14/12/2020
တစ်စတစ်စ တိုးတက်ပြောင်းလဲလာတယ့် ၂၁ ရာစုမှာ လူသားတိုင်းဟာဖြင့် မိမိတို့၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားမှုကို လိုလားကြပါတယ်ရှင် ။
သင်ဟာလည်း တိုးတက်မှုကို လိုလားတောင့်တနေ
တယ့် သူတစ်ဦးရယ်လို့ ကိုယ့်ကိုယ်ကို ခံယူပြီးယုံကြည်ပါသလား? 💭
အရှိန်အဟုန်ဖြင့်ပြောင်းလဲတိုးတက်လာတယ့် ခေတ်ကြီးထဲမှာ ရှင်သန်နေထိုင်ရင်း ၊ မိမိတို့၏ လူနေမှုဘဝအဆင့်အတန်းများ တိုးတက်အောင် နေ့စဉ်နှင့်အမျှ သင်ယူလေ့လာမှုများ ပြုလုပ်ခြင်းဖြင့် စဉ်ဆက်မပြတ် တိုးတက်စေရန် သင်ယူလေ့လာနေကြရပါတယ် 🧠
အသစ်အသစ်ဖြစ်သော ပညာရပ်များနှင့် နည်းပညာ တိုးတက်ပြောင်းလဲမှုများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာရင်း သင်၏ English Skills ကို တစ်ပြိုင်နက်တည်း တိုးတက်စေလိုပါသလား? ✨
ကမ္ဘာသုံးဘာသာစကားကို Native Level လူငယ်ဆရာ/ဆရာမနဲ့ အတူတူ တိတ်ဆိတ်ငြိမ်သက်တယ့် ပတ်ဝန်းကျင်လေးမှာ စိတ်အေးချမ်းသာစွာ သင်ယူလေ့လာရင်း English Language ကို Native Level အထိ မြှင့်တင်ချင်တယ့် သင့်ရဲ့စိတ်ကူးအိမ်မက်တွေကို 'Beyond the Goal' နှင့်အတူ အကောင်အထည်ဖော်ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ။ 📜
ကမ္ဘာ့လူဦးရေ၏ ၁.၇၅ ဘီလီယံလောက်ဟာ English ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုရင်း ကမ္ဘာနှင့်တစ်ဝှမ်း ချိတ်ဆက် အလုပ်လုပ်ကိုင်လျက်ရှိပြီး ၊ ၉၄% သော Company များဟာ English ဘာသာစကားကို တိကျကျွမ်းကျင်စွာ အသုံးပြုနိုင်တယ့် ဝန်ထမ်းတွေကြောင့် ပြိုင်ဆိုင်နိုင်စွမ်း ပိုမိုတိုးတက်လာပြီးလျှင် ကမ္ဘာနှင့်တစ်ဝှမ်း လုပ်ငန်းတွေ ချဲ့ထွင်လုပ်ကိုင်နိုင်လာပါတယ် ။ 🤝
သုတေသနများ၏ လေ့လာတွေ့ရှိချက်များအရ English ဘာသာစကား ကျွမ်းကျင်သော လူဦးရေနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် တိုက်ရိုက် ဆက်နွယ်လျက်ရှိကြောင်း သိရှိရပါသည် ၊ English ဘာသာစကား ကျွမ်းကျင်သော လူဦးရေများပြားသော နိုင်ငံများတွင် စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများဖြစ်သော GNI (Gross National Income) နှင့် GDP (Gross Domestic Product) တို့သည်လည်းတိုးတက်လာပါကြောင်း သိရှိရပါတယ် ။ 💯
EF ၏ EPI - English ဘာသာစကား ကျွမ်းကျင်မှုစစ်တမ်း (၂၀၁၉) ခုနှစ် ထုတ်ပြန်ချက်အရ အာရှနိုင်ငံပေါင်း (၂၅) နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် (၁၉) တွင် ရှိနေပြီး ၊ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) စာရင်းတွင် အဆင့် (၈၆) သို့ရောက်ရှိနေပါသည် ၊ နိုင်ငံတော်ဟူသော စကားရပ်သည် နိုင်ငံသားအားလုံးနှင့် တိုက်ရိုက်သက်ဆိုင်သော စကားလုံးဖြစ်ပြီး ၊ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော မြန်မာဆိုသည်မှာ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ။ 🇲🇲
သင်ဟာ ကမ္ဘာသုံးဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ကျွမ်းလိုသော ဆန္ဒပြင်းပြနေသည်ဆိုပါက ၊ ကျွန်ုပ်တို့၏ 'Beyond the Goal' မှ သင်၏ပြင်းပြစွာ တောင့်တလျှက်ရှိသော ဆန္ဒပြည့်ဝသည်ထက် သာလွန်၍ 'ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော မြန်မာ'ဟူသော သင့်ရဲ့အိပ်မက်များဆီသို့ အရောက်လှမ်းနိုင်စေရန် ၂၁ ရာစု၏ နောက်ဆုံးပေါ် သင်ကြားရေးနည်းလမ်းများအား ပေါင်းစပ်၍ ပညာရပ်များအား ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ပြီး အကူအညီပေးနိုင်ပါကြောင်းနှင့် သင်တို့နှင့်အတူ အပြန်အလှန် သင်ယူလေ့လာရင်းဖြင့် ကျွန်ုပ်တို့ လူငယ်များ၏ တူညီသော ရင်ခုန်သံများအား ထပ်တူကျစေရန် ယုံကြည်ပါကြောင်း သတင်းကောင်းပါးရင်းဖြင့် ထပ်ဆင့်ဖိတ်ခေါ်အပ်ပါတယ်ရှင့် ။ 😍
BTG တွင် ကမ္ဘာကျော် တက္ကသိုလ်များဖြစ်သော Harvard, Oxford နှင့် Cambridge တို့မှ သင်ကြားမှုဆိုင်ရာ အထောက်အကူပြု အရင်းအမြစ်များနှင့်တကွ အခြားသော သုတေသနဆိုင်ရာ စာတမ်းများအား အသုံးပြုသင်ကြားမည် ဖြစ်သည့်အပြင် ၊ သင်ကြားထားသော ပညာရပ်ဆိုင်ရာ အသိပညာ ၊ ဗဟုသုတများအား လက်တွေ့အသုံးချရမည့် Activities ပေါင်းများစွာအား ဆည်းပူးလေ့လာသူများမှ တစ်ဦးချင်းဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်ပါတယ်ရှင် ။
လက်တစ်လောဖြစ်ပေါ်နေသော COVID-19 ကြောင့် မိဘအုပ်ထိန်းသူများနှင့် ပညာဆည်းပူးလေ့လာသူများအား စိုးရိမ်ပူပန်ခြင်း မဖြစ်စေရန်အတွက် ၊ BTG မှ Online Learning နှင့် Classroom Learning အား အချိုးကျကျ ပေါင်းစပ်ကာ ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများ၏ အကြံပေးချက်များ ၊ ထုတ်ပြန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါတယ် ။
ကျွန်ုပ်တို့နှင့်အတူတကွ ပျော်ရွှင်စွာလေ့လာသင်ယူရန် စာရင်းပေးသွင်းလိုပါက ၊ အောက်ဖော်ပြပါ Google Link တွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်၍ ပေးသွင်းနိုင်ပါကြောင်း ။ 👇
https://bit.ly/2IqKrhq
မှတ်ချက် ။ တစ်ကယ့်ကို ဖြစ်ချင်စိတ် ၊ လုပ်ချင်စိတ် ပြင်းပြစွာရှိမှသာလျှင် ကျွန်ုပ်တို့နဲ့ အတူသင်ယူလေ့လာစေလိုပါတယ် ။
Contact: 📱 +959 4305 6305
🏢 Our Executive Education Center, Beyond the Goal, is offering the following Intensive English Programmes (IEP-2020). 1. Basic Intensive English Programme 2. Independent Intensive English Programme 3. Proficient Intensive English Programme 💡 All the programmes will be taught through the Englis...