New Generation Myanmar - NGM Education

New Generation Myanmar - NGM Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Generation Myanmar - NGM Education, School, 1000 Hilltop Cir, College Park, MD.

Graphic Design ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေစလေ့လာရမလဲ မသိသေးဘူးလား?Creative Core – Graphic Design Training မှာ Design အခြ...
10/03/2026

Graphic Design ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေစလေ့လာရမလဲ မသိသေးဘူးလား?

Creative Core – Graphic Design Training မှာ Design အခြေခံတွေကနေ စတင်ပြီး ကိုယ်တိုင် Design ဖန်တီးနိုင်တဲ့အထိ လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီ Training မှာ Graphic Design ရဲ့ အခြေခံအယူအဆတွေ၊ Layout, Typography, Color, Composition နဲ့ Visual Communication စတဲ့ အရေးကြီးတဲ့ Design Skills တွေကို လက်တွေ့လေ့ကျင့်ရင်း သင်ယူနိုင်မှာပါ။

Design ကို ဝါသနာပါသူတွေ၊ Creative Skill တစ်ခု တိုးတက်ချင်သူတွေ၊ Social Media Content တွေအတွက် ကိုယ်တိုင် Design ဖန်တီးချင်သူတွေအတွက် သင့်တော်တဲ့ Training တစ်ခုဖြစ်ပါတယ်။

ကိုယ့်ရဲ့ Creativity ကို Skill တစ်ခုအဖြစ် ပြောင်းလဲပြီး Design နဲ့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့အခွင့်အရေးကို စတင်လိုက်ပါ။

အသေးစိတ်အချက်အလက်များနှင့် Enrollment အတွက် NGM Online School Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


New Generation Myanmar ၏ Department of Academic Affairs မှ စီစဉ်ကျင်းပမည့် NGM British Parliamentary Debate Tournament 2...
10/02/2026

New Generation Myanmar ၏ Department of Academic Affairs မှ စီစဉ်ကျင်းပမည့် NGM British Parliamentary Debate Tournament 2026 ကို လာမည့် October 3 ရက်နှင့် 4 ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ဒီပြိုင်ပွဲမှာ British Parliamentary (BP) Debate Format ကို အသုံးပြုသွားမည်ဖြစ်ပြီး အသင်းပေါင်း 8 သင်း၊ Debater 16 ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ Debate တစ်ပွဲစီတွင် အသင်း 4 သင်း ပါဝင်ပြီး Government ဘက်မှ အသင်း 2 သင်းနှင့် Opposition ဘက်မှ အသင်း 2 သင်းဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူများ၏ Critical Thinking, Analytical Skills, Argumentation, Rebuttal, Public Speaking နှင့် Teamwork Skills များကို လက်တွေ့လေ့ကျင့်ဖွံ့ဖြိုးစေရန် ဖြစ်ပါသည်။ ထို့အပြင် မတူညီသောအမြင်များကို နားထောင်လေးစားပြီး စနစ်တကျ ဆွေးနွေးတုံ့ပြန်နိုင်သည့် Debate Culture တစ်ရပ်ကို ဖော်ဆောင်ရန်လည်း ရည်ရွယ်ထားပါတယ်။

ပြိုင်ပွဲတွင် Education, Technology, Social Media, Environment, Youth and Society, Artificial Intelligence, Culture, Media, Social Issues နှင့် International Issues စသည့် အကြောင်းအရာများအပေါ် အခြေခံထားသော Debate Motions များကို အသုံးပြုသွားမည်ဖြစ်ပါသည်။ Motion ကို Debate မစတင်မီ 15 မိနစ်ခန့်အလိုတွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး Team တစ်သင်းစီအတွက် 15 မိနစ် Preparation Time ရရှိမည်ဖြစ်ပါတယ်။

Round 1
October 3, 2026
6:00 PM – 9:00 PM

Round 2
October 4, 2026
6:00 PM – 9:00 PM

Round တစ်ခုစီတွင် Debate Room 2 ခုခွဲ၍ အသင်းများ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး Debate တစ်ပွဲတွင် Speaker 8 ဦး ပါဝင်ကာ Speaker တစ်ဦးလျှင် 5 မိနစ်စီ ပြောဆိုရမည်ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ အနိုင်ရရှိရေးတစ်ခုတည်းအတွက်သာမဟုတ်ဘဲ အကြောင်းပြချက်တည်ဆောက်နိုင်မှု၊ အမြင်တစ်ခုကို ခိုင်မာစွာတင်ပြနိုင်မှု၊ ပြိုင်ဘက်၏ Argument များကို ဝေဖန်သုံးသပ်ပြီး တုံ့ပြန်နိုင်မှုနှင့် မတူညီသောအမြင်များကြားမှာ စနစ်တကျ ဆွေးနွေးနိုင်မှုတို့ကို လက်တွေ့အသုံးချလေ့ကျင့်နိုင်မယ့် Academic Competition တစ်ရပ်လည်း ဖြစ်ပါတယ်။

NGM British Parliamentary Debate Tournament 2026 မှတစ်ဆင့် NGM ကျောင်းသား၊ ကျောင်းသူများအကြား အပြုသဘောဆောင်သော Debate Culture တစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် အနာဂတ်အဆင့်မြင့် Debate ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် ထူးချွန်သော Debaters များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။


10/01/2026

Our Founder & President, Sayar Wai Yan Aung, as a Guest Lecturer at Johns Hopkins University. 🩵🎓

ဆရာဝေယံအောင် သင်ကြားပို့ချမယ့် NGM Leadership Program သင်တန်း အောက်တိုဘာလ (၃)ရက်နေ့မှာ စတင်ပါတော့မယ်နော်… သင်တန်းမအပ်ရသေ...
10/01/2026

ဆရာဝေယံအောင် သင်ကြားပို့ချမယ့် NGM Leadership Program သင်တန်း အောက်တိုဘာလ (၃)ရက်နေ့မှာ စတင်ပါတော့မယ်နော်…
သင်တန်းမအပ်ရသေးရင် ခုပဲ Page Messenger မှာ လာရောက်အပ်နှံလိုက်ပါ…

🚀 စာတော်နေရုံနဲ့ လူငယ်တွေရဲ့အနာဂတ်အတွက် လုံလောက်ပြီလား?

University တက်ဖို့၊ Scholarship လျှောက်ဖို့၊ အလုပ်ခွင်ဝင်ဖို့၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ ဘယ်လမ်းကိုပဲရွေးရွေး ပညာရပ်ဆိုင်ရာ အသိပညာတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။

ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ခြင်း၊
လူတွေနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း၊
အဖွဲ့နဲ့ ပူးပေါင်းအလုပ်လုပ်နိုင်ခြင်း၊
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခြင်းနဲ့
ကိုယ့်ရဲ့ Vision ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းတို့ဟာ လူငယ်တွေရဲ့ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တွေ ဖြစ်လာပါပြီ။

ဒါကြောင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ၊ အထက်တန်းပြီးမြောက်ထားသူများနှင့် University/College Students များအတွက်
New Generation Myanmar (International Online School) မှာ
🌟 NGM Leadership Fundamentals Program — Batch 3
ကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━

🎯 ဘာတွေ သင်ယူရမလဲ?

ဒီ Program ဟာ Leadership Theory တွေကို သင်ကြားပေးရုံသာမက
Leadership & Personal Growth, Emotional Intelligence, Communication & Professional Skills, Leadership Styles, Strategic Thinking နဲ့ AI for Future Leaders တို့ကို လက်တွေ့ Activities ၊ Teamwork၊ Presentation များနဲ့ Real-World Community Leadership Project များကနေတဆင့် သင်ယူရမယ့် အတွေ့အကြုံအခြေပြု Program တစ်ခု ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━

👨‍🏫 ဘယ်သူ ဦးဆောင်သင်ကြားပေးမှာလဲ?

NGM Leadership Program ကို New Generation Myanmar ရဲ့ ဦးစီးတည်ထောင်သူ ဆရာဝေယံအောင် ကိုယ်တိုင် ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Johns Hopkins University မှ Master’s Degree တက်ရောက်သင်ယူစဉ် ရရှိခဲ့တဲ့ Academic Knowledge များကို ဆယ်စုနှစ်တစ်ခုကျော်ကြာ Entrepreneurship & Leadership အတွေ့အကြုံများ နဲ့ ပေါင်းစပ်ပြီး လူငယ်တွေအတွက် လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━

👥 ဘယ်သူတွေ တက်ရောက်သင့်လဲ?

✅ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ
✅ အထက်တန်းပြီးမြောက်ထားသူများ
✅ University/College ကျောင်းသား/ကျောင်းသူများ
✅ Communication & Leadership Skills မြှင့်တင်ချင်သူများ
✅ University, Scholarship, Career နဲ့ Entrepreneurship အတွက် ကြိုတင်ပြင်ဆင်ချင်သူများ
✅ AI ခေတ်အတွက် ကိုယ့်ကိုယ်ကိုယ် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ချင်သူများ
✅ ကိုယ့်ရဲ့ Strengths, Values, Purpose နဲ့ Future Direction ကို ပိုမိုရှင်းလင်းချင်သူများ

Leadership Experience အတွေ့အကြုံ ရှိပြီးသားဖြစ်ဖို့ မလိုပါ။

အနာဂတ်မှာ Leader တစ်ယောက် ဖြစ်လာနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယနေ့ကစပြီး တည်ဆောက်ချင်တဲ့ လူငယ်များအတွက် ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━

📌 PROGRAM INFORMATION

📚 Duration: 22 Sessions (3 Months)
💻 Mode: Online via Zoom
📅 Starting Date: 3 October 2026
⏰ Class Time: Saturday & Sunday, 7:00 PM–8:30 PM
💰 Program Fee: 500,000 MMK
👥 Available Seats: 25 Students Only
🔗 Application Form: Facebook Messenger ကနေတဆင့် အပ်နှံနိုင်ပါပြီ

━━━━━━━━━━━━━━━━━━

🎓 Full & Partial Merit Scholarship Opportunities
လက်ရှိ NGM ကျောင်းသား/ကျောင်းသူများ အနေဖြင့် Program Fee အတွက် Full သို့မဟုတ် Partial Merit Scholarship လျှောက်ထားနိုင်မည့် အခွင့်အရေးရှိပါသည်။

━━━━━━━━━━━━━━━━━━
✨ Program ပြီးသွားတဲ့အခါ

🌟 ကိုယ့်အကြောင်းကိုယ် ပိုမိုနားလည်လာမယ်။
🌟 ကိုယ့်ရဲ့ အားသာချက်တွေကို ထိရောက်စွာ အသုံးချတတ်လာမယ်။
🌟 Weakness တွေကို Growth Plan အဖြစ် ပြောင်းလဲတတ်လာမယ်။
🌟 လူတွေနဲ့ ယုံကြည်မှုရှိရှိ ဆက်သွယ်တတ်လာမယ်။
🌟 AI ကို Tool တစ်ခုထက်ပိုပြီး Strategic Partner တစ်ခုအဖြစ် အသုံးချတတ်လာမယ်။
🌟 Team တစ်ခုထဲမှာ ကိုယ့်ရဲ့ Role ကို နားလည်လာမယ်။
🌟 ကိုယ့်ရဲ့ Mission, Vision နဲ့ Future Direction ပိုမိုရှင်းလင်းလာမယ်။
🌟 “ကိုယ်ဟာ ဘယ်လို Leader တစ်ယောက် ဖြစ်ချင်တာလဲ” ဆိုတာကို သိရှိလာမယ်။

NGM Leadership Fundamentals Program ဟာ confident, ethical and service-oriented leaders များ ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ထားပြီး
Communication, Critical Thinking နဲ့ Digital-Age Skills များကိုပါ အခြေခံတည်ဆောက်ပေးထားပါတယ်။

Program ကို အောင်မြင်စွာပြီးမြောက်ပြီး သတ်မှတ်ချက်များ ပြည့်မီသူများအနေဖြင့်
🏅NGM Leadership Fundamentals Certificate
ကို ရရှိမှာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━

🎁 Program Benefits Worth USD $200+ 🎉

ကျောင်းသား/သူတိုင်းအတွက်
📧 Professional Email Account
သင်တန်းကာလအတွင်း အသုံးပြုနိုင်ရန် အခမဲ့ထောက်ပံ့ပေးမည်။

🤖 Premium AI Tools
ChatGPT, Claude နှင့် Gemini (Premium AI Tools) များကို အခမဲ့ ထောက်ပံ့ပေးမည်။

🎨 Premium Creative Tools
Canva နှင့် Adobe Express (Premium Tools) များကိုလည်း အခမဲ့ထောက်ပံ့ပေးမည်။

━━━━━━━━━━━━━━━━━━
New Generation Myanmar ရဲ့
page Messenger မှာ
အမြန်ဆုံး စာရင်းပေးသွင်း လျှောက်ထားနိုင်ပါပြီ။

🚀 Learn to create impact.
📣 NGM Leadership Fundamentals Program — Batch 3

09/30/2026

English Speaking Skill ကို အခြေခံအဆင့်မှတစ်ဆင့် ပိုမိုကျွမ်းကျင်တိုးတက်လာစေရန် English 4 Skills Class (Intermediate) တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူထားသည့် Grammar နှင့် Vocabulary များကို Speaking တွင် လက်တွေ့အသုံးချနိုင်အောင် စနစ်တကျ လေ့ကျင့်သင်ယူနေကြပါတယ်။

NGM Online School အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းအတွင်း တက်ကြွစွာပါဝင်နိုင်ပြီး သင်ယူထားသည့်အရာများကို လက်တွေ့အသုံးချနိုင်စေရန် Student-Centered Learning ပုံစံဖြင့်
ဆရာ၊ ဆရာမများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ မေးမြန်းဖြေဆိုခြင်းနှင့် Speaking Activities များမှတစ်ဆင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

English 4 Skills (Intermediate) Classရဲ့ ကျောင်းသား၊ ကျောင်းသူများမှ Simple Past, Present and Future Tenses များကို အသုံးပြုပြီး အတန်းတွင်း တက်ကြွစွာ ပါဝင်လေ့ကျင့်သင်ယူနေကြတဲ့ Mini Story Presentation ကို မျှဝေပေးလိုက်ပါတယ်။


So proud of you, Our President - Sayar Wai Yan Aung 🎓🌐🎉
09/29/2026

So proud of you,
Our President - Sayar Wai Yan Aung 🎓🌐🎉

English ကို သိရုံနဲ့ မလုံလောက်ပါဘူး။နေ့စဉ်ဘဝမှာ ကိုယ့်အတွေးအမြင်တွေကို ယုံကြည်မှုရှိရှိ၊ သဘာဝကျကျ ပြောဆိုနိုင်တဲ့ Commun...
09/29/2026

English ကို သိရုံနဲ့ မလုံလောက်ပါဘူး။

နေ့စဉ်ဘဝမှာ ကိုယ့်အတွေးအမြင်တွေကို ယုံကြည်မှုရှိရှိ၊ သဘာဝကျကျ ပြောဆိုနိုင်တဲ့ Communication Skill ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် NGM မှာ ကလေးတွေအတွက်

Speak Up Kids: Special English Speaking Program (Batch 1) ကို အပ်နှံနိုင်ပါတယ်။

ဒီ Program မှာ ကလေးတွေကို

✨ English Speaking Skills

✨ Oral Communication

✨ Confidence in Speaking

✨ Everyday Conversation

✨ ကိုယ့်အတွေးအမြင်ကို English လို ထုတ်ဖော်ပြောဆိုနိုင်စွမ်း
တို့ကို လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

Level 1 – Starter:

English Speaking ကို စတင်လေ့လာမယ့် ကလေးများအတွက်

Starting Date: October 1 , 2026
Duration: 3 month
Fees: 150,000 MMK per course
Date: Wednesday, Thursday & Friday
Time: 5:30 PM - 6:30PM

Level 2 – Explorer:

English ပြောဆိုမှုအခြေခံရှိပြီး ပိုမိုတိုးတက်လိုတဲ့ ကလေးများအတွက်

Start Date: October 1, 2026
Duration: 3 Months
Fees: 150,000 MMK
Day: Wednesday & Friday
Time: 6:00 PM - 7:00 PM

ကလေးတွေ English ကို စာအုပ်ထဲမှာပဲ သိထားတာမဟုတ်ဘဲ ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်လာစေဖို့ အခုပဲ စာရင်းသွင်းလိုက်ပါ။



Internet သုံးတတ်တာနဲ့ Digital Citizen ကောင်းတစ်ယောက် ဖြစ်လာတာမဟုတ်ပါဘူး။Digital Citizenship ဆိုတာ Digital World ထဲမှာ တာ...
09/28/2026

Internet သုံးတတ်တာနဲ့ Digital Citizen ကောင်းတစ်ယောက် ဖြစ်လာတာမဟုတ်ပါဘူး။

Digital Citizenship ဆိုတာ Digital World ထဲမှာ တာဝန်ယူမှုရှိရှိ၊ လုံခြုံစွာနဲ့ အခြားသူတွေကိုလေးစားပြီး အသုံးပြုတတ်ခြင်း ဖြစ်ပါတယ်။

အဓိက သိထားသင့်တာတွေက

- ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ခြင်း

- Password နဲ့ Account Security ကို ဂရုစိုက်ခြင်း

- Online မှာ ပြောဆိုရေးသားတဲ့အခါ Respect ရှိခြင်း

- မမှန်ကန်တဲ့ Information တွေကို မစစ်ဆေးဘဲ မမျှဝေခြင်း

- Copyright နဲ့ Digital Content Ownership ကို နားလည်ခြင်း

- Digital Footprint ရှိနေတတ်တာကို သတိပြုခြင်း

ဒီအရာတွေက ကျောင်းသားဘဝကတည်းက သိထားသင့်တဲ့ Digital Literacy အခြေခံတွေပါ။

NGM က Online School ဖြစ်တဲ့အတွက် ကျောင်းသားတွေကို Online Learning ကို အသုံးချရုံသာမက Digital Learning Environment ထဲမှာ တာဝန်ယူမှုရှိရှိ သင်ယူတတ်တဲ့အလေ့အကျင့် ရရှိလာစေဖို့ အလေးထားပါတယ်။

KG to Grade 12 ကျောင်းသားတွေအတွက် ပညာရေးအခြေခံနဲ့ Digital Learning ကို တွဲဖက်အသုံးချနိုင်အောင် သင်ကြားပေးနေပြီး၊ အနာဂတ်မှာ Online နဲ့ Digital World ထဲမှာ လိုအပ်မယ့် Learning Habits တွေကိုလည်း တဖြည်းဖြည်းတည်ဆောက်ပေးနေပါတယ်။


“အချိန်မရှိဘူး” လို့ပြောတတ်ပေမယ့် တစ်နေ့တာအချိန်ကိုသာ စီမံတာထက် ကိုယ့်ရဲ့ Energy ကိုပါ စီမံတတ်ဖို့ အရေးကြီးပါတယ်။ကျောင်း...
09/27/2026

“အချိန်မရှိဘူး” လို့ပြောတတ်ပေမယ့် တစ်နေ့တာအချိန်ကိုသာ စီမံတာထက် ကိုယ့်ရဲ့ Energy ကိုပါ စီမံတတ်ဖို့ အရေးကြီးပါတယ်။

ကျောင်းသားတစ်ယောက်အနေနဲ့

📌 ဘယ်အချိန်မှာ အာရုံစူးစိုက်မှုအကောင်းဆုံးလဲ?

📌 ဘယ်အချိန်မှာ ပင်ပန်းလွယ်လဲ?

📌 ဘယ် Subject ကို ဘယ်အချိန်မှာ လေ့လာရင် ပိုထိရောက်လဲ?

ဆိုတာတွေကို သိထားသင့်ပါတယ်။

ဥပမာ မနက်ပိုင်းမှာ Concentration ကောင်းရင် ခက်ခဲတဲ့ Subject ကို မနက်မှာ လေ့လာပြီး၊ ပေါ့ပါးတဲ့ Review တွေကို ညနေပိုင်းမှာ ပြုလုပ်နိုင်ပါတယ်။

အချိန်ပိုသုံးတာထက် အချိန်ကို ထိရောက်စွာအသုံးချနိုင်တာက ပိုအရေးကြီးပါတယ်။

NGM ရဲ့ Online Learning Environment မှာ Morning Class နဲ့ Evening Class Schedule တွေရှိတာကြောင့် ကျောင်းသားတွေအနေနဲ့ ကိုယ့်ရဲ့ နေ့စဉ် Routine နဲ့ လိုက်ဖက်တဲ့ Learning Schedule အတိုင်း စနစ်တကျ လေ့လာနိုင်ပါတယ်။

GED Program တွေမှာလည်း GED Pre-Foundation ကနေ GED Preparation အဆင့်ဆင့်နဲ့ သင်ယူနိုင်အောင် စီစဉ်ပေးထားပြီး တစ်ဆင့်ချင်းစီ Progress တက်လာစေဖို့ အာရုံစိုက်သင်ကြားပေးနေပါတယ်။


09/26/2026

🎢 Understanding the Basics of Slope

Maths ဆိုတာ စာအုပ်ထဲမှာပဲ တွက်ချက်ရတဲ့ ဘာသာရပ်တစ်ခုမဟုတ်ပါဘူး။ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီး လေ့လာကြည့်မယ်ဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပါတယ်။

Subject Teacher – Tr. Wint
Class – Batch 1 Grade 9 Nevada
Subject – Maths

Batch 1 Grade 9 Nevada မှ ကျောင်းသား၊ ကျောင်းသူများက Maths ဘာသာရပ်အတွက်
“Understanding the Basics of Slope” Project ကို Roller Coaster ပုံစံငယ်လေးနဲ့ စိတ်ဝင်စားဖွယ် တင်ဆက်ခဲ့ကြပါတယ်။

ဒီ Project မှာ Roller Coaster ရဲ့ အတက်အဆင်းပုံစံတွေကို အသုံးပြုပြီး Slope ရဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့

- Positive Slope
- Negative Slope
- Zero Slope
- Undefined Slope

တို့ကို လက်တွေ့မြင်သာအောင် လေ့လာတင်ပြခဲ့ကြပါတယ်။

Project ရဲ့ ရည်ရွယ်ချက်ကတော့ Roller Coaster ပုံစံငယ် Presentation မှတစ်ဆင့် Slope ရဲ့ အခြေခံသဘောတရားများကို ပိုမိုရှင်းလင်းစွာ နားလည်သိရှိစေရန် ဖြစ်ပါတယ်။

သင်ခန်းစာထဲက Mathematical Concepts တွေကို Creative Presentation နဲ့ ပေါင်းစပ်လေ့လာခြင်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ နားလည်မှုနဲ့ လက်တွေ့အသုံးချနိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။

Learn the concept. Build the model. Understand it in real life.


Address

1000 Hilltop Cir
College Park, MD
20742

Alerts

Be the first to know and let us send you an email when New Generation Myanmar - NGM Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share