Educator’s Insight with Dr. Kyaw

Educator’s Insight with Dr. Kyaw “Sharing meaningful insights on teaching, learning, communication, and life skills. Educator’s Insight with Dr. Kyaw — where knowledge becomes growth.”

သဘာ၀ဘေးများကြောင့် သော်လည်းကောင်း၊ လူလုပ် ဘေးများကြောင့် သော်လည်းကောင်း ကလေးများ၏ စိတ်သန္တာန်တွင် သိ၍တမျိုး၊ မသိမသာ တမျိ...
15/06/2026

သဘာ၀ဘေးများကြောင့် သော်လည်းကောင်း၊ လူလုပ် ဘေးများကြောင့် သော်လည်းကောင်း ကလေးများ၏ စိတ်သန္တာန်တွင် သိ၍တမျိုး၊ မသိမသာ တမျိုးဖြင့် ဘ၀နှောင်းပိုင်းတွင် ရိုက်ခတ်လာမည့် စိတ်ဒဏ်ရာများ (Trauma) သည် ဖြစ်တည်လျှက် ရှိသည်။

မြန်မာပြည်လို စိတ်ပိုင်းဆိုင်ရာ အကြံပေးသူများ နှင့် ပရော်ဖက်ရှင်နယ် စိတ်ကုစား ပေးသူများ နည်းပါးသော နေရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကလေးများတွင် ဖြစ်တည်လာသော စိတ်ဒဏ်ရာများသည် ရွာငယ်များ မှစ၍ မြို့ကြီးများ၏ စာသင်ခန်းတွင် ရှိသော ဆရာ ၊ ဆရာမများ၏ ပုခုံးများပေါ်သို့ ၀န်ထုတ်၀န်ပိုးများ အဖြစ်သို့ ရှောင်လွှဲမရဘဲ ရောက်ရှိ လာလေပြီ။

ထိုအခါ မိမိ တို့တွင် ရှိသော မပြောပလောက်သည့် ရုပ်ပစ္စည်းများ နှင့် သိရှိနားလည်း ထားသော ဗဟုသုတများကို အခြေခံကာ ထိရောက်သော၊ စိတ်ဒဏ်ရာများကို ကုစားပေးသော၊ လုံခြုံနွေးထွေးသော ပတ်၀န်ကျင်တခုကို မည်ကဲ့သို့ နည်းလမ်းကျကျ တည်ဆောက်နိုင်ပုံကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

မည်သည့် ဘာသာရပ်ကို မဆို သင်ကြားသော ဘာသာရပ် ဆရာ၊ ဆရာမများ နှင့် အတန်းပိုင် ဆရာ၊ ဆရာမများ တက်ရောက်နိုင်ပြီး၊ မြန်မာဘာသာစကားဖြင့် ဆွေးနွေး ချဥ်းကပ် ကြမှာ ဖြစ်ပါတယ်။ အတွေ့အကြုံ နုခြင်း နှင့် ရင့်ခြင်းသည် ပဓါန မဟုတ်ဘဲ၊ အပြုသဘော ဆောင်ကာ သင်ယူခြင်း နှင့် မျှ‌‌ေ၀ခြင်းများ လုပ်ဆောင်ခြင်း သည်သာ အခရာ ဖြစ်သည်။

စိတ်၀င်စားပြီး တက်ရောက်ချင်သော ဆရာ၊ ဆရာမများကို ‌ဤ‌ေ၀မျှခြင်း အစီအစဥ်အား ယခုအပတ် အကုန်တွင် ပြုလုပ်မည် ဖြစ်ပြီး၊ အချိန်နာရီ နှင့် zoom link သေချာ သွားပါက တလေးတစား အကြောင်းကြား ပေးပါမယ် ခင်ဗျ။ ပညာဒါန မျှ‌ေ၀သော workshop ဖြစ်ပါတယ်။ လိုအပ်သော ကွက်လပ်ကို ဖြည့်တာ ဖြစ်တဲ့အတွက် အကျိုးကျေးဇူး တစုံတရာ ရရှိမယ် ဆိုတာလည်း အာမခံ နိုင်ပါတယ်။ တွေ့ကြ ရအောင်ဗျာ။

13/06/2026

ကျွန်တော်တို့ဟာ တိုးတက်ချင်ရင်၊ အောင်မြင်ချင်ရင်၊ လေးစားတာ ခံရချင်ရင် လူပုဂ္ဂိုလ် တဦးတယောက်ကို အမှီပြုတဲ့ အနေအထားကနေ အများပါ၀င်တဲ့၊ တာ၀န်ယူ တာ၀န်ခံတဲ့၊ ဘယ်သူမှ မရှိလည်း ရပ်တည်နိုင်တဲ့ စနစ်မျိုးကို ပိုပြီး အလေးထား ရမယ်၊ ကျင့်သုံးရမယ် ဆိုတာ အသေအချာ ပါဘဲ။

ဒီနေရာမှာ "ဘယ်သူက လုပ်လုပ်၊ ဖြစ်သမျှ အကြောင်း အကောင်းချည်းဘဲ"ဆိုပြီး မမြင်ဟန် ဆောင်လို့ မရပါဘူး။ နည်းလမ်းကျတဲ့၊ အပြုသဘော ဆောင်တဲ့၊ အစွဲကင်းတဲ့ ထိမ်းကျောင်းမှုမျိုးကို ကျင့်သုံးသလို၊ အားလည်း ပေးရပါမယ်။ ဒီလို လုပ်နိုင်တာက သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ရှိကြတဲ့ ပညာရှင် - ပညာသည် (Scholars) များပါဘဲ။

စကောလား တိုင်းက သမာသမတ် ကျလား ဆိုတော့။ သူတို့ နှစ်သက်တဲ့ဘက် ယိမ်းနိုင် ကြပါတယ်။ ဒါပေမယ့် ပြောပလောက်အောင်၊ အပြစ်ဖြစ်အောင်တော့ ယိမ်းပြနိုင်တာ မဟုတ်ပါဘူး။ အဲ့လို ယိမ်းမိရင်လဲ သမာသမတ်ကျတယ် ဆိုတဲ့ အမည်နာမ ကိုလည်း မပြောဘဲ ရုပ်သိမ်း ခံရတာမျိုးပါ။

လူမိုက် (၁)ယောက် ဖြစ်လာဖို့၊ ထွက်လာဖို့က လွယ်ပါတယ်။ စိတ်ဆွပေးပြီး လက်ထဲ လက်နက်တခုခု ထည့်ပေး လိုက်ရုံဘဲ။ အဲ့ဒီလို စိတ်အားထက်သက်မှု မျိုးကတော့ "အရူးကောင်းစား တမွန်းတည့်" ဆိုတာ မျိုးပါ။ ပညာရှင်မျိုး ကျတော့ အစဥ်အဆက် ဆည်းပူးလာခဲ့တာမျိုး နှင့် ချင့်ချိန်ပြီး တွေးဆကာ တစိုက်မတ်မတ် လုပ်တတ်တာမျိုး။ တကယ့်ပညာရှင် (၁)ယောက် ထွက်ဖို့ဆိုတာ နှစ်ဆယ်စုနှင့် ချီပြီး စောင့်ကြ ရပါတယ်။

နယ်ပယ် အသီးသီးမှာ ပညာရှင်များ ရှိဖို့ လိုသလို၊ ရှိနေသူများကိုလည်း အလေးထား ရပါမယ်။ မျိုးဆက်သစ်များ ထွက်လာအောင်လည်း မွေးမြူကြရမယ်။ သူတို့ "ပညာမာန်" တက်တာမျိုးကို ပြန်ပြီး ထိမ်းကြောင်းရမှာ ဖြစ်သလို၊ လမ်းလွဲ နေရင်လည်း ပညာရှင် ဆိုတဲ့ အဆင့်အတန်းနှင့် မထိုက်တန်ကြောင်း ပြသရပါမယ်။ တခုဘဲ ဘာပညာရှင်မှ မရှိရင်လဲ အဲ့နေရာဟာ ရပ်ပြစ်(၈)ပါးထဲ ပါ၀င်နေတယ် ဆိုတာ မမေ့ကြ ဖို့ပါ။

-Dr.Kyaw

For those who are eager to improve ....
09/06/2026

For those who are eager to improve ....

မင်္ဂလာပါ ဆရာ၊ ဆရာမတို့ရှင်။ 💜

🟪 𝐌𝐎𝐇- 𝐎𝐧𝐥𝐢𝐧𝐞 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐟𝐨𝐫 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬 (အခမဲ့ အွန်လိုင်းစာဖတ်ဝိုင်းအစီအစဉ်) လေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

🟪 MOH -Reading Club စတင်ဖြစ်ခဲ့ပုံ၊ ရည်ရွယ်ချက် နှင့် အကျိုးကျေးဇူးများအကြောင်းကို အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
📌
https://www.facebook.com/share/p/1d4nvLP7EA/

🟪 ဖတ်ရှူလေ့လာခဲ့ပြီးသော အမှတ်စဉ် (၁) မှ (၅) အထိ စာအုပ်များအကြောင်းကို သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။
📌
https://www.facebook.com/share/p/1EbQG2bTdK/

🟪 (Book Choice - 6) အမှတ်စဉ်-၆ စာအုပ်လေးကို ဇွန်လ (၂၁) ရက်နေ့တွင် စတင်သွားမှာဖြစ်လို့ ဆရာ၊ ဆရာမတို့အားလုံးကို ရင်းနှီးနွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

🟪 (Book Choice - 6) အမှတ်စဉ်-၆ အကြောင်းအရာ အသေးစိတ်-

⭐ The Study of Language (Seventh Edition)

~ by George Yule

ဤစာအုပ်လေးဟာဆိုရင် ELT Teachers များအတွက် ဆရာကြီး ဒေါက်တာစိုးသန်းကိုယ်တိုင် မျှဝေလမ်းညွှန်ပေးခဲ့ပါသော နောက်ထပ် စာအုပ်ကောင်းလေးတစ်အုပ်ပဲ ဖြစ်ပါတယ်။

🟪 အင်္ဂလိပ်စာဘာသာစကား သင်ကြားရေး အတွေ့အကြုံ (၆) လနှင့် အထက် ရှိသော ဆရာ၊ ဆရာမတိုင်း MOH- Reading Club လေးကို join လို့ ရပါတယ်။

✅ MOH-Reading Club ကို join သော ဆရာ၊ ဆရာမများအနေဖြင့်

🟣 Regular Reading Habit စွဲမြဲဖို့ လစဥ် challenge လုပ်လာနိုင်မယ်။
🟣 Network လေးတစ်ခု တည်ဆောက်ဖြစ်မယ်။
🟣 စာအုပ်ပေါင်းများစွာဖတ်ရင်း အတွေးအမြင်များ ဖလှယ်ခွင့် ရရှိမယ်။
🟣 Professional Development အတွက် ဆက်လျှောက်ရမယ့်လမ်းတွေမှာ အထောက်အကူရရှိနိုင်မယ်။
🟣 English ဘာသာစကား 80% အသုံးပြု ဆွေးနွေးကြမှာဖြစ်လို့ Language Fluency လည်း တိုးတက်လာနိုင်ပါတယ်။
🟣 စာအုပ်တစ်အုပ် ဖတ်ပြီးသွားတိုင်း ကိုယ်ပိုင်စာသင်ခန်းတွေထဲမှာ ပြန်လည်အသုံးချလို့ရမယ့် Key Points တွေကို Reflection လုပ်ရင်းနဲ့ မျှဝေခွင့်၊ နားထောင်ခွင့် ရပါမယ်။
🟣 အခါအခွင့်သင့်သလို ELT - သင်ကြားရေးနယ်ပယ်ထဲမှ ဝါရင့် ဆရာ၊ ဆရာမကြီးများအား ဖိတ်ကြားသွားမှာလည်းဖြစ်လို့ MOH - Teachers' Lighthouse ရဲ့ Webinars & Workshops များကို အခမဲ့ တက်ရောက်ခွင့် ရရှိနိုင်မှာလည်း ဖြစ်တာကြောင့်

များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

📌 MOH- Reading Club (Book Choice -6) ကို join လိုသော ဆရာ၊ ဆရာမများအနေဖြင့်

✅ ၁) ယခု post ကို Public နဲ့ Share ထားသော Screenshot နဲ့အတူ comment တွင်
"MOH - Reading Club - BC 6" လို့ ရေးသားပေးရပါမယ်။

MOH team ဘက်မှ ID Number နှင့် Registration Form Link လေး ပေးပို့သွားပါမယ်ရှင်။

✅ ၂) June 19 ရက်နေ့ည - (9:00 P.M. မတိုင်မီ) Page Chat Box တွင် Form ဖြည့်ပြီးကြောင်း Screenshot လေး ပို့ပေးရပါမယ်။

MOH team ဘက်မှ Telegram Group Link ၊ စာအုပ် Soft Copy နဲ့ Meeting Invitation လေး ပေးပို့သွားပါမယ်ရှင်။

🛑 Register လုပ်ထားပြီးနောက် သက်ဆိုင်ရာစာအုပ်ပြီးသည်အထိ မပါဝင်နိုင်သောဆရာ၊ ဆရာမများအနေဖြင့် နောင်ပြုလုပ်မည့် MOH ရဲ့ Programme များ (၅) ခု ဆက်တိုက် Join ခွင့် ရရှိလိမ့်မည်မဟုတ်ပါရှင်။

💜 ယခုလို Sunday အပတ်စဉ် Online Reading Club လေးကို ဦးဆောင် စီစဉ်၍ Facilitate လုပ်ပေးနေသူကတော့ Moving Onward Heights Learning Academy ရဲ့ Academic Director, English Language Instructor (ESL/EFL) and Teacher Trainer ဖြစ်သူ - Teacher Moh ပဲ ဖြစ်ပါတယ်ရှင်။

💜 Looking forward to seeing you, teachers.

မေတ္တာများစွာဖြင့်
Moving Onward Heights



အဂ်လိပ်ဘာသာ သင်ချင်သော ဆရာ/ဆရာမ အတွက် သတင်းကောင်း တစ်ခု....
09/06/2026

အဂ်လိပ်ဘာသာ သင်ချင်သော ဆရာ/ဆရာမ အတွက် သတင်းကောင်း တစ်ခု....

TEAMS မှာ TKT Course ကို (အခမဲ့) တက်ရောက်နိုင်ပြီ။

TEAMS ကနေ အင်္ဂလိပ်စာအဓိကသင်ကြားနေတဲ့ ဆရာ၊ဆရာမများထံ TKT Course ကို ယူဆောင်လာပါပြီ။

TKT (Teaching Knowledge Test) ဆိုတာကတော့ Cambridge English ကနေ စီမံကျင်းပပေးတဲ့ Teaching Qualification Test တစ်ခုဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကား (Second Language) သို့မဟုတ် နိုင်ငံခြားဘာသာစကား (Foreign Language) အဖြစ် သင်ကြားနေသူများနဲ့ သင်ကြားဖို့ ရည်ရွယ်ထားတဲ့သူများအတွက် သင်ကြားရေးဆိုင်ရာ အသိပညာနှင့် နားလည်မှုတွေကို တိုင်းတာအကဲဖြတ်ပေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု Certification Programme တစ်ခု ဖြစ်ပါတယ်။

ဒီ Course အတွက် TEAMS ကနေ အချိန်အတော်ကြာ စနစ်တကျ ပြင်ဆင်ခဲ့ပြီးတဲ့နောက် အခု ဆရာ၊ ဆရာမများအတွက် ဖွင့်လှစ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒီအတန်းလေးကတော့ အင်္ဂလိပ်စာအဓိကသင်ကြားနေတဲ့ ဆရာ၊ဆရာမများ၊ သင်ကြားရေးအတွေ့အကြုံ တစ်နှစ်အထက်ရှိသူများ နဲ့ TKT exam ဖြေဆိုဖို့ ပြင်ဆင်နေသူများအတွက် အဓိက ရည်ရွယ်ပါတယ်။

ဒီအတန်းလေးမှာဆိုရင် Cambridge TKT ရဲ့ အဓိက Core Modules (၃)မျိုးကို အခြေခံထားတဲ့ သင်ခန်းစာတွေကို လေ့လာရမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားရဲ့ တည်ဆောက်ပုံ အခြေခံစနစ်တွေ၊ ဘာသာစကား သီအိုရီ၊ lesson planning စနစ်တကျရေးဆွဲနည်း၊ သီအိုရီတွေအသုံးပြုပြီး စာသင်ခန်းအတွက်လက်တွေ့ပြင်ဆင်ခြင်း၊ classroom management နှင့် learners အလိုက် အင်္ဂလိပ်စာသင်ကြားနည်းတွေ အထိစုံစုံလင်လင်ပါဝင်မှာ ဖြစ်ပါတယ်။

TEAMS ရဲ့ TKT Course ကို တက်ရောက်ဖို့ အဓိကအခြေခံလိုအပ်ချက်ကတော့ အင်္ဂလိပ်စာ intermediate level (B1) ရှိဖို့လိုအပ်ပါတယ်။ နောက်ပြီး သင်ကြားရေးအတွေ့အကြုံ ၁ နှစ်နှင့် အထက်ရှိ ဖို့လည်းလိုအပ်ပါတယ်။ အင်္ဂလိပ်စာအဓိကသင်ကြားတဲ့ ဆရာ၊ဆရာမများ နဲ့ TEAMS 2-Month Teacher Training သင်တန်းသားဟောင်းများလည်း ဒီ Course အတွက် လျှောက်ထားနိုင်ပါတယ်။

(အခမဲ့) သင်တန်းလေးဖြစ်ပြီး လူဉီးရေကန့်သတ်ထားတဲ့အတွက်ကြောင့်မို့ လျှောက်လွှာဖြည့်တဲ့အခါ သေချာဖြည့်ပေးဖို့တော့ တိုက်တွန်းလိုက်ပါရစေနော်။

🗓️ သင်တန်းကာလ - ဇူလိုင်လ ၇ ရက် မှ အောက်တိုဘာလ ၁ ရက် အထိ (၁၃ပတ်)
📅 အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး
⏰ မြန်မာစံတော်ချိန် ည ၇:၃၀ မှ ၉:၀၀ အထိ
💻 Platform - Zoom

လျှောက်ထားရန် လင်ခ့် - http://tiny.cc/TEAMSTKTProgramme

📌 စိတ်ပါဝင်စားသူများအနေဖြင့် ၂၂ ရက်၊ ဇွန်လ၊၂၀၂၆ (မြန်မာစံတော်ချိန် ညနေ ၄နာရီ) နောက်ဆုံးထားလျှောက်ထားရမှာပဲဖြစ်ပါတယ်။

📩 ရွေးချယ်ခံရသူများကို ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး Email/Telegram မှတစ်ဆင့် TEAMS မှ ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

❗️အထူးမေတ္တာရပ်ခံချက်❗️
TEAMS နဲ့ partnership မရှိသော institution များ နှင့် sharing page များ အနေဖြင့် သင်တန်းအကြောင်းကို ပြန်လည်မျှဝေလိုပါက original post ကို shareခြင်း (သို့မဟုတ်) မူရင်း poster နှင့် တွဲဖက်တင်ပေးခြင်းဖြင့် ကူညီမျှ၀ေပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

08/06/2026

ကျွန်တော်တို့ တန်ဖိုးထားတဲ့၊ အထူးသဖြင့် အရှေ့တိုင်းက လူတွေ တန်ဖိုးထားတဲ့ ပညာ နှင့် ပတ်သတ်တဲ့ စံနှုန်းဟာ မှတ်မိခြင်း၊ အလွတ်ရခြင်း နှင့် နားလည်ခြင်း တို့ ဖြစ်တယ် ဆိုရင် အနောက်တိုင်း၏ လူ့အသိုင်းအ၀ိုင်းက သူတွေ၏ အသိဉာဏ် စံပေတံ ဖြစ်နိုင်သည့် ထိုးထွင်း မြင်နိုင်ခြင်း၊ ‌ေ၀ဖန်ခြင်း နှင့် အဟောင်းကို အခြေခံပြီး အသစ်ကို ရှာဖွေခြင်း တို့နှင့် ကွာခြားတယ် ဆိုတာ သိသာ လှပါတယ်။

ဆိုတော့ ကျွန်တော်တို့က အမွေအနှစ်ကို ထိမ်းသိမ်းခြင်း ဆိုသည့် စာမျက်နှာ ဘယ်နှစ်မျက်နှာကို အလွတ်မှတ်မိခြင်း၊ အကြောင်းအရာကို ဘာကြောင့်/ဘာဖြစ်လို့ ဖြစ်ခဲ့တာလဲ ဆိုတာ ရှင်းပြနိုင်ခြင်း၊ တချို့ဟာတွေကို မရှင်းပြ နိုင်ပေမယ့် အာဂုံ ပြောနိုင်ခြင်း တို့နှင့် ကျွန်တော်တို့၏ ပညာတတ်ခြင်းကို ပြသပါတယ်။ စာအုပ်ထဲက ဟာတွေကို အာဘောင် အာရင်းနှင့် ပြောနိုင်လေ၊ အထစ်အငေါ့ မရှိလေ၊ ဂျောင်းဂျောင်း ပြေးအောင် ဆိုပြနိုင်လေ လူအထင်ကြီးနှုန်း မြင့်တက်လေပါဘဲ။

ဒါကို ကြည့်ပြီး ခင်ဗျားက မြန်မာတွေ အများစု ယုံကြည်တဲ့ ဗုဒ္ဓဘာသာ နှင့် ဆိုင်တာကို ပြောနေတာလား လို့ မေးလာရင်တော့။ မဟုတ်ဘူး လို့ဘဲ ဖြေရပါမယ်။ အရှေ့တိုင်းက ထွက်တဲ့ ဘာသာတရား အများစုကို အခြေခံခဲ့တဲ့ လူ့အဖွဲ့အစည်းတိုင်းကို ဆိုလိုပါတယ်။

ဒါပေမယ့် အနောက်တိုင်း မှာက ဆိုကရေးတီး စတဲ့ ဒသ၁န ပညာရှင်များစွာ၏ အယူ၀ါဒနှင့် ပေါင်းလိုက်တဲ့ အခါ ခေတ်သစ် လူသားများဟာ ပိုပြီး လွတ်လပ်မှုကို ဦးတည် သွားတာတော့ အသေအချာပါ။ ဒါကလည်း အလွယ်တကူ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ဉာဏ်အလင်းပွင့်ခေတ် (၁၇ နှင့် ၁၈ ရာစု)မှာ စတင်ခဲ့ပြီး ဒုတိယကမာစစ် နောက်ပိုင်းမှာမှ ပိုပြီး အရှိန်အဟုန် ရှိခဲ့ပြီး ဖွံဖြိုးလာ ခဲ့တာပါ။ ကိုယ်ပြောချင်တာက ဘာသာတရားထက် လူ့အဖွဲ့အစည်း အကြောင်းပါ။

ကျွန်တော်တို့ ဒီ့ထက် ပိုပြီး မြင့်မားတဲ့၊ တိုးတက်တဲ့၊ အပြုသဘော ဆောင်တဲ့ လူ့အဖွဲ့အစည်းကို သွားချင်တယ်၊ ဖြစ်ချင်တယ် ဆိုရင် “ဘယ်သူက ဘယ်တုန်းက မွေးတာလဲ?၊ ဘယ်ဟာက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ?၊ ဒီအကြောင်းအရာမှာ အချက်ပေါင်း ဘယ်နှစ်ချက် ပါလဲ?” ဆိုတဲ့ မှတ်ဉာဏ် သက်သက်ကို အဓိပတိ ထားပြီး မေးတာ ဖြေတာ တွေထက်။

“ဒါဟာ ဘာကြောင့် ဖြစ်ရသလဲ - အခုနေ ဖြစ်ရင် ဘယ်လို ရှောင်ရှား/ပိုကောင်းအောင် လုပ်မလဲ?၊ ဘာတွေကို ပြုပြင် ပြောင်းလဲဖို့ လိုမလဲ?၊ ဘယ်လိုသော အဟောင်းကို အရင်းထားပြီး ဘယ်လိုသော အသစ်တွေကို ဆန့်ထုတ် နိုင်မလဲ?” စသော မေးခွန်းများကို မေးတတ်ပြီး၊ မိမိ၏ အသိဉာဏ်နှင့် ဆင်ခြင်ကာ ထိုးထွင်း - ပွင့်လင်းစွာ ပြောတတ်သော မျိုးဆက်များကို ပျိုးထောင် ပေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အမွေအနှစ်ကို ထိမ်းသိမ်းချင်လို့ မှတ်ဉာဏ်နှင့် ဆိုင်သော အမေးအဖြေလေးတွေ ဆက်လုပ်ချင် တာတွေလည်း လုပ်သင့်သလောက် လုပ်ပါ။ ဒါပေမယ့် အနာဂတ်ကို ထုဆစ်ဖို့ ဆင်ခြင်တတ်သော၊ ဖောက်ထွက်တတ်သော၊ အသစ်အဆန်းကို စိတ်၀င်စားသော သူများကို ပျိုးထောင်သော အစီအစဥ်တွေ ကိုလည်း အားတက်သရော လုပ်ဖို့ လိုပါတယ်။

မဟုတ်ရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ဆရာမဂျူး၏ စာအုပ်ခေါင်းစဥ်လို “ရာဇ၀င် ထဲမှာ ကိုယ်တွေကို ထားရစ်ခဲ့” ဆိုပြီး ဖြစ်သွားပါ လိမ့်မယ်။

-Dr.Kyaw

The Proficiency Leap (B1 PET & B2 FCE Challenges for Myanmar Learners)အချက်အလက်တွေ လေ့လာ စုဆောင်းပြီး ပေးဖြစ်ခဲ့တဲ့ The ...
16/05/2026

The Proficiency Leap (B1 PET & B2 FCE Challenges for Myanmar Learners)

အချက်အလက်တွေ လေ့လာ စုဆောင်းပြီး ပေးဖြစ်ခဲ့တဲ့ The Proficiency Leap ဆိုတဲ့ PET and FCE level မှ မြန်မာကျောင်းသား အများစုမှာ ရှိနိုင်တဲ့၊ တွေ့ကြုံနိုင်ရတဲ့ ဧရိယာ အသီးသီးမှ အခက်အခဲများနှင့် ဆရာ၊ ဆရာများအနေနှင့် မည်သို့မည်ပုံ ဖြည့်စွက်လေ့ကျင့် ပေးသင့်ကြောင်း၊ မိဘများကလည်း ဘေးမှ ကူနိုင်ကြောင်း စတဲ့ နည်းနာ နိသယျများကို workshop မှာ ပြောခဲ့ - မျှ‌ေ၀ခဲ့ သလိုဘဲ အဆင်ပြေအောင် စာစီကာ မတက်နိုင်ခဲ့သူများ နှင့် အချိန်မပေး နိုင်ခဲ့သူများက သိချင်စိတ်လေး ဖြစ်လာပါက ပြန်ပြီး ကြည့်နိုင်အောင် မိခင်ဘာသာ စကားနှင့် အပိုင်းလေးများ ခွဲကာ ရေးပြီး တင်ပေးပါမည် ဆိုတဲ့အကြောင်း အသိပေး ပါသည် ခင်ဗျာ...

လိုအပ်ချက်လေးများ ရှိခဲ့ပါကလည်း လေ့လာနေတဲ့ အခိုက်အတန့်မို့ နားလည် ခွင့်လွတ် ပေးပါရန်...

မဂ်လာပါ ခင်ဗျာ...LTTC နှင့် Care for Myanmar တို့ ပူးပေါင်းဖွင့်လှစ်သည့် Teacher Trainer ဖြစ် သင်တန်း Dip in Teacher Tra...
11/05/2026

မဂ်လာပါ ခင်ဗျာ...

LTTC နှင့် Care for Myanmar တို့ ပူးပေါင်းဖွင့်လှစ်သည့် Teacher Trainer ဖြစ် သင်တန်း Dip in Teacher Training (Batch 3) မှ ဆရာ / မများ၏ Capstone Project အနေနှင့် ပြုလုပ်ရသည့် Individual Workshop Series ကို May 14 တွင် ည (၈) နာရီ မှ (၁၁) နာရီအထိ ပြုလုပ် ပေးသွားမည် ဖြစ်ပါသည်။

Trainers များထဲမှ ကျွန်တော် ပေးမည့် ခေါင်းစဥ်နှင့် အကြောင်းအရာ ကို ဤနေရာမှ မျှ‌ေ၀ပေး ပါသည်။ အခြား trainers ၏ Abstracts များကိုလည်း ကြည့်ပြီး စိတ်၀င်စား ပါက တက်ရောက် နိုင်ပါသည်။

တက်ရောက် လိုသူများအနေနှင့် ဖော်ပြပါ Form တွင် သေချာ ဖြည့်စွက်ဖို့ လိုအပ်ပြီး Form ဖြည့်ထား သူများကို Care for Myanmar မှ May 14 ရက်နေ့ ညနေ ၆ နာရီထက် နောက်မကျ စေဘဲ Zoom Link များအား email ပေးပို့သွားမည်ဖြစ်ပါသည်။

https://forms.gle/pU2UR2TbZQ6rmGA16
(Application Form for May 14 Workshops)


ကျေးဇူးတင်ပါသည် ခင်ဗျာ...

Continuing Professional Development (CPD) ဆိုသည့် ပရော်ဖက်ရှင်နယ် ဆိုင်ရာတွင် စဥ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု အတွက် C...
03/05/2026

Continuing Professional Development (CPD) ဆိုသည့် ပရော်ဖက်ရှင်နယ် ဆိုင်ရာတွင် စဥ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု အတွက် Care for Myanmar and London Teacher Training College မှ ဖွင့်လှစ်သော Diploma in Teacher Training ၏ သင်တန်းသူ / သားများ မဖြစ်မနေ လုပ်ဆောင်ရမည့် Individual Workshop အတွက် နည်းနည်း တွေးထား၊ စီစဥ် ထားတာလေး ဖြစ်ပါတယ်။

ခေါင်းစဥ်၊ အချိန်နာရီ နှင့် zoom link များ သေချာသွားပါက စိတ်၀င်စားပြီး တက်ရောက်ချင်သော ဆရာ၊ ဆရာမများကို တလေးတစား အကြောင်းကြား ပေးပါမယ် ခင်ဗျ။ ပညာဒါန မျှ‌ေ၀သော workshop ဖြစ်ဖို့ များပါတယ်။ တက်ရောက်သော သူများအတွက် အကျိုးကျေးဇူး တစုံတရာ ရရှိမယ် ဆိုတာလည်း အာမခံ နိုင်ပါတယ်။ အဆင်ပြေရင် တွေ့ကြရအောင်ဗျာ။

သင်ဟာ အသက်အရွယ် တစ်ခုရောက်လာလို့ စကားပြော နှေးလာပြီလား (အပိုင်း -၃) (နိဂုံး)(၂) စကား နှေးနှေး ပြောခြင်း၏ အလှတရား (The Po...
30/03/2026

သင်ဟာ အသက်အရွယ် တစ်ခုရောက်လာလို့ စကားပြော နှေးလာပြီလား (အပိုင်း -၃) (နိဂုံး)

(၂) စကား နှေးနှေး ပြောခြင်း၏ အလှတရား (The Power of Pause)

မိတ်ဆွေတို့ စကားပြောဆို တဲ့နေရာမှာ အဆက်မပြတ် မြန်မြန် ပြောခြင်းထက် စနစ်တကျ ရပ်တန့်ပြီး ပြောခြင်းက အခြားသူများနှင့် ယှဥ်လိုက်လျှင် ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။ လူတော်တော်များများဟာ သာမန်အခြေအနေမှာ စကားကို ပြော-ပြီးရော ဆိုပြီး မြန်မြန်နှင့် သာမန်စကားလုံးတွေ သုံးပြီး ဆိုတတ် ကြပါတယ်။ အကြောင်းအရာက အရမ်းကြီး အရေးမကြီး ရင်ဘဲဖြစ်ဖြစ်၊ ပေါ့‌‌ပေါ့ပါးပါး ပြောချင်လို့ ဖြစ်ဖြစ်၊ တဖက်က ကိုယ်ပြောနေတဲ့သူက ရင်းနှီးကျွမ်း၀င် ပြီးသား ဖြစ်နေတာ (သို့) လက်အောက်ငယ်သား နှင့် ၀န်ထမ်း (သို့) ညီငယ် နှင့် နှမငယ်မျိုး ဆိုရင်‌‌ပေါ့ဗျာ။ မမှားပါဘူး။

ဒါပေမယ့် ကိုယ့်စကားကို ပိုပြီး ထိရောက် စေချင်ရင်၊ စကားကို ဖြည်းဖြည်းချင်း နှင့် အလေးအနက် ထားပြီး ပြောခြင်းက လူတစ်ယောက်၏ ယုံကြည်မှု နှင့် သြဇာအာဏာ (Authority) ကို ပိုမိုပေါ်လွင် စေတယ်လို့ ဆိုပါတယ်။ ဒါကို တမျိုးအားဖြင့် လေးနက် တည်ကြည်မှု (Gravitas) လို့လည်း အဓိပ္ပာယ် သတ်မှတ်လို့ ရပါတယ်။ Burgoon, Guerrero, and Floyd တို့က သူတို့၏ နာမည်ကျော် စာအုပ်ဖြစ်တဲ့ Nonverbal Communication (2016) မှာ လူအများကြား ပြောဆိုခြင်း (Public Speaking) မှာ စကားပြောဆို နေရာမှ ခေတ္တရပ်ခြင်း (Pause)ဟာ စကားပြော ကောင်းခြင်း၏ ဝိသေသလက္ခဏာ တစ်ခုဖြစ်ကြောင်း အတိအလင်း ဆိုထားပါတယ်။

မိတ်ဆွေက စာသင်တဲ့ ဆရာ / ဆရာမ တစ်ယောက် ဆိုရင်တော့ စကားလုံးတွေ ကြားမှာ ခဏနား ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူ တွေ၏ ဦးနှောက်က အချက်အလက်တွေကို စီစစ်ဖို့ (Processing Time) အချိန်ရသွားစေပါတယ်။ ဒါနဲ့ပတ်သတ်လို့ Mary Budd Rowe (1972) ၏ သုတေသနများ အရ ဆရာ / ဆရာမ တစ်ဦးဟာ စကားပြောနေစဉ် အတွင်း (၃) စက္ကန့်ခန့် ရပ်တန့်ပေးခြင်း (Wait Time) ဟာ ကျောင်းသား / ကျောင်းသူတွေ၏ သင်ယူနိုင်စွမ်းကို သိသိသာသာ တိုးတက်စေကြောင်း သက်သေပြ ခဲ့ပါတယ်။ ဒါဟာ ဆရာ / ဆရာမတွေ အတွက်လည်း တရစပ် ပြောနေစရာ မလိုတော့ဘဲ ခဏတာ အနားယူဖို့ အချိန်အနည်းငယ် ရစေပြီး ကျောင်းသားဗဟိုပြု သင်ယူခြင်း (Student-centered learning) ၏ အစိတ်အပိုင်း တစ်ခု ဖြစ်စေကာ (၂)ဖက်စလုံးကို အကျိုးဖြစ်ထွန်း စေပါတယ်။

ကျွန်တော်ဟာ လွန်ခဲ့တဲ့ အနှစ် (၂၀)နီးပါးက စကားပြောနှေးတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့ ဖူးတယ်။ ကြားခါစကတော့ ဘယ်လိုကြီးလဲလို့ ထင်ခဲ့တာ။ သူက သာမန်ထက် နှေးတဲ့သူ နှင့် စကားကို ခြားပြီး ပြောတဲ့သူထဲ ပါမယ်။ နောက်ပိုင်း ကျတော့ သူပြောနေတဲ့ပုံက ဆွဲဆောင်မှု ရှိတဲ့ သဘော ဖြစ်လာပြီး၊ ဒါကဘဲ နားထောင်လို့ ပိုပြီး ကောင်းလာခဲ့ စေပါတယ်။ “စကားပြော ‌ကောင်းတဲ့သူ” ဆိုတာ “နားထောင်ကောင်းတဲ့သူ”လို့လည်း ဆိုကြတယ် မဟုတ်လား။ ဆိုတော့ စကားကို အမျှင်မပြတ် တရဆက် ပြောတာထက်၊ နားနားပြီး ပြောတာမျိုး နှင့် ကိုယ်ချည်းဘဲ မဟုတ်ဘဲ တဖက်သားကို စဥ်းစားဖို့ အချိန်ပေးခြင်း နှင့် ၀င်ပြောစေခြင်း ကလည်း မိမိနှင့် နားထောင်နေသူကို အပေးအယူ မျှစေပါတယ်။ စကား၀ိုင်းကို ပိုပြီး အသက်၀င်စေပြီး ဆွဲဆောင်မှု ရှိစေ ပါတယ်။

လူလတ်ပိုင်းကို ချဥ်းနင်း ၀င်ရောက် လာတဲ့ အရွယ်မှာ (စကားသံထွက် အဂ်ါများ ချို့ယွင်းလို့ မဟုတ်ဘဲ၊ လည်ချောင်းမှာ ပြသာနာ ရှိလို့ မဟုတ်ဘဲ၊ ဦးနှောက်၏ လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နေရင်း၊ အလွန်ပင်ပမ်း နွမ်းနယ်လို့ မဟုတ်ဘဲ) စကားပြော နှေးလာတာဟာ မိမိတို့ ပြောဆိုနေတဲ့ အကြောင်းအရာများနှင့် ပတ်သတ်ပြီး စကားလုံးများ၊ စာကြောင်းများဟာ "မြန်ဆန်မှု” (Speed) ကနေ "တိကျမှု” (Precision) ဆီကို အသွင် ကူးပြောင်း သွားခြင်းသာ ဖြစ်ပါတယ်။ အပိုင်း (၁) မှ အပိုင်း (၃) အထိကို သက်လတ်ပိုင်းကို ချည်းနှင်း ၀င်ရောက် လာတဲ့သူများ၏ စကားပြောဆိုမှု ဆိုင်ရာမှာ အများအားဖြင့် ဖြစ်တတ်သော အကြောင်းအရာများ ဖြစ်ပြီး၊ မိတ်ဆွေ အခုဆို သင်ဟာ ပိုမိုလေးနက်ပြီး ဆွဲဆောင်မှုရှိတဲ့ ပြောဆိုသူ တစ်ယောက် ဖြစ်လာလို့ နေပါပြီ။ ဆိုတော့ ဂုဏ်ယူချင်လျှင်လည်း ဂုဏ်ယူလို့ ရနိုင်ပါကြောင်း အသိပေး လိုက်ပါတယ်။

References
Burgoon, J. K., Guerrero, L. K., & Floyd, K. (2010). Nonverbal Communication. Routledge.
Ramscar, M., Hendrix, P., Shaoul, C., Milin, P., & Baayen, H. (2014). The Myth of Cognitive Decline: Non-Linear Dynamics of Lifelong Learning. Topics in Cognitive Science, 6(1), 5–42. https://doi.org/10.1111/tops.12078
Rowe, M. B. (1972). Wait-Time and Rewards as Instructional Variables: Their Influence on Language, Logic, and Fate Control. Ed.gov. https://eric.ed.gov/?id=ED061103
Schwartz, B. L. (2002). Tip-of-the-tongue states phenomenology, mechanism, and lexical retrieval. L. Erlbaum.

Photo Credit to the Chief Storyteller, LLC

ที่อยู่

Wat Burapha Charity School
Sakhon Nakhon
47240

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Educator’s Insight with Dr. Kyawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์