ဦးတိုးလွင်-အင်္ဂလိပ်စာ

ဦးတိုးလွင်-အင်္ဂလိပ်စာ Honesty is the best policy

06/08/2025

လိုင်းပြန်သုံးမယ်ဆိုမှ ဘာတင်လို့တင်ရမှန်းမသိတော့ဘူး
ဒေသခံအတွက် အကျိုးရှိမဲ့ ပညာရေးနဲ့ မိုးလေဝသ ကိုပဲ နေ့စဉ်မျှဝေရမလားနော်

အရင်တုန်းကလ်ု နေ့စဉ်ကုန်ဈေးနှုန်းကတော့ မတင်နိုင်တော့လို့

ကလေးတွေကို စာသင်တဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲစာသင်ချိန်လို့ပြောလိုက်ရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဘာသာရပ်တစ်ခ...
28/07/2024

ကလေးတွေကို စာသင်တဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ

စာသင်ချိန်လို့ပြောလိုက်ရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဘာသာရပ်တစ်ခုကို (၄၅) မိနစ်၊ တစ်နာရီ၊ တစ်နာရီခွဲ စသဖြင့် ရှိပါလိမ့်မယ်။ အများစုကတော့ ၁ နာရီ ဒါမှမဟုတ် ၄၅ မိနစ်ဖြစ်ပါတယ်။
များသောအားဖြင့် စာသင်ချိန်တွေဟာ သက်ဆိုင်ရာကျောင်း တွေကသတ်မှတ်လေ့ရှိပါတယ်။ အသက်အရွယ်အလိုက်လည်း ခွဲခြားထားလေ့ရှိပါတယ်။

ဆိုတော့ တစ်နာရီစာသင်ရင် ကလေးက ၁ နာရီစာလက်ခံနိုင်သလား?
ဒီမေးခွန်းကို ဖြေရရင် ကလေးတွေဟာ အသက်အရွယ်အလိုက် အာရုံစူးစိုက်နိုင်စွမ်းမတူညီကြပါဘူး။

ကျနော်လေ့လာမိတဲ့ John W. Santrock ရဲ့ Educational Psychology Textbooks ထဲမှာဆိုရင် ကလေးတွေရဲ့ သင်ခန်းစာအပေါ် အာရုံစူးစိုက်နိုင်စွမ်းကို အချိန်တွေနဲ့ ပြန်ထုတ်နှုတ်လိုက်တဲ့အခါ
အသက် (၃ နှစ်မှ ၅ နှစ်ကြား) Pre-School အရွယ်ကလေးတွေဟာ စာသင်ချိန်တစ်ချိန် သို့မဟုတ် Activities တစ်ခုအတွက်ကို ၅ မိနစ်မှ ၁၀ မိနစ်အထိသာ အာရုံစိုက်နိုင်ပါတယ်။ တစ်နေ့တာလုံးစာသင်ချိန်တွေပေါင်းရင်တောင် စုစုပေါင်း အာရုံစိုက်နိုင်စွမ်းအချိန်တွေဟာ ၁ နာရီလောက်သာ လက်ခံနိုင်ကြပါတယ်။
အသက် (၆ နှစ်မှ ၈ နှစ်ကြား) ကလေးတွေဟာ စာသင်ချိန်တစ်ချိန် (သို့မဟုတ်) Activities တစ်ခုအတွက် ၁၀ မိနစ်မှ ၂၀ မိနစ်ကြား အထိသာ လက်ခံနိုင်စွမ်းရှိပါတယ်။ တစ်နေ့တာလုံး စာသင်ချိန်တွေပေါင်းရင် အာရုံစိုက်နိုင်စွမ်းအချိန်တွေဟာ ခဏခဏအနားပေးသင်ယူမှုရှိရင်တောင် ၁နာရီမှ ၂ နာရီ အထိသာလက်ခံနိုင်ပါတယ်။
အသက် (၉နှစ်မှ ၁၁ နှစ်ကြား) ကလေးတွေရဲ့ သင်ခန်းစာအပေါ်အာရုံစိုက်နိုင်စွမ်းဟာ ဘာသာရပ်တစ်ခု/စာသင်ချိန် တစ်ချိန်ကို ၂၀ မိနစ်ကနေ ၄၅ အထိ အာရုံစူးစိုက်လက်ခံနိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင် Break ယူပြီးသင်ရင်တောင် စုစုပေါင်းလက်ခံနိုင်စွမ်းအချိန်က ၂နာရီခွဲ အများဆုံးဖြစ်ပါတယ်။
အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ အသက် (၁၂ နှစ်မှ ၁၄ နှစ်ကြား)ကတော့ သင်ခန်းစာအပေါ် စာသင်ချိန်တစ်ချိန်ကို မိနစ် ၃၀ ကနေ တစ်နာရီအထိ အာရုံစူးစိုက်နိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင် ၃ နာရီလောက် အထိ လက်ခံနိုင်ပါတယ်။

အသက် ၁၅ ကနေ ၁၈ အထိ ကလေးတွေကျတော့ စာသင်ချိန်တစ်ချိန်ကို ၄၅ မိနစ်ကနေ တစ်နာရီခွဲ (၉၀)မိနစ် အထိ အာရုံစူးစိုက်နိုင်စွမ်းရှိပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင်တော့ Regular Break နဲ့ဆိုရင် ၄ နာရီလောက်အထိ အာရုံစိုက်နိုင်ပါတယ် လို့ဖော်ပြထားပါတယ်။

ဒီတော့ တင်ထားတဲ့ခေါင်းစဥ်နဲ့ ပြောချင်တာလာပါပြီ....
ကလေးတွေကို စာသင်တဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာပေါ့
ကျနော်က ကလေးတွေကို အခု ကွန်ပျူတာသိပ္ပံနဲ့ English သင်တယ်။ ကျနော့်စာသင်ချိန်သည် ဘယ်ကလေးမဆို တစ်ရက်ကို ၁ နာရီထက်ပိုမသင်ဘူး။ အများဆုံး ၁နာရီပဲ။ လူကြီးတွေကိုသာ ၁ နာရီကနေ ၂ နာရီ၊ ၂ နာရီခွဲအထိသင်တယ်။ ဒါကလည်း ကွန်ပျူတာသိပ္ပံဆရာဖြစ်သင်တန်းတက်နေသူတွေကိုပဲသင်တာ။ ထားပါ အခု ကလေးတွေအကြောင်းပဲဆက်မယ်။ ကျနော် ၆ နှစ်ကနေ ၈နှစ်ကြားကလေးတွေကို Online ကနေ ကွန်ပျူတာသိပ္ပံသင်တော့ အရင်ဆုံး ကလေးတွေနဲ့ သင်ခဲ့တဲ့သင်ခန်းစာတွေကို Recap လုပ်တယ်( ပြန်အစဖော်ပြီးဆွဲထုတ်တယ်ပေါ့) အများဆုံး ၅ မိနစ်အထိ အချိန်ယူတယ်။ ပြီးရင် လာပြီ... ကျနော်တို့သင်ရိုးနဲ့ ကလေးတွေကို ပုံပြင်ပြောရင်းစာ (၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ) သင်တယ် (ကလေးတွေကို စာသင်လို့သင်မှန်းမသိအောင် သင်ကြားတာပါ)။ ပြီးရင် ပုံပြင်နဲ့ ချိတ်ဆက်ပြီး Worksheet ဖြေခိုင်းတယ် (အများဆုံး ၁၀မိနစ်ကနေ ၁၅ မိနစ် အချိန်ပေးတယ်)။ Worksheet မဖြေတဲ့ကလေးမရှိအောင် Worksheet ဖြေပြီးတဲ့ကလေးတွေကို သင်ခန်းစာနဲ့ချိတ်ဆက်နေတဲ့ သင်ကြားရေး Activites တွေဖြစ်တဲ့ Computer Game ပေးကစားတယ်။ ပုံပေးဆွဲတယ်။ အဲအချိန်ကလည်း (၁၀)မိနစ်ကနေ (၁၅) မိနစ်အထိပဲ။ နောက်ဆုံး (၅) မိနစ်မှာ ဒီနေ့လုပ်ဆောင်ခဲ့မှုတွေကိုအနစ်ချုပ်ပြီး Project တွေကို အိမ်စာပေးတယ်။
ကလေးတွေနားထဲ/ဦးနှောက်ထဲကို Input ပေးတဲ့အချိန်သည် ဘယ်တော့မှ ၁၅ မိနစ်ထက်မကျော်ဘူး။ ကွန်ပျူတာသိပ္ပံ နဲ့ အင်္ဂလိပ်စာမှာလည်း သင်ပုံသင်နည်းနဲ့ Activities မတူအောင်ထားတယ်။ ကွန်ပျူတာသင်တဲ့အချိန်မှာ English နဲ့ပတ်သက်ရင် Listening ကိုပဲ အသားပေးထားတယ်။ Spelling နဲ့ Grammar ကို အဓိကမသွားဘူး။ ကျနော်ပေးရမယ့် သင်ပေးရမယ့် Computer Concept ကို အဓိက ခေါင်းထဲရောက်အောင် တစ်သက်သာမှတ်မိအောင် ပုံပြင်နဲ့ ချဉ်းကပ်သင်တယ်။

သူတို့ အဲဒီ Computer Science Concept တွေကို နားလည်သဘောပေါက်မှသာ ကျနော်တို့ Kreative Kid’s Lab ရဲ့ အဆင့်တိုင်းမှာ တီထွင်ဖန်တီးနိုင်သူတွေဖြစ်လာမယ်။ Coding တွေကို လွယ်လွယ်ကူကူရေးနိုင်မယ်။ Kreative Kid’s Lab ရဲ့ Level-8 ‌ရောက်ရင် Website တွေ ကိုယ်တိုင်ရေးတတ်လာမယ်။ အလယ်တန်းပြီးဆုံးရင် IGCSE ဖြေဖို့ပြင်ဆင်မယ်ဆို ICT နဲ့ Computer Science ဟာ အင်မတန်လွယ်သွားမယ်။ အဲတာကြောင့် ကလေးတွေကို စာသင်တဲ့အခါ လောဘ နဲ့သင်လို့မရဘူး။ အချိန် ၄၅ မိနစ်မှာ ၄၅ မိနစ်လုံး စာချည်းသင်လို့မရဘူး။ ဂိမ်းတွေ၊ Activities တွေ၊ Worksheet တွေ၊ စတဲ့ စာသင်ကြားနည်း (၁၅၀) ထဲက ကလေးတွေအတွက် သင်ယူမှုအတွေ့အကြုံမရိုးရအောင် ကိုက်ညီတာတွေ ညှပ်ပြီးလုပ်ရတယ်။

နောက်မိဘတွေလုပ်လေ့ရှိတဲ့အမှားတစ်ခုက ကျူရှင်ပြီး ကျောင်း၊ ကျောင်းပြီး ကျူရှင် ကိစ္စပါ။ ကျောင်းမှာ စာမသင်လို့ ကျူရှင်ထားတာလက်ခံလို့ရတယ်။ ကလေးဦးနှောက်ကလည်းလက်ခံနိုင်တယ်လေ။ စာသင်တဲ့ကျောင်းတွေထားပြီး ကျူရှင်ထပ်ထားတဲ့ကိစ္စပါ။ အဲတော့ တစ်ရက်မှာအများဆုံး ၂ နာရီ ၃ နာရီသာလက်ခံ အာရုံစိုက်နိုင်တဲ့ကလေးတွေက ကျူရှင်မှာ အာရုံစိုက်ရတဲ့အခါ ကျောင်းရောက်တော့ စိတ်မပါတော့ဘူး။ ကျောင်းမှာ အာရုံစိုက်ရတဲ့အခါ ကျူရှင်မှာ အာရုံမစိုက်နိုင်တော့ဘူး။ ကျူရှင်ဆိုတာကလည်း ကျောင်းလိုမဟုတ်ဘူးလေနော် သင်ခန်းစာတတ်မြောက်ရေးထက် စာရရှိရေးရည်ရွယ်ချက်နဲ့ မိဘကလာထားတဲ့အတွက် ကလေးအပေါ်ဖိအားတွေ သက်ရောက်တယ်။ စာမရရင်လည်း မိဘတွေက ကျူရှင်ဘယ်ထားမလဲ ဟုတ်တယ်မလား။ အဲတော့ ကျူရှင်တွေက ဖိအားသက်ရောက်မှုက ကျောင်းတွေမှာလာထိတယ်။ အဲတော့ ကျောင်းတွေနဲ့ ကျူရှင်ဆရာတွေအကြားကလည်း အမြင်မရှင်းစရာတွေ ဖြစ်တာပေါ့။

မိဘတွေကိုပြောချင်တာက လောဘမကြီးပါနဲ့။ ကလေးတွေ ဦးနှောက်ဟာလည်း လက်ခံနိုင်စွမ်း အကန့်အသတ်နဲ့ပါ။
ဆရာဆရာမတွေလည်း စာသင်ချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်ကြပါစေ။
#ကမ္ဘာကြီးငြိမ်းချမ်းပါစေ_ကလေးများပျော်ပါစေ

လတ်တလောဖတ်ရှုနေတဲ့ John W. Santrock ရဲ့ Educational Psychology စာအုပ်အား ဖော်ပြပါလင့်တွင် တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။
( https://archive.org/details/educationalpsych0000sant/page/n7/mode/1up?view=theater )

လေးစားစွာဖြင့်
ကိုကိုလွင်(Daniel)

05/07/2024

သင့်အနေနဲ့ Computer Basic ပဲ တတ်ထားခဲ့တယ်ဆိုရင်တောင် ဒီတစ်လခွဲသင်တန်းမှာ ကြိုးစားအားထုတ်ပြီးရင် ကလေးတွေကို ကောင်းစွာ ကွန်ပျူတာပြန်သင်ကြားပေးနိုင်ဖို့တော့ ကျွန်ုပ်တို့ အာမခံရဲပါတယ်...ဒါကတော့ ကျနော်တို့ပေးနိုင်တဲ့ တစ်ခုတည်းသော အာမခံမှုပါပဲ...

ကွန်ပျူတာသိပ္ပံဆရာဖြစ်သင်တန်း (𝐍𝐨𝐯𝐢𝐜𝐞 𝐋𝐞𝐯𝐞𝐥) 𝐓𝐎𝐓 (𝐁𝐚𝐭𝐜𝐡-7)
------------------------------------------------------------------
𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐍𝐨𝐯𝐢𝐜𝐞 𝐋𝐞𝐯𝐞𝐥 𝐓𝐎𝐓 (𝐁𝐚𝐭𝐜𝐡- 7 ) ကို 22. 7 .𝟐𝟎𝟐𝟒 (တနင်္လာနေ့)တွင် ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
ဒီသင်တန်းကို
- ကိုယ်ပိုင်ကျောင်း (သို့မဟုတ်)ပုဂ္ဂလိကကျောင်း တည်ထောင်ထားသူများ/ တည်ထောင်မည့်အစီအစဉ်ရှိသူများ
-ကွန်ပျူတာသိပ္ပံ ဘာသာရပ်သင် ဆရာ/ဆရာမ ဖြစ်လိုသူများ
-ပညာရေးနယ်ပယ်မှ ဆရာဆရာမများ
- ကွန်ပျူတာသင်တန်း ဖွင့်လှစ်ထားသူများ
-မိမိသားသမီးများကို အခြေခံမှစ၍ စနစ်တကျ ကွန်ပျူတာသင်ပေးချင်သော မိဘများ
ကလေးများကို ပြုစုပျိုးထောင်နေသည့် ဆရာ/ဆရာမတိုင်း တက်ရောက်သင့်ပါတယ်။
ဒီ 𝕋𝕆𝕋 ပြီးသွားရင်
(𝟏) ၂၁ ရာစုပညာရေးစနစ်အကြောင်း နားလည်လာမယ်။
(𝟐) ၆ နှစ်ဝန်းကျင် ကလေးတွေကို ကွန်ပျူတာသင်ပေးတတ်လာမယ်။
(𝟑) 𝐋𝐞𝐬𝐬𝐨𝐧 𝐏𝐥𝐚𝐧 တွေ ကိုယ်တိုင်ပြင်ဆင်ရေးဆွဲတတ်လာမယ်။
(𝟒) ထိရောက်တဲ့ စာသင်ကြားမှု ဗျူဟာတွေကို သိရှိနားလည်လာမယ်။
(𝟓) 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 လုပ်တဲ့နည်းလမ်းတွေကို အသုံးချတတ်လာမယ်။
(𝟔) 𝐊𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐊𝐢𝐝’𝐬 𝐋𝐚𝐛 𝐋𝐞𝐯𝐞𝐥-𝟏 𝐏𝐝𝐟 နှင့် အသုံးပြုရမည့် 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 တွေ ရရှိလာမယ်။
(𝟕) သင်တန်းကာလ ၈၅% ပြည့်မီသူတိုင်း သင်တန်းအဆုံးမှာ 𝐊𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐊𝐢𝐝’𝐬 𝐋𝐚𝐛 မှ Website မှအသိအမှတ်ပြုထားတဲ့ QR Code ပါ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ရရှိပါမယ်။

ဒီသင်တန်းသည် ကွန်ပျူတာသင်တန်းမဟုတ်ပဲ ကွန်ပျူတာသိပ္ပံဆရာဖြစ်သင်တန်း ဖြစ်သည့်အတွက် ကွန်ပျူတာ အခြေခံ တတ်မြောက်ထားပြီးသူများသာ လျှောက်ထားပါရန်။
တက်မည့်သူများအနေဖြင့် သင်တန်းကြေး 𝟏5𝟬𝟬𝟬𝟬(တစ်သိန်းငါးသောင်းကျပ်) နှင့် သင်ထောက်ကူကြေး- 𝟮𝟬𝟬𝟬𝟬 စုစုပေါင်း 𝟏7𝟬𝟬𝟬𝟬 သာ ကျသင့်ပါမည်။

သင်တန်းနေရာ- 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔( 𝒁𝒐𝒐𝒎) ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပျက်ခဲ့လျှင်လည်း ပြန်လည်လေ့လာနိုင်ရန် 𝓣𝓮𝓵𝓮𝓰𝓻𝓪𝓶 𝓒𝓱𝓪𝓷𝓷𝓮𝓵 မှ 𝓡𝓮𝓬𝓸𝓻𝓭𝓮𝓭 𝓥𝓲𝓭𝓮𝓸 ပြန်လည်တင်ပေးပါသည်။
သင်တန်းအချိန် - အပတ်စဉ်( တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) တစ်ပတ် ၃ ရက် ည ၇◌း၀၀ နာရီမှ ည ၉း၀၀ နာရီ) အထိ
သင်တန်းကာလ - တစ်လခွဲ ( 22.7.𝟐𝟎𝟐𝟒 မှ 4.9.𝟐𝟎𝟐𝟒 အထိ)
သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသေးစိတ်အား 𝑲𝒓𝒆𝒂𝒕𝒊𝒗𝒆 𝑲𝒊𝒅’𝒔 𝑳𝒂𝒃 ( 𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 ) တွင်လာရောက် ဆက်သွယ်စုံစမ်း၍ စာရင်းပေးသွင်းနိုင်ပါပြီ။
【20.7.2024】ဖောင်စာရင်းပိတ်ပါမည်။
အထူးအနေဖြင့်
ISကျောင်းများ/PS များ/ သင်တန်းကျောင်းများအနေဖြင့် ဆရာဆရာမ (2) ဦးအပ်လျှင် (1) ဦး ထပ်မံ၍ အခမဲ့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
Partnership ကျောင်းများအနေဖြင့် သင်တန်းကြေး ၃၀% Discount ရရှိမည်ဖြစ်ပါသည်။
မှတ်ချက်။ သင်တန်းကြေးအခက်အခဲရှိသူများအနေဖြင့် စာရင်းပေးသွင်းချိန်တွင် (၉၀၀၀၀) ပေးသွင်းနိုင်ပြီး ကျန်ရှိ (၈၀၀၀၀) အား ၅.၈.၂၀၂၄ ရက်နေ့နောက်ဆုံးထား ပေးသွင်းနိုင်ပါသည်။



ဒီနေ့မှာတော့ အထည်စက်ရုံဝန်ထမ်းတွေ၊ အင်္ကျီချုပ်လုပ်သူ ဒီဇိုင်နာများနဲ့ အထည်အရောင်းဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေရန် ရည...
26/03/2022

ဒီနေ့မှာတော့ အထည်စက်ရုံဝန်ထမ်းတွေ၊ အင်္ကျီချုပ်လုပ်သူ ဒီဇိုင်နာများနဲ့ အထည်အရောင်းဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ရှပ်အင်္ကျီတစ်ထည်ရဲ့ အစိတ်အပိုင်းများကို မျှဝေပေးလိုက်ပါရစေခင်ဗျာ…. ။

အောက်တွင်
ဝေါဟာရ / အသံထွက်/ အဓိပ္ပါယ် ဖြင့်ဖော်ပြထားပါတယ်။

• Collar Stand /ˈkɒlə stænd / (ကော်လာတိုင်)
• Main Label / meɪn ˈleɪbl / ( ပင်မတံဆိပ်)
• Size Label / saɪz ˈleɪbl / ( ဆိုဒ်လေဘယ်)
• Composition Label / ˌkɒmpəˈzɪʃən ˈleɪbl / (ဖွဲ့စည်းမှုတံဆိပ်)
• Yoke / jəʊk / (ပုခုံး)
• Arm hole / ɑːm həʊl /(လက်မောင်းအပေါက်)
• Sleeve / sliːv / (အင်္ကျီလက်)
• Box Plate / bɒks pleɪt / (ဘောက်စ်ပြား)
• Body Upper Front / bɒdi ˈʌpə frʌnt / (ခန္ဓာကိုယ်အရှေ့ခြမ်း-အပေါ်)
• Body Lower Front / ˈbɒdi ˈləʊə frʌnt / (ခန္ဓာကိုယ်အရှေ့ခြမ်း-အောက်)
• Care Label / keə ˈleɪbl / (ကဲလေဘယ်-စောင့်ရှောက်မှုတံဆိပ်)
• Upper Front facing / ˈʌpə frʌnt ˈfeɪsɪŋ / (အထက်မျက်နှာစာ)
• Body back part / ˈbɒdi bæk pɑːt /(ကိုယ်ခန္ဓာ ကျောဘက်)
• Lower Front facing / ˈləʊə frʌnt ˈfeɪsɪŋ / (အောက်မျက်နှာစာ)
• Bottom Hem / ˈbɒtəm hɛm / ( အောက်အနား)
• Cuff / kʌf / (လက်စည်း)
• Chest Pocket /ʧɛst ˈpɒkɪt/ ( ရင်ဘတ်-အိတ်ကပ်)

အင်္ဂလိပ်ဘာသာစကားနှင့် Grammar သင်တန်းများကို page messenger မှသော်လည်းကောင်း ဖုန်းဆက်၍သော်လည်းကောင်း စုံစမ်းနိုင်ပါတယ်။

အင်္ဂလိပ်စာနှင့် ပတ်သက်ပြီး သိရှိလိုသောအရာများရှိပါကလည်း page messenger မှတစ်ဆင့် မေးမြန်းထားနိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ …..
ယခု post ပါ ပုံအကြည်ကို ရလိုပါက အောက်ပါလင့်ကနေ Download လုပ်လို့ရပါတယ်။

https://drive.google.com/file/d/1wNCo8yer04VE_monnGJ3ALLFCFzaDbIH/view?usp=sharing

ที่อยู่

Sankhaburi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဦးတိုးလွင်-အင်္ဂလိပ်စာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท