Village Education College VEC

Village Education College VEC (Founded in 1386/2024)

VEC: A non-profit education college dedicated to empowering rural students with practical skills, foundational knowledge, and critical thinking for sustainable development and improved livelihoods.

 #ဝမ်းမြောက်စရာသတင်းကောင်း 🎉  က ထုတ်ဝေသော   ဂျာနယ်၏ ပထမဆုံးအတွဲ၊ ပထမအမှတ် (Vol. 1, No. 1) ထုတ်ဝေမှု အောင်မြင်စွာ ပြီးစီး...
22/07/2026

#ဝမ်းမြောက်စရာသတင်းကောင်း 🎉

က ထုတ်ဝေသော ဂျာနယ်၏ ပထမဆုံးအတွဲ၊ ပထမအမှတ် (Vol. 1, No. 1) ထုတ်ဝေမှု အောင်မြင်စွာ ပြီးစီးသွားပါပြီ။ စာမျက်နှာ (၁-၁၃၇) ပါဝင်သည့် ဤအတွဲသည် ISSN မှတ်ပုံတင်ခြင်းဆိုင်ရာ နောက်ဆုံးအစီရင်ခံစာကိုလည်း အတည်ပြုပြီးဖြစ်ပါသည်။

ဤကဲ့သို့သော အောင်မြင်မှုကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ပညာရှင်များ၊ စာရေးသူများနှင့် စီစစ်အကဲဖြတ်ပေးသူများအပါအဝင် အားလုံးကို အထူးပင်ကျေးဇူးတင်မိပါသည်။

ယခုအချိန်မှစ၍ ဒုတိယအမှတ် (Vol. 1, No. 2 - May-August 2026) အတွက် ပြင်ဆင်ဆောင်ရွက်ရန် ကျွန်ုပ်တို့ အသင့်ဖြစ်နေပါပြီ။ ထို့ကြောင့် နောက်ထုတ်ဝေမှုတွင် ပါဝင်လိုသော သုတေသီများနှင့် ပညာရှင်အားလုံးကို စာတမ်းများ ပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။ သင်၏ အဖိုးတန်သုတေသနလက်ရာများကို မျှဝေဖို့ မမေ့ပါနှင့်။

အသေးစိတ်ကို အောက်ပါလင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။

🌐 : https://journal.ivec.edu.mm/

📖 Vol. 1 No. 1 (January-April 2026): https://journal.ivec.edu.mm/issue/vol-1-no-1-january-april-2026/

အားလုံးပါဝင်အားဖြည့်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


တစ်နှစ်လျှင် တစ်ကြိမ်သာ ဖွင့်မည့် အထက်တန်းအောင်လက်မှတ်နှင့်ညီမျှသော Diploma အတန်းများသတ်မှတ်ဦးရေ ပြည့်နေပြီဖြစ်သော်လည်း ...
21/07/2026

တစ်နှစ်လျှင် တစ်ကြိမ်သာ ဖွင့်မည့် အထက်တန်းအောင်လက်မှတ်နှင့်ညီမျှသော Diploma အတန်းများ
သတ်မှတ်ဦးရေ ပြည့်နေပြီဖြစ်သော်လည်း အတန်းအပ်သူများ ရှိနေဆဲဖြစ်သောကြောင့်
ကျောင်းသား ၅ ဦးသာ ထပ်မံ လက်ခံပါတော့မည်ဖြစ်ကြောင်း အသိပေးပါရစေ ခင်ဗျာ
အတန်းတက်ဖို့ စိတ်ဝင်စားပါက နောက်မကျစေပဲ မြန်မြန်လေး အပ်လိုက်တော့ဗျို့

🎓 𝟐𝟎𝟐𝟔 𝐍𝐄𝐖 𝐀𝐃𝐌𝐈𝐒𝐒𝐈𝐎𝐍𝐒 𝐎𝐏𝐄𝐍

✨ သင့်အနာဂတ်ကို 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐕𝐄𝐂) နဲ့ စတင်လိုက်ပါ

၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များ စတင်လက်ခံနေပြီဖြစ်ပါသည်။

နိုင်ငံတကာအဆင့်မီ ပညာရေး၊ ဘာသာစကားကျွမ်းကျင်မှုနှင့် အဆင့်မြင့်ပညာရေး လမ်းကြောင်းများကို ရှာဖွေနေပါသလား ?

𝐕𝐄𝐂 မှ ဖွင့်လှစ်ထားသော Diploma Programmes များဖြင့် သင့်ရဲ့ ပညာရေးအနာဂတ်ကို ယနေ့ပဲ စတင်တည်ဆောက်လိုက်ပါ။

🇬🇧 𝐕𝐄𝐂 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞

အင်္ဂလိပ်ဘာသာစကားကို အခြေခံမှ Academic Level အထိ တစ်ဆင့်ချင်း တိုးတက်သင်ယူနိုင်မည့် အစီအစဉ်။

📚 Duration — 1 Year (2 Semesters)
🎓 Level — UK Level 3 Diploma
📖 Total Credits — 33 Credits

Subjects Included

Semester I
• Introduction to Linguistics
• Grammar in Context I
• Reading & Text Analysis
• Listening & Speaking for Academic Purposes
• Writing for Effective Communication

Semester II
• Grammar in Context II
• Reading & Critical Thinking
• Listening, Speaking & Presentation Skills
• Academic & Professional Writing
• Integrated Skills for Real-World Contexts

📌 Final Project — 3 Credits

Registration လုပ်ပြီးသောအခါ အောက်ပါ Telegram group join ထားပေးရန်လိုအပ်ပါသည်။

https://t.me/+tBRYWgxRgqA1OTJl

🇹🇭 𝐕𝐄𝐂 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐓𝐡𝐚𝐢 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞

ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာ အသုံးချနိုင်ပြီး ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုရရှိစေနိုင်ပါသည်။

📚 Duration — 1 Year (2 Semesters)
🎓 Total Credits — 33 Credits
💻 Online Learning System

Subjects Included

Semester I
• Introduction to Thai Language
• Thai Grammar Fundamentals
• Thai Speaking & Listening
• Thai Writing & Reading Skills
• Thai Culture & Society

Semester II
• Intermediate Thai Grammar
• Thai Reading & Comprehension
• Thai Speaking for Practical Use
• Thai Writing for Communication
• Thai Culture in Practice

📌 Final Project — 3 Credits

Registration လုပ်ပြီးသောအခါ အောက်ပါ Telegram group join ထားပေးရန်လိုအပ်ပါသည်။

https://t.me/+Ok7-hqPJc-o1Yzhl

🌟 ဘာကြောင့် VEC ကို ရွေးချယ်သင့်သလဲ

✔️ High School Equivalency Recognition
✔️ Flexible Online Learning
✔️ Evening & Weekend Schedule
✔️ International Learning Pathway
✔️ Bachelor Degree ဆက်လက်တက်ရောက်နိုင်ခြင်း
✔️ Scholarship Opportunities (Selected Areas)

📌 Admission Requirements
• Middle School Completed
• Age 16+

📅 Important Dates
Application Deadline — July 20, 2026
Announcement —July 25, 2026
Interview —July 28, 2026

💵 Fees
Registration Fee — 30,000 MMK
Programme Fee — မူလသင်တန်းကြေး 450,000ks
အစောဆုံးအပ်နှံသူ ၁၅ ဦး 300,000 MMK / Semester
တစ်တန်းလျှင် ကျောင်းသား၊သူ ၃၀ ဦးသာလက်ခံမည်ဖြစ်သည်

🚀 Seats Limited — Register Early

Diploma ပြီးဆုံးအောင်မြင်သွားသော ကျောင်းသူ၊ ကျောင်းသားများအား Diploma လက်မှတ်အား ဘွဲ့အခမ်းအနားနှင့် ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါသည်။

🔗 Admissions Form - Village Education College (VEC): https://forms.gle/HyuEjySuHVHtQm6e9

🌐 Website
https://ivec.edu.mm/

𝐘𝐨𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞 𝐒𝐭𝐚𝐫𝐭𝐬 𝐇𝐞𝐫𝐞 ✨

၁၉ ဇူလိုင် – အာဇာနည်နေ့နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းများအား...
19/07/2026

၁၉ ဇူလိုင် – အာဇာနည်နေ့

နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းများအား Village Education College (VEC) မှ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများ၊ ရဲရင့်မှုများနှင့် မျိုးချစ်စိတ်ဓာတ်များသည် ယနေ့ထိ ကျွန်ုပ်တို့အတွက် လမ်းပြမီးရှူးတန်ဆောင်များအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။

အာဇာနည်နေ့ကို အမှတ်တရ ဂုဏ်ပြုရင်း ပညာရေး၊ ခေါင်းဆောင်မှုနှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် ၎င်းတို့၏ အမွေအနှစ်များကို ဆက်လက်သယ်ဆောင်သွားမည်ဟု ကတိပြုအပ်ပါသည်။

“Lest We Forget.”

Village Education College (VEC)

We Remember Their Sacrifice. We Honor Their Courage. We Carry Their Legacy.


🎓 ကျေးဇူးတင်လွှာ𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐕𝐄𝐂) ၏ 𝑮𝒓𝒂𝒅𝒖𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒓𝒆𝒎𝒐𝒏𝒚 2026 အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခ...
13/07/2026

🎓 ကျေးဇူးတင်လွှာ

𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐕𝐄𝐂) ၏ 𝑮𝒓𝒂𝒅𝒖𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒓𝒆𝒎𝒐𝒏𝒚 2026 အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ခြင်းအတွက် အဖက်ဖက်မှ ပါဝင်ကူညီပံ့ပိုးပေးကြသူအားလုံးကို အထူးပင် လေးစားစွာ ကျေးဇူးတင်ရှိပါသည်။

ဤအခမ်းအနား အောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် တက်ရောက်အားပေးခဲ့ကြသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ Volunteer များ၊ ဘွဲ့ရကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့် အဖက်ဖက်မှ ပါဝင်ပံ့ပိုးကူညီပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီအား 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐕𝐄𝐂) မှ အထူးကျေးဇူးတင်ရှိပါသည်။

လူကြီးမင်းတို့၏ ယုံကြည်အားပေးမှု၊ အချိန်နှင့် အားထုတ်မှုများသည် ကျွန်ုပ်တို့အတွက် အဖိုးမဖြတ်နိုင်သော ခွန်အားများဖြစ်ပြီး ပိုမိုကောင်းမွန်သော ပညာရေးဝန်ဆောင်မှုများကို ဆက်လက်ဖန်တီးပေးနိုင်ရန် အားပေးလှုံ့ဆော်မှုတစ်ရပ်လည်း ဖြစ်ပါသည်။

အတူတကွ အောင်မြင်မှုကို ဂုဏ်ပြုကြပြီး၊ ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။

အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Together, we celebrated another meaningful milestone, and together, we will continue building brighter futures through education.

🙏 Thank you for being part of our journey and making this Graduation Ceremony truly memorable.

𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐕𝐄𝐂)
𝑬𝒅𝒖𝒄𝒂𝒕𝒊𝒐𝒏 𝑭𝒐𝒓 𝑨𝒍𝒍 💙🎓✨






12/07/2026

🔴 🎓 Village Education College 1st Graduation Ceremony Academic Year 2025-2026 MCU Phrae Campus

12/07/2026

🔴 🎓 Village Education College 1st Graduation Rehearsal Ceremony Academic Year 2025-2026 MCU Phrae Campus

𝐕𝐄𝐂 𝟏𝐬𝐭 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲, 𝐌𝐂𝐔 𝐏𝐡𝐫𝐚𝐞 𝐂𝐚𝐦𝐩𝐮𝐬𝐉𝐮𝐥𝐲 𝟏𝟐, 𝟐𝟎𝟐𝟔
10/07/2026

𝐕𝐄𝐂 𝟏𝐬𝐭 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲,
𝐌𝐂𝐔 𝐏𝐡𝐫𝐚𝐞 𝐂𝐚𝐦𝐩𝐮𝐬
𝐉𝐮𝐥𝐲 𝟏𝟐, 𝟐𝟎𝟐𝟔

10/07/2026
𝑮𝒓𝒂𝒅𝒖𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒓𝒆𝒎𝒐𝒏𝒚𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞       (𝟭𝟮 𝗝𝘂𝗹𝘆 𝟮𝟬𝟮𝟲)Dear Students and Parents,Please be informed of the gra...
04/07/2026

𝑮𝒓𝒂𝒅𝒖𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒓𝒆𝒎𝒐𝒏𝒚

𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞
(𝟭𝟮 𝗝𝘂𝗹𝘆 𝟮𝟬𝟮𝟲)

Dear Students and Parents,

Please be informed of the graduation schedule:

· Morning (Rehearsal): 9:30 AM – 11:00 AM
· Afternoon (Main Ceremony): 12:30 PM – 3:00 PM

All graduates must attend the morning rehearsal. We look forward to celebrating with you!


📢 𝐕𝐄𝐂 ကျောင်းသူ၊ ကျောင်းသားများ အသိပေးကြေညာချက် 𝐕𝐄𝐂 ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့၏ ကျောင်းသားအချက်အလက်များက...
28/06/2026

📢 𝐕𝐄𝐂 ကျောင်းသူ၊ ကျောင်းသားများ အသိပေးကြေညာချက်

𝐕𝐄𝐂 ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့၏ ကျောင်းသားအချက်အလက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် အောက်ဖော်ပြပါ 𝐕𝐄𝐂
𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 𝗪𝗲𝗯𝘀𝗶𝘁𝗲 တွင် မိမိတို့၏ 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗜𝗗 𝗡𝘂𝗺𝗯𝗲𝗿 ဖြင့် 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 ပြုလုပ်ပေးကြပါရန် အသိပေးအပ်ပါသည်။

🌐 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 𝗪𝗲𝗯𝘀𝗶𝘁𝗲
https://reg.ivec.edu.mm/

⚠️ သင်ကြားရေးနှင့်ပတ်သက်သော အချက်အလက်များကို လုံခြုံစိတ်ချစွာ စီမံခန့်ခွဲနိုင်ရန် Register ပြုလုပ်ထားရန် လိုအပ်ပါသည်။

ที่อยู่

Wat Chom Sawan
Phrae
54000

เบอร์โทรศัพท์

+959795517166

เว็บไซต์

,

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Village Education College VECผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Village Education College VEC:

ทางลัด

แชร์