Burma Youth Development Initiative

Burma Youth Development Initiative BYDI, founded in 2020, supports EDUCATION Program for young people in Myanmar.

Reminder Post. ရေဘေးလည်းလှူ ပညာလည်း ယူ အစီအစဉ်လေး အတွက်စာရင်းပေးသွင်းဖို့ အချိန် (၅)ရက်သာ ကျန်ပါတော့တယ်။ ကိုယ်ပေးလိုက်တဲ...
08/21/2026

Reminder Post.

ရေဘေးလည်းလှူ ပညာလည်း ယူ အစီအစဉ်လေး အတွက်စာရင်းပေးသွင်းဖို့ အချိန် (၅)ရက်သာ ကျန်ပါတော့တယ်။

ကိုယ်ပေးလိုက်တဲ့ သင်တန်းကြေးဟာ လက်ရှိ စစ်ကိုင်းတိုင်း ရေဘေးသင့် ဒေသများရှိ ပြည်သူများဆီသို့ ၁၀၀% လှူမှာဖြစ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ...စစ်ကိုင်းတိုင်း ရေဘေးအလှူအတွက် ရေဘေးလည်းလှူ ပညာလည်းယူ အစီအစဉ်လေးတစ်ခုလာပါပီ။BYDI မှ စီစဉ်ပေးမှုဖြင...
08/16/2026

အားလုံးပဲ မင်္ဂလာပါ...

စစ်ကိုင်းတိုင်း ရေဘေးအလှူအတွက် ရေဘေးလည်းလှူ ပညာလည်းယူ အစီအစဉ်လေးတစ်ခုလာပါပီ။

BYDI မှ စီစဉ်ပေးမှုဖြင့် ဆရာ၊ ဆရာမ ၃ဦး တို့၏ စေတနာဖြင့် မကြာခင်မှာ Introduction to Development and Policy Course ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ရေဘေးအလှူအတွက် ဖွင့်လှစ်မည့်သင်တန်းဖြစ်သောကြောင့် သင်တန်းကြေးမှ ရရှိသော သင်တန်းကြေး အားလုံး ၁၀၀% ကို စစ်ကိုင်းတိုင်း ရေဘေးအတွက် လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဤသင်တန်းသည် Development Economics, Politics, Public Policy, Political Economy နှင့် Environmental Policy တို့အကြား ဆက်စပ်မှုများကို နားလည်လိုသော ကျောင်းသား/သူများ၊ လူငယ်ပညာရှင်များ၊ သုတေသီများ၊ အရပ်ဘက်လူမှုအဖွဲအစည်းများမှ လုပ်ကိုင်သူများနှင့် စိတ်ဝင်စားသူများအတွက် ရည်ရွယ်ပါသည်။

ယခုသင်တန်းကို သင်ကြားပေးသွားမည့် ဆရာ များနှင့် သင်တန်းရက်စွဲများကို အသေးစိတ်အောက်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

📘 သင်တန်းဘာသာရပ်များနှင့် သင်ကြားပိုချမည့် ဆရာ/ဆရာမများ

1️⃣ Development Economics
👨‍🏫 Mynn Thant U
Ph.D. in Global Studies, UMass Lowell

📅 စက်တင်ဘာ ၁ ရက်၊ အင်္ဂါနေ့ | ည ၇:၀၀ – ၉:၀၀
📅 စက်တင်ဘာ ၈ ရက်၊ အင်္ဂါနေ့ | ည ၇:၀၀ – ၉:၀၀
📅 စက်တင်ဘာ ၁၅ ရက်၊ အင်္ဂါနေ့ | ည ၇:၀၀ – ၉:၀၀

ဤဘာသာရပ်တွင် Development Economics ၏ အဓိကအယူအဆများ၊ ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုအပေါ် သက်ရောက်နေသော အကြောင်းအရာများကို လေ့လာဆွေးနွေးသွားမည်ဖြစ်ပါသည်။

2️⃣ Politics of Development and Policy
👨‍🏫 Thu Htet
DPhil (Ph.D.) Candidate in Southeast Asian Studies, University of Oxford

📅 စက်တင်ဘာ ၁၉ ရက်၊ စနေနေ့ | ည ၇:၀၀ – ၉:၀၀
📅 စက်တင်ဘာ ၂၆ ရက်၊ စနေနေ့ | ည ၇:၀၀ – ၉:၀၀
📅 အောက်တိုဘာ ၃ ရက်၊ စနေနေ့ | ည ၇:၀၀ – ၉:၀၀
📅 အောက်တိုဘာ ၁၀ ရက်၊ စနေနေ့ | ည ၇:၀၀ – ၉:၀၀

ဤဘာသာရပ်တွင် နိုင်ငံရေး၊ အများပြည်သူမူဝါဒ၊ အဖွဲအစည်းများနှင့် ဖွံဖြိုးတိုးတက်မှု တိုအကြား ဆက်စပ်မှုများကို လေ့လာမည်ဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံများ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေးအခြေအနေများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။

3️⃣ Environmental Policy and Practice
👩‍🏫 Dr. Moe Moe Aung
Visiting Fellow, University of Illinois Urbana-Champaign
Ph.D. in Zoology, University of Mandalay

📅 အောက်တိုဘာ ၁၇ ရက်၊ စနေနေ့ | ည ၇:၀၀ – ၉:၀၀
📅 အောက်တိုဘာ ၂၄ ရက်၊ စနေနေ့ | ည ၇:၀၀ – ၉:၀၀
📅 အောက်တိုဘာ ၃၁ ရက်၊ စနေနေ့ | ည ၇:၀၀ – ၉:၀၀

ဤဘာသာရပ်တွင် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှုနှင့် ဖွံဖြိုးရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ကို လေ့လာဆွေးနွေးသွားမည်ဖြစ်ပါသည်။

🌱 ပညာသင်ယူရင်း လူမှုအကျိုးပြုနိုင်မည့် အစီအစဉ်

ဤသင်တန်းကို ပညာရေးရည်ရွယ်ချက်သာမက ရေဘေးအလှူ ရည်ရွယ်ချက်ဖြင့်ပါ စီစဉ်ထားပါသည်။

သင်တန်းမှ ရရှိမည့် သင်တန်းကြေးအားလုံး၏ 100% ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးဒဏ်ခံစားနေရသော ပြည်သူများအား ထိရောက်စွာ ကူညီပံ့ပိုးပေးနေသည့် အဖွဲအစည်းများသို လှူဒါန်းသွားမည်ဖြစ်ပါသည်။

💝 သင်တန်းကြေး / အနည်းဆုံးလှူဒါန်းငွေ – 30,000 MMK နှင့်အထက် (၃၀၀၀၀ အထက် ကူညီပေးချင်လည်းရပါသည်။)

သင်တန်းတက်ရောက်ခြင်းအားဖြင့် အတွေ့အကြုံရှိသော ပညာရှင်များထံမှ သင်ယူခွင့်ရရှိမည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အကူအညီလိုအပ်နေသော ပြည်သူများအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးနိုင်မည် ဖြစ်ပါသည်။

📜 သင်တန်းကို အောင်မြင်စွာ ပြီးဆုံးသူများအား Certificate of Completion ပေးအပ်သွားမည်ဖြစ်ပါသည်။

📌 သင်တန်းကာလ: စက်တင်ဘာ ၁ – အောက်တိုဘာ ၃၁၊ ၂၀၂၆
⏱️ စုစုပေါင်းသင်တန်းချိန်: ၂၀ နာရီ
💻 သင်ကြားမည့် Platform: Zoom
🕖 အချိန်: ည ၇:၀၀ – ၉:၀၀ (မြန်မာစံတော်ချိန်)

Development, Public Policy, Political Economy နှင့် Environmental Issues များကို စိတ်ဝင်စားသော ကျောင်းသား/သူများ၊ လူငယ်များ၊ ပညာရှင်များ၊ သုတေသီများနှင့် အရပ်ဘက်လူမှုအဖွဲအစည်းများမှ လုပ်ကိုင်သူများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

သင်တန်းကိုစိတ်ဝင်စားသူများအနေဖြင့်

အောက်ပါ Google Form မှတဆင့် ဩဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

https://forms.gle/udzLFBmNoRhqAQy98

ပညာသင်ယူပါ။ ပါဝင်ဆွေးနွေးပါ။ လူမှုအကျိုးပြုပါ။

Internship Opportunities
07/14/2026

Internship Opportunities

DAAD စကော်လားရှစ်
07/04/2026

DAAD စကော်လားရှစ်

ဂျာမနီနိုင်ငံမှာ 𝗙𝘂𝗹𝗹𝘆 𝗙𝘂𝗻𝗱𝗲𝗱 နဲ့ ပညာဆက်သင်နိုင်မယ့် 𝗗𝗔𝗔𝗗 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝟮𝟬𝟮𝟲 🇩🇪

ဂျာမနီနိုင်ငံမှာ 𝗠𝗮𝘀𝘁𝗲𝗿’𝘀 (မဟာဘွဲ့) သို့မဟုတ် 𝗣𝗵.𝗗. (ဒေါက်တာဘွဲ့) ကို ပညာသင်ဆုအပြည့်အဝနဲ့ ဆက်လက်သင်ယူချင်သူတွေအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ 🥰

𝗗𝗔𝗔𝗗 (𝗚𝗲𝗿𝗺𝗮𝗻 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲 ) မှ 𝗖𝗟𝗠𝗧𝗩 နိုင်ငံများ (𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 , 𝗟𝗮𝗼𝘀,𝗠𝘆𝗮𝗻𝗺𝗮𝗿,𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱,𝗩𝗶𝗲𝘁𝗻𝗮𝗺 )မှ ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများအတွက် 𝗙𝘂𝗹𝗹𝘆 𝗙𝘂𝗻𝗱𝗲𝗱 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
.....…….........................................

🎁 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 မှာ ဘာတွေထောက်ပံ့ပေးမလဲ?

💰 𝗙𝘂𝗹 𝗧𝘂𝗶𝘁𝗶𝗼𝗻 𝗦𝘂𝗽𝗽𝗼𝗿𝘁

🎓 𝗠𝗼𝗻𝘁𝗵𝗹𝘆 𝗟𝗶𝘃𝗶𝗻𝗴 𝗔𝗹𝗹𝗼𝘄𝗮𝗻𝗰𝗲

✈️ 𝗥𝗼𝘂𝗻𝗱-𝘁𝗿𝗶𝗽 𝗔𝗶𝗿𝗳𝗮𝗿𝗲

🏥 𝗛𝗲𝗮𝗹𝘁𝗵 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲

📚 ဂျာမနီနိုင်ငံရှိ တက္ကသိုလ်များတွင် အရည်အသွေးမြင့် ပညာရေးနှင့် သုတေသနလုပ်ငန်းများကို လေ့လာခွင့်
.....…….........................................

📌 ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

✅ 𝗖𝗟𝗠𝗧𝗩 နိုင်ငံသား (မြန်မာနိုင်ငံသားများ အပါအဝင်)

✅ 𝗠𝗮𝘀𝘁𝗲𝗿'𝘀 သို့မဟုတ် 𝗣𝗵.𝗗. အတွက် လိုအပ်သော ပညာအရည်အချင်း ပြည့်မီသူ

✅ သက်ဆိုင်ရာ 𝗣𝗿𝗼𝗴𝗿𝗮𝗺 အလိုက် သတ်မှတ်ထားသော 𝗘𝗻𝗴𝗹𝗶𝘀𝗵 (သို့မဟုတ်) 𝗚𝗲𝗿𝗺𝗮𝗻 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 အရည်အချင်းရှိသူ

✅ 𝗣𝗵.𝗗. လျှောက်ထားသူများအတွက် 𝗥𝗲𝘀𝗲𝗮𝗿𝗰𝗵 𝗣𝗿𝗼𝗽𝗼𝘀𝗮𝗹 သို့မဟုတ် 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗣𝗹𝗮𝗻 ပြင်ဆင်ထားသူ
.....…….........................................

🌟 ဒီ 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ကို ဘာကြောင့် လျှောက်ထားသင့်လဲ?

🔹 ကမ္ဘာ့အဆင့်မီ ဂျာမန်တက္ကသိုလ်များတွင် ပညာသင်ယူနိုင်ခြင်း

🔹 နိုင်ငံတကာ သုတေသီများနှင့် ချိတ်ဆက်နိုင်ခြင်း

🔹 ပညာရေးနှင့် 𝗖𝗮𝗿𝗲𝗲𝗿 အတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်ခြင်း
.....…….........................................

🔗 အသေးစိတ်လေ့လာပြီး လျှောက်ထားရန်
https://www.daad-vietnam.org/en/find-funding/individual-funding/scholarships-for-clmtv/

🇩🇪 ဂျာမနီနိုင်ငံမှာ ပညာဆက်လက်သင်ယူပြီး နိုင်ငံတကာအတွေ့အကြုံနဲ့ အနာဂတ် 𝗖𝗮𝗿𝗲𝗲𝗿 ကို တည်ဆောက်ချင်သူတွေအတွက် လက်မလွတ်သင့်တဲ့ 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အခွင့်အရေးတစ်ခု ဖြစ်ပါတယ်🚀
.....…….........................................

အခုလို မိမိရဲ့ အရည်အချင်းကို မြှင့်တင်ပေးနိုင်မယ့် ပညာရေးသတင်းတွေ၊ 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အခွင့်အရေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို နေ့စဉ်လေ့လာနိုင်ဖို့ ကျွန်တော်တို့ရဲ့ 𝗣𝗮𝗴𝗲 ကို 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖို့ မမေ့နဲ့ဦးနော် 💚

🔗 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 - https://t.me/newstep_edu

🔗𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹-
https://www.facebook.com/share/17zc29x5AS/

🔗 𝗧𝗶𝗸𝗧𝗼𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - http://tiktok.com/.step.edu
.....…….........................................

အများနဲ့မသင်ချင်ဘူး ထိထိရောက်ရောက်နဲ့ ဆရာမတွေနဲ့ အနီးကပ် သင်ပေးချင်တယ်ဆို 𝗢𝗻𝗲 𝗼𝗻 𝗢𝗻𝗲 လာရောက်အပ်နှံထားနိုင်ပါပြီအသေးစိတ်ကို -

🔗 https://m.facebook.com/story.php?story_fbid=1532131652250518&id=100063610934998

အသေးစိတ်ကို
☎️ +𝟵𝟱𝟵𝟲𝟲𝟲𝟲𝟬𝟵𝟴𝟰𝟴 (𝗩𝗶𝗯𝗲𝗿 / 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺) သို့မဟုတ် 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်ခင်ဗျ။








On May 5, our Social Research Training begin today! Thanks everyone for joining us.
05/05/2026

On May 5, our Social Research Training begin today! Thanks everyone for joining us.

အားလုံးပဲမင်္ဂလာပါ။🙏Research ကို စိတ်ဝင်စားသူများနှင့် Research နှင့် ပညာရပ်ဆိုင်ရာလေ့လာမှု ကိုသင်ယူလိုသော လူငယ်များအတွက...
04/22/2026

အားလုံးပဲမင်္ဂလာပါ။🙏
Research ကို စိတ်ဝင်စားသူများနှင့် Research နှင့် ပညာရပ်ဆိုင်ရာလေ့လာမှု ကိုသင်ယူလိုသော
လူငယ်များအတွက်….

Burma Youth Development Initiative (BYDI)
မှ “Research Methods Training” Program ကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Training Programမှာတော့
Research Foundations, Methodology, Analysis နဲ့ Writing ကို တစ်ပတ် ၂ ရက် တစ်ရက်လျှင် ၂ နာရီစာ secession ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🎤သင်တန်းအစီအစဉ်
ကြာချိန် - ၃ လ 📆

Duration: 3 Months (May 5 – July 30)
Class Days: Tuesdays & Thursdays (2 days per week)
Time: 7:00 PM – 8:30 PM (1:30 or 2 hours per class)

သင်ကြားမှုပုံစံ- Online Zoom Class 💻
သင်ထောက်ကူ- Microsoft Excels, Google Scholar, Word Process, Internet Access 📱
ဒီ Training ကနေ ဘာတွေသင်ယူနိုင်မလဲ။
✅Research Types, Research Ethics , Literature Review
✅Research Design, Sampling, Instruments, Data Collections
✅Descriptive Statistics, Data Visualization, Academic Writing
စတဲ့အကြောင်းရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

🚨ထပ်မံအသိပေးလိုတာကတော့ ယခုသင်တန်းကို တော့ သင်တန်းကြေး ၂၀၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်တတ်ရောက်ပါက အပြည့်အဝပြန်လည်ထုတ်ပေးသွားမှာဖြစ်ပါတယ်

🍀သင်တန်းကို တက်ရောက်ချင်သူများအနေဖြင့် အောက်ပါ Link မှ တဆင့် လျှောက်ထားနိုင်ပါတယ်။
https://forms.gle/pGbSGU8JREzqsshCA

"ပျော်ရွှင်သော နှစ်သစ်မင်္ဂလာ အတာသင်္ကြန်လေး ဖြစ်ပါစေ"
04/13/2026

"ပျော်ရွှင်သော နှစ်သစ်မင်္ဂလာ အတာသင်္ကြန်လေး ဖြစ်ပါစေ"

Eid Mubarak. May this beautiful night bring peace, happiness, and endless blessings.
03/20/2026

Eid Mubarak. May this beautiful night bring peace, happiness, and endless blessings.

လူငယ် ၇ ဦးတွင် ၁ ဦး (၂.၅ သန်း) သည် မိမိလုံခြုံရေးကို နေ့ရက်တိုင်း ကြောက်ရွံ့ကာနေကြပြီး လူငယ် ၃ ဦးတွင် ၁ ဦးသည် မကြာမကြာ စ...
03/13/2026

လူငယ် ၇ ဦးတွင် ၁ ဦး (၂.၅ သန်း) သည် မိမိလုံခြုံရေးကို နေ့ရက်တိုင်း ကြောက်ရွံ့ကာနေကြပြီး လူငယ် ၃ ဦးတွင် ၁ ဦးသည် မကြာမကြာ စိုးရိမ်ပူပန်မှုနှင့် ကြုံတွေ့နေကြရကြောင်း UNDP ၂၀၂၅ စစ်တမ်းက ဖော်ပြသည်။

Burma Youth Development Initiative မှ ဖွင့်လှစ်ပေးတဲ့ Introduction to Statistics သင်တန်း လေးစဖွင့်ပြီဖြစ်ပါတယ်။သင်ကြားပေ...
03/06/2026

Burma Youth Development Initiative မှ ဖွင့်လှစ်ပေးတဲ့ Introduction to Statistics သင်တန်း လေးစဖွင့်ပြီဖြစ်ပါတယ်။

သင်ကြားပေးတဲ့ ဆရာမ မူးမူးဖေါ ကိုကျေးဇူးအများကြီးတင်ပါတယ်။

Address

Boston, MA

Alerts

Be the first to know and let us send you an email when Burma Youth Development Initiative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Burma Youth Development Initiative:

Shortcuts

Share

Category