Vital Knowledge

Vital Knowledge

Share

Vital Knowledge

27/04/2026

ကျနော်တို့တွေရော ပုဏ္ဏားငပျင်းလိုပဲ ကိုယ့်အလုပ်ကိုလုပ်ဖို့ပျင်းနေကြပီလား??

၁မိနစ်စာ Video လေးတွေကြည့်ပြီး စိတ်ခွန်အားဖြစ်ဖြစ် တစ်ခုခုအကျိုးရှိစေမယ်ဆိုရင်
Channel လေးကို Followလေးလုပ်ဖို့မမေ့နဲ့နော်

19/04/2026

"ကိုယ်တိုင်က ကောက်ရိုးမီးတောက်ဖြစ်နေတာလား??"
စိတ်ပါမှလုပ်မယ် စိတ်မပါရင်မလုပ်ပဲ ဒီတိုင်းနေသွားရင်‌ရော...အောင်မြင်မှာလား

၁မိနစ်စာ Video လေးတွေကြည့်ပြီး စိတ်ခွန်အားဖြစ်ဖြစ် တစ်ခုခုအကျိုးရှိစေမယ်ဆိုရင်
Channel လေးကို Followလေးလုပ်ဖို့မမေ့နဲ့နော်

17/04/2026

"Work Hard... But Wrong Way"
အပြင်းအထန်ကြိုးစားနေပါရဲ့နဲ့ ဘာလို့မအောင်မြင်နိုင်ရတာလဲ??

၁မိနစ်စာ Video လေးတွေကြည့်ပြီး စိတ်ခွန်အားဖြစ်ဖြစ် တစ်ခုခုအကျိုးရှိစေမယ်ဆိုရင်
Channel လေးကို Followလေးလုပ်ဖို့မမေ့နဲ့နော်

27/03/2026

"လဲမှာကြောက်လို့ မလျှောက်ဘဲနေရင် မရောက်ဘဲသေမှာပေါ့"

ကြောက်ကြောက်နဲ့ ဘာမှမလုပ်ဖြစ်တော့ ဘယ်မှမရောက်ဖြစ်သလို
ဘယ်ပန်းတိုင်မှမရှိဘူးဖြစ်နေခဲ့တာကြာပြီ

သင်တို့ရော မင်မင်နဲ့အတူတူပဲလား??အတူတူစတင်ကြရင်မကောင်းဘူးလား??
"Comment မှာ Startnowလို့ ရေးပေးခဲ့ပါဦး"

22/09/2025

love me without restriction, trust me without fear, want me without demand, accept me for who i am

ကျနော့ကိုချစ်ရင် ကန့်သတ်ချက်တွေမပါပါနဲ့
ကျနော့ကိုယုံကြည်ရင် ကြောက်တဲ့စိတ်တွေမပါပါနဲ့
ကျနော့ကိုလိုချင်ရင် တောင်းဆိုချက်တွေမပါပါနဲ့
ကျနော်ဘယ်သူလဲဆိုတာကိုပဲ လက်ခံပေးပါ
#ကျနော် #အချစ်

07/05/2025

"ခပ်ဖွဖွလေးပဲကောင်းပါတယ်"
---------------------------------
ဘဝမှာတခါတရံ ဆုံးရှုံးသွားမှာစိုးလို့
ပိုပြီးဆုပ်ကိုင်ထားမိတာတွေက ၂ဖက်စလုံးကိုပူလောင်စေတတ်တယ်ပေ့ါ
ခပ်တင်းတင်းဆုပ်ကိုင်ထားမိတဲ့လက်ထက်၊ ခပ်ပြင်းပြင်းခံစားရတဲ့နှလုံးသားကပိုပြီးနာကျင်စေရတယ်ပေါ့။

တင်းတင်းကြပ်ကြပ်ချည်နှောင်ထားတဲ့ကြိုးဟာ ဒဏ်ရာဒဏ်ချက်ပြင်းတတ်သလို၊ တွယ်တာမှု တမုတယကြိုးဟာလည်း၊ တင်းလေကြပ်လေ ပြင်းလေပျက်လေဖြစ်တတ်တယ်ပေါ့။

ဖြေလျှော့နိုင်ရင်တော့ အနေပေါ့တာ အသေချာပဲ။
မောလို့တင်းတာပဲဖြစ်ဖြစ် ချစ်လို့ပြင်းထန်တာပဲဖြစ်ဖြစ် တင်းရင်ကြပ်တယ် ပြင်းရင်ပျက်တယ်ဆိုတာ သဘာဝပါပဲ။

အမုန်းတရားကို ဆုပ်ကိုင်ထားရင်လည်း ဆုပ်ကိုင်ထားသူမှာ နာကျင်စွာ ခံစားရသလို၊ အချစ်ပြင်းပြင်းနဲ့ဆုပ်ကိုင်ထားမိရင်လဲ ခံစားမှုက ပူလောင်ရတာပါပဲ။
သေချာတာကတော့ ဘာကြောင့်ပဲတင်းတင်း ခံစားချက်ကတော့ ပြင်းထန်နေမယ်ဆိုတာ အသေချာပါပဲ။

ခပ်တင်းတင်း ခပ်ပြင်းပြင်း ဆုပ်ကိုင်ထားတာတွေကို ဖြေလျှော့ကြည့်ပါ၊ အနေပေါ့သွားမှာ အမှန်ပါပဲ။
မုန်းလို့တင်းတာတွေကိုလည်းလျှော့ ချစ်လို့ပြင်းထန်တာတွေကိုလည်းလျှော့နိုင်ရင်၊ ဘဝမှာ တင်းကြပ်တဲ့ပူလောင်မှုနဲ့ပြင်းပြတဲ့ခံစားမှု ဒုက္ခကလည်းလျော့နည်းသွားမှာ အမှန်ပါပဲ။

ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့လက်ထက် ခပ်ပြင်းပြင်းခံစားရတဲ့နှလုံးသားက ပိုပြီးပူလောင်စေတတ်တယ်။
ဘာပဲဖြစ်ဖြစ် "ခပ်ဖွဖွလေးပဲကောင်းပါတယ်"

#ကိုရီးယားဆရာတော် #တရားစကား

06/05/2025

"ကိုယ်သာပဓာန ကိုယ့်ဘဝ"
------------------------------
ဘဝမှာ အတိုက်အခိုက်တွေက၊ ကိုယ့်ကိုယ်ကို သတိပိုထားဖို့ တွန်အားဖြစ်အောင် ကြိုးစားရမယ်။

ချီးမွမ်းသံတွေဆိုတာကလဲ ကိုယ့်အတွက် ခွန်အားဖြစ်အောင် လေ့ကျင့်ရမယ်၊
ချီးမွမ်းသံတွေကြား မြောက်ကြွသွားဖို့တော့ မဟုတ်ဘူးပေါ့၊ အောက်ကျမသွားစေအောင်ပဲ သတိပြုရမယ်။
ဖိနှိပ်ခံရတာတွေကလဲ ကိုယ့်အတွက်တော့ မခံချင်စိတ်နဲ့ကြိုးစားချင်စိတ်ကို ပိုပြီးဖြစ်စေရမယ်။

အားပေးတာတွေ နှိပ်ကွပ်တာတွေဟာလည်း ဘဝရဲ့လောကဓံတွေပဲဆိုတော့၊ ပျော်တဲ့အခါလည်းပျော်၊ ချောတဲ့အခါလည်းချောနေကြမှာပဲပေါ့။
ဘဝရဲ့လောကဓံဆိုတာ အကောင်းထက်အစောင်းတွေက ပိုများတတ်တယ်၊ အဆိုးလောကဓံတွေကလဲ လာပီဆိုရင်၊ အကုန်စုံလာတတ်တဲ့ သဘောရှိတယ်။
အဲ့ဒီ့ဒဏ်တွေကို ကိုယ်ကခံနိုင်ရည်ရှိနေမှ မဟုတ်လို့ကတော့ အတော်ခံရလိမ့်မယ်။

အထိတွေနာပီဆိုရင် အသိတွေပါခွာကုန်ကြတယ်။
ရှိတုန်းကသိနေကြတဲ့သူတွေက မရှိတော့တဲ့အခါမသိသလို ဖြစ်ကုန်ကြတယ်ပေါ့။

အတိုက်အခိုက်ခံရလို့လဲ တုန်လှုပ်ခြောက်ခြားနေလို့မရဘူး
အတိုက်အခိုက်ကို သတိနဲ့ရင်ဆိုင်၊ ခြေမကိုင်မိ လက်မကိုင်မိတော့မဖြစ်စေနဲ့ပေါ့။

ချီးမွမ်းခံရလို့လည်း အောက်ခြေလွတ်သွားလို့မဖြစ်ဘူး၊ တနေ့ အဲ့ဒီ့ချီးမွမ်းသံတွေကပဲ ကိုယ့်ကိုပြန်ကဲ့ရဲ့ကြမှာ။ ချီးမွမ်းတဲ့သူတွေကပဲ ကိုယ့်ကိုပြန်ပီးတော့ မကောင်းပြောကြမှာပဲလေ။
ချီးမွမ်းလာရင် ခွန်အားယူ၊ ကဲ့ရဲ့လာရင် မခံစားနဲ့၊ စကားတွေနဲ့ဘဝကို မနှဲ့စေနဲ့ပေါ့။

ဖိနှိပ်ခံရလို့လည်း မခံမရပ်နိုင်မဖြစ်စေနဲ့၊ ကိုယ်အားမရှိသေးလို့ နှိပ်ကွပ်နေကြတာ။ ကိုယ်အားရှိလာတဲ့တနေ့ လူကိုမနှိပ်ကွပ်တော့ဘူး၊ ကိုယ့်ရဲ့ခြေထောက်လေးကိုပဲ ခပ်ဖွဖွလေးလာနှိပ်ပေးကြလိမ့်မယ်။
များများဖိနှိပ်ခံရလေ မခံချင်စိတ်နဲ့ပိုပြီးကြိုးစားချင်ဖို့ပဲလိုတာပေါ့။
တကယ်တော့ ကိုယ့်ဘဝဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူ့မှဖေးမ ပေးမှာမဟုတ်ဘူး။

ကိုယ်လဲရင်ကိုယ်ပြန်ထ ကိုယ်ကြိုက်ရင်ကိုယ်ပြန်တက် ဘယ်သူ့လက်မှဆွဲမနေနဲ့၊ ကိုယ်အားနဲ့ပဲကိုယ်ရုန်း ဒါအကောင်းဆုံးပါပဲလေ။
ကိုယ်သာလေပဓာန ကိုယ့်ဘဝပဲလေ မဟုတ်လား။

#ကိုရီးယားဆရာတော် #ဦးဝိစိတ္တ #တရားစကား

05/05/2025

သင်သိပြီးပြီလား? #ကျန်းမာ‌ရေး

02/05/2025

ကျနော်က လှုပ်ရှားမှုကောင်းအောင် အလုပ်များများလုပ်နေရတယ်

01/05/2025

လောဘကြီးရင် ရှုးတတ်တယ်တဲ့
‌ဒေါသကြီးရင် သေတတ်တယ်တဲ့
မောဟက လူကိုဝေစေတယ်တဲ့(တွေ‌‌ဝေစေတယ်)
ကြောက်ဖို့မကောင်းဘူးလား

မြတ်စွာဘုရားက ရှိခြင်းဆိုတာ ရှိတိုင်းလဲ ချမ်းသာတာမဟုတ်ဘူး
ရှိတဲ့အနေအထားနဲ့ ကျေနပ်အောင် နေတတ်မှ ချမ်းသာတာတဲ့
ကိုယ့်ရှိတဲ့အနေအထားနဲ့ ကျေနပ်တတ်တဲ့ စိတ်ကလေး
ရောင့်ရဲတတ်တဲ့စိတ်ကလေးကသာ အကောင်းဆုံးသော ချမ်းသာ
တချို့ကရောင့်ရဲခြင်းကို အပျင်းကြီးတာနဲ့ ရောချတယ်
အပျင်းကြီးတာနဲ့ ရောင့်ရဲခြင်းက တူလား မတူဘူးလား

တချို့က အပျင်းကြီးတာ
မိုးရွာတယ် ဒီနေ့အလုပ်မသွားတော့ဘူး ရှိတာလေးနဲ့စားတော့မယ်ဆိုပီး
စောင်ခြုံပီးအိပ်နေတာ ရောင့်ရဲတာလား အပျင်းကြီးတာလား
အဲ့ဒါအပျင်းကြီးတယ်လို့ခေါ်တယ်
ရောင့်ရဲတယ်ဆိုတာ အကြောင်းတရားကိုမလျှော့ဘူး အကျိုးရလဒ်ဖြစ်ပေါ်လာတဲ့အခါ ဘယ်လိုရလဒ်ပဲလာလာ ကျေနပ်အောင် နေတတ်တဲ့စိတ် ရောင့်ရဲခြင်းလို့ပြောတယ်

ကြိုးစားအားထုတ်ရမယ့် ဝီရိယကိုမလျှော့ဘူး၊
ကြိုးစားတဲ့အခါဖြစ်လာရင်လည်း ဖြစ်လို့ဆိုပီး၊ မြောက်ကြွမြောက်ကြွမသွားအောင် ကိုယ့်စိတ်ကိုထိန်းထားနိုင်တယ်
ကြိုးစားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ မဖြစ်လို့ဆိုပီး သောကမများအောင် ထိန်းထားနိုင်တဲ့စိတ်ကို ရောင့်ရဲခြင်းလို့ပြောတယ်

ရှိတိုင်းချမ်းသာတာမဟုတ် စည်းစိမ်ဥစ္စာရာထူးဂုဏ်ပကာသနဆိုတာ
ရှိတိုင်းချမ်းသာတာမဟုတ်ဘူးတဲ့၊ ကိုယ့်ရှိတဲ့အနေအထားနဲ့ ကျေနပ်အောင် နေတတ်တဲ့စိတ်ကလေးကသာ ချမ်းသာတယ် ကျေနပ်အောင် နေတတ်တဲ့စိတ်၊ ရောင့်ရဲတတ်တဲ့စိတ်ဆိုတာ ရှိတာလေးနဲ့နေဖို့ပြောတာမဟုတ် အကြောင်းကြောင့်အကျိုးဖြစ်လာတဲ့ရလဒ်အ‌ပေါ်မှာ အကြောင်းတရားကိုမလျှော့ဘူး အကျိုးရလဒ်ဖြစ်ပေါ်လာရင် ဘယ်လိုရလဒ်မျိုးပဲလာလာ မတုန်မလှုပ်လက်ခံနိုင်တဲ့စိတ်ကလေး ရှိလို့မြောက်မသွားဘူး၊ မရှိလို့လဲကျမသွားဘူး
အဲ့စိတ်ကလေးက ချမ်းသာတာ

#ကိုရီးယားဆရာတော် #ဦးဝိစိတ္တ #ကိုယ့်ကိုယ်ကိုဆုံးမခြင်းတရားတော်

25/09/2022

စမလှမ်းခင်မှာ ငါမလုပ်နိုင်ဘူးလို့တွေးမိတယ်
လှမ်းမိတဲ့ခြေလှမ်းတိုင်းမှာ အတွေ့ကြုံတွေကနေ ငါဘယ်လိုဆက်လျှောက်ရမလဲလို့တွေးမိလာတယ်
ထို့နောက် အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်လာမယ်လို့ ယုံကြည်တယ်

Want your school to be the top-listed School/college in Taipei?

Click here to claim your Sponsored Listing.

Location

Category

Address


Taipei