ ဒါလည်း သဘောကျမိပါတယ် ဘာဖြစ်လို့လဲဆိုတော့ တချို့စာတွေက အခုချိန်ပြန်ရှာရခက်တာမလို့ မှတ်တမ်းသဘောသိမ်းထားချင်ရင် အရမ်းကို အဆင်သင့်တယ်။
အရင်က‌စာတွေဆိုပေမဲ့ ဒဿနတွေက ခေတ်နောက်ကျနေတာမျိုးတော့မဟုတ်ဘူး ဖတ်သား မှတ်ယူစရာတွေပါတယ်လေ။ ဥပမာဆို ဗိသုကာဦးဘိုကြီးရဲ့ ဒီဇိုင်းသဘောပြောကြရအောင်ဆိုတဲ့ ၁၉၇၈ ခုနှစ်က ဆောင်းပါးဆို ကျမပြန်ရှာနေတာ အခု ကြန်က ပြန်ဖော်ပြမှပဲ ဖတ်ရတော့တယ်။

ဗိသုကာ အကြောင်းတွေအပြင် ဆက်စပ်နေတဲ့ အနုပညာ နဲ့ ဒီဇိုင်း အကြောင်းအရာဆောင်းပါးတွေလည်း ပါပါတယ်။ ဆရာမ ချိုချိုအောင်ရဲ့ ပန်းချီကားမျိုးတွေလည်း တွေ့ရမယ်။ ဒါ့အပြင် မြို့ပြဆိုင်ရာ လေ့လာစရာတွေလည်းပါတော့ ဆက်စပ်နေတဲ့ ကဏ္ဍအစုံကို အတော်လေးထောင့်စုံအောင် ပေါင်းစပ်ထားနိုင်တဲ့ မဂ္ဂဇင်းတစ်ခုလို့ပြောနိုင်ပါတယ်။

ဗိသုကာပညာရပ်ကို မြန်မာဘာသာနဲ့ ဖတ်ရှုစရာနည်းခဲ့တော့ English လိုစာတွေဖတ်ရင်လည်း ဝေါဟာရတွေကို ဘာသာပြန်ထားတာမရှိရင် အဓိပ္ပါယ်သေချာမသိလို့ စာဖတ်နှေးတတ်တဲ့ ကျမလိုလူအတွက်က၊ ကြန်ထဲက တချို့‌ေဆာင်းပါးတွေမှာတော့ စစဖတ်ချင်းမှာ မြန်မာ‌ေဝါဟာရတချို့ကို ကျမအနေနဲ့ ဖြေးဖြေးချင်း တွေးယူရပေမဲ့လည်း အဆင်ပြေပါတယ်။

စိတ်ဝင်စားလို့ ဖတ်ကြည့်ချင်တယ်ဆိုရင် ကြန် - Kyan မှာ ဝင်ကြည့်ပြီး ဝယ်လို့ရပါတယ်။

Photos from Inya Institute's post 10/03/2023
10/02/2023

FYI 🔹🔷 နယ်သာလန်က TU Delft ကျောင်းရဲ့ နာမည်ကြီးဗိသုကာဌာနက နှစ်တိုင်း စီစဉ်တဲ့ "Manifesto for the Just City" workshop အကြောင်းပါ။
ဒီ workshop မှာက urban theory, urban planning နဲ့ spatial justice ပိုင်းမှာ ကျွမ်းကျင်တဲ့သူတွေက ပို့ချတဲ့ အွန်လိုင်းကနေ join လို့ရတဲ့ lecture series တွေပါတယ်။ နောက် အွန်လိုင်း လက်ချာ ၄ ခု တက်ပြီးရင် manifesto တစ်ခု ဝင်ရေးလို့ရတယ်၊ ရှေ့နှစ်ကဆို အဲ့ manifestoတွေထဲက အကောင်းဆုံး ဒါမှမဟုတ် စီစဉ်သူသဘောအကျဆုံး တစ်ခုခုကို ဆုပေးတာမျိုးရှိတယ်။

Workshop အကြောင်း အသေးစိတ်သိချင်ရင်/0 Register လုပ်ချင်ရင် link ပါ 👉
https://just-city.org/portfolio/manifesto-for-the-just-city/?fbclid=IwAR1-jZ9eae7IJWKqiqsLFgtcm-Bihofo1sQ7HKhal1F0xGSRToRJN20hwKI

မြို့ပြတွေတိုင်းနီးပါးမှာ ဖြစ်လေ့ရှိတဲ့
တန်းတူညီမျှမှု မရှိတဲ့ ဖွံ့ဖြိုးတိုးတက်‌ေရးမူဝါဒတွေနဲ့ စီမံကိန်းတွေအကြောင်းကို စိတ်ဝင်စားတဲ့ ဗိသုကာတွေ၊ မြို့ပြရေးရာ ယနဲ့ပတ်သက်ပြီး လေ့လာလုပ်ကိုင်နေတဲ့သူတွေ တက်ကြည့်သင့်တဲ့ workshop ‌ဖြစ်လို့ sharing လုပ်ပေးလိုက်ရပါတယ်။

Just City Concept ဆိုတာဘာလဲ သိချင်ရင်တော့ အရင်က အကျဉ်းချုပ်ရေးဖူးတဲ့ ဒီ post မှာ ဖတ်ကြည့်လို့ရတယ်။ https://m.facebook.com/story.php?story_fbid=1413628025798801&id=216738995487716&mibextid=Nif5oz

01/26/2023

[Call For Application]

Join us in the "YSEALI Cultural Heritage Hackathon 2023", a virtual hackathon session in brainstorming ideas, concept and knowledge to conserve Southeast Asia's heritage and mitigate the threats

Southeast Asia is home to 27 UNESCO World Cultural Heritage Sites with much more tangible and intangible heritage to be recognized. However, much of this heritage is now at risk of being damaged or disappearing with the challenges from the effect of climate change, expansion of human settlement, and drastic changes in our social behaviour due to the recent pandemic.

The YSEALI Cultural Heritage Hackathon 2023 is aiming to be the platform for raising awareness of such issues and connecting youths and expert enthusiasts of cultural heritage in Southeast Asia.

We would like to invite young Southeast Asian nationals between the age of 18 - 30 to participate in ideating and sharing knowledge on the cause of mitigating the threats to Southeast Asia's tangible and intangible cultural heritage, understanding the region's various cultures and the shared values of our cultural assets.

Hackathon Date : 16th (Evening Session) & 18th - 19th March 2023 (All Day Session)

Thematic
1. Tangible Southeast Asia Heritage - Climate Change and Water Management

2. Intangible Cultural Heritage - Intangible Southeast Asia Heritage - Urbanization, displacement, gentrification and disappearance of culture

Total Awards: $7,500

Apply at https://forms.gle/2XNYAkoMsWoVHw6v6 or Scan the Poster QRcode

Registration is open until 31st January 23:59 (ICT)

YSEALI Cultural Heritage Hackathon 2023 is hosted by the Young Southeast Asian Leaders Initiative, ศูนย์ศึกษามรดก ดิน น้ำ ลม ไฟ, AAD at KMITL and Urban Studies Lab.

12/24/2022

A reason why I am not a fan of "The Line Project" from Saudi Arabia

ကျောင်းတက်တုံးက Green Building ဆိုတဲ့ အသုံးအနှုန်းက ကျမတို့ ဗိသုကာ စာသင်ခန်း‌ေတွ
ထဲမှာ အတော် ခေတ်စားလာတဲ့ အချိန် အဆောက်အဦးမှာ အပင်ပေါက်နေရင်ရော၊ဒါမှမဟုတ် သစ်ပင်‌ေတွစိုက်ထားရင်ရော Green Building လို့သတ်မှတ်လားဆိုပြီး မေးတဲ့သူနဲ့ကြုံဖူးတယ်။
မေးတဲ့သူက ဘာသာစကားသင်တဲ့သူ မြန်မာလိုဘယ်လိုဘာသာပြန်သင့်လဲမေးရင်း ကပ်သီးကပ်ဖဲ့ပြောတာမဟုတ်ပေမဲ့ ကပ်သီးကပ်ဖဲ့တွေးတတ်ပါ့လို့ အဲ့တုံးကထင်ခဲ့တာပေါ့
နောက်တော့လဲ architecture မှာ အလွန် green Building ဖြစ်ချင်တဲ့ရောဂါတစ်ခုလို sustainable design ဆိုတာတွေကို အဆောက်အဦး ဆောက်လုပ်သူတွေကပါကြေညာမှာထည့်သွင်းချင်လာတော့ တမင်ကို အပင်တွေပါထည့်စိုက်ပြတဲ့ ဒီဇိုင်းတွေကြောင့် ဗိသုကာမဟုတ်တဲ့သူတွေ၊ layman တွေအနေနဲ့ ဘာလို့ အထင်မှားကြသလဲ
ဆိုတာ သဘောပေါက်လာတယ်

တကယ်တမ်းကျ အဆောက်အဥ‌ီးတစ်လုံး green ဖြစ်ဖို့ဆိုတာ green certificate ရဖို့ criteria လိုအပ်ချက်‌တွေပြည့်မှီမှရတာ ဒါတောင် Certificate အမျိုးအစားတွေက ကွာသေးတယ်
လူသိအများဆုံးက အမေရိကန်က LEED Certificate ထင်တယ် စင်ကာပူမှာဆိုလဲ သူ့နိုင်ငံက certificate သပ်သပ်ရှိပေမဲ့ LEED ကိုပဲ ပြန်ကိုးကားထားတာလို့ ပြောကြတယ်၊ ဆိုတော့ အပင်တွေထည့်စိုက်ရုံနဲ့ Green Building ဖြစ်သွားတာတော့ မဟုတ်ဘူးပေါ့လေ

ဒီနှစ်ပိုင်းမှာ Climate change နဲ့ပတ်သက်ပြီး သတင်းတွေထဲ တွင်တွင်ကျယ်ကျယ်သုံးလာတဲ့ စကားလုံးတစ်လုံးကို သတိထားမိကြသလားမသိဘူး Greenwashing တဲ့

တိုက်ရိုက် ဘာသာပြန်ရရင်တော့ "အစိမ်းရောင်ဆေးကြောခြင်း" ပေါ့
အဖွဲ့အစည်းတစ်ခုကပတ်ဝန်းကျင်ထိခိုက်မှုကို အမှန်တကယ်လျှော့ချဖို့ထက်၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် စျေးကွက်ချဲ့ထွင်တာမှာပဲ အချိန်နှင့်ငွေပိုမိုသုံးစွဲဒါမျိုးကို Greenwashing လို့ခေါ်တယ်။ ဥပမာ ‌ပေးရရင် ကြုံဖူးတဲ့ မိုးရာသီသစ်ပင်စိုက်ပွဲနဲ့‌ေတာင် တူမလားပဲ၊ ကမ္ဘာ‌ေမြကြီးစို‌ေပြလှပစိမ်းလန်းဖို့ဆိုပြီး သစ်တောတွေ‌ပြုန်းတီးနေရတဲ့အကြောင်းရင်းကိုမဖြေရှင်းပဲ နီးစပ်ရာ မြေကွက်လပ်တစ်ခုမှာ အပင်စိုက်ပွဲလုပ်ကြပြီး ဓါတ်ပုံတွေရိုက် သတင်းထဲပါပြီးရင်ပြီးရော ဆိုတာမျိုးလေ

အဲ့ဒီလို Greenwashing သဘောတရားတွေကို ဘယ်လို‌‌ေနရာတွေမှာတွေ့ရတတ်သလဲဆိုတော့ environmental conscious ဖြစ်တဲ့ ထုတ်ကုန်တွေ၊ ကုန်အမှတ်တံဆိပ်တွေ၊ ဝန်ဆောင်မှု‌ေတွကို ဝယ်ယူအား‌ေပးချင်တဲ့ စားသုံးသူတွေကို လှည့်ဖြားဖို့ ရည်ရွယ်ထားတဲ့ လှည့်စားထားသော စျေးကွက်ရှာဖွေရေး အသွင်သဏ္ဌာန်အနေနဲ့ တွေ့ရတတ်ပါတယ်။ အလှကုန်၊ အသားအရေထိန်းသိမ်းရေးထုတ်ကုန်၊ အဝတ်အစားကနေ အ‌စားအသောက်တွေအထိ
အဲ့နောက် ရေနံနဲ့ သဘာဝဓါတ်ငွေ့လို သယံဇာတအပေါ် မှီပြီးစီးပွားရှာနေတဲ့ လုပ်ငန်းကြီးတွေအထိ
ဒီလို အစိမ်းရောင်ဆေးကြောခြင်းကို လုပ်‌ေဆာင်နေတတ်ကြတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတဲ့ အကြောင်းအ‌ရင်းတွေရယ်၊ Carbon ဓါတ်ငွေ့ထုတ်လွှတ်မှု‌ေတွအများအပြား‌ေပါ်‌ေပါက်လာတာတဲ့အထဲ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေ၊ မြို့ပြတွေချဲ့ထွင်ခြင်း‌ေတွကလည်း အကြောင်းရင်းတစ်ခု ဖြစ်နေတာကိုး၊ အဲ့တာကြောင့် Sustainable Design, Green Building ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ကမ္ဘာတစ်ဝန်းမှာ ခေတ်စားလာတာကို အခွင့်ကောင်းယူပြီး green living ဖြစ်ချင်ကြတဲ့နေထိုင်သူတွေကို လှည့်ဖြားတဲ့ Greenwashing ဆန်ဆန် သဘောတရားတွေလည်း
Architecture နဲ့ City Planning တွေထဲ စိမ့်ဝင်ပျံ့နှံ့လာတယ်။

ခေါင်းမိုးထပ်မှာ အပင်တွေစိုက်လိုက်ပြီး ငါတို့အဆောက်အဦးကတော့ ဒီမြို့က ကာဘွန်တွေကိုစုပ်ယူနိုင်အောင်ရော အောက်စီဂျင်ပေးနိုင်အောင်ပါလုပ်ထားတယ်ဟေ့လို့ ကြော်ညာတာမျိုးကိုတွေ့ဖူးကြမယ်ထင်တယ်။ ဒါမှမဟုတ် ဘီလီယံနဲ့ချီတဲ့ အိမ်ရာ၊ မြို့သစ် စီမံကိန်းတွေမှာလည်း ငါတို့ဒီဇိုင်းတွေက sustainable ဖြစ်အောင်လုပ်ထားတယ်ဟေ့ ဆိုပြီး pitching လုပ်နေကြတာမျိုးတွေရော သတိထားမိကြမလား မသိဘူး။ ဒါဟာ Sustainable ဖြစ်ပါတယ်လို့ပြောထားတဲ့ ဒီဇိုင်းတိုင်းကို Greenwashing လုပ်နေတာပါလို့ ဝေဖန်တာမျိုးမဟုတ်ပေမယ့် Trend နောက်ကိုလိုက်ပြီး လူ့အဖွဲ့အစည်းကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တတ်တဲ့ ဒီဇိုင်းတွေ၊ စီမံကိန်းတွေလည်းရှိနေတယ်ဆိုတာကို သတိပြုစေချင်တာပါ။

ဆော်ဒီအာရေဗျမှာ The line project လုပ်မယ်လို့ကြေညာတဲ့အခါ ကျမကတော့ အဲ့ပရောဂျက်ရဲ့ sustainable living ဖြစ်လာမယ့် city လို့သုံးနှုန်းတာကို‌မြင်တော့ Greenwashing ကိုသွားသတိရမိပြန်တယ်။ BIG ရဲ့ အမေရိကန်သဲကန္တာရထဲ မြို့တည်မယ့် အကြံကိုလည်း ပညာရှင်တချို့က like a greenwashed Vegas? ဆိုတာမျိုးဝေဖန်ခဲ့ဖူးသေးတယ်။

Architecture တွေဆိုတာကလည်း သဘာဝပတ်ဝန်းကျင်နဲ့ လူတွေသဟဇာတဖြစ်အောင် အသုံးပြုတဲ့သူတွေရော၊ သဘာဝပတ်ဝန်းကျင်ကိုပါ အထိခိုက်အနည်းဆုံးနဲ့ လူမှုစီးပွားရေးဆိုင်ရာသက်ရောက်မှုကောင်းတွေပဲ ပေးမှ ဒီဇိုင်းကောင်းတစ်ခုလို့ ယူဆရင်တော့ sustainable architecture, sustainable design တွေက ကြေညာကောင်းရုံ၊ ရုပ်ပြကောင်းဖို့အတွက်တင်မဟုတ်ပဲ တကယ်ကို built environment နဲ့ natural environment အတွက်ပါ အရေးပါတယ်မလား။

ဗိသုကာတွေအနေနဲ့ကတော့ အချိန်ရတဲ့အခါ The line ဟာ တကယ်ရော sustainable city ဖြစ်ရဲ့လားဆိုတာကိုသုံးသပ်ထားတဲ့ critic article တွေကိုဖတ်ကြည့်သင့်ပါတယ်။ 50 Shades of Green: The Contradictions of Greenwashing in Architecture ဆိုတဲ့ Archdaily က ဆောင်းပါးတစ်ခုလည်း ဗိသုကာလက်ရာတွေထဲက အစိမ်းရောင်ဆေးကြောခြင်းအကြောင်းကို သုံးသပ်ပြထားတာ ဖတ်ကြည့်သင့်တဲ့အထဲပါတယ်။

Green Building လုပ်ချင်တဲ့သူတိုင်းအတွက် Sustainable design နဲ့ပတ်သက်တဲ့ အဆောက်အဦးတွေရဲ့ ပုံပန်းသွင်ပြင်ကိုချည်း လေ့လာမယ့်အစား၊ sustainable ဖြစ်အောင် ဘယ်လိုနည်းဗျူဟာတွေနဲ့ နည်းပညာတွေကို အသုံးချထားသလဲဆိုတာကို လေ့လာဖို့ကလည်း ဗိသုကာလက်ရာ‌ေတွထဲက Greenwashing တွေအကြောင်းကို သတိထားမိဖို့အတွက် အရေးပါတဲ့ ချည်းကပ်နည်းဖြစ်မယ်ထင်ပါတယ်။

12/17/2022

ဒီရက်ပိုင်း Urban Studies နဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ လာမေးကြတဲ့သူတွေရှိတာနဲ့
တခြားအကြောင်းထပ် research နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေအတွက် ရည်ရွယ်ပြီး
ကျမကျောင်းတက်တုံးက လေ့လာဖြစ်ခဲ့တဲ့
Online Course တစ်ခုအကြောင်း share ပေးလိုက်ပါတယ်။

Urban နဲ့ပတ်သက်လို့လေ့လာလိုတဲ့အခါမှာ postgraduate level မှာဆိုရင်
Urban Studies, Urbn planning, Urban Design, Urban Policy, Urbn Government နဲ့
ဒီနောက်ပိုင်းတချို့ကျောင်းတွေမှာ Urban Strategies စသဖြင့် Program ခေါင်းစဉ်အမျိုးမျိုးနဲ့ ကျောင်းတွေမှာ သင်ကြားကြပါတယ်

ကျမသတိထားမိသလောက်ကတော့
Urban Design ကတော့ design development တွေ နဲ့ design research ဘက်ကို ပိုသွားပေမယ့်
ကျန်တဲ့ Planning, Strategies, Policy ဘက် ဦးစားပေးလေ့လာတဲ့ program တွေမှာကတော့ Social Science ဘက်က research လုပ်တာမျိုးနဲ့ ပြန်သွားဆင်တူပါတယ်၊ ကျမကိုယ်တိုင်က Urban Strategies နဲ့ပြီးတဲ့အခါ ကျောင်းမှာတုံးက analysis လုပ်နည်းတွေ methodology တွေကို Quantitative ဘက်ရော၊ Qualitative ဘက်ရော မိတ်ဆက်ပေးပြီး ကိုယ်အားသန်ရာသွားကြပေမဲ့ Social Research ဆန်ဆန်ပဲ research လုပ်ကြတာ သတိထားမိပါတယ်။

မြန်မာမှာကျောင်းတက်ခဲ့တုံးကတော့ BArch မှာ
ကျမတို့လုပ်ခဲ့ရတဲ့ thesis ဆိုတာ Design research ဆိုတာထပ် ဘွဲ့ယူဖို့စာတမ်းငယ် ကိုယ်တိုင် အစဆုံးလုပ်ရတဲ့ Design Studio Project အကြီးစားတစ်ခုလောက်ပဲရှိခဲ့လေတော့ ကျမကတော့
Research ဆိုတာ ဘာမှန်းမသိ အစိမ်းသပ်သပ် ပါ

Post-grad ရောက်တော့ ဆရာတွေက သင်ပေးပေမဲ့ အတန်းချိန်က နည်းတာရော တခြားဘာသာတွေလုပ်နေရတာနဲ့ တကယ်တမ်း thesis proposal လဲရေးရော လုပ်ချင်တဲ့ခေါင်းစဉ်ကလွဲရင် ကိုယ်က ဘာမှ မသိလို့ ဘာပြန်မေးရမှန်းတောင်မသိ
နားမလည်တာလားဆိုတော့လဲ မဟုတ်ပြန်နဲ့ ကျမ အတွက် Thesis Preparation ကာလဟာ တကယ့်ကိုဖရိုဖရဲပဲ

အဲ့အချိန် online lecture တွေ ရှာ နားထောင်ရင်း free course တွေလိုက်ရှာရင်းနဲ့ Coursera မှာ
IHS က သင်တဲ့ Social Science Methods for Urban Research ဆိုတာကို သွားတွေ့တယ်
IHS ဆိုတာ Eramus University Rotterdam အောက်မှာရှိတဲ့ urban studies နဲ့ပတ်သက်ရင်
ယူရုတ်မှာ တော်တော်နာမည်ရတဲ့ ကျောင်းဆိုတော့
Course structure ဆွဲထားတာက ပြောစရာကိုမလိုလောက်အောင်ပဲ

ကျမဆို ဒီ course ဝင်တက်နေရင်းနဲ့ proposal ပြင်လိုက် လုပ်လိုက်မှာ Supervisorနဲ့ဆွေးနွေးတဲ့အခါ ကျမလိုချင်တာ လုပ်ချင်တာကို သေချာဆွေးနွေးနိုင်လာတာ ကိုယ့်ဘာသာ သတိထားမိတယ်၊

ဒီCourse ထဲ သင်ပေးတာ Method အပိုင်းမှာဆို Quantitative ပိုင်းရော Qualitative ပိုင်းရော Data ဘယ်လို စုရသလဲ၊ Sample ဆိုတာဘာ၊ Analysis ဘယ်လိုလုပ်ရသလဲက အစ တဆင့်စီဆိုတော့ Research ကို အစိမ်းသပ်သပ်ဖြစ်နေတဲ့သူတွေအတွက် သေချာရှင်းပြထားတဲ့အပြင်၊ Quiz တွေကော၊ Research နမူနာတချို့နဲ့ပါယှဉ်ပြီး ရှင်းပြထားတော့ တော်တော်နားလည်လွယ်တယ်

Audit တက်လို့လည်းရတော့ certificate မယူဘူးဆိုရင်၊ ပိုက်ဆံသွင်းစရာမလိုပဲ free ဝင်ဝင်ကြည့်ရင်းသင်လို့ရတယ်၊ တစ်ပတ် ၂ ရက် ၃ ရက်လောက် သေချာလိုက်လုပ်ရင် အစဆုံးက ၁ လခွဲ ၂ လလောက်ဆို သင်လို့ ပြီးပါတယ်

အထူးသဖြင့်
Urban Studies ကို စိတ်ဝင်စားတယ်၊ development နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့
ဗိသုကာကျောင်းသားတွေ
Postgraduate ဆက်သွားသွား၊ မသွားသွား
ဗိသုကာနဲ့‌ေကျာင်းပြီးတဲ့လူငယ်တွေ
Research နဲ့ပတ်သက်ပြီး လေ့လာဖို့အတွက်
ဒီ course ကို သင့်တော်တယ်ထင်လို့
ညွှန်းပေးတာပါ၊ တခြား ကျမ မသိတဲ့ ကောင်းတဲ့ course တွေလဲရှိကောင်းရှိနိုင်ပါတယ်

Social Science Methods for Urban Research
ဆိုပြီး Coursera မှာ တိုက်ရိုက်ရှာလို့လဲရသလို၊
အောက်က link ထဲကနေလဲ ဝင်ကြည့်လို့ရပါတယ်။

https://www.ihs.nl/en/education/moocs/studying-cities-social-science-methods-urban-research

12/06/2022

လျှောက်ကြည့်ကြပါ Architecture နဲ့ Urban Planning လဲပါတယ်

အီတလီနိုင်ငံ ဖလော်ရင့်မြို့ရှိ University of Florence ( Università degli Studi di Firenze ) မှ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချပေးမည့် Master Degree Program ( Laurea Magistrale ) များအတွက် မြန်မာကျောင်းသူ၊ ကျောင်းသား ၄ ဦးအတွက် စကော်လားရှစ် ပညာသင်ထောက်ပံ့မှုဆုများ ချီးမြှင့်သွားမည်ဖြစ်ပါသည်။ လျှောက်လွှာပိတ်ရက်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြစ်ပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် အချက်အလက်အသေးစိတ်ကို အောက်ပါလင့်ဒ်များမှ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

အီတလီဘာသာ

https://www.unifi.it/upload/sub/borse/2022/dr_1458_myanmar_231222.pdf

အင်္ဂလိပ်ဘာသာ

https://www.unifi.it/upload/sub/borse/2022/dr_1458_myanmar_231222_eng.pdf

တက္ကသိုလ် website

https://www.unifi.it/

Photos from Rethinking The Future's post 12/01/2022
Want your school to be the top-listed School/college in New York?

Click here to claim your Sponsored Listing.

Location

Website

Address


New York, NY