Edulistic English

Edulistic English FREE ONLINE ENGLISH LESSONS
Teacher Ei Ei Aung
Master of Science in Education (TESOL)

Happy Myanmar New Year! 🌼May this special day bring peace to your heart, happiness to your home, and blessings to your f...
04/17/2026

Happy Myanmar New Year! 🌼

May this special day bring peace to your heart, happiness to your home, and blessings to your family. Wishing everyone a fresh new year filled with good health, kindness, and beautiful new beginnings.

Have a joyful and blessed Myanmar New Year! 💛

✨ဒီနေ့ video မှာ မီးဖိုခန်းမှာ သုံးတဲ့ English verbs 50 ခု ကို အတူ လေ့လာကြမယ်နော်။✅လွယ်ကူတဲ့ sentence တွေနဲ့ ပြထားလို့ န...
04/12/2026

✨ဒီနေ့ video မှာ မီးဖိုခန်းမှာ သုံးတဲ့ English verbs 50 ခု ကို အတူ လေ့လာကြမယ်နော်။

✅လွယ်ကူတဲ့ sentence တွေနဲ့ ပြထားလို့ နားလည်ရလွယ်ပြီး speaking practice လုပ်လို့လည်း အရမ်းကောင်းပါတယ်။ 📚Vocabulary လေ့လာမှတ်သားရတာ အဆင်ပြေအောင်လို့ စာသားတွေမှာ 🖍️color coding လုပ်ပေးထားပါတယ်။

Sentence တွေကို 👂နားထောင်ပြီး အတူ 🗣️repeat လုပ်ပါ။ ဒီလိုလေ့ကျင့်ပေးတာက vocabulary တိုးလာစေပြီး English speaking ကို ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။

Kitchen verbs တွေဖြစ်တဲ့ wash, cut, chop, mix, pour, fry, boil, bake, marinate စတဲ့ စကားလုံးတွေကို နေ့စဉ်ဘဝမှာ သုံးတတ်အောင် လေ့ကျင့်နိုင်မှာပါ။

HAPPY LEARNING!🙌

✨ဒီနေ့ video မှာ မီးဖိုချောင်မှာ သုံးတဲ့ English verbs 50 ခု ကို Ellie နဲ့အတူ လေ့လာကြမယ်နော်။✅လွယ်ကူတဲ့ sentence တွေနဲ့ ပြထားလို့ နာ...

မင်္ဂလာပါရှင်🙂 ဒီနေ့စဉ်အသုံးများတဲ့ English phrases နဲ့ 🗣️conversation patterns တွေကို ဒီဗီဒီယိုမှာ လေ့ကျင့်ကြရအောင်။ 📚A...
04/06/2026

မင်္ဂလာပါရှင်🙂

ဒီနေ့စဉ်အသုံးများတဲ့ English phrases နဲ့ 🗣️conversation patterns တွေကို ဒီဗီဒီယိုမှာ လေ့ကျင့်ကြရအောင်။ 📚A1-A2 level learners တွေအတွက် အထူးသင့်တော်ပြီး လွယ်ကူတဲ့ sentence patterns တွေ၊ အသုံးဝင်တဲ့ expressions တွေနဲ့ speaking practice လုပ်နိုင်ပါတယ်။

✨Burmese subtitle ပါဝင်သောကြောင့် အဓိပ္ပာယ်ကို ပိုမိုနားလည်လွယ်ကူစေမှာပါ။ English speaking ကို နေ့တိုင်းတိုးတက်ချင်သူများအတွက် ဒီဗီဒီယိုက ကောင်းတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

✅နားထောင်ပါ
✅ပြန်ပြောပါ
✅အသံထွက်ပြီး လေ့ကျင့်ပေးပါ

❤️Happy Practice!❤️

မင်္ဂလာပါရှင်🙂 ဒီနေ့စဉ်အသုံးများတဲ့ English phrases နဲ့ 🗣️conversation patterns တွေကို ဒီဗီဒီယိုမှာ လေ့ကျင့်ကြရအောင်။ 📚A1-A2 level learners တွ....

မင်္ဂလာပါရှင် 💛ဒီနေ့တော့ channel မှာ အရင်ကတင်ခဲ့တဲ့ Speaking Pattern video တွေကို ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။အင်္ဂလိပ်...
03/24/2026

မင်္ဂလာပါရှင် 💛
ဒီနေ့တော့ channel မှာ အရင်ကတင်ခဲ့တဲ့ Speaking Pattern video တွေကို ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။

အင်္ဂလိပ်စကားပြောတတ်ချင်တဲ့သူများအတွက် speaking patterns ကို လေ့ကျင့်တာက အရမ်းအကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ စကားတစ်ကြောင်းချင်းကိုသာ မမှတ်ဘဲ အသုံးများတဲ့ sentence patterns တွေကို နားလည်ပြီး လေ့ကျင့်ထားရင် ကိုယ့်စကားကိုယ် ပိုလွယ်လွယ်ကူကူ တည်ဆောက်ပြောနိုင်လာလို့ပါ။
ဥပမာ —
✅ pattern တစ်ခုကို သေချာလေ့ကျင့်ထားရင်
✅ ကိုယ့်အကြောင်း ပြောတာ
✅ နေ့စဉ်အလုပ်အကြောင်း ပြောတာ
✅ အကြိုက်အကြောင်း ပြောတာ
✅ မေးခွန်းဖြေဆိုတာ
✅ တခြားအခြေအနေအသစ်တွေမှာ စကားပြန်တည်ဆောက်တာတွေကို ပိုပြီး သဘာဝကျကျ ပြောနိုင်လာပါတယ်။

Speaking pattern practice က vocabulary သင်တာလိုပဲ အရေးကြီးပေမယ့် တစ်ခါတလေ လူများက မေ့လျော့တတ်ကြပါတယ်။ စကားလုံးတစ်လုံးချင်း သိနေရုံနဲ့ မလုံလောက်ပါဘူး။
အဲဒီစကားလုံးတွေကို pattern ထဲမှာ ဘယ်လိုသုံးရမလဲ သိလာတဲ့အခါ English speaking က ပိုပြီး မြန်လာတယ်၊ ယုံကြည်မှုလည်း တက်လာတယ်။

ဒီ playlist ထဲက video တွေက
✨ အသုံးဝင်တဲ့ speaking patterns
✨ နေ့စဉ်သုံး English expressions
✨ ထပ်ခါထပ်ခါ လေ့ကျင့်လို့ရတဲ့ sentence structures
တွေကို အခြေခံပြီး လေ့ကျင့်နိုင်အောင် ကူညီပေးမယ့် video တွေပါ။

ဒီ video တွေကို ဘယ်လိုလေ့ကျင့်သင့်လဲ?
👉🏻 တစ်ကြိမ် နားထောင်ပါ
👉🏻 နောက်ကနေ အသံထွက်လိုက်ပြောပါ
👉🏻 sentence ကို ကိုယ့်အကြောင်းနဲ့ ပြန်ပြောင်းပြီး ပြောကြည့်ပါ
👉🏻 တစ်နေ့ကို 5 မိနစ်၊ 10 မိနစ်ပဲဖြစ်ဖြစ် မှန်မှန်လေ့ကျင့်ပါ
အရေးကြီးဆုံးက perfect ဖြစ်အောင် မစောင့်ပါနဲ့။
အရင်ဆုံး စပြီးပြောဖို့၊ ထပ်ခါထပ်ခါ လေ့ကျင့်ဖို့က ပိုအရေးကြီးပါတယ်။
Speaking patterns တွေကို မကြာခဏ လေ့ကျင့်ပေးရင် English စကားပြောတဲ့အခါ "ဘာပြောရမလဲ?” ဆိုပြီး ကြာကြာစဉ်းစားနေစရာ မလိုတော့ဘဲ sentence တွေက ပိုပြီး သဘာဝကျကျ ထွက်လာပါလိမ့်မယ်။

အရင်က video တွေကို မကြည့်ရသေးတဲ့သူတွေလည်း ဒီအချိန်မှာ ပြန်လည်လေ့ကျင့်လို့ရပါတယ်။ အရင်ကြည့်ပြီးသားသူတွေလည်း revision အနေနဲ့ ပြန်ကြည့်ပြီး ပြန်ပြောကြည့်ပါ။ Language learning မှာ repetition က တကယ်အရေးကြီးပါတယ်။ ဒီ playlist က video တွေကို ကြည့်ပြီးနေ့တိုင်း နည်းနည်းစီ practice လုပ်သွားပါ။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့် speaking confidence တက်လာတာကို သေချာခံစားရပါလိမ့်မယ်။ 💪✨

🎥 Speaking Pattern Playlist ကို ဒီမှာ ဝင်ကြည့်ပြီး အတူလေ့ကျင့်လိုက်ရအောင်နော်။
ကိုယ်အကြိုက်ဆုံး pattern ဒါမှမဟုတ် practice လုပ်ချင်တဲ့ pattern ရှိရင် comment မှာလည်း ရေးခဲ့ပေးပါရှင်။ 💬

အတူတူ ဖြည်းဖြည်းချင်း လေ့ကျင့်ပြီး English speaking ကို ပိုကောင်းလာအောင် ကြိုးစားကြမယ်နော်။ 💛

🌟အလွယ်ဆုံးအသုံးအနှုန်းမှ ပိုမြင့်တဲ့အသုံးများထိ အစဉ်လိုက်တင်ပေးသွားပါမယ်။

ဒီဗီဒီယိုမှာ Erick နဲ့ Kathy တို့နဲ့အတူ နေ့စဉ်အသုံးများတဲ့ English ကို လေ့ကျင့်ပါမယ်။ဒီ A2-level စကားပြောမှာ သူငယ်ချင်း ...
03/03/2026

ဒီဗီဒီယိုမှာ Erick နဲ့ Kathy တို့နဲ့အတူ နေ့စဉ်အသုံးများတဲ့ English ကို လေ့ကျင့်ပါမယ်။
ဒီ A2-level စကားပြောမှာ သူငယ်ချင်း ၂ ယောက် မိသားစုအကြောင်းကို သဘာဝကျကျ ပြောဆိုထားပါတယ်။

✅✅Beginner မှ Pre-Intermediate ESL လေ့လာသူများအတွက် သင့်တော်ပါတယ်။

👉🏻ထိရောက်စွာ လေ့ကျင့်ဖို့ အဆင့် ၃ ဆင့်ထည့်ပေးထားပါတယ်။
✅Conversation ကို နားထောင်ပါ
✅စာကြောင်းတစ်ကြောင်းစီ ပြန်ပြောပေးပါ
✅တစ်လှည့်စီ ပြောပေးပါ

HAPPY PRACTICE!🎉

ဒီဗီဒီယိုမှာ Erick နဲ့ Kathy တို့နဲ့အတူ နေ့စဉ်အသုံးများတဲ့ English ကို လေ့ကျင့်ပါမယ်။ဒီ A2-level စကားပြောမှာ သူငယ်ချင်း ၂ ယော....

ဒီဗီဒီယိုမှာ Beginner Level (A1–A2) အတွက် workplace English short conversations ကို လေ့ကျင့်နိုင်ပါတယ်။ ဒီ video ကိုယ့်ရ...
02/22/2026

ဒီဗီဒီယိုမှာ Beginner Level (A1–A2) အတွက် workplace English short conversations ကို လေ့ကျင့်နိုင်ပါတယ်။ ဒီ video ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးစကားပြောတဲ့ပုံစံလေးတွေကို လေ့ကျင့်ပါမယ်။

✅ အလုပ်သစ်စတင်သူများ၊ ESL သင်ယူသူများ၊ Burmese learners များအတွက် အထူးသင့်တော်ပါတယ်။

👉 နားထောင်ပါ
👉 ပြန်ပြောပေးပါ
👉 အသံထွက်ပြီး လေ့ကျင့်ပေးပါ

နေ့တိုင်း အချိန်အနည်းငယ်ပေးင်္ပြး လေ့ကျင့်ပေးပါ။ တိုးတက်လာပါလိမ့်မယ် 💪

❤️Happy Practice!❤️

အလုပ်အတွက် အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြောကို လွယ်လွယ်ကူကူ သင်ယူလိုပါသလား? ဒီဗီဒီယိုမှာ Beginner Level (A1–A2) အတွက် workplace Engli...

ဒီဗီဒီယိုမှာ အလုပ်ခွင်မှာ အတူတကွလုပ်ကိုင်တဲ့ အလုပ်ဖော်တွေ ဖြစ်တဲ့ Julie နဲ့ Alex တို့ကအလုပ်မစခင် မနက်ပိုင်း လုပ်ရိုးလုပ်...
02/15/2026

ဒီဗီဒီယိုမှာ အလုပ်ခွင်မှာ အတူတကွလုပ်ကိုင်တဲ့ အလုပ်ဖော်တွေ ဖြစ်တဲ့ Julie နဲ့ Alex တို့ကအလုပ်မစခင် မနက်ပိုင်း လုပ်ရိုးလုပ်စဉ်များ ကို ပြောဆိုနေတဲ့
A2 အဆင့် English role-play conversation ကို လေ့ကျင့်နိုင်ပါတယ်။

ဒီဗီဒီယိုဟာ Beginner မှ Pre-Intermediate (A2) English လေ့လာသူများ အတွက်
နေ့စဉ်အသုံးများတဲ့ Office English နဲ့ Daily Routine English ကို လွယ်ကူ သဘာဝကျကျ ပြောတတ်အောင် လေ့ကျင့်နိုင်ပါမယ်။

လေ့ကျင့်နည်း (အဆင့် ၃ ဆင့်) -
1️⃣ စကားပြောကို နားထောင်ပါ
2️⃣ စကားကြားပြီးတိုင်း ထပ်ပြောပါ
3️⃣ Julie သို့မဟုတ် Alex အဖြစ် role-play ပြုလုပ်ပါ

👉🏻 Partner မရှိဘဲ တစ်ယောက်တည်းလည်း လေ့ကျင့်နိုင်ပါတယ်။

ဒီဗီဒီယို Benefits:
✅ နေ့စဉ် English စကားပြောရာမှာ ယုံကြည်မှု တိုးစေခြင်း
✅ Morning routine ဆိုင်ရာ စကားလုံးများ လေ့လာနိုင်ခြင်း
✅ Simple present tense ကို သဘာဝကျကျ အသုံးချနိုင်ခြင်း
✅ အသံထွက်နဲ့ ပြောဆိုမှု ပိုမိုပြေလည်လာစေခြင်း
✅ Office small talk ကို လွယ်ကူစွာ ပြောတတ်လာခြင်း

🗂 ဒီစကားပြောမှာ ပါဝင်တဲ့အကြောင်းအရာများ
- အလုပ်ခွင် မနက်ခင်း အနှုတ်အဆက်
- မနက်ပိုင်း လုပ်ရိုးလုပ်စဉ်များ
- အလေ့အကျင့်များ ပြောဆိုခြင်း
- မနက်စာအကြောင်း
- အလုပ်ခွင်မှာ သဘာဝကျတဲ့ စကားပြောပုံများ

ဒီဗီဒီယိုက
ESL / ELL လေ့လာသူများ, A2 English speaking practice, စာသင်ခန်းအသုံးပြုမှု နှင့် ကိုယ်တိုင်လေ့လာလိုသူများ အတွက် အထူးသင့်တော်ပါတယ်။

ဒီဗီဒီယိုမှာ အလုပ်ခွင်မှာ အတူတကွလုပ်ကိုင်တဲ့ အလုပ်ဖော်တွေ ဖြစ်တဲ့ Julie နဲ့ Alex တို့ကအလုပ်မစခင် မနက်ပိုင်း လုပ်.....

🤗ဒီဗီဒီယိုမှာ Liam နဲ့ Sophie တို့က ပန်းခြံမှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မိတ်ဖွဲ့ small talk ပြောဖြစ်တဲ့ပုံစံလေးနဲ့ 🗣️En...
02/08/2026

🤗ဒီဗီဒီယိုမှာ Liam နဲ့ Sophie တို့က ပန်းခြံမှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မိတ်ဖွဲ့ small talk ပြောဖြစ်တဲ့ပုံစံလေးနဲ့ 🗣️English conversation လေ့ကျင့်ကြပါမယ်။

✅✅Upper beginner and intermediate level ရှိသူများ အတွက် အထူးသင့်တော်ပါတယ်။

👉🏻ထိရောက်စွာ လေ့ကျင့်ဖို့ အဆင့် ၃ ဆင့်ကို လိုက်နာပါ။
✅Conversation ကို နားထောင်ပါ
✅စာကြောင်းတစ်ကြောင်းစီ ပြန်ပြောပေးပါ
✅တစ်လှည့်စီ ပြောပေးပါ

ဒီဗီဒီယို နဲ့ practice လုပ်ပေးခြင်းဖြင့်-
✔ နေ့စဉ်အသုံးပြုတဲ့ အင်္ဂလိပ်စကားမှာ ယုံကြည်မှုတိုးတက်စေခြင်း
✔ သဘာဝကျပြီး တကယ့်အသုံးချနိုင်တဲ့ စကားပြောပုံစံများကို သင်ယူနိုင်ခြင်း
✔ အသံထွက် (pronunciation) ကို လေ့ကျင့်နိုင်ခြင်း
✔ စကားပြော fluency ကို တိုးတက်စေခြင်း
✔ အင်္ဂလိပ်လို small talk ဘယ်လိုစတင်ရမလဲ သိရှိနိုင်ခြင်း

✨ဒီဗီဒီယိုမှာ ပါဝင်တဲ့ အကြောင်းအရာများ
– နှုတ်ဆက်ခြင်း
– Small talk ပြောဆိုခြင်း
– ရိုးရှင်းတဲ့ မေးခွန်းတွေ မေးခြင်းနဲ့ ဖြေဆိုခြင်း
– မိတ်ဆွေဖွဲ့ စကားပြောဆိုနိုင်မှု

HAPPY PRACTICE!🎉

ဒီဗီဒီယိုမှာ Liam နဲ့ Sophie တို့က ပန်းခြံမှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မိတ်ဖွဲ့ small talk ပြောဖြစ်တဲ့ပုံစံလေးနဲ့ English conversat...

မင်္ဂလာပါရှင်🙂 ဒီဒီဗီဒီယိုမှာ နေ့စဉ်ဘဝမှာ အသုံးများတဲ့ အင်္ဂလိပ်စကားပြော မေးခွန်း–အဖြေများ ကို လေ့ကျင့်နိုင်ပါသည်။ဒီသင်ခ...
02/01/2026

မင်္ဂလာပါရှင်🙂

ဒီဒီဗီဒီယိုမှာ နေ့စဉ်ဘဝမှာ အသုံးများတဲ့ အင်္ဂလိပ်စကားပြော မေးခွန်း–အဖြေများ ကို လေ့ကျင့်နိုင်ပါသည်။

ဒီသင်ခန်းစာက—
✅Beginner နှင့် Intermediate Level ရှိသူများ
✅နေ့စဉ်စကားပြော လေ့ကျင့်လိုသူများအတွက် သင့်တော်ပါတယ်။

👉 နားထောင်ပါ
👉 ပြန်ပြောပါ
👉 အသံထွက်ပြီး လေ့ကျင့်ပေးပါ

❤️Happy Practice!❤️

မင်္ဂလာပါရှင်🙂 ဒီဗီဒီယိုမှာ နေ့စဉ်ဘဝမှာ အသုံးများတဲ့ အင်္ဂလိပ်စကားပြော မေးခွန်း–အဖြေများ ကို လေ့ကျင့်နို....

မင်္ဂလာပါရှင်🙂 ဒီ practice video ထဲမှာ၂ ယောက်ပြောတဲ့ English conversation အတိုလေး ၃ခု ပါဝင်ပါတယ်။  အဖော်မလိုပဲနဲ့ တစ်ယော...
02/01/2026

မင်္ဂလာပါရှင်🙂

ဒီ practice video ထဲမှာ၂ ယောက်ပြောတဲ့ English conversation အတိုလေး ၃ခု ပါဝင်ပါတယ်။ အဖော်မလိုပဲနဲ့ တစ်ယောက်တစ်လှည့်ပြောပြီး လေ့ကျင့်လို့ရတဲ့ပုံစံလေးနဲ့ လုပ်ပေးထားပါတယ်။ ဒီမှာ 3 steps ပါဝင်ပါတယ်။

Step 1: Listen to the conversation. - နားထောင်ပေးပါ။
Step 2: Repeat. - ပြန်ပြောပြီး လေ့ကျင့်ပေးပါ။
Step 3: Take turns. - တစ်လှည့်စီ ပြောပေးပါ။

❤️Happy Practice!❤️

မင်္ဂလာပါရှင်🙂 ဒီ practice video ထဲမှာ၂ ယောက်ပြောတဲ့ English conversation အတိုလေး ၃ခု ပါဝင်ပါတယ်။ အဖော်မလိုပဲနဲ့ တစ်ယောက်တစ်လှည့်...

Address

Indianapolis, IN

Alerts

Be the first to know and let us send you an email when Edulistic English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share