08/22/2026
🚨 အရေးပေါ်သတင်း — ဆူငိုင်ကိုလုပ်နှင့် တာ့ခ်ဘိုင် မြို့နယ်များ ယာယီပိတ်ထား
၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက် ည ၉:၄၀ နာရီ နောက်ဆုံးအခြေအနေ
ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသရှိ ဆူငိုင်ကိုလုပ်
(สุไหงโก-ลก) နှင့် တာ့ခ်ဘိုင် (ตากใบ) မြို့နယ်များတွင် နေရာအများအပြား၌ ဗုံ ဖော- က်ခွဲမှုနှင့် မီ ရှို့ဖျ-က်ဆီးမှုများ ဖြစ်ပွားပြီးနောက် မြို့ဝင်မြို့ထွက် ယာယီပိတ်ထားပြီး ဝင်ထွက်သွားလာမှုကို ရပ်ဆိုင်းထားကြောင်း
สวท.สุไหงโก-ลก News က အသိပေးထားပါတယ်။
⚠️ လက်ရှိအချိန်တွင် ဖြစ်စဉ်များကို စ-စ်ဆေးနေသောကြောင့် ပြည်သူများ မိမိတို့နေရာတွင်ပင် နေထိုင်ကြရန် နှင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ မြို့ဝင်မြို့ထွက် ခရီးသွားခြင်း မပြုလုပ်ရန် အသိပေးထားပါတယ်။
📍 သတင်းရင်းမြစ် — สวท.สุไหงโก-ลก News
Crdphoto -khaosod
⏰ အချက်အလက်ရရှိချိန် — ၂၂-၈-၂၀၂၆၊ ည ၉:၄၀ နာရီ
08/22/2026
🚨🚨 အရေးပေါ်သတင်း — ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ် ၃ ပြည်နယ်မှာ မငြိမ်သက်မှုများ ဖြစ်ပွား
📍 ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၂ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသရှိ နရသီဝါတ် (นราธิวาส)၊ ယာလာ (ยะลา) နှင့် ပတ္တနီ (ปัตตานี) ပြည်နယ်များတွင် တစ်ပြိုင်နက် မငြိမ်သက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သတင်းများအရ သိရပါတယ်။
💥 ဖြစ်စဉ်များအတွင်း
• ပေါ-က်ကွဲမှုများ
• မီ ရှို့ မှုများ
• ကားတာယာများ မီ ရှို့ခြင်း
• အစိုးရရုံးနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပ-စ်မှ-တ်ထားခြင်း
• ဆက်သွယ်ရေးအချက်ပြတိုင်များ ပျ-က်စီးစေခြင်း
• လမ်းပေါ်တွင် အန္တရာယ်ရှိသော ပစ္စည်းများ ဖြန့်ချခြင်း
• ပတ္တနီပြည်နယ်တွင် ဆိုင်တစ်ဆိုင် လုယ-က်မှု
စသည့် ဖြစ်စဉ်များကို သတင်းရရှိထားပါတယ်။
လက်ရှိအချိန်တွင် အာဏာပိုင်များက နေရာများကို စ-စ်ဆေးထိန်းချုပ်နေဆဲဖြစ်ပါတယ်။
📍 နရသီဝါတ်ပြည်နယ်မှာလည်း ရာငေး (ระแงะ)၊ စီဆာခွန် (ศรีสาคร)၊ မုန်ဂ်နရသီဝါတ် (เมืองนราธิวาส) စတဲ့ နေရာများအပါအဝင် ဖြစ်စဉ်များစွာ ရှိခဲ့ကြောင်း သတင်းရရှိထားပါတယ်။ အချို့ဖြစ်စဉ်များမှာ ပေါ-က်ကွဲမှုနှင့် တာယာမီ ရှို့မှုများ ပါဝင်ပါတယ်။
⚠️ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အထူးသတိပြုရန်
နရသီဝါတ်၊ ယာလာ၊ ပတ္တနီနှင့် အနီးဝန်းကျင်ဒေသများတွင် ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် —
🔴 မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။
🔴 ဖြစ်စဉ်ဖြစ်ပွားရာနေရာများ၊ စ-စ်ဆေးရေးနေရာများနှင့် လူစုလူဝေးနေရာများကို ရှောင်ပါ။
🔴 မသင်္ကာဖွယ် ပစ္စည်း၊ အိတ်၊ ကား သို့မဟုတ် မည်သည့်အရာကိုမဆို မထိပါနှင့်၊ မနီးကပ်ပါနှင့်။
🔴 လမ်းပိတ်ထားပါက လုံခြုံရေးတပ်ဖွဲ့များ၏ ညွှန်ကြားချက်ကို လိုက်နာပါ။
🔴 အရေးကြီးကိစ္စမရှိပါက ယာယီအားဖြင့် အိမ်အတွင်းမှာပဲ နေထိုင်ပြီး တရားဝင်သတင်းများကို စောင့်ကြည့်ပါ။
🚨 ထိုင်းအာဏာပိုင်များကလည်း ဖြစ်စဉ်ဖြစ်ပွားရာနေရာများနှင့် သတ်မှတ်ထားသော အန္တရာယ်ရှိဒေသများသို့ မသွားရန်၊ လုံခြုံရေးအတွက် အထူးသတိထားရန် အသိပေးထားပါတယ်
#ซ้อเปา
We do not support terrorism or violence.
08/22/2026
🏠 အခန်းငှားခြင်း / အိမ်ငှားခြင်း အသုံးများတဲ့ Thai ဝါကျ ၅၀
1 ค่าเช่าห้องเดือนละเท่าไหร่ အခန်းငှားခ တစ်လ ဘယ်လောက်လဲ
2 ห้องนี้ให้เช่าไหม ဒီအခန်း ငှားလို့ရလား
3 ห้องนี้ค่าเช่าเท่าไหร่ ဒီအခန်း ငှားခ ဘယ်လောက်လဲ
4 มีห้องว่างไหม အခန်းလွတ်ရှိလား
5 มีห้องให้เช่ารายเดือนไหม လစဉ်ငှားတဲ့အခန်း ရှိလား
6 ฉันกำลังหาห้องเช่า ငါ အခန်းငှားဖို့ ရှာနေတယ်
7 ฉันอยากเช่าห้องนี้ ငါ ဒီအခန်းငှားချင်တယ်
8 ห้องนี้มีเฟอร์นิเจอร์ไหม ဒီအခန်းမှာ ပရိဘောဂရှိလား
9 มีเตียงให้ไหม အိပ်ရာပါလား
10 มีเครื่องปรับอากาศไหม အဲကွန်းရှိလား
11 มีตู้เย็นไหม ရေခဲသေတ္တာရှိလား
12 มีเครื่องทำน้ำอุ่นไหม ရေနွေးစက်ရှိလား
13 ค่าน้ำคิดยังไง ရေဖိုးကို ဘယ်လိုတွက်လဲ
14 ค่าไฟคิดหน่วยละเท่าไหร่ မီးဖိုး တစ်ယူနစ် ဘယ်လောက်လဲ
15 ค่าเช่ารวมค่าน้ำไหม ငှားခထဲ ရေဖိုးပါလား
16 ค่าเช่ารวมค่าไฟไหม ငှားခထဲ မီးဖိုးပါလား
17 ต้องจ่ายค่ามัดจำไหม စပေါ်ငွေ ပေးရလား
18 ค่ามัดจำเท่าไหร่ စပေါ်ငွေ ဘယ်လောက်လဲ
19 ต้องจ่ายล่วงหน้ากี่เดือน ကြိုတင်ငွေ ဘယ်နှလ ပေးရလဲ
20 สัญญาเช่ากี่เดือน ငှားစာချုပ် ဘယ်နှလ ချုပ်လဲ
21 สัญญาเช่าหนึ่งปีได้ไหม တစ်နှစ်စာချုပ် ချုပ်လို့ရလား
22 ถ้าฉันเช่าแค่หกเดือนล่ะ ငါ ခြောက်လပဲ ငှားရင်ရော
23 ถ้าเช่าระยะสั้นได้ไหม ကာလတို ငှားလို့ရလား
24 เจ้าของห้องอยู่ที่ไหน အခန်းပိုင်ရှင် ဘယ်မှာနေလဲ
25 ขอเบอร์เจ้าของห้องหน่อย အခန်းပိုင်ရှင် ဖုန်းနံပါတ် ပေးပါ
26 ฉันขอดูห้องได้ไหม အခန်းကြည့်လို့ရမလား
27 ขอเข้าไปดูห้องก่อนได้ไหม အရင် အခန်းထဲဝင်ကြည့်လို့ရမလား
28 ห้องนี้อยู่ชั้นไหน ဒီအခန်းက ဘယ်ထပ်မှာလဲ
29 มีลิฟต์ไหม ဓာတ်လှေကားရှိလား
30 มีที่จอดรถไหม ကားရပ်စရာနေရာရှိလား
31 อยู่ใกล้ตลาดไหม ဈေးနဲ့နီးလား
32 อยู่ใกล้ร้านสะดวกซื้อไหม Convenience Store နဲ့နီးလား
33 เดินทางสะดวกไหม သွားလာရ အဆင်ပြေလား
34 แถวนี้ปลอดภัยไหม ဒီနား လုံခြုံလား
35 ห้องนี้เสียงดังไหม ဒီအခန်း ဆူညံလား
36 ห้องนี้ร้อนไหม ဒီအခန်း ပူလား
37 ห้องนี้มีน้ำรั่วไหม ဒီအခန်း ရေယိုလား
38 ผนังมีปัญหาไหม နံရံမှာ ပြဿနာရှိလား
39 ฉันจะย้ายเข้าวันไหนได้ ဘယ်နေ့ အခန်းပြောင်းဝင်လို့ရလဲ
40 ฉันจะย้ายออกสิ้นเดือนได้ไหม လကုန်မှာ ပြောင်းထွက်လို့ရလား
41 ถ้าย้ายออกต้องแจ้งล่วงหน้ากี่วัน ပြောင်းထွက်ရင် ဘယ်နှရက် ကြိုပြောရလဲ
42 ถ้าฉันย้ายออกจะได้เงินมัดจำคืนไหม ပြောင်းထွက်ရင် စပေါ်ငွေ ပြန်ရလား
43 ห้องแพงเกินไป အခန်းက ဈေးအရမ်းကြီးတယ်
44 ลดค่าเช่าได้ไหม ငှားခ လျှော့ပေးလို့ရလား
45 ขอเช่าเดือนละห้าพันได้ไหม တစ်လ ၅,၀၀၀ နဲ့ ငှားလို့ရမလား
46 ฉันขอจ่ายค่าเช่าทุกต้นเดือนได้ไหม လတိုင်း လဆန်းမှာ ငှားခပေးလို့ရလား
47 ฉันยังไม่ได้จ่ายค่าเช่า ငါ ငှားခ မပေးရသေးဘူး
48 วันนี้ฉันจะจ่ายค่าเช่า ဒီနေ့ ငှားခပေးမယ်
49 ฉันเช่าที่นี่มานานแล้ว ဒီမှာ ငှားနေတာ ကြာပြီ
50 ที่ที่ฉันเช่าไว้แพงเกินไป ငါ ငှားထားတဲ့နေရာက ဈေးအရမ်းကြီးတယ်
#ထိုင်းစကား ူးတန်း
08/22/2026
၁.Judge – တရားသူကြီး
🇹🇭 ผู้พิพากษา ဖုဖိဖာ့(က်)စာ
၂.Lawyer / Attorney – ရှေ့နေ
🇹🇭 ทนายความ ထနိုင်းခွမ်း
၃.Paralegal – ဥပဒေရေးရာ လက်ထောက်
🇹🇭 ผู้ช่วยทนายความ ဖု့ချွေ့ထနိုင်းခွမ်း
၄.Jury – ဂျူရီလူကြီးအဖွဲ့
( အပြစ်ရှိမရှိ ဆုံးဖြတ်ပေးသော အရပ်သားအဖွဲ့ )
🇹🇭 คณะลูกขุน ခနာ့လု(က်)ခွန်
၅.Prosecutor – တရားစွဲအရာရှိ
(အစိုးရအစား ရာဇဝတ်မှူများကို တရားစွဲဆိုသူ)
🇹🇭 อัยการ အိုင်းယကန်း
၆.Court / Courthouse – တရားရုံး
🇹🇭 ศาล စာန်
၇.Courtroom – တရားခွင်
🇹🇭 ห้องพิจารณาคดี ဟော့(င်)ဖိကျလာ့rနား
၈.Law – ဥပဒေ
🇹🇭 กฎหมาย ကွတ်မိုင်
၉.Defendant – တရားခံ(တရားစွဲဆိုခံရသူ )
🇹🇭 จำเลย ကျမ်းလေး
၁၀.Plaintiff / Claimant – တရားလို( တရားစွဲဆိုသူ )
🇹🇭 โจทก์ ကျို(ဒ် )
၁၁.Law Firm – ဥပဒေအကျိုးဆောင်လုပ်ငန်း
🇹🇭 สำนักงานกฎหมาย ဆမ်နတ်ငါန်းကွတ်မိုင်
၁၂.Crime – ပြစ်မှု /ရာဇဝတ်မှူ
🇹🇭 อาชญากรรม အားချယားကမ်း
၁၃.Criminal Law – ရာဇဝတ်မှု ဥပဒေ
🇹🇭 กฎหมายอาญา ကွတ်မိုင်အားယား
၁၄.Civil Law – တရားမ ဥပဒေ (တစ်ဦးနင့်တစ်ဦး အဖွဲ့အစည်းများအကြား အငြင်းပွားမှူ )
🇹🇭 กฎหมายแพ่ง ကွတ်မိုင်ဖဲန့်
၁၅.Witness – သက်သေ 🇹🇭 พยาน ဖယန်း
၁၆.Client – အမှုသည် 🇹🇭 ลูกความ လု(က်)ခွမ်း
၁၇.Victim – နစ်နာသူ 🇹🇭 ผู้เสียหาย ဖုဆေဟိုင်
၁၈.Contract – စာချုပ်🇹🇭 สัญญา ဆန်ယား
၁၉.Will – ေ သတမ်းစာ🇹🇭 พินัยกรรม ဖိနိုင်းကမ်း
၂၀.Affidavit – ကျမ်းကျိန်လွှာ
🇹🇭 หนังสือรับรองคำสาบาน
နန်(င်) ဆူ လပ်r လောr(င်) ခမ်း ဆာဘန်း
၂၁.Summons – ဆင့်ခေါ်စာ
🇹🇭 หมายเรียก မိုင်လင့်(က်)
၂၂.Warrant – ဝရမ်း (ဖမ်းဝရမ်း / ရှာဖွေဝရမ်း)
🇹🇭 หมายจับ / หมายค้น မိုင်ကျပ် / မိုင်ခွန်း
၂၃.Testimony – ထွက်ဆိုချက်
🇹🇭 คำให้การ ခမ်းဟိုက်ကန်း
၂၄.Objection! – ကန့်ကွက်ပါတယ်!
🇹🇭 คัดค้านครับ/ค่ะ ခတ်ခန်းခပ်/ခါ့
၂၅.Justice – တရားမျှတမှု
🇹🇭 ความยุติธรรม ခွမ်းယုသိထမ်း
၂၆.Right – အခွင့်အရေး🇹🇭 สิทธิ ဆစ်ထိ
၂၇.Evidence – သက်သေအထောက်အထား
🇹🇭 หลักฐาน လတ်ထန်
၂၈.Oath – သစ္စာပြုခြင်း / ကျမ်းကျိန်ခြင်း
🇹🇭 คำสาบาน ခမ်းဆာဘန်း
၂၉.Investigation – စုံစမ်းစစ်ဆေးခြင်း
🇹🇭 การสอบสวน ကန်းဆော်(ဘ်)ဆွန်
၃၀. Bail – အာမခံ
🇹🇭 การประกันตัว ကန်းပလာrကန်းသိုးဝ်
၃၁.Hearing – ကြားနာစစ်ဆေးခြင်း
🇹🇭 การไต่สวน ကန်းသိုင်ဆွန်
၃၂.To sue – တရားစွဲဆိုသည်
🇹🇭 ฟ้องร้อง ဖောf(င်) လောr(င်)
၃၃.To accuse – စွပ်စွဲသည်
🇹🇭 กล่าวหา ကလောင်rဟာ
၃၄.To testify – သက်သေထွက်ဆိုသည်
🇹🇭 ให้การเป็นพยาน ဟိုက်ကန်းပိန်းဖယန်း
၃၅.To prosecute – တရားစွဲအရေးယူသည်
🇹🇭 ดำเนินคดี ဒမ်းနေး(န်)ခဒီး
၃၆.Guilty – အပြစ်ရှိသော
🇹🇭 มีความผิด မီးခွမ်းဖစ်
၃၇.Innocent – အပြစ်မရှိသော
🇹🇭 บริสุทธิ์ / ไม่มีความผิด မိုက်မီးခွမ်းဖစ်
၃၈.Legal – ဥပဒေနှင့်ညီသော
🇹🇭 ถูกกฎหมาย ထု(က်)ကွတ်မိုင်
၃၉.Illegal – ဥပဒေနှင့်မညီသော
🇹🇭 ผิดกฎหมาย ဖစ်ကွတ်မိုင်
၄၀.Constitution – ဖွဲ့စည်းပုံအခြေခံဥပဒေ
🇹🇭 รัฐธรรมนูญ လတ်ထမနွန်း
၄၁.Regulation – နည်းဥပဒေ / စည်းမျဉ်း
🇹🇭 กฎระเบียบ ကွတ်လrဘီ(ဘ်)
၄၂.Lawsuit / Case – တရားစွဲမှု / အမှု
🇹🇭 คดี ခဒီး
၄၃.Trial – တရားစီရင်ခြင်း
🇹🇭 การพิจารณาคดี ကန်းဖိကျလrနားခဒီး
၄၄.Verdict – အမိန့် / စီရင်ချက်
(ဂျူရီ သို့မဟုတ် တရားသူကြီး၏ဆုံးဖြတ်ချက်)
🇹🇭 คำพิพากษา ခမ်းဖိဖာ့စာ
၄၅. Sentence – ပြစ်ဒဏ် (တရားရုံးမှ ချမှတ်သော)
🇹🇭 คำตัดสินลงโทษ ခမ်းတတ်ဆင်လုံထို့(ဒ်)
၄၆.Appeal – အယူခံဝင်ခြင်း
🇹🇭 การอุทธรณ์ ကန်းအုထော(န်)
၄၇.Jail – အချုပ်ထောင် (ယာယီထိန်းသိမ်းရာနေရာ)
🇹🇭 ห้องขัง ဟော့(င်)ခန်(င်)
၄၈.Prison – အကျဉ်းထောင်(ပြစ်ဒဏ်ကျခံရာနေရာ)
🇹🇭 เรือนจำ လင်းr(န်) ကျမ်း
#ပညာဒါန #ထိုင်းစကား #ထိုင်းရောက်မြန်မာ ူးတန်း
My purpose in teaching Thai is purely voluntary, and I do not support group violence.
08/22/2026
1. วันนี้วันจันทร์. 👉 ဒီနေ့ တနင်္လာနေ့ပါ။
2. พรุ่งนี้วันศุกร์. 👉 မနက်ဖြန် သောကြာနေ့ပါ။
3. วันเสาร์ฉันหยุด. 👉 စနေနေ့မှာ ကျွန်တော်/ကျွန်မ နားပါတယ်။
4. ฉันดูภาพยนตร์. 👉 ကျွန်တော်/ကျွန်မ ရုပ်ရှင်ကြည့်တယ်။
5. ภาพยนตร์เรื่องนี้สนุก. 👉 ဒီရုပ်ရှင်က ပျော်စရာကောင်းတယ်။
6. สัตว์ตัวนี้น่ารัก. 👉 ဒီတိရစ္ဆာန်က ချစ်ဖို့ကောင်းတယ်။
7. ฉันรักสัตว์. 👉 ကျွန်တော်/ကျွန်မ တိရစ္ဆာန်တွေကို ချစ်တယ်။
8. เขาเป็นแพทย์. 👉 သူက ဆရာဝန်ပါ။
9. แพทย์ตรวจคนไข้. 👉 ဆရာဝန်က လူနာကို စစ်ဆေးတယ်။
10. ฉันมีสิทธิ์. 👉 ကျွန်တော်/ကျွန်မမှာ အခွင့်အရေးရှိတယ်။
1. คุณไม่มีสิทธิ์. 👉 ခင်ဗျားမှာ အခွင့်အရေးမရှိဘူး။
2. รถยนต์คันนี้ใหม่. 👉 ဒီကားက အသစ်ပါ။
3. ฉันซื้อรถยนต์. 👉 ကျွန်တော်/ကျွန်မ ကားဝယ်ခဲ့တယ်။
4. พันธุ์สุนัขนี้ฉลาด. 👉 ဒီခွေးမျိုးက ဉာဏ်ကောင်းတယ်။
5. เขาศึกษาพันธุ์พืช. 👉 သူက အပင်မျိုးစိတ်တွေကို လေ့လာတယ်။
6. วันนี้ฉันดูภาพยนตร์กับเพื่อน. 👉 ဒီနေ့ သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်တယ်။
7. เด็กชอบสัตว์. 👉 ကလေးတွေ တိရစ္ဆာန်တွေကို ကြိုက်တယ်။
8. แพทย์ขับรถยนต์ไปโรงพยาบาล. 👉 ဆရာဝန်က ကားမောင်းပြီး ဆေးရုံကို သွားတယ်။
#ထိုင်းစကား ူးတန်း
08/22/2026
နေ့စဥ်သုံး ကြိယာများ ( คำกริยา / Verbs)
1.อาบน้ำ – ရေချိုးသည် အပ်နမ်း
2.แปรงฟัน – သွားတိုက်သည် ပလဲန်ဖန်းf
3.แต่งตัว – အဝတ်လဲသည် သဲန်သိုးဝ်
4.ทำอาหาร – ဟင်းချက်သည် ထမ်းအားဟန်
5.ทำความสะอาด – သန့်ရှင်းရေးလုပ်သည်
ထမ်းခမ်းခွမ်းစအတ်
6.ขับรถ – ကားမောင်းသည် ခပ်လွတ်r
7.ขึ้น – တက်သည် ခင့်(န်)
8.ลง – ဆင်းသည် လုံ(င်)
9.เข้า – ဝင်သည် ခေါက်
10.ออก – ထွက်သည် အော်(က်)
11.โทร – ဖုန်းခေါ်သည် ထိုး
12.ส่ง – ပို့သည် ဆုံ(င်)
13.รับ – လက်ခံသည် လပ်(ဘ်)
14.ช่วย – ကူညီသည် ချွေ့
15.รอ – စောင့်သည် လော(r)
16.คิด – စဉ်းစားသည် ခစ်
17.เข้าใจ – နားလည်သည် ခေါက်ကျိုင်း
18.จำ – မှတ်မိသည် ကျမ်း
19.ลืม – မေ့သည် လင်း(မ်)
20.รู้ – သိသည် လူး(r)
21.ชอบ – ကြိုက်သည် ချော့(ဘ်)
22.รัก – ချစ်သည် လတ်r(က်)
23.เกลียด – မုန်းသည် ကလင်r(ဒ်)
24.กลัว – ကြောက်သည် ကလိုးဝ်
25.หัวเราะ – ရယ်သည် ဟိုဝ်လော့r
26.ซื้อ – ဝယ်သည် ဆူး
27.ขาย – ရောင်းသည် ခိုင်
28.เปิด – ဖွင့်သည် ပေ့(ဒ်)
29.ปิด – ပိတ်သည် ပစ်
30.ล้าง – ဆေးသည် လန်း(င်)
31.ซัก – လျှော်သည် ဆတ်(က်)
#ပညာဒါန #ထိုင်းစကား ူးတန်း
#สร้างภาพจากAi #ไม่ใช่ภาพจริง
08/22/2026
🇹🇭 Subject (S) Level 2 — ၆ မျိုး
1. လူ (Person)
S + V + O + Time
• แม่ ซื้อ ของ ตอนเช้า
• မဲ့ ဆူး ခေါ(င်) တော(န်)ချောင်း
→ အမေ မနက်မှာ ပစ္စည်းဝယ်တယ်။
S + V + O + Place
• พี่ชาย ทำงาน ที่บริษัท
• ဖီး ချိုင်း ထမ်းငါန်း ထီး ဘောရိဆတ်
→ အစ်ကို ကုမ္ပဏီမှာ အလုပ်လုပ်တယ်။
S + V + O + Time
• น้องสาว เรียน ภาษาไทย ทุกวัน
• နော(င်)ဆောင်ဝ် ရီယန် ဖာဆာထိုင်း ထု(က်)ဝါန်
→ ညီမ ထိုင်းဘာသာစကားကို နေ့တိုင်းလေ့လာတယ်။
S + V + O + Place
• หมอ ตรวจ คนไข้ ที่โรงพยาบาล
• မော် ထရူတ် ခွန်ခိုင်း ထီး ရုံးဖယာဘန်
→ ဆရာဝန်က ဆေးရုံမှာ လူနာကို စ-စ်ဆေးတယ်။
S + V + O + Time
• เพื่อน ส่งข้อความ ให้ฉัน ตอนกลางคืน
• ဖွန့် ဆုံင် ခေါ်ခွာမ် ဟိုင်ချန် တော(န်)ကလန်(င် )ခူး(န်)
→ သူငယ်ချင်းက ညဘက်မှာ ကျွန်မဆီ စာပို့တယ်။
---
2. တိရစ္ဆာန် (Animal)
S + V + O + Place
• แมว กินอาหาร ในห้องครัว
• မဲဝ် ကင် အာဟာန် နိုင် ဟော့(င်)ခရူဝါ
→ ကြောင်က မီးဖိုချောင်ထဲမှာ အစာစားတယ်။
S + V + Adv
• สุนัข วิ่ง เร็วมาก → ခွေးက အရမ်းမြန်မြန်ပြေးတယ်။
• စူနက် ဝင့် ရိုဝ် မာ့က်
S + V + Place
• ปลา ว่ายน้ำ ในบ่อ → ငါးက ရေကန်ထဲမှာ ရေကူးတယ်။
• ပလာ ဝိုင့်နမ်း နိုင် ဘော်
S + V + Time
• ไก่ ขัน ตอนเช้า → ကြက်က မနက်မှာ အော်တယ်။
• ကိုင် ခန် တော(န်)ချောင်း
---
3. အရာဝတ္ထု (Thing)
S + V + O
• โทรศัพท์ แสดง ข้อความ
• ထိုးရဆပ် ဆဒဲန်း ခေါ့ခွာမ်
→ ဖုန်းက မက်ဆေ့စာသားတွေကို ပြတယ်။
S + V + O
• คอมพิวเตอร์ เก็บ ข้อมูล
• ခွန်ဖြူတာ ကေပ် ခေါ့မွန်
→ ကွန်ပျူတာက ဒေတာကို သိမ်းတယ်။
S + V + Time
• เครื่องปรับอากาศ เปิด ตอนกลางคืน
• ခရုန့် ပရပ် အာကတ် ပေဒ် တော(န်)ကလန်င် ခူး(န်)
→ အဲကွန်းက ညဘက်မှာ ဖွင့်ထားတယ်။
S + Adj + เพราะ + S + V
• โทรศัพท์ เครื่องนี้ แพง เพราะ เป็นรุ่นใหม่
• ထိုးရဆပ် ခရုန့်နီး ဖဲန် ဖရော ပိန်း ရွန့် မိုင်
→ ဒီဖုန်းက ဈေးကြီးတယ်၊ မော်ဒယ်အသစ်ဖြစ်လို့။
S + V + อยู่
• ประตู เปิดอยู่ → တံခါး ဖွင့်ထားတယ်။
• ပရာတူး ပေဒ် ယူ
---
4. လူအစု (Group)
S + V + O + Place
• นักเรียน เรียน ภาษาไทย ในห้อง
• နက်ရီးယန် ရီယန် ဖာဆာထိုင်း နိုင်ဟော့(င်)
→ ကျောင်းသားတွေ အခန်းထဲမှာ ထိုင်းဘာသာ သင်တယ်။
S + V + Time
• คนงาน เริ่มงาน ตอนแปดโมง
• ခွန်ငါန် ရွမ်ငါန် တော(န်) ပယ်(တ်) မုန်းင်
→ အလုပ်သမားတွေ ၈ နာရီမှာ အလုပ်စတယ်။
S + V + O + Place
• ครอบครัว กินข้าว ที่ร้านอาหาร → မိသားစုက စားသောက်ဆိုင်မှာ ထမင်းစားတယ်။
• ခရော့ပ်ခရူဝ် ကင်ခေါဝ် ထီး ရာန်အာဟာန်
S + V + กัน + Time
• เพื่อนๆ นัดเจอกัน พรุ่งนี้
• ဖွန်းဖွန်း နတ် ကျေးကန်း ဖရုန်နီး
→ သူငယ်ချင်းတွေ မနက်ဖြန် တွေ့ဖို့ချိန်းထားတယ်။
---
5. နေရာ (Place)
S + V + O
• ตลาด ขาย อาหารสด
• တလာတ် ခိုင် အာဟာန် ဆို(တ်)
→ ဈေးမှာ လတ်ဆတ်တဲ့အစားအစာ ရောင်းတယ်။
S + V + Time
• ร้านอาหาร เปิด ตอนหกโมง
• ရန်းအာဟာန် ပေဒ် တော(န်)ဟုတ်မုန်းင်
→ စားသောက်ဆိုင်က ၆ နာရီမှာ ဖွင့်တယ်။
S + Adj + มาก
• ห้างนี้ ใหญ่มาก → ဒီကုန်တိုက်က အရမ်းကြီးတယ်။
• ဟာန်နီး ယိုင်မာ့က်
S + V + อยู่ + Place
• โรงพยาบาล อยู่ ใกล้ตลาด
• ရုံးဖယာဘန် ယူ ကလိုင့် တလာ(တ်)
→ ဆေးရုံက ဈေးနားမှာ ရှိတယ်။
S + Adj + เพราะ + S + V
• ถนนนี้ รถติด เพราะ คนเยอะ
• ထနွန်နီး ရုတ်တစ် ဖရော ခွန်ယေ့ဥ်
→ ဒီလမ်းမှာ ကားပိတ်တယ်၊ လူများလို့။
---
6. အခြေအနေ / အယူအဆ (Idea / Situation)
S + V + O
• ความพยายาม ทำให้ เราประสบความสำเร็จ
• ခွားမ်ဖယာယာမ် ထမ်းဟိုင် ရောင် ပရာဆုပ်ခွားမ်ဆမ်ရေ(ဒ်)
→ ကြိုးစားအားထုတ်မှုက ကျွန်မတို့ကို အောင်မြင်စေတယ်။
S + V + O
• ความรู้ ช่วย คนทำงาน
• ခွားမ်ရူး ချွေ့ ခွန်ထမ်းငါန်း
→ အသိပညာက အလုပ်လုပ်သူတွေကို ကူညီပေးတယ်။
S + Adj + มาก
• สถานการณ์ ตอนนี้ ยากมาก
• ဆထာနာကာန် တော(န်)နီး ယာ့က်မာ့က်
→ အခုအခြေအနေက အရမ်းခက်တယ်။
S + V + เพราะ + S + V
• ปัญหานี้ เกิดขึ้น เพราะ คนไม่เข้าใจ
• ပန်ဟာနီး ကေဒ် ခင့်န် ဖရော ခွန် မိုင်ခေါင့်ကျိုင်း
→ ဒီပြဿနာ ဖြစ်လာတာက လူတွေ နားမလည်လို့ပါ
S + V + O + Adv
• ประสบการณ์ ช่วยให้เรา ตัดสินใจ ได้ดีขึ้น
→ အတွေ့အကြုံက ကျွန်မတို့ကို ပိုကောင်းကောင်း ဆုံးဖြတ်နိုင်အောင် ကူညီပေးတယ်။
• ပရာဆုပ်ကာန် ချွေ့ဟိုင်ရောင် တတ်ဆင်ကျိုင် ဒိုင်ဒီခွခင့်န်
Level 1 မှာ Subject အမျိုးအစား ၆ မျိုး ကို အခြေခံထားပြီးသားဆိုတော့ Level 2 မှာ ဝါကျနည်းနည်းပိုရှည်၊ အသုံးများတဲ့ ကြိယာ/အချိန်/နေရာ/အကြောင်းပြချက်တွေ ထည့်ထားပါတယ်
#ထိုင်းစကား #ထိုင်းရောက်မြန်မာ #สร่างรายได้จากfacebook #สร้างรายได้จากภาพนิ่ง #สร้างรายได้จากเนื้อหา
🔥🇹🇭 Thai Class အထူးတန်း 🇹🇭🔥မှ
သင်တန်း ၁...
ထိုင်းစကား အရေး၊ အဖတ်၊ အပြော သင်တန်း 🇹🇭✨
📚 စာသင်ချိန်
🕘 ည 9:45 နာရီမှ 11:00 နာရီအထိ
📅 စာသင်ရက်
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များ (အပတ်စဉ်)
🗓️ သင်တန်းကာလ
📌 3 လ
💰 သင်တန်းကြေး ၁၅၀၀ ဘတ်သာ
သင်ကြားနည်းး Video file + Zoom
📢 ထိုင်းစကားကို အခြေခံမှ စပြီး အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်လိုသူများအတွက် အထူးသင့်တော်သော အတန်းဖြစ်ပါသည်။
📌 စာရင်းပေးသွင်းလိုသူများ အမြန်ဆုံး CB မှတစ်ဆင့် ဆက်သွယ်အပ်နှံနိုင်ပါသည်။
08/22/2026
22.8.2026 တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၊ ကျန်းကျန်းမြို့မှာ ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး မိသားစုနဲ့ကွဲပြီး လမ်းပျောက်ခဲ့ပါတယ်။
လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ ကလေးကို ပြည်သူတစ်ဦးက တွေ့ရှိပြီး ရဲစခန်းကို ပို့ဆောင်ပေးခဲ့ပါတယ်။ ရဲတွေက မိဘနာမည်နဲ့ ဖုန်းနံပါတ်မေးမြန်းပေမယ့် ကလေးက မပြောနိုင်ခဲ့ပါဘူး။
အဲဒီနောက် ကလေးက “မေမေ့ပုံကို ဆွဲပြလို့ရတယ်” လို့ ပြောပြီး မိခင်ပုံကို ရေးဆွဲပြခဲ့ပါတယ်။ ပုံက ရိုးရိုးရှင်းရှင်းလေးဖြစ်ပေမယ့် ရဲတွေအတွက် မိဘတွေကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေခဲ့ပါတယ်။
ရဲတွေက ကလေးကို ရဲကားနဲ့ခေါ်ပြီး လမ်းညွှန်ခိုင်းကာ ဒေသခံတွေကိုလည်း မေးမြန်းရှာဖွေခဲ့ရာ တစ်နာရီခန့်အကြာမှာ မိဘတွေကို အောင်မြင်စွာ ရှာတွေ့ခဲ့ပါတယ်။
နောက်ဆုံးမှာ ကလေးမလေးကို မိသားစုထံ ဘေးကင်းစွာ ပြန်လည်အပ်နှံနိုင်ခဲ့ပြီး ရဲတွေကလည်း မိဘတွေကို ကလေးကို ပိုမိုဂရုစိုက်စောင့်ရှောက်ဖို့ သတိပေးခဲ့ပါတယ်။
ขอบคุณที่มา sohu
เรียบเรียงโดยทีมงานข่าวสดออนไลน์
08/22/2026
ဘန်ကောက် ဒင်းဒဲမှာ မြန်မာပွဲစားနှင့် ထိုင်းနိုင်ငံသား၊ ထိုင်းလာဘ်ပေးလာဘ်ယူ အရာရှိများ ပူးပေါင်းကာ တရားမဝင် ရွှေ့ပြောင်းလုပ်သား၏ကလေးများ အသက် ၅ နှစ်ကနေ ၁၅ နှစ်အောက် ပန်းရောင်ဘတ်ကက်ပြုနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ ဒင်းဒဲမြို့နယ်ရှိ နေရာလိပ်စာပါနေအိမ်များကို ထိုင်းပြည်ထဲရေးနှင့် အထူးတပ်ဖွဲ့ဝင်များကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနေ့မှာ ရွှေ့ပြောင်းကလေးငယ်များကို တရားမဝင် ပန်းရောင်ကတ် (အများခေါ် ) နံပါတ် ၇ နဲ့စတဲ့ကတ်တွေကို အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးပေါင်း ၁,၃၆၆ ဦး ကို တရားမဝင် မှတ်ပုံတင်ထားတာကို တွေ့ရှိခဲ့ပြီး၊ အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြပါတယ်။
ထိုနောက် အဲဒီလုပ်ငန်းမှာ သံသယရှိသူ အစိုးရဝန်ထမ်း ၃ ဦး၊ အိမ်ရှင်အဖြစ်လက်ခံသူ ထိုင်းနိုင်ငံသားနှင့် ထိုင်းပွဲစားအပါဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားပြီး၊ အရေးယူဆောင်ရွက်ထားပါတယ်။
နောက်ဆုံးရသတင်းအနေနဲ့ ဘန်ကောက်မြို့တော်ဝန်နဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဘန်ကောက်ထဲကရှိ မြို့နယ်ပေါင်း ၅၀ ရှိ ထွေအုပ်ရုံးများကို စ-စ်ဆေးဆောင်ရွက်မှုများပြုလုပ်သွားဖို့ စီစဉ်ထားတဲ့အပြင် ဆယ်နှစ်နောက်ပြန်စစ်ဆေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
တဆက်ထဲမှာပဲ ထိုင်းပြည်ထဲရေးနဲ့ အထူးစုံစမ်းစ-စ်ဆေးရေးတပ်ဖွဲ့က ဒီလိုရွှေ့ပြောင်းကလေးများကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ရှိ ပန်းရောင်ကတ်များထုတ်ပေးနေတဲ့လုပ်ငန်းဟာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေနိုင်တဲ့ လုပ်ငန်းဆောက်ရွက်ချက်များဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ တိုးချဲ့စ-စ်ဆေးသွားမှာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်မှစ၍ ပန်းရောင်ကတ် မှတ်တမ်းအားလုံးကို ပြန်လည်စစ်ဆေးမှု ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ရွှေ့ပြောင်းကလေးငယ်များဟာ အဲဒီကတ်ကိုရသွားရင် ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လွယ်လင့်တကူ ဘဏ်အကောင့်ဖွင့် အခွင့်အရေးများကို ရရှိစေတဲ့အပြင် အဲဒီအခွင့်အရေးတို့ဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး မှန်ကန်သောနေထိုင်မှုအထောက်အထားရှိတဲ့ ကလေးများသာ ရရှိခွင့်ရှိတယ်လို့ ပြည်ထဲရေးက ပြောပါတယ်။
ထိုကြောင့် အစိုးရအနေဖြင့် ဥပဒေကို ပိုမိုတင်းကျပ်စွာ ပြဋ္ဌာန်းပြီးလျှင် ပါဝင်ပတ်သက်သူ အားလုံးကိုလဲ ဒဏ်ငွေနှင့် ပြစ်ဒဏ်များကို တိုးမြှင့်သွားမည်ဖြစ်ကာ မမှန်မကန်ဆောင်ရွက်ထားတဲ့ကလေးများလဲ အခွင့်အရေးများ ရုတ်သိမ်းခြင်း ခံရမယ်လို့ သိရပါတယ်။
#ပန်းရောင်ကတ် #ကလေးပန်းရောင်ကတ်