ပထမဆုံး Ai ရုပ်ရှင် ဇတ်လမ်းတို (Full Clips) - Next Chapter Ko Nay
ကျွန်တော် ပထမဆုံး ဖန်တီးဖြစ်တဲ့ Ai ရုပ်ရှင်တိုလေးကို အားပေးသွားကြပါဦးနော် ။ Next Chapter Team အနေနဲ့ အမှတ်တရ တစ်ခုအဖြစ် ဖန်တီးကြည့်တာမို့လို့ အမှားများပါရင်ခွင့်လွှတ်ပါ ။
ထုံးစံအတိုင်း မင်းသားကတော့ ကျွန်တော်ပါပဲ .. 😁
ကျွန်တော့် Teammate တွေဖြစ်တဲ့ စည်သူ ၊ ပုလဲ ၊ ကျော်ကျော်တို့ကတော့ လူဆိုးတွေပါ 🥳 ။ ဒီထက် ရှည်အောင် ပုံဖော်ချင်ပေမယ့် အချိန်နဲ့ ပိုက်ပိုက် မလောက်တာကြောင့် .. ဒီလောက်ထိပဲ အပျော်တမ်းလုပ်ထားလိုက်ပါတယ် ခင်မျာ ။
Tools = Seedance 2.5 + 2.0
အသုံးပြုရန် : https://higgsfield.ai/s/seedance-2-5-1080p-nextchapterkonay-qnPQOT
Next Chapter
Business Contact : [email protected]
Join my " Next Chapter " ဘဝမှာ အောင်မြင်ချင်သူများအတွက် သီးသန့် Channel (1. Ai Learning , 2. Remote Jobs, 3.
Entrepreneurship)
ဆရာဝန်ကြီးတွေ ၊ ဆရာဆရာမတွေ ၊ အနုပညာရှင်တွေ ၊ ကျောင်းသားတွေ အားလုံး အတွက် အလကားရနိုင်ပြီး သုံးကြည့်သင့်တဲ့ Gemini Notebook LM Update Features ! အသုံးတည့်တယ် ဆိုရင်တော့ Like/Share/Subscribe လေးတွေဖြင့် ပံ့ပိုးနိုင်ပါတယ်ခင်မျာ ။
အလကားရနေပေမယ့် မသုံးဖြစ်ကြတဲ့ - Gemini Notebook LM
Youtube ကနေလည်း အားပေးလို့ရပါတယ် ။
Gemini Notebook သုံးရန်
📚 NotebookLM ကို အခမဲ့စမ်းသုံးရန်
👉 https://notebooklm.google.com/
Connect Me :
Telegram Digital Shop :
Ko Nay's Portfolio : www.nextchapterkonay.io
NC Premium Community
https://www.skool.com/nc-premium-community-6349/about
NC Main Channel :
https://www.youtube.com/
NC Backup Channel :
https://www.youtube.com/-Pro
Contact : [email protected]
Facebook :
https://www.facebook.com/nextchapterwithkonay
Website : www.nextchapterkonay.com
Tiktok : https://www.tiktok.com/
IG : https://www.instagram.com/nextchapterkonay/
လက်မှတ်ရပြီ ဗျို့ 🤘! အရမ်းကို ဖော်ရွေပြီး နှိမ့်ချတတ်သော ကျွန်တော့်ရဲ့ Idol Sayar Chit နဲ့ IC Legend Player ကြီးများ ဆီက နေ တန်ဖိုးဖြတ်မရသော အမှတ်တရလေး ရခဲ့ပြီ ခင်မျာ။
Next Chapter Page က မျှဝေတဲ့ အကြောင်းအရာတွေနဲ့ မသက်ဆိုင်တဲ့ Content ဆိုပေမယ့် အမှတ်တရ ဖြစ်ရလွန်းသောကြောင့် ၊ တန်ဖိုးထားသောကြောင့် တင်လိုက်ပါတယ် ။
ဘ၀မှာ ဒီလို ဆုံတွေ့ရမယ်လို့ မမျှောင်လင့်ထားပေမယ့် ZA BLACK FIRE Offical နှင့် Vocalist Ku Ku တို့ ကျေးဇူးကြောင့် အမှတ်တရလေးတွေ ရခဲ့ပါတယ် ခင်မျာ။
ဂစ်တာလေးကို အပြေးသယ်လာပေးတဲ့ ကျော်ထက်ကိုလည်း အရမ်းကျေးဇူးတင်ရပါတယ် ။
လေးစားရတဲ့ ဦးသန့်ကိုလည်းအရမ်းသတိရပါတယ် ။
ဂီတကို ရူးသွပ်တဲ့ ပရိသတ် ဖြစ်သောကြောင့် တစ်ချိန်က ပေါက်ကရ လျှောက်တီးထားတာတွေ နဲ့ Next Chapter မှ မောင်နှမများ နားညီးအောင် .. ကိုနေလျှောက်တင်လိုက်ပါတယ် ခင်မျာ။ ခွင့်လွှတ်ကြပါဦး ။
(ငယ်ဘ၀က အတူတူ ရူးသွပ်ခဲ့ကြတဲ့ တီးဖော်တီးဖက် သူငယ်ချင်းများကို ပြောချင်တာကတော့ " ဟော့ဒီမှာ .. အနေအထား ကာလာ .😎. ... CD ခွေနဲ့ TV က နေ ရူးသွပ်ရတဲ့ အနေအထား မဟုတ်တော့ဘူးကွ .. ဟဲဟဲ.. ")
Ai ရုပ်ရှင်ဖန်တီးပြပါဆိုလို့ - အစမ်းလုပ်ကြည့်ပေးလိုက်ပါတယ် ။ ဘယ်ဇတ်ကောင်လေးကြိုက်လဲ ပြောသွားဦးနော် ။ ဆက်ကြည့်ချင်သေးလား ? တကယ်တော့ Ai Video တွေက ပိုက်ပိုက်ပဲ ကုန်ပြီး ဘာမှ ပြန်မရလို့ ဖန်တီးရတာ အားမရှိပါဘူးခင်မျာ ။
Connect Me :
Telegram Digital Shop :
NC Premium Community
https://www.skool.com/nc-premium-community-6349/about
NC Main Channel :
https://www.youtube.com/
NC Backup Channel :
https://www.youtube.com/-Pro
Contact : [email protected]
Facebook :
https://www.facebook.com/nextchapterwithkonay
Ko Nay's Portfolio : www.nextchapterkonay.io
Website : www.nextchapterkonay.com
Tiktok : https://www.tiktok.com/
IG : https://www.instagram.com/nextchapterkonay/
Ai Video တွေနဲ့ လိုင်းပေါ်က ပိုက်ဆံရှာလို့ရလား ?
NEXT CHAPTER - KO NAY
Seedance 2.5 1080P - Higgsfield Ai
Watch on Youtube :
https://www.youtube.com/watch?v=q3uBKORbHW0
Higgsfield Seedance ကို အသုံးပြုရန်
https://higgsfield.ai/s/seedance-2-5-1080p-nextchapterkonay-qnPQOT
🔥 Seedance 2.5 1080p ကို စမ်းသပ်ကြည့်လိုက်ပါပြီ!
AI ကို Content ဖန်တီးဖို့တင်မကဘဲ Business တိုးတက်အောင် ၁ ခုခု ရည်ရွယ်ပြီး ဖန်တီးလို့ရနိုင်အောင်လို့ အဆုံးအထိ ကြည့်ရှုပေးပါက အကျိုးရှိနိုင်ပါတယ်ခင်မျာ ။
ဒီဗီဒီယိုမှာ AI Video Generation ကို အသုံးချပြီး Business တွေအတွက် Marketing Video, Product Video နဲ့ Content တွေကို ဘယ်လိုဖန်တီးနိုင်မလဲ ဆိုတာအပြင် ငွေရှာလို့ရနိုင်လား ဆိုတာ လက်တွေ့ပြသထားပါတယ်။
Higgsfield က တော့ လောလောဆယ်မှာ အကြိုက်ဆုံးဖြစ်ပါတယ် ။
Connect Me :
Telegram Digital Shop :
NC Premium Community
https://www.skool.com/nc-premium-community-6349/about
NC Main Channel :
https://www.youtube.com/
NC Backup Channel :
https://www.youtube.com/-Pro
Contact : [email protected]
Facebook :
https://www.facebook.com/nextchapterwithkonay
Ko Nay's Portfolio : www.nextchapterkonay.io
Website : www.nextchapterkonay.com
Tiktok : https://www.tiktok.com/
IG : https://www.instagram.com/nextchapterkonay/
အမြဲတမ်းတော့ မှန်မနေဘူးခင်မျ ။ Seedance သုံးနေကြတဲ့ သူတွေအတွက် အထိရောက်ဆုံးဖြစ်မယ့် Generation နည်းလမ်းနဲ့ Comparison ကို မနက်ဖြန်လောက် ကျရင် .. ကျွန်တော့် မောင်နှမတွေ လေ့လာနိုင်ရန် အတွက် တင်ပေးပါမယ် ။ လောလောဆယ်တော့ စမ်းရင်းနဲ့ ပျော်ရတာရှိသလို ကြေကွဲရတာတွေလည်း များပါတယ် ။
15/08/2026
Manus နဲ့ Meta ဘာတွေဖြစ်နေကြတာလဲ? Account Data တွေ ဘာကြောင့်ဖျက်မှာလဲ? (Manus User များ သတိပြုနိုင်ရန်)
Manus အသုံးပြုသူတချို့ဆီကို ကိုယ့် Account နဲ့ Task Data တွေကို 2026 ခုနှစ် ဩဂုတ်လ 23 ရက်နေ့မတိုင်မီ Backup လုပ်ထားဖို့ “Action Required” အရေးပေါ်အကြောင်းကြားစာ ပို့ထားပါတယ်။
ဒါကိုမြင်ပြီး
“Manus ပိတ်သွားတော့မှာလား?”
“Hack ခံရတာလား?”
“User Data ပေါက်ကြားသွားတာလား?”
ဆိုပြီး စိုးရိမ်နေသူတွေရှိပါတယ်။
လက်ရှိ Manus ရဲ့ တရားဝင်ထုတ်ပြန်ချက်နဲ့ Reuters သတင်းတွေကို စစ်ဆေးကြည့်တဲ့အခါ ဒီဖြစ်ရပ်ဟာ Cyberattack တစ်ခုကြောင့်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
အဓိကအကြောင်းရင်းက Manus နဲ့ Meta တို့ရဲ့ Acquisition Deal ကို ပြန်လည်ဖျက်သိမ်းရပြီး Manus က Independent Company အဖြစ် ပြန်လည်ခွဲထွက်နေတာကြောင့် ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━
Manus ဆိုတာဘာလဲ?
Manus ဟာ
Research လုပ်ခြင်း
Website နဲ့ Web App တည်ဆောက်ခြင်း
Presentation ဖန်တီးခြင်း
Data Analysis ပြုလုပ်ခြင်း
Automation နဲ့ ရှုပ်ထွေးတဲ့ Digital Tasks တွေကို လုပ်ဆောင်ခြင်း
စတဲ့အလုပ်တွေကို User ကိုယ်စား လုပ်ဆောင်ပေးနိုင်တဲ့ General-purpose AI Agent တစ်ခုဖြစ်ပါတယ်။
Manus ဟာ 2025 ခုနှစ်အတွင်း နာမည်ကြီးလာခဲ့ပြီးနောက် Facebook၊ Instagram နဲ့ WhatsApp တို့ရဲ့ မိခင်ကုမ္ပဏီ Meta နဲ့ ပူးပေါင်းသွားကြောင်း 2025 ခုနှစ် ဒီဇင်ဘာလ 29 ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
Manus ရဲ့ ကြေညာချက်အရ ဝန်ဆောင်မှုကို သီးခြား Manus App နဲ့ Website ကနေ ဆက်လက်ပေးသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
🔗 Manus Official Announcement — December 29, 2025
https://manus.im/blog/manus-joins-meta-for-next-era-of-innovation
ကုမ္ပဏီနှစ်ခုက Deal တန်ဖိုးကို တရားဝင်မကြေညာခဲ့ပေမယ့် Reuters နဲ့ အခြားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမေရိကန်ဒေါ်လာ 2 ဘီလီယံခန့် သို့မဟုတ် 2 ဘီလီယံကျော် တန်ဖိုးရှိတဲ့ Acquisition ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━
ဘာကြောင့် ပြဿနာတက်လာတာလဲ?
Manus ဟာ Singapore မှာ အခြေစိုက်ထားပေမယ့် တရုတ်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်နွယ်တဲ့ နည်းပညာ၊ အင်ဂျင်နီယာအင်အားစုနဲ့ ရင်းနှီးမြှုပ်နှံမှု နောက်ခံတွေရှိခဲ့ပါတယ်။
ဒါကြောင့် Meta ရဲ့ ဝယ်ယူမှုဟာ
တရုတ်နိုင်ငံက ထွက်ပေါ်လာတဲ့ AI နည်းပညာတွေ နိုင်ငံခြားသို့ လွှဲပြောင်းသွားနိုင်ခြင်း
Technology Transfer နဲ့ Export Control စည်းမျဉ်းများ
Foreign Investment Review စည်းမျဉ်းများ
AI နည်းပညာနဲ့ National Security ဆိုင်ရာ စိုးရိမ်မှုများ
အပေါ် သက်ရောက်နိုင်တယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက စစ်ဆေးခဲ့ပါတယ်။
Reuters ရဲ့ 2026 ခုနှစ် ဧပြီလ 27 ရက်နေ့ သတင်းအရ တရုတ်နိုင်ငံရဲ့ National Development and Reform Commission — NDRC က Meta ကို Manus Acquisition Deal ပြန်လည်ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။
🔗 Reuters — China orders Meta to unwind $2 billion Manus acquisition
Published: April 27, 2026
https://www.reuters.com/world/asia-pacific/china-blocks-foreign-acquisition-ai-startup-manus-2026-04-27/
Reuters ရဲ့ နောက်ဆက်တွဲသတင်းမှာတော့ ဒီဆုံးဖြတ်ချက်ဟာ တရုတ်နည်းပညာနဲ့ ဆက်နွယ်နေတဲ့ Cross-border Technology Deals တွေအတွက် စည်းမျဉ်းဆိုင်ရာ အန္တရာယ်ပိုများလာစေတယ်လို့ ဖော်ပြထားပါတယ်။
🔗 Reuters — Risks for cross-border China technology deals
Published: April 28, 2026
https://www.reuters.com/legal/transactional/blocking-metas-ai-startup-buy-raises-risk-cross-border-china-tech-deals-2026-04-28/
Meta နဲ့ Manus တို့ကို လုံးဝပြန်လည်ခွဲထုတ်တဲ့အခါ အရင်ကလွှဲပြောင်းထားနိုင်တဲ့ နည်းပညာ၊ Intellectual Property၊ လုပ်ငန်းစနစ်နဲ့ Data တွေကိုပါ စည်းမျဉ်းတွေနဲ့ကိုက်ညီအောင် ပြန်လည်ခွဲခြားဖို့လိုလာပါတယ်။
━━━━━━━━━━━━━━━━━━
Manus က Meta လက်အောက်ကနေ ပြန်ခွဲတော့မှာလား?
ဟုတ်ပါတယ်။
Manus က Meta လက်အောက်ကနေ ပြန်လည်ခွဲထွက်ပြီး Independent Company တစ်ခုအဖြစ် ဝန်ဆောင်မှုဆက်လက်ပေးသွားမယ် လို့ 2026 ခုနှစ် ဩဂုတ်လ 11 ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
ဒါဟာ Manus လုံးဝပိတ်သိမ်းသွားတာ မဟုတ်ပါဘူး။
Meta ပိုင်ဆိုင်မှုအောက်မှာ မရှိတော့ဘဲ Independent Company အဖြစ် ပြန်လည်လည်ပတ်သွားမှာ ဖြစ်ပါတယ်။
🔗 Manus — A Note to Our Users
Published: August 11, 2026
https://manus.im/blog/a-note-to-our-users
🔗 Reuters — Manus returns to independent operations
Published: August 11, 2026
https://www.reuters.com/world/china/ai-startup-manus-resume-independent-operations-deal-with-meta-unwinds-2026-08-11/
━━━━━━━━━━━━━━━━━━
User Data တွေကို ဘာကြောင့်ဖျက်ရတာလဲ?
Manus ရဲ့ တရားဝင်ရှင်းလင်းချက်အရ Meta နဲ့ ခွဲထွက်ပြီး Independent Operations သို့ ပြန်လည်ကူးပြောင်းရာမှာ သတ်မှတ်ထားတဲ့နိုင်ငံနဲ့ ဒေသတွေရဲ့ Regulatory Requirements တွေကို လိုက်နာဖို့လိုပါတယ်။
ဒါကြောင့် Affected Users အချို့ရဲ့ 2025 ခုနှစ် ဒီဇင်ဘာလ 29 ရက်နေ့မှစပြီး ဖန်တီးထားသော သို့မဟုတ် ပြင်ဆင်ထားသော Data တွေကို ဖျက်ပစ်ရမှာဖြစ်ပါတယ်။
ဒါဟာ Manus User အားလုံးရဲ့ Account နဲ့ Data ကို ဖျက်မှာမဟုတ်ပါဘူး။
Affected ဖြစ်မဖြစ်၊ Account တစ်ခုလုံးဖျက်မလား၊ Task Data အချို့ပဲဖျက်မလားဆိုတာ Account Type နဲ့ User ရဲ့ တည်နေရာအလိုက် ကွာခြားနိုင်ပါတယ်။
အဓိကလုပ်ငန်းစဉ်ကတော့
Affected Users တွေက Account နဲ့ Task Data ကို အရင် Backup လုပ်ရပါမယ်။
Manus က သတ်မှတ်ထားတဲ့ Data တွေကို ဖျက်ပါမယ်။
Restoration Portal ဖွင့်တဲ့အခါ User က Backup File နဲ့ Data ကို ကိုယ်တိုင်ပြန် Restore လုပ်ရပါမယ်။
လက်ရှိရရှိထားတဲ့ တရားဝင်အချက်အလက်တွေအရ ဒီ Data ဖျက်ခြင်းဟာ Cyberattack သို့မဟုတ် Data Breach ကြောင့်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
Manus က ပြောထားတဲ့ အကြောင်းရင်းကတော့ Independent Operations သို့ ပြန်လည်ကူးပြောင်းခြင်းနဲ့ Regulatory Requirements တွေကို လိုက်နာခြင်း ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━
ဘယ်သူတွေ ထိခိုက်နိုင်သလဲ?
Affected Account တစ်ခုနဲ့တစ်ခုအလိုက် ဖျက်ပစ်မယ့် Data အမျိုးအစား ကွာခြားနိုင်ပါတယ်။
ပါဝင်နိုင်တာတွေက
Personal သို့မဟုတ် Team Account information
Subscription records အချို့
Manus Tasks နဲ့ conversation history
Manus က ဖန်တီးပေးထားတဲ့ files နှင့် artifacts
Websites နဲ့ WebDev projects
Presentations၊ documents နဲ့ research results
Third-party connector authorizations
WebDev Project တွေအတွက်တော့ Scheduled Task configurations၊ project database၊ integrations နဲ့ Project settings အချို့လည်း သက်ရောက်နိုင်ပါတယ်။
Account တွေကို Type A၊ Type B နဲ့ Type C ဆိုပြီး ခွဲထားပါတယ်။
Type A/B Account တွေအတွက် 2025 ဒီဇင်ဘာ 29 နောက်ပိုင်း ဖန်တီးထားတဲ့ သို့မဟုတ် ပြင်ဆင်ထားတဲ့ Task Data တွေ ထိခိုက်နိုင်ပါတယ်။
Type C Account တွေအတွက် Account နဲ့ ဆက်စပ် Data အားလုံး ဖျက်ခံရနိုင်ပါတယ်။
Team Account ဖြစ်ရင် Team Owner က Backup နဲ့ Restoration ကို ဆောင်ရွက်ရနိုင်ပါတယ်။
အရေးကြီးဆုံးက မိမိရရှိထားတဲ့ Email နဲ့ Manus App ထဲက Notification ကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဆိုလည်း Email ရောက်ထားပါတယ် ။
Account နာမည်နဲ့ Email Address ကို တိတိကျကျဖော်ပြပြီး “Action Required” လို့ အကြောင်းကြားထားရင် အဲဒီ Account ဟာ Affected Account ဖြစ်နိုင်ပါတယ်။
🔗 Manus Service Change Overview
https://help.manus.im/en/articles/16147831-service-change-overview-what-s-happening-and-am-i-affected
━━━━━━━━━━━━━━━━━━
အရေးကြီးတဲ့အချိန်ဇယား
📥 Backup နောက်ဆုံးအချိန်
2026 ခုနှစ် ဩဂုတ်လ 23 ရက်
မနက် 7:59 — Singapore Time
Myanmar Time အရ—
2026 ခုနှစ် ဩဂုတ်လ 23 ရက်
မနက် 6:29 — Myanmar Time
အန္တရာယ်မရှိအောင် ဩဂုတ်လ 22 ရက်နေ့မတိုင်မီ Backup လုပ်ထားတာ ပိုကောင်းပါတယ်။
🗑️ Data ဖျက်ခြင်းနှင့် Service ခေတ္တရပ်ဆိုင်းမည့်ကာလ
2026 ခုနှစ် ဩဂုတ်လ 23 ရက်၊ မနက် 8:00 SGT မှ
ဩဂုတ်လ 25 ရက်၊ မနက် 7:59 SGT အထိ
Affected Regions နဲ့ Users တွေဟာ ဒီကာလအတွင်း Manus ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
♻️ Data ပြန်လည် Restore လုပ်နိုင်မည့်အချိန်
2026 ခုနှစ် ဩဂုတ်လ 25 ရက်
မနက် 8:00 SGT မှ စတင်ပါမယ်။
လက်ရှိအချိန်အထိ Restoration လုပ်ဖို့ နောက်ဆုံးရက် သတ်မှတ်ထားခြင်းမရှိသေးပါဘူး။
ဒါပေမယ့် Backup File မရှိရင် ဖျက်ပြီးသား Task Data နဲ့ Artifacts တွေကို ပြန်လည်ရယူနိုင်မှာ မဟုတ်ပါဘူး။
━━━━━━━━━━━━━━━━━━
Manus အသုံးပြုသူတွေ အခုဘာလုပ်ရမလဲ?
✅ Email ထဲက Link ကို တန်းမနှိပ်ဘဲ Browser မှာ https://manus.im ကို ကိုယ်တိုင်ရိုက်ထည့်ပြီး Login ဝင်ပါ။
✅ Manus App ထဲက Account Notification ကို စစ်ဆေးပါ။
✅ Backup & Restoration Section မှာ ကိုယ့် Account Type ကို စစ်ဆေးပါ။
✅ လိုအပ်ရင် Account Data Backup ကို အရင်လုပ်ပြီးမှ Task Data Backup ကို ဆက်လုပ်ပါ။
✅ Backup File တွေကို Computer နဲ့ Cloud Storage စတဲ့ နေရာနှစ်ခုလောက်မှာ သိမ်းထားပါ။
✅ Backup Package တွေကို Rename သို့မဟုတ် ပြင်ဆင်ခြင်းမလုပ်ပါနဲ့။
✅ Team Workspace ရှိရင် Team Owner က သီးခြား Backup လုပ်ဖို့လိုပါတယ်။
✅ Backup ပြုလုပ်ပြီးနောက် Project အသစ်ပြင်ဆင်ထားရင် နောက်ဆုံး Data ပါဝင်အောင် Backup ထပ်လုပ်ပါ။
✅ WebDev Project ရှိရင် GitHub Export ကို Additional Copy အဖြစ်ထားနိုင်ပေမယ့် Manus ရဲ့ Official Task Data Backup ကို အစားမထိုးနိုင်ပါဘူး။
✅ 2026 ဩဂုတ်လ 25 ရက်၊ မနက် 8:00 SGT နောက်ပိုင်း Restoration Portal မှာ Data ပြန် Restore လုပ်ပါ။
━━━━━━━━━━━━━━━━━━
အနှစ်ချုပ်
ဒီဖြစ်ရပ်ဟာ Manus လုံးဝပိတ်သိမ်းသွားတာ မဟုတ်ပါဘူး။
လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ Hack သို့မဟုတ် Data Breach ဖြစ်တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။
Meta က Manus ကို ဝယ်ယူခဲ့ပေမယ့် တရုတ်အာဏာပိုင်တွေရဲ့ National Security၊ Foreign Investment နဲ့ Technology Transfer ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် Acquisition Deal ကို ပြန်လည်ဖျက်သိမ်းရတာ ဖြစ်ပါတယ်။
Manus က အခု Meta လက်အောက်ကနေ ပြန်လည်ခွဲထွက်ပြီး Independent Company အဖြစ် ဆက်လက်လည်ပတ်မှာပါ။
ဒါပေမယ့် Separation Process နဲ့ Regulatory Requirements တွေကြောင့် Affected Users အချို့ရဲ့ Data တွေကို ဖျက်ရမှာဖြစ်လို့ User တွေက ကိုယ်တိုင် Backup လုပ်ပြီးနောက် ပြန်လည် Restore လုပ်ရပါမယ်။
Manus ဆီက “Action Required” Email သို့မဟုတ် In-app Notification ရထားသူတွေအနေနဲ့ ဒီအကြောင်းကြားစာကို ပေါ့ပေါ့ဆဆမထားဘဲ Data Backup ကို အမြန်ဆုံးလုပ်ထားကြဖို့ အကြံပြုလိုပါတယ်။
Seedance 2.5 ကို 1080P ထွက်ပါပြီ ။ Video အရှည်ကို Youtube မှာ ကြည့်နိုင်ပါတယ်ခင်မျာ ။ 30s တန်းရပြီးတော့ Output အမှားနည်းပါတယ် ။ ဈေးနှုန်းတွေလည်း တွက်ပြထားပါတယ် ။ Video အရှည် Link : https://www.youtube.com/watch?v=jsI34wQFvTI
Next Chapter x Higgsfield Promo Link :
https://higgsfield.ai/s/seedance-2-5-1080p-nextchapterkonay-qnPQOT
ပျော်ရွှင်ရလို့ ဒီည မအိပ်တော့ဘူးဗျာ 🤘🤘 ကျွန်တော့်ရဲ့ အကြိုက်ဆုံး Guitarist Idol ဆရာချစ်မှ အသိအမှတ်ပြုပေးတာ အရမ်းဝမ်းသာရပါတယ် ။ ဆရာချစ် မြင်အောင်ပြပေးတဲ့ .. ZA BLACK FIRE Offical ကိုလည်း အတိုင်းမသိ ကျေးဇူးတင်ပါတယ် ။
Video Generation က Ai ဆိုပေမယ့် .. Instrumental မှာ ဆရာချစ် တီးထားတာနဲ့ Ai အသံထွက်တာ ရဲ့ ခြားနားချက်ကို ရောပြီး ထုတ်ထားတာပါ ။. လူသား အနုပညာရှင် ဖန်တီးထားတဲ့ သံစဉ်ကို Ai က ကူးချလို့တော့ ရပါမယ် .. သို့သော်.. ရင်ဘက်နဲ့ ဖန်တီးမှုရဲ့ အရသာ အစစ်ကိုတော့ Ai မှာ ထုတ်လို့ မရနိုင်ကြောင်းကို .. ခံစားနားဆင်တတ်သူတွေ သိကြပါလိမ့်မယ် ခင်မျာ ။
So Happy 😎🫶🤘🤘
Sayar Chit vs Ai !
ဘ၀ မှာ အများဆုံး အချိန်တွေက ဆရာချစ် တီးတဲ့ Solo တွေ နဲ့ ကျွန်တော် ကြီးပျင်းခဲ့တာဖြစ်ပါတယ် ။ သီချင်းတွေ နားထောင်လို့ Solo ပိုင်းရောက်ရင် .. ဆရာချစ်တီးထားတဲ့ Solo မဟုတ်ရင် ငပိရည် မပါတဲ့ ထမင်းလို ခံစားရပါတယ် ။
ဒီနေ့တော့ Tribute အနေနဲ့ ရှိသမျှ Credit တွေ သုံးပြီး အမှတ်တရလေးဖန်တီးထားပါတယ် ။ အခွင့်ကြုံရင်တော့ ဆာချစ်ကို လက်မှတ်ထိုးခိုင်းပါဦးမယ် ။
(မှတ်ချက် ။ အမှားအယွင်းများပါဝင်ပါက ခွင့်လွှတ်ပေးပါခင်မျာ ။ ပရိသတ် တစ်ယောက် အနေဖြင့် အမှတ်တရလေး ပုံဖော်ကြည့်တာပဲ ဖြစ်ပါတယ်ခင်မျာ)
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Dao Khanong
Thon Buri District
10600