24/06/2024
𝑫𝑶𝑵’𝑻 𝑪𝑶𝑼𝑵𝑻 𝒀𝑶𝑼𝑹 𝑪𝑯𝑰𝑪𝑲𝑬𝑵 𝑩𝑬𝑭𝑶𝑹𝑬 𝑻𝑯𝑬𝒀 𝑯𝑨𝑻𝑪𝑯
ထီပေါက်ရင် ကားဝယ်မယ်၊ ရာထူးတိုးရင် ဖုန်းအသစ်ဝယ်မယ်… ဒီလိုပြောတာမျိုးကို ကြားဖူးတယ်..ဟုတ်
အဲ့လိုပြောတဲ့ သူတွေကို English လို proverb လေးသုံးပြီး အထာကျကျတုံပြန်မယ်ဆိုရင်
“ don’t count your chicken before they hatch” လို့ သုံးလို့ရပါတယ်😇
don’t count your chicken before they hatch = don't be too confident in anticipating success or good fortune before it is certain. (proverb)
ဘယ်လိုအခြေနေမျိုးမှာသုံးလေ့ရှိလဲ?
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘာဖြစ်မယ် သေချာမသိသေးတဲ့အချိန်မှာ ဘာလုပ်မယ်ဆိုပြီး ကြိုတင်အစီစဉ်ချထားတဲ့ သူတွေကို သတိပေးတဲ့အနေနဲ့ သုံးလေ့ရှိပါတယ်.. ဒါဆို ဥပမာလေးတွေ လေ့လာရအောင်..
She wanted to buy a dress in case someone asked her to the dance, but I told her not to count her chickens before they hatched.
သူမကဖို့ ဖိတ်ခေါ်ခံရနိုင်တဲ့အတွက် ဝတ်စုံတစ်စုံ ဝယ်ချင်ခဲ့တယ်, ဒါပေမယ့် ဘာဖြစ်မယ်သေချာမသိတဲ့အတွက် ကြိုတင်မပြင်ဆင်ဖို့ ကျွန်တော်ပြောခဲ့တယ်။
ကဲဒါဆိုရင်တော့ ဒီ proverb လေးကို ဘယ်လိုသုံးလဲ ဆိုတာနားလည်ပြီလို့ ထင်ပါတယ်နော် …
𝗝𝗘𝗦 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗖𝗲𝗻𝘁𝗲𝗿 မှ ဒီလိုမျိုး content လေးတွေကို အမြဲတမ်း sharing လုပ်ပေးသွားမှာမို့ like & follow လုပ်ထားလိုက်ပါနော်…🥰🥰