🚨 Deadline is coming up~
Youth Video Competition submissions close on Dec 17, just a few days away!
Don’t miss your chance to share your story and impact.
📧 [email protected]
Chin Student Initiative EduAid -CSI EduAid
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Student Initiative EduAid -CSI EduAid, 20485 E 55th Place, Denver, CO.
Chin Student Initiative EduAid is an educational program led by a group of passionate overseas Chin Students dedicated to supporting academic excellence in Chin State.
12/03/2025
Grateful to share this heartfelt review from Ca Tin Zi, one of our CSI EduAid scholarship recipients.
11/26/2025
Another inspiring review from our student, Salai Levi Ro Lian Hmung. At CSI EduAid, we are committed to supporting every learner’s future.
Calling All Young Changemakers!
The Youth Video Competition is now OPEN for submissions.
Show how youth can bring change to your community.
Send your video: [email protected]
Deadline : December 17,2025
11/22/2025
Behind every scholarship is a story of hope.
CSI EduAid is honored to support Dawt Tha Chin Par as she works toward building meaningful, sustainable change.
11/17/2025
CSI EduAid ကနေ လူငယ်တွေအတွက် “Creative solutions for our community” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြိုင်ပွဲလေးတစ်ခု ကျင်းပသွားမှာ ဖြစ်ပါတယ်။
လူငယ်တွေရဲ့ အသံ၊ idea၊ တီထွင်ဖန်တီးနိုင်စွမ်းစသည်များကို လူအများသိအောင် ချပြနိုင်တဲ့အခွင့်ရေးလည်း ဖြစ်ပါတယ်။
📌ပြိုင်ပွဲမှာ ဘယ်လို ပါဝင်ရမလဲ?
ကိုယ်ကြိုက်နှစ်သက်ရာ video တစ်ခုကို 3-5 minutes ဖန်တီးရမှာဖြစ်ပါတယ်။
~ Vlog ပုံစံ
~ Storytelling
~ Skit
~ Documentary style
~ Interview Style
~ ကိုယ်နှစ်သက်ရာလည်း ဖန်တီးနိုင်
📌ကိုယ်ဖန်တီးတဲ့ video ထဲမှာအောက်ဖော်ပြပါ အချက်များထဲမှ အနည်းဆုံးတစ်ခု ပါဝင်ရမှာဖြစ်ပါတယ်။
၁။ လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့ပြဿနာ
၂။ သင်ဖန်တီးမှူဆိုင်ရာ ဖြေရှင်းချက်
၃။ အောက်ပါခေါင်းစဉ်ခွဲထဲကတစ်ခု
~ Life of a Student
~ Hope & Education
~ Chin Culture & Youth
~ Community Solutions
📌 Video ပေးပို့ရာတွင် ကိုယ်ဖန်တီးထားတဲ့အကြောင်းအရာကို စာတိုအလုံးရေ (၁၀၀ ဒါမှမဟုတ် ၁၀၀ အောက်) ရေးသားပေးရပါမယ်။
📌 CSI EduAid Page မှာ video တိုင်းကို တင်ပေးမှာ ဖြစ်ပီး view ၊ like၊ comment၊ share စသည်များကို ကြည့်ရှူမည့်အပြင် ဒိုင်လူကြီးရဲ့ အမှတ်ပေးချက်များကို အဓိကထားပီး အနိုင်ရသူကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
📌 Winner Prize - 150,000 MMK
📌 Second Prize- 100,000 MMK
📌Third Prize - 50,000 MMK
📌 ဖန်တီးထားသည့် video ကို csi eduaid email: [email protected] မှာပေးပို့ရပါမည်။
📍Deadline: December 17,2025
[English]
CSI EduAid is launching the Youth Creativity & Innovation Contest 2025!
Theme: “Creative Solutions for Our Community”
📍We want to hear YOUR ideas, YOUR voice, and YOUR solutions to real problems you see around you.
How to Join:
📌Make a 3–5 minute video in ANY style you want -
~ Vlog style
~ Storytelling
~ Skit
~ Documentary style
~ Interview style
~ Or something totally creative
📌As long as your video includes:
1️⃣A real-life problem
2️⃣Your creative solution
3️⃣One sub-theme:
~Life of a Student
~Hope & Education
~Chin Culture & Youth
~Community Solutions
📝 Add a short caption (100 words or less)
📌Winner Prize - 150,000 MMK
📌 Second Prize -100,000MMK
📌Third Prize - 50,000 MMK
✅ We will post EVERY video on our page
✅Views & engagement will be considered BUT…
❗ Judges’ scores decide the winners
❗ Even if your video gets the most views, you won’t win unless your idea and creativity score high with judges.
So don’t worry about being “perfect” just be creative and real.
Official announcement: November 17, 2025
Send your video: [email protected]
Deadline : December 17,2025
10/26/2025
ဒီကနေ့ဝေမျှပေးမယ့်အရာကတော့ အင်တာနက်ရှိရုံနှင့် Massachusetts Institute of Technology (MIT) ကနေ အခမဲ့ online courses တက်နိုင်တဲ့ website - MITopencourseware ဘဲဖြစ်ပါတယ်
MITopencourseware ဆိုတာဘာလဲ?
MITopencoursewareဆိုတာ လူတိုင်းအခမဲ့ပညာရပ်များစာသင်ယူနိုင်ရန် Massachusetts Institute of Technology (MIT)ကပြုလုပ်ပေးသော website ဖြစ်ပါတယ်။ဒီwebsite မှာဆိုရင် MITမှ သင်ကြားပေးသော undergraduate နဲ့ gratuate course များကိုသင်ကြားနိုင်ပါတယ်။
MITopencoursewareတွင်
- Leture notes and slides
- Video and audio lectures
- Assignments and projects
- Reading lists
- Exams
များပါဝင်ပါသည်။
MIT ကနေ လေ့လာလို့ရတဲ့ အခမဲ့ online courses (MIT OpenCourseWare - OCW) တွေက တကယ့်ကို ရတနာသိုက်ပါပဲ။ သိပ္ပံ၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ ဘာသာစကား၊ လူမှုရေးသိပ္ပံ အစရှိတဲ့ ဘာသာရပ်ပေါင်းစုံကို လေ့လာနိုင်ပါတယ်။
အောက်မှာ ဘယ်လိုစလေ့လာရမလဲဆိုတာနဲ့ နာမည်ကြီး courses တွေရဲ့ link တွေကို ဖော်ပြပေးထားပါတယ်။
MIT OpenCourseWare (OCW) ကို ဘယ်လိုသုံးမလဲ?
1. ဝက်ဘ်ဆိုဒ်သွားပါ: https://ocw.mit.edu
2. Browse လုပ်ပါ: ဘာသာရပ် (Subject) အလိုက် ဒါမှမဟုတ် သင်ကြားမှုပုံစံ (Course Format) အလိုက် ရှာဖွေနိုင်ပါတယ်။
3. သင်ခန်းစာတစ်ခုကိုရွေးပါ: သင်စိတ်ဝင်စားတဲ့ သင်ခန်းစာကို နှိပ်လိုက်ရင် သင်ရိုးညွှန်းတမ်း (Syllabus), စာသင်ချိန်တွေရဲ့ ဗီဒီယိုများ (Lecture Videos), ဟောပြောချက်မှတ်စုများ (Lecture Notes), ပေးခိုင်းတဲ့စာတမ်းများ (Assignments) နဲ့ စာမေးပွဲမေးခွန်းဟောင်းများ (Exams) အထိ အားလုံးကို အခမဲ့ ရယူလေ့လာနိုင်ပါတယ်။
မှတ်ထားရမည့်အချက်များ
MITopencourseware ကနေ
1. MIT credits
2. certificate or diploma မရနိုင်ပါ
CSIEduAidကနေ ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ပညာကို အခမဲ့နဲ့၊ ကိုယ့်လိုအပ်ချက်အတိုင်း၊ ကိုယ့်အချိန်အလိုက် လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားတဲ့ အခွင့်အလမ်းကြီးတစ်ခုဖြစ်သော MITopencourseware ကို အသုံးပြုရန်တိုက်တွနိးလိုပါသည်။
10/19/2025
နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ ယနေ့ကမ္ဘာကြီးမှာလူတိုင်းက အထူးသဖြင့် ကျောင်းသားများ၊ professional များက Notion ဆိုတဲ့ digital appကို အသုံးပြုကြတာကိုတွေ့ရပါတယ်…အဲ့တော့ ဘာကြောင့် အသုံးများတာလဲ? ဘယ်လိုသုံးရတာလဲဆိုတာတွေကို ကြည့်ကြရအောင်။
📌Notion ဆိုတာ မှတ်စုမှတ်ရန်၊ သင့်ရဲ့ တစ်ပတ်လုံးအစီအစဉ်တွေကို ရေးဆွဲရန်၊ အရေးကြီးတဲ့ အချက်အလက် စသည်များကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်တဲ့ “all-in-one”App ဘဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် notebook ဒါမှမဟုတ် planner လို့လည်း ပြောလို့ရပါတယ်။
📌Notion ရဲ့ထူးခြားချက်ကတော့ သုံးရတာ flexible ဖြစ်ပီး အသုံးပြုသူက ကိုယ်စိတ်တိုင်းကျ pages တွေကို design ဖန်တီးလို့ရပါတယ်။ ဒီ App ကို သင့်ရဲ့ smartphone, tablet, computer စတာတွေမှာ ထည့်သွင်းလို့ရတာဖြစ်တဲ့အတွက် အချိန်၊ ဒေသ မရွေး လွယ်လွယ်ကူကူ သုံးလို့ရမှာဖြစ်ပါတယ်။
Useful features:
1. Note & Study Planner
2. To do list & Reminders
3. Calendar View & timelines
4. Template for everything
5. Team Collaboration
6. Databases for Scholarship or College info
✨CSI EduAid ကနေ ကျောင်းသားများ ပညာသင်ကြားရေး၊ အစီအစဉ်များ ရေးဆွဲရာတွင် ပိုမိုလွယ်ကူစေရန် Notion ကဲ့သို့ အထောက်အကူဖြစ်တဲ့ tool ကို စမ်းသုံးကြည့်ရန် တိုက်တွန်းလိုပါတယ်။
10/16/2025
📍ဒီကနေ့မှာတော့ CSI EduAidကနေ ထိုင်းနိုင်ငံမှာ engineering ပိုင်းနဲ့ပတ်သက်ပီး ကျောင်းတက်ဖို့ စဉ်းစားနေတဲ့ သူတွေအတွက် STU Royal Scholarship အကြောင်းမျှဝေသွားမှာဖြစ်ပါတယ်။
📍ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့စိတ်ကူးထားတယ်ဆိုရင် ဒီအခွင့်အရေးကို လက်မလွှတ်သင့်ပါဘူး။ Suranaree University of Technology (SUT) သည် 2026ခုနှစ် ဘွဲ့ကြိုအတန်းများအတွက် ပညာဆက်လက်သင်ယူရန် အာဆီယံကျောင်းသား အယောက်(20)တိတိ ပညာသင်ဆုများပေးအပ်သွားမှာဖြစ်ပါတယ်။
Available Program:
1. Civil Engineering
2. Mechanical & Aeronautics Engineering
3. Petrochemical and Polymer Engineering
4. Innovative Agripreneur
Scholarship benefit:
1. သင်တန်းကြေး(4) နှစ်ကင်းလွတ်ခွင့်
2. On campus accommodation
3. လစဉ်ထောက်ပံ့ကြေး
Eligible Criteria:
✅12 တန်းပညာရေးရှိသူ
✅ English လိုကောင်းမွန်စွာပြောတတ်သူ
✅ပညာရေးထူးချွန်သူဖြစ်ရမယ်
✅ASEAN နိုင်ငံသားဖြစ်ရမယ်
How to apply:
1. Visit this link https://interadmission.sut.ac.th/
2. Go to menu➡️ Royal Scholarship 2026➡️APPLY NOW
3. Select Program
4. Complete personal information
5. Upload Required documents:
☑️Copy of passport
☑️Copy of high school certificate
☑️Copy of transcript
☑️English proficiency test (if applicable)
6. Upload essay:
1. Statement of Purpose (500–600 words): Why do you want to study in SUT International Programs?
2. Challenge Essay (500–600 words): Describe the most challenging thing in your life and how you overcame it.
7. Short self-introduction video (1-2mins)
Application timeline: 1 October 2025 - 31 March 2026
📌 Scholarshipလျှောက်ရန်လမ်းညွှန်မှု လိုအပ်ပါက CSI EduAidမှာ လာရောက်ဆက်သွယ်လို့ရပါတယ်။
💔 In Loving Memory of Two Innocent Souls from Vanha Village
Today, a heartbreaking tragedy struck in Vanha Village, Chin State. A school in the village was attacked by a military airstrike. Two innocent children, aged 12 and 8, lost their lives, and many others were injured.
No child should ever lose their life in a classroom. Schools should be places of safety, hope, and dreams, not pain and loss.
Our deepest condolences go to the families, teachers, and every child affected by this cruel act. May the innocent souls of these young students rest in peace. And may we continue to stand together for a future where every child in Chin State and across Myanmar can learn safely and peacefully. 🕊️
__From CSI EduAid
10/07/2025
English မှာ “Tense” ဆိုတာက အချိန်ကိုဖော်ပြတဲ့ စကားလုံး ဖြစ်ပါတယ်။
အလုပ်(action) တစ်ခုက ဘယ်အချိန်မှာ ဖြစ်တာလဲဆိုတာ ဖော်ပြချင်တဲ့အခါဖို့ သုံးကြတာဖြစ်ပါတယ်။
🕰️ Tenses ကိုအမျိုးအစား သုံးမျိုးခွဲလို့ရပါတယ်။
1️⃣ Past – အတိတ် (ပြီးသွားပြီ)
2️⃣ Present – လက်ရှိ (အခုဖြစ်နေတယ်)
3️⃣ Future – အနာဂတ် (မဖြစ်သေးဘူး၊ နောက်မှဖြစ်မယ်)
ဒီနေ့မှာတော့ အနာဂတ်ဆိုတဲ့ (Future tense) အကြောင်းပြောကြမယ် 😍
အဲ့ Future Tenses ထဲကမှ Future Perfect နဲ့ Future Perfect Continuous ကို လေ့လာကြမယ်နော်။
🌟 Future Perfect Tense
👉 အနာဂတ်အချိန်တစ်ခုမှာ ပြီးသွားမယ် ဆိုတဲ့အရာကို ပြောချင်တဲ့အခါ သုံးတာဖြစ်တယ်။
🧩 Formula
Subject + will have + V₃ (past participle)
📘 ဥပမာ:
1. By next week, I will have finished my homework.
2. She will have graduated by 2026.
🗝️ အဓိပ္ပာယ်: အနာဂတ်အချိန်တစ်ခုမှာ ပြီးသွားမယ့်အရာ။
⏳ Future Perfect Continuous Tense
👉 အနာဂတ်အချိန်တစ်ခုအထိ ဆက်လုပ်နေမယ် ဆိုတဲ့အရာကို ပြောချင်တဲ့အခါ သုံးတယ်။
🧩 Formula
Subject + will have been + V-ing
📘 ဥပမာ:
1. By 10 p.m., I will have been studying for 5 hours.
2. They will have been living in Colorado for 3 years.
🗝️ အဓိပ္ပာယ်: အနာဂတ်အချိန်တစ်ခုအထိ ဆက်လုပ်နေမယ့်အရာ။
📣 Try it!
သင့်ဥပမာလေးကို အောက်ကcomment မှာရေးခဲ့လို့ရပါတယ်ရှင့်👇
“By next year, I will have learned English.” 😎
“By next month, I will have been exercising for 3 months.” 💪
📢Bi-weekly quiz winner announcement
📌CSI ကနေ နှစ်ပတ်တစ်ခါကျင်းပတဲ့ quiz အစီစဉ်လေးမှာ ပါဝင်တဲ့ အယောက်စီတိုင်းကို အထူးဘဲ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးမှာတော့ ဒီအစီစဉ်ရဲ့ winner နှစ်ယောက်လည်း ထွက်ပေါ်လာပီဘဲဖြစ်ပါတယ်ရှင့်။
📌Winner ကတော့ Jesy Bawi Nun Sung နှင့် Oilivia Iang Khun တို့ဘဲဖြစ်ပါတယ်။ Congratulations ပါ။ ဆုလေးရယူဖို့ page messenger မှာ လာရောက်ဆက်သွယ်ပေးကြပါနော်။
✨CSI ကနေနောက်ထပ်ပြုလုပ်မည့် အစီစဉ်လေးတွေကို စောင့်မျှော်ပေးကြပါရှင့်။
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
20485 E 55th Place
Denver, CO
80249