Learn Nepali In Myanmar

Learn Nepali In Myanmar မြန်မာစကား နားလည်သော မိတ်ဆွေများအတွက် ရည်ရွယ်သည်။

नेपालीबोली बोल्न नछोडौँ
घरघरमा आफ्नै भाषा बोलौँ
(1)

ရည်ရွယ်ချက်

အခြေအနေ အမျိုးမျိုးကြောင့် နေပါလီ ဘာသာစကားကို သင်ယူခွင့် မရခဲ့သောသူများ၊ နေပါလီ စာပေ၊ ယဥ်ကျေးမှု ရိုးရာဓလေ့ကို စိတ်၀င်စားသော သူများ၊ နီပေါနိုင်ငံသို့ အလည်အပတ် သို့မဟုတ် အလုပ်နဲ့ ပတ်သက်ပြီး သွားရောက်လိုသူများ၊ နိုင်ငံခြား ရောက်လို့ ‌နီပေါ မိတ်ဆွေတွေနဲ့ တွေ့ပါက နေပါလီ ဘာသာစကားဖြင့် မိတ်ဖွဲ့လိုသူများအတွက် တဖက်တလှမ်းက ကူညီပေးနိုင်ရန် ရည်ရွယ်သည်။

विभिन्न प्रकारकाे असुविधाका कारण नेपाली भ

ाषा अध्ययन गर्न माैका नमिलेका जाे म्यान्मार भाषा जान्दछन् उनीहरुका लागि विशेषरुपले सहयाेगी बनाेस् भन्ने हेतुले याे पेज प्रस्तुत गरेकाे हाे ।
समयसमयमा प्रशिक्षण पनि रहनेछ ।

နွေရာသီဂေါ်ရခါးစာသင်ကျောင်း တက်ရအောင်ဂေါ်ရခါးစာ လေ့လာလိုသူများအတွက် မြန်မာနိုင်ငံအတွင်းနဲ့ ထိုင်နိုင်ငံမှာ နွေရာသီကျောင်...
11/03/2026

နွေရာသီဂေါ်ရခါးစာသင်ကျောင်း တက်ရအောင်

ဂေါ်ရခါးစာ လေ့လာလိုသူများအတွက် မြန်မာနိုင်ငံအတွင်းနဲ့ ထိုင်နိုင်ငံမှာ နွေရာသီကျောင်းများ စတင်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဂေါ်ရခါးလူမျိုးအသိုင်းအဝိုင်းမှ မျိုးဆက်သစ် လူငယ်တွေအတွက် ကိုယ်ထူကိုယ်ထ ဖွင့်လှစ် သင်ကြားတဲ့ နွေရာသီအတန်းပဲ ဖြစ်ပါတယ်။

ချွင်းချက်။ ။ ဂေါ်ရခါးလူငယ်မျိုးဆက်သစ်အတွက်သာ ဖြစ်တယ်။

ဒါဆိုရင် သင်က ဂေါ်ရခါးလူမျိုးဖြစ်ပြီး ကိုယ့်ရဲ့ ဘာသာစကားကို လေ့လာလိုစိတ်ရှိတယ်ဆိုရင် မြန်မာပြည်တွင်းက မြို့ကြီး၊ မြို့ငယ်၊ အနယ်နယ်အရပ်ရပ်မှာ အခုပဲ စာရင်းသွင်းပြီး တက်ရောက်သင်ယူလိုက်ပါ။

အခြေအနေအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံရောက်နေတယ်ဆိုရင်လည်း ထိုင်းနိင်ငံက မြို့အတော်များများမှာ စာရင်းသွင်း တက်ရောက်နိုင်ပါတယ်။

တကယ်လို့ ကိုယ်က မြန်မာပြည်တွင်းမှာ သို့မဟုတ် ထိုင်းနိုင်ငံမှာ စာရင်းသွင်းပြီး ကျောင်းတက်ချင်ပေမယ့် အဆက်အသွယ်မရှိဘူးဖြစ်နေရင် လက်ရှိကိုယ်နေတဲ့မြို့ နာမည်ကို ကျွန်တော့်ဆီ ပို့ပေးထားပါ။ ကျွန်တော် ဆက်သွယ်ရမယ့် တာဝန်ရှိ ပုဂ္ဂိုလ်နဲ့ ချိတ်ဆက်ပေးပါ့မယ်။ ဒါက လက်ရှိအချိန်မှာ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ပေးနိုင်တာလေးပါ။

နယ်စုံမှာ နေပါလီစာသင်ချိန်တွေ ရောက်ပြီဆိုတော့ မသင်မနေရ ၁၀တန်း သင်ရိုးအတွက် သဒ္ဒါစာအုပ်ထဲကစာတွေ ပုံအဖြစ်ပြောင်းပြီး မျှဝေ...
04/03/2026

နယ်စုံမှာ နေပါလီစာသင်ချိန်တွေ ရောက်ပြီဆိုတော့ မသင်မနေရ ၁၀တန်း သင်ရိုးအတွက် သဒ္ဒါစာအုပ်ထဲကစာတွေ ပုံအဖြစ်ပြောင်းပြီး မျှဝေပေးလိုက်ပါတယ်။

မှတ်ချက်။ ။ ဒီသင်ရိုးတန်းက မြန်မာပြည်က မဟုတ်ပေမယ့်လည်း လေ့လာချင်တဲ့သူတွေအတွက် အထောက်အကူပြုစေဖို့ မျှဝေခြင်း ဖြစ်ပါတယ်။



#व्याकरण

ဖော်ပြပါ အကြောင်းအရာသည် နီပေါနိင်ငံမှ ထုတ်ဝေထားသော ကျောင်းသား၊သူများအတွက် အထူးရည်ညွှန်းပြီး ပြင်ဆင်ထားသော ကျောင်းတွင်း အ...
04/03/2026

ဖော်ပြပါ အကြောင်းအရာသည် နီပေါနိင်ငံမှ ထုတ်ဝေထားသော ကျောင်းသား၊သူများအတွက် အထူးရည်ညွှန်းပြီး ပြင်ဆင်ထားသော ကျောင်းတွင်း အထောက်အကူပြု ပုံနှိပ်စာအုပ် ဖြစ်သည်။

ဂေါ်ရခါး အသိုင်းအ၀ိုင်းအတွက်တော့ ဒီတူရိယာတွေဟာ မရှိမဖြစ် ရိုးရာဂီတတေးသံစဥ်တွေအတွက် အသုံးပြုတဲ့ ရိုးရာတူရိယာတွေ ဖြစ်တယ်။ အတော်များများက ကျွန်တော်တို့ မမြင်ဖူးသော၊ မသိသော တူရိယာတွေ ပါ၀င်ကြပါတယ်။

အခုမှ စာ၊စကားလေ့လာနေတဲ့ သူတွေအတွက် ဒီတူရိယာတွေ အကြောင်း ဖတ်ရှုနားလည်ဖို့ အဆင်မပြေပေမယ့် နောင်တချိန်မှာ ဖတ်နိုင်၊ သိရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

01/01/2026

နမစတေး၊ မင်္ဂလာပါ

နေပါလီစာ လေ့လာဖို့ စိတ်အားထက်သန်သူများအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ယခုတလော အကြောင်းကြောင်းကြောင့် သင်တန်း မဖွင့်ဖြစ်သေးတဲ့အတွက် နေပါလီစာ လေ့လာရာမှာ စိတ်ပူစရာ မလိုပါဘူး။ လေ့လာရင်း နားမလည်တာ မရှင်းတာတွေ ရှိရင် စာပို့ပြီး မေးမြန်းနိုင်ပါတယ်။ လေ့ကျင့်ထားတဲ့ လက်ရေးစာတွေလည်း ပုံရိုက်ပြီး ပေးပို့နိုင်ပါတယ်။

ပထမဆုံး လေ့လာမယ့် သူတွေအနေနဲ့ အခြေခံ နေပါလီစာအတန်းက သင်ခန်းစာတွေကို youtube ကတဆင့် လေ့လာပြီး အသံထွက်၊ စာလုံးရေးနည်းတွေ မသိတာ မရှင်းတာတွေကို အချိန်မရွေး စာပို့ပြီး မေးမြန်းလို့ ရပါကြောင်းပါ ခင်ဗျ။

၂၀၂၆ ခုနှစ်ရဲ့ နှစ်သစ်မှာ အရာရာ အဆင်ပြေ ချောမွေ့ပါစေ၊ လိုရာဆန္ဒ ပြည့်ဝပါစေကြောင်း နှစ်သစ် တောင်းဆု ချွေလိုက်ပါတယ်။

#နေပါလီစာ
#ဘာသာစကား
#စာ
#စကား


အချိန်ရတဲ့သူတွေ ဒီsite မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ် ခင်ဗျ။
04/11/2025

အချိန်ရတဲ့သူတွေ ဒီsite မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ် ခင်ဗျ။

Disclaimer | Contains external links. Nepalgo is not affiliated with the websites listed below. Please note the privacy policies of the websites differ. Links

26/03/2025

विषय : शैक्षिक वर्ष सन 2025 का लागि निर्देशन

सेवामा पत्राङ्क : 00२/ २६
शिक्षा विभाग प्रमुख एवम् शिक्षा परिषद् दिनाङ्क : २६/०३/२०२५

……… शाखा

विषय : शैक्षिक वर्ष सन 2025 का लागि निर्देशन

महोदय ज्यू,

सादर नमस्कार ।

सम्पूर्ण शाखा शिक्षा विभाग एवम् शिक्षा परिषद्‌ले निम्न निर्देशन अनुसार नेपाली भाषा कक्षा सञ्चालन गर्नुहुन केन्द्रीय शिक्षा विभागले निर्देशन जारी गर्दछ ।

१∙ शिशुकक्षा देखि कक्षा ४ सम्म सम्पूर्ण पाठ पढाउनु ।

२∙ कक्षा ५ बाट कक्षा ९ सम्म समय र घण्टीको श्रोत अनुसार स्थानीय परीक्षा परिषद्‌ले पाठ निर्धारण गर्नु ।

३∙ कक्षा १० ( नेपाली साहित्य डिप्लोमा प्रवेशिका ) परीक्षा केन्द्रीय शिक्षा परिषद्ले सञ्चालन गर्नेछ ।

४∙ कक्षा १० को निर्धारित पाठ गत वर्ष अनुसार नै हुने छ ।

५∙ पाठ्य पुस्तक अलावा अन्य पुस्तकहरू अनिवार्य पढाउन केन्द्रीय शिक्षा विभागले निर्देशन दिएको छैन । यदि पढाइएको छ भने मूल शिक्षा विभागले तोकिएको पाठ्यक्रम समयको अभावले पढाउन नसक्ने अवस्था श्रृजना हुन नदिन स्थानिय परीक्षा परिषद्‌ले ध्यान दिनु पर्ने छ । जसका कारण मूल भाषागत पढाइ‌को स्तर खच्किन पुग्ने सम्भावना हुन्छ ।

६∙ सबै शाखाहरुमा पढाइ‌को एकरूपता ल्याउन कविताहरुलाई शिक्षा विभागले जारी गरेको लय (पेजमा उपलब्ध छ) अनुसार पढाउनु पर्ने छ ।
७∙ शिक्षक निर्देशिका अनुसार पढाउनु पर्ने छ ।

८∙ केन्द्रीय शिक्षा विभागको पेजमा दिएको निर्देशन अनुसार कार्य गर्नु पर्ने छ ।

९∙ कक्षा १०को परीक्षामा भाग लिने विद्यार्थीको नामावली, अप्रैल महिना भित्रै विभागलाई पठाउनु पर्ने छ ।

ကွန်ပျူတာတွေမှာ နေပါလီစာ လက်ကွက် လေ့ကျင့်နိုင်ရန် မျှဝေလိုက်သည် အစဥ်လိုက် နံပါတ် ၈အထိဟာ Preeti လို့ ခေါ်တဲ့ နေပါလီစာလုံး...
06/07/2024

ကွန်ပျူတာတွေမှာ နေပါလီစာ လက်ကွက် လေ့ကျင့်နိုင်ရန် မျှဝေလိုက်သည်

အစဥ်လိုက် နံပါတ် ၈အထိဟာ Preeti လို့ ခေါ်တဲ့ နေပါလီစာလုံးနာမည် ဖြစ်ပြီး ကိုယ့်ကွန်ပျုတာမှာ အဲ့ဒီနေပါလီစာလုံး သွင်းပြီး Microsoft Word တွေမှာ မြန်မာစာလုံးတွေ ရေးဖို့ ပထမဆုံး မြန်မာစာလုံး နာမည်ရွေးပြီး စာရေးရသလိုပဲ ကွန်ပျူတာစက်ထဲမှာ သွင်းထားတဲ့ နေပါလီစာ နာမည်ကို ရွေးပြီး စာရေးနိုင်ပါပြီ။ အဲ့ဒီအတွက် ဒီစာရွက်အချက်အလက်က အကောင်းဆုံး အဖော်တွေ ဖြစ်မှာပါ။

နံပါတ် ၉ ခုမြောက်နဲ့ သူ့နောက်ပိုင်းက ပုံတွေကတော့ နေပါလီ ယူနီကုဒ် စာလုံးတွေ ဖြစ်တဲ့ kokila, kalimati တွေကို လေ့ကျင့်ဖို့အတွက် ဖြစ်တယ်။

ဒါလေးတွေကိုတော့ အွန်လိုင်း စာမျက်နှာမှ ပြန်လည် ‌မျှဝေခြင်း ဖြစ်ပါတယ်။

နေပါလီ (သို့) ဂေါ်ရခါးစာ စိတ်ဝင်စားသူများမင်္ဂလာပါ၊ နမစတေး ‌။ အခုတလော အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေတဲ့ မိတ်ဆွေတွေက နေပါလီ...
09/04/2024

နေပါလီ (သို့) ဂေါ်ရခါးစာ စိတ်ဝင်စားသူများ

မင်္ဂလာပါ၊ နမစတေး ‌။

အခုတလော အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေတဲ့ မိတ်ဆွေတွေက နေပါလီစာကို လေ့လာ သင်ယူချင်စိတ် ပြင်းပြတာကို တွေ့ရတာ အင်မတန်မှ ဝမ်းသာမိပါတယ်။ ပုံမှန်ဖွင့်ဖြစ်တဲ့ အခမဲ့ အွန်လိုင်းအတန်းကို အခြေနေ အမျိုးမျိုးကြောင့် ခေတ္တ ရပ်နားလိုက်ရတာ အားလုံး အသိ ဖြစ်မှာပါ။

ဒီကြားထဲမှာ နေပါလီစာ လေ့လာချင်လို့၊ စိတ်ဝင်စားလို့ ဆိုတဲ့ မိတ်ဆွေလေးတွေ မေးမြန်းထားတဲ့ မေးခွန်းကို အခြားလေ့လာနေဆဲ၊ လေ့လာဖို့ ပြင်ဆင်နေဆဲသူများအားလုံးအတွက်လည်း အထောက်အကူဖြစ်စေဖို့ လေ့လာပုံ လေ့လာနည်းကို မျှဝေလိုက်ပါတယ်။

၁။ အသံထွက်ကို ကျွမ်းကျင်အောင် လေ့ကျင့်ပါ။

အသံထွက်ကောင်းဖို့အတွက် အခြေခံ ဗျည်းနဲ့ သရတွေ၊ သရရဲ့ အစားထိုးသင်္ကေတတွေကို လေ့လာပါ။ အသံထွက်ပြီး ဖတ်ပါ၊ စာလုံးကို လိုက်ရေးပါ။ စာလုံးစီပါ။

၂။ စကားလုံးတွေ၊ ဝေါဟာရတွေကို လေ့လာမှတ်သားပါ။

အဲ့ဒီအတွက် အခြေခံ လိုအပ်တဲ့ ဝေါဟာရတွေကစပြီး မှတ်သားပါ၊ လေ့ကျင့်ပါ။ တစ်နေ့ကို အနည်းဆုံး ဝေါဟာရအသစ် ၅ လုံးလောက် မှတ်သားပါ။ စာအုပ်မှာလည်း ရေးကျင့်ပါ၊ အသံထွက်ပြီးလည်း ရွတ်ဆိုပါ၊ စာကြောင်းလည်း ဖွဲ့ပါ၊ ပြီးတော့ နေပါလီစာ နားလည်တဲ့ မိတ်ဆွေတွေထံမှ စစ်ဆေးမှု လုပ်ကြည့်ပါ။

၃။ မေးခွန်းနဲ့ စပြီး လေ့လာပါ။

မေးခွန်းမေးတာနဲ့ စပြီး လေ့လာပါ။ မေးခွန်းတွေ မေးတဲ့အခါ သူ့အသံကို သေချာ ဂရုစိုက်ပါ။

၄။ နေ့စဥ်ဖြစ်စဥ်အကြောင်းအရာနဲ့ လေ့လာပါ။

မနက် အိပ်ယာထပြီး ညအိပ်ယာဝင်တဲ့အတောအတွင်း ကိုယ့်ဘာသာစကားနဲ့ ပြောနေကျ စကားလုံးကို နေပါလီစကားလုံးနဲ့ ပြောဆို လေ့လာပါ။

၅။ ကိုယ် စိတ်ဝင်စားတဲ့ အကြောင်းအရာကို တီဗွီ၊ ရေဒီယို, ဝက်ဘ်ဆိုဒ်ကတဆင့် နေပါလီဘာသာစကားနဲ့ နားထောင်ပါ၊ ကြည့်ရှုပါ။

၆။ Learn Nepali In Myanmar Youtube Channel မှ သင်ခန်းစာတွေ နားထောင်လေ့လာပါ။ ကျွန်တော်တို့ ဖေ့ဘွတ်ခ်ပေ့ချ်မှာလည်း ဝင်ရောက် ဆွေးနွေး မေးမြန်တာတွေ လုပ်နိုင်ပါတယ်။

ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်ကို အသိအမှတ်ပြုပေးသူများ၊ အကြံဥာဏ်လေးတွေ မျှဝေပေးသူများ အားလုံးကို ကျေးဇူးအထူးပါ။

#နေပါလီစာ
#ဂေါ်ရခါးစာ

05/04/2024

नमस्ते, तपाईं सञ्चै हुनुहुन्छ ?

နမစတေး၊ မင်္ဂလာပါ။ နေပါလီစာ လေ့လာလိုသူတွေ ဖုန်းနဲ့ အင်တာနက် ရှိရုံနဲ့ YouTube မှာ လေ့လာနိုင်ပါတယ်။  အွန်လိုင်းသင်တန်းကို...
03/03/2024

နမစတေး၊ မင်္ဂလာပါ။

နေပါလီစာ လေ့လာလိုသူတွေ ဖုန်းနဲ့ အင်တာနက် ရှိရုံနဲ့ YouTube မှာ လေ့လာနိုင်ပါတယ်။ အွန်လိုင်းသင်တန်းကိုတော့ အခြေနေအကြောင်းကြောင့် ခေတ္တ ရပ်နားထားပါတယ်။

https://www.youtube.com//playlists

06/02/2024

ऐतिहासिक समयको त्यो क्षण

Address

南投縣埔里鎮桃米路12-16號
Puli
545

Alerts

Be the first to know and let us send you an email when Learn Nepali In Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learn Nepali In Myanmar:

Shortcuts

Share