28/11/2025
28.11.2025
นนทบุรี(နွံထဘူရီ )၊ ပက်ကရက်ဒစ်ထရစ်မှာ စုဆောင်းထားတဲ့ စူပါကားတွေ နဲ့ Tesla မော်တော်ယာဉ်တွေ သိမ်းထားတဲ့ ဂိုဒေါင်တစ်ခုမှာ သောကြာနေ့ မနက်ပိုင်းမှာ မီးကြီးလောင်မှု့ ဖြစ်ပွါးခဲ့
သောကြာနေ့ မနက်ပိုင်း နွံထဘူရီ၊ ပက်ကရက်ဒစ်ဒေသရှိ ဂိုဒေါင်တစ်ခုမှာ မီးလောင်မှု့ဖြစ်သွားပြီး စူပါကား ၅ ကား နှင့် Tesla ကား ၄၅ စီး အပါအဝင် စုစုပေါင်း ၅၀ ခန့် ပျက်စီးခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဘတ် သန်း ၁၉၀ သန်းကျော်လောက် ဆုံးရှုံးသွားခဲ့သည်။
CCTV မှာ မီးမလောင်ခင် အဖြူရောင်လျှပ်စစ်အလင်းတောက်ပမှု တွေ့ရပြီး အင်ဂျင်နီယာများက လျှပ်စစ် short circuit ဖြစ်နိုင်မှု ကိုအဓိက အကြောင်းအရင်းအနေနဲ့ ဖော်ပြထားကြောင်း သိရပါတယ်။
ဂိုဒေါင်ကိုင်ဆိုင်သူများကလည်း ဖြစ်ပွားခဲ့သမျှအတွက် တာဝန်ယူမည် ဟု ထုတ်ပြန်ထားပါတယ်။
26/11/2025
Edit
သေဆုံးသူတွေ အနည်းဆုံး ၄၄ ဦး ရှိလာကြောင်း အတည်ပြုထားပါတယ်။
ဒဏ်ရာရသူများ ၆၂ ကျော်, ထိုထဲမှာ စိုးရိမ်ရမယ့် အခြေအနေရှိသူများလည်းပါဝင်ပါတယ်။
ပျောက်ဆုံးသူ အနည်းဆုံး ၂၇၉ ဦး ရှိနေတယ်လို့ ရဲဘက်က ထုတ်ပြန်ထားတယ်။
အဲ့ကွန်ဒိုပြန်လည်ပြုပြင်နေစဉ်မှာ သုံးတဲ့ ဝါးငြိမ်းစင်များ ပိုက်အစိမ်းဖုံးအုပ်ထားရာမှ မီးလောင်မှု့ဖြစ်ပွါးပြီး လျင်မြန်စွာ မီးတိုးချဲ့သွားမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုတယ်။
26.11.2025
Wang F*k Court (Tai Po, Hong Kong) မှာ မီးလောင်မှုဖြစ်ပွါး
ဟောင်ကောင် Tai Po မီးလောင်မှု — နောက်ဆုံးအခြေအနေ
Tai Po , Wang F*k Court အဆောက်အဦးများတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့်
အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး၊ ၁၅ ဦး ဒဏ်ရာရထားကြောင်း သိရပါတယ်။
Wang F*k Court အဆောက်အအုံမှာ လူ ၄,၆၀၀ ခန့် နေထိုင်ပြီး မီးသတ်သမား ၇၀၀ ကျော် က မီးကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။ မီးသတ်ယာဉ်တွေ အတော်များများ ပို့ထားပြီး အသစ်အသစ် မီးသတ်ယာဉ်တွေ ဆက်လက်ရောက်ရှိနေဆဲဖြစ်ပါတယ်။
မီးရှို့စဉ် အသက် ၃၇ နှစ်အရွယ် မီးသတ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
အဆောက်အအုံအတွင်း မိသားစုဝင်များနဲ့ ဆက်သွယ်မရတဲ့လူတွေက အာဏာပိုင်ထံ အကူအညီတောင်းနေကြပါတယ်။
မီးလောင်မှုကို ဟောင်ကောင်မှာ အရေးကြီးဆုံးအဆင့် Level 5 အဖြစ် သတ်မှတ်ထားပါတယ်။
26/11/2025
26.11.2025
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၉ ခုတွင် ရေဘေးသင့်သူ ၂.၁ သန်းကျော်ရှိနေကြောင်း DDPM က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ရေကြီးမှုဆိုးရွားလာမှုအတွက် ထိုင်းရေတပ်သည် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ရန် ပြင်ဆင်နေပြီး ကယ်ဆယ်ရေးပစ္စည်းများကို သင်္ဘောများပေါ်သို့ တင်ဆောင်ကာ နိုဝင်ဘာ ၂၆ ရက်တွင် ဆုန်ခလာဒေသသို့ ဆိုက်ကပ်မည်ဟု သိရသည်။
DDPM စာရင်းအရ ခရိုင်ခွဲ ၉၈ ခု၊ ကျေးရွာအုပ်စု ၆၄၃ ခု၊ ကျေးရွာ ၄,၆၈၈ ရွာမှ လူဦးရေ ၂,၁၉၆,၇၅၈ ဦး၊ မိသားစု ၇ သိန်းကျော်က ရေဘေးဒုက္ခကြုံနေရကြောင်း ဖော်ပြသည်။
ဟတ်ယိုင်၊ ဆူရတ်ဋ္ဌာနီ၊ ကရာဘီ၊ နခွန်စီသမ်မရတ်၊ ထရန်၊ ဖတ်သလွန်၊ ဆာတွန်၊ ဆုန်ခလာ၊ ပတ်တနီ၊ နရသီဝပ်တို့တွင် ရေကြီးရေလျှံမှုဆက်ဖြစ်နေပြီး ခရိုင် ၉၂ ခုမှ ကျေးရွာ ၄,၁၀၀ ကျော် ရေနစ်မြုပ်နေသည်။ ရေဘေးကြောင့် လူ ၁၃ ဦး သေဆုံးကြောင်းလည်း သတင်းများထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၇ ရက်မှစ၍ အရှေ့မြောက်မုတ်သုံလေ တိုးခတ်လာမှုကြောင့် တောင်ပိုင်း ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းနေပြီး လာမည့် ၂၄ နာရီအတွင်း တချို့ဒေသများတွင် မိုးထပ်မံကြီးနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
အားလုံးဘေးကင်းကြပါစေ
#ထိုင်းတောင်ပိုင်း #ရေကြီးမှု့
25/11/2025
25.11.2025
ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု ပြင်းထန်စွာဆက်လက် ဖြစ်ပွားနေသည်။ ရေအနက်မြင့်လာသောကြောင့် ဒေသခံအချို့က လမ်းမပေါ်မသွားနိုင်သောအခြေအနေတွင် အသက်ရှင်ရန် လျှပ်စစ်ဓာတ်ကြိုးများပေါ်တက်၍ သွားလာနေရသည့် သက်သေဖော်ပြသော ဓာတ်ပုံများ မြင်တွေ့ရသည်။
လက်ရှိအချိန်တွင် မိသားစုများစွာသည် အိမ်အတွင်းပိတ်မိနေဆဲဖြစ်ပြီး အစိုးရကယ်ဆယ်ရေးအဖွဲ့များထံမှ အထောက်အပံ့ မရရှိနိုင်သေးကြောင်း သိရသည်။
ဒေသခံတစ်ဦးက သူ့၏ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ရေဘေးသင့်နေသူများက ဓာတ်ကြိုးပေါ်လမ်းလျှောက်သွားသောအကြောင်းအရာတွေ ဖော်ပြထားပြီး ဗီဒီယိုသည် ကြည့်ရှု့သူများစွာရရှိထားသည်။
#ထိုင်းတောင်ပိုင်း #ရေကြီးမှု့
20/11/2025
20.11.2025 ထိုင်းနိုင်ငံ Ban Bueng နယ်မြေရှိ စက်ရုံတစ်ခုတွင် မြန်မာလုပ်သားတစ်ဦး ပလတ်စတစ်အမှုန့်ကြိတ်စက်ထဲသို့ မတော်တဆဝင်ကျသွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ အလုံးစုံကြိတ်သွားကာ သေဆုံးမှုအဖြစ် ဖြစ်ပွားခဲ့သည်။ ည ၁၁ နာရီတွင် စက်ရုံမန်နေဂျာက Silam Samakhom ကယ်ဆယ်ရေးအဖွဲ့ Khlong Kiew ဌာနခွဲသို့ သတင်းပေးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက ကူညီရန်လာခဲ့ကြသည်။ သို့ရာတွင် စက်ထဲမှ လွန်ကဲသောအပူထွက်ရှိနေခြင်းကြောင့် ခန္ဓာကိုယ်ကို ချက်ချင်းမထုတ်ယူနိုင်ဘဲ တစ်ညလုံးစောင့်ကြည့်လုပ်ဆောင်ရခဲ့သည်။ မနက်ပိုင်းတွင်သာ သေဆုံးသူ၏ ခန္ဓာအစိတ်အပိုင်းအချို့ကို ပြန်လည်ထုတ်ယူနိုင်ခဲ့ပြီး စက်အတွင်းတွင် ပလတ်စတစ်မှုန့်များနှင့် ကျန်ရှိနေသည့် အစိတ်အပိုင်းများက ရောနှောကပ်မိနေကြောင်း တွေ့ရှိခဲ့သည်။
ဂရုစိုက်ကြပါ
25/09/2025
Ci မှ PJ ပြောင်းထားသောသူများ pj စာအုပ်ရသော်လည်း နိုင်ငံခြားသို့ထွက်လို့မရတော့ပါ
အရင်ကထုတ်ထားသော pj များ /
Pj ကနေ pj လဲထားသောသူများ မပါဝင်ပါ
30/08/2025
*****Ci ရုံးမှာ နေ့တိုင်းရှိပါတယ်နော် *****
Ci စာအုပ် 2026 ကုန်မည့်သူများ Ci စာအုပ်အသစ်လဲလှယ်လို့ရပါပြီး
******* CI ကနေ CI *******
လိုအပ်တော့စာရွှက်စာတမ်းများ
1. Ci စာအုပ်
2. မှတ်ပုံတင်
3. အိမ်ထောင်စုစာရင်း
4. Work permit and Name list
5. လိုင်စင်ပုံ ၂ ပုံ
****စျေးနှုန်း****
စာအုပ်+စမတ်ကဒ်+visa ချိန်း+အစိုးရအခွန်(တစ်နှစ်စာ) = 6000 ဘတ်
___________________
****** Passport PJ To PJ *******
လိုအပ်တော့စာရွှက်စာတမ်းများ
1. Passport စာအုပ်
2. မှတ်ပုံတင် (မူရင်း)
3. အိမ်ထောင်စုစာရင်း
4. Work permit and Name list
5. လိုင်စင်ပုံတစ်ပုံ
***စျေးနှုန်း***
စာအုပ် + အစိုးရအခွန် ( တစ်လ 150*22 လစာ)
စုစုပေါင်း = 5500 ဘတ်
________________
CI To PJ
လိုအပ်တော့စာရွှက်စာတမ်းများ
1. CI စာအုပ်
2. မှတ်ပုံတင် (မူရင်း)
3. အိမ်ထောင်စုစာရင်း
4. Work permit and Name list
5. လိုင်စင်ပုံ
****စျေးနှုန်း****
စာအုပ်+စမတ်ကဒ် = 5000 ဘတ် + အခွန် (ကျသလောက်)
_________________
*** သံရုံးထောက်ခံစာအမျိုးမျိုး ***
1. ဆိုင်ကယ်/ကား လိုင်စင်သက်တမ်းတိုးဖို့ သံရုံးထောက်ခံစာ
2. ယာဉ်မောင်းလိုင်စင်လုပ်ဖို့ သံရုံးထောက်ခံစာ
3. Visa Extension တိုးဖို့ သံရုံးထောက်ခံစာ
4. နာမည်မတူတာကို တူကြောင်းယူရန် သံရုံးထောက်ခံစာ
5. ကလေးဆယ်နှစ်ခံဘတ်ရိုက်ဖို့ သံရုံးထောက်ခံစာ
6. ကလေးနို့ဖိုးထုတ်ဖို့ သံရုံးထောက်ခံစာ
7. ဘဏ်ဖွင့်ရန် သံရုံးထောက်ခံစာ
8. မြန်မာယာဉ်မောင်းလိုင်စင်ကနေ ထိုင်းယာဉ်မောင်းလိုင်စင်ပြောင်းဖို့ သံရုံးထောက်ခံစာ
**** အသေးစိတ် နှင့် သိချင်တာရှိရင် Chat Box မှာအားမနာတမ်းလာမေးလို့ရပါတယ်နော်
28/08/2025
Ci စာအုပ် 2026 ကုန်မည့်သူများ Ci စာအုပ်အသစ်လဲလှယ်လို့ရပါပြီး
******* CI ကနေ CI *******
လိုအပ်တော့စာရွှက်စာတမ်းများ
1. Ci စာအုပ်
2. မှတ်ပုံတင်
3. အိမ်ထောင်စုစာရင်း
4. Work permit and Name list
5. လိုင်စင်ပုံ ၂ ပုံ
****စျေးနှုန်း****
စာအုပ်+စမတ်ကဒ်+visa ချိန်း+အစိုးရအခွန်(တစ်နှစ်စာ) = 6000 ဘတ်
___________________
****** Passport PJ To PJ *******
လိုအပ်တော့စာရွှက်စာတမ်းများ
1. Passport စာအုပ်
2. မှတ်ပုံတင် (မူရင်း)
3. အိမ်ထောင်စုစာရင်း
4. Work permit and Name list
5. လိုင်စင်ပုံတစ်ပုံ
***စျေးနှုန်း***
စာအုပ် + အစိုးရအခွန် ( တစ်လ 150*22 လစာ)
စုစုပေါင်း = 5500 ဘတ်
________________
******** CI To PJ *******
လိုအပ်တော့စာရွှက်စာတမ်းများ
1. CI စာအုပ်
2. မှတ်ပုံတင် (မူရင်း)
3. အိမ်ထောင်စုစာရင်း
4. Work permit and Name list
5. လိုင်စင်ပုံ
****စျေးနှုန်း****
စာအုပ်+စမတ်ကဒ် = 5000 ဘတ် + အခွန် (ကျသလောက်)
_________________
**** သံရုံးထောက်ခံစာအမျိုးမျိုး ****
1. ဆိုင်ကယ်/ကား လိုင်စင်သက်တမ်းတိုးဖို့ သံရုံးထောက်ခံစာ
2. ယာဉ်မောင်းလိုင်စင်လုပ်ဖို့ သံရုံးထောက်ခံစာ
3. Visa Extension တိုးဖို့ သံရုံးထောက်ခံစာ
4. နာမည်မတူတာကို တူကြောင်းယူရန် သံရုံးထောက်ခံစာ
5. ကလေးဆယ်နှစ်ခံဘတ်ရိုက်ဖို့ သံရုံးထောက်ခံစာ
6. ကလေးနို့ဖိုးထုတ်ဖို့ သံရုံးထောက်ခံစာ
7. ဘဏ်ဖွင့်ရန် သံရုံးထောက်ခံစာ
8. မြန်မာယာဉ်မောင်းလိုင်စင်ကနေ ထိုင်းယာဉ်မောင်းလိုင်စင်ပြောင်းဖို့ သံရုံးထောက်ခံစာ
*** အသေးစိတ်နှင့် သိချင်တာ ရှိရင်လည်း Chat Box မှာ အားမနာတမ်းလာမေးလို့ရပါတယ် ***