အခြေအနေအရပ်ရပ်ကြောင့်
ကျောင်းနဲ့ပတ်သက်ပြီး posts
မတင်နိုင်သေးပါဘူးနော် မကြာတော့တဲ့ အချိန်မှာ ပျော်စရာတွေနဲ့အတူ ပြန်လာပါမယ်
BEHS - 2Dalla
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BEHS - 2Dalla, Education, Dallas, TX.
အမှတ်တရတွေအများကြီးဘဲ
သို့သော်လည်း
12/13/2020
ဖွဲ့စည်းပုံပြောင်းလဲခြင်း
12/01/2020
၂၇.၁၁.၂၀၂၀(သောကြာနေ့)
အလယ်ကျောင်း၊ဒလ
တွင် လှူဒါန်သော
အ.ထ.က(၂)ဒလ ပညာရေးမိသားစု၏ အေးကထိန်
11/28/2020
ဂုဏ်ယူပါတယ် ဆရာရေ
ဒီထက်မက ပိုအောင်မြင်ပါစေနော်
08/09/2020
၂၀၂၀ပြည့်နှစ်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒလမြို့နယ် အောင်စာရင်း
၂၀၂၀ ခုနှစ် မတ်လတွင်ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို(၉-၈-၂၀၂၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၀၀:၃၀)နာရီ အချိန်တွင်ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး Online http://bit.ly/2WjJ4pk မှလည်းကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ အောင်စာရင်းကြည့်ရှုနိုင်သည့် အခြား website links နှင့်နေရာများစုစည်းထားမှု https://bit.ly/3fvmWlC
၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2020
07/03/2020
နှစ်စဉ်မပျက်မကွက် ကျောင်းအတွက် လုပ်အားကုသိုလ်ဒါနပြုပေးသော ရေတပ်မိသားစုအား
အ.ထ.က(၂)ဒလကျောင်း မိသားစုမှ ကျေးဇူးအထူးတင်ရှိပါသည်။
- (၁၃.၆.၂၀၂၀)ရက်နေ့ နံနက်(၆)နာရီတွင် ကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းများ၊ အခြေခံပညာအဌမတန်းစာမေးပွဲအောင်စာရင်းနှင့် အခြခံပညာအထက်တန်းဆင့် သင်ပြီးမြောက်ကြောင်းလက်မှတ်ရရှိမည့်ကျောင်းသား၊ကျောင်းသူ အမည်စာရင်းများအား ထုတ်ပြန်ပါမည်။
- သို့ဖြစ်ပါ၍ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သတ်မှတ်ထားသော မိမိတို့အတန်းအလိုက်အောင်စာရင်းကြည့်ရမည့် အဆောင်များတွင် စနစ်တကျ ကြည့်ရှုကြပါရန် မေတ္တာရပ်ခံပါသည်။
- ကျောင်း၏ အဝင်ဝတွင် အတန်းလိုက် အောင်စာရင်းကြည့်ရမည့် အဆောင်ပြမြေပုံကပ်ထားပေးပါမည်။
✅ ဖျက်စရာမလိုသော မျဉ်းကြောင်းများ ✅
တစ်ရက်မှာ ဆရာဖြစ်သူက
စာသင်ခန်းထဲဝင်လာပြီး
အတန်းသားတွေကို...
" သားတို့ ...
သားတို့ကို ဒီနေ့ ဘဝအတွက်
အလွန် အရေးကြီးတဲ့သင်ခန်းစာတခု
သင်ပေးမယ်။
အားလုံးငြိမ်ပြီး နားထောင်ပေးကြပါ "
လို့ပြောပြီး...
ကျောက်သင်ပုန်းပေါ်မှာ
မြေဖြူနဲ့ မျဉ်းဖြောင့်တကြောင်းကို
ခပ်ရှည်ရှည်လေး ဆွဲ လိုက်ပါတယ်။
ပြီးတော့ ...
သားတို့...
" ဒီမျဉ်းကို တိုသွားအောင်
ဘယ်သူ လုပ်နိုင်မလဲကွယ် "
လို့ မေးလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ...
ကျောင်းသားတယောက်က
ကျောက်သင်ပုန်းရှေ့ထွက်လာပြီး
မျဉ်းကို အလယ်ကနေ တဝက်လောက်
ဖျက်လိုက်ပါတော့တယ်... ။
" ဆရာ..
အခု ဆရာဆွဲထားတဲ့မျဉ်းကြောင်း
တိုသွားပါပြီ ခင်ဗျာ " လို့
ပြောလိုက်ပါတယ်... ။
ဆရာက ခေါင်းကို ခါရမ်းလိုက်ပြီး
နဂိုမူလ အရှည်လောက် မျဉ်းကို
ပြန်ပြီး ရေးဆွဲလိုက်ပါတယ် ... ။
" ဒီလိုတော့ မလုပ်ပါနဲ့သားရယ်...
မျဉ်းကို တိုသွားအောင် လုပ်တဲ့နေရာမှာ
မူလ မျဉ်းကို မထိခိုက်စေချင်ဘူး "
တတန်းလုံးလည်း တော်တော်ကြာကြာ
ငြိမ်နေကြပြီးနောက်...
ကျောင်းသားတယောက်ထွက်လာပြီး
မူလမျဉ်းနဲ့ ယှဉ်လျက်
ပိုပြီး ရှည်တဲ့မျဉ်းတကြောင်းကို
ရေးဆွဲ ပြလိုက်ပြီး...
" ဆရာ ...
အခု ဆရာ့မျဉ်း တိုသွားပါပြီ ခင်ဗျာ "
အဲဒီတော့မှ
ဆရာကပြုံးပြီး... အားလုံးကို
" သားတို့...
ဒီမျဉ်းကြောင်း ၂ ခု အကြောင်း
ဆရာ သင်ကြားပေးတာလေးကို
တသက်လုံး မှတ်သားထားကြပါ "
" မျဉ်းရှည်တကြောင်းကို ဖျက်သလို
ကိုယ်ထက် သာနေတဲ့ သူတယောက်ကို
ဖျက်စီးတာမျိုး သားတို့ဘဝမှာ
မလုပ်မိကြပါစေနဲ့ "
ကိုယ်က သူ့ထက်ပိုသာအောင်
ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးကိုသာ
မွေးမြူကြပါ။
ဒါမှသာ ...
သားတို့ဟာ လူ့ဘဝမှာ ယဉ်ကျေးလိမ္မာတဲ့
စိတ်ချမ်းမြေ့ရတဲ့လူသားတွေဖြစ်လာမှာပေါ့..
သူများကို ဖျက်စီးမဲ့လမ်းကိုရွေးမယ်ဆိုရင်
ထိုသူဟာ သမ္မတဖြစ်ဖြစ် ၊
ဝန်ကြီးဖြစ်ဖြစ် သူဌေး ဖြစ်ဖြစ်
ဘာသာရေးဆရာ ဖြစ်ဖြစ်
ဘာကြီးပဲဖြစ်နေ ဖြစ်နေ…
စိတ်ဓါတ်အောက်တန်းကျသူ
ဘဝမှာ ပျော်ရွှင်မှု တွေ
ဆိတ်သုန်းရသူ ဖြစ်ပြီး ...
တမလွန်မှာရော လက်ငင်းဘဝမှာပါ
မိမိပြုသည့်ကံ မိမိ ပြန်ခံစားရသူများ
ဖြစ်ကြမှာ စိုးရိမ်မိပါတယ်... ။
မှတ်ထားကြနော် ...။
Credit....
တစ်ရက်မှာ ဆရာဖြစ်သူက
အတန်းသားတွေကို...
" သားတို့ ...
သင်ပေးမယ်။
လို့ပြောပြီး...
ပြီးတော့ ...
သားတို့...
လို့ မေးလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ...
ကျောင်းသားတယောက်က
ဖျက်လိုက်ပါတော့တယ်... ။
" ဆရာ..
ပြောလိုက်ပါတယ်... ။
ငြိမ်နေကြပြီးနောက်...
မူလမျဉ်းနဲ့ ယှဉ်လျက်
ရေးဆွဲ ပြလိုက်ပြီး...
" ဆရာ ...
အဲဒီတော့မှ
" သားတို့...
မလုပ်မိကြပါစေနဲ့ "
မွေးမြူကြပါ။
ဒါမှသာ ...
ဘာသာရေးဆရာ ဖြစ်ဖြစ်
မှတ်ထားကြနော် ...။
Credit....
ကျောင်းတွေပြန်မဖွင့်နိုင်ခဲ့ရင် အွန်လိုင်းကနေ စာသင်ဖို့ စီစဉ်နေဟု ဦးဇော်ဌေးပြော
================================
COVID-19 ဂယက်ကြောင့် ဇွန်လမှာ ကျောင်းပြန်ဖွင့်မနိုင်ခဲ့ရင် အွန်လိုင်းကတစ်ဆင့် စာသင်နိုင်အောင် ပညာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
ဒီနေ့ မေလ ၁ ရက်နေ့မှာ သတင်းထောက်တွေနဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲ Video Conferencing ပြုလုပ်ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ COVID-19 အခြေအနေကြောင့် ကဏ္ဍအသီးသီးမှာ ကန့်သတ်မှုအားလုံးကို မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်တာကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာစစ်ဆေးမှုတွေ၊ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်နေတဲ့ ကိစ္စတွေအားလုံးကို ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။
COVID-19 ကူးစက်ပျံ့နှံ့မှု ကြာနေရင်တော့ တရုတ်နိုင်ငံတွေက စာသင်ကျောင်းတွေမှာ အသုံးပြုတဲ့ ကလေးတွေ အတွက် အကာအရံလုပ်လို့ရတဲ့နည်းလမ်းတွေအသုံးပြုဖို့လည်း စဉ်းစားထားပြီး အွန်လိုင်းကတစ်ဆင့် သင်ကြားနိုင်အောင်လည်း ပညာရေးဝန်ကြီးဌာနက စီစဉ်နေတဲ့အကြောင်း ဦးဇော်ဌေးက ပြောပါတယ်။
“ ကျွန်တော်တို့ ကျောင်းတွေရော၊ ဆယ်တန်းဖြေလွှာစာစစ်တာရောကို မေလ( ၁၅) ရက်အထိ ဆိုင်းငံ့ထားတယ်။ မေလ ၁၅ ရက်နေ့ ပြီးရင်တော့ နိုင်ငံတော်ရဲ့ မူဝါဒ အရ ပြန်ကြည့်ပြီး လုပ်ဖို့ရှိပါတယ်။
ဒီကာလကြာသွားရင်တော့ တရုတ်နိုင်ငံမှာဆိုရင် စာသင်ကျောင်းတွေမှာကလေးတွေ ဆောင်းတဲ့ ဦးထုပ်လေးတွေ ရှိတယ်။ ပေါင်ချိန်တွေဝတ်သလို အကာအရံလုပ်ထားတဲ့ ဦးထုပ်တွေပေါ့။ အဲလိုလုပ်တဲ့ စနစ်တွေလည်း ရှိတယ်။ အွန်လိုင်းကနေလည်း သွားနိုင်အောင် အခုတော့ ပညာရေးဝန်ကြီးဌာနက စမ်းသပ်နေပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။
COVID-19 ကြောင့် အခြေခံပညာအတန်းအောင်စာရင်းတွေကြေညာဖို့လည်း ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းထားသလို တက္ကသိုလ်ဝင်အောင်စာရင်းတွေကိုလည်း ဇွန်လမှာ ထုတ်ပြန်နိုင်တော့မှာမဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်က COVID-19 ရောဂါပိုး ရှိသူနှစ်ဦးကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် တက္ကသိုလ်စာမေးပွဲတွေကိုလည်း အဲဒီရက်ကတည်းက ရက်အကန့်အသတ်မရှိ ရပ်နားထားတာဖြစ်ပါတယ်။
Friday, May 1, 2020
04/21/2020
Click here to claim your Sponsored Listing.
Location
Category
Website
Address
Dallas, TX