Kabyar Hninn Set

Kabyar Hninn Set For Business Inquiries : [email protected]

08/30/2026

English Speaking စိတ်ဝင်စားသူများအတွက် သီးသန့် Page လေးပါ။ မထင်မှတ်ဘဲ ဒီ Video လေးက လူပိုကြိုက်များနေပြန် Share လိုက်ပါတယ် 💕

08/19/2026

📖 The 48 Laws of Power စာအုပ်ထဲက မှတ်သားစရာတစ်ခု - “Never Outshine the Master.”

မြန်မာလိုတိုက်ရိုက်ပြောရရင်တော့ ဆရာထက် ပိုမကြီးချင်ပါနဲ့၊ ကိုယ့်အစွမ်းစကြောင့် အထက်လူ နေရခက်တာမျိုး မဖြစ်စေနဲ့ဆိုတာပါပဲ။

အဲ့လိုပြောလို့ ကိုယ့်ရဲ့ intelligence နဲ့ talent ကို ဖုံးကွယ်ထားဖို့ မလိုပါဘူး။ ဒါပေမယ့် ဘယ်အချိန်မှာ တောက်ပရမလဲ၊ ဘယ်အချိန်မှာ တခြားသူကို spotlight ပေးရမလဲဆိုတာ သိထားဖို့လိုပါတယ်။

Power isn’t just about being talented.
It’s about knowing how to use your talent strategically.

ဒီ Law က K အတွက်တော့ “ကိုယ့်ကိုယ်ကို သေးသိမ်အောင်နေပါ” ဆိုတဲ့ message မဟုတ်ဘဲ လူတွေရဲ့ ego နဲ့ psychology ကို နားလည်ပြီး ကိုယ့်ရဲ့အရည်အချင်းကို smart ဖြစ်အောင် အသုံးချပါ ဆိုတဲ့ lesson တစ်ခုလို့ မြင်ပါတယ်။

08/17/2026

“Beautiful” တစ်လုံးတည်းပဲ ပျင်းစရာကောင်းအောင် သုံးနေတော့မှာလား ? 🤔

ဒီနေ့တော့ “Beautiful” အစား သုံးလို့ရတဲ့ English words 6 လုံးကို ဘယ်လိုအခြေအနေမျိုးမှာ သုံးရမလဲဆိုတာနဲ့အတူ ရှင်းပြပေးထားပါတယ်။

Gorgeous, Stunning, Attractive, Lovely, Gorgeous-looking, Breathtaking ဆိုတဲ့ words တွေက အားလုံး “လှတယ်” ဆိုတဲ့ meaning ရှိပေမယ့် သုံးတဲ့နေရာနဲ့ ခံစားချက်က မတူပါဘူး။

English စကားပြောတဲ့အခါ vocabulary ကို သိထားရုံနဲ့ မပြီးဘဲ ဘယ်အချိန်မှာ ဘယ်စကားလုံးကို သုံးရမလဲ ဆိုတာပါ သိထားရင် ကိုယ့်ရဲ့ English က ပို natural ဖြစ်လာမှာပါ။

ဒီ video လေးကို save ထားပြီး နောက်တစ်ခါ “Beautiful” ပြောချင်တဲ့အခါ ပြန်ကြည့်လို့ရပါတယ်နော်။

08/16/2026

US က ကျောင်းတွေမှာ လက်ခံခွင့်ရဖို့ ဖြေခဲ့ရတဲ့Duolingo (English Proficiency Proof) Test လေးပါ

နိုင်ငံခြားမှာပညာတော်သင်ဖို့ ပြင်ဆင်နေတဲ့ ညီမလေး၊မောင်လေးတွေအတွက် အကူညီဖြစ်အောင် K ဖြေခဲ့တဲ့ အတွေ့အကြုံတွေကို Sharing လုပ်ထားတဲ့ video လေးပါ။

ဒီ video ကို ရိုက်ပြီး 2023 မှာ YouTube မှာ တင်ခဲ့တာပါတော်”များ” လည်း သဘောကျကြလို့၊

အခုနောက်ပိုင်းမှာမှ ဒီ Test ဖြေဖို့ရုန်းကန်လေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရှိတာမို့ K အရင်က တင်ခဲ့တဲ့ video ကိုပြန်တင်ပေးလိုက်တာဖြစ်ပါတယ်။

2023 ကတည်းကမို့ Rules တွေကတော့ ပြောင်းချင်ပြောင်းနိုင်ပါတယ်။
ဒါပေမယ့် Test ရဲ့သဘောတရားတွေနဲ့ မေးမယ့်ပုံစံတွေ၊ လေ့ကျင့်နည်းတွေကတော့ ပြောင်းသွားမှာမဟုတ်ပါဘူး။

သဘောကျ နှစ်သက်တယ်ဆိုရင် K updated version အနေနဲ့ နောက်ထပ် video တစ်ပုဒ်လုပ်သွားပေးပါမယ်။

K ရဲ့ YouTube channel ကို subscribe မလုပ်ရ
သေးရင်လည်း Subscribe လုပ်သွားပေးကြပါဦးနော် 🤍YouTube Video Link က comment ထဲမှာပါရှင့်

08/15/2026

“လျှာမရှည်နဲ့” “စကားများတယ်” “အရမ်းလျှာရှည်တာပဲ” ကို English လို ဘယ်လိုပြောမလဲ? 🤔

ဒီလို expression တွေကို “You talk too much.” တစ်ခုပဲသိထားစရာမလိုပါဘူး။

“You’re so talkative.”
“You never stop talking.”
“You’re such a chatterbox.”
“You’re quite the talker.”

ဆိုပြီး situation နဲ့ tone အလိုက် သုံးလို့ရပါတယ်။

English မှာ စကားလုံးတစ်လုံးချင်းစီကို ဘာသာပြန်တာထက် ဘယ်အခြေအနေမှာ ဘယ် expression ကို သုံးရမလဲ သိထားတာက ပိုအရေးကြီးပါတယ်။

ဒီလို everyday English expressions တွေကို ပိုပြီးလေ့လာချင်ရင် K ရဲ့ page ကို follow ထားပါနော်။ 🤍

လက်ရှိဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို စုံစမ်းချင်တယ်ဆို Page Messenger ကို စာပို့ထားပေးပါနော် 💌

08/12/2026

ခေတို့ Georgia, Macdonough က မြန်မာဘုန်းကြီးကျောင်းမှာကျင်းပခဲ့တဲ့ ဝါဆိုသင်္ကန်းကပ်တဲ့ရက်လေးဖြစ်ပါတယ်။

ဝါဆိုလပြည့်က လွန်ခဲ့ပြီဖြစ်ပေမယ့် Aug 09 မှာမှ ကျင်းပဖို့စှစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေနဲ့ စုံစည်းခွင်ြရတာ အင်မတန်ကိုမှ ပျော်ရွှင်ဝမ်းမြောက်ခဲ့ရပါတယ်။

လိုက်ပို့ပေးခဲ့တဲ့ ဇနှီးမောင်နှံ၊ မိသားစုလေးကိုလည်း အရမ်းကိုမှ ကျေးဇူးတင်မိပါတယ်။

ကြိုဆိုပေးခဲ့ကြတဲ့သူကြော်င့်လည်းပျော်ရွှင်ခဲ့ရပါတယ်။

နောက်လည်း ဒီလိုကုသိုလ်တွေထပ်လုပ်ရဖို့မျှော်လင့်ပါတယ်ရှင်🪷🤍

#ဝါဆိုသင်္ကန်း

08/11/2026

📌 401(k) ဆိုတာ ဘာလဲ? ဘာကြောင့် လိုအပ်နိုင်လဲ?

အမေရိကားမှာ အလုပ်လုပ်တဲ့သူတွေဆိုရင် 401(k) ဆိုတဲ့စကားကို မကြာခဏ ကြားရမှာပါ။ ဒါပေမယ့် 401(k) က ဘာလဲ၊ ဘယ်လိုအလုပ်လုပ်လဲ၊ ကိုယ့်အတွက် တကယ်လိုအပ်လားဆိုတာကို သေချာမသိတဲ့သူတွေ အများကြီးရှိပါတယ်။

ဒီ Video မှာတော့ K က 401(k) ရဲ့ အခြေခံသဘောတရားကနေစပြီး ဘယ်သူတွေအတွက် အသုံးဝင်လဲ၊ ဘယ်သူတွေအနေနဲ့ မဖြစ်မနေ မလိုအပ်နိုင်လဲ ဆိုတာကို ရှင်းပြထားပါတယ်။

📌 401(k) ဆိုတာ ဘာလဲဆိုရင် - အမေရိကန်မှာ အလုပ်လုပ်သူတွေ အငြိမ်းစားယူမယ့်အချိန်အတွက် ငွေစုနိုင်အောင် အလုပ်ရှင်တွေက ပေးထားတဲ့ retirement savings plan တစ်ခုပါ။

လစာထဲက တစ်စိတ်တစ်ပိုင်းကို 401(k) ထဲ ထည့်နိုင်ပြီး၊ တချို့ကုမ္ပဏီတွေက Employer Match အနေနဲ့ ကိုယ်ထည့်တဲ့ငွေကို သတ်မှတ်ထားတဲ့အတိုင်း ထပ်ထည့်ပေးနိုင်ပါတယ်။ ဒါက 401(k) ရဲ့ အရေးကြီးဆုံး benefits တွေထဲက တစ်ခုပါ။

ဒါပေမယ့် လူတိုင်းအတွက် 401(k) က မဖြစ်မနေ အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ပါဘူး။

လက်ရှိမှာ emergency savings မရှိသေးတာ၊ high-interest debt တွေရှိနေတာ၊ လစဉ်အသုံးစရိတ်တောင် မလုံလောက်သေးတာမျိုးဆိုရင် အဲဒါတွေကို အရင်ဖြေရှင်းဖို့ ပိုအရေးကြီးနိုင်ပါတယ်။

အဓိကက 401(k) ကောင်း/မကောင်းဆိုတာထက် ကိုယ့်ရဲ့ income, debt, savings နဲ့ financial goals တွေပေါ်မူတည်ပြီး အသုံးချတတ်ဖို့ အရေးကြီးပါတယ်။

ဒီ Video ထဲမှာ 401(k) ဘယ်လိုအလုပ်လုပ်လဲ၊ ဘာကြောင့် အသုံးချသင့်လဲ၊ ဘယ်လိုအခြေအနေမှာ မလိုအပ်နိုင်လဲဆိုတာ ရှင်းပြထားပါတယ်။

ကိုယ့်ပိုက်ဆံကို ကိုယ်နားလည်ပြီး စီမံတတ်ဖို့ Financial Education က မရှိမဖြစ်ပါ။ 💰



ဘုန်းကြီးကျောင်းရောက်တုန်းလေး အမှတ်တရ 🪷Georgia (USA) Macdonough မြို့မှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်တဲ့ ...
08/10/2026

ဘုန်းကြီးကျောင်းရောက်တုန်းလေး အမှတ်တရ 🪷

Georgia (USA) Macdonough မြို့မှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်တဲ့ ကျင်းပတဲ့အထိမ်းအမှတ်ကလေးဖြစ်ပါတယ် ။

နောက်နေ့ကျမှ Full vlog လေး တင်ပေးပါမယ်နော် ။

အရင် video မှာပြောသလိုပဲ ခေ အမေရိကရောက်ပြီးကတည်းက ဘုန်းကြီးကျောင်းကို 3/4 ခေါက်ပဲ ရောက်ဖြစ်တော့တာပါ။ များသောအားဖြင့် နေတဲ့နေရာနဲ့ ဝေးလို့။
အခုတောင် ပုံထဲက အသိအမတို့မိသားစုက လိုက်ပို့လို့သာ ရောက်လာဖြစ်တာပါ။ အရမ်းလည်း ကျေးဇူးတင်မ်ပါတယ်။

တရားနာခဲ့ရလို့ရော၊ တက်နိုင်သလောက်ပါဝင်ကူညီပေးဖြစ်ခဲ့လို့ရော အရမ်း ပီတိဖြစ်ခဲ့ရပါတယ် ။ တကယ်လည်း ပျော်ဖို့ကောင်းတယ်။

ကျောင်းပရဝုဏ်အတွင်းဝင်သွားတာနဲ့ မြန်မာပြည်ပြန်သွားရသလိုပဲ နွေးထွေးမှုအငွေ့အသက်လေးကိုပြန်ခံစားခဲ့ရတယ်

အားလုံးကလည်း လူမျိုး မတူရင်တောင် လှိုက်လှိုက်လှဲလှဒနဲ့ ကြိုဆိုကြတယ်၊
ဟိုရောက်တော့မှ တစ်ရွာထဲသားတွေနဲ့ ပြန်တွေ့၊ အမှတ်မထင် စကားစပ်မိရာကနေ မေးဖြစ်မှ သိကြတာပါ။
ဘာပဲဖြစ်ဖြစ် ကုသိုလ်လည်းရ ပျော်လည်းပျော်ခဲ့ရပါတယ်။

08/10/2026

US ကို ရောက်လာပြီးကတည်းက ဘုန်းကြီးကျောင်းရောက်ဖို့ဆိုတာ တအားရှားခဲ့တယ်

အခုတောင် အသိဗမာမိသားစုလေးနဲ့သိတော့ သူတို့လိုက်ပို့လို့သာ ရောက်လာဖြစ်တာပါ။ အရမ်းလည်း ကျေးဇူးတင်မ်ပါတယ်။

အိမ်မှာပဲနေဖြစ်ပေမယ့် K တရားနဲ့တော့ နေ့တိုင်းအထိအတွေ့လုပ်ဖြစ်ခဲ့ပါတယ်။

ဥပုသ်နေ့တွေလပြည့်နေ့တွေဆို
အိမ်မှာနေရင်းပဲ တရားနာရင်း
ဥပုသ်စောင့် နိုင်သလောက်သီလခံယူခဲ့ပါတယ်။

တစ်ယောက်တည်း အထီးကျန်ခဲ့တဲ့ အချိန်တွေဆို လူက တရားမနားထောင်ရရင် မနေနိုင် တစ်ခုခုလိုနေသလို အမြဲ ခံစားခဲ့ရပါတယ်။

အမေတို့ အမတို့ကလည်းအိမ်မှာအမြဲ ပဌာန်းရွတ်ပေးခဲ့တယ်၊ ခေအဆင်ပြေဖို့။

ကံကောင်းစွာနဲ့ တစ်နေ့ကျတော့ Walk for peace ဆိုတဲ့ သံဃာတော်အဖွဲ့အစည်းက USA ကိုရောက်လာပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့ခရီးစဉ်ကိုကြားသိခဲ့ရတော့ အတိုင်းမသိဝမ်းသာခဲ့တယ်။ အဲ့တာနဲ့ ခေါင်းဆောင်ဆရာတော် English လ်ိုဟောတဲ့တရားတွေကို မြန်မာပြည်သူပြည်သားတွေကိုလည်း သိစေချင်လို့

မြန်မာဘာသာပြန် video လေးတွေလုပ်ပေးဖြစ်ခဲ့တယ် live translation တွေလုပ်ပြီး တင်ဖြစ်ခဲ့တယ်၊ လူတွေ အများကြီးကလည်းကြိုက်နှစ်သက်ခဲ့ကြတဲ့အတွက် အင်မတန်မှ ပီတိဖြစ်ခဲ့ရပါတယ်။

ခေ့အတွက် follower ဘယ်လောက်ရတယ်ဆိုတာထက် ကုသိုလ်ဘယ်လောက်ရခဲ့လဲဆ်ိုတာက ပိုပြီးအဖိုးတန်ခဲ့ပါတယ်

ကိုယ်တွေက ဟိုးငယ်ငယ်လေးတည်းက တရားတော်တွေကို အရမ်းစိတ်ဝင်စားသူ၊ အရမ်းလေးစားခဲ့တဲ့သူတစ်ယောက်ပါ။

၅တန်းလောက်ကစပြီး နွေရာသီကျောင်းပိတ်၊ သကြင်္န်ကျတိုင်း တရားစခန်းဝင်ဖြစ်ခဲ့တယ်၊ ဝင်လို့မရရင် အိမ်မှာပဲ သကြင်္န်ရက်အတွင်း ဥပုသ်စောင့်တည်ဖြစ်ခဲ့ပါတယ်။

ဘာပဲဖြစ်နေပါစေ ခေနဲ့ မဝေးသွားမယ့်အရာတွေကတော့ ဘုရားဟောကြားခဲ့တဲ့ တရားတော်တွေနဲ့ ဒီတရားတော်တွေကိုပြန်လည်သင်ပြပေးတဲ့ သံဃာတော်တွေရဲ့ ကျေးဇူးပါပဲ။

English စာလေ့လာချင်သူများအတွက် - နားလည်ပေမယ့် မပြောတတ်သေးဘူး… ပြောရင်လည်း ယုံကြည်မှုမရှိသေးဘူးဆိုတဲ့သူတွေအတွက်K ပြင်ဆင်န...
08/08/2026

English စာလေ့လာချင်သူများအတွက် - နားလည်ပေမယ့် မပြောတတ်သေးဘူး… ပြောရင်လည်း ယုံကြည်မှုမရှိသေးဘူးဆိုတဲ့သူတွေအတွက်

K ပြင်ဆင်နေတဲ့ အတန်း ၄ ခုရှိပါတယ်နော် ။
ခေ့ဆီမှာလာပြီး English စာသင်တန်းစုံစမ်းနေကြသူများအတွက်လည်း အခွင့်အရေးတစ်ခုဖြစ်ပါလိမ့်မယ် ✨

Elementary, Pre-intermediate နဲ့ Intermediate
Level 3 မျိုးရှိပါတယ်နော်။

အသေးစိတ်ကို ပုံတွေတစ်ခုချင်းစီမှာ ရေးပြထားပါတယ်ရှင့်
Caption တစ်ခုချင်းစီကို ထောက်ပြီး လိုက်ကြည့်ပေးပါနော်။

ဒီအတန်းတွေမှာဘာတွေလေ့လာရမလဲဆိုရင်

• Real-life conversation တွေ practice လုပ်ရပါမယ်
• Conversation ကို start / continue လုပ်နည်းတွေ ၊
• ကိုယ့် experience နဲ့ idea တွေကို English နဲ့ ပြောနိုင်အောင် train လုပ်ပါမယ်
• Everyday vocabulary တွေကို practical အသုံးချမယ်
• Pronunciation + sentence structure ကို live feedback ရမှာဖြစ်ပါတယ် ။

Zoom Live Class တွေမှာတော့ ညီမ နဲ့ တိုက်ရိုက် practice လုပ်နိုင်ပြီး ချက်ချင်း feedback ရပါမယ်။

⏳ Duration – 4 weeks (1 month) - 1.5 months ကြာတတ်ပါတယ်။
📍 Zoom class ကနေ 10-15 ယောက်အထက်လက်မခံပါဘူး။

အချိန်တွေကတော့ ယာယီ Sat, Sun, Mon - Morning or Evening ရွေးချယ်ထားပေမယ့် အချိန်အတိအကျကိုပြန်ညှိလို့ရပါတယ်။

Early Bird promotion discount 17%-20% တွေလည်းရှိတဲ့အတွက် ပိုက်ဆံစုမိအောင် အချိန်မီ enroll လုပ်ဖို့ recommend လုပ်ပါတယ်ရှင် 🤍

English speaking ကို တကယ်တိုးတက်ချင်တယ်ဆိုရင်
ဒီတစ်ခါ မလွတ်ပါနဲ့နော်

📩 Join ချင်ရင် Page Messenger ကို Speaking Class” လို့ Message လေး ပို့ထားပေးပါရှင့် ။

မဟုတ်လည်း Comment လေး မန့်ပေးခဲ့ပါနော်။ K reply ပြန်ထားပေးပါ့မယ်။

Address

Kutztown, PA

Alerts

Be the first to know and let us send you an email when Kabyar Hninn Set posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kabyar Hninn Set:

Shortcuts

Share