PHYU Study Portal/University Admissions Counseling

PHYU Study Portal/University Admissions Counseling

Share

“Learning with Insight, Leading with Knowledge." +905348517375
+959770339919

27/05/2026

Eid Mubarak from PHYU Study Portal! 🌙✨

Wishing you and your family a beautiful day filled with laughter, success, and countless blessings. May your dreams and future aspirations shine bright! 🕌✨

07/05/2026

ကိုယ့်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ ချရခက်နေသလား?
🎓 အောင်မြင်တဲ့ ခရီးလမ်းတစ်ခုဖြစ်ဖို့ မှန်ကန်တဲ့ လမ်းပြမြေပုံ ရှိဖို့ လိုအပ်ပါတယ်။
သိလိုသမျှကို အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ဖို့ အခုပဲ Appointment ယူလိုက်ပါ။ 📩

Comment မှာ Google Form လေး ချထားပေးပါတယ်နော်။


23/04/2026

👉🏻ကိုယ်တကယ်သင်ယူချင်တဲ့ ဘာသာရပ်က ဘာလဲ?

👉🏻အဲဒါကိုရော ဥရောပရဲ့ ဘယ်တက္ကသိုလ်တွေမှာ အကောင်းဆုံး သင်ကြားနိုင်မလဲ?

နိုင်ငံခြားမှာ ပညာသင်ဖို့ စဉ်းစားတဲ့အခါ ဘယ်ကျောင်းက ကိုယ့်ဝါသနာ၊ အိပ်မက်ေတွနဲ့ အကိုက်ညီဆုံးလဲဆိုတာက ပိုအရေးကြီးပါတယ်❗

ကျောင်းရွေးချယ်မှု မှားသွားရင် ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက်တွေပါ လမ်းချော်သွားနိုင်လို့ပါ။

🤗ဒါကြောင့် Phyu Study Portal မှာဆိုရင် ကျောင်းသားတစ်ဦးချင်းစီရဲ့ ဝါသနာ၊ အားသာချက်နဲ့ Career Goal တွေကို သေချာ စိစစ်ပေးပြီး အသင့်တော်ဆုံး ပညာရေးလမ်းကြောင်းကို ပွင့်လင်းမြင်သာမှုအပြည့်နဲ့ ဆွေးနွေးလမ်းပြပေးနေပါတယ်။

✨ကျောင်းလျှောက်တာကစလို့ ဗီဇာကိစ္စတွေအပြင် တစ်ဖက်နိုင်ငံရောက်တဲ့အထိ လိုအပ်တာမှန်သမျှကို ကူညီဆောင်ရွက်ပေးသွားမှာပါ။

🤝🏻ဒါဆို ကိုယ့်ဝါသနာနဲ့ ထပ်တူကျမယ့် ဥရောပ ပညာရေးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ Phyu Study Portal နဲ့ အခုပဲ စတင်လိုက်ပါ။

13/04/2026

💦 🌸 ပျော်ရွှင်စရာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီး ဖြစ်ပါစေ 🌸 💦
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ကျောင်းသား၊ ကျောင်းသူများနဲ့တကွ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ PHYU Study Portal မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏✨

ဒီနှစ်သင်္ကြန်မှာ ချစ်ခင်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ အပျော်ဆုံး အမှတ်တရတွေ ဖန်တီးနိုင်ကြပါစေ။ 🥥💦 ပူပြင်းတဲ့ နွေရာသီကို သင်္ကြန်ရေအေးအေးလေးတွေနဲ့ ဖြတ်သန်းရင်း စိတ်အပန်းဖြေနိုင်ကြပါစေနော်။

နှစ်ဟောင်းက အညစ်အကြေး၊ ပင်ပန်းနွမ်းနယ်မှုတွေကို သင်္ကြန်ရေနဲ့အတူ ဆေးကြောပြီး နှစ်သစ်မှာ ခွန်အားသစ်၊ ရည်မှန်းချက်အသစ်တွေနဲ့ ပညာရေးပန်းတိုင်တွေကို အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 📚🎓
ချစ်ခင်စွာဖြင့်
PHYU Study Portal🦉💙

09/04/2026

အခုနောက်ပိုင်းမှာ International Medical Career ကို စတင်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက် Georgia နိုင်ငံက ဘာလို့ နာမည်ကြီးနေရာ ဖြစ်နေရတာလဲ? 👀

ဘာလို့လဲဆိုတော့
🏥 World Health Organization နဲ့ Educational Commission for Foreign Medical Graduates တို့ကနေ အသိအမှတ်ပြုထားတဲ့ Degree ရှိတဲ့ ဆေးတက္ကသိုလ်တွေမှာ Tuition Fees & Living Cost သက်သာစွာနဲ့ တက်ရောက်နိုင်ပြီး English Medium နဲ့ သင်ကြားနိုင်တာကြောင့် မြန်မာကျောင်းသားတွေ အတွက် အဆင်ပြေပါတယ်။

Georgia နိုင်ငံရဲ့ ဆေးတက္ကသိုလ်တွေမှာ ဘာတွေရနိုင်မလဲ?
🏥 Hospital Training
🧪 Modern Facilities
📚 Practical Learning
🌍 Safe & Student-Friendly Environment

အဲ့ဒီအခွင့်အရေးတွေကို Early Year ကတည်းက စတင်ရရှိနိုင်ပါတယ် ✨
အသေးစိတ်စုံစမ်းရန်
📩 DM သို့မဟုတ်
Viber +90 552 187 18 07
WhatsApp +90 534 851 73 75 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

07/04/2026

💁🏻‍♀️နိုင်ငံတကာပညာရေးလမ်းကြောင်းအတွက် ပညာရေးအရည်အသွေးရော၊ ရေရှည်အတွက်ပါ ခိုင်မာတဲ့ Option တစ်ခုကို ရှာနေတယ်ဆိုရင် EU နိုင်ငံတွေကို အရင်ဆုံး သတိရစေချင်ပါတယ်။

ဥရောပနိုင်ငံတွေက ဘာလို့ သင့်အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်လာမလဲဆိုတာ ကြည့်ရလိုက်အောင်နော်။

🔸ဥရောပနိုင်ငံတွေရဲ့ ပညာရေးဟာ ခိုင်မာတဲ့ သင်ရိုးညွှန်းတမ်းတွေကြောင့် ကမ္ဘာ့ဘယ်နေရာကိုသွားသွား အလုပ်အကိုင် အခွင့်အလမ်းအတွက် အပြည့်အဝ ယုံကြည်စိတ်ချရပါတယ်။

🔸တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်က အတော်လေး မျှတတဲ့အပြင် အစိုးရနဲ့ တက္ကသိုလ်တွေကနေ ပေးအပ်တဲ့ Scholarship အခွင့်အလမ်းတွေလည်း အများကြီး ရှိပါတယ်။

🔸ဥရောပမှာ ကျောင်းတက်ရတာဟာ စာသင်ခန်းထဲမှာတင် မကဘဲ မတူကွဲပြားတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ သမိုင်းဝင် အနုပညာတွေကို ကိုယ်တိုင်ထိတွေ့ခွင့်ရမှာ ဖြစ်တဲ့အတွက် သင့်ရဲ့ Mindset ကို ပိုမိုရင့်ကျက် ကျယ်ပြန့်လာစေမှာပါ။

🔸ဥရောပရဲ့ ခိုင်မာတဲ့ စီးပွားရေးနဲ့ နည်းပညာနယ်ပယ်တွေမှာ Internship ဆင်းခွင့်နဲ့ အလုပ်အကိုင် အတွေ့အကြုံသစ်တွေ ရရှိနိုင်ဖို့လည်း လမ်းစတွေ အများကြီး ရှိပါသေးတယ်။

မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့် နိုင်ငံနဲ့ တက္ကသိုလ်ကို ရွေးချယ်ဖို့ ဝေခွဲမရဖြစ်နေရင် Phyu Study Portal ကနေ သင့်ရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အကောင်းဆုံး လမ်းကြောင်းကို ဖော်ဆောင်ပေးဖို့ အမြဲအသင့်ရှိနေပါတယ်ရှင်။

🥰ဥရောပ ပညာရေးနဲ့ ပတ်သက်ပြီး သိလိုသမျှကို ပွင့်လင်းမြင်သာစွာနဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Phyu Study Portal ဆီအခုပဲ ဆက်သွယ်လိုက်တော့နော်။

အသေးစိတ်စုံစမ်းရန်

📩 DM သို့မဟုတ်
Viber +90 552 187 18 07
WhatsApp +90 534 851 73 75 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

30/03/2026

🧐 ဥရောပနဲ့ တူရကီမှာ ကျောင်းတက်ချင်ပေမဲ့ ပထမဆုံးခြေလှမ်းကိုစတင်ဖို့ လမ်းပျောက်နေပါသလား?

🌟ကိုယ်နဲ့ကိုက်ညီမယ့် ကျောင်းကို သေချာရွေးချယ်နိုင်ဖို့ PHYU Study Portal ရဲ့ Consulting Session က အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာပါ။

ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်အတွက် အမှားအယွင်းမရှိစေဖို့ PHYU ရဲ့ Consulting Session မှာ...

📌 ကျောင်းသားကိုယ်တိုင်နဲ့ တိုက်ရိုက်ဆွေးနွေးပြီး စိတ်ဝင်စားမှုအလိုက် Detail ဆွေးနွေးပေးခြင်း

📌 မိမိရဲ့ အရည်အချင်း၊ ဝါသနာ၊ဘတ်ဂျက်တို့နဲ့ အကိုက်ညီဆုံးဖြစ်မယ့် နိုင်ငံနဲ့ ကျောင်းကို ရွေးချယ်ပေးခြင်း

📌 အချက်အလက်တိကျပြီး လက်တွေ့ကျတဲ့ လမ်းညွှန်မှုများအတွက် One-on-One Consultation တို့ကို ဆောင်ရွက်ပေးနေပါပြီ။

Phyu Study Portal နဲ့ Consulting လုပ်တဲ့အခါ ကျောင်းသား၊ကျောင်းသူတွေ အဆင်ပြေချောမွေ့စေဖို့အတွက် …

✅ ရုံးချိန်၊ကျောင်းချိန်လွတ်အောင် ညနေ (၅) နာရီနောက်ပိုင်း ကစလို့ ဆွေးနွေးနိုင်ဖို့ စီစဥ်ပေးထားပါတယ်။

✅ Google Meet ကနေတစ်ဆင့် အိမ်မှာနေရင်း အေးအေးဆေးဆေး ဆွေးနွေးနိုင်မှာပါ။

✅ ၁ နာရီစာ အသေးစိတ်ဆွေးနွေးမှု Session အတွက် $30 သာ ကျသင့်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ တိကျသေချာတဲ့ လမ်ညွှန်မှုတွေလိုချင်တယ်ဆိုရင်တော့ Phyu Study Portal ရဲ့ Consulting Session နဲ့စတင်လိုက်ပါ။

အသေးစိတ်စုံစမ်းရန်

📩 DM သို့မဟုတ်
Viber +90 552 187 18 07
WhatsApp +90 534 851 73 75 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

24/03/2026

ဥရောပ ပညာရေးကို စိတ်ဝင်စားပေမယ့် ကုန်ကျစရိတ်တွေကြောင့် အားငယ်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် PHYU Study Portal ကနေတစ်ဆင့် Scholarship အခွင့်အရေးတွေနဲ့ အနာဂတ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါပြီ🌟

PHYU Study Portal မှ Scholarship အခွင့်အလမ်းတွေအတွက် ဘယ်လို ကူညီပေးသွာမှာလဲ ❓

💰 Malta, Hungary, Lithuania, Australia နဲ့ Georgia အစရှိတဲ့ ဥရောပနိုင်ငံတွေမှာ ရရှိနိုင်မယ့် Scholarship တွေကို ကျောင်းသားတစ်ဦးချင်းစီရဲ့ ပညာရေး Background အပေါ် မူတည်ပြီး အကိုက်ညီဆုံးဖြစ်အောင် သေချာစိစစ် ရွေးချယ်ပေးပါတယ်။

📚Scholarship ရဖို့ဆိုတာ Application တင်တာကအစ အရေးကြီးပါတာမလို့ စာရွက်စာတမ်း ပြင်ဆင်တာကနေ Interview အတွက် လိုအပ်တဲ့ Guideline တွေအထိ အသေးစိတ် ကူညီပေးသွားမှာပါ။

✅ Scholarship ရပြီးနောက် Visa လျှောက်ထားတာ၊ အာမခံကိစ္စတွေနဲ့ တခြားသော အခက်အခဲမှန်သမျှကို ကျောင်းသားတွေ အဆင်ပြေချောမွေ့စေဖို့ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

PHYU Study Portal က ကျောင်းသားတွေရဲ့ အနာဂတ်ကို တန်ဖိုးထားပြီး အမှန်ကန်ဆုံးနဲ့ အပွင့်လင်းမြင်သာစွာ လမ်းညွှန်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်အတွက် ခိုင်မာတဲ့ ခြေလှမ်းတွေကို Scholarship နဲ့အတူ စတင်ဖို့ PHYU Study Portal ကို အခုပဲ ဆက်သွယ်လိုက်ပါ။ 🚀

✨ အသေးစိတ်စုံစမ်းရန် -
📩 Direct Message (DM) ကနေတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
📞 Viber: +90 552 187 18 07
📱 WhatsApp: +90 534 851 73 75

19/03/2026

Eid Mubarak ပါ 🌙✨

ချစ်ရသူများအားလုံး ပျော်ရွှင်ချမ်းမြေ့သော နေ့လေးဖြစ်ကြပါစေ။

ဤမင်္ဂလာရှိသောနေ့လေးတွင် ဘဝထဲသို့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနှင့် အောင်မြင်မှုများကို ယူဆောင်လာပါစေ။
ပညာရေး၊ အလုပ်အကိုင်နှင့် အနာဂတ်ခရီးလမ်းတွင် ကံကောင်းခြင်းနှင့် အောင်မြင်မှုများ ပြည့်စုံပါစေ။

— PHYU Study Portal

19/03/2026

ဥရောပတက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားဖို့ ဆုံးဖြတ်လိုက်တဲ့အခါ "ကျောင်းလျှောက်ဖို့" ထက် ပိုအရေးကြီးတာက "ကိုယ့်နဲ့ အကိုက်ညီဆုံးလမ်းကြောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့" ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဥရောပမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကြားမှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်အလက်တချို့ကို Phyu Study Portal ကနေ မျှဝေပေးလိုက်ပါတယ်။

🗣️ဘာသာစကား ရွေးချယ်မှု

ဥရောပမှာ ပညာသင်ကြားတဲ့အခါ English Proficiency တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အင်္ဂလိပ်စာအပြင် မိမိသွားမယ့်နိုင်ငံရဲ့ ဒေသတွင်းဘာသာစကား (ဥပမာ - Hungarian, Georgian) ကိုပါ အခြေခံမှစပြီး လေ့လာထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒေသခံတွေနဲ့ ဆက်ဆံရေး၊ တစ်ဖက်တစ်လမ်းက အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဗီဇာသက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်တွေမှာ အသာစီးရမှာ ဖြစ်ပါတယ်။

🎓Education Background နဲ့ ကိုက်ညီတဲ့ တက္ကသိုလ် ရှာဖွေခြင်း

လူတိုင်းနဲ့ ကိုက်ညီတဲ့ ကျောင်းဆိုတာထက် မိမိရဲ့ ယခင် ပညာရေးမှတ်တမ်း၊ အားသာချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် University နဲ့ College ကို စနစ်တကျ ရွေးချယ်ရမှာပါ။ ဒါမှသာ ကျောင်းဝင်ခွင့်ရဖို့ ရာခိုင်နှုန်း ပိုများမှာ ဖြစ်ပါတယ်။

💰အနာဂတ်အတွက် ငွေကြေးစီမံခန့်ခွဲခြင်း

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်တဲ့အခါ "ကျောင်းလခ" တစ်ခုတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ရေရှည်မှာ ငွေကြေးအခက်အခဲမရှိစေဖို့အတွက် ကျောင်းလခအပြင် ဗီဇာလျှောက်ထားခ၊ စာရွက်စာတမ်းများ ဘာသာပြန်ဆိုခြင်းနှင့် ထောက်ခံချက်ယူခြင်း၊ လေယာဉ်လက်မှတ်၊ အာမခံစရိတ်နှင့် အခြေချနေထိုင်စရိတ် စတာတွေကို ကြိုတင်ပြီး Budget ဆွဲထားရပါမယ်။

ဒီလို အချက်အလက်တွေကို ကိုယ်တိုင် ပြင်ဆင်ရမှာ အခက်အခဲရှိနေရင် Phyu Study Portal ရဲ့ Consultation Session မှာ အသေးစိတ် လာရောက် ဆွေးနွေးနိုင်ပါတယ်။

Phyu Study Portal မှ ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကိုက်ညီဆုံး လမ်းကြောင်းကို အစအဆုံး ပွင့်လင်းမြင်သာစွာ အကြံပေး သွားမှာဖြစ်ပါတယ်။

✨ အသေးစိတ်စုံစမ်းရန် -
📩 Direct Message (DM)
📞 Viber: +90 552 187 18 07
📱 WhatsApp: +90 534 851 73 75

Want your school to be the top-listed School/college in Sisli?

Click here to claim your Sponsored Listing.

Location

Telephone

Address


Sisli

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00