13/03/2025
🎓🎓2025-2026 Online ဓမ္မပညာသင်တန်း🎓🎓
One year Course
တနှစ်တာသင်တန်း
🛑၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အတန်းသစ် အတွက် ကျောင်းသားစာရင်းလက်ခံနေပါပြီ။
=============================
ယုံကြည်သူတိုင်းမှာ ဘုရားရဲ့calling ကိုယ်စီရှိပြီးသားဖြစ်ပါတယ် ...( ဧဖက်၄)
အမှုတော်ဆောင်တွေမှမဟုတ်ပါဘူး ... ကျရာကဏ္ဍ မှာ ဘုရားအတွက် ပေးဆပ်နေတဲ့သူတွေဟာလည်း ဘုရားအတွက်တစ်ထောင့်တစ်နေရာ ပါ၀င်နေသူတွေပဲဖြစ်ပါတယ်...
ဆိုတော့ ယုံကြည်သူတိုင်းဟာ ခရစ်တော်ရဲ့နောက်လိုက်တွေ ဖြစ်တဲ့အတွက် ကျတဲ့တာ၀န်ထမ်းဆောင်ဖို့ တာ၀န်ထမ်းပိုးကို အားလုံးရဲ့ပုခုံးပေါ်မှာ ဘုရားထားပေးထားတာကိုယ်စီရှိကြပါတယ်...
ဘုရားသခင်နိုင်ငံတော်အတွက်ပါဝင်ဖို့ဆိုရင် မိမိဘက်က နှုတ်ကပတ်တော်ကို သေသေချာချာလေ့လာထားပြီးမှ အမှုတော်မှာ ပါဝင်မယ်ဆိုရင်အမှားကင်းပြီး နှုတ်ကပတ်တော်နှင့်ညီသော အမှုတော်အားဖြင့် ဘုရားသခင်နိုင်ငံတော်ကို ပိုပြီးကျယ်ပြန့်ေစမှာဖြစ်ပါတယ်။
၁တိမောသေ...၂း၃-၄... လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိ၏။ ယုံကြည်သူတိုင်း ကယ်တင်ခြင်းကိုရရုံမဟုတ်ဘဲ သမ္မာတရား၌အုတ်မြစ်ခိုင်မာစွာ အခြေချမှသာလျှင် သမ္မာတရားနဲ့ညီသော ခရစ်ယာန်အသက်တာကိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်နှုတ်ကပတ်တော်လေ့လာခြင်းဟာ အမှုတော်ဆောင်တွေအတွက်သာမဟုတ်ဘဲ၊ ယုံကြည်သူတိုင်းနှုတ်ကပတ်တော်လေ့လာသင့်ပါသည်။
သမ္မာကျမ်းစာကို အခြေခံခိုင်မာစွာ လေ့လာလိုသူများ....
အမှုတော်အတွက်ဆက်ကပ်လိုသူများ...ဆက်ကပ်နေသူများ
အဖက်ဖက် ကအခြေနေတွေကြောင့် In person study, campus study လုပ်ဖို့ခက်ခဲနေတဲ့သူများအတွက် သင့်လျော်သော online seminary ဖြစ်ပါတယ်.
Thailand, Myanmar, Malaysia, Singapore မှာရှိကြသော ယုံကြည်သူများ အလုပ်တစ်ဖက်နှင့် သမ္မာကျမ်းစာ သင်တန်းတက်ရောက်လိုသူများအတွက်အထူးသင့်တော်သောသင်တန်းဖြစ်ပါသည်။
သင်တန်းကာလ - ၁နှစ်
အသေးစိတ်ကို Yes Theological Semiary page messenger မှလည်းကောင်း၊ John Lun facebook messenger မှလည်းကောင်း၊ Pate San Htay facebook messenger မှလည်းကောင်း ဆက်သွယ်နိုင်ပါသည်။