Taiwan school application-Free Information Hub TFI Hub

  • Home
  • Taiwan
  • Puli
  • Taiwan school application-Free Information Hub TFI Hub

Taiwan school application-Free Information Hub TFI Hub Taiwan school application- Free infomation Hub
台灣學校申請事務免費諮詢站
ထိုင်ဝမ်ကျောင်းလျှောက်ရန် အခမဲ့အကြံပေးအဖွဲ့

📌 ဒီအပတ်အတွင်း အများဆုံးမေးကြတဲ့ မေးခွန်း ၅ ခု🇹🇼 Taiwan School Application – Free Information Hub (TFI Hub)မြန်မာကျောင်း...
08/01/2026

📌 ဒီအပတ်အတွင်း အများဆုံးမေးကြတဲ့ မေးခွန်း ၅ ခု

🇹🇼 Taiwan School Application – Free Information Hub (TFI Hub)

မြန်မာကျောင်းသားတွေထံမှ
ဒီတစ်ပတ်အတွင်း အများဆုံး မေးမြန်းလာသော မေးခွန်း ၅ ခု ကို စုစည်းပြီး ဖြေကြားပေးထားပါတယ်နော်။ အကယ်၍ ကိုယ်လည်းဒီကိစ္စတွေ့ကြုံတွေ့နေတယ်ဆိုရင် စာကိုအဆုံးထိကြည့်သွားပေးရင် မသိတာတွေသိသွားစေမယ်လို့ အာမခံပါတယ်။
ဖြေထားတာတွေက ကျွန်တော်တို့ TFI Hub က ကျောင်းသားတွေ အဓိကကြုံတွေ့ထားတာတွေ၊ လေ့လာပြီး အဆင်အပြေဆုံးဖြစ်အောင် ရေးထားတာဖြစ်လို့ အကယ်၍ မတော်တဆ လွဲချော်မှုရှိနေရပါက ကြိုပြီးတောင်းပန်ပါရစေ။
အတတ်နိုင်ဆုံး Information အမှန်တွေဘဲရှာထားတာဖြစ်လို့ အထောက်အကူတော့ရသွားမယ်လို့ယုံကြည်ပါတယ်။
စာမရှည်တော့ဘူး မေးခွန်းတွေ ဆက်ကြည့်ရအောင်•••



1️⃣ ထိုင်းကနေ ထိုင်ဝမ်ကျောင်းအပ်လို့ရလား ခင်ဗျာ?

👉 ရပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင်နေသူဖြစ်စေ၊ အလုပ်လုပ်နေသူဖြစ်စေ
နိုင်ငံတည်နေရာမရွေး ထိုင်ဝမ်တက္ကသိုလ်များကို လျှောက်ထားနိုင်ပါတယ်။

📌 အရေးကြီးတာက—
• ပညာရေးအထောက်အထား (Certificate / Transcript)
• Passport
• လိုအပ်တဲ့ စာရွက်စာတမ်းများ ပြည့်စုံဖို့ပါ
• Documents တွေအားလုံး မြန်မာ MOFA ရုံးကနေတစ်ဆင့် TECO ကနေဘဲလုပ်ရပါမယ်



2️⃣ English-taught program နဲ့ အလုပ်လုပ်ရင်း University တက်ချင်ပါတယ်။ ဘယ်ကျောင်းတွေ အဆင်ပြေလဲ?

👉 English-taught program တွေ အများကြီး ရှိပါတယ်။
ဒီကျောင်းတွေမှာ ပိုပြီးရှိပါတယ်—
• National University (NTU, NTHU, NTNU,…)
• Private Universities ( Asia, Yuan Ze,…)
• Technology Universities (NTUST, NPUST…)စတဲ့ ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားလို့ရပါတယ်။ လိုအပ်ရင် Message box မှာ ကျောင်း list လာတောင်းနိုင်ပါတယ်

📌 အလုပ်လုပ်ခြင်းအတွက်—
• ကျောင်းတက်ပြီးနောက် ARC card ရပြီးရင် Work Permit လျှောက်ရပါမယ်
• တစ်ပတ် 20 နာရီအထိ အလုပ်လုပ်နိုင်ပါတယ် (semester အတွင်း)



3️⃣ Language School မှ University သို့ ပြောင်းလဲလို့ရလား?

👉 ရပါတယ်။
ဒါပေမယ့် အခြေအနေများ ရှိပါတယ်—
• Language School မှာ တရုတ်စာ သင်ပြီး
• တရုတ်စာအဆင့် (TOCFL) A2 or B1 above ရှိရပါမယ်
• English-taught University ကို လျှောက်ထားနိုင်ပါတယ်

📌 Visa ပြောင်းလဲခြင်းကို (ARC)
ကျောင်းနဲ့ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းအတိုင်း လိုက်နာရပါမယ်။



4️⃣ Taiwan ကျောင်းလျှောက်ဖို့ ဘာတွေလိုအပ်လဲ?

👉 ပုံမှန်အားဖြင့် အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါတယ်—
• Passport
• ဘွဲ့/အောင်လက်မှတ်( ကျောင်းအမှတ်စာရင်း)
• Transcript
• Study Plan
• Recommendation Letter (အချို့ကျောင်းများ)
• Language Certificate (English သို့မဟုတ် Chinese)

📌 ကျောင်းတိုင်း၊ Program တိုင်းအလိုက်
လိုအပ်ချက်ကွဲပြားနိုင်ပါတယ်။



5️⃣ Scholarship နဲ့ ကျောင်းတက်ရင် အလုပ်လုပ်ဖို့ အဆင်ပြေလား?

👉 အလုပ်လုပ်လို့ရပါတယ်။
ဒါပေမယ့်—
• Scholarship စည်းမျဉ်းကို အရင်စစ်ဆေးကြည့်ရပါမယ်။ များသောအားဖြင့် လုပ်လို့ရပါတယ် Scholarship ပေါ်လည်းမူတည်ပါတယ် အစိုးရ ဒါမှမဟုတ် တက္ကသိုလ်ကပေးတဲ့ဟာလား
• Academic performance ကို အရမ်းအရေးကြီး ထိန်းထားရပါမယ် (Averages 80 အထက်)
• Work Permit မရှိဘဲ အလုပ်လုပ်ခွင့်မရှိပါ

📌 Scholarship + Part-time job ကို
စနစ်တကျ စီမံနိုင်ရင် အဆင်ပြေပါတယ်။ စာလည်းလုပ် အလုပ်လည်းလုပ်ရင် နည်းနည်းတော့ပင်ပန်းခံနိုင်ရပါမယ်



💬 မေးခွန်းတွေ ထပ်ရှိရင်
Message box သို့မဟုတ် Comment မှာရေးထားခဲ့လို့ရပါတယ်

📅 စနေနေ့ညတိုင်း
ဒီအပတ်အတွင်း ရရှိတဲ့ မေးခွန်းများကို စုစည်းပြီး ဖြေကြားပေးပါမယ်။ Members တွေလည်း အားရင်အားသလို အမြန်ဆုံး ချက်ချင်းပြန်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ အကယ်၍ နှောင့်နှေးခဲ့ရင်လည်း နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။

အားလုံးဘဲ ပျော်ရွှင်တဲ့ နှစ်သစ် ဖြစ်ပါစေ။





အားလုံးဘဲ မင်္ဂလာပါ။ 2025 နှစ်မကုန်ခင်သတင်းကောင်းလေးပါးပါရစေ။TFI Hub မှာ မြန်မာကျောင်းသား/ကျောင်းသူများအတွက်ထိုင်ဝမ်တွင်...
29/12/2025

အားလုံးဘဲ မင်္ဂလာပါ။ 2025 နှစ်မကုန်ခင်သတင်းကောင်းလေးပါးပါရစေ။
TFI Hub မှာ မြန်မာကျောင်းသား/ကျောင်းသူများအတွက်
ထိုင်ဝမ်တွင် ပညာသင်ကြားလိုသူများကို ကူညီပေးဖို့ ဒီ Page လေးပြုလုပ်ထားပါတယ်။ TFI Hub Member အကုန်လုံးက 🇹🇼ထိုင်ဝမ်ဒေသ အသီးသီးမှာရှိကြတဲ့အတွက် အကုန်လုံးအတွက် မေးခွန်းတွေ အတတ်နိုင်ဆုံးဖြေကြားဖို့အတွက်ရှိနေပါတယ်။

ကျွန်တော်တို့ မှာ—
• 🎓ထိုင်ဝမ်ရှိ တက္ကသိုလ်များ၊နည်းပညာအထက်တန်းကျောင်းများ
• 📚ဘာသာရပ်ရွေးချယ်ခြင်း
• 💸ပညာသင်ထောက်ပံ့ကြေးအကြောင်း
• 🏡ထိုင်ဝမ်မှာ နေထိုင်ခြင်းနှင့် ကျောင်းသားဘဝအကြောင်း

ကို မျှဝေပေးဖို့ပါရှိပါတယ်။ အဓိက ကတော့ ကျောင်းလျှောက်ဖို့ သတင်းအချက်အလက်တွေ မေးရမဲ့နေရာ ဘယ်ကနေရှာရမှန်းမသိတဲ့ 🇲🇲မြန်မာကျောင်းသားတွေအတွက် ရည်ရွယ်ပြီးပြုလုပ်ထားတာဖြစ်တဲ့အတွက် အကုန်လုံး အခမဲ့မေးမြန်းနိုင်ပါတယ်နော်။ အကုန်လုံး အခကြေးငွေပေးစရာမလိုဘဲ မေးမြန်းနိုင်ပါတယ်နော်။

💬 ထိုင်ဝမ်အကြောင်း မေးခွန်းရှိရင် Message Box မှာပို့ထားလို့ရပါတယ်။
သို့မဟုတ် ဒီ post အောက်မှာ Comment ထားနိုင်ပါတယ်။

⏱️ မေးခွန်းများကို အမြန်ဆုံး ပြန်လည်ဖြေကြားပေးပါမယ်။
📅 စနေနေ့ညတိုင်း ဒီအပတ်အတွင်းရရှိတဲ့ မေးခွန်းများကို စုစည်းပြီး ဖြေကြားပေးပါမယ်။

Address

Puli

Website

Alerts

Be the first to know and let us send you an email when Taiwan school application-Free Information Hub TFI Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Taiwan school application-Free Information Hub TFI Hub:

Shortcuts

Share