Fun and Learn K-12 Tutoring

Call Directions Website

Fun and Learn K-12 Tutoring Nurturing students since 2013. Private and group tutoring lessons for English, Maths, Myanmar, Science, and STEM.

Adult information literacy, digital literacy, STEM, and 21st-century skills since 2013.

🎉 Our new website is live!Fun and Learn now has a new home online: https://funandlearn.us/သားသားမီးမီးတို့ရဲ့ ပညာရေးခရီး...
10/12/2026

🎉 Our new website is live!
Fun and Learn now has a new home online: https://funandlearn.us/

သားသားမီးမီးတို့ရဲ့ ပညာရေးခရီးလမ်းမှာ ပိုမိုပြည့်စုံပြီး စနစ်ကျတဲ့ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့အတွက် Fun and Learn ရဲ့ Official Website ကို အခုပဲ တရားဝင် စတင်လွှင့်တင်လိုက်ပါပြီ။ ဒီ Website အသစ်လေးဟာ ပြည်တွင်း/ပြည်ပရောက် မိသားစုများအားလုံးအတွက် စိတ်ချယုံကြည်ရတဲ့ ပညာရေးအထောက်အကူပြု အရင်းအမြစ်တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Website ထဲမှာတော့ ကျွန်တော်တို့ Fun and Learn က ပို့ချပေးနေတဲ့ K–12 အခြေခံကျောင်းသင်ရိုး ကျူရှင်များ၊ ခေတ်မီ STEM ပညာရေး၊ English & ELA၊ Test Prep၊ ကောလိပ်ဝင်ခွင့် ပြင်ဆင်မှုများနှင့် မြန်မာ/တရုတ် ဘာသာစကား သင်တန်းများအကြောင်းကို အသေးစိတ် လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ရှေ့ဆက်ပြီး မိဘတွေနဲ့ ကျောင်းသားတွေအတွက် အကျိုးရှိစေမယ့် ပညာရေးဗဟုသုတ၊ လမ်းညွှန်ချက်နဲ့ သင်ခန်းစာ Video အကြောင်းအရာကောင်းတွေကိုလည်း အမြဲတင်ဆက်ပေးသွားမှာမို့ Website link လေးကို အခုပဲ Bookmark လုပ်ထားဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Fun and Learn မှာ အင်္ဂလိပ်၊ မြန်မာ၊ တရုတ် (၃) ဘာသာဖြင့် အွန်လိုင်း Live စနစ်တကျ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ စာမေးပွဲမှာ အမှတ်ကောင်းဖို့ဆိုတာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပေမဲ့ ဒါဟာ ပညာရေးရဲ့ အပြီးသတ် ပန်းတိုင်တော့ မဟုတ်ပါဘူး။ စာမေးပွဲခန်း အပြင်ဘက် လက်တွေ့ဘဝထဲအထိ တစ်သက်တာလုံး အသုံးချသွားနိုင်မယ့် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှီအခိုကင်းစွာ လေ့လာနိုင်စွမ်းနဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို ကျောင်းသားတိုင်း ပိုင်ဆိုင်လာစေဖို့ ကျွန်တော်တို့က အဓိက ဦးတည်ပျိုးထောင်ပေးနေပါတယ်။

မိသားစုဝင် ကျောင်းသားလေးတွေရဲ့ ပညာရေးအတွက် အကြံဉာဏ်ရယူလိုပါက Website ကနေတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးမှု (Free Consultation) ကို ကလစ်အနည်းငယ် နှိပ်ရုံဖြင့် အလွယ်တကူ ရက်ချိန်းရယူနိုင်သလို အောက်ပါ Link မှလဲ ရက်ချိန်ယူနိုင်ပါပြီ။

📅 Book a Free Consultation: https://calendly.com/sayarsoemoe/2026-27

ကျွန်တော်တို့ရဲ့ Website လေးကို ဝင်ရောက်လေ့လာရင်း ပညာရေးအထောက်အပံ့ လိုအပ်နေတဲ့ မိတ်ဆွေမိသားစုများဆီသို့လည်း မေတ္တာဖြင့် မျှဝေပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ 💙❤️💛

▶️ YouTube: https://www.youtube.com/
💼 LinkedIn: https://www.linkedin.com/company/funandlearn

ကျွန်တော်တို့ရဲ့ Fun and Learn page လေးကိုလဲ Like and Follow လုပ်ပေးဖို့ မမေ့ပါနဲ့အုံး။ ကျောင်းသားကျောင်းသူတွေအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေနဲ့ မိဘတွေအတွက် အဆင်ပြေစေမဲ့ သင်တန်း အချက်အလက်လေးတွေကို ပုံမှန်မျှဝေပေးသွားပါမယ် ခင်ဗျာ

We Are Hiring: Join Our Online Teaching Pool at Fun and Learn! 👩‍🏫👨‍🏫✨ Fun and Learn သည် အမေရိကန်ရောက် မိသားစုများနှင့် ...
10/10/2026

We Are Hiring: Join Our Online Teaching Pool at Fun and Learn! 👩‍🏫👨‍🏫✨

Fun and Learn သည် အမေရိကန်ရောက် မိသားစုများနှင့် ဘာသာစကားမျိုးစုံသုံး မိသားစုများရှိ ကျောင်းသားငယ်များအတွက် K–12 အွန်လိုင်း ကျူရှင်သင်ကြားပေးနေသော ပညာရေးအဖွဲ့အစည်းဖြစ်ပြီး၊ လက်ရှိတွင် အရည်အချင်းပြည့်ဝသော English & Chinese Online Instructors များကို ဖိတ်ခေါ်လျက် ရှိပါတယ်။

၁။ English Teacher — Elementary & Middle School (Grades 1–8)
Reading, writing, grammar, vocabulary နှင့် စကားပြောယုံကြည်မှု (Conversational confidence) တိုးတက်စေရန် စိတ်ရှည်နွေးထွေးစွာ သင်ကြားပေးရပါမည်။
Bachelor’s degree သို့မဟုတ် အထက်ရှိရပါမည် (English, Education, TESOL သို့မဟုတ် Linguistics ဘွဲ့ရသူများ ဦးစားပေးပါမည်)။
သင်ကြားရေး အတွေ့အကြုံရှိရပါမည်။
အင်္ဂလိပ်စကားပြောနှင့် အရေးတွင် Near-native အဆင့်ရှိပြီး အသံထွက် ရှင်းလင်းပီသရပါမည်။ (TEFL/TESOL certificate သို့မဟုတ် ESL အတွေ့အကြုံရှိပါက ပို၍ ဦးစားပေးပါမည်)။

၂။ English Teacher — High School, AP & SAT (Grades 9–12)
အထက်တန်း English စာမေးပွဲပြင်ဆင်မှုများအပြင် Literary analysis, argumentative/analytical essay writing များကို သင်ကြားပေးရပါမည်။ (သင်ကြားရမည့် သင်ရိုးများ: Grades 9–12 English & Literature၊ AP English Language & Composition၊ AP English Literature & Composition နှင့် Digital SAT Reading & Writing။)
Bachelor’s degree သို့မဟုတ် အထက်ရှိရမည် (Master's degree ရှိသူများ ဦးစားပေးပါမည်)။
AP သို့မဟုတ် SAT စာမေးပွဲအတွက် ကျောင်းသားများကို အောင်မြင်စွာ လေ့ကျင့်ပေးဖူးသော အတွေ့အကြုံရှိရပါမည်။
College Board rubrics စံနှုန်းများနှင့် Digital SAT format ကို သေချာနားလည်ထားပါရမည်။

၃။ Chinese Teacher — HSK Levels 1–4
Mandarin Chinese အခြေခံမှစ၍ HSK Level 1 မှ 4 အထိ အသံထွက် (Pinyin)၊ စာလုံးများ (Characters)၊ ဝေါဟာရ၊ သဒ္ဒါနှင့် စာမေးပွဲဖြေဆိုနည်းစနစ်များကို စနစ်တကျ သင်ကြားပေးရပါမည်။
Bachelor’s degree သို့မဟုတ် အထက်ရှိရမည် (Chinese Language, Education သို့မဟုတ် TCFL ဘွဲ့ရများ ဦးစားပေးပါမည်)။
Mandarin အသံထွက် စံနှုန်းမီ ပီသရပါမည် (Native or near-native)။
HSK framework ကို ကျွမ်းကျင်ပြီး ကလေးငယ်များနှင့် နိုင်ငံခြားသားများကို သင်ကြားဖူးသော အတွေ့အကြုံရှိရမည် (CTCSOL/IMCPI လက်မှတ်ရှိပါက ပို၍ ဦးစားပေးပါမည်)။

📋 လျှောက်ထားသူများသည် အင်တာနက် ကောင်းကောင်းရှိရပါမည်၊ Webcam၊ Headset နှင့် အလင်းရောင်ကောင်းမွန် ပြီးတိတ်ဆိတ်သည့် စာသင်ကြားရေး လိုအပ်ပါတယ်။
⏰ ကျောင်းသားများ အားလပ်သည့် အချိန်ဖြစ်သောကြောင့် စာသင်ကြားချိန်အား အောက်ပါအချိန်အတိုင်း သတ်မှတ်ထားပါတယ်။
Weekdays (Mon–Fri): 6:00 PM – 9:00 PM ET
Weekends (Sat–Sun): မနက်ပိုင်း [8:00 AM – 12:00 PM ET] နှင့် ညနေပိုင်း [6:00 PM – 9:00 PM ET]
(မှတ်ချက် - အာရှဒေသတွင်း နေထိုင်သူများအတွက် Weekday အတန်းချိန်များသည် နောက်တစ်နေ့ မနက်စောစော ကျရောက်ပါမည်။ ဥပမာ - မြန်မာစံတော်ချိန် 4:30 – 7:30 AM ၊ ထိုင်း/ဗီယက်နမ် 5:00 – 8:00 AM ဖြစ်ပါတယ်။ US တွင် Daylight Saving Time မရှိသည့် ကာလများ၌ ၁ နာရီ နောက်ကျပါမည်။ အနည်းဆုံး တစ်ပတ်လျှင် ၂ နာရီ အချိန်ပေးနိုင်ရပါမည်။)

စိတ်ပါဝင်စားသူများသည် မိမိလျှောက်ထားမည့် ခေါင်းစဉ်ကို တိကျစွာ ရေးသား၍ [email protected] သို့ အီးမေးလ် ပေးပို့ လျှောက်ထားနိုင်ပါသည်။

📄 အသေးစိတ် အချက်အလက် အပြည့်အစုံကို လေ့လာရန် Link: https://docs.google.com/document/d/1uAYzcrBbk25GdG8-fYMYmvsc3dctV84e/edit?usp=sharing&ouid=106122518756008779411&rtpof=true&sd=true

ကလေးတိုင်းမှာ မတူညီတဲ့ ပင်ကိုယ်အရည်အချင်း၊ စိတ်ဝင်စားမှုနဲ့ သင်ယူနိုင်စွမ်းတွေ အသီးသီး ရှိကြပါတယ်။ စာသင်ခန်းကြီးတွေထဲမှာ...
10/09/2026

ကလေးတိုင်းမှာ မတူညီတဲ့ ပင်ကိုယ်အရည်အချင်း၊ စိတ်ဝင်စားမှုနဲ့ သင်ယူနိုင်စွမ်းတွေ အသီးသီး ရှိကြပါတယ်။ စာသင်ခန်းကြီးတွေထဲမှာ ကလေးအများအပြားနဲ့ ရောပြီး သင်ယူရတဲ့အခါ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို ဆရာက သေချာမကြည့်ပေးနိုင်ဘဲ နောက်ကျကျန်ခဲ့တာမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် ရွေးချယ်တဲ့အခါ စာသင်ပေးရုံသက်သက်မဟုတ်ဘဲ ကလေးရဲ့ အားသာချက်၊ အားနည်းချက်နဲ့ သင်ယူမှုအရှိန်ကို နားလည်ပြီး တစ်ဦးချင်း သီးသန့် အံဝင်ခွင်ကျ လမ်းညွှန်ပေးနိုင်မယ့် Personalized Learning ပညာရေးဝန်းကျင်မျိုးကို အဓိက ရှာဖွေလာကြပါတယ်။

ဒီလို စိတ်ကြိုက်ပုံဖော် သင်ကြားပေးနိုင်ဖို့အတွက် Fun and Learn မှာ ကျောင်းသားဦးရေ နည်းပါးတဲ့ အဖွဲ့ငယ် (Small Classes) စနစ်နဲ့ တစ်ဦးချင်း (1-on-1) သီးသန့်သင်ယူမှုပုံစံတွေကို အဓိက အသုံးပြုထားပါတယ်။ ကျောင်းသားဦးရေ အကန့်အသတ်နဲ့သာ သင်ကြားပေးတာကြောင့် ဆရာအနေနဲ့ ကလေးတစ်ဦးချင်းစီအပေါ် အာရုံစိုက်မှု အပြည့်အဝပေးနိုင်သလို၊ ကလေးဘက်ကလည်း နားမလည်တဲ့ အချက်တွေကို အားမနာတမ်း အထပ်ထပ် မေးမြန်းခွင့် ရရှိစေပါတယ်။ ဒါ့အပြင် အိမ်ကနေပဲ အွန်လိုင်းကတစ်ဆင့် အဆင်ပြေပြေ တက်ရောက်နိုင်တာကြောင့် သွားလာရတဲ့ ပင်ပန်းမှုမရှိဘဲ မိသားစုရဲ့ အားလပ်ချိန်ဇယားနဲ့ အကိုက်ညီဆုံး ချိန်ညှိသင်ယူနိုင်တဲ့ Flexible Learning အခွင့်အလမ်းကိုလည်း ပိုင်ဆိုင်စေပါတယ်။

သင်ကြားရေးအရည်အသွေးပိုင်းမှာလည်း မဟာဘွဲ့၊ အင်ဂျင်နီယာနှင့် ပါရဂူဘွဲ့ (Doctoral-level) ရရှိထားတဲ့ အတွေ့အကြုံရင့် ဆရာ၊ ဆရာမများနှင့် ပညာရေးပညာရှင်များ ကိုယ်တိုင် သင်ကြားပေးတာမို့ သင်ရိုးအရည်အသွေးကို အပြည့်အဝ စိတ်ချနိုင်ပါတယ်။ အခြေခံကျောင်းသင်ရိုး ဘာသာရပ်တွေကိုသာမကဘဲ ခေတ်သစ်ကမ္ဘာမှာ မရှိမဖြစ် လိုအပ်တဲ့ STEM၊ နည်းပညာ၊ ဆက်သွယ်ပြောဆိုမှုနှင့် လက်တွေ့ပြဿနာ ဖြေရှင်းနိုင်စွမ်း (Academic + Future Skills) တွေကိုပါ တစ်ပါတည်း ထည့်သွင်းလေ့ကျင့်ပေးပါတယ်။

ဒီလို မှန်ကန်တဲ့ ချဉ်းကပ်မှုတွေကြောင့် ကလေးတွေဟာ စာကို အလွတ်ကျက်မှတ် စိတ်ဖိစီးနေစရာ မလိုတော့ဘဲ ကိုယ်တိုင်လေ့လာသင်ယူလိုစိတ် ထက်သန်လာပြီး၊ မိမိကိုယ်မိမိ ယုံကြည်မှု (Student Confidence) အပြည့်နဲ့ အမှီအခိုကင်းတဲ့ ကျောင်းသားကောင်းတွေအဖြစ် ရေရှည်ပြောင်းလဲ တိုးတက်လာကြပါတယ်။ ဒါဟာ မိသားစုတိုင်းက သားသမီးတွေအတွက် Fun and Learn ကို ယုံကြည်စွာ ရွေးချယ်လက်တွဲရတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

သင့်ကလေး၏ ပညာရေးခရီးစဉ်မှာ ယုံကြည်စိတ်ချရပြီး အနီးကပ် လမ်းပြပေးမည့် ပညာရေးမိတ်ဖက်အဖြစ် Fun and Learn နှင့် လက်တွဲလိုက်ပါ။

👉 သင်တန်းအသေးစိတ်နှင့် အတန်းချိန်များကို Page Messenger မှတစ်ဆင့် အခုပဲ မေးမြန်းစုံစမ်းနိုင်ပါပြီ 📩

ကျောင်းသားတိုင်းမှာ မွေးရာပါ အရည်အချင်းနဲ့ မတူညီတဲ့ အလားအလာကောင်းတွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီအရည်အချင်းတွေကို အမ...
10/06/2026

ကျောင်းသားတိုင်းမှာ မွေးရာပါ အရည်အချင်းနဲ့ မတူညီတဲ့ အလားအလာကောင်းတွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီအရည်အချင်းတွေကို အမြင့်ဆုံးရောက်အောင် ပျိုးထောင်ပေးဖို့ဆိုရင် "မှန်ကန်တဲ့ လမ်းပြမှု (Right Mentorship)" ရှိဖို့ အဓိက လိုအပ်ပါတယ်။

Fun and Learn (Desaka Education Services) ၏ သင်ကြားရေးနှင့် ပညာရေးခရီးစဉ်တိုင်းတွင် ကျောင်းသားများ၏ အနာဂတ်ကို ခိုင်မာတဲ့ အတွေ့အကြုံ၊ နိုင်ငံတကာစံနှုန်းတွေနဲ့ လက်တွေ့ဦးဆောင် လမ်းညွှန်ပေးနေသည့် ပညာရေးအဖွဲ့သားများနှင့် မိတ်ဆက်ပေးပါရစေ။

✨ Sayar Soemoe Aung — Founder
အင်ဂျင်နီယာနှင့် ပညာရေးနယ်ပယ်များ မှာ နှစ် ၃၀ ကျော် ကြာ ဦးဆောင်လာသူဖြစ်ပြီး အမေရိကန် နိင်ငံ Stevens Institute of Technology မှ M.Sc. ဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ နိုင်ငံတကာ ကောလိပ်ဝင်ခွင့် လမ်းကြောင်းများနှင့် ကျောင်းသားများ၏ အနာဂတ်ပညာရေးခရီးကို ဦးဆောင်လမ်းပြပေးနေပါတယ်။

✨ Dr. Soe San — STEM Lead
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (Science, Technology, Engineering & Math) နယ်ပယ်ကို အထူးပြုဦးဆောင်ပြီး၊ ကျောင်းသားများအတွက် လက်တွေ့ကျကျ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ခေတ်မီ STEM ပညာရေးကို ထိရောက်စွာ လမ်းညွှန်ပေးနေပါတယ်။

✨ Dr. Khin Wintwar Htun — English Lead
Curriculum & Teaching Methodology ဖြင့် ပါရဂူဘွဲ့ (Ph.D.) ရရှိထားသော ပညာရေးပါရဂူတစ်ဦး ဖြစ်ပြီး၊ အင်္ဂလိပ်စာနှင့် ESL သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ထိရောက်လွယ်ကူစွာ တတ်မြောက်စေရန် အနီးကပ် ကြီးကြပ်ပေးနေပါတယ်။

✨ Sayarma Ayeyar Maung Maung — Burmese Language Lead
ပြည်ပရောက် မြန်မာမိသားစုဝင် ကျောင်းသားလေးများအတွက် မိခင်ဘာသာစကား (မြန်မာစာ) အခြေခံ မပျောက်ပျက်စေရန်နှင့် စနစ်တကျ ရေး၊ ဖတ်၊ ပြော တတ်မြောက်စေရန် မြန်မာစာသင်ကြားရေးကို အထူးပြု ဦးဆောင်ပေးနေပါတယ်။

ဆရာ၊ ဆရာမတိုင်းကို အမေရိကန် စံနှုန်းများနှင့်အညီ တင်းကြပ်စွာ Background Screening ပြုလုပ်ထားပါတယ်။ ကျောင်းသား/သူများအတွက် ဘေးကင်းလုံခြုံသော Online Platform မှတစ်ဆင့် စနစ်တကျ သင်ကြားပေးလျက် ရှိပြီး အခြေခံကျောင်းသင်ရိုးမှသည် အမေရိကန်တက္ကသိုလ်ပညာရေး လမ်းကြောင်းများအထိ သင့်ကလေးအတွက် အကောင်းဆုံး လမ်းပြမိတ်ဆွေအဖြစ် Fun and Learn က အမြဲ အသင့်ရှိနေပါတယ်။

👉 သင်တန်းအသေးစိတ်နှင့် အတန်းချိန်များကို Page Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ 📩

“အမေရိကားရှိ မြန်မာကျောင်းသားမိဘများအတွက် 2026-27 ပညာသင်နှစ် - ကျောင်းသားသစ်များ လက်ခံနေပါပြီ” 📚🇺🇸Pennsylvania ပြည်နယ် B...
09/17/2026

“အမေရိကားရှိ မြန်မာကျောင်းသားမိဘများအတွက် 2026-27 ပညာသင်နှစ် - ကျောင်းသားသစ်များ လက်ခံနေပါပြီ” 📚🇺🇸

Pennsylvania ပြည်နယ် Bethlehem မြို့မှာအခြေစိုက်ပြီးဆရာ ဦးစိုးမိုးအောင်ဦးစီးတဲ့ Fun & Learn Education မှ America ရောက် မြန်မာ ကလေးငယ်များရဲ့ ပညာရေးကို ဖြည့်ဆည်း ပေးရန် အောက်ပါအတန်းများကို စတင်လက်ခံနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ 👇🏻

🔹 ဘာသာရပ်တစ်ခုခုမှာအားနည်းနေလို့ အခြေခံပိုင်ပိုင်နဲ့ စနစ်တကိလေ့လာလိုတဲ့ ကလေးငယ်များအတွက် “Individual Subject Classes”

🔹 ကျောင်းကပေးလိုက်တဲ့စာတွေကို ဝိုင်းကူကြည့်ပေးပြီး နားမလည်တဲ့သင်ခန်းစာတွေကိုမေးမြန်လိုတဲ့ ကလေးငယ်များအတွက် ဘာသာစုံ “Homework Help/Tutoring”

🔹 Grade 7 နှင့်အထက် ကလေးများအတွက် သက်ဆိုင်ရာစာမေးပွဲများ (SHSAT, SAT, AP) ဖြေဆိုဖို့ အခြေခံမှစပြီး ပြင်ဆင်ပေးမယ့် “Exam Preparation Courses”

Fun & Learn အနေဖြင့် အမေရိကားရောက် မြန်မာကလေးငယ်များကို Ph.D နှင် Master ဘွဲ့ရ ဆရာ/ဆရာမ များ နှင့် ဝါရင့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးလာတာ ၂၀၁၃ ထည်းမှ ဖြစ်ပြီး မိဘများ၏ စိတ်ကျေနပ်မှုကိုလဲ အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ 🤩

ကျောင်းသားဦးရေကန့်သတ်ထားပြီး ကျောင်းဖွင့်ရာသီ ဖြစ်လို့ နောက်မကျရအောင် အခုပဲ

Google form လေးကနေ တဆင့် အတန်းများ အပ်နှံလိုက်တော့နော်။ 👇🏻

https://forms.gle/ZB3PyYdf4D7eYHsLA

📌 အတန်းများနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုတာပဲဖြစ်စေ၊ Free trial class များအစမ်းတက်ကြည့်ချင်တာပဲဖြစ်စေ messenger မှာအချိန်မရွေး ဆက်သွယ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

“မိဘတို့ရဲ့ ကလေးငယ်တွေအတွက် အကောင်းဆုံး စာသင်နှစ်တစ်နှစ်ကို အတူတူဖန်တီးပေးလိုက်ကြရအောင်” 🥳

“အမေရိကန်ရှိထိပ်တန်း တက္ကသိုလ်/ ကောလိပ်တွေမှာ သိပ္ပံနှင့် နည်းပညာမေဂျာတွေကို တက်ရောက်ဖို့ရည်ရွယ်ထားတဲ့အထက်တန်းကျောင်းသား...
07/29/2026

“အမေရိကန်ရှိထိပ်တန်း တက္ကသိုလ်/ ကောလိပ်တွေမှာ သိပ္ပံနှင့် နည်းပညာမေဂျာတွေကို တက်ရောက်ဖို့ရည်ရွယ်ထားတဲ့အထက်တန်းကျောင်းသားတို့အတွက် ….” 🙌🏻🎓

အပြိုင်အဆိုင်များပြီး ဝင်ခွင့်တွေခက်ခဲတဲ့ ထိပ်တန်းတက္ကသိုလ်/ကောလိပ်တွေမှာ တက်ရောက်ခွင့်ရဖို့ဆိုတာ ကျောင်းသားတွေဘက်ကလဲ ပြင်ဆင်မှုတွေစနစ်တကျလုပ်ထားဖို့ အများကြီးလိုအပ်ပါတယ်နော်။ 😇

AP အတန်းတွေကိုဘာလို့ရွေးချယ်တက်ရောက်သင့်တာလဲ?
🔹AP စာမေးပွဲတွေမှာ သတ်မှတ်ထားတဲ့အမှတ်မှီတဲ့ ကျောင်းသားတွေအနေနဲ့ ထိုဘာသာရပ်တွေကို college credit အဖြစ်ပြောင်းလဲနိုင်ခြင်း
🔹ကျောင်းသားတွေရဲ့ weighted GPA ကိုမြှင့်တင်ပေးခြင်း
🔹 ကျောင်းသားတွေရဲ့ college/ university application တွေအတွက် အထောက်အကူများစွာဖြစ်ခြင်း (IvyLeague ကျောင်းတွေကိုဝင်ရောက်ချင်တဲ့ကျောင်းသားတွေအနေနဲ့ AP အတန်း တွေကိုယူဖြစ်အောင်ယူထားဖို့အကြံပြုချင်ပါတယ်)
🔹ကျောင်းသားတွေရဲ့ မြင့်မားတဲ့ပညာရေးဆိုင်ရာ အရည်အသွေး/ စံနှုန်းတွေကိုဖော်ပြပေးခြင်း

Fun & Learn မှ သိပ္ပံနှင့် နည်းပညာမေဂျာတွေကို စိတ်ဝင်စားတဲ့ ကျောင်းသားတို့အတွက် အောက်ပါ AP အတန်းများကို စီစဉ်ပေးထားပါတယ် 👇🏻
📍AP Computer Science Principles
📍AP Computer Science A

အတန်းတွေက
🔹တပတ်မှာ (၂)ရက်
🔹တရက်မှာ (၁)နာရီ
🔹တလကို $180 ဖြစ်ပါတယ်
(အတန်းတွေက 1-to-1 ဖြစ်လို့ ကျောင်းသားဘက်ကလိုချင်တဲ့အချိန်ကို ဆရာနဲ့ညှိပေးပါတယ်)

Enroll here: https://forms.gle/ZB3PyYdf4D7eYHsLA

Fun & Learn ရဲ့ “ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ” အစီအစဉ်ကြီးကို အစမ်းတက်ကြည့်ဖို့ အခုပဲစာရင်းပေးသွင်းလိုက်ပါ 🤩နိုင်...
07/02/2026

Fun & Learn ရဲ့ “ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ” အစီအစဉ်ကြီးကို အစမ်းတက်ကြည့်ဖို့ အခုပဲစာရင်းပေးသွင်းလိုက်ပါ 🤩

နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ရင်း …
ကလေးက မြန်မာ့အငွေ့အသက်၊ ယဉ်ကျေးမှုဓလေ့တွေနဲ့ တဖြည်းဖြည်းဝေးကွာလာမှာကို စိုးရိမ်နေကြတဲ့ မိဘတို့ရေ ✨

မိဘတို့ရဲ့ကလေးတွေအနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ တန်ဖိုးထားရတဲ့ မိခင်ဘာသာစကားကို ပျော်ပျော်ရွှင်ရွှင် ထိထိရောက်ရောက် လေ့လာနိုင်ဖို့ ဒီအစီအစဉ်လေးကိုယူဆောင်လာပေးတာဖြစ်ပါတယ်။ 🌟

✅ပေါ့ပေါ့ပါးပါး မြန်မာကဗျာလေးတွေရွတ်မယ်
✅ အခြေခံနေ့စဉ်သုံး စကားစုနဲ့ ဝေါဟာရလေးတွေလေ့လာမယ်
✅ အသုံးများတဲ့စကားပြောပုံလေးတွေ တူတူပြောကြည့်မယ်
✅ မြန်မာအက္ခရာလေးတွေရေးမယ်

မိဘတို့ရဲ့ကလေးအနေနဲ့မြန်မာစာကိုမကြောက်ပဲ ချစ်တဲ့စိတ်ဖြစ်လာအောင် Fun Way နဲ့ လေ့လာနိုင်ဖို့ အခုပဲစာရင်းပေးသွင်းလိုက်ပါ။ 🤩

🔹Free Trial အတန်း (၂)ချိန်ကိုလဲပေးအပ်သွားမှာဖြစ်ပါတယ်။

Starting Date: 17 July
🗓️Schedule: THU & FRI (8:30-9:30 PM EDT-NYT)

Enrollment Form: https://forms.gle/J4tUvMhfh9EAYk3h7

Fun & Learn အနေနဲ့ 🇺🇸 US ၊ 🇬🇧 UK ၊ 🇦🇺 Australia အစရှိတဲ့နိုင်ငံရပ်ခြားမှာမွေးဖွားကြတဲ့သားသားမီးမီးတို့ကို ၂၀၂၀ ခုနှစ်မှစတင်ပြီး မြန်မာစာအတန်းများကို အတွေ့အကြုံရှိ ဆရာ၊ဆရာမများက ဦးဆောင်ပြီး စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။

📌 အတန်းနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက messenger မှာအချိန်မရွေး ဆက်သွယ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။


#မြန်မာစာ #မြန်မာစကား

“ကလေးတွေကို ပေါ့ပေါ့ပါးပါး online ကနေအတန်းတက်ရင်း နွေရာသီကျောင်းပိတ်ရက်တွေကိုအကျိုးရှိရှိဖြတ်သန်းစေချင်တဲ့ မိဘများအတွက် ...
05/23/2026

“ကလေးတွေကို ပေါ့ပေါ့ပါးပါး online ကနေအတန်းတက်ရင်း နွေရာသီကျောင်းပိတ်ရက်တွေကိုအကျိုးရှိရှိဖြတ်သန်းစေချင်တဲ့ မိဘများအတွက် သတင်းကောင်း”

US ရောက်မြန်မာမိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို
🔹 နွေရာသီကျောင်းပိတ်ရက်မှာစာနဲ့လဲအရမ်းအလှမ်းဝေးမသွားစေချင်ဘူး
🔹နောက်လာမယ့်စာသင်နှစ်အတွက် ကျောင်းစာမှာ အားနည်းမှာ၊ စာတွေမလိုက်နိုင်မှာကိုလဲစိတ်ပူနေတယ်
🔹ဘာသာရပ်တခုချင်းဆီကိူ အခြေခံပိုင်ပိုင်နဲ့ ကြောက်တဲ့စိတ်မဖြစ်အောင် ပံ့ပိုးပေးချင်တယ်
🔹 ကျောင်းပိတ်ရက်မှာ ကလေးတွေဝါသနာပါတဲ့ STEM ဘာသာရပ်တွေကို၊ ဘာသာစကားလေ့လာမှုတွေကို ပံ့ပိုးပေးချင်တယ်

ဒီလိုဆိုရင်တော့ မိဘတို့အတွက်သတင်းကောင်းတစ်ခုရှိပါတယ်။ Fun & Learn ကနေ မကြာခင်ရောက်ရှိလာတော့မယ့် နွေရာသီကျောင်းပိတ်ရက်တွေအတွက် Summer Camp 2026 အတန်းများကို စီစဉ်ပေးထားပါတယ်။

အပိုင်း (၁) မှာတော့ STEM (Science, Technology, Engineering, Mathematics) နှင့်သက်ဆိုင်တဲ့ဘာသာရပ်တွေကို ကြေငြာပေးထားတာဖြစ်ပါတယ်။

🎊 မေလမကုန်ခင်အတန်းအပ်နှံတဲ့ မိဘများအတွက်လဲ “Up to 20% discount” ရယူနိုင်မယ့် အစီအစဉ်တွေလဲရှိတာမို့ နောက်မကျရအောင် အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။

Fun & Learn အနေဖြင့် ၂၀၂၀ ခုနှစ်ကစလို့ အမေရိကားရောက် မြန်မာကလေးငယ်များကို Ph.D နှင် Master ဘွဲ့ရ ဆရာ/ဆရာမ များ နှင့် ဝါရင့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးလာပြီး အကောင်းဆုံးရလဒ်များကို အတူတူ ပုံဖော်ဖန်တီးပေးလာတာ ယခုဆို (၅)နှစ်တိုင်လာပြီဖြစ်ပြီဖြစ်ပါတယ်။ 🤩

🌟All Classes starting from 13 June!
Class Duration - 3 months
Fees - $300 (3 months)

Enrollment Form: https://forms.gle/J4tUvMhfh9EAYk3h7

📌 အတန်းများနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက messenger မှာအချိန်မရွေး ဆက်သွယ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။


Fun & Learn မိသားစုမှ မြန်မာ့နှစ်သစ်ကူး ဆုမွန်ကောင်းနှင့်အတူ အမေရိကားရှိ မြန်မာမိသားစုများမှ ကျောင်းသား/သူများအတွက် အထူး...
04/19/2026

Fun & Learn မိသားစုမှ မြန်မာ့နှစ်သစ်ကူး ဆုမွန်ကောင်းနှင့်အတူ အမေရိကားရှိ မြန်မာမိသားစုများမှ ကျောင်းသား/သူများအတွက် အထူးလက်ဆောင်မွန် … ✨

Pennsylvania ပြည်နယ် Bethlehem မြို့မှာအခြေစိုက်ပြီး Professor ဦးစိုးမိုးအောင်ဦးစီးတဲ့ Fun & Learn Education Center မှ “New Year with Fun & Learn Program” ကြီးကို မိဘတို့ဆီယူဆောင်လာပြီဖြစ်ပါတယ်။ 🥳

ဒီ program မှာ ကလေးငယ်များရဲ့ ပညာရေးကို ဖြည့်ဆည်း ကူညီရန် အောက်ပါအတန်းများကို အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ 👇🏻

🔹ဘာသာရပ်တစ်ခုခုမှာအားနည်းနေလို့ အခြေခံပိုင်ပိုင်နဲ့ စနစ်တကိလေ့လာလိုတဲ့ ကလေးငယ်များအတွက် “Individual Subject Classes”
🔹ကျောင်းကပေးလိုက်တဲ့စာတွေကို ဝိုင်းကူကြည့်ပေးပြီး နားမလည်တဲ့သင်ခန်းစာတွေကိုမေးမြန်လိုတဲ့ ကလေးငယ်များအတွက် ဘာသာစုံ “Homework Help Tutoring”
🔹Grade 7 နှင့်အထက် ကလေးများအတွက် သက်ဆိုင်ရာစာမေးပွဲများ (SHSAT, SAT, AP) ဖြေဆိုဖို့ အခြေခံမှစပြီး ပြင်ဆင်ပေးမယ့် “Exam Preparation Courses”

🎁 မြန်မာ့နှစ်သစ်ကူး discount များလဲပေးနေတာမို့ မိဘတို့ရဲ့ ကလေးငယ်တွေအတွက် အကောင်းဆုံး စာသင်နှစ်တစ်နှစ်ကို အတူတူဖန်တီးပေးနိုင်ဖို့ အခုပဲအတန်းများ အပ်နှံလိုက်ပါ👇🏻

https://forms.gle/ZB3PyYdf4D7eYHsLA

Fun & Learn အနေဖြင့် ၂၀၂၀ ခုနှစ်ကစလို့ အမေရိကားရောက် မြန်မာကလေးငယ်များကို Ph.D နှင် Master ဘွဲ့ရ ဆရာ/ဆရာမ များ နှင့် ဝါရင့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးလာပြီး အကောင်းဆုံးရလဒ်များကို အတူတူ ပုံဖော်ဖန်တီးပေးလာတာ ယခုဆို (၅)နှစ်တိုင်လာပြီဖြစ်ပြီဖြစ်ပါတယ်။ 🤩

📌 အတန်းများနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုတာပဲဖြစ်စေ၊ Free trial class များအစမ်းတက်ကြည့်ချင်တာပဲဖြစ်စေ messenger မှာအချိန်မရွေး ဆက်သွယ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

“အမေရိကားရှိ မြန်မာကျောင်းသား/သူများအတွက် After School Program” 📚🇺🇸Pennsylvania ပြည်နယ် Bethlehem မြို့မှာအခြေစိုက်ပြီး ...
03/16/2026

“အမေရိကားရှိ မြန်မာကျောင်းသား/သူများအတွက် After School Program” 📚🇺🇸

Pennsylvania ပြည်နယ် Bethlehem မြို့မှာအခြေစိုက်ပြီး Professor ဦးစိုးမိုးအောင်ဦးစီးတဲ့ Fun & Learn Education Center မှ “After School Program” ကြီးကို မိဘတို့ဆီတစ်ဖန်ပြန်လည်ယူဆောင်လာပြီဖြစ်ပါတယ်။ 🥳

“After School Program” မှာ ကလေးငယ်များရဲ့ ပညာရေးကို ဖြည့်ဆည်း ကူညီရန် အောက်ပါအတန်းများကို အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ 👇🏻

🔹ဘာသာရပ်တစ်ခုခုမှာအားနည်းနေလို့ အခြေခံပိုင်ပိုင်နဲ့ စနစ်တကိလေ့လာလိုတဲ့ ကလေးငယ်များအတွက် “Individual Subject Classes”
🔹ကျောင်းကပေးလိုက်တဲ့စာတွေကို ဝိုင်းကူကြည့်ပေးပြီး နားမလည်တဲ့သင်ခန်းစာတွေကိုမေးမြန်လိုတဲ့ ကလေးငယ်များအတွက် ဘာသာစုံ “Homework Help Tutoring”
🔹Grade 7 နှင့်အထက် ကလေးများအတွက် သက်ဆိုင်ရာစာမေးပွဲများ (SHSAT, SAT, AP) ဖြေဆိုဖို့ အခြေခံမှစပြီး ပြင်ဆင်ပေးမယ့် “Exam Preparation Courses”

Fun & Learn အနေဖြင့် ၂၀၂၀ ခုနှစ်ကစလို့ အမေရိကားရောက် မြန်မာကလေးငယ်များကို Ph.D နှင့် Master ဘွဲ့ရ ဆရာ/ဆရာမ များ နှင့် ဝါရင့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးလာပြီး အကောင်းဆုံးရလဒ်များကို အတူတူ ပုံဖော်ဖန်တီးပေးလာတာ ယခုဆို (၅)နှစ်တိုင်လာပြီဖြစ်ပြီဖြစ်ပါတယ်။ 🤩

မိဘတို့ရဲ့ ကလေးငယ်တွေအတွက် အကောင်းဆုံး စာသင်နှစ်တစ်နှစ်ကို အတူတူဖန်တီးပေးနိုင်ဖို့ အခုပဲအတန်းများ အပ်နှံလိုက်ပါ👇🏻

https://forms.gle/ZB3PyYdf4D7eYHsLA

📌 အတန်းများနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုတာပဲဖြစ်စေ၊ Free trial class များအစမ်းတက်ကြည့်ချင်တာပဲဖြစ်စေ messenger မှာအချိန်မရွေး ဆက်သွယ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Address

Center Valley, PA

Alerts

Be the first to know and let us send you an email when Fun and Learn K-12 Tutoring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share