03/19/2022
အောင်မြင်ကြသူတွေက
တစ်ခြားသူကို ဘယ်လို ကူညီနိုင်မယ့်
အခွင့်အလမ်းကို ရှာတတ်ကြတယ်။
မအောင်မြင်သူတွေက
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး
ငါဘာရမှာလဲပဲ တွေးတက်ကြတယ်။
မနာလိုသူတွေကတော့
ကိုယ်အတွက်လည်း ကိုယ်မကြည့်တဲ့အပြင်
ကိုယ်ထပ် ဉစ္စာပွားများမှာ အောင်မြင်မှာကို
ကြောက်ပြီး ဆွဲချတတ်ကြတယ်။
လူကြီးမင်း မိတ်ဆွေတွေထဲမှာရော ဘယ်လိုလူတွေ ရှိကြလဲ?
03/17/2022
ပထမ El Salvador က Bitcoin ကို တရားဝင် လုပ်ခဲ့ပြီး သူ့နိုင်ငံရဲ့ GDP တဟုန်ထိုးတက်သွားတယ်။
အခု စစ်ဖြစ်နေတဲ့ ကြားက ယူကရိန်း သမ္မတက Bitcoin ကို တရားဝင်ဖြစ်ကြောင်း လက်မှတ်ထိုးသွားတယ်။
ထူးဆန်းတာက ယူကရိန်က အရင်ကတည်းက Bitcoin အများဆုံး ဝယ်ထားတဲ့ နိုင်ငံတစ်နိုင်ထဲမှာလည်း ပါတယ် အခုမှာ တရားဝင်လက်မှတ် ထိုးတာလဲ။
၂၁ မှာ ၈၈ အတွေး နဲ့ စီးပွာရေး လုပ်လို့ မရတော့ဘူး။
နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ အရေးကြီးလာပြီ။
Centralize ထက် Decentralize ရဲ့ လှပမှု ပိုရှိလာတယ်။
ဒီရက်ပိုင်း Invest ကိစ္စအသစ်တွေနဲ့မို့ ပို့စ် အသစ်တွေ မတင်ဖြစ်ဘူး။ အခုတော့ ယူကရိန်း ကိစ္စက စိတ်ဝင်စားစာစရာနဲ့ အတွေးအသစ်တွေ ဝင်လာတာနဲ့ တင်လိုက်တာ ... ရင်းနှီးတာနဲ့ ပတ်သက်ဆက်စပ်တာ တင်ပါဦးမည်။
01/02/2022
၂၀၂၂ မှာ အမြန်ဆုံး ချမ်းသာလာနိုင်မယ့် နည်းလမ်း (၅) သွယ်
နှစ်သစ်ကိုကူးချိန်ရောက်တော့မှာဆိုတော့ မိတ်ဆွေတော်တော်များများ မိမိတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလတ်တွေ ပြန်ပြီးတွေးတော်ချင့်ချိန်နေလောက်မယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အသားတင် ပိုင်ဆိုင်မှုတွေကို ပိုမိုများပြီး ဒိထပ်မကလည်း ချမ်းသာဖို့ စိတ်ကူးနေမယ်ဆိုရင်တော့ မိတ်ဆွေနဲ့အတူ ကျွန်တော်တို့လည်း အဖော်ရှိနေပါတယ်။
ချမ်းသာခြင်းက ငွေးကြေးချီနှောင်ခံရခြင်းတစ်ခုထဲကပဲ လွတ်ငြိမ်တာ မဟုတ်ဘဲ တစ်ခြားသော အခွင့်အလမ်းများကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ လုံလောက်တဲ့ ငွေပမာဏသာ ပုံမှန်စီဆင်း နေမယ်ဆိုရင် ဖြစ်သင့်တာတွေမက ဖြစ်ချင်တာတွေ လိုချင်တာတွေကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ငွေ ၁ သန်း မပိုင်ဆိုင်ခင် ငွေ ၁ သိန်း ပိုင်ဆိုင်ရပါတယ်၊
ငွေ ၁ သိန်း မပိုင်ဆိုင်ခင် ငွေ ၁ သောင်း ပိုင်ဆိုင်ရပါတယ်၊
ငွေ ၁ သောင်း မပိုင်ဆိုင်ခင် ငွေ ၁ ထောင် ပိုင်ဆိုင်ရပါတယ်။
ဒါကြောင့် သမာအာဇီဝ ကျကျ ချက်ချင်း ချမ်းသွာတဲ့ နည်းလမ်းတော့ မရှိနိုင်ပေမဲ့ မိမိလက်ဝယ်ရှိငွေကို စနစ်တကျ အသုံးချခြင်းဖြင့် သန်းကြွယ်သူဌေးလောင်မှ တစ်ဆင့် သန်းကြွယ်သူဌေးများ ဖြစ်လာနိုင်ပါတယ်။
ဒီနေ့ပို့စ်မှာတော့ MoneySmart စာမျက်နှာမှ သာမာန်မှာ သန်းကြွယ်သူဌေးဖြစ်စေနိုင်သည့် နည်းလမ်း (၅)သွယ်ကို မျှဝေသွားပါမယ်။
နံပါတ် (၁) အကြွေးများနဲ့ ကင်းအောင်နေ
အကြွေးရဲ့ နောက်ကွယ်မှာ အတိုးရှိပါတယ်။ အတိုးသည် တစ်ဖက်သူအဆင်ပြေနိုင်သည့် ပမာဏ ပေးရသလို မရှိလို့ချေးငှားသူ ဘဝတစ်ခုလုံး နစ်သွားအောင်လည်း လှုံ့ဆော်နိုင်ပါတယ်။ များသောအားဖြင့် နေ့ပြန်တိုးပဲ ဖြစ်စေ အတိုးပေါ်အတိုးဆင့်ပြီး ကာလကြာလာတဲ့အခါ အတိုးကပင် မူလချေးငွေထက် ပိုများသွားတတ်ပါတယ်။
ကောင်းကြွေး၊ ဆိုးကြွေးဆိုပြီးတော့ ရှိပါတယ်။ အကြွေးတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ယူထားတဲ့အကြွေးက ပြန်ရှာနိုင်တဲ့ ငွေပမာဏထက် များရင်တော့ ဒါ ကောင်းကြွေးဖြစ်နိုင်ပါတယ်။ ကောင်းကြွေး၊ ဆိုးကြွေးကြောင်း အသေးစိတ်ကိုတော့ နောက်ပိုင်းမှာ ပို့စ်တင်ပါဦးမယ်။
နံပါတ် (၂) သုံးငွေကို ဂရုစိုက်ပါ
တစ်ကယ် ချမ်းသာခြင်းတယ်ဆိုရင် မိမိသုံးငွေ နဲ့ ထွက်ငွေစာရင်းကို သေသေချာချာ ဂရုစိုက်ဖို့ လိုပါတယ်။ နာရီအကောင်းစား ပတ်ထားနိုင်မှာ၊ အမှတ်တံဆိပ်ကောင်းကောင်း အဝက်အစား ဝတ်ဆင်နိုင်မှာသာ ချမ်းသာတာ မဟုတ်ပါဘူး။ မိမိတစ်ကယ်လိုအပ်တဲ့ အရာတွေကို ၂ခါ မစဉ်းစားရပဲ ၃ကြိမ်ဆက်တိုက် ဝယ်နိုင်မှသာ ကိုယ်လက်ဝယ်ရှိပစ္စည်းကို တစ်ကယ်ပိုင်ဆိုင်နိုင်တယ်လို့ ခေါ်ဆိုပါတယ်။
ဒါကြောင့် မလိုလာအပ်တဲ့ အသုံးစာရိတ်တွေကို လျှော့ချပါ။ အသုံးစာရိတ် သေးသေးလေးပင် ဖြစ်ပါစေ စနစ်တကျမှတ်တမ်းတင်ထားပါ။
နောက်တစ်ဆင့်ကတော့ ၁ပတ် ၁လကို ဝင်ငွေပေါ် မူတည်ပြီး ဘယ်လောက်သုံးမယ်ဆိုတာ စနစ်တကျ မှတ်တမ်း မှတ်ရာဖြစ် မှတ်ပါ။ သက်မှတ်ကာလ ပြည့်သွားပြီးဆိုရင် ကိုယ့်တစ်ကယ် လျာထားခဲ့တဲ့ ဘတ်ဂျတ်နဲ့ တစ်ကယ်သုံးဖြစ်တာနဲ့ ကိုက် မကိုက် စီစစ်ပါ။ မကိုက်ညီခဲ့ဘူးဆိုရင် ဘာကြောင့်လည်း ဆိုတာကို သုံးသပ်ပါ။
ဒီတော့မှာသာ ကျွန်တော်တို့ မလိုလာအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချနိုင်ပြီး ပိုမိုစုဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
နံပါတ် (၃) စတင်ရင်းနှီးပါ။
မြန်မာနိုင်ငံမှာ ရွှေပိုတွေကို လက်ဝတ်ရတနာ သို့မဟုတ် ရွှေတုံများ ဝယ်စုလေ့ရှိပါတယ်။ ရွှေကတစ်ဆင့် မြေများကို ချဲ့ပြီး ရင်းနှီး မြှုပ်နှံတက်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ ၂၀ ရာစုမှပင် ရင်းနှီးမှု အမျိုးမျိုးစတင် ခေတ်စားခဲ့ပါတယ်။ ရွှေ နဲ့ မြေ အပြင် ရေနံ၊ ကုန်စည်း၊ ငွေ၊ သတ္တု တို့အပြင် သက်ဆိုင် အများပိုင်ကုမ္ပဏီများမှာလည်း ရှယ်ယာ ဝယ်စုတာမျိုးကို လုပ်နိုင်ပါတယ်။
၂၁ ရာစုမှာ ထိုကဲ့သို့ ရွှေ၊ မြေ၊ ရေနံ၊ ကုန်စည်း၊ ငွေ၊ သတ္တုတို့က ပစ္စည်းထုထည်နဲ့ စုစောင်တာ မဟုတ်ဘဲ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေကို အခြေခံပြီး လုပ်လာနိုင်ပါပြီ။
ဒါအပြင်အင်တာနက်နည်းပညာကို အခြေခံပြီ Crypto ငွေကြေး၊ NFT နဲ့ meta ကမ္ဘာပေါ်မှာ မြေများကိုလည်း ဝယ်ယူ ရင်းထားနိုင်ပါပြီ။
ရင်နှီးမှုအပေါ် အခြေခံပြီး ရင်နှီးရမယ့် စရိတ်ကွာခြားနိုင်ပါတယ်။ လက်ရှိမှာ အင်တာနက် နည်းပညာကျေးဇူးကြောင့် ကိုယ်တိုင်ပိုက်ဆံ ရင်းနှီးတာ မဟုတ်၊ ပြည်တွင်းမှာပဲ ရင်းနှီးနိုင်တော့တာ မဟုတ်ဘဲ ပြည်ပမှ စိတ်ချရတဲ့ ဘုတ်များပေါ်က ရင်းနှီးမှုများစွာ လုပ်ကိုင်နိုင်ပြီ ဖြစ်ပါတယ်။
အကယ်၍ လူကြီးမင်းက အနိမ့်ဆုံး ကန်ဒေါ်လာ ၁၀၀ စတင် ရင်နှီးပြီး၊ ၁၄လအကြာမှာ ၃ဆ ကန်ဒေါ်လာ အမြတ်ကို ထုတ်ယူနိုင်မယ့် အခွင့်အရေးနဲ့ မိတ်ဆက် ပေးစေလိုတယ်ဆိုရင် ဒီစာမျက်နှာရဲ့ cb မှာ hi ခဲ့လိုက်ပါ။ အသေးစိတ်အချက်အလက် မျှဝေပေးပါမယ်။ ဇန်နဝါရီ လကုန်မှာလည်း Zoom မှ တစ်ဆင့် ရှင်းပြပေးပါမယ်။
နံပါတ် (၃) အလုပ်ကြိုးစားပါ
ကိုယ်ပိုင် စီးပွားရေးပဲ လုပ်ကိုင်သည် ဖြစ်စေ ဝန်ထမ်းလုပ်နေသူပင် ဖြစ်ပါစေ။ ကိုယ့်အလုပ်မှာ ကြိုးစားအားထုတ်ပြီး အကောင်းဆုံး ရလာဒ်တွေ ဖန်တီးနေဖို့ လိုပါတယ်။ ဒါမှာ မိမိရှာနေတဲ့ နေရာမှ ဝင်ငွေများ တိုးလာရင် ပိုစုနိုင်မယ်၊ ပိုမိုရင်းနှီးလာတဲ့အခါ သန်းကြွယ်သဌေး အိပ်မက်နဲ့ တစ်ရက်ထက် တစ်ရက် ပိုနီးစပ်လာမှာ ဖြစ်ပါတယ်။
နံပါတ် (၅) ဝင်ငွေလမ်းကြောင်း ပွားပါ
မိမိက ဝန်ထမ်းဆိုရင်လည်း အလုပ်ကြိုးစားတဲ့ ဝန်ထမ်းဖြစ်တဲ့အပြင် အခြားသော ဝင်ငွေ ဝင်နိုင်မယ့် လမ်းကြောင်းတွေကို ရှာပါ။ စမ်းရေ တစ်ခုတည်းပဲ မထားပါနဲ့ စမ်းရေ လမ်းကြောင်း ၂-၃ခု ကိုထွင်းထားပါ။ ဒီလိုအားဖြင့် ကိုယ်ရဲ့ ဝင်ငွေတွေကို ပွားစည်းကိန်းနဲ့ များများ ပွားများနိုင်ပြီး သန်းကြွယ်သူဌေး တစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။
12/30/2021
Happy New Year!
နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်စုံပြီး မှန်ကန်သည့် ရင်းနှီးမှုနဲ့ အတူ ခိုင်မာတဲ့ အနာဂတ် တည်ဆောက် နိုင်ပါစေ
12/29/2021
နှစ်ကုန်ပိုင်း ရောက်လာကြတဲ့အခါ ကျွန်တော်တို့ လာမည့်နှစ်မှာ ဘာတွေ ကောင်းအောင်လုပ်မယ်။ ဘာတွေ ထူးခြားအောင်လုပ်မယ်။ ဘာတွေ ပြောင်းလဲပစ်မယ်။ အစရှိတဲ့ ကတိကဝတ်တွေ ပြုလေ့ ရှိကြပါတယ်။
နှစ်ဆန်းရောက်ချိန်လုပ်ဖြစ်ကြပေမယ့် နောက်နှစ်ကုန်တဲ့အချိန်ထိ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပေးတဲ့ကတိတွေကို ရက်ပေါင်း ၃၆၅ရက် ပြည့်အောင် မထိန်းထားနိုင်ကြပါဘူး။
အကျင့်ဆိုတာ သေးငယ်တဲ့ ကိစ္စဖြစ်ပါစေ နေ့စဉ်ရက်ဆက် လုပ်နေဖို့ အရေးကြီးပါတယ်။ ဆရာကြီးဖေမြင့် ဘာသာပြန်ရေးသားခဲ့တဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးဂ္ဂိုလ် ဝတ္ထုက စာတိုလေး သတိရမိတယ်... အကယ်၍ ကိုယ်က အလုပ်သွားတဲ့လမ်းမှာ တံတားတစ်စင်းရှိမယ် အဲ့တံတားကို ဖြတ်သွားတိုင် ခဲလုံးတစ်လုံးပစ်ချမယ်လို့ သန္နိဌာန်ချထားရင် အဲ့တံတားဖြတ်သွားတိုင် ခဲတစ်လုံး ပစ်ချဖို့ လိုပါတယ်၊ တစ်ရက်တံတားဖြတ်ပြီးမှ သတိရလို့ နောက်တစ်ရက်မှာ ခဲနှလုံး ပစ်ချမယ်ဆိုလည်း ကျွန်တ်ောတို့ ချမှတ်ခဲ့ ကတိပျက်သွားပြီဖြစ်ပါတယ်ဆိုပြီး သူကြွယ်ဖြစ်နေတဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းကို အကျင့်နဲ့ ပတ်သက်ပြီး နမူနာပေး ပြောဆိုခဲ့ပါတယ်။
အကယ်၍ စာဖတ်မိတ်ဆွေရဲ့ နှစ်သစ်သန္နိဌာန်က ကြီးပွားချမ်းသာဖို့ဆိုရင် ငွေစုတဲ့အကျင့် မွေးမြူဖို့လိုပါတယ်။ ငွေစုတဲ့အချိန်မှာလည်း အပိုငွေကို စုတာမဟုတ်ဘဲ၊ စုပြီးပိုတဲ့ငွေကို သုံးပါဆိုပြီး လက်ရှိကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် Warren Buffet ကဆိုပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ကိုယ်က ဝန်ထမ်းဆိုပါစို့၊ တစ်လကို ဝင်ငွေရဲ့ ၂၀% စုမယ်လို့ ကတိပေးထားတယ်ဆိုရင် လကုန် လစာရတဲ့ အချိန် အရင်ဆုံး ကိုယ့်စုဖို့ ကတိပေးထားတဲ့ ၂၀% ကို အရင်စုပါ။ ပြီးမှကျန်တာကို သုံးဖို့ပြောပါတယ်။
ဒါကြောင့်ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ခင် ငွေစုတတ်တဲ့ အကျင့်ကောင်းကို စနစ်တကျ ပျိုးထောင်ထားနိုင်ဖို့ အရေးကြီးပါတယ်။
မိတ်ဆွေအားလုံးကို လေးစားလျက် ..
12/24/2021
Merry Christmas to you all.
12/21/2021
ကျွန်တော်တို့ စာသင်ကျောင်းတွေမှာ အချက်အလက်အသိတွေကို သင်ကြားတာကတစ်ဆင့် လက်တွေ့ အသုံးချနိုင်တဲ့ ဘာသာရပ်တွေကို ဦးစားပေးသင်ပေးဖို့ ပိုပြီး လိုအပ်ပါတယ်။
ပထဝီ၊ သမိုင်း အစရှိတဲ့ ဘာသာရပ်တွေက လိုအပ်တဲ့ ဘာသာရပ်တွေပါ၊ ဒါပေမဲ့ စာသင်ခန်းမှာ သင်ကြားနေရတဲ့ ပထဝီဘာသာရပ်က စာမေးပွဲ အောင်ပြီးရင် လက်တွေ့ အသုံး မချတတ်တော့ဘူး။ သမိုင်းဘာသာမှာကိုယ်တွေကို နှုတ်တိုက်အလွတ်ကျက်ပြီး စာမေးပွဲ ပြီးသွားချိန် ဘိုးဘေးတွေရဲ့ တန်ဖိုးတွေ ရင်ထဲဆွဲမနေဘဲ၊ မှားပြီးတဲ့ အမှားတွေကို သမိုင်းတလျောက် တစ်ကျော့ပြီး တစ်ကျော့ ထပ်ခါခါ ဒီအမှားတွေပဲ ဖြစ်နေမယ်ဆိုရင် သမိုင်းစာသင်ချိန်တွေမှာထိုင်နေခဲ့ရတဲ့ အချိန်တွေက နှမြောဖို့ ကောင်းလွန်းပါတယ်။
အင်္ဂလိပ်ဘာသာစကားက ကမ္ဘာနဲ့ ချိတ်ဆက်ဖို့ အရေးကြီးတဲ့ ဘာသာစကားဆိုတာ သိကြပေမယ့်။ သူငယ်တန်းထဲက အင်္ဂလိပ်စာကို လေ့လာရပေမဲ့လည်း တက္ကသိုလ်ပြီးသွားရင်တော့ အင်္ဂလိပ်လို ရဲရဲမပြောနိုင်သးဘူး။ ဒါတွေက အခြေခံအချက်တွေကို ဆွေးနွေးတာပါ။
ဒီလိုပါပဲ လူလောကမှာ ရှင်သန်ကြရတဲ့အခါမှာ ငွေကြေးစီးမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ စာရင်းအင်၊ ရင်းနှီးမြှုပ်နှံခြင်း၊ အချိန်စီမံခန့်ခွဲရေး နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကို မသင်ခဲ့ရတဲ့အခါ ...
ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချိန် ကြီးမားတဲ့ခက်ခဲမှု ဘဝဇာတ်ခုံပေါ်မှာ တစ်ခြားနိုင်ငံသားတွေထက် ပိုခံရပါတယ်။ကျင့်သားရလာတော့ ဆင်းရဲခြင်း၊ ရုန်းကန်ခြင်းက ဖြစ်စဉ် တစ်ခုလို လက်ခံလိုက်ကြတော့တယ်။
ဒါပေမဲ့ အခုလို အင်တာနက်ခေတ်မှာ ပတ်ဝန်းကျင်က ဇာတ်ညွှန်းရေးသူကိုပဲ မူတည်နေစရာမလိုတော့ဘူး .. ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေ အများကြီးရှိလာပါပြီ။
ငွေကြေးစီးမံခန့်ခွဲရေးနဲ့ ပတ်သက်တာ၊ ရင်းနှီးမြှုပ်နှံခြင်းအစ ရှိတာတွေကို ကိုယ်တိုင်လေ့လာနိုင်တဲ့အပြင် နိုင်ငံတကာ ငွေကြေးနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေမှာ ရင်းနှီးနိုင်ပါပြီ။
သင့်မှာ ကန်ဒေါ်လာ ၁၀၀ သာရှိမယ်။ အဲ့ ကန်ဒေါ်လာ ၁၀၀ ကို ၁၄လ ရင်းနှီးပြီး ၃ဆထိပွားအောင် လုပ်နိုင်ပါပြီ။ ဒီနေ့ သင်လက်ထဲက ပိုက်ဆံကို မပွားနိုင်ခဲ့ဘူးဆိုရင် လက်ရှိသင့်လက်ထဲက ငွေကြေးတန်ဖိုးက အချိန် ၁-၆ လအတွင်း ၁၀ရာခိုင်းနှုန်းကြဆင်သွားပါပြီ။ ဒါကြောင့် တစ်နှစ်ကို ငွေ ၂ဆနီးပါး တိုးပြီး မရှာနိုင်ပဲ စုစောင်ထားသူတွေက ချမ်းသာသူတွေ ဖြစ်မလာကြဘဲ စနစ်တကျ ရင်းနှီးသူတွေကသာ ချမ်းသာတဲ့ ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ကြပါတယ်။
အကယ်၍ စာဖတ်နေတဲ့ မိတ်ဆွေက ချမ်းသာကြွယ်ဝချင်တယ် ၂၀၂၂မှာ မှတ်တိုင်အသစ်တွေ ထုချင်တယ်ဆိုရင် အမြန်ဆုံး hi လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
11/17/2021
အနာဂတ် လှလှတွေ ဖန်တီးနိုင်မယ့် ပျော်ရွှင်စရာ တန်ဆောင်တိုင် ပွဲတော် ဖြစ်ပါစေ။
10/21/2021
ပိုင်ဆိုင်တဲ့ အချိန် ၂၄နာရီ မလုံလောက်လို့ အချိန်ကို တိုးလို့ မရပါဘူး။ ဒါပေမဲ့ စနစ်တကျတစ်နေ့တာ စီမံခန့်ခွဲခြင်းက အကောင်းဆုံး အချိန်ကို ညှိခြင်းပါပဲ။
10/18/2021
ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်ခြင်းက ပေးနိုင်တဲ့ အားသာချက် (၉) ခု
စီးပွားရေး ၊ စီမံခန့်ခွဲရေး ၊ ငွေကြေး ဘဏ္ဍာရေး tip များကို Telegram မှာ နေ့စဉ် လေ့လာနိုင်ပါပြီ..