SHWE MIN THAR ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก SHWE MIN THAR, ที่ปรึกษาด้านการศึกษา, Samut Sakhon.

"ရွှေမြန်မာများအတွက် သတင်းကောင်းဗျို့
အမျိုးယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
B.A (Dramatic Arts).အင်ဒိုနီးရှား catificats.
မူအုပ်တာဝန်ခံကျောင်းဆရာကြီးက
မြန်မာစာပေနှင့် ယဉ်ကျေးမှုကို ပျော်ရွှင်စွာ လေ့လာနိုင်ဖို့ SHWE MIN THAR မှ ကြိုဆိုပါတယ်။

25/07/2026

မိဘများ သိရှိစေရန်.....,
သားသမီးလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ
ချစ်လို့ရတယ်။ဒါပေမဲ့ တချို့မိဘတွေက ကိုယ်ရဲ့သားသမီးကို
ချစ်ရာမရောက်ဘဲ ထမင်းစာချိန်မှာ tv ပြတာတို့၊ထမင်းကို ကိုယ်တိုင်ခွံ့ကျွေးတာတို့၊ ထမင်းစားချိန်တွင် ဟိုပြေးဒီပြေ လုပ်နေသော်လည်းမပြော။ ထမင်းကို အတင်းကျွေးတာတို့၊ရိုက်ပြီးကျွေးတာကအစ မလုပ်မိဖို့ လိုပါတယ်။ထမင်းစာတာကို ကြောက်စရာတစ်ခုလိုမဖန်တီးပါနဲ့၊ ကိုယ်တိုင်စားတတ်အောင် သင်ပေးပါ ။ကလေးတွေရဲ့ လက်တစ်စုံသည် အရာရာကို ဖန်တီးပုံဖေါ်နေပါသည်။" မိမိကိုသာ ကိုးကွယ်ရာ" ဟု ဘုရားဟော်ခဲ့ပါသည်။
#ထမင်းစားချိန် uko

25/07/2026

"မြင်ကွင်းသစ်တွေနဲ့ ထိတွေ့ရင်း အသိအမြင်တွေ ကျယ်ပြန့်လာစေမယ့် ကျောင်းပြင်ပ ခရီးထွက်ခြင်း... 🌿🎒
​ကလေးတွေရဲ့ မျက်နှာလေးတွေမှာ အပြုံးပန်းတွေနဲ့ ပျော်ရွှင်မှုအပြည့်ရှိနေတာ မြင်ရတာကတော့ ဆရာ/ဆရာမတွေအတွက် အကြီးမားဆုံး အားဆေးပါပဲ။"
#မူကြို

"ပညာဓိက၊ မေတ္တာရှေ့သွား..." 🕊️​ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ (တရားကို ကျင့်သုံးသူအား တရားကပင် ပြန်လည်စောင့်ရှောက်၏) ဆိုတဲ့...
22/07/2026

"ပညာဓိက၊ မေတ္တာရှေ့သွား..." 🕊️
​ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ (တရားကို ကျင့်သုံးသူအား တရားကပင် ပြန်လည်စောင့်ရှောက်၏) ဆိုတဲ့ မွန်မြတ်တဲ့ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်နဲ့အညီ...
​ဆွေးနွေးငြိမ်းချမ်း နှလုံးအေးမြစေမယ့် "ဓမ္မသဘင်" အခန်းအနားကြီးကို စတင်တော့မှာဖြစ်ပါတယ်ခင်ဗျာ။
​စိတ်နှလုံးကို ငြိမ်းချမ်းစွာ တည်ငြိမ်စေလျက် တရားအမြိုက်စားကို နာယူခံစားနိုင်ကြပါစေရှင်/ခင်ဗျာ။
#ထိုင်းရောက်ရွှေမြန်မာများ #အခမ်းနားမှူးနှင့်ဓမ္မတေးသံရှင်ယူကို

19/07/2026

ဗုဒ္ဓသာသနာ၊ ထွန်းလင်းပါဖို့၊ တရားဓမ္မ၊ ရေအေးမြကို၊
ဟောကြားဖြန့်ဖြူး၊ ကျေးဇူးရှင်မြတ်၊ ခေမာစာရ၊ သံဃာ့ရတနာ၊
ကျွန်ုပ်တို့ထံ၊ ကြွရောက်လာပြီ၊ ဝမ်းမြောက်ကြည်နူး၊ ရှိခိုးဦးညွှတ်။
​၂။ ဂုဏ်တော်ဖွဲ့
စာပေကျမ်းဂန်၊ ဉာဏ်ပညာဖြင့်၊ အလင်းဆောင်ယူ၊ ပညာထူးကို၊
ပိုင်နိုင်ကျွမ်းကျင်၊ သုတေသီနှင့်၊ မာဂဓီဂုဏ်၊ စုံလင်မြတ်စွာ၊
ပညာရှင်ဆရာ၊ သီလဖြူစင်၊ ဝါတော်ရင့်ကျက်၊ မြတ်ပါပေတည့်။
​၃။ ဆုမွန်
ဤသာသနာ၊ ရောင်ခြည်ဖြာကို၊ လူ့ရွာနယ်မြေ၊ စည်ပင်စေအောင်၊
တရားဓမ္မ၊ သံစဉ်များဖြင့်၊ ဟောကြားတော်မူ၊ ပြုစုယူလျက်၊
သက်တော်ရာကျော်၊ ဝါတော်ဖြိုးပ၊ သာသနာကို၊ ပြုစုမြှင့်တင်၊
ထွန်းလင်းစေဖို့၊ ဆုမွန်ချွေပါ၊ ဘုန်းတော်ကြီးပါစေသော်။
ရတုရေး ယူကို
#ရတု #တရားပွဲ

17/07/2026

"လေးစားအပ်ပါသော မိဘများခင်ဗျာ၊
​KG ကလေးငယ်များ၏ သင်ကြားရေးနှင့် ပတ်သက်၍ စိုးရိမ်နေကြသော မိဘများအတွက် ရှင်းပြလိုသည်မှာ - ကျွန်တော်တို့ KG တန်းတွင် ကလေးငယ်များအား ဖိအားပေး စာကျက်ခိုင်းခြင်းအစား၊ ပျော်ရွှင်စွာဖြင့် စူးစမ်းလေ့လာနိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါသည်။
​KG အရွယ်အတွက် အဓိကမှာ 'စာရေးတတ်ဖို့' ထက် 'စာသင်ယူမှုကို မြတ်နိုးတတ်ဖို့' ဖြစ်ပါသည်။ ထို့ကြောင့် အတင်းအကျပ် အိမ်စာများပေးခြင်း၊ ကျူရှင်ထားခြင်းတို့ထက် ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုသာ ဦးစားပေးသင့်ပါသည်။ အိမ်တွင် ဖုန်းကြည့်ခြင်းအစား မိဘများအနေဖြင့် ကလေးနှင့်အတူ စာအုပ်ဖတ်ပြခြင်း၊ ပန်းချီဆွဲခြင်းများ ပြုလုပ်ပေးခြင်းက ကလေး၏ တိုးတက်မှုကို ပိုမိုမြန်ဆန်စေမည် ဖြစ်ပါသည်။
​ကျွန်တော်တို့နှင့်အတူ ကလေးငယ်များ၏ ပျော်ရွှင်စရာ သင်ယူမှုခရီးကို အတူတူ ပံ့ပိုးပေးကြပါရန် တိုက်တွန်းအပ်ပါသည်။"

17/07/2026

အဝိုင်းလေးတွေကနေ စတင်တဲ့ စိတ်ကူးသစ်များ။
စာလုံးတွေ အလွတ်ကျက်ခိုင်းတာထက်၊ စာရေးခြင်းရဲ့ ပျော်ရွှင်မှုကို ဦးစားပေး သင်ပေးနေတာပါ။ 'ဝ' လုံးလေးတွေကို ဖြည်းဖြည်းချင်း စတင်ရေးသားနေတဲ့ သားသားမီးမီးတို့ရဲ့ ကြိုးစားမှုကို အားပေးကြပါဦး။ သင်ယူမှုတိုင်းဟာ အဆင့်ဆင့် တိုးတက်လာမှာပါခင်ဗျာ။"

15/07/2026

ညီညွတ်ခြင်းရဲ့ အရသာကို ကစားရင်းနဲ့ သင်ယူနေတဲ့ KG သူငယ်ချင်းလေးများ။ အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးတဲ့ ဒီလိုလှုပ်ရှားမှုလေးတွေဟာ ကလေးတို့အတွက် အနာဂတ်ရဲ့ အုတ်မြစ်ကောင်းတစ်ခုပါပဲ။ သားတို့သမီးတို့ရဲ့ ပျော်ရွှင်တဲ့ အပြုံးလေးတွေ အမြဲတမ်း တောက်ပနေပါစေ။"

)"ကြည့်လိုက်စမ်းပါ... ကလေးတို့ရဲ့ လက်ချောင်းလေးတွေကနေ ဖန်တီးထားတဲ့ 'ဝ' လုံးလေးတွေပါ။ တစ်လုံးချင်းစီတိုင်းမှာ သူတို့လေးတွ...
14/07/2026

)
"ကြည့်လိုက်စမ်းပါ... ကလေးတို့ရဲ့ လက်ချောင်းလေးတွေကနေ ဖန်တီးထားတဲ့ 'ဝ' လုံးလေးတွေပါ။ တစ်လုံးချင်းစီတိုင်းမှာ သူတို့လေးတွေရဲ့ အပြုံးတွေနဲ့ ကြိုးစားမှုတွေ ပါဝင်နေပါတယ်။ စာရေးခြင်းဆိုတာ သူတို့အတွက်တော့ ပျော်ရွှင်စရာ ကစားနည်းတစ်ခုပါပဲ။ ဆရာ့အတွက်တော့ ကလေးတွေ ရေးတဲ့ 'ဝ' လုံးလေးတွေက ကမ္ဘာပေါ်မှာ အလှဆုံး အဝိုင်းလေးတွေပါပဲ။"

"အတန်းထဲက ကလေးလေးတွေ အားလုံး အရောင်စုံကို အာရုံစိုက်ပြီး ပုံဖော်နေကြတဲ့ ပုံစံလေးကို မြင်ရတော့ ရင်ထဲမှာ အတိုင်းမသိ ပီတိဖြ...
13/07/2026

"အတန်းထဲက ကလေးလေးတွေ အားလုံး အရောင်စုံကို အာရုံစိုက်ပြီး ပုံဖော်နေကြတဲ့ ပုံစံလေးကို မြင်ရတော့ ရင်ထဲမှာ အတိုင်းမသိ ပီတိဖြစ်ရပါတယ်။
​သူတို့လေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေက တကယ်ကို လှပပါတယ်။ ပန်းချီဆွဲခြင်းဟာ ကလေးတွေရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေ စာမရေးရသေးဘူးလို့ မစိုးရိမ်ဘဲ၊ ဒီလိုအနုပညာ လှုပ်ရှားမှုလေးတွေကတစ်ဆင့် သူတို့ရဲ့ ဦးနှောက်နဲ့ လက်ကြွက်သားတွေ ဘယ်လို ဖွံ့ဖြိုးလာလဲဆိုတာကို လေ့လာကြည့်ပေးစေချင်ပါတယ်။
​ကလေးတွေရဲ့ လိမ္မာတဲ့ အပြုံးလေးတွေက ဒီနေ့အတွက် အကောင်းဆုံးပါပဲ။"
,
, , ,

10/07/2026

ဆရာယူကိုက နိုင်ငံတော်သီချင်းကို
သားသားလေးတွေနဲ့အတူ တွဲဖက်ပြီး အမှတ်တရ ရိုက်ကူခဲ့သော ပုံရိပ်ပါဗျ
#နိုင်ငံတော်သီချင်း
#မြန်မာစာပေနှင့်အနုပညာမျှဝေသည်

ที่อยู่

Samut Sakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SHWE MIN THARผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์