Chin Student Initiative EduAid -CSI EduAid

Call Directions Contact the school

Chin Student Initiative EduAid -CSI EduAid Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Student Initiative EduAid -CSI EduAid, 20485 E 55th Place, Denver, CO.

Chin Student Initiative EduAid is an educational program led by a group of passionate overseas Chin Students dedicated to supporting academic excellence in Chin State.

CSI EduAid 2026 Scholarship Winners ✨🎓Congratulations to our four scholarship recipients! 👏🏆 Biak Tha Chin Sui🏆 Dawt Chi...
08/08/2026

CSI EduAid 2026 Scholarship Winners ✨🎓

Congratulations to our four scholarship recipients! 👏

🏆 Biak Tha Chin Sui
🏆 Dawt Chin Par
🏆 Lydia Van Lal Hnem
🏆 Esther Om Khawtee

We are proud to support your educational journeys. Wishing you all the best in your studies and future.

Congratulations once again!


Meet our instructor ✨CSI ကနေဖွင့်လှစ်ထားတဲ့ Build Yourself: Mindset, Character & Communication Skills Program ရဲ့ instru...
07/13/2026

Meet our instructor ✨

CSI ကနေဖွင့်လှစ်ထားတဲ့ Build Yourself: Mindset, Character & Communication Skills Program ရဲ့ instructor Nancy Par ကို မိတ်ဆက်ပေးလိုက်ပါတယ်။

သူမက USA နိုင်ငံ Ohio University မှာ Engineering major ဖြင့် Junior year တက်ရောက်နေပီး Phi Theta Kappa Honor Society ရဲ့ member တစ်ဉီးလည်း ဖြစ်ပါတယ်။

🏆 Background & Achievements

• International Rocket Award Winner
• Ohio University Transfer Scholarship Recipient
• Phi Theta Kappa Scholarship Recipient
• INMYAT Scholarship Recipient
• Completed coursework in Psychology, Ethics, and Public Speaking

သူမသည် ပညာရေးဆိုင်ရာ ပြင်ပလှုပ်ရှားမှုများနှင့် ပညာသင်ဆုအစီအစဉ်များတွင် အတွေ့အကြုံရှိသူတစ်ဉီးဖြစ်သည့်အပြင် လက်ရှိမှာလည်း CSI EduAid ရဲ့ Project Manager အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်ရှင့်။

Build yourself and your future! 🍃



Introducing "Build Yourself" Development Program 🌱♦️အောင်မြင်မှုဆိုတာ သင်ဘာတွေသိလဲဆိုတာနဲ့တင် ဆုံးဖြတ်တာမဟုတ်ဘဲ သင်ဘယ်လိ...
07/10/2026

Introducing "Build Yourself" Development Program 🌱

♦️အောင်မြင်မှုဆိုတာ သင်ဘာတွေသိလဲဆိုတာနဲ့တင် ဆုံးဖြတ်တာမဟုတ်ဘဲ သင်ဘယ်လိုတွေးခေါ်သလဲ၊ ဘယ်လိုပြောဆိုသလဲ၊ ဘယ်လိုဦးဆောင်သလဲဆိုတာနဲ့လည်း ဆုံးဖြတ်ပါတယ်။

♦️CSI EduAid ကနေ လူတွေရဲ့ အတွေးအခေါ်ပိုမိုကောင်းမွန်စေဖို့၊ သန်မာတဲ့ စရိုက်လက္ခဏာ
တည်ဆောက်ဖို့နှင့် ပညာရေး၊ ကိုယ်ရေးကိုယ်တာ ၊ ပရော်ဖက်ရှင်နယ် အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ skills တွေကို တိုးတက်စေဖို့ ရည်ရွယ်ပြီး Build yourself: 6 weeks development program ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ 🙌

ဒီ program ကို တက်ရောက်မယ့်သူတွေဟာ သင်တန်းကာလတစ်လျှောက်လုံး discussion၊ activity တွေကနေတစ်ဆင့် self-awareness၊ ethics၊ leadership၊ public speaking စသည့်အကြောင်းအရာတွေကို လေ့လာကြမှာဖြစ်ပါတယ်။

Program Details
📅 Duration: 6 Weeks
💻 Format: Zoom
🎓 Certificate of Completion Provided
💰 Program Fee: 30,000 MMK

📌သင်တန်းနဲ့ ပတ်သက်ပီး အသေးစိတ်သိရှိလိုပါက CSI EduAid page Messenger သို့ မေးမြန်းစုံးစမ်းနိုင်ပါတယ်ရှင်။



📢 CSI Scholarship 2026 TimelineApplications are now closed. Please check the timeline for the next steps. Best of luck t...
07/04/2026

📢 CSI Scholarship 2026 Timeline

Applications are now closed.

Please check the timeline for the next steps. Best of luck to all applicants!


CSI EduAid မှပေးအပ်သည့်ပညာသင်ဆုလျှောက်လွှာများပြန်လည်၍စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။CSI EduAid မှ ၂၀...
05/25/2026

CSI EduAid မှပေးအပ်သည့်ပညာသင်ဆုလျှောက်လွှာများပြန်လည်၍စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

CSI EduAid မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ထောက်ပံ့မည့်ပညာသင်ဆုလျှောက်လွှာများကိုလက်ခံနေပြီဖြစ်ပါသည်။

CSI EduAid မှထောက်ပံ့သောပညာသင်ဆုများသည် ချင်းတိုင်းရင်းသားကျောင်းသားကျောင်းသူများပညာသင် ကြားရာ၌ငွေကြေးဆိုင်ရာအထောက်အပံ့အခက်အခဲရှိနေသောသူများအားရည်ရွယ်၍ပေးအပ်သောပညာသင်ဆုဖြစ်ပါတယ်သည်။

ပညာရေးတွင်အမှန်တကယ်စိတ်ဝင်စား၍စိတ်အားထက်သန်သောချင်းတိုင်းရင်းသားကျောင်းသားကျောင်းသူများအားပညာသင်ကြားရာ၌အခက်ခဲမရှိအဆင်ပြေချောမွေ့ကာအနာဂတ်တွင်မိမိ၏လူမျိုးနှင့်ဒေသချင်းပြည်နယ်အတွက်ဦးဆောင်နိုင်မည့်အရည်အချင်းရှိသောခေါင်းဆောင်းကောင်းများမွေးထုတ်ပေးနိုင်ရန်အတွက်ပညာသင်ဆုထောက်ပံ့ပေးသောအစီအစဉ်တစ်ခုဖြစ်ပါသည်။

CSI EduAid ပညာသင်ဆုလျှောက်ထားရန်အတွက်လိုအပ်သောအချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

လျှောက်ထားသူများမှာ

၁။ ချင်းတိုင်းရင်းသားဖြစ်ရမည်။
၂။ လတ်တလောတွင်ချင်းပြည်နယ်၌ကောလိပ်နှင့်တက္ကသိုလ်တစ်ခုခုတွင်တက်ရောက်နေသူ (သို့မဟုတ်) မကြာမီတွင်ချင်းပြည်နယ်၌ကောလိပ်နှင့်တက္ကသိုလ်တက်ရောက်မည့်သူဖြစ်ရမည်။
၃။ ပညာရေးတွင်အမှန်တကယ်စိတ်ဝင်စား၍စိတ်အားထက်သန်ကြောင်းပြသနိုင်ရမည်။
၄။ အနာဂတ်တွင်မိမိလူမျိူးနှင့်ပြည်နယ်အတွ က်ပြန်လည်အသုံးချအကျိုးပြုနိုင်မည့်သူဖြစ်ရမည်။

ပညာသင်ဆုလျှောက်လွှာတင်ရာတွင်လုပ်ဆောင်ရမည့်အဆင့်များမှာအောက်ပါ
အတိုင်းဖြစ်ပါသည်။

၁။ လျှောက်ထားသူများသည်ဖော်ပြထားသောအွန်လိုင်းလျှောက်လွှာဖောင်
https://forms.gle/ceHDrKbcBz99W3op7
အားပြည့်စုံစွာတင်ပြရမည်။

၂။ စာတမ်းတင်ပြရမည့်အချက်များ
စာတမ်း (၂)ခုတင်ပြရန်ဖြစ်သည်။

(က) ပထမစာတမ်းတွင်အနည်းဆုံးစာလုံးရေ(၂၀၀) ပါဝင်ရမည်ဖြစ်သည်။ စာတမ်းတွင်ထည့်သွင်းရေးသားရမည့်အကြောင်းအရာမှာ ယနေ့သင်နေထိုင်ရာလူနေမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတွင်တွေ့ကြုံနေရသောအရေးကြီးဆုံးပြဿနာကိုဖော်ပြပါ။ ထိုပြဿနာကိုသင်၏ပညာရေးနှင့်အတွေ့အကြုံကျွမ်းကျင်မှုများကိုအသုံးပြု၍လက်ရှိတွင်မည်သို့ဖြေရှင်းနိုင်မည့်အကြောင်းကိုဖော်ပြထားသောစာတမ်းဖြစ်ရမည်။
(ခ) ဒုတိယစာတမ်းတွင်အနည်းဆုံးစာလုံးရေ (၁၀၀) ပါဝင်ရမည်ဖြစ်သည်။ စာတမ်းတွင်ထည့်သွင်းရေးသားရမည့်အကြောင်းအရာမှာ သင်နှင့်ယုံကြည်မှုအယူအဆမတူညီသောသူတစ်ဦးနှင့်တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံတစ်ခုကိုဖော်ပြရမည်ဖြစ်ပြီးထိုအခြေအနေအားသင်မည်သို့တုံ့ပြန်ခဲ့ကြောင်းနှင့်မည်သည့်အတွေ့အကြုံများသင်ယူခဲ့ရကြောင်းကိုဖော်ပြထားသောစာတမ်းဖြစ်ရမည်။

၃။ကိုယ်ရေးရာဇဝင်အကျဉ်း
၄။ သက်ဆိုင်ရာကောလိပ်(သို့မဟုတ်)တက္ကသိုလ်ဝင်ခွင့်လက်မှတ်

၅။ မိမိအားထောက်ခံ့ပေးသောအကြံပြုစာ(ယခုနှစ်အတွက်အသစ်ထပ်တိုးထားသောအချက်အလက်ဖြစ်သည်။)
လျှောက်ထားသူသည် အကြံပြုသူ၏ အချက်အလက်များကို လျှောက်လွှာဖောင်တွင် ထည့်သွင်းပေးရမည်။
CSI EduAid မှ အကြံပြုသူကို အီးမေးလ်မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်မည်ဖြစ်ပြီးထို့နောက် အကြံပြုသူသည် ပေးထားသော လင့်ခ်မှတစ်ဆင့် အကြံပြုစာကို တင်ပြရမည်။

ပညာသင်ထောက်ပံ့ဆု ရွေးချယ်ခံရသော ကျောင်းသားများအား တစ်နှစ်စာ သင်တန်းကြေးကိုသာ ထောက်ပံ့ပေးမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်လွှာတင်ရန်လက်ခံသောအချိန်ကာလမှာ မေလ ၂၅ရက်နေ့မှ ဇွန်လ ၃၀ရက်နေ့၂၀၂၆ ခုနှစ်အတွင်းဖြစ်ပါသည််။

CSI EduAid ပညာသင်ဆုနှင့်ပတ်သတ်၍မေးခွန်းတစ်စုံတစ်ရာရှိခဲ့ပါကဆက်သွယ်ရန်:
Email – [email protected]
(သို့မဟုတ် ) CSI EduAid page သို့ တိုက်ရိုက်မက်ဆေ့ခ်ျပေးပို့၍မေးမြန်းနိုင်ပါသည်။

လျှောက်လွှာတင်ခွင့်ရှိသော ချင်းတိုင်းရင်းသားကျောင်းသားကျောင်းသူများအားလုံးလျှောက်ထားကြရန် အထူးတိုက်တွန်းအားပေးလိုပါသည်။

ပညာရေးသည် အနာဂတ်တောက်ပမှုကို ဖန်တီးသည့်သော့ချက်တစ်ခုပင်ဖြစ်သည်။

CSI EduAid မှကျောင်းသားကျောင်းသူများ၏ပညာရေးအားအလေးထားလျက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။


Address

20485 E 55th Place
Denver, CO
80249

Telephone

+16162926808

Website

Alerts

Be the first to know and let us send you an email when Chin Student Initiative EduAid -CSI EduAid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Chin Student Initiative EduAid -CSI EduAid:

Shortcuts

Sponsored

Share