04/23/2026
English စကားပြောတွေ ရေးတင်နေတဲ့ page တခုမှာ အမှားတွေ ရေးတင်ထားတာ တွေ့မိလိုက်တယ်။ page နာမည်တော့ မပြောတော့ပါဘူး။ personal attack လုပ်တယ် ဖြစ်မှာ စိုးလို့။ ဒါပေမဲ့ ဘာလို့ ppst တင်ပြီး ပြောလဲ ဆိုရင် သင်ယူနေတဲ့ သူတွေ အမှားကြီး သုံးမိနေမှာ စိုးရိမ်မိလို့ပါ။ သူရေးထားတာ
နေပူနေတယ်။
The sun is hot.
တဲ့ ဘာကို ဆိုလို ချင်တာလဲ မသိဘူး။ ရာသီဥတု ပူတာ။ အိုက်တာကို ဆိလိုချင်တာလားတော့မသိဘူး။ ဒါဆိုရင်တော့ မှားပါတယ်။ ပူတာ။ အိုက်တာကိုရေးချင်ရင်
It is hot. ဒါမှမဟုတ် The whether is hot.
It is hot outside.
လည်းရပါတယ်.
တကယ်လို့ နေသာ နေတာကို ရေးချင်ရင်တော့
It is sunny.
ဒါမှမဟုတ်
The sun is shining. လို့ပြောပေါ့။
နောက်တခုက
ကြဥကြော်ပေးပါ။
Could you please fry an egg. တဲ့
grammar အရ မှန်ကောင်းမှန်နိုင်ပေမဲ့ အဲဒီလို မပြောကြပါဘူး။
Can you (or) Could you make a fried egg for me.
Can you make a omelette.
Can you make a scrambled egg.
လို့ပြောကြပါတယ်။