Thida Aung - Relationship & Inner Well-Being

Thida Aung - Relationship & Inner Well-Being Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thida Aung - Relationship & Inner Well-Being, Personal coach, Austin, TX.

I’m a Relationships & Inner Well-Being Educator who helps people transform their blind spots, heal their relationships, and create a life of awareness and possibility.

09/04/2026

မိဘ (သို့) မိသားစုနဲ့ အယူအဆ မတူလို့ စိတ်ဝမ်းကွဲရတဲ့အခါ မိသားစု သံယောဇဉ်လည်း မပျက်စီးဘဲ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကိုပါ ဘယ်လို ထိန်းသိမ်းမလဲ?

🗣️ How to Communicate Effectively? - Batch 1

🗣️ လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်မှာ ထိရောက်စွာ ဆက်သွယ်ပြောဆိုတတ်ပြီး အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့...

ဒီသင်တန်းကနေ ဘာတွေရမလဲ?
* လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးအဆင်မပြေမှုများကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ခြင်း
* လိုအပ်သလို ထိရောက်စွာ စကားပြောဆို ဆက်ဆံတတ်လာခြင်း
* စကားလုံးများကို ရွေးချယ်သုံးနှုန်းတတ်လာခြင်း
* Public speaking ပိုမိုအားကောင်းလာခြင်း
* တစ်လစာ Recording ပြန်ကြည့်ခွင့်ရရှိခြင်း

📅 နေ့စွဲ: September 6, 2026 (Sunday)
⏰ အချိန်: ည ၈:၀၀ မှ ၁၀:၀၀ အထိ (မြန်မာစံတော်ချိန်)
📍 နေရာ: Via Zoom Platform
💵 သင်တန်းကြေး: ၁၀,၀၀၀ (mmk) တည်းသာ။

သင်တန်းတက်ရောက်ချင်တယ်ဆိုရင် "SC"လိုရေးပေးပါ၊ Team မှ သင်တန်းအပ်ရန် အချက်အလက်များကို ပို့ပေးပါမယ်။

TDA Team #မိသားစု #ဆက်ဆံရေး

09/02/2026

Breakdown အကြောင်းရှင်းပြထားပါတယ်။ တကယ်တော့ Breakdown ကို ကြောက်ရွံ့ဖို့ မလိုပါဘူး ဘဝမှာ Breakthrough ရရှိတယ်ဆိုတာ Breakdown အနေအထားရှိမှပါ။

အနှစ်ချုပ်ပြောရရင် Breakdown ဆိုတာ Breakthrough ရဲ့ ရှေ့ပြေး နိမိတ်ပါ။

TDA ရဲ့ “LBM” Living Being Mindful (Batch 17) သင်တန်းကတော့ မိမိရဲ့ ရင်တွင်းတည်ငြိမ်မှုအပြင် သတိရှိစွာ ကိုယ့်ဘဝရဲ့ အနှစ်သာရနဲ့အတူ ပြည့်ပြည့်ဝဝ ရှင်သန်နေထိုင်နိုင်ဖို့အတွက် ကူညီပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။

နေ့စွဲ: Oct 15,16,17,18,19,20 & 22 2026
အချိန်: 7:30PM မှ 10:30 PM (မြန်မာစံတော်ချိန်)
Platform: Zoom
သင်တန်းကြေး: 350,000 mmk

သင်တန်းတက်ရောက်ချင်တယ်ဆိုရင် "LBM"လိုရေးပေးပါ၊ Team မှ သင်တန်းအပ်ရန် အချက်အလက်များကို ပို့ပေးပါမယ်။

TDA Team

မိမိရဲ့  စိတ်ခံစားချက် ဝေဒနာတွေကို မိမိကိုယ်တိုင် ကုသချင်တယ်ဆိုရင် … 🍀သူ့ကြောင့် ငါ ခံစားနေရတယ်။🍀သူ ငါ့ကို နာကျင်အောင်လု...
09/02/2026

မိမိရဲ့ စိတ်ခံစားချက် ဝေဒနာတွေကို မိမိကိုယ်တိုင် ကုသချင်တယ်ဆိုရင် …

🍀သူ့ကြောင့် ငါ ခံစားနေရတယ်။
🍀သူ ငါ့ကို နာကျင်အောင်လုပ်တယ်။
လို့ တွေးနေမဲ့အစား ……

ပြန်လည်ဖန်တီးတွေးယူလို့ရတာက…

🍃ငါ့ဆီမှာ နာကျင်မှုခံစားချက် တခုရှိနေပါလား၊
🍃ဒီခံစားချက်ကြောင့် ခန္ဓာမှာနာကျင်မှုဖြစ်ပေါ်နေတာဘဲ၊
🍃ဒါဟာ နာကြင်မှုကို ခံစားစေတဲ့ အခြေအနေတခုဘဲ၊
🍃ခံစားချက်ဆိုတာ အလည်လာခြင်းဖြစ်တာမို့ ခနဆိုရင်တော့ ဒီနာကျင်မှုခံစားချက်က ပြန်လည်ထွက်ခွါသွားမှာပါ။ ဆိုပြီး …..

ပုဂ္ဂိုလ်ရေးရာမပါဘဲ လက်ခံနိုင်ရင်
ခံစားချက်တွေ လျော့ပါးလာနိုင်ပါတယ်။

မိမိရဲ့ ခံစားချက်တွေကို စောင့်ကြည့်ကုသပါ။

ကျေးဇူးပါ။

သီတာအောင်🌸🥰
#ဘဝနေနည်းပညာရေး #ဘဝနေနည်းနည်းလမ်းများ

09/01/2026

မိမိကိုယ်မိမိ မသိရင်
လူတွေကြားမှာ
မိမိပျောက်နေမှာဘဲ

Mindset “စိတ်နေသဘောထား”တကယ်တော့ လူ့ဘဝကြီးက ဒီလောက်ကြီး မခက်ခဲလှပါဘူး မိမိတို့ရဲ့ အတွေးအမြင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်...
08/27/2026

Mindset “စိတ်နေသဘောထား”

တကယ်တော့ လူ့ဘဝကြီးက ဒီလောက်ကြီး မခက်ခဲလှပါဘူး မိမိတို့ရဲ့ အတွေးအမြင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်နေသဘောထားတွေကြောင့် ခက်ခဲနေတာပါ။

လူတိုင်း လူတိုင်း ကလေးဘဝဆိုတဲ့ အတိတ်ကို ဖြတ်သန်းကြရတယ် မတူညီတဲ့ အခက်အခဲတွေလဲ ကြုံတွေ့ခဲ့ကြတယ်။
အသက်ရှိနေတဲ့ ဘဝထဲမှာမှ ဘဝပေါင်းစုံ အခြေအနေ အနေအထားပေါင်းစုံကို ဖြတ်သန်းခဲ့ကြတာပါ။
အားလုံး အတူတူနဲ့ အနူနူပါဘဲ။

အဲ့ဒါကို မိမိဘဝက ပိုပြီး ကံဆိုးတယ်လို့ ပြိုင်ဆိုင် နေလို့ မရပါဘူး။ ဘဝရဲ့ လမ်းခရီးမှာ ခန္ဓာနဲ့ စိတ်ဆိုတာ ပင်ပန်းနွမ်းနယ်မှုနဲ့အတူ အတက်အကျ ဖြစ်တတ်ပါတယ်။

အဲ့ဒါလဲ သဘာဝပါ။

ကိုယ့်အတွေးတွေကြောင့် ဘဝကြီး ပိုမိုခက်ခဲသွားဖို့ မလိုအပ်ပါဘူး။

💡ဘဝအတွက် စိတ်မကျေနပ်ရင် ကိုယ့်လောက် မပြည့်စုံသူတွေ ဘယ်လိုရှိနေမလဲ တွေးပေးပါ။
💡ဘဝအတွက် စိတ်ကျေနပ်ချင်ရင် ကြီးပွါးတိုးတက်နေသူတွေရဲ့ အားထုတ်မှုကို အတုယူပါ။

ဘဝရဲ့ အခက်အခဲဆိုတာ ကိုယ့်အတ္တနဲ့ ကိုယ့်ရဲ့ အမြင်ပေါ်မူတည်ပြီး အလေးချိန် ပြောင်းလဲသွားတတ်တာကတော့ သေချာပါတယ်။

အထူးသဖြင့် မတူညီတဲ့ အချက် ၃ ချက်ရှိပါတယ်။

🍀နှိုင်းယှဉ်မှု (Comparison): ငါ ပိုကံဆိုးပါတယ်ဆိုပြီး ဒုက္ခချင်း ပြိုင်ဆိုင်နေတာက စိတ်ကို ပိုပြီး မွန်းကြပ်စေပါတယ်။

🍀လက်ခံမှု (Acceptance): စိတ်ရော ခန္ဓာပါ ပင်ပန်းနွမ်းနယ်တတ်တာဟာ သဘာဝတရားရဲ့ နိယာမတစ်ခုဖြစ်ကြောင်း လက်ခံပေးတာက စိတ်ငြိမ်းချမ်းမှုကို ရစေပါတယ်။

🍀ရှုထောင့် (Perspective):
- စိတ်ဓာတ်ကျနေချိန်မှာ မိမိထက် အခြေအနေ နိမ့်ပါးသူတွေကို ငဲ့ကြည့်ပြီး ရောင်ရဲတင်းတိမ်မှု (Contentment) ကို ရှာဖွေပါ။
- တိုးတက်လိုချိန်မှာ အောင်မြင်နေသူတွေရဲ့ ကြိုးစားအားထုတ်မှုကို ကြည့်ပြီး ဇွဲလုံ့လ (Inspiration) ကို အတုယူပါ။

😇ဒီလို “mindset” စိတ်နေစိတ်ထားမျိုး မွေးမြူနိုင်ရင် ဘယ်လို အခက်အခဲပဲကြုံကြုံ စိတ်ချမ်းသာမှုကို ထိန်းသိမ်းထားနိုင်မှာ သေချာပါတယ်လို့ သတင်းကောင်းလေးပါးချင်ပါတယ်။

➡️သင့်ရဲ့ အတွေးတွေကို သတိထားပါ။
ဘဝမှာ ချောမွေ့သာယာစွာ နေထိုင်ချင်ရင်တော့ မိမိရဲ့ mindset တွေ မိမိကိုယ်တိုင် ပြောင်းလဲ ယူရပါတယ်။

ကျေးဇူးပါ။

သီတာအောင်🌸❤️
August, 2026

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် စကားပြောဆိုဆက်ဆံရတာ အဆင်မပြေဘဲ အခက်အခဲတွေ့နေရပါသလား ❓မိမိပြောချ...
08/27/2026

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် စကားပြောဆိုဆက်ဆံရတာ အဆင်မပြေဘဲ အခက်အခဲတွေ့နေရပါသလား ❓

မိမိပြောချင်တဲ့ အကြောင်းအရာကို လိုရင်းတိုရှင်း ထိထိရောက်ရောက် ပြောဆိုနိုင်ပြီး အောင်မြင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်သူတွေအတွက် How to Communicate Effectively? (Batch 1) သင်တန်းလေး လာပါပြီ…

🔹ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်သလဲ။

✔️လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်/လူကြီးများနှင့် ဆက်ဆံရေး ပိုမိုပြေလည်လိုသူများ

✔️လူအများရှေ့ စကားပြောရမှာ ကြောက်ရွံ့ပြီး Public Speaking စွမ်းရည် တိုးတက်ချင်သူများ

✔️ စကားပြောဆိုရာမှာ စကားလုံးရွေးချယ်မှုနှင့် လိုရင်းရောက်အောင် ပြောဆိုနိုင်စွမ်း လိုအပ်နေသူများ

✔️ လူမှုပတ်ဝန်းကျင်တွင် ဆက်ဆံရေးနယ်ပယ် (Networking) တိုးချဲ့လိုသည့် လူငယ်များနှင့် ဝန်ထမ်းများ

🔹ဒီသင်တန်းတက်ရောက်ခြင်းဖြင့် ဘာတွေရရှိမလဲ။

✔️ လုပ်ငန်းခွင်နှင့် လူမှုပတ်ဝန်းကျင်မှ ဆက်ဆံရေးအခက်အခဲများကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း

✔️ နေရာ၊ ဒေသနှင့် အခြေအနေပေါ်မူတည်၍ လိုအပ်သလို ထိရောက်စွာ စကားပြောဆိုဆက်ဆံတတ်လာခြင်း

✔️ စကားလုံးများကို သင့်လျော်မှန်ကန်စွာ ရွေးချယ်သုံးနှုန်းတတ်လာခြင်း

✔️ Public Speaking စွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်လာခြင်း

✔️ သင်တန်းပြီးပါကလည်း ၁ လစာ Recording ပြန်လည်ကြည့်ရှုလေ့လာနိုင်ခြင်း

သင်တန်းအသေးစိတ်

📅 နေ့စွဲ: September 6, 2026 (Sunday)
⏰ အချိန်: ည ၈:၀၀ မှ ၁၀:၀၀ အထိ (မြန်မာစံတော်ချိန်)
📍 နေရာ: Zoom Platform (Live Class)
💵 သင်တန်းကြေး: ၁၀,၀၀၀ ကျပ် တည်းသာ

မိမိရဲ့ ဆက်သွယ်ပြောဆိုရေးစွမ်းရည်ကို မြှင့်တင်ပြီး အခွင့်အလမ်းကောင်းတွေကို ဖန်တီးဖို့ ခုပဲ စာရင်းပေးသွင်းလိုက်ပါ။

👉 သင်တန်းတက်ရောက်လိုပါက ကွန်မန့်မှာ "SC" ဟု ရေးသားပေးပို့နိုင်သလို Page Chat Box မှတစ်ဆင့်လည်း ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါသည်။
TDA Team မှ သင်တန်းအပ်နှံရန် အချက်အလက်များကို အမြန်ဆုံး အကြောင်းပြန်ပေးသွားပါမည်။

08/26/2026

အလုပ်ခွင်မှာ ကိုယ့်ကို အားအင်ကုန်ခမ်းစေပြီး စိတ်ပင်ပန်းအောင်လုပ်တဲ့သူတွေနဲ့ နေ့တိုင်း ဆုံနေရတဲ့အခါ စိတ်ဓာတ်မကျဘဲ ကိုယ့်ရဲ့ Inner Peace ကို ဘယ်လို ထိန်းသိမ်းမလဲ?

🗣️ How to Communicate Effectively? - Batch 1

🗣️ လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်မှာ ထိရောက်စွာ ဆက်သွယ်ပြောဆိုတတ်ပြီး အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့...

📅 နေ့စွဲ: September 6, 2026 (Sunday)
⏰ အချိန်: ည ၈:၀၀ မှ ၁၀:၀၀ အထိ (မြန်မာစံတော်ချိန်)
📍 နေရာ: Via Zoom Platform
💵 သင်တန်းကြေး: ၁၀,၀၀၀ (mmk) တည်းသာ။

သင်တန်းတက်ရောက်ချင်တယ်ဆိုရင် "SC"လိုရေးပေးပါ၊ Team မှ သင်တန်းအပ်ရန် အချက်အလက်များကို ပို့ပေးပါမယ်။

“စိတ်”စိတ်ကို ဂရုစိုက်ပါစောင့်ကြည့်ပါဘာစိတ်လာလာလက်ခံပေးပါထိမ်းသိမ်းစီမံပါတခုတော့ရှိတယ်မိမိမဟုတ်ပါလူသားတွေမှာရှိတဲ့အလိုအလ...
08/26/2026

“စိတ်”

စိတ်ကို
ဂရုစိုက်ပါ
စောင့်ကြည့်ပါ
ဘာစိတ်လာလာ
လက်ခံပေးပါ
ထိမ်းသိမ်းစီမံပါ
တခုတော့ရှိတယ်
မိမိမဟုတ်ပါ
လူသားတွေမှာရှိတဲ့
အလိုအလျောက်စနစ်တခုပါ။

စိတ်အတွေးပြောင်းရင်
ခံစားချက်ပြောင်းတယ်
ခံစားချက်ပြောင်းရင်
အပြုအမူပြောင်းတယ်
အပြုအမူပြောင်းရင်
ဘဝပြောင်းပါတယ်။

စိတ်အတွေးကြောင့်
ဘဝမှာ
အကျိုးဖြစ်ထွန်းခြင်း
အကျိုးဆုတ်ယုတ်ခြင်းဆိုတာ
ဖြစ်ပေါ်ခြင်းပါ။

ကျေးဇူးပါ။

သီတာအောင်🌸

(စိတ်အကြောင်းနဲ့ပါတ်သက်တဲ့ Living Being Mindful သင်တန်း October မှာ ရှိပါတယ်။ CB မှာ လာရောက် စုံစမ်းနိုင််ပါတယ်။)

#ဘဝနေနည်းနည်းလမ်းများ #စိတ်ချမ်းမြေ့ခြင်း #စိတ်ခွန်အားပြည့်ဝမှု

လူဖြစ်လာတာဝေဒနာ ခံစားဖို့လား?ဖန်တီး နေထိုင်ဖို့လား?(Is it to become a humanto suffer?to create and live?)    #ဘဝနေနည်းနည...
08/25/2026

လူဖြစ်လာတာ
ဝေဒနာ ခံစားဖို့လား?
ဖန်တီး နေထိုင်ဖို့လား?

(Is it to become a human
to suffer?
to create and live?)


#ဘဝနေနည်းနည်းလမ်းများ #ဘဝနေည်းပညာရေး

ဘာလို့ မေတ္တာထားဖို့နဲ့ စိတ်ချမ်းသာဖို့ကို တိုက်တွန်းကြတာလဲ?👏🫶🏻ချစ်ခြင်းမေတ္တာ အကြောင်းတွေပြောဆိုခြင်း၊😃ပျော်ရွှင်မှု ဝမ...
08/24/2026

ဘာလို့ မေတ္တာထားဖို့နဲ့ စိတ်ချမ်းသာဖို့ကို တိုက်တွန်းကြတာလဲ?👏

🫶🏻ချစ်ခြင်းမေတ္တာ အကြောင်းတွေပြောဆိုခြင်း၊

😃ပျော်ရွှင်မှု ဝမ်းမြောက်ခြင်းနဲ့ပတ်သက်ပြီး ပြောဆို သင်ယူနေခြင်းဟာ၊
အလကားသက်သက်မဲ့ မဟုတ်ပါဘူး။

💡သင့်ရဲ့ ကြင်နာချစ်ခင်တတ်ပြီး ပျော်ရွှင်စွာမှုနဲ့ နေထိုင်ခြင်းသည် သင်ကိုယ်တိုင်က သာယာ ကြည်နူးမှုတွေ ခံစားရပြီး
သင့်အတွက် ပြောင်းလဲလိုက်လျော ညီထွေမှု ဖြစ်နိုင်စွမ်း (flexibility & adaptability ကို မွေးဖွားပေးနိုင်ပါတယ်။

⁉️
🍃သင်ရော သင့်ဘဝအပေါ် မှာရော မိမိ ချစ်ရသော သူတွေ အပေါ်မှရော flexible နဲ့ adaptation ရှိရဲ့လား?
🍃ဘဝအပေါ် မှာ သာယာကြည်နူးမှု ရှိရဲ့လား?
🍃သင်ကိုယ်သင်ရော ကြင်နာချစ်ခင်ပျော်ရွှင်စွာ နေထိုင်ရဲ့လား?

ကျေးဇူးပါ။

သီတာအောင်🌸


#ဘဝနေည်းပညာရေး #ဘဝနေနည်းနည်းလမ်းများ
#မေတ္တာ

Address

Austin, TX

Alerts

Be the first to know and let us send you an email when Thida Aung - Relationship & Inner Well-Being posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thida Aung - Relationship & Inner Well-Being:

Shortcuts

Share

Category