26/08/2026
Phonics နဲ့ Reading သင်ကြားရေးမှာ မဖြစ်မနေ သိထားသင့်တဲ့ “CLOVER” Rule ☘️
စာလုံးပေါင်း ရှည်တွေကို မြင်တာနဲ့
ဘယ်လို ဖတ်ရမလဲမသိတဲ့ ဇဝေဇဝါ ကလေးတွေကို စာလုံးတစ်လုံးချင်းစီ အလွတ်လိုက်ကျက်ခိုင်းမယ့်အစား
Science of Reading (SoR) & OG Framework ရဲ့
"The 6 Syllable Types"
(Syllable အမျိုးအစား ၆ မျိုး) ကို ရှင်းပြလိုက်ရင်စာလုံးပေါင်း ၁,၀၀၀ ကျော်ကို ကိုယ်တိုင် Decoding လုပ်ပြီး ပေါင်းဖတ်တတ်သွားမှာပါ! 🚀
ဒီ Syllable အမျိုးအစား (၆) မျိုးကို သိထားရုံနဲ့
ကလေးတွေရဲ့ စာဖတ်နှုန်း (Fluency) ကို သိသိသာသာ မြင့်တက်လာစေမှာပါ… 💡
(CLOVER ဆိုတဲ့ အတိုကောက်စာလုံးနဲ့ မှတ်ထားလို့ရပါတယ်!)
C - Closed Syllable 🔒
Vowel ရဲ့ အနောက်မှာ Consonant တစ်လုံး (သို့) တစ်လုံးထက်မက ပိတ်ထားရင် Short Sound (အသံတို) ထွက်ပါတယ်။
Example: cat, bed, dad
L - Consonant-le Syllable 🐢
စာလုံးရဲ့ အဆုံးမှာ Consonant + le တွဲပါလာရင် e အသံမထွက်ဘဲ /ul/ သံ ထွက်ပါတယ်။
Example: can-dle, tur-tle, ap-ple.
O - Open Syllable 🚪
Vowel ရဲ့ အနောက်မှာ ဘာ Consonant မှ ပိတ်မထားရင် Vowel က သူ့ရဲ့ Long Sound (နာမည်ရင်း/အသံရှည်) ထွက်ပါတယ်။
Example: go, hi, re-set
V - Vowel Team / Diphthong 🤝
Vowel တွေ ယှဉ်တွဲပြီး အသံအသစ် တစ်ခုထွက်တာ (သို့) အသံပေါင်းထွက်တာ ဖြစ်ပါတယ်။
Example: boat, rain, look
E - Silent E (Magic E / VCe) 🪄
အနောက်မှာ ပါတဲ့ e က အသံမထွက်ဘဲ အရှေ့က Vowel ကို Long Sound (အသံရှည်) အဖြစ် ပြောင်းလဲပေးတာပါ။
Example: make, home, cute
R - R-Controlled Syllable (Bossy R) 👑
Vowel ရဲ့ အနောက်မှာ r ပါလာရင် Vowel က သူ့အသံ ပျောက်ပြီး r အသံက စိုးမိုးသွားတာဖြစ်ပါတယ်။
Example: car, bird, fur
ဆရာမတို့ အတန်းထဲမှာ ချက်ချင်း အဆင်သင့်
ယူသုံးလို့ရမယ့်
✨ 6 Syllable Types Anchor Charts
အပါအဝင် Science of Reading (SoR) အခြေခံ
သင်ကြားရေး Material ပေါင်းများစွာ ပါဝင်မယ့်
“Phonics Bundle”ကို မကြာခင် မိတ်ဆက်ပေးတော့မှာ ဖြစ်လို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်! 💌