07/08/2026
🚀 𝐆𝐄𝐃 𝐌𝐀𝐓𝐇 𝐒𝐞𝐫𝐢𝐞𝐬 အသစ်: 𝐀𝐥𝐠𝐞𝐛𝐫𝐚 & 𝐆𝐞𝐨𝐦𝐞𝐭𝐫𝐲
ကဲ အားလုံးပဲ မင်္ဂလာပါဗျ။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ 𝐀𝐥𝐠𝐞𝐛𝐫𝐚 & 𝐆𝐞𝐨𝐦𝐞𝐭𝐫𝐲 အကြောင်းကို သီးသန့်ဆွေးနွေးသွားမဲ့ 𝐒𝐞𝐫𝐢𝐞𝐬 အသစ်လေးကို ပြောပြပေးသွားပါမယ်။
𝐀𝐥𝐠𝐞𝐛𝐫𝐚 (အက္ခရာသင်္ချာ) ဆိုတာ 𝐆𝐄𝐃 𝐌𝐚𝐭𝐡 မှာ 𝟓𝟎% လောက်ပါလေ့ရှိတာမလို့ ဒီ 𝐒𝐞𝐫𝐢𝐞𝐬 ကို သေချာဖတ်ထားရင် စာမေးပွဲမှာ အေးဆေးဖြေနိုင်မှာပါ။
ဒီနေ့ 𝐏𝐚𝐫𝐭 𝟏 မှာတော့ 𝐀𝐥𝐠𝐞𝐛𝐫𝐚 မှာ အခြေခံအကျဆုံးဖြစ်တဲ့ 𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞𝐬 & 𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧𝐬 အကြောင်းကို အသေးစိတ် ပြောပြပေးသွားပါမယ်။
𝐏𝐚𝐫𝐭 𝟏: 𝐓𝐡𝐞 𝐒𝐞𝐜𝐫𝐞𝐭 𝐀𝐠𝐞𝐧𝐭𝐬 (𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞𝐬 & 𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧𝐬)
𝐀𝐥𝐠𝐞𝐛𝐫𝐚 ကို လူတော်တော်များများ ကြောက်ကြတာ 𝐱 တို့ 𝐲 တို့ပါလို့ပါ။ ဒါပေမဲ့ တကယ်တော့ 𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞 (မသိကိန်း) ဆိုတာ ဘာလဲသိရင် ကြောက်စရာမကောင်းပါဘူး။
📦 𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞 ဆိုတာ ဘာလဲ?
𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞 ဆိုတာ လွယ်လွယ်လေးပါ။ ကိုယ်မသိသေးတဲ့ တန်ဖိုးတစ်ခုအတွက် နေရာလွတ် ခဏပေးထားတဲ့ ပုံးအလွတ်လိုပါပဲ။ ကျွန်တော်တို့က အဲ့ဒီပုံးထဲမှာ ဂဏန်း ဘယ်လောက်ထည့်ရမလဲဆိုတာ မသိသေးတော့ လောလောဆယ် အက္ခရာလေးတွေနဲ့ ကိုယ်စားပြုထားတဲ့ သဘောပေါ့။
✍️ ပိုမြင်သာသွားအောင် ဥပမာနဲ့ရှင်းပြပေးပါမယ်။
မောင်မောင့်မှာ ပိုက်ဆံအိတ်တစ်လုံးရှိတယ်။ အဲ့ဒီထဲမှာ ပိုက်ဆံဘယ်လောက်ပါလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ သူ့အပြင်ဘက် လက်ထဲမှာတော့ 𝟓𝟎𝟎 တန်တစ်ရွက် ရှိနေတယ် ကိုင်ထားတယ် ဆိုပါတော့။
အဲ့ဒါဆိုရင် မောင်မောင့် ပိုက်ဆံအိတ်ထဲက ကိုယ်မသိသေးတဲ့ ပိုက်ဆံပမာဏကို 𝐱 လို့ သတ်မှတ်လိုက်မယ်။ ဒါဆို သူ့ဆီမှာ စုစုပေါင်းပိုက်ဆံ ဘယ်လောက်ရှိလဲဆိုရင် 𝐱 + 𝟓𝟎𝟎 ရှိတယ်လို့ ရေးလို့ရသွားပြီပေါ့။
အဲ့ဒီလို 𝐱 + 𝟓𝟎𝟎 ဆိုတာမျိုးကို သင်္ချာလိုဆိုရင် "𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 (ကိန်းတန်း)" လို့ ခေါ်ပါတယ်။
⚠️ 𝐆𝐄𝐃 𝐓𝐑𝐀𝐏: 𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 𝐯𝐬. 𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧
စာမေးပွဲမှာ ကျောင်းသားအများစု အမြဲမှားတတ်တဲ့ အချက်တစ်ခုက 𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 နဲ့ 𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧 ကို ကွဲကွဲပြားပြားမသိတာပါ။ အဲ့ဒါကို ခွဲခြားသိရင်ကိုပဲ စာမေးပွဲမှာ တချို့အပုဒ်တွေကို လွယ်လွယ်လေး ဖြေနိုင်ပါပြီ။
၁။ 𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 (ကိန်းတန်း):
📌 ဥပမာပေးရရင် 𝟑𝐱 + 𝟓
သတိထားကြည့်လိုက်ရင် ဒီကောင်မှာ ညီမျှခြင်း ( = ) သင်္ကေတ လုံးဝ မပါပါဘူး။ ❌
အဲ့လို ညီမျှခြင်းမပါတဲ့အတွက် သူ့ကို "𝐱 တန်ဖိုးဘယ်လောက်လဲ, အဖြေရှာပေးပါ 𝐒𝐨𝐥𝐯𝐞 𝐟𝐨𝐫 𝐱" ဆိုပြီး သွားပြော သွားခိုင်းလို့မရပါဘူး။
ကျွန်တော်တို့လုပ်နိုင်တာကတော့ ရှင်းလင်းခြင်း (𝐒𝐢𝐦𝐩𝐥𝐢𝐟𝐲) ဒါမှမဟုတ် တန်ဖိုးအစားထိုးခြင်း (𝐄𝐯𝐚𝐥𝐮𝐚𝐭𝐞) လောက်ပဲ လုပ်လို့ရပါတယ်။
၂။ 𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧 (ညီမျှခြင်း):
📌 ဥပမာပေးရရင် 𝟑𝐱 + 𝟓 = 𝟏𝟏
ဒီဟာကိုသတိထားကြည့်လိုက်ရင် သူ့မှာ ညီမျှခြင်း ( = ) သင်္ကေတ ပါလာပါပြီ။ ✅
အဲ့လို ညီမျှခြင်းပါလာပြီဆိုရင်တော့ 𝐱 ရဲ့ တန်ဖိုး ဘယ်လောက်လဲဆိုတာကို ရှာလို့ ရသွားပါပြီ။
💡 စာမေးပွဲအတွက် 𝐓𝐢𝐩 ပေးရမယ်ဆိုရင် မေးခွန်းထဲမှာ "=" ပါလား၊ မပါလား အရင်ဆုံး စစ်ကြည့်ပါ။ မပါရင် အဖြေရအောင် ဇွတ်တွေတွက်မနေပါနဲ့၊ ပေးထားတဲ့အတိုင်း ရှင်းရှင်းလင်းလင်း တွက်ရုံပါပဲ။
👀 𝐅𝐮𝐧 𝐃𝐞𝐭𝐚𝐢𝐥 & 𝐓𝐢𝐩: 𝐬 လား 𝟖 လား?
𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞𝐬 တွေမှာ 𝐱, 𝐲, 𝐳 တို့ကို သုံးကြသလို 𝐚, 𝐛, 𝐜, 𝐬, 𝐭 တွေကိုလည်း အများကြီး သုံးကြပါတယ်။
ဒီနေရာမှာ သတိထားရမယ့် အချက်တစ်ခု ရှိပါတယ်
𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞 အနေနဲ့ 𝐬 ကို သုံးတဲ့အခါ စာမေးပွဲမှာ အချိန်လုပြီး လောလောနဲ့အကြမ်းတွက်လိုက်လို့ လက်ရေးမသေချာတာနဲ့ပဲ 𝐬 ကို ဂဏန်း 𝟖 နဲ့ မှားပြီး တွက်တတ်ကြပါတယ်။ (ဒါတကယ် မှားကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မှားဖူးပါတယ်။)
ဥပမာပေးရရင် 𝐬 + 𝟐 လို့ ရေးရမယ့်အစား မျက်စိလျှမ်းပြီး 𝟖 + 𝟐 = 𝟏𝟎 ဆိုပြီး ဂဏန်းတွေပေါင်းပစ်လိုက်တာမျိုးပေါ့
အဲ့တာကြောင့် သင်္ချာတွက်တဲ့အခါ 𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞 𝐬 ကို ရေးရင် အပေါ်ကနေ ပိတ်သလိုမျိုးပဲဖြစ်ဖြစ်၊ လက်ရေးသေချာရေးတာဖြစ်ဖြစ် ရေးတာ ကျင့်ထားကြည့်ပါအုံး။ ဒါက 𝐦𝐢𝐧𝐨𝐫 𝐝𝐞𝐭𝐚𝐢𝐥𝐬 လေးဆိုပေမဲ့ စာမေးပွဲမှာ အလကား အမှတ်မဆုံးရှုံးအောင် ကူပေးမှာပါ။
🧮 အဲ့ဆိုရင် လေ့ကျင့်ခန်းလေးတစ်ခု လုပ်ကြည့်ရအောင်
ဥပမာထပ်ပေးပါမယ်။ 𝐆𝐲𝐦 ဆော့တဲ့အခါ တစ်လကို လစဥ်ကြေး 𝟐𝟎 ပေးရမယ်၊ ပြီးတော့ တစ်နာရီဆော့တိုင်း 𝟓 ဒေါ်လာ ထပ်ပေးရမယ် ဆိုရင် ဒါကို 𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 အနေနဲ့ ဘယ်လိုရေးမလဲ?
တစ်နာရီဆော့ခကို 𝐡 (𝐡𝐨𝐮𝐫) လို့ သတ်မှတ်လိုက်ရင်
𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 က 𝟓𝐡 + 𝟐𝟎 ဖြစ်သွားပါမယ်။
ဒါကို 𝐀𝐥𝐠𝐞𝐛𝐫𝐚 မှာ "𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐧𝐠 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐭𝐨 𝐌𝐚𝐭𝐡" လို့ ခေါ်ပါတယ်။ အင်္ဂလိပ် စာကြောင်းတွေကို သင်္ချာညီမျှခြင်းအနေနဲရေးတာပါ။ 𝐆𝐄𝐃 စာမေးပွဲမှာ ဒီလိုမျိုး စာသားတွေကို 𝐀𝐥𝐠𝐞𝐛𝐫𝐚 အဖြစ် ပြောင်းရေးခိုင်းတဲ့ မေးခွန်းတွေ အများကြီးလာတတ်ပါတယ်။
📝 အနှစ်ချုပ်ရရင်
𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞 (𝐱, 𝐲): ဂဏန်းမသိသေးလို့ ခဏသုံးထားတဲ့ သင်္ကေတ (ပုံးအလွတ်) လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။
𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 (𝟑𝐱 + 𝟓): ညီမျှခြင်း (=) မပါဘူး၊ အဲ့တော့အဖြေရှာလို့မရဘူး၊ ရှင်းလို့ပဲရပါတယ်။
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧 (𝟑𝐱 + 𝟓 = 𝟏𝟏): ညီမျှခြင်းပါတယ်၊ အဲ့တော့ 𝐱 တန်ဖိုးကို အတိအကျ ရှာလို့ရတယ်။
ကဲ ဒီနေ့တော့ 𝐀𝐥𝐠𝐞𝐛𝐫𝐚 ရဲ့ အသက်သွေးကြော 𝐕𝐚𝐫𝐢𝐚𝐛𝐥𝐞𝐬 တွေအကြောင်း သိသွားပြီဆိုတော့ နောက်လာမယ့် 𝐏𝐚𝐫𝐭 𝟐 မှာတော့ ရှုပ်နေတဲ့ ညီမျှခြင်းတွေကို ဘယ်လိုရှင်းရမလဲဆိုတာ ပြောပြသွားပါမယ်။
ကျွန်တော်ကတော့ 𝐍𝐓 ပါ နောက် 𝐩𝐚𝐫𝐭 မှာ ပြန်တွေ့ကြတာပေါ့။ 👋
ယခင်ရေးသားထားသော post များကို comment တွင် ချပေးထားသော link တွေ လေ့လာနိုင်ပါတယ်။ 👇👇👇
Post ကို လွတ်လပ်စွာ ရှယ်နိုင်ပါသည်။ ❌ ကူးယူဖော်ပြခွင့်မပြုပါ။ ❌
Pre-GED, GED Preparation, GED Intensive & "Pass GED with an efficient study plan" Video Class အတန်းများအတွက် page messenger http://m.me/384050591451495 𝐨𝐫 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐮𝐬𝐞𝐫𝐧𝐚𝐦𝐞 @𝐭𝐰𝐢𝐧𝐬𝐭𝐚𝐫𝟕𝟖𝟐𝟎𝟐𝟎 မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။